Spring Festival

Spring Festival Spring Festival, イベントプランナー, Tokyoの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

ချင်းတိုင်းရင်းသားအဆိုတော် David Lai ရဲ့ ဂျပန်ခရီးစဉ်
12/01/2025

ချင်းတိုင်းရင်းသားအဆိုတော် David Lai ရဲ့ ဂျပန်ခရီးစဉ်

2025 နှစ်သစ်မှာ အထူးအစီအစဉ်လေးကြေညာစရာရှိပါတယ်။ အဲ့ဒါကတော့ချင်းတိုင်းရင်းသား အဆိုတော် ဒေးဗစ်လိုင်းရဲ့ ဂျပန်ခရီးစဉ်ဖြစ်ပါတယ်။

ပထမဆုံးပွဲစဉ်လေးကို Gunma မှာ ဖေဖော်ဝါရီလ ၂၃ ရက် (တနင်္ဂနွေနေ့) မှာ ပြူလုပ်မှာ ဖြစ်ပြီး
ဒုတိယပွဲစဉ်ကိုတော့ မတ်လ ၁ ရက်နေ့ (စနေနေ့) တိုကျိုမှာ ကျင်းပမှာဖြစ်ပါတယ်
တတိယပွဲစဉ်ကိုတော့ မတ်လ ၉ ရက် (တနင်္ဂနွေနေ့) မှာ ဟော့ကိုင်းဒိုးကျွန်းရဲ့ ဆပ်ပိုရိုမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

တေးဂီတလေးတွေနားသောတဆင်ရင်း အမိမြန်မာပြည်ကို ကူညီနိုင်မှာ ဖြစ်တဲ့အတွက် ပါဝင်ပေးကြဖို့ နိုးဆော်လိုက်ပါတယ်။

1. Gunma
Date: February 23 (Sunday)
Venue: Tatebayashi City Sannomaru Art Hall

2. Tokyo
Date: March 1 (Saturday)
Venue: Funabori Tower Hall

3. Hokkaido
Date: March 9 (Sunday)
Venue:Sapporo L-Plaza


🎶ကောင်းသောနေ့များ လိုချင်ပါပြီဟေ့ ရေ့ ရေ့ ရေးလိုတယ် ကောင်းသောနေ့များ🎶“ကူညီစာနာ ပြည်မြန်မာ” ဂျပန်ပွဲလေးကနေ အမိမြန်မာပြည်အ...
11/01/2025

🎶ကောင်းသောနေ့များ လိုချင်ပါပြီဟေ့
ရေ့ ရေ့ ရေး
လိုတယ် ကောင်းသောနေ့များ🎶

“ကူညီစာနာ ပြည်မြန်မာ” ဂျပန်ပွဲလေးကနေ အမိမြန်မာပြည်အတွက် ကူညီလှူဒါန်းမယ့် ပမာဏကို ကြေညာပေးပါရစေ အမျိုးတို့!

နာဂိုယာပွဲစဉ်မှ အသားတင်ရန်ပုံငွေ ¥1,669,476
တိုကျို ဖူဆယ်ပွဲနှင့် တိုကျိုပွဲစဉ်မှ အသားတင်ရန်ပုံငွေ ¥12,806,406
ရှီဇုအိုကာပွဲစဉ်မှ အသားတင်ရန်ပုံငွေ ¥4,128,444

ရရှိခဲ့ပြီး ဂျပန်ခရီးစဉ်အတွက် ဘုံကုန်ကျစားရိတ် ¥2,600,248 နုတ်ပြီး အသားတင်ရန်ပုံငွေ ¥16,004,078 (ဒေါ်လာတစ်သိန်းကျော်၊မြန်မာကျပ်ငွေအားဖြင့် သိန်း ၄၅၀၀ ခန့်) ရရှိခဲ့ပါတယ်။

ကိုယ်ပိုင်သံစဉ်တေးသီချင်းများရဲ့ ဖန်ဆင်းရှင် ကိုဆောင်းဦးလှိုင်ရဲ့ နူးညံ့နွေးထွေးတဲ့ သံစဉ်များကို နားထောင်ရင်း မြန်မာပြည်အတွက်လည်း အထောက်အပံ့ဖြစ်စေခဲ့တာ အားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်စရာပါ။

ရန်ပုံငွေများအား ကိုဆောင်းဦးလှိုင်အကြံပြုသည့်အတိုင်း လက်ရှိတိုက်ပွဲများ ပြင်းထန်နေတဲ့ ရခိုင်၊ ကချင်၊ ချင်း၊ ကရင်နီ နှင့် ကရင်ဒေသမှ သွေးချင်းများ၊ အညာဒေသမှ စစ်ဘေးရှောင်နှင့် တော်လှန်လူငယ်များ၊ CDM သူရဲကောင်းများအား ဦးစားပေး ခွဲဝေလှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်လေး ဖြစ်မြောက်ဖို့ မိုင်ပေါင်းများစွာ ကျော်ဖြတ်ပြီးလာရောက်ပေး၊ မိမိရဲ့ ကိုယ်ပိုင်အချိန်နဲ့ ငွေကြေးတွေစိုက်ထုတ်ပြီး အားအင်အပြည့် စေတနာအပြည့်နဲ့ သီဆို ဖျော်ဖြေပေးသွားတဲ့ ကိုဆောင်းဦး၊ အဖက်ဖက်မှ ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသော လုပ်ငန်းရှင်များ၊အဖွဲ့အစည်းများ၊ ရန်ပုံငွေရရှိရေးနှင့် စနစ်တကျ စည်းကမ်းရှိစွာ ကျင်းပနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်းကူညီ၍ လုပ်အားကုသိုလ်ပါဝင်ပေးခဲ့ကြသော ကဏ္ဍအသီးသီးမှ စေတနာ့ဝန်ထမ်း ညီအစ်ကိုမောင်နှမများ၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးခဲ့ကြသော တော်လှန်ရေးမောင်နှမများ၊ စည်းကမ်းရှိစွာဖြင့် တခဲနက် လာရောက်အားပေးကြပြီး တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ပေးသွားခဲ့ကြသော ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာ့အရေး စိတ်ဝင်စားသူများ အားလုံးအား ကျေးဇူးတင်ဂုဏ်ပြုရင်း ရန်ပုံငွေငွေစာရင်းနှင့် ပူးပေါင်းပါဝင်ခဲ့သည့် အဖွဲ့အစည်းများအား မှတ်တမ်းတင် ဖော်ပြလိုက်ပါရစေ။

♥️အားကြီးလို့
တစ်​ယောက်က​နေ အနိုင်ယူတယ်
ရင်ဆိုင်အားနည်းတဲ့
တစ်​ယောက်က မျက်ရည်ဝဲ
မခံချင်စိတ်ရဲ့ မီးတစ်စက
တို့ကမ္ဘာ​ပေါ် လောင်တယ်...
ဒါတွေ ကလေးများအတွက် ပြင်ကြရမယ်
စာနာစိတ်နဲ့
အားလုံးလက်တွဲ✌️🫶

#ကမ္ဘာမြေအတွက်


#ကူညီစာနာပြည်မြန်မာ

ကိုဆောင်းဦးလှိုင် ၏”ကူညီစာနာ ပြည်မြန်မာ” Linited edition ဦးထုပ်များ ပေးပို့ရန် နောက်ကျနေခြင်းနှင့်ပတ်သက်၍ တောင်းပန်ခြင်း...
09/01/2025

ကိုဆောင်းဦးလှိုင် ၏”ကူညီစာနာ ပြည်မြန်မာ” Linited edition ဦးထုပ်များ ပေးပို့ရန် နောက်ကျနေခြင်းနှင့်ပတ်သက်၍ တောင်းပန်ခြင်း

Tokyo နှင့် Shizuoka မှ preorder ထပ်မံမှာယူထားသော ဦးထုပ်များမှာ စတစ်ကာရိုက်နှိပ်ခြင်း မဟုတ်ဘဲတလုံးချင်း ချည်ထိုးရခြင်း ဖြစ်သည့်အတွက် ပြီးစီးရန် အချိန်ထပ်မံလိုအပ်ပါသဖြင့် ရက်သတ္တပတ် အနည်းငယ်ခန့် စောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

စောင့်ဆိုင်းရတဲ့အတွက် အနူးအညွှတ်တောင်းပန်အပ်ပါတယ်။

AOU ဟန်းချိန်း မှာယူထားသော ကာစတန်မာများရှင့် ... ပစ္စည်း  စတင်ရောင်းချတဲ့ပို့စ်နဲ့ Google Form ဖြည့်စဉ်ကတည်းက ကြာမြင့်ချ...
08/01/2025

AOU ဟန်းချိန်း မှာယူထားသော ကာစတန်မာများရှင့် ... ပစ္စည်း စတင်ရောင်းချတဲ့ပို့စ်နဲ့ Google Form ဖြည့်စဉ်ကတည်းက ကြာမြင့်ချိန် ၁ လခွဲ စောင့်ရမယ်လို့ ကြိုတင် အသိပေးထားခဲ့ပါတယ်။

ဟန်းချိန်းလေးတွေက ဇန်နဝါရီလကုန်လောက်မှ စက်ရုံကနေ ရမှာဖြစ်ပြီး ဂျပန်ကို အစောဆုံးတောင်မှ ဖေဖော်ဝါရီလလယ်လောက်မှ ရောက်မှာပါ။

နိုင်ငံအစုံက မှာယူသူ ၆၀၀၀ ကျော်အတွက် စက်ရုံကိုထပ်အပ်ရတဲ့အပြင် နှစ်သစ်ကူး ပိတ်ရက်တွေ ခံနေတာမို့ မှန်းထားတာထက် ပိုနောက်ကျနေပါတယ်။
နားလည် သည်းခံစောင့်ဆိုင်းပေးဖို့ ထပ်မံ မေတ္တာရပ်ခံပါတယ်။

မင်မင်တို့လည်း ပို့ပေးချင်တာပေါ့နော်။
စက်ရုံကနေတောင်မှ မထွက်လာသေးတော့ ဘာမှ လုပ်ပေးလို့ မရလို့ပါ။
လူဦးရေ ရာနဲ့ ထောင်နဲ့ချီ မှာယူထားတာတွေမို့
နားလည်ပေးပါလို့ပဲ တောင်းဆိုပါရစေရှင့် ...

အဖြူရောင် L Size  (၂) ထည်ပဲ ကျန်ပါတော့တယ်။Edit: ကုန််သွားပါပြီရှင့်
01/01/2025

အဖြူရောင် L Size (၂) ထည်ပဲ ကျန်ပါတော့တယ်။

Edit: ကုန််သွားပါပြီရှင့်

Cobra မှ ထုတ်လုပ်တဲ့ ဖိနပ် မှာယူထားသူများသို့ ..ဖိနပ်မှာယူစဉ်ကတည်းက ကြာမြင့်ချိန် (၁)လ ခွဲခန့်လို့ကြိုတင် အသိပေးထားခဲ့ပါ...
01/01/2025

Cobra မှ ထုတ်လုပ်တဲ့ ဖိနပ် မှာယူထားသူများသို့ ..

ဖိနပ်မှာယူစဉ်ကတည်းက ကြာမြင့်ချိန် (၁)လ ခွဲခန့်လို့
ကြိုတင် အသိပေးထားခဲ့ပါတယ်။

ထိုင်းဖက်က အခက်အခဲတချို့နဲ့
ယခုအချိန်အထိ ပို့မလာသေးဘဲ ကြာနေတဲ့အတွက် ဂျပန်ပြည်ကို ရောက်မလာသေးပါဘူး။
ရောက်လာတာနဲ့ ခွဲဝေ ပို့ဆောင်ပေးပါမယ်။

ဒီရက်ပိုင်း  အမေးများနေကြလို့ ပိုစ့်လေး တင်တာပါ။AOU ဟန်းချိန်းလေးတွေက စတင်မှာယူချိန် ကတည်းက(၁) လခွဲခန့် စောင့်ရမယ်လို့  ...
01/01/2025

ဒီရက်ပိုင်း အမေးများနေကြလို့ ပိုစ့်လေး တင်တာပါ။

AOU ဟန်းချိန်းလေးတွေက စတင်မှာယူချိန် ကတည်းက
(၁) လခွဲခန့် စောင့်ရမယ်လို့ ကြိုတင် အသိပေးထားပြီးသားပါရှင့်။ နိုင်ငံအစုံ မှာယူသူ (၅၀၀၀) ကျော် နီးပါး ရှိတာမို့ စက်ရုံကို ဒုတိယအကြိမ် အမှာစာ အပ်ရပါတယ်။

အခုအထိ ထုတ်လုပ်ဆဲ အဆင့်ပါ။
ဇန်နဝါရီလကုန်လောက်မှ စက်ရုံကနေ ထွက်လာမှာပါ။
ဂျပန်မှ မဟုတ် ဘယ်နိုင်ငံမှ မရသေးပါဘူး။

လက်ရှိ ရထားပြီးသူများက ပထမဆုံးအသုတ် အခု (၁၀၀) နဲ့ မှီလိုက်ကြသူများ ဖြစ်ပါတယ်။

ArtStrike အင်္ကျီ  နောက်ဆုံးလက်ကျန် 🚨အိမ်အရောက်ပို့ခ ပါအပြီး  ယန်း ၃၅၀၀ ဖြစ်ပါတယ်။အောက်က စာရင်းအတိုင်းပဲ ၁၅ ထည် ကျန်ပါတယ...
26/12/2024

ArtStrike အင်္ကျီ နောက်ဆုံးလက်ကျန် 🚨

အိမ်အရောက်ပို့ခ ပါအပြီး ယန်း ၃၅၀၀ ဖြစ်ပါတယ်။

အောက်က စာရင်းအတိုင်းပဲ ၁၅ ထည် ကျန်ပါတယ်။
ဒါကုန်ရင် ကုန်ပါပြီ။

Japan 🇯🇵 Instock

White

M 1 (Sold Out)
L 6
XL 1 (Sold Out)

Black

M 2 (Sold Out)
L 4 (Sold Out)
XL 1 (Sold Out)

အိတ်ရဲ့ ဇစ်ခေါင်းကို  Loikaw PDF တံဆိပ်နဲ့ ပြုလုပ်ထားတဲ့ ချပ်ဝတ်နီ အိတ် များ ဂျပန်မှာ Stocks အနည်းငယ်ပဲ ကျန်ပါတော့တယ်။အန...
26/12/2024

အိတ်ရဲ့ ဇစ်ခေါင်းကို Loikaw PDF တံဆိပ်နဲ့ ပြုလုပ်ထားတဲ့ ချပ်ဝတ်နီ အိတ် များ ဂျပန်မှာ
Stocks အနည်းငယ်ပဲ ကျန်ပါတော့တယ်။

အနက်ရောင် ပင့်ကူ (၅) အိတ် ❌
ပန်းရောင် မေမီကို (၁၀) အိတ်
လိမ္မော်ရောင် ဒူးဒူ (၃၀) အိတ်
အသားရောင် ဇီးကွက် (၅) အိတ်

ဒီ လက်ကျန်တွေကုန်ရင် မရှိတော့ဘူးမို့
အမြန် လာမှာပါနော်။

တပတ်အတွင်းပို့ပေးပါမယ်။
တအိတ်ကို ယန်း ၄၀၀၀ ဖြစ်ပါတယ်။

Shizuoka ပွဲ လိုက်တဲ့သူတွေ ...မင်မင်တို့  ကတိတည်တယ်နော် 🤭  တမုန်း ကြည့်ခဲ့ရတယ်မလား ... 🗻
23/12/2024

Shizuoka ပွဲ လိုက်တဲ့သူတွေ ...
မင်မင်တို့ ကတိတည်တယ်နော် 🤭
တမုန်း ကြည့်ခဲ့ရတယ်မလား ... 🗻

အပြုံးကိုယ်စီ  ကျေနပ်မှု ကိုယ်စီ နဲ့ဂျပန် အပိတ်ပွဲစဉ် 🎊
22/12/2024

အပြုံးကိုယ်စီ ကျေနပ်မှု ကိုယ်စီ နဲ့
ဂျပန် အပိတ်ပွဲစဉ် 🎊

22/12/2024

Shizuoka မှာ ဂျပန်ခရီးစဉ်ရဲ့ နောက်ဆုံးပွဲလေး မကြာခင် စတင်ပါတော့မယ်

ရင်ခုန်စိတ်လှုပ်ရှားနေရင်းနဲ့ပဲ

ကိုဆောင်းဦးလှိုင်ရဲ့ “ကူညီစာနာ ပြည်မြန်မာ” ဂျပန်ပွဲဖြစ်မြောက်ရေးအတွက်

ကူညီပံ့ပိုးပေးတဲ့ အလှူရှင်များအား လေးစားဂုဏ်ယူစွာနဲ့ ဖော်ပြခွင့်ပြုပါ

21/12/2024

"ကူညီစာနာ ပြည်မြန်မာ" Tokyo Show

ခေတ်တခေတ်ရဲ့ Legend တေးရေး၊ တေးဆို တစ်ယောက်ဖြစ်တဲ့ ကိုဆောင်းဦးလှိုင်ရဲ့ တိုကျိုပွဲစဉ်မှတ်တမ်း 🎶

ရာစုနှစ်တွေဆီကို ပြန်သွားပြီး
သီချင်းလေးတွေ နားဆင်ဖို့ Shizuoka ပွဲစဉ်လေးအချိန်မီ လာလို့ ရသေးတယ်နော် 🥳

ရုံရှေ့ ရောက်မှ လက်မှတ်ဝယ်လို့ ရသဗျို့ ။
တိုကျိုကနေဆိုလည်း ရထားနဲ့ ခဏလေးရယ်။
ရောက်အောင်သာ အရင်လာခဲ့...

လိပ်စာလေးက ကွန်မန့်မှာကြည့်..

Captured by Cherry & T VLOGS



#ကူညီစာနာပြည်မြန်မာ

သူပုန် Green tea နဲ့ ကော်ဖီအကြမ်းမှုန့် စတော့ပြတ်နေလို့ မှာထားသူတွေကို စတော့ပြန်ဝင်မှ အတူတူပို့ပေးပါမယ်နော် (ပို့ခက တခါစ...
21/12/2024

သူပုန် Green tea နဲ့ ကော်ဖီအကြမ်းမှုန့် စတော့ပြတ်နေလို့ မှာထားသူတွေကို စတော့ပြန်ဝင်မှ အတူတူပို့ပေးပါမယ်နော် (ပို့ခက တခါစာပဲ ယူထားလို့ပါ)

ရှိတာကို အရင်ပို့စေချင်ရင် chat box မှာ အမည်နဲ့ မေးလ် ပြောပြီး ပို့ခလေးထပ်လွှဲပေးဖို့ အဆင်ပြေမပြေ ပြောပေးပါနော်

စတော့ရှိနေတဲ့ သူပုန် ထုတ်ကုန်မှာထားသူတွေကိုတော့ ပို့ပေးနေပါတယ်

19/12/2024

“ကူညီစာနာ ပြည်မြန်မာ” Shizuoka ပွဲ နေရာလမ်းညွှန် ဗွီဒီယိုလေးပါ

住所

Tokyo

ウェブサイト

アラート

Spring Festivalがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ビデオ

共有する