မှော်ဝိဇ္ဇာအတတ်နှင့် ဂမ္ဘီရအစီအရင်ပညာ - Magic Weizza and Occultism Art

  • Home
  • မှော်ဝိဇ္ဇာအတတ်နှင့် ဂမ္ဘီရအစီအရင်ပညာ - Magic Weizza and Occultism Art

မှော်ဝိဇ္ဇာအတတ်နှင့် ဂမ္ဘီရအစီအရင်ပညာ - Magic Weizza and Occultism Art Min Myat Xhin Naung - Magic Wizardry and Occultism- မင်းမြတ်သျှင်နောင် မှော်ဝိဇ္ဇာအတတ်နှင့် ဂမ္ဘီရအစီအရင်ပညာ

သာသနာပြုမင်းလက်ထက်မှာ လက်ညှိုးညွှန်ရာ ရေဖြစ်သဖြင့်ဘောဂဝတီ နဂါးမင်းကြီးမှ အံ့သြဘနန်းချီးကြူးခဏ်း : 😂😂😂
17/08/2022

သာသနာပြုမင်းလက်ထက်မှာ လက်ညှိုးညွှန်ရာ ရေဖြစ်သဖြင့်
ဘောဂဝတီ နဂါးမင်းကြီးမှ
အံ့သြဘနန်းချီးကြူးခဏ်း :
😂😂😂

မဂ်လသုတ္တံလာ ၄ ပိုဒ်မြောက်ဂါထာကို အင်းချထားတာပါ။အဓိပ္ပါယ် က ရာပေါင်းများစွာသော နတ်ဒေဝါတို့သည် ၁၂နှစ်တိုင် မဂ်လာတရားကို က...
06/05/2022

မဂ်လသုတ္တံလာ ၄ ပိုဒ်မြောက်ဂါထာကို အင်းချထားတာပါ။
အဓိပ္ပါယ် က ရာပေါင်းများစွာသော နတ်ဒေဝါတို့သည် ၁၂နှစ်တိုင် မဂ်လာတရားကို ကြံစည်သော်လည်း မသိနိုင်သောကြောင့် ​ဘုရားရှင်သာ ဟောတော်မူပါလို့ အဓိပ္ပာယ် ရပါတယ်။
- အိုးထိန်းစက်လက်မြေမီးခွက်မှာ အင်းချပီး ပျောက်တဲ့နေရာမှာ မီးထွန်းဆုတောင်းရပါမယ်။

 #လူမှုဘဝ၏ ပီယကာမ အတွက်ဆွာဒိသန ချက္ကရာ ဟန်ချက်ညီအားကောင်း စေသော အမွှေးဆီ Essential oil which balance for  Sacral Chakra ...
25/04/2022

#လူမှုဘဝ၏ ပီယကာမ အတွက်
ဆွာဒိသန ချက္ကရာ ဟန်ချက်ညီအားကောင်း စေသော အမွှေးဆီ

Essential oil which balance for Sacral Chakra (Swadhishtana Chakra)

လူတစ်ယောက်ရဲ့ ရုပ်ကြမ်းခန္ဓာကိုယ်မှာ မဟုတ်ပဲနဲ့ ရုပ်နု ခန္ဓာကိုယ် ခေါ် ပရာဏ ခန္ဓာကိုယ်တွင် အဓိက ချက္ကရာကြီး ခုနှစ်ခုရှိကြတယ်။

ချက္ကရာ တစ်ခုစီတိုင်းမှာ လုပ်ဆောင်ချက်တွေ အကျိုးသက်ရောက်မှုတွေရှိကြတယ်၊ အဲ့ဒီအထဲကမှာ ဒုတိယမြောက် ဖြစ်တဲ့ Sacral Chakra ခေါ် ဆွာဒိသန ချက္ကရာအကြောင်း အနည်းငယ် ပြောသွားမှာဖြစ်ပါတယ်။ လိင်မှုကိစ္စဆိုတာ ရှက်စရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လွဲမှားစွာကျင့်သုံတဲ့အခါ ဘဝပျက်တဲ့အထိ ဒုက္ခရောက် စေပါတယ်။

၎င်းက လူသားတွေရဲ့ လိင်မှုဘဝနဲ့ ဆက်စပ်နေတဲ့ ပြသနာတွေ၊ လုပ်ဆောင်ချက်တွေနဲ့ စပ်ဆက်နေပါတယ်။ လျစ်လျှူရှုမထားသင့်ပါဘူး။ တည်နေရာက လိင်အဂ်ါရဲ့အထက် ချက်အောက်ဘက် လက်လေးလုံး အကွာလောက်မှာ ရှိတယ်လို့ဆိုကြပါတယ်။

အဲ့ဒီချက္ကရာ လွှမ်းမိုးတဲ့အရာတွေကတော့ ပျော်ရွှင်၊ ဝမ်းနည်း၊ ကြောက်ရွံ ့ ၊ဒေါသထွက်ခြင်းတွေ၊
ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ၊ ဆန်းသစ်တီထွင် ဖန်တီးချင်စိတ်၊ ရှင်သန်မှုဘဝ၊ ဆန့်ကျင်ဘက်လိင်အပေါ် သာယာ တပ်မက်မှု၊ လိင်စွမ်းဆောင်ရည် ပြည့်ဝမှု၊ ကိုယ့်ကိုယ်ကို သိရှိမှု၊ ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်၊ အပြစ်တင်ခံ၊ ရှံ့ချခံနိုင်ရည်တွေ၊ လူမှု ဆက်ဆံရေး ၊ဂုဏ်သိက္ခာ၊ နေထိုင်မှု၊ ကျားမ အသွင်အပြင်လက္ခဏာ၊ လိင်အဂ်ါမျိူးပွားအဂ်ါ စအို၊ အူတွေ၊ သွေးဖြူဥ၊ သုက်ရည်၊ မျိူးဥအိမ်၊ အာရုံခံစနစ်၊ သရက်ရွက်၊ ရေဓာတ်လှည့်ပတ် ခြင်းတွေနဲ့ သက်ဆိုင်ပါတယ်။

၎င်းချက္ကရာ ပိတ်ဆို့နေခြင်း၊ အားနည်းတာ၊ ဟန်ချက်ပျက်တာမျိုးဆိုရင် အထက်ပါ အစိတ်အပိုင်းတွေနဲ့ ပတ်သတ်နဲ့ နေရာတွေမှာ ပြသနာပေါ်လာပါတယ်။ လိင်စိတ်လွန်ကဲတာတွေ၊ လိင်စိတ်မရှိတာတွေ ပန်းသေပန်းညှိုး ၊ အရှက်မရှိရုတ်ရင်းစွာဆဲဆိုတာ၊ အရက်မူးယစ်ဆေး အလွန်အကြွံ သုံးစွဲတာတွေ၊ ငွေဂုဏ်မောက်တာ၊ အာရုံကြော စနစ်ဖောက်ပြန်လာတာတွေ၊ လိင်နဲ့ ပတ်သတ်ပြီး အရှက်အကြောက် ကင်းလာတာတွေ၊ သားအိမ်၊ မွေးလမ်းကြောင်း သားမြတ် ရောဂါတွေ၊ငေးငိုင် မှိုင်တွေ၊ အာရုံစူးစိုက်လွန်နေတာ၊ အတက်ကြွလွန်တာ၊ ခံစားချက်ကို မထိမ်းသိမ်းနိုင်တာ၊ ဒူးခါးကြော၊ အစာအိမ်ပြသနာတွေတွေ့လာရတာ၊ အမြဲတမ်း အပြစ်ရှိသလို ခံစားရတဲ့စိတ်၊ depression ဝင်တာ၊ သတ်သေချင်တာ၊ လိပ်ပြာမလုံမလဲ ဖြစ်တာ စတဲ့ စိတ်နဲ့ ကိုယ်မှာ ရောဂါပြသနာတွေ ပေါ်လာပါတော့တယ်။

ယနေ့ခေတ်ဆို ပိုတောင်ထင်ရှားလာပါတယ်။ ဘက်စ်ကားပေါ်တွေမှာ မိန်းကလေးတွေကို မဖွယ်မယာလုပ်တာ၊ အများသူငှာနေရာ၊ ဘုရားကျောင်းကန်တွေမှာပါ လိင်စိတ်လွန်ကဲတဲ့ အပြုအမူတွေဖြစ်လာတာ၊ အဓမ္မကျင့်တာတွေ၊ ထစ်ခလဲရှိဆဲဆို ရိုင်းစိုင်း တာမျိုးတွေ၊ ဒါတွေက ပုံမှန်တွေးကြည့်ရင် စိတ်မထိန်းနိုင်တာ၊ ကိုယ်စိတ်ကိုယ်မနိုင်တာလို့ ပြောကြပေမယ့်၊ အဲ့ဒါတွေရဲ့နောက်ကွယ်က အဓိက အကြောင်းတရားတခုက အဲ့ဒီ ဆွာဒိသန ချက္ကရာအားနည်းလို့ ဟန်ချက်မညီ ပိတ်ဆို့လို့ ဖြစ်ပေါ်လာရတဲ့ ပြသနာတွေပါ။

ပြီးတော့ အိမ်ထောင်ရေးပြသနာတွေ၊ သမီးရီးစား စနိုက်ကျော်တာတွေက အစ၊ လူမှုဘဝရဲ့ ပြသနာ အထွေထွေတွေ
ဟာ ၎င်းချက္ကရာ နဲ့ သက်ဆိုင်နေပါတယ်။ အဓိဌာန်ဝင်ချိန်၊ မှော်သောက်၊ မှော်ဆေးပေါက်ပီးချိန်တွေ၊ ဘုရားတရားလုပ်ချိန်တွေမှာ လိင်စိတ်အလွန်အမင်းဖြစ်ပေါ်လာတာတွေဟာလဲ ၎င်း ချက္ကအားကောင်းလွန်းရင်လဲ ဖြစ်တတ်ပါတယ်၊ အကောင်းဆုံးက မျှ မျှ တ တဖြစ်နေဖို့အရေးကြီးပါတယ်။

အဲ့တော့ ၎င်းချက္ကရာ ဟန်ချက်ညီအောင် ဘလိုထိန်းရမလဲဆိုတော့ ကျနော်က ပုံပါအတိုင်း ပြည့်စုံအောင်စီရင်ထားပါတယ်။

၎င်းချက္ကရာ နဲ့ သက်ဆိုင်တဲ့အရာတွေကတော့
ကျောက်တွေမှာဆို - စကျင်၊ ထုံးကျောက်၊ ပယင်း၊မဟူရာအနီ၊ ဥဿဖယား၊ သန္တာ စတဲ့ကျောက်အချို့ကို ဖန်ပုလင်းထဲထည့်ထာပါတယ်၊

ပြီးလျှင် ချက္ကာဟန်ချက်ညီစေတဲ့ ရနံ့ တွေဖြစ်တဲ့ လိမ္မော်၊ လာဗန်ဒါ၊ စံပါယ်၊ စန္ဒကူး စတဲ့ ရေမွှေးနဲ့ရောတယ်။

အရောင်မှာဆိုရင် လိမ္မော်ရောင် ၊ အနီရောင်တွေပါ။

အထဲက အင်းလိပ်လေးကတော့ ပီယအတွက်ပါ။ ကြေးပြားမှာ မောင်နှံ့နှစ်ဖော်အရုပ်နဲ့ ၁၅၀၀ ပီယသိဒ္ဓိအတွက် စီရင်ထားတာပါ။

ချက္ကရာနှင့် သက်ဆိုင်တဲ့ ကျောက်တွေ၊ အမွှေးဆီတွေအပြင် ၎င်း ချက္ကရာနဲ့ သက်ဆိုင်တဲ့ မန္တန်က - ဗမ် (VAM) ဖြစ်တဲ့
ကိုပါ နေ့စဥ်ရွတ်ဆိုပေးရပါမယ်။ ပုလင်းအပြင်မှာ ရေးထား​ပေးပါတယ်။

တနေ့ကို အိပ်ယာ အဝင် အထ ၅ - ၁၀ မိနစ်ခန့် ၎င်း ဗမ် ကို ဆွဲပီးရွတ်ပေးရမယ်။

ကဲဗျာ ဒါဆိုရင်ဘဲ ပီယကောင်းဖို့
ဝိုင်းဝိုင်းလည်နေဖို့ အတွက်ဆိုရင် အထဲက အင်းကဆောင်ရွက်ပေးမယ်။ ပြီးရက် ကိုယ့်ရဲ့ ချက္ကရာဟန်ချက်ညီနေဖို့ကို ၎င်း အမွှေးဆီတွေ ကျောက်တွေက ဆောင်ရွက်ပေးပါလိမ့်မယ်။ ၎င်း ချက္ကရာအားကောင်းလာတဲ့ အခါ မိမိကိုယ်တိုင်က ပီယအတုံးကြီးဖြစ်လာပြီး ဘယ်နေရာသွားသွား စန်းပွင့်နေမယ်၊ ဆန့်ကျင်ဘက် လိင်တွေကို ဆွဲဆောင်နိုင်မယ်၊ မိမိကိုယ်ကို စိတ်ကျေနပ်မှုဖြစ်မယ် နောက်ဆို
ပီယဆေး ဘာညာတွေတောင် ဆောင်ဖို့ မလိုတော့ဘူးပေါ့၊ အရေးကြီးတာက လိင်မှုဘဝမျှတဖို့နဲ့ အိမ်ထောင်ရေးသုခ ခံစားရဖို့ပါ။

မဟုတ်ရင် ပီယကာမလိုင်းတွေလိုက်ပြီး မိန်းမလိုက်စားလို့ စီးပွားပျက်၊ လိင်နဲ့ပတ်သတ်တဲ့ HIV၊ AIDS၊ ဂနို၊ ဆစ်ဖလစ်၊ ကာလသားရောဂါတွေဖြစ် ၊ဂုဏ်သိက္ခာတွေ ကျဆင်းရင် ဘယ်တန်ပါ့မလဲဗျ။ ဘုရား၊ ရဟန်းတာ မဖြစ်သေးတော့ ကာမဂုဏ်ကို မပါယ်နိုင်သေးဘူးပေါ့၊ လူငယ် သဘာဝ ပီယကာမ လိုက်စားတာ အပြစ်လို့ပြောလို့မရပေမယ့်။ အလွန်အမင်း မဖြစ်ဖို့၊ မှန်ကန်ဖို့တော့လိုအပ်ပါတယ်၊ လိင်မှုတွေကြောင့် အိမ်ထောင်ရေးဖောက်ပြန်တာတွေ၊ ပျက်စီးတာတွေ၊ မဖြစ်ဖို့၊
အဓမ္မရာဂ တွေမဖြစ်ဖို့က အဓိကပေါ့။
။ အဲ့လိုဖြစ်တယ်ဆိုတာလဲ ဆွာဒိသန ချက္ကရာ အားနည်းဟန်ချက် ပျက်လာတာကြောင့်ပဲ ဖြစ်ပါတယ်။

အမွှေးဆီက ဘလိုသုံးရလဲဆိုတော့ ကိုယ်မှာ ဆောင်ထားလို့ရတယ်၊ အိမ်ခါနီး အိပ်ယာအနားမှာ ထားပေးရမယ်။ ခန္ဓာကိုယ် သွေးပြန် သွေးလွှတ်ကြော နေရာတွေ အဝတ်အစားတွေမှာ
အနည်းငယ် စွတ်ပေးရမယ်။
ရေမကြာခဏကူးပေးပါ။
အနင်းအနှိပ်ခံတာ၊ အကျောလျှော့တာ လုပ်ပါ။ အစေ့အဆံ အခွံ မာ အသီးတွေစားပေးပါ။ လိမ္မော်သီး၊ မုန်လာဥနီ၊ငရုတ်ကောင်း၊ ရွှေဖရုံ၊အာလူး၊ သရက်၊ သဘော်သီး၊ Vitamin A. C စတာတွေစားပေး၊
Frequencies - 303 ရှိတဲ့ Dသံစဥ် (ရေ - RE) ကို နားထောင်ပေးပါ။
ဒါဆိုရင် ၎င်း ဆွာဒိသန ချက္ကရာက ဟန်ချက်ညီလာပြီး ပီယအားကောင်းလို့ ဆော်ကြည်၊ ဘဲကြည်ဖြစ်လာတာကော၊ လိင်မှုဘဝ၊ လိင်စိတ်၊ အိမ်ထောင်ရေးသုခတွေကော အစရှိတာတွေမှာ အေးချမ်းကောင်းမွန်
ပြည့်စုံလာပါလိမ့်မယ်။

အထက်ဖော်ပြပါ ချက္ကရာအားကောင်းစေတဲ့ ပစ္စည်းတွေနဲ့ ကျနော်ကတော့ ချက္ကရာရော၊ ပီယအတွက်ပါစီရင်ထားတာပါ။

အေးချမ်းကြပါစေဗျာ။


 #ပေါရိသာဒအင်း၎င်းပေါရိသာဒ အင်းကိုကျောက်ပြားတွင်ရေး၍ ရေတွင်ချသော် ပေါ်၏။ လှေပြိုင်ပွဲများမှာ လှေပဲ့မှာချရသည်။ နွားပြိုင်...
23/03/2022

#ပေါရိသာဒအင်း

၎င်းပေါရိသာဒ အင်းကို
ကျောက်ပြားတွင်ရေး၍ ရေတွင်ချသော် ပေါ်၏။ လှေပြိုင်ပွဲများမှာ လှေပဲ့မှာချရသည်။ နွားပြိုင်ပွဲများမှာ လက်ဖွဲ့ထိုး၍ ဆောင်ပြီးလျှင် မြင်း၊နွားတို့ကို စီးနင်းသူများက

'' ငါသည် ရဲရင့်သော ကေသရာဇာ ခြသေ့်မင်းကို စီးနင်းသော ပေါရိသာဒမင်း ဖြစ်သည် '' ဟု စိတ်ကကြိမ်းဝါးပြီး စီးနင်းဆောင်ရွက်ရမည် -

ထိုသို့ဆိုလျှင် သူတပါးတို့ထက် သာလွန်သည်၊ လျှင်မြန်သည်၊ သူတပါးတို့ကြောက်ရွံ့ ကြရသည်။ မိမိစီးသောမြင်း၊ လှေ ၊ယာဥ်တို့ကို သူတပါးတို့ မကျော်နိုင်၊ ကျော်လည်း
မတက်ဝံ့ကြချေ။

အချိန်နက္ခတ်ကောင်းတွင်ချ၍ လက်ဖွဲ့ထိုး၍ ကိုယ်တွင်ဆောင်ပါက အလွန်ပေါ့ပါးလျှင်မြန်၏၊ ခွန်အားဗလကြီး၏၊ ရေတွင်မနစ်။ ဒုတ်၊ အုတ်၊ ဓား၊ ကြိုး၊ ကြိမ်၊ လှံ၊ကပ်ဖိ ၊ သစ်ချွန်၊ စိန်ပြောင်း ခံသည် အပါး ၃၀ ပြီးသည်ဟု ဆိုသည်။

အသက်မရှိသော မိုး၊လေ၊ရေ၊မီး စသည်တို့ကိုပင် တားဆီးနိုင်နင်းသည်ဟု ကျမ်းစာမှာပါရှိသည်။

တခါက အဝမြို့တော်တွင် ရေအလွန်ကြီးသဖြင့် အောင်ထွန်းသာတံခါး၊ လေသာတံခါးတို့ကို ရေ ၂- တောင်
ခန့် တက်ပြီး မြို့တွင့်သို့လည်း ရေများစွာဝင်သည်နှင့် မြို့သူ၊မြို့သားတို့က ဗေဒင်တတ်သူ၊ နတ်မှန်သူတို့ကို မေးမြန်းရာ၊ မနက်ဖြန် ရေကျမည်၊ သန်ဘက်ခါ ရေကျမည်လို့ ဆိုကြပေမယ့်လည်း ဟောတိုင်းမမှန်ပဲရှိနေတော့သည်။

ထိုအခါ ဘဝရှင်မင်းတရားကြီး ကိုယ်တော်တိုင် မေးတော်မူသော်လည်း ဟောသူတို့ လျှောက်တိုင်းမမှန်ရှိပြီး ရေမကျပဲရှိလေတော့သည်။ ထို့​ကြောင့် ဗားမဲ့ဆရာတော်ကို ပင့်ပြီး တိုင်ပင်တော်မူရာ အထက်ပါ ပေါရိသာဒအင်းကို လက်သုံးတော်ဓားတွင် ချစေပြီးမှ

အင်းဆံဂါထာဖြစ်သော
'' အဟံ သိဟော ပေါရိသာဒေါ ဝါယောဓာတု ''

ကို သရာဇ္စျာယ် ပြီးလျှင် ဓားပြချေဟူ၍ စေခိုင်းတော်မူသောအခါမှ
ညဥ့်တွင်းချင်းပင် ရေလျှောကျရလေသည် ဟု မှတ်တမ်းရှိဖူးသည်။ ဉာဏ်ရှိတိုင်းသုံးဟုလည်း ကျမ်းစာအမှာတွင် ပါရှိပါသည်။

#မင်းမြတ်သျှင်နောင်

#ပေါရိသာဒအင်း

တပေါင်းလပြည့်နေ့မှာ လိုအပ်တဲ့အမယ်တွေ စုဆောင်းပြီး ဆေးကြိတ်ပြီးခဲ့တဲ့ သဗ္ဗဇော်ဂျီပီယသိဒ္ဓိနတ်ဆေးတော်ကို - နေလှမ်းပြီးသည့်...
19/03/2022

တပေါင်းလပြည့်နေ့မှာ လိုအပ်တဲ့အမယ်တွေ စုဆောင်းပြီး ဆေးကြိတ်ပြီးခဲ့တဲ့ သဗ္ဗဇော်ဂျီပီယသိဒ္ဓိနတ်ဆေးတော်ကို - နေလှမ်းပြီးသည့်နောက် ယခုအခါ အမွှေးဆီအနေနဲ့ အသုံးပြုလို့ရပါပြီ။

ပီယသိဒ္ဓိဆေးအနေနဲ့ အမျိုးမျိုးရှိကြပေမယ့်၊ ဇော်ဂျီဆေးကိုတော့ သုံးဖူးသူ ရှားလိမ့်မယ်လို့တော့ ထင်မိပါတယ်ဗျ။ ဇော်ဂျီတွေ သူယောင်မယ်တွေကို ဆေးကြိမ်လုံးနဲ့တို့ မန္တာန်ရွတ်ပီး မိန်းကလေးအသွင်ဖန်တီးကာ ပျော်ပါးကြတယ်လို့တော့ လူတိုင်းကြားဖူးကြမှာပါ။

သဗ္ဗဇော်ဂျီ ပီယသိဒ္ဓိဆေးတော်ကို ဘလိုအသူံးပြုရလဲဆိုတော့ -

အမွှေးဆီကို မျက်ခုံးနှစ်ခုကြား သုတ်လိမ်းထားပြီးရင်
မိမိချစ်စေချင်သူ တစ်စုံတစ်ယောက်ကိုကြည့်ကာ မန္တာန်ရွတ်ပီး ချစ်လာအောင် ဖန်တီးနိုင်ပါတယ်။ မိမိရွတ်နေစဥ် လှည့်ကြည့်ပြီး မျက်လုံးချင်းဆုံသွားမိရင် အောင်မြင်ပါပြီ။

ရွတ်ရမယ့် မန္တာန်က -

'' ဥုံ ဟေမာဝန်တာ တောသာယာမှာ လှည့်ပတ်လို့သွား ရှင်ဇော်ဂျီပျံနတ်ယောကျ်ားချဥ်းဆြာချဥ်း၊
ဥုမ် ယထာဥမ္မတကောဝိယ ဒဿနေန မနောရမ္မံ ဧဟိ ပီယံ ကပ်ဆြာကပ်။ ''

- နှဖူးဆံစပ်တို့​ပြီး အပြင်သွားရင် လူအများရဲ့ စိတ်ဝင်စား​ခြင်းခံရမယ်။

မိမိကိုယ် မြင်တဲ့သူမှန်သမျှရူးလောက်အောင်ချစ်ပါစေဆိုတဲ့ ဆုတောင်းမျိုးရမယ်။

- မိမိသုံးမယ့်ပိုက်ဆံကို ဆေးတော်နဲ့ နဲနဲတို့ထား လက်ဖဝါးနဲ့ရိုက်ပီး ပြန်ဝင်လာခဲ့ပြောရင် ငွေတွေ တနည်းနည်းနဲ့ပြန်ရောက်လာမယ်။

- သုံးနေတဲ့ပိုက်ဆံအိတ်မှာတို့ထား ငွေမပြတ်ဘူး။

- စျေးခန်း၊ ဆိုင်ခန်း ​စျေးဝယ်သူ စည်ကားစေချင်ရင် ဇော်ဂျီ ဇီးကွက်ရုပ်ကိုဝယ်ပြီး နှဖူးမှာ အမွှေးဆီကိုသုတ်ထားပြီး စံပယ်ပန်း၊ဇီဇဝါ၊ ဇွန်၊ ဇလပ်ပန်းတစ်ခုခုကပ်ထားပေးပြီး မန္တာန် ၇ခေါက်ရွတ်ထားရင် လူကျလာလိမ့်မယ်။ ရွတ်ရမယ့် မန္တာန် -

'' ဥုံ စမ္ပာယ်နဂိုရ် ပြည့်ဖြိုးဝေစည်၊ ဇော်ဂျီပျံဝဲ ပျံဝဲ၊ အမတ်ပေါင်း စုံညီ ဇော်ဂျီမင်းတက် စီးပွားတက် ဆြာတက် ၊ ဧဟိ လာဘံ၊ ဧဟိဓနံ ချဥ်းဆြာချဥ်း။

- အချစ်ရေးမှာမြဲချင်တယ်ဆိုရင် စွယ်တော်ရွက်လေး ခူးပြီး တစ်ဖက်တစ်ချက်မှာ နာမည်၊ မွေးနံရေးပြီး အမွှေးဆီနဲ့တို့ပီး ခေါက်ပီး၊
လက်ထဲထည့်
'' ဥုံ ဗြဟ္မာမြေသို့သက်၊ ဇော်ဂျီပီယံ ဣတ္ထိစိတ္တံ (ပုရိသစိတ္တံ) မှိုင်းမှိုင်း '' ၇ ခေါက်ရွတပီး စာအုပ်ထဲ ထည့်ပီးညှပ်ထား၊ မြဲနေကော။

အစိုးရရုံး၊ မင်းကဏ္ဍားသွားလာဖို့ရှိတဲ့အခါ ဘယ်လက်ဝါးမှာသုတ်လိမ်းပြီး ၊ မိမိညာပုခုံးကိုပုတ်ပီး
'' ငါဟဲ့ ဖေဇော်ဂျီ လာပြီ'' ဟုရွတ်ပြီးတက်။

မိမိချစ်နှစ်သက်နေတဲ့ မိိန်းကလေးဆီသွားဖို့ရှိရင် ဆံပင်ကိုသပ်ပီးသုတ်လိမ်းသွား၊ ပြီးရင်

'' ဥုံ သူယောင်မယ်ညို လင်ကိုလိုသည်၊ လင်လှဇော်ဂျီ လာလေပြီ ၊ ဧဟိ ဣတ္ထိပီယံ ချဥ်းဆြာချဥ်း၊ ကပ်ဆြာကပ် ။ ''
ရွတ်ပီးတက်။ အမြန်ဆုံးနီးစပ်ခွင့်ရမယ်။

အရေးကြီးကိစ္စပြောစရာရှိရင် - နှုတ်ခမ်းအပေါ်နားမှာ တို့သွားပါ။

မိမိတို့ ဉာဏ်ရှိသလို ကွန့်မြူး
၍အသုံးပြုနိုင်ပါတယ်။

ဆေးဖော်စပ်ပုံက လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ အင်းပေါင်း၊ ဆေးပေါင်းနံ့သာပေါင်း၊ကတိုး၊ ဖုံမသိမ်၊ မဟာဥပဿကာ၊ဥပသကာ၊ဂမုန်းပေါင်း၊ သွပ်သေစိမ်ပီယနံ့သာဆီ၊ သဇင်နီ၊ရက်ဆက်နီ၊ စပါးလင်ပွင့် ဖြူနီ၊ စကားပွင့်ဖြူနီ၊ စွယ်တော်ပွင့် နှင့် အခြားအမယ်များစွာကို စုဆောင်းပြီးနောက် -

ကျောက်ပြင်မှာ အင်းစာမတွေကိုချပြီး အမျှထည့်ပီး နံ့သာအမွှေးရည်နဲ့ ကြိတ်ရပါတယ်။
ဒီတခေါက်တော့ အရက်ပြန်မပါတဲ့
စံပါယ်ဖူး၊ ဇီဇဝါ၊ လာဗန်ဒါ၊ လီလီပန်း၊ ကြာပန်း၊ နံ့သာဖြူရနံ့ အကောင်းစား ပြင်သစ်အမွှေးဆီများဖြင့် ကြိတ်ခဲ့တာဖြစ်ပါတယ်။ ဆေးခဲသက်သက်ပင် တအိမ်လုံးကိုပြန့်ပီး အတော်မွှေးနေပါတယ်။

ပြီးရင် နေရိပ်မှာခြောက်အောင်လှမ်းပြီး၊ ဘုရားရှေ့၊ အရှင်ဂေါရမန္တပိဿနိုးသွင်းရှေ့၊ သိကြားရှေ့၊ သစ်ပင် ဥယျာဥ်ခြံမြေအတွင်းမှာ သက်ဆိုင်ရာ ဂါထာရွတ်ဖတ်ပီး သိဒ္ဓိတင်၊ အသက်၊ ဆေးကြူးရပါတယ်။

ယခုအခါ အဆင်သင့်သုံးစွဲနိုင်ရန် အမွှေးဆီပုလင်းအနေနဲ့ စီရင်ပီးပါပြီ။ အလိုရှိပါက မှာယူနိုင်ပါတယ်။

#သဗ္ဗဇော်ဂျီပီယသိဒ္ဓိနတ်ဆေးတော်
#မင်းမြတ်သျှင်နောင်

 #ကာကွယ်​​စောင့်ရှောက်သည့်နတ်သူငယ်တော်ထားရှိခြင်းအစီအရင်ကျား၊မ မရွေးဆောင်ယူနိုင်ပါတယ်။ ယခုလိုခေတ်ကာလမကောင်းတဲ့အခြေအနေမျိ...
12/03/2022

#ကာကွယ်​​စောင့်ရှောက်သည့်
နတ်သူငယ်တော်ထားရှိခြင်းအစီအရင်

ကျား၊မ မရွေးဆောင်ယူနိုင်ပါတယ်။
ယခုလိုခေတ်ကာလမကောင်းတဲ့အခြေအနေမျိုးတွေနဲ့ မိမိချစ်သူ
ဒါမှမဟုတ်၊ မိမိကိုယ်တိုင်အတွက်
ကာကွယ်ဖို့ အသုံးပြုနိုင်ပါတယ်။

ဘလိုမျိုးလဲလို့ စဥ်းစားမိပါလိမ့်မယ်၊ အဓိက ကတော့ဗျာ၊
ရီးစားကို ဥစ္စာခြောက်ပီး အပူလုံးမိနေတဲ့ သူအတွက်ကို စီရင်ပေးဖို့အတွက်ပါ။ 😂

အကိုဆရာရယ်၊ ကျနော့်ချစ်သူကအဝေးမှာ ကျနော်နဲ့သူနဲ့က လူချင်းလဲသိပ်မတွေ့ရဘူး။
- သူအလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်မှာ၊ သူနေတဲ့ပတ်ဝန်းကျင်တွေမှာ
သူ့ကို လိုက်ပီးကြိုက်နေတဲ့သူတွေ နှောက်ယှက်နေတဲ့သူတွေရှိတယ်ဗျာ၊

ကျနော်ကလဲ အနားကိုအမြဲမရောက်နိုင်ဘူး၊ စိတ်ပူလိုက်တာဗျာ၊ ဘလိုလုပ်ရမလဲဆိုလို့ -

- နောက်ပီး မိန်းကလေးတစ်ယောက်ထဲ၊ ယောကျာ်းလေးတစ်ယောက်ထဲ သွားလာလှုပ်ရှားနေရတာ အန္တရာယ်တွေ၊ လူဆိုးလူမိုက်တွေနဲ့ ကြုံရမှာ ကြောက်လို့ပါ ဆိုတာတို့ -

- ကျနော့်သမီးလေးက ညဆိုလန့်လန့်ပြီး ငိုငိုနေတာဗျာ၊ မာတြာမြန်းဖမ်းစားသလား၊ မကောင်းတဲ့အနှောက်အယှက်တွေကြောင့်လား၊ ဒါမှမဟုတ်၊ လူကြီးတွေမသိခင် ပျောက်သွားတာတွေ၊ သူတပါးဖမ်းခေါ်သွားတာမျိုးတွေဖြစ်မှာ စိုးရိမ်လို့ပါဗျာ၊
ဆိုသူတွေအတွက် အလွန်အသုံးဝင်တဲ့ ဂမ္ဘီရ အစီအရင်ပါ။

၎င်းအင်းကားချပ်ကို နည်းလမ်း(၃) မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။

(၁) မိမိရဲ့အဝေးမှာရောက်နေတဲ့ မိမိချစ်သူ၊ဒါမှမဟုတ် တစ်စုံတစုံတယောက်ကို ကာကွယ်ပေးဖို့အတွက် အင်းကားချပ်ရှေ့မှာ ဖယောင်းတိုင်ထွန်းပီး၊ ထိုသူဆီ နတ်သူငယ်တော်အား ပေးပို့ စေလွှတ်ကာအကာအကွယ်ပေးစေခြင်း။

(၂) မိမိကိုယ်တိုင် နတ်သူငယ်တော်အင်းကားချပ်ကို ဆောင်ထားပြီး အကာအကွယ်ပြုထားခြင်း။

(၃) ဆွတ်ဖြန်းဖို့ စီရင်ထားတဲ့ နတ်သူငယ်တော် အမွှေးဆီကို မိမိခန္ဓာကိုယ်၊ ဒါမှမဟုတ်၊ အိမ်၊ကား၊ခြံ၊ ပစ္စည်းဥစ္စာများတွင် ဆွတ်ဖြန်း၍ အကာအကွယ်ပြုထားခြင်း နည်းလမ်းတွေပဲဖြစ်ပါတယ်။

ဒီ နတ်သူငယ်တော်ကိုအကာအကွယ်တစ်ခုတည်းသာမက
- ပီယအတွက်ဆိုရင် ဒိုင်းနဲ့လှံတံနေရာမှာ ၊ ကြာဖူးနဲ့ စွယ်တော်ရွက်ကို ရေးဆွဲကာ သွတ်သွင်းရမယ့် စာမ အက္ခရာများကို ပြောင်းလဲထည့်သွင်းပြီး စီရင်ရပါမယ်၊

- လာဘအတွက်ဆိုရင် ရွှေတုံးပေါ်တွင်ထိုင်နေသည့် ပုံစံနှင့် စာမအက္ခရာများ ပြောင်းလဲထည့်သွင်းကာ စီရင်ရပါမယ်။
ရှေးအလွန်ကျသော အက္ခစာမပုံစံများဖြင့် ထည့်သွင်းစီရင်ထားခြင်းဖြစ်ပါတယ်။ အထက်ပါ နည်းလမ်း (၃)အခုအတိုင်းသုံးနိုင်တယ်။

ဘလိုအသုံးပြုရလဲဆိုရင် -
နံပါတ် (၁) နည်းလမ်းအတိုင်း အသုံးပြုပီး ဥပမာ - မိမိချစ်သူဆီကာကွယ်ပေးဖို့ စေလွှတ်ထားတယ်ဆိုရင် - သူ့ကိုလာပြီး ထိပါးနှောက်ယှက်တဲ့ ကောင်တွေကို နောက်မလုပ်ရဲအောင် ဆုံးမတာ၊ ကိုယ်ထိလက်ရောက် မကြူးလွန်နိုင်အောင် ကာကွယ်ပေးတာ၊ မိမိချစ်သူနား မကပ်စေလိုတဲ့ တစုံတယောက်ကို အနားမလာနိုင်စေရန် နတ်သူငယ်တော်ကို ပြောကြားကာ ဟန့်တားထားနိုင်ပါတယ်။

- နံပါတ်(၂) အရ-
အင်းလိပ်အဖြစ် လိပ်ပြီးဆောင်ထားလို့လဲရတယ်၊ လည်မှာဆွဲလဲရတယ်။
အရေးအကြောင်းကြုံတဲ့အခါ ရန်သူနဲ့ရင်ဆိုင်တွေ့ရတဲ့အခါ အင်းလိပ်ကို ကိုင်ပီး အရံဂါထာကို ရွတ်ပေးရင် ကိုယ်ကတစ်ယောက်ထဲပေမယ့်၊ ရန်သူ့မျက်လုံးထဲမှာ ကိုးဗိုလ်ကိုးတပ်လောက် ထင်သွားစေပြီး အန္တရယ်
မပြုရဲတော့ပါ။ အတိုက်အခိုက်ရှိရင် အိပ်မက်ပေးပါတယ်၊ကာကွယ်ပေးပါတယ်၊ မိမိနဲ့ နတ်သူငယ်တော်ပဲ သိရမယ့် နာမည်နဲ့ ဆက်သွယ်မှုမျိုးတစ်ခုတော့ ထားရှိပေးရမယ် ။

နံပါတ်(၃) အရ၊ နတ်သူငယ်တော် အမွှေးဆီဖြန်းထားတဲ့အရာမှန်သမျှ နတ်သူငယ်တော်ရဲ့ အကာအကွယ်ကို ရရှိနေမှာပဲဖြစ်ပါတယ်။ ပီယအတွက်စီရင်ပြီး နတ်သူငယ်တော်
ပီယဆီအဖြစ်လည်း သုံးလို့ရပါတယ်၊

စတင်ဆောင်ယူသည့်အခါ -
နတ်သူငယ်တော်အား ချောကလက်၊ ခရင်မုန့်၊ မုန့်အချိုများ၊ အချိုရည်၊ အမွှေးတိုင်၊ဖယောင်းတိုင်၊ ပန်းအဝါတစ်ပွင့် စသည်ဖြင့် လှူဒါန်းပြီး အသိအမှတ်ပြုပေးရပါမယ်။

- ရုပ်ထုအနေဖြင့်လည်း နံသင့်သစ်သားဖြင့် ထုလုပ်ပီးလည်းဆောင်နိုင်ပါတယ်။

# ဒီနတ်သူငယ်တော်ရဲ့ ထူးခြားချက်က -

- နတ်သူငယ်တော်သည် ခြေတွင်စီးနင်းထားသည့် စာမစက်တန်ခိုးဖြင့်
မိမိကအကူအညီတောင်း သွားစေလိုတဲ့အခါ မည်သည့်နေရာမဆို တစ်ခနခြင်း သွားရောက်နိုင်ခြင်း။
(ဥပမာ - ရန်ကုန်မှနေပီး မြစ်ကြီးနားက မသီတာ ဒုက္ခရောက်နေလို့ပါ သွားရောက်ကူညီပေးပါခဗျ လို့ဆိုရင်၊ သွားရောက်နိုင်​ခြင်း။)

- ဓာတ်လေးပါး ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် မည်သည့်တိုက်ခိုက်မှုမဆို ကာကွယ်နိုင်ခြင်း။

- ရတနာသုံးပါးနှင့်ဆန့်ကျင်သည့် အရာတွေကို နှိမ်နှင်းနိုင်ခြင်း။

အကယ်၍ ကိုယ်က ကိစ္စတခုခုကို အကူအညီတောင်းလို့ အောင်မြင်ခဲ့ရင်လဲ အထပ်ပါအတိုင်း ပသပြီး ကျေးဇူးပြုပေးရပါမယ်။

၎င်းနတ်သူငယ်တော် ကိုဆောင်ထားခြင်းဖြင့် လူကိုခိုက်ခြင်း၊ အန္တရယ်ဖြစ်တတ်ခြင်းမရှိပါ။
ကိုယ်က အကူအညီတောင်းတာ အောင်မြင်လို့ ကျေးဇူးပြုဖို့မေးတာမျိုးရှိခဲ့ရင် နောက်တခါအကူအညီတောင်းတဲ့အခါ ကျန့်ကြာတတ်တာမျိုးတော့ ရှိတတ်ပါတယ်။
လူ ကတိ နတ်ကတိတော့ တည်ရပါမယ်။

#မင်းမြတ်သျှင်နောင်
#ကာကွယ်စောင့်ရှောက်သည့်နတ်သူငယ်တော်ထားရှိခြင်းအစီအရင်

လူ့ဘဝကို ဖြတ်သန်းရတာ တိုးတက်မှုမရှိ၊ ကိုယ်စိတ်နှစ်လုံး ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားလာရ​ပြီဆိုလျှင် - မြေမီးခွက်မှာ ၎င်...
04/03/2022

လူ့ဘဝကို ဖြတ်သန်းရတာ တိုးတက်မှုမရှိ၊ ကိုယ်စိတ်နှစ်လုံး ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားလာရ​ပြီဆိုလျှင် -

မြေမီးခွက်မှာ ၎င်းဖုဌဿအင်းတော်မြတ်ကို ရေးဆွဲ၍
ညချမ်းအခါသမယမှာ ဘုရားရှင်ကိုသောက်တော်ရေချမ်းတစ်ခွက်၊အမွှေးတိုင်၊ ဖယောင်းတိုင်ကို ၎င်းအင်းမြေမီးခွက်ထဲတွင်ထည့်၍
ဖုဌဿဂါထာကို ၃၇ ခေါက်ရွတ်ဖတ် ပူဇော်ပါ။
တည်ငြိမ်အေးချမ်းမှုကိုရပါမယ်။

တိုးတက်စည်ပင်မှုကို ရရှိလိုရင် -
မနက်ခင်းနေထွက်ချိန်တွင် ဘုရားရှင်ကို အထက်ပါအတိုင်းပူဇော်ပါ။

ကိုယ်တွေ့အနေဖြင့် ပူဇော်သည့်အခါ၊ အလုပ်အကိုင်များ အဆင်ပြေတိုးတက်လာခြင်း၊ မိတ်ဆွေအပေါင်းအသင်းပေါများလာခြင်း၊ လက်ထဲငွေမပြတ်ခြင်း၊ စိတ်ကြည်လင်အေးချမ်းလာခြင်း၊ အရင်က ခနခနဒေါသထွက်တတ်ပေမယ့် ဒေါသထွက်စရာတွေ့လာပေမယ့် တည်ငြိမ်မှုကိုခံစားလာရခြင်း၊ ပတ်ဝန်းကျင် အနေအထား ကြည်လင် အေးချမ်းလာခြင်း​၊
မျက်နှာအသွင်အပြင် တည်ငြိမ်လာခြင်း တို့ ဖြစ်ပါတယ်။

အမြဲရွတ်ဖတ်သင့်တဲ့ ဂါထာဖြစ်ပါ
တယ်။

'' ဖုဌဿလောက ဓမ္မေဟိ စိတ္တံ ယဿန ကမ္ပတိ အသောကံ ဝိရဇံခေမံ ဧတံမဂ်လ မုတ္တမံ ''

အနာအကြိတ်အပင်းအခဲပျောက်လိုလျှင် ရှေ့တွင် '' ဥုံ '' ခံ၍ အဆုံးတွင် '' ဧတေနသစ္စဝဇ္ဇေန အဟံရောဂါ ဝိနဿန္တု '' အဆုံးသတ်၍ (၇) အုပ်ရွတ်၍သပ်ချပါ။

အရေးအကြောင်းတခုခုကြုံ၍ ထွက်ပေါက်ပိတ်နေပါကရှေ့တွင် '' ဥုံ ၊ ဥုံ ၊ဥုံ '' ခံ၍ ခပ်ပြင်း​​ပြင်းရွတ်၍ထွက်ပါ။ အပင်းချ ရေမန်းရာတွင်လည်း သုံးနိုင်သည်။

တစ်စုံတစ်ခုအား လွတ်မြောက်လို၊ လွှတ်ပေးလို၊ ဖြေလျှော့ပေးလိုပါက ရှေ့တွင် - '' သြောင်း'' ခံ၍ ရွတ်ပါ။

ပယောဂနှင့် အကာအကွယ်အတွက် ရှေ့တွင် ''ဥုံ '' ခံ၍ အဆုံးတွင် '' ဧသာဥတ္တိ ဂစ္ဆအမုမှီ သြကာသေ တိဌာဟိ '' ထည့်ရွတ်ပါ။

စားစရာတစ်စုံတစ်ခုခုအားကိုင်၍
" ဥုံ ဖုဌဿလောက... သွာဟ '' ၇အုပ်ရွတ်၍ ကျွေးပါက၊ မိမိအားမေတ္တာသက်ဝင် ချစ်ခင်၏။

အမွေးဆီတစ်ခုခုအား '' သြောင်း သျှရီ ဘဂဝါနမော... ဧတေနသစ္စဝ​ဇ္ဇေန သောတ္ထိ မေဟောတု သဗ္ဗဒါ '' (၃၇) အုပ်နေ့စဥ် ရွတ်၍ နှဖူးဆံစ သုတ်လိမ်းသွားပါက မြင်သူတကာချစ်ခင်၏ ၊ ပီယစန်းကောင်း၏၊ လုပ်ကိုင်သမျှအဆင်ပြေ၏၊ စိတ်နှလုံးချမ်းသာရ၏။ ဆုတ်ယုတ်ခြင်းမရှိ တိုးတက်၏။


#ဖုဌဿအင်းတော်မြတ်

ကိုယ်တစ်ယောက်ထဲ မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရေဆိုသူတွေအတွက်. . .💓 Rune Love Flame 💓
27/02/2022

ကိုယ်တစ်ယောက်ထဲ မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရေ
ဆိုသူတွေအတွက်. . .
💓 Rune Love Flame 💓

မင်းမြတ်သျှင်နောင် မှော်ဝိဇ္ဇာအတတ်နှင့် ဂမ္ဘီရအစီအရင်ပညာ Page နှင့် website သည် မှော်အတတ်ပညာကို လူတိုင်းလေ့လာနိုင်ရန်ရည်...
14/12/2021

မင်းမြတ်သျှင်နောင် မှော်ဝိဇ္ဇာအတတ်နှင့် ဂမ္ဘီရအစီအရင်ပညာ Page နှင့် website သည် မှော်အတတ်ပညာကို လူတိုင်းလေ့လာနိုင်ရန်ရည်ရွယ်၍ နည်းဥပဒေသများနှင့် မှော်လုပ်ထုံးလုပ်နည်း ၊ ဓလေ့ထုံးတမ်းများ၊ သမိုင်းကြောင်းများ၊ ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်းများ အငြင်းပွားဖွယ်ရာ ဖြစ်ရပ်များ၊ သိပ္ပံနည်းကျ မဖြေရှင်းနိုင်သော ဖြစ်ရပ် အကြောင်းအရာများအား အများသူငှာ သိရှိလေ့လာ ဖတ်ရှုနိုင်ရန် မျှဝေဖို့အတွက် ရည်ရွယ်ပါသည်။

ဤ page, website, IG များတွင်ဖော်ပြထားသော အကြောင်းအရာ၊ စာမူ စာတမ်းများ၊ ဓာတ်ပုံများသည် ကိုယ်တိုင်လေ့ကျင့်အားထုတ်၍ အောင်မြင်ခဲ့သော နည်းလမ်းများ၊ ဖတ်ရှုခဲ့ဖူးသော စာအုပ်စာပေများ၊ ကျမ်းစာအစောင်စောင်များနှင့် ဂမ္ဘီရလောကမှ ဆရာကြီးများ၏ စကားများ၊ အတွေ့အကြုံများနှင့် မှော် အနယ်အရပ်ရပ်မှ စာအုပ်စာတမ်းများ၊ ကျမ်းစာများ၊ online post များ၊ နှုတ်ပြောစကားများ ပါဝင်မည်ဖြ​စ်​သောကြောင့် တစုံတစ်ခုသော အကြောင်းအရာ ဆောင်းပါးများတွင် မူပိုင်ခွင့်နှင့်ပတ်သတ်ပြီးဖြစ်စေ၊ ကိုယ်ရေးကိုယ်တာဖြစ်ရပ်များ
နှင့် တိုက်ဆိုင်၍ဖြစ်စေ၊ အငြင်းပွားဖွယ်ရာများ ရှိခဲ့ပါက Min Myat Xhin Naung - Magic Wizardry and Occultism (page ၏ messanger တွင် ၎င်း၊ [email protected] သို့ ၎င်း အကြံပေးစာလိပ်မူ၍ ပေးပို့နိုင်ပါသည်။

အကြံပြုလိုသော အကြောင်းအရာများ၊ ကိုယ်တွေ့ဖြစ်ရပ်များ၊ အတွေ့အကြုံများ၊ ပညာရပ်များအား အများသူငှာ ဗဟုသုတရရှိစေရန် ပညာပါရမီအဖြစ် ပြန်လည်ဝေငှလိုပါကလည်း အထက်ပါ page messanger နှင့် အီးမေးလ် လိပ်စာသို့ စာမူအကြောင်းအရာများ ပေးပို့နိုင်ပါသည်။

ကျေးဇူးတင်ပါသည်။



[email protected]

မိုးကြိုးလွှဲဂါထာတော်ရှားပါးပြီး အစွမ်းထက်လှတဲ့ မိုးကြိုးလွဲ ဂါထာတော် ကို ဝေမျှပေးပါမယ်။ ဂါထာအားလုံးကိုးပုဒ်ရှိပါတယ်။ ငယ...
14/12/2021

မိုးကြိုးလွှဲဂါထာတော်

ရှားပါးပြီး အစွမ်းထက်လှတဲ့
မိုးကြိုးလွဲ ဂါထာတော် ကို ဝေမျှပေးပါမယ်။ ဂါထာအားလုံးကိုးပုဒ်ရှိပါတယ်။

ငယ်ငယ်က ဂါထာကျမ်းစာအုပ်အဟောင်းထဲက ရခဲ့ခြင်းဖြစ်ပါသည် ၊ စာအုပ်ကတော့ ရှာမတွေ့တော့ပါ။

ဒါပေမယ့် အညွှန်းမှာက ၎င်းဂါထာကို စာရွက်မှာရေးပြီး အိမ်ခေါင်မိုးမှာ ကပ်ထားရင် မိုးကြိုးမပစ်ဘူးဆိုလို့၊
မိုးတွင်းရောက်ရင် ရွတ်ဖတ်နေ၊ အိမ်ခေါင်မိုးမှာ၊ ကပ်ထားတာကနေ ၊မေ့မေ့ပျောက်ပျောက်ဖြစ်ပီး
အခုမှ ပြန်သတိရလို့ ဝေမျှပေးလိုက်ပါတယ်။

၈လုံးတစ်ကြောင်းနဲ့ ဂါထာတစ်ပုဒ်မှာ ၃၂ လုံးရှိနေတယ်ဆိုတော့ ၊
အင်းအနေနဲ့လဲ ချလို့ရတဲ့ဂါထာဖြစ်ပါတယ်။
ဂါထာတစ်ပုဒ်ကို အကျိုးတစ်မျိုးစီသွားပါတယ်။

အင်းသမားတွေအတွက်က -
စေအင်းအနေနဲ့ကော၊ ဆောင်အင်းအနေနဲ့ပါသုံးလို့ရပါတယ်။
စေအင်းဆိုရင် ဂါထာရဲ့ အကျိူးကိုကြည့်ပီး (ဘုန်း.ကံ.ကြီး.စေ.၊ ဘေး.ရန်.ကင်း.စေ)၊(စီး.ပွား.တိုး.စေ).(လူ.ချစ်.ခင်.စေ) စသဖြင့် ဂါထာနဲ့လိုက်ဖက်တဲ့ မိမိဆန္ဒရှိရာ ဣဌာရုံကိစ္စတွေကို သွင်းပါ။

ဆက်လက်ဖတ်ရှူရန် နှင် မိုးကြိုးအန္တရာယ်နှင့် သဘာဝဘေး၊ လက်နက်ဘေးများမှ ကင်းဝေစေဖို့ဆောင်ရန်နှင့် အင်းသမားများအတွက် ကစားနိုင်ဖို့ အင်း၏ ဓာတ်ပုံကြည့်ရန်
link ကိုနှိပ်ပါ. . .

ရှားပါးပြီး အစွမ်းထက်လှတဲ့ မိုးကြိုးလွဲ ဂါထာတော် ကို ဝေမျှပေးပါမယ်။ ဂါထာအားလုံးကိုးပုဒ်ရှိပါတယ်။ ငယ်ငယ်က ....

ကာယ သိဒ္ဓိဂါထာတော်ကြီးဗုဒ္ဓေါ မေ ရက္ခတု နစ္စံ။ဓမ္မော မေ ရက္ခတု သဒါ။သံဃော မေ ရက္ခတု ဒိနေ။သုခီ ဒီဃာ ယုကော ဘဝ။မာရာဠဝကာ နာဠာ...
14/12/2021

ကာယ သိဒ္ဓိဂါထာတော်ကြီး

ဗုဒ္ဓေါ မေ ရက္ခတု နစ္စံ။
ဓမ္မော မေ ရက္ခတု သဒါ။
သံဃော မေ ရက္ခတု ဒိနေ။
သုခီ ဒီဃာ ယုကော ဘဝ။
မာရာဠဝကာ နာဠာဂိရိံ အင်္ဂုလေ စိဉ္စသစ္စကံ။
နန္ဒောပနန္ဒ ဗြဟ္ခဉ္စ ဇယျော ဇယျတုမင်္ဂလံ။

ကာယ ပီယ ဓန သိဒ္ဓိ(၃)ပါးဂါထာ တေ ဝိဇ္ဇာ ဣဒ္ဓိပတ္တာစ စေတောပရိယာယ ကောဝိဒါ။ ခီဏာသဝါ အရဟန္တော ဗဟု ဗုဒ္ဓဿ သာဝကာ။ ဧတေန သစ္စ ဝဇ္ဇေန သောတ္တိမေဟောတုသဗ္ဗဒါ။ ဥုံ စန္ဒိမာ သူရိယာနံ။ ဘုမ္မာ ဒေဝါနံ ရုက္ခဒေဝါနံ အာကာသဒေဝါနံ သမဏ ဗြဟ္မာဏာနံ။ အမစ္စ ရာဇာနံ သဗ္ဗ ဣတ္တိနံ သဗ္ဗပုရိသာနံ သဗ္ဗဘောဂါနံ ဧဟိ ပီယံ မမ။

ဥုံ ပထဗျာ အာကာသေစ ပဗ္ဗတေစ ဥဒကေစ။ ယံယံပတ္တာ ပဝါရေမိ ဒိဗ္ဗစက္ခာ ဥပေန္တုမေ။ ဗဟူဒေဝါ မနုဿာစ မင်္ဂလာနိ အစိန္တေယျုံ။ အာကင်္ခမာနာ သောတ္တာနံ ဗြူဟိမင်္ဂလမုတ္တမံ။ ဤဂါထာဖြင့် ဆန်မန်းပေါက်ပေါက်ကို ၃၇အုပ်မန်းပြီး ဥစ္စာရှိသောနေရာ ကို၎င်းဆန်မန်းပေါက်ပေါက်ကြဲလျှင် ဥစ္စာလာစုသည်ဟုဆရာသခင်က သင်ကြားပြသပေးဖူးပါသည်။

- စိန္တာမဏိ မန္တာန်တော် အမရွံ ဟရီဟရီ သျှရီ မုခံ ပသဗျံ သျှရေ ပိဋကံ ဟရီ ဗာဟိ ံဒရို မဟိ ံ ဒရို ဗြစန္ဒရို ဗေဒါ ရဂြဟာ သျှရု ရာဂဂျာ တြာ စိန္တာမဏိ စန္ဒရော ဟရီ ခရ ဗန္ဓု မေ ဂျံ မံဂလံ။

- မနောမဟိဒ္ဓိ ဂါထာတော် အနေကသတသမ္ဗုဒ္ဓါ ဥပ္ပန္နာ ဘယ နာသကာ။ မမသီသေပတိဋ္ဌန္တု ရက္ခန္တု မေ မမံသဒါ။ သုခါ ဝဟာ သတံ ဓမ္မာ တိဋ္ဌန္တ္တု ဟဒယေ မမ။ အမှေ ဧတေ ပါလယန္တု သုခံ ဒေန္တု မမံ သဒါ။ သမ္ဗုဒ္ဓါနံ အရဟန္တော တေဇ ဝန္တော တတော။ တေ မေ အံသေ ပတိဋ္ဌန္တု ပါလယန္တု မမံ သဒါ။
တောင်ဖီလာဆရာတော်ကသာလွန်မင်းတရားကြီးကိုပေးခဲ့သော ဂါထာတပုဒ်ဖြစ်ပါသည်။

ဗုဒ္ဓေါ မေ ရက္ခတု နစ္စံ။ ဓမ္မော မေ ရက္ခတု သဒါ။ သံဃော မေ ရက္ခတု ဒိနေ။ သုခီ ဒီဃာ ယုကော ဘဝ။ မာရာဠဝကာ နာဠာဂိရိံ အင်္...

Address

Bahan Street 3

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Alerts

Be the first to know and let us send you an email when မှော်ဝိဇ္ဇာအတတ်နှင့် ဂမ္ဘီရအစီအရင်ပညာ - Magic Weizza and Occultism Art posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မှော်ဝိဇ္ဇာအတတ်နှင့် ဂမ္ဘီရအစီအရင်ပညာ - Magic Weizza and Occultism Art:

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share