Sayr Min Zay Yar Naing

Sayr Min Zay Yar Naing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sayr Min Zay Yar Naing, Magician, ရန်ကုန်, ရန်ကုန်.

နေလည်က ပို့ရမဲ့ အင်းဖယောင်းတိုင်တွေပို့ပေးလိုက်ပြီးတော့ည အိပ်ခံနီးလေး လုပ်စရရှိတာလေးတွေလုပ်ရင်းအင်းဖယောင်းတိုင် မီးကုန်တ...
07/02/2023

နေလည်က ပို့ရမဲ့ အင်းဖယောင်းတိုင်တွေ
ပို့ပေးလိုက်ပြီးတော့

ည အိပ်ခံနီးလေး လုပ်စရရှိတာလေးတွေလုပ်ရင်း
အင်းဖယောင်းတိုင် မီးကုန်တာနဲ့အိပ်တော့မယ်

မနက်မှဘဲ စာပြန်ပါတော့မယ် ခင်ဗျာ🙏🙏🙏

သာယာအေးချမ်းသော ညလေးဖြစ်ပါစေ ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

ဒီနေ့ ခရီးတော်တော်များပြီး၊လမ်းတော်တော်များသွားတယ်မနက်က အစီအရင်ဖယောင်းတိုင် ဘုရားမှာလိုက်ထွန်းပေးတယ်ဘုရားမှာဘဲ အစီအရင် န...
05/02/2023

ဒီနေ့ ခရီးတော်တော်များပြီး၊လမ်းတော်တော်များ
သွားတယ်

မနက်က အစီအရင်ဖယောင်းတိုင် ဘုရားမှာ
လိုက်ထွန်းပေးတယ်

ဘုရားမှာဘဲ အစီအရင် နောက်တစ်ယောက်ထပ်
ပြီး လာယူသွားပါတယ်

ပူဇော်ငွေ သုံးသိန်းနှင့်သစ်သီးတွေ
ကန်တော့သွားပါတယ်

ပြီးတော့ လူတွေ ပြောပြောနေလို့ ကြားဖူးနေတဲ့
ပလီခတ် ဘုရားကျောင်းကို၊ရေလည်ကျောက်တန်း
ဘုရားမှာ

ဦးရှင်ကြီးအား ဆုတောင်းပွဲလေး သွားလှူရင်း
လမ်းကြုံဝင်လေ့လာခဲ့လိုက်တယ်

လမ်းသွားတာများပြီး အခုမှဘဲ အိမ်ပြန်
ရောက်တော့တယ်ဗျာ နားပါတော့မယ်
စာတွေ မနက်မှဘဲ ပြန်ပါတော့မယ် ခင်ဗျာ

အားလုံးဘဲ သာယာသော ညချမ်းလေး
ဖြစ်ပါစေ ခင်ဗျာ🙏🙏🙏

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

တစ်ခါတစ်ရံ မိုးလည်းမရွာဘဲ ရှိမယ်တစ်ခါတစ်ရံ မအေးသောဆောင်းလည်းရှိမယ်နွေကတော့ အမြဲပူတယ်၊သီချင်းစာသားလေးပေါ့================...
04/02/2023

တစ်ခါတစ်ရံ မိုးလည်းမရွာဘဲ ရှိမယ်
တစ်ခါတစ်ရံ မအေးသောဆောင်းလည်းရှိမယ်
နွေကတော့ အမြဲပူတယ်၊သီချင်းစာသားလေးပေါ့
=================================
အခုချိန်ထိ အမြဲဆုံးမနေသော အကိုတစ်ယောက်ရဲ့
ဆုံးမစကားလေးပေါ့

အကို ကျွန်တော် တန်ဖိုးထားနားထောင်ပါတယ်

ညီလေး မင်း၊လေးပါးကျော်ရှိန် ဝရဇိန်ဆိုတဲ့
မင်းသားလေးလတ် ပါတဲ့ ဇာတ်ကားလေး
ကြည့်ဖူးလား

အဲ့ထဲမှာ မင်းမော်ကွန်းပြောတဲ့ စကားလေး
မင်းရှာပြီးကြည့်ကြည့်

ဘဝင်ဆိုတာ၊ဘဝနဲ့မနီးမဝေးမှာ ထားပြီးမြင့်ရတယ်
အေး၊အဲ့လိုမှ မဟုတ်ဘဲ ဘဝနဲ့အဝေးကြီးမှာ
ထားပြီးမြင့်ရင်၊တစ်ချိန် အဲ့ဘဝင်ပြုတ်ကျရင်

အောက်က ဘဝပါ စုတ်ပျက်သတ်သွားလိမ့်မယ်

အေး အဲ့လိုဘဲ လူဆိုတာ၊ကိုယ်ဘဝ ကိုယ်သိရတယ်
ဘယ်သော အခါမှ ဘဝကိုမေ့ပြီး၊ဘဝင်မမြင့်နဲ့

ကိုယ်ဟာ လေတိုက်တိုင်း ယိမ်းနိုင်တဲ့မြက်ပင်လား
လေဘယ်လောက် တိုက်တိုက် မယိမ်းနိုင်တဲ့
တန်ဖိုးရှိတဲ့ ကျွန်းပင်လား

အမြဲ ကိုယ်ကို စမ်းစစ်နေရမယ် ညီလေး

ယောကျ်ားဆိုတာ ပါးစပ်နဲ့အလုပ်မလုပ်နဲ့
လုပ်ရပ်နဲ့အလုပ်လုပ်ရမယ်

ယောကျ်ား တစ်ယောက်နဲ့ယှဉ်လို့ အခုမင်း အသက်မှာ
ရှုံးသွားရင်၊မင်းကအရှုံးသမား မဟုတ်သေးဘူး

နောက်သုံးနှစ်နေလို့ မင်းအဲ့လူထက်မသာရင်
မင်းက အဲ့ခါမှ တစ်ကယ် အရှုံးသမားဘဲ

ယောကျာ်း၊ယောကျ်ားခြင်း ယှဉ်တဲ့ ပွဲမှာ
စစ်ခင်းနိုင်အောင် အဲ့ဒီလူထက်

အောင်မြင်မူသာရမယ်၊စီးပွါး ဥစ္စာ ပိုင်ဆိုင်မူ
သာရမယ်၊လက်ရုံးရည်သာရမယိ၊ပညာရည်
သာရမယ်

အဲ့တာမှသာလျှင် ယောကျာ်းတစ်ယောက်မှာ
ရှိသင့်တဲ့ မာန ( ခေါ် )လုပ်ရပ်နဲ့ယှဉ်ပြိုင်မူဘဲ

အဲ့လို အစစ၊အရာရာ ကိုယ်ဘက်က မသာမခြင်း
ပြိုင်ဘက်ကို မပြောနဲ့မဆိုနဲ့ဖျောက်ထားလိုက်
ဒါပေမဲ့ ဘယ်သော အခါမှ မမေ့နဲ့

လူဆိုတာ ဘယ်တော့မှ တစ်သတ်မှတ်ကြီးမသွားဘူး
အချိန်အနေအချိန်အခါကို စောင့်ရမယ်

မင်းကို သီချင်းလေး တစ်ပုဒ်ဆိုပြမယ်

တစ်ခါတစ်ရံ မိုးလည်းမရွာဘဲရှိမယ်
တစ်ခါတစ်ရံ မအေးသောဆောင်းလည်းရှိမယ်
နွေကတော့ အမြဲပူတယ်တဲ့

အေးအဲ့လိုဘဲ၊လူဆိုတာ တစ်ခါတစ်ရံမြင့်
နေတတ်တယ်၊ဒါပေမဲ့ ကျတဲ့ အဖြစ်မျိုး
ဖြစ်စေမဲ့

ပြဿနာပေါင်းစုံကတော့၊အမြဲဖြစ်တတ်တယ်

အေး အခါကျရင် အရှေ့က ပြောခဲ့သလိုဘဲ
ဘဝင်ကို ဘဝနဲ့အဝေးကြီးမှာထားပြီး
မြင့်တဲ့ကောင်ကတော့ ကျတဲ့ အချိန်ကျရင်

ဘဝဟာ တစ်ကယ်ကို စုတ်ပျက်သတ်သွားတာဘဲ
ဘယ်သောအခါမှ ကိုယ်ဘဝကိုယ် မမေ့နဲ့

မင်းဘယ်လောက်အချိုးမပြေ၊မပြေ
ဒါပေမဲ့ မင်းကို လောကကြီးက အချိုးပြင်
ပေးလိမ့်မယ်

ကိုယ်ဘဝကိုယ် မေ့သွားတဲ့၊အဲ့လိုလူထဲ
ဘယ်တော့မှ မပါအောင်နေဆိုပြီး

ဆုံးမပေးသော အကိုတစ်ယောက်ရဲ့
ဆုံးမစကားလေးပေါ့ ခင်ဗျာ

လိုသူယူသွား၍၊မလိုသူကျော်သွားပါ ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

၁နာရီကျော်မှ အပြင်သွားရမှာ ဆိုတော့မနက်ခင်းလေးမှာဘုရားပန်း အသစ်လှူ၊ပွဲတွေလှူဒါန်းနေ့လည်စာအတွက် ပြောင်းဖူးကျော်၊ပုဇွန်ချက်...
04/02/2023

၁နာရီကျော်မှ အပြင်သွားရမှာ ဆိုတော့
မနက်ခင်းလေးမှာ

ဘုရားပန်း အသစ်လှူ၊ပွဲတွေလှူဒါန်း

နေ့လည်စာအတွက် ပြောင်းဖူးကျော်၊
ပုဇွန်ချက်၊ကန်ဇွန်းရွက်လေးကျော်ပေါ့😋😋

မနက်တစ်ခင်းအားတုန်းလေး စားချင်တာလေး
ချက်စားကြော်စား☺️☺️☺️

မနက် ၇နာရီခွဲထဲက အလုပ်ကိစ္စ၊ထသွား၍ရွှေတိဂုံ ဘုရားပေါ်က ဘီလူးတွေနားသွားပူခြင်း☺️☺️☺️လုပ်ငန်း၊ကိုင်ငန်း၊ကိစ္စအဝဝ အထမြှောက်...
03/02/2023

မနက် ၇နာရီခွဲထဲက အလုပ်ကိစ္စ၊ထသွား၍

ရွှေတိဂုံ ဘုရားပေါ်က ဘီလူးတွေ

နားသွားပူခြင်း☺️☺️☺️

လုပ်ငန်း၊ကိုင်ငန်း၊ကိစ္စအဝဝ အထမြှောက်
အောင်မြင်ကြပါစေ ခင်ဗျာ🙏🙏🙏

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

မနက် ထမင်းစားပြီးထဲက အလုပ်ကိစ္စအပြင်ထွက်သွားတာအိမ်ပြန်ရောက်တော့ အင်းဖယောင်းတိုင်လေးထွန်းပြီး၊ရှေ့ဆက်ရမဲ့ အလုပ်အတွက်စေ့စပ...
02/02/2023

မနက် ထမင်းစားပြီးထဲက အလုပ်ကိစ္စ
အပြင်ထွက်သွားတာ

အိမ်ပြန်ရောက်တော့ အင်းဖယောင်းတိုင်
လေးထွန်းပြီး၊ရှေ့ဆက်ရမဲ့ အလုပ်အတွက်

စေ့စပ်သေချာသော အကွက်လေးတွေရွှေ့ဖို့
ရွှေ့တဲ့အကွက်လေးတွေလည်း လှဖို့
ကောင်းစား အချိန်ပေးနေရတယ်

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

ငြိမ်နေတယ်နော်တဲ့ မဟုတ်ပါဘူး ကိုယ်အလုပ်နဲ့ကိုယ်တောင်မအားလို့ပါမနက်က လာဘ်ပွင့်စေရန် လာဘ်ပွင့်အင်းဖယောင်းတိုင်ထွန်းပူဇော်၍...
29/01/2023

ငြိမ်နေတယ်နော်တဲ့ မဟုတ်ပါဘူး ကိုယ်အလုပ်နဲ့
ကိုယ်တောင်မအားလို့ပါ

မနက်က လာဘ်ပွင့်စေရန် လာဘ်ပွင့်
အင်းဖယောင်းတိုင်ထွန်းပူဇော်၍

ဘုရားလေးဆူ ပုတီးစိပ်ဖြစ်ခဲ့တယ်🙏

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

မနေ့က အစီအရင် ရသော ပိုက်ဆံလေးနဲ့အဖေလည်း ကန်တော့တယ်၊အမေလည်းကန်တော့ နိုင်တယ်မိတ်ဆွေတို့တော့ ယုံလား မသိဘူးကျွန်တော်ကတော့ မိ...
23/01/2023

မနေ့က အစီအရင် ရသော ပိုက်ဆံလေးနဲ့
အဖေလည်း ကန်တော့တယ်၊အမေလည်း
ကန်တော့ နိုင်တယ်

မိတ်ဆွေတို့တော့ ယုံလား မသိဘူး
ကျွန်တော်ကတော့ မိဘကို စိတ်ချမ်းသာအောင်
ထားရင် ကောင်းသောကံတွေ ရောက်လာတယ်
ဆိုတာ ၁၀၀% ယုံပါတယ်

မိတ်ဆွေတို့လည်း ရှိနေသော မိဘ နှစ်ပါးကို
ခြေသည်းညှပ်ပေးခြင်း၊နင်း၊နှိပ်ပေးခြင်း
စသည်တို့လုပ်ပေး၍ ဂရုစိုက်ကာ

ကောင်းသော ကံများ ပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

မနေ့က ဆရာမလေး တစ်ယောက် အိမ်မှာဓာတ်နန်းဖွင့်ပွဲ လုပ်ဖို့အတွက် ပဌမံပွဲတွေကိုအကိုဆရာ မနောမယမဟိဒ္ဓိ ဆရာမင်းရန်နိုင်ကျော်ဦးဆေ...
21/01/2023

မနေ့က ဆရာမလေး တစ်ယောက် အိမ်မှာ
ဓာတ်နန်းဖွင့်ပွဲ လုပ်ဖို့အတွက် ပဌမံပွဲတွေကို

အကိုဆရာ မနောမယမဟိဒ္ဓိ ဆရာမင်းရန်နိုင်ကျော်
ဦးဆောင်၍ ကျွန်တော်နဲ့ပညာညီကိုယ်
ကိုအောာင်ဇော်သင်းတို့ မှ ပါရမီဖြည့်

ပွဲများ ကူညီ လှူဒါန်းပေးခဲ့ပါတယ်

ဒီနေ့လည်း ရတနာဒီပံအင်းဖယောင်းတိုင်နဲ့
အတိုက်ရှင်းဖယောင်းတိုင်တွေ ပြုလုပ်
ပေးနေပါတယ် ခင်ဗျာ

ကျွန်တော်ပြောချင်တာ က မိတ်ဆွေတို့လိုဘဲ
ကျွန်တော်မှာ အဆင်မပြေသူတွေ အများကြီးပါ
အခြေအနေနဲ့အချိန်အခါကို စောင့်ကြည့်၍

ကျွန်တော် လုပ်ပေးနေပါတယ် စိတ်ရှည်၍
မိမိကံကို စောင့်ကြပါ ခင်ဗျာ

ကျွန်တော် အမြဲလုပ်ပေးနေရတဲ့ တစ်ဦးချင်းစီကို
အမြဲ ဂရုစိုက်လုပ်ပေးနေတာ အသိကြဆုံး
ဖြစ်မယ် လို့လည်း ယုံကြည်ပါတယ် ခင်ဗျာ

အလုပ်ရှုပ်လွန်းလို့ လိုင်းပေါ် Post မတင်နိုင်တာ
ကိုသာ ကြည့်ကြပါတော့ ခင်ဗျာ🙏🙏🙏

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

ပခုက္ကူ မှ မှာထားသော သိမ်ဝင်သပိတ်ကွဲလေးတွေပါ မှာထားသောဆိုလို့ အလကားရတာ မဟုတ်ပါဘူးအဲ့ဒီ သိမ်ဝင် သပိတ်ကွဲလေးတွေကိုဂိုဏ်းထဲ...
19/01/2023

ပခုက္ကူ မှ မှာထားသော သိမ်ဝင်သပိတ်ကွဲလေးတွေပါ

မှာထားသောဆိုလို့ အလကားရတာ မဟုတ်ပါဘူး

အဲ့ဒီ သိမ်ဝင် သပိတ်ကွဲလေးတွေကို
ဂိုဏ်းထဲက ညီကိုတွေအတွက် လာဘ်ပွင့်
အင်းလေးတွေ လုပ်ပေးမယ်

ကိုယ်လည်း လက်ဝဲလေးနည်းနည်း စမ်းကြည့်မို့
ကြီးလေးကြီး (ခေါ် )စေ အင်းလေး တစ်ခုချမယ်

စသည်ဖြင့် သိမ်ဝင်သပိတ်ကွဲ ရောက်လာပြီဆိုတော့
လုပ်စရာ ရှိတာလေးတွေ လုပ်နေပါတယ် ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

တစ်ဖန်ပြန်လည် မျက်စိနှစ်လုံးပွင့်လာပြန်ပြီဆိုတဲ့အခါကြပြန်တော့လည်း လိုအပ်တာလေးတွေလုပ်ကိုင်ရတာပေါ့ ခင်ဗျာ သာယာပျော်ရွှင်သေ...
12/01/2023

တစ်ဖန်ပြန်လည် မျက်စိနှစ်လုံးပွင့်လာပြန်ပြီ

ဆိုတဲ့အခါကြပြန်တော့လည်း လိုအပ်တာလေးတွေ

လုပ်ကိုင်ရတာပေါ့ ခင်ဗျာ

သာယာပျော်ရွှင်သော နေ့သစ်လေးတစ်ခု
ဖြစ်ပါစေ ခင်ဗျာ🙏🙏🙏

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

သိကြား ရုပ်ကို ကသစ်သားနဲ့လုပ်စရာရှိတာလေးတွေ လုပ်ဖို့အတွက်ပန်းပု ဆိုင်လေးရောက်နေပါတယ် ခင်ဗျာ #ရွှေဘုန်းမြင့် ဆရာမင်းဇေယျာ...
11/01/2023

သိကြား ရုပ်ကို ကသစ်သားနဲ့

လုပ်စရာရှိတာလေးတွေ လုပ်ဖို့အတွက်

ပန်းပု ဆိုင်လေးရောက်နေပါတယ် ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

ရှမ်းပြည် နောင်ချိုတောထဲက ဝါးပျံလေးတွေ ရှိတဲ့ထဲက ကိုယ်လည်း သုံးရအုံးမယ်ဒါကို ညီကိုယ်တစ်ယောက်က အင်မတန်မှနားညီးပြီး တောင်း...
11/01/2023

ရှမ်းပြည် နောင်ချိုတောထဲက ဝါးပျံလေးတွေ
ရှိတဲ့ထဲက ကိုယ်လည်း သုံးရအုံးမယ်

ဒါကို ညီကိုယ်တစ်ယောက်က အင်မတန်မှ
နားညီးပြီး တောင်းလွန်းလို့

ပူဇော်ငွေလေးဖြင့် လာရောက်ယူသွား
ပါတယ် ခင်ဗျာ

မိတ်ဆွေတို့လည်း အစစ အရာရာ
အဆင်ပြေ လာဘ်လာဘ ပွင့်ပါစေ ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

ကဲ ဒီနေ့ကတော့ ဖီးကြမ်းပွဲ၊ဆေးကြမ်းဘီလူးခပ်ကြမ်းကြမ်း ကိစ္စတွေလုပ်ရမယ်ဆိုရင်ဒီလိုလုပ်ရတာလား ပညာတစ်ခုရလိုက်ပါတယ်ကိုယ်ကတော့...
10/01/2023

ကဲ ဒီနေ့ကတော့ ဖီးကြမ်းပွဲ၊ဆေးကြမ်းဘီလူး
ခပ်ကြမ်းကြမ်း ကိစ္စတွေလုပ်ရမယ်ဆိုရင်
ဒီလိုလုပ်ရတာလား ပညာတစ်ခုရလိုက်ပါတယ်

ကိုယ်ကတော့ ရပ်ကြည့်ပေါ့၊ကိုယ့်အကျင့်နဲ့
ကိုယ်ဆိုတော့ တော်တော်များများ
ဥပေက္ခာပြုထားလိုက်တယ်

ထွန်းစရာရှိတာထွန်း၊ပေးစရာရှိတာတွေ
ပေးရင်းနဲ့ပေါ့ ဗျာ

ဘာပဲပြောပြော အစီအရင်တွေနောက်ကွယ်က
အကြောင်းအရာတွေ ရုပ်ရှင်ရိုက်ရင်တောင်
ကောင်းမလားမသိဘူး စဉ်းစားနေမိတယ်😅😅😅

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

ရွှေဘုန်းမြင့် အောင်သိဒ္ဓိ သင်တန်းကျောင်းပြန်လည် အသက်သွင်းဖို့အတွက်ကိုယ်သိ၊ကိုယ်တတ်ထားသောဗေဒင်ပညာ၊ဓာတ်ပညာများကို သင်ပြပေ...
10/01/2023

ရွှေဘုန်းမြင့် အောင်သိဒ္ဓိ သင်တန်းကျောင်း
ပြန်လည် အသက်သွင်းဖို့အတွက်
ကိုယ်သိ၊ကိုယ်တတ်ထားသော

ဗေဒင်ပညာ၊ဓာတ်ပညာများကို သင်ပြ
ပေးနေတာပါ ခင်ဗျာ

ဝါသနာပါသူတွေ၊စိတ်ဝင်စားသူများ
အနေဖြင့် လာရောက်လေ့လာဆွေးနွေး
တိုင်ပင်လို့ရပါတယ် ခင်ဗျာ

ကျွန်တော်တို့ဘက်မှ အတတ်နိုင်ဆုံး
ကူညီပေးပါမယ် ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

မနက် ဘုရားရှိခိုး၊မိုးလင်းထဲက ထွန်းပေးလိုက်အင်းဖယောင်းတိုင်တွေ၊ည ဘုရားရှိခိုး ပြီးတဲ့အချိန်ထိ အင်းဖယောင်းတိုင် ထွန်းပေးန...
09/01/2023

မနက် ဘုရားရှိခိုး၊မိုးလင်းထဲက ထွန်းပေးလိုက်

အင်းဖယောင်းတိုင်တွေ၊ည ဘုရားရှိခိုး ပြီးတဲ့

အချိန်ထိ အင်းဖယောင်းတိုင် ထွန်းပေး

နေရပါတယ် ခင်ဗျာ🙏🙏🙏

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

ဝက်ကျ မကျဘဲ၊ကြောင်ကျ လေးဖြင့်ကျနိုင်အောင်ကျွန်တော်တို့ စေသနာပါသော လောကီဆရာတိုင်း အမြဲကြိုးစားပေးကြပါတယ်=================...
09/01/2023

ဝက်ကျ မကျဘဲ၊ကြောင်ကျ လေးဖြင့်ကျနိုင်အောင်
ကျွန်တော်တို့ စေသနာပါသော လောကီဆရာတိုင်း အမြဲ
ကြိုးစားပေးကြပါတယ်
=================================
ကျွန်တော်အခုသိထားတဲ့ ဗဟုသုတထဲမှာ
လူတစ်နှစ်ယောက်ပါဝင်ပါတယ်

လူတစ်ယောက်က အမြဲလိုလို အကုသိုလ်
လုပ်ရတာ၊ဖျက်လို့ဖျက်စီးလုပ်ရတာ
အရမ်းသဘောကျတယ်

(ဒီလူကို စာဖတ်သူရှင်းအောင် မောင်ညံ
ဟု နာမည်ပေးလိုက်ပါမယ်)

လူတစ်ယောက်ကတော့ ကုသိုလ်လုပ်ရတာ
ကူညီပေးရတာ၊အထောက်အပံပေးရတာ
အရမ်းသဘောကျတယ်

(ဒီလူကိုတော့ မောင်ကောင်း လို့နာမည်ပေး
လိုက်ပါမယ်)

တစ်နေ့ သူတို့နှစ်ယောက်က ခရီးတစ်ခုကို
ရှေ့ဆင့်၊နောက်ဆင့်သွားကြတယ်

မောင်ညံဟာ အကုသိုလ်လုပ်ရတာ သဘောကျတဲ့
သူက အဲ့လမ်းခရီးမှာ မြောင်း၊တံတားစသည့်
တွေ့တဲ့ တံတားတွေဖျက်စီးတယ်၊သစ်ကိုင်းတွေ
လမ်းပေါ်ကိုဆွဲချတယ်၊လမ်းဘေး
သောက်ရေအိုးတွေ သွန်ပြစ်တယ်

အဲ့လိုနဲ့ လမ်းခရီးတစ်ခုလုံး အကုသိုလ်ဖြစ်မဲ့
အရာတွေလုပ်ခဲ့ပြီး၊ညနေစောင်းလာတော့
ညောင်ပင်ကြီးတစ်ခုမှာ၊သူအိပ်စက်အနားယူ
လိုက်ပါတော့တယ်

ဒီလိုနဲ့မနက်မိုးလင်း အိပ်ယာနိုးလာတဲ့ အခါမှာ
သူဟာ ထူးဆန်းစွာနဲ့သူ့ဘေးမှာ ရွှေအိုးကြီး
ရောက်နေသဖြင့် ရွှေအိုးကြီးကို ပိုင်ဆိုင်
သွားရပါတော့တယ်(ပထမ အချက်)

ဒုတိယ လူဖြစ်တဲ့ မောင်ကောင်းဟာ
ကုသိုလ်ကောင်းမူ လုပ်ရတာ၊ကြိုက်တဲ့သူဟာ
အရှေ့က မောင်ညံသွားတဲ့ ခရီးအတိုင်းဘဲ
ထွက်လာပါတော့တယ်

ဒီလိုနဲ့ မောင်ကောင်းဟာ လမ်းခရီးတစ်လျှောက်လုံး
မောင်ညံ ဖျက်စီးခဲ့တဲ့ တံတားတွေ၊သစ်ကိုင်းတွေ
သောက်ရေအိုး ရေမရှိတာတွေကို

ပြန်လည်၍ တံတားတွေပြုပြင်တယ်၊သစ်ကိုင်းတွေ
ဖယ်ရှားတယ်၊သောက်ရေအိုးတွေ ရေပြန်ထည့်ပါတယ်
ဒီလိုနဲ့လမ်းခရီးတစ်လျှောက်လုံး ကောင်းမူ
ကုသိုလ်တွေ လုပ်လာပြီးတော့ ပင်ပန်းသွားသဖြင့်

မောင်ညံအိပ်ခဲ့တဲ့ ညောင်ပင်ကြီးမှာဘဲ၊သူလည်း
အိပ်စက်အနားယူလိုက်ပါတော့တယ်၊ဒါပေမဲ့
ကောင်းမူကုသိုလ်လုပ်လာတဲ့ သူဟာ

အကုသိုလ် တောက်လျှောက်လုပ်လာတဲ့
မောင်ညံလိုရွှေအိုးကြီး မရဘဲ

မောင်ကောင်းဟာ သစ်ကိုင်းကျိုးကျ၍
ပေါင်ကိုထိကာ ခြေထောက်ကျိုးသွားပါတော့တယ်
(ဒါကတော့ ဒုတိယ တစ်ချက်ပေါ့ ခင်ဗျာ)

ဘာလို အကုသိုလ်လုပ်တဲ့သူက ရွှေအိုးရပြီး
ကုသိုလ်ကောင်းမူလုပ်တဲ့သူကြတော့
ပေါင်းကျိုးရသလည်းမေးရင်တော့

အတိတ်က ကံကိုသာလျှင် ပြောရတော့မယ်
အတိတ်က ဘဝက မောင်ညံဟာ ပြုလုပ်
ခဲ့တဲ့ ကုသိုလ်ကောင်းမူကြောင့်

သူဟာ မိုးလင်းအိပ်ယာနိုးတာတဲ့ ရွှေအိုး
နှစ်အိုးရမှာ၊ဒါပေသည့် ယခုဘဝမှာ
မောင်ညံ ဟာ စိတ်ဓာတ်ညံ၊စာနာမူညံ
အသိတရားညံတဲ့၊အကုသိုလ်ဖြစ်စေမဲ့

အရာတွေကိုပြုလုပ်ခဲ့သောကြောင့် ရရှိ
ပိုင်ဆိုင်ရမည့် ကောင်းမူကုသိုလ်ကံဟာ

၁၀၀%ရာခိုင်းနှုန်းအကျိုးမပေးဘဲ
၅၀%ရာခိုင်နှုန်းဘဲ အကျိုးပေးကာ

ကျန် ၅၀%သည် အဟောသိကံ
(အကျိုးမပေးနိုင်သောကံ)ဖြစ်သွာရပါတော့တယ်

ဒီလိုဘဲ မောင်ကောင်း ကြပြန်တော့လည်း
ကုသိုလ်ကောင်းမူတွေ လုပ်လာပါလျက်နဲ့
ခြေထောက်ကျိုးရသော အကြောင်းအရင်းသည်

အတိတ် ဘဝက ပြုလုပ်ခဲ့သော အကုသိုလ်ကံကြောင့်
မောင်ကောင်းသည် ဒီဘဝမှာ ညောင်ကိုင်း
ကျိုးကျရ သေရမှာ ဖြစ်သည်

ဒါပေသည် သူလုပ်ခဲ့သော တံတားပြင်ခြင်း
သစ်ကိုင်းရှင်းခြင်း၊သောက်ရေထည့်ပေးခြင်း
စသည့် ကောင်းမူကံ အကျိုးတရားကြောင့်

သူသည် ညောင်ကိုင်းကျိုးကျရမသေဘဲ
ခြေထောက်ကျိုးယုံမျှဖြင့်သာ
သက်သာသွားတော့တယ်

ဒီမှာသည်လည်း အတိတ်က အကုသိုလ်ကံသည်
ယခု ဘဝ၏ ကောင်းမူကုသိုလ်တို့ကြောင့်
၁၀၀%အကျိုးမပေးဘဲ၊၅၀%ဘဲ အကျိုးပေးကာ

၅၀%သည် အဟောသိကံ(အကျိုးမပေးနိုင်သောကံ)
ဖြစ်ကာ သေဘေးမှ လွတ်သွားပါတော့သည်

စသည့်အကြောင်းအရာတွေကို ဆင်ချင်၍
ကျွန်တော်တို့ လောက်ီဆရာများသည်
ကုသိုလ်ဖြစ်စေမဲ့

ဘုရား ရှိခိုးခိုင်းခြင်း၊ဘုရား လှူဖွယ်ပစ္စည်း
များလှူခိုင်းခြင်း၊ရတနာသုံးပါး ဆည်းကပ်ခိုင်းခြင်း
စသည့်ကောင်းမူကုသိုလ် ဖြစ်စေမဲ့ အရာတွေကို
ပြုလုပ်စေခါ

အချိန်တွေ၊ဓာတ်တွေ၊လောကီအစီအရင်များဖြင့်
မကောင်းသောကံတွေ လာခဲ့မယ်ဆိုရင်တောင်
အဟောသိကံ(၅၀ %)ဖြစ်အောင်

ကြိုးစားအားထုတ်ပေးခြင်းသာဖြစ်သည်

ကျနေတဲ့သူကို အချိန်ယူကာ ဆွဲထူမယ်
ကောင်းနေတဲ့သူ ကျဖို့အချိန်ဖန်လာရင်

ဝက်ကျ မကျဘဲ၊ကြောင်ကျကျနည်းလေးဖြင့်
သက်သာအောင် ပြုလုပ်ပေးခြင်းသာဖြစ်သည်

လူတစ်ယောက်ကောင်းမွန်သွားခြင်းသည်
မိမိ၏ ကံကြောင့်သာဖြစ်သည်

အဲ့တာဆို ဒီပညာတွေဘာလို့ လိုတော့မှာလည်း
မေးရင်တော့၊မိတ်ဆွေတို့အနေဖြင့်

ကောင်းမူ ကုသိုလ်ကံ အကျိုးပေးလာရင်
မောင်ညံလို အဟောသိကံ(၅၀%မဖြစ်သွားအောင်)

ယတြာချေခြင်း၊အစီအရင်လုပ်ခြင်းများဖြင့်
၁၀၀%အကျိုးပေးအောင် ပြုပြင်ထိန်းသိမ်း
လမ်းညွှန့်ပေးခြင်းဖြစ်ပါသည်

အရာရာသည် မိမိနှင့်သာဆိုင်ပါသည် ခင်ဗျာ
ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး ခင်ဗျာ

ကိုယ်မကောင်းခဲ့လို့သာ ခေါင်းရွှေ့တာပါ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

အကိုဆရာ မနောမယမဟိဒ္ဓိ ဆရာမင်းရန်နိုင်ကျော်နှင့်ကျွန်တော်တို့ သွားရောက်လုပ်ကိုင်ပေးခဲ့သော  အိမ်က ဆေးရုံကိုဖျက်ပြီး တိုက်ဆ...
07/01/2023

အကိုဆရာ မနောမယမဟိဒ္ဓိ ဆရာမင်းရန်နိုင်ကျော်နှင့်
ကျွန်တော်တို့ သွားရောက်လုပ်ကိုင်ပေးခဲ့သော

အိမ်က ဆေးရုံကိုဖျက်ပြီး တိုက်ဆောက်ထားတာပါ
အိမ်မှာ လူသုံးယောက် အစိမ်းသေပြီးပြီ

အိမ်ကလည်း ရောင်းထွက်ချင်နေတာ
အိမ်ရောင်းမယ်ဆို တစ်မိသားစုလုံး
နည်းအမျိုးမျိုးနဲ့ပြဿနာဖြစ်ရင်ဖြစ်

မဖြစ်ရင်နည်းမျိုးစုံနဲ့အိမ်ကထွက်သွားရတယ်
အဲ့အိမ်လေး အမြန်ရောင်းချင်တယ် ဆိုလို့ကူညီပေး
လိုက်တာ အဆင်ပြေသွားတယ်ဆိုပြီး

ညီကိုယ်နှစ်ယောက်နဲ့အဖေဆရာအား
စုစုပေါင်း သိန်း(၂၀) လာရောက်
ကန်တော့သွားတာလေးပါ

(သူ့ သဒ္ဓါနဲ့သူယုံကြည်မှုနဲ့လာရောက်
ကန်တော့သွားတာပါ သတ်မှတ်ထားမူ
မရှိခဲ့ပါ)

အစစ၊အရာရာ အဆင်ပြေကြပါစေ ခင်ဗျာ
အဆင်ပြေသွားလို့ ဝမ်းသာပါတယ်🙏

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

နှစ်စလေးမှာ အောင်မြင်ခြင်း၏ ကန်တော့ငွေလေးဖြင့်လုပ်ငန်းကိုင်ငန်း အဆင်ပြေအောင်မြင်လို့ငွေတစ်သိန်းနဲ့မုန့်တွေလာကန်တော့သွားပ...
04/01/2023

နှစ်စလေးမှာ အောင်မြင်ခြင်း၏ ကန်တော့
ငွေလေးဖြင့်

လုပ်ငန်းကိုင်ငန်း အဆင်ပြေအောင်မြင်လို့

ငွေတစ်သိန်းနဲ့မုန့်တွေလာကန်တော့သွားပါတယ်

မနက်ဖြန် အုန်းနို့ခေါက်ဆွဲ စတုဒိသာအလှူ
ထဲမှာ ၇သောင်းပြန်လည် လှူဒါန်းပေးထားပါတယ်

ဒီထက် မက အစစ၊အရာရာ အဆင်ပြေ
အောင်မြင်၊ချမ်းသာ၊ကျန်းမာကျပါစေ ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

သူများ ကံဇာတာတွေကြည့်ရင်း၊ကူညီပေးရင်တစ်ရက်၊တစ်လ၊တစ်နှစ် ကုန်သွားပြန်ပြီဒီနေ့လည်း တစ်နေကုန်သွားပြန်ပြီအကြီးကြီးလုပ်ချင်တေ...
03/01/2023

သူများ ကံဇာတာတွေကြည့်ရင်း၊ကူညီပေးရင်

တစ်ရက်၊တစ်လ၊တစ်နှစ် ကုန်သွားပြန်ပြီ

ဒီနေ့လည်း တစ်နေကုန်သွားပြန်ပြီ
အကြီးကြီးလုပ်ချင်တော့လည်း
အကြီးကြီး အပင်ပန်းခံရမအုံးပေါ့

ပို့ရမဲ့ အစီအရင်တွေ မနက်ဖြန်
ပို့ပေးပါမယ် ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

ဓာတ်မှန်ကိုထုတ်၊မိတ်လည်းအုပ်ဓာတ်ထုတ်မိတ်ကိုစီး၊ဓာတ်ကြီး မိတ်ကိုရံ(1)အောင်၊နု၊မ၊လှ၊ကျင်        ၁     ၊၀ ၊၅၊၄၊၂(2)ကို၊မြင်...
02/01/2023

ဓာတ်မှန်ကိုထုတ်၊မိတ်လည်းအုပ်
ဓာတ်ထုတ်မိတ်ကိုစီး၊ဓာတ်ကြီး မိတ်ကိုရံ

(1)အောင်၊နု၊မ၊လှ၊ကျင်
၁ ၊၀ ၊၅၊၄၊၂

(2)ကို၊မြင့်၊ရ၊အောင်၊သွေး
၂ ၊၅ ၊၄၊ ၁ ၊၆

(3)စိုး၊ဝင်း၊သံ၊နဲ၊လွန်း
၃၊ ၄ ၊၆ ၊၀၊၄

(4)လှ၊သွင်၊ချစ်၊စိုး၊မုန်း
၄ ၊ ၆ ၊ ၂ ၊၃ ၊၅

(5)မောင်၊ကျင်၊အ၊လွန်၊နု
၅ ၊ ၂ ၊၁ ၊ ၄ ၊၀

(6)သက်၊ဝေ၊စံ၊ခင်၊လွန်
၆၊ ၄ ၊၃၊ ၂ ၊ ၄

(7)တင်၊အေး၊လွန်၊ပါ၊သည်
၀ ၊ ၁ ၊ ၄ ၊၅၊၆

ဒီဓာတ်လေးပါးအား နံသင့်ဂဏန်း
များဖြင့် ဓာတ်မှန်ကိုထုတ်
ဓာတ်မိတ်ကိုစီး၊ဓာတ်ကြီးဖြင့်ရံ

ဟူသော အလက်ာလေးအား ရှင်းပြထားသော
အလက်ာ ၇နှစ်မျိုးဖြစ်ပါသည်

သိတဲ့ဆရာကြီးတွေများသလို
မသိတဲ့သူတွေလည်းများတဲ့ အလက်ာလေးပါ

ဤအလက်ာ ၇နှစ်မျိုးဖြင့် နာမည်ပေးခြင်း
ဓာတ်ဆင်ခြင်းများပြုလုပ်လို့ရပါသည်

တစ်ခုလေးဘဲ မှာချင်ပါတယ် ခင်ဗျာ
ဓာတ်အမှန်၊ဓာတ်မိတ်၊ဓာတ်မံကို
ဂရုစိုက်ရွေးချယ် အသုံးပြုကြပါ ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

ကုန်ပြန်ပြီဖယောင်းတိုင်တွေ တစ်ပါကင်ကို95ထုတ်ပါတယ်၊တစ်ထုတ်မှာ 6တိုင်ပါတယ်ဖယောင်းတိုင်အရေအတွက် စုစုပေါင်းဖယောင်းတိုင် 570ပ...
31/12/2022

ကုန်ပြန်ပြီဖယောင်းတိုင်တွေ တစ်ပါကင်ကို
95ထုတ်ပါတယ်၊တစ်ထုတ်မှာ 6တိုင်ပါတယ်

ဖယောင်းတိုင်အရေအတွက် စုစုပေါင်း
ဖယောင်းတိုင် 570ပါတယ်

ဒါတောင် အနည်းများဆုံး ၂လကျော်
၃လဘဲ ခံတယ်၊ဒီထက် များစွာ
ကြိုးစားရမအုံးပေါ့

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

ဒီနေ့ အစီအရင်ဖယောင်းတိုင်းများ၁။သောကြာသမီးအတွက်၂။အဂ်ါသားသမီးနှစ်ယောက်အတွက်၃။ကြာသာပတေးသမီးအတွက်အင်းဖယောင်းတိုင်များ လာယူပ...
29/12/2022

ဒီနေ့ အစီအရင်ဖယောင်းတိုင်းများ

၁။သောကြာသမီးအတွက်
၂။အဂ်ါသားသမီးနှစ်ယောက်အတွက်
၃။ကြာသာပတေးသမီးအတွက်

အင်းဖယောင်းတိုင်များ လာယူ
ပူဇော်သွားပါတယ် ခင်ဗျာ

အစစ အရာရာ အဆင်ပြေကြပါစေ ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

အမေရိကန်က နေ အစီအရင် အင်းဖယောင်းတိုင်လုပ်ပေးဖို့ 351$ ငွေပြီးပြီမြန်မာငွေဆိုရင်၁၀သိန်း၁သောင်းပေါ့ မှာတဲ့သူက မှာပြီးပြီဖယ...
28/12/2022

အမေရိကန်က နေ အစီအရင် အင်းဖယောင်းတိုင်
လုပ်ပေးဖို့ 351$ ငွေပြီးပြီမြန်မာငွေဆိုရင်

၁၀သိန်း၁သောင်းပေါ့ မှာတဲ့သူက မှာပြီးပြီ
ဖယောင်းတိုင်နဲ့အလုပ်ကိစ္စအတွက်

လုပ်ပေးရမှာကိုယ့်တာဝန်ဘဲ ကျန်တော့တယ်
ကျွန်တော်တစ်ယောက်ချင်းဆီ လုပ်ပေး
သွားပါမယ် ခင်ဗျာ

ပျော်ရွင်စရာကောင်းသော နေ့ရက်လေးများ
ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ🙏🙏🙏

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

သောကြာသားနှင့်တနဂ်နွေသမီးအတွက်လိုအပ်သည့် အလုပ်ကိစ္စအတွက်စာရွက်စာတမ်း၊လက်မှတ်များ အမြန်ဆုံးအဆင်ပြေ အောင်မြင်အောင်ဝိသုန္ဒြ...
27/12/2022

သောကြာသားနှင့်တနဂ်နွေသမီးအတွက်
လိုအပ်သည့် အလုပ်ကိစ္စအတွက်

စာရွက်စာတမ်း၊လက်မှတ်များ အမြန်ဆုံး
အဆင်ပြေ အောင်မြင်အောင်

ဝိသုန္ဒြေနတ်မင်းကြီးထံ သွားရောက်၍
ဝိသုန္ဒြေအင်းဖယောင်းတိုင် စီရင်ကာ
ဆုတောင်းခြင်း ပြုလုပ်ဖြစ် ပါသည် ခင်ဗျာ

ပုံနေသော အလုပ်တွေ အခုမှ တစ်စခြင်းဆီ
သွားရောက်လုပ်ကိုင်ပေးဖြစ်ပါတယ် ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

အောက်မှာ ဓာတ်ပညာ ကိုခံ၍၊အလယ်မှာ ရတနာဒီပံအင်းကို စီရင် ပူဇော်ကာအပေါ်မှာ ဝိဇ္ဇာပွဲများ လှူဒါန်း၍လုပ်ပေးရမှာ ဖြစ်သော၊နေပြည်...
27/12/2022

အောက်မှာ ဓာတ်ပညာ ကိုခံ၍၊အလယ်မှာ
ရတနာဒီပံအင်းကို စီရင် ပူဇော်ကာ

အပေါ်မှာ ဝိဇ္ဇာပွဲများ လှူဒါန်း၍

လုပ်ပေးရမှာ ဖြစ်သော၊နေပြည်တော်က
အမှုကိစ္စ အတွက် လုပ်ပေးထားပါတယ် ခင်ဗျာ

ခရီးထွက်နေတော့ အလုပ်တွေ ပုံသွားတယ်
ရန်ကုန်ပြန်​ရောက်တာနဲ့အလုပ်အကြွေး
တွေ ဆပ်နရပါပြီ ခင်ဗျာ🙏🙏🙏

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

၃၁ဘုံမှာ အကုန်လုံးက သူ့စိတ်ဓာတ်နဲ့သူ့စရိုက်နဲ့သူ အလုပ်လုပ်နေတာ သားဘုရားက သူ့အလုပ်ဖြစ်တဲ့ သတ္တဝါတွေကိုတရားရေအေး ဟောပြောတိ...
19/12/2022

၃၁ဘုံမှာ အကုန်လုံးက သူ့စိတ်ဓာတ်နဲ့
သူ့စရိုက်နဲ့သူ အလုပ်လုပ်နေတာ သား

ဘုရားက သူ့အလုပ်ဖြစ်တဲ့ သတ္တဝါတွေကို
တရားရေအေး ဟောပြောတိုက်ကျွေးတော်မူတယ်
အဲ့တာမင်းမှမဟုတ်ဘူး ဘုရားသည် အကုန်လုံးကို
ဟောပြောတိုက်ကျွေးတော်မူမှာဘဲ

အဲ့လိုဘဲ ခွေးရူးကလည်း သူ့အလုပ်ဖြစ်တဲ့
မြင်မြင်သမျှ ကိုက်ဖို့၊ဆွဲဖို့၊ဟောင်ဖို့ သူလုပ်မှာဘဲ
အဲ့တာ မင်းမို့လို့မဟုတ်ဘူး သူ့စိတ်ဓာတ်နဲ့
သူ့အသိညဏ်ကြောင့်ဖြစ်တယ်

အဲ့လိုလူမင်းအပြစ်မတင်နဲ့လူဖြစ်ရဲ့သားနဲ့
သိပ်သနားဖို့ကောင်းတဲ့သူတွေဘဲသား

မင်းဘုရားအလုပ်လုပ်မှာ၊ခွေးရူးအလုပ်လုပ်မှာလား
မင်းစိတ်ဓာတ်နဲ့မင်းလုပ်ရပ်က မင်းကို ပိုင်းခြားပေး
သွားလိမ့်မယ် ဆိုသော ကမ္ဘာအေးစေတီတော်မှာ

တွေ့သော အဖိုးတစ်ယောက်မှ ဆုံးမစကား
လေးပါ ခင်ဗျာ🙏🙏🙏

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

ဤ ဘဒ္ဒကမ္ဘာပေါ်မှာ ပွင့်ပြီးသောဘုရားရှင်တို့၏ ဓာတ်တော်၊မွှေတော်တို့ ကိန်းဝပ်ရာ တည်ရှိသော ရွှေတိဂုံစေတီတော်ကြီးတွင်ပွင့်ပ...
18/12/2022

ဤ ဘဒ္ဒကမ္ဘာပေါ်မှာ ပွင့်ပြီးသော
ဘုရားရှင်တို့၏ ဓာတ်တော်၊မွှေတော်
တို့ ကိန်းဝပ်ရာ တည်ရှိသော ရွှေတိဂုံစေတီတော်ကြီးတွင်

ပွင့်ပြီးသော ကောက္ကသံဂုံ၊ကောဏဂုံ၊ကဿဖဂုံ
ဂေါတမဂုံ ဟူသော ဘုရားရှင်တို့အား

ကျွန်တော်တတ်သော အင်းပညာလေးဖြင့်
ဘုရားရှင်လေးဆူတို့အာ ပူဇော်၍

ဗုဒ္ဓပူဇဝန္တော တေဇော၊ဘုရားကို ပူဇော်
ကန်တော့ရင် ဘုန်းတန်ခိုးကြီးတယ်

ဓမ္မပူဇဝန္တော ပညော၊တရားကိုပူဇော်ရင်
ပညာညဏ်ကြီးမားတယ်

သံဃာပူဇဝေန္တာ လာဘော၊သံဃာကို ပူဇော်ရင်
လာဘ်လာဘ ပေါကြွယ်ဝတယ် ဟူသော ဆုံးမ
ဩဝါဒ စကားအတိုင်း

ကြာသာပတေးသမီးအတွက် ကံမြင့်စေခြင်း
ဘုန်းတန်ခိုးကြီးစေခြင်း၊လာဘ်ပွင့်စေခြင်း
အလို့ငှာ

အင်းဖယောင်းတိုင်တို့ဖြင့် ပူဇော်ကန်တော့ကာ
ကံမြင့်စေသော အစီအရင်ပြုလုပ်ပေးဖြစ်ခဲ့
ပါတယ် ခင်ဗျာ

မိတ်ဆွေတို့လည်း ကြံစည်သမျှအရာခပ်သိမ်း
အောင်မြင်သောနေ့၊ရက်ဖြစ်ပါစေ ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

နေပြည်တော်က အလုပ်ကိစ္စ တစ်ခုမန္တလေးက အလုပ်ကိစ္စတစ်ခုရန်ကုန်က အလုပ်ကိစ္စတစ်ခု အတွက် ပွဲလှူဒါန်းပြီးဘုရားဝတ်ပြု၍ ရွတ်ဖတ်သင...
17/12/2022

နေပြည်တော်က အလုပ်ကိစ္စ တစ်ခု

မန္တလေးက အလုပ်ကိစ္စတစ်ခု

ရန်ကုန်က အလုပ်ကိစ္စတစ်ခု အတွက် ပွဲလှူဒါန်းပြီး

ဘုရားဝတ်ပြု၍ ရွတ်ဖတ်သင့်တာတွေ၊ရွတ်ဖတ်ပြီး
မနက် ရန်ကုန်က အလုပ်ကိစ္စတစ်ခုအတွက်

မနက်အစီအရင် သွားလုပ်ရပါအုံးမယ် ခင်ဗျာ🙏

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

တစ်နေ့တစ်နေ့လည်း ဓာတ်နန်းရဲ့ ဘုရားခန်းကနေအပြင်ကိုမထွက်ရဘူး အစီအရင်တွေနဲ့နပန်းလုံးနေရတယ်တစ်ချို့ရက်တွေဆို Post တင်ဖို့တော...
16/12/2022

တစ်နေ့တစ်နေ့လည်း ဓာတ်နန်းရဲ့ ဘုရားခန်းကနေ
အပြင်ကိုမထွက်ရဘူး အစီအရင်တွေနဲ့နပန်း
လုံးနေရတယ်

တစ်ချို့ရက်တွေဆို Post တင်ဖို့တောင်မအားဘူး
ဘာဘဲပြောပြော အဆင်ပြေကြတယ်ဆိုတော့
ဝမ်းသာပါတယ် ခင်ဗျာ

ကြိုးစားပေးမူလေးတွေ အရာထင်ကြပါစေ ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

အလုပ်သည် ကံ၊ကံသည် အလုပ်တဲ့ ကျွန်တော်တို့အင်း၊ဆေးတွေသည် သင်တို့ရဲ့ ကုသိုလ်ကံ တရားပေါ်များစွာ မတူညီသော ဒိဌ၊ဓမ္မ အကျိုးကိုပ...
14/12/2022

အလုပ်သည် ကံ၊ကံသည် အလုပ်တဲ့ ကျွန်တော်တို့
အင်း၊ဆေးတွေသည် သင်တို့ရဲ့ ကုသိုလ်ကံ တရားပေါ်
များစွာ မတူညီသော ဒိဌ၊ဓမ္မ အကျိုးကိုပြသည်

ဒါကြောင့် ကောင်းသောအမှုကိုသာ ဆောင်ကြပါ
ကောင်းတာလုပ်ရင်၊အရိပ်နောက်အရောင်လာ
ပါလိမ့်မယ်

အားတာနဲ့အစီအရင်နဲ့ကံအကြောင်းလေးတွေစီက
ကျွန်တော်ကြုံတွေ့ရသော ၅နှစ်တာ အတောအတွင်း
ဖြစ်ရပ်မှန်လေးတွေ ရေးပေးပါမယ် ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

ဒီနေ့ပို့ဖြစ်သော အစီအရင်များနှင့်ဆေးတော်များ၁။မန္တလေးက ဆရာကြီးက သိကြားဦးခေါင်းဆေးနှင့်ရှင်သီဝလိထုဖို့ ဝါးပျံမှာသဖြင့် ‌သ...
12/12/2022

ဒီနေ့ပို့ဖြစ်သော အစီအရင်များနှင့်ဆေးတော်များ

၁။မန္တလေးက ဆရာကြီးက သိကြားဦးခေါင်းဆေးနှင့်
ရှင်သီဝလိထုဖို့ ဝါးပျံမှာသဖြင့် ‌သိကြားဦးခေါင်းဆေးနှင့်
ဝါးပျံတို့အား ပို့ပေးဖြစ်ပါသည်၊လက်ဆောင်အနေဖြင့်
မယ်တော်ဆေး တစ်တောင့်ထည့်ပေးလိုက်ပါတယ်

၂။နေပြည်တော်က အစီအရင်လုပ်ပေးနေကြဖြစ်သော
အမတို့အား အတိုက်ရှင်း အင်းဖယောင်းတိုင်နှင့်
လာဘ်လာဘပွင့်စေသော အင်းဖယောင်း
တိုင်များပို့ဖြစ်ပါတယ်

၃။ကြာသာပတေးသမီးတစ်ယောက်မှလည်း
သိကြားဦးခေါင်းဆေးတစ်ဆူ ပင့်သွားပါသေးတယ်

၄။နောင်ချို အသိအမတစ်ယောက်အား အတိုက်ရှင်း
အင်းဖယောင်းတိုင်နှင့်မြေသန့်ဖို့အတွက် စက်ဖြတ်
ဆေးလေးတွေ ပို့ပေးဖြစ်ပါတယ်

၅။တနဂ်နွေသမီးအတွက် လုပ်ငန်း၊ကိုင်ငန်းကိစ္စ
ရပ်များအောင်မြင်အောင် ဘုရားမှ ရတနာဒိပံဖြင့်
အစီအရင်ပြုလုပ်ပေးခြင်းများ လုပ်ပေး
ဖြစ်ပါတယ် ခင်ဗျာ

လုပ်လက်စ အစီအရင်အပ်သူတွေ ပြီးရင်တော့
အလုပ်ခနနားရတော့မယ် ထင်တယ်၊၅နှစ်လောက်
အင်းဆွဲလာတဲ့ ဒဏ်က

ဂုတ်ကျီးပေါင်း၊ခါးကြီးပေါင်း ဖြစ်ဖို့ အခြေစပြု
လာပါပြီ၊အဲ့တော့ အနားယူဖို့အတွက် လုပ်လက်စတွေ
ပြီးရင် အချိန်ခနတော့၊နားပါအုံးမယ် ခင်ဗျာ

အစစအရာရာ အဆင်ပြေစေသော ညနေခြမ်း
လေးဖြစ်ကြပါစေ ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

တနဂ်နွေသမီးလှူသော ကိတ်မုန်နဲ့ကြာသာပတေးသမီးလှူသော အအေးတို့အားဘုရားရှင်နှင့်တကွ ဓာတ်နန်းတော်မှာ ပူဇော်ထားသောသူတော်စင်အပေါင...
12/12/2022

တနဂ်နွေသမီးလှူသော ကိတ်မုန်နဲ့
ကြာသာပတေးသမီးလှူသော အအေးတို့အား

ဘုရားရှင်နှင့်တကွ ဓာတ်နန်းတော်မှာ ပူဇော်ထားသော
သူတော်စင်အပေါင်းတို့အား ကပ်လှူပြီး

အင်းဝိဇ္ဇာထိုရ် အဘရှမ်းဘိုးတော်ကို
အကြောင်းပြုကာ ကျန်ရှိသေးသော
အလုပ်လေးတွေ ဆက်ရပါအုံးမယ်

မုန်နဲ့အအေးလှူဒါန်းသော တနဂ်နွေသမီးနှင့်
ကြာသာပတေးသမီးတို့သည် မရသေးသော
အောင်မြင်မှု၊မရသေးသော ရွေ၊ငွေ၊ရတနာ

တိုက်တာ အိုးအိမ်တို့သည် အမြန်ဆုံး
ရရှိပိုင်ဆိုင်ကြပါစေ ခင်ဗျာ

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

ဇလွန်ဆရာတော်ဘုရားကြီး၏ အမွှေချန်ပေးခဲ့သော သိကြားဦးခေါင်းဆေးတော်=====================================ဤဆေးတော်ဆေးနည်းလေးစ ...
11/12/2022

ဇလွန်ဆရာတော်ဘုရားကြီး၏ အမွှေချန်ပေးခဲ့သော
သိကြားဦးခေါင်းဆေးတော်
=====================================
ဤဆေးတော်ဆေးနည်းလေးစ ပေးတုန်းက
ဆရာတော်ကြီးက ဇာတ်လမ်းလေးတစ်ပုဒ်
ပြောပြပါတယ် ခင်ဗျာ

လူတိုင်းလည်းသိပြီးသားဇာတ်လေးလေးပေါ့ ခင်ဗျာ

ဒီဆေးတော်လေးကို ဘာလို့ဖော်စပ်ရလည်း
စွမ်းကော်စွမ်းပါ့မလားဆိုတာ မေးချင်သူများ
အတွက် ဒီဇာတ်လမ်းလေးက အရင်စပါမယ်

ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှား
ရှိစဉ်ကပေါ့၊ဘုရားရှင် ဆွမ်းခံကြွလာမှာကို
ဖူးမျှော် ဆုတောင်းဖို့အတွက်၊ပူး လင်မယား
နှစ်ယောက်ဟာ လမ်းခရီးတစ်ခု
မှာစောင့်နေတယ်

ပူးလင်မယားနှစ်ယောက်ဟာ၊တစ်ယောက်ကို
တစ်ယောက် ကတိတွေတောင်းလိုက်တယ်

``ဒီလမ်းက ဘုရားကြွလာလိမ့်မယ်၊အဲ့ခါကြရင်
ငါတို့လင်မယားနှစ်ယောက်တူတူဖူးမျှော်ပြီး
ငါတို့ရှာလာတဲ့ အစားအစာတွေနဲ့ ဘုရားကို ကပ်လှူ
ပူဇော်ပြီး ဆုတောင်းကြမယ်"

``နင်တွေ့လည်း ငါ့လာခေါ်၊ငါတွေ့လည်း
နင့်လာခေါ်မယ်ဆိုကာ တစ်ယောက်ကိုတစ်ယောက်
ဂတိပေးပြီး အစာထွက်ရှာကြတယ်"

ဒီလိုနဲ့အစာထွက်ရှာကြရင်းနဲ့ပူးထီးကြီးဟာ
မြတ်စွာဘုရားရှင်ဆွမ်းခံကြွလာတာကို
တွေ့တော့၊အပြေးအလွှား ရှာဖွေထားသော
သစ်သီးများဖြင့် မြတ်စွာဘုရားရှင်အား
ကပ်လှူ၍၊ဆုတောင်းတယ်

ဘဝဆက်တိုင်း၊ဆက်တိုင်း ဒီပူးမနဲ့အမြဲထာဝရ
ပေါင်းဖက်နိုင်သောသူဖြစ်ရပါစေဆိုပြီး
ဆုတောင်းကာ ဘုရားရှင်အား၊အင်မတန်မှ
ကြည်ညိုသွားပြီး သတိမေ့ကာ

ဘုရားရှင်ကြွသွားတာကိုငေး၍ ကြည့်ကာကျန်နေခဲ့တယ်
ဘုရားရှင်မှအနည်းဝေးဝေးမှ ရောက်တော့
ပူးမလေးဟာ ပြန်ရောက်လာပြီး
ပူးထီးကိုမေးတယ်

ရှင်ဘာတွေ ဒီလောက်ငေးနေတာလည်းပေါ့
အဲ့မှာပူးထီးက``ဟာ ဘုရားကြွသွားပြီ
ငါကြည်ညိုလွန်းလို့၊နင်ကိုခေါ်ဖို့
မေ့သွားတယ်၊အမြန်လိုက်ရင်
မှီသေးတယ်ဆိုတော့"

ဒီလိုနဲ့ပြေးလိုက်ကျရင်း စိတ်ထဲကနေ ပူးမက
ပြောနေမိတယ်

``ဂတိမတည်သော လင်ယောက်ျား
နှင့်နဲ့ဘယ်ဘဝ ရောက်ရောက် မပေါင်းနိုင်ဘူဆိုကာ
ပြောနေရင်းနဲ့ဘုရားကိုလည်း မှီသွားကော်

ပူးမက သူကရှာလာတဲ့ သစ်သီးတွေကိုဘုရားကို
ကပ်လှူကာ ဆုတောင်းပါတော့တယ် ဒီလို ဂတိ
မတည်တဲ့ယောကျာ်းမျိုးနဲ့ဘယ်တော့မှ
မပေါင်းဖက်ရပါစေနဲ့ပေါင်းဖက်ခဲ့ရရင်တောင်
သေကွဲသာကွဲရပါစေ ဆိုကာဆုတောင်းပါတယ်

ဒီလိုနဲ့ပူးလင်မယားနှစ်ယောက် ဘဝကူးပြီး
လူ့ဘဝကိုရောက်သွားကြတော့ တိုင်းပြည်
အသီးသီးမှာ မွေးဖွားလာကြပါတော့တယ်

တစ်တိုင်းပြည်မှာ မွေးဖွားလာတဲ့ ပူးထီးသည်
ဒွတ္တဘောင်မင်းကြီးအဖြစ်မွေးဖွားလာပါတယ်

တစ်တိုင်းပြည်မှာ မွေးဖွားလာတဲ့ ပူးမသည်
ပန်ထွာဘုရင်မဆိုပြီး ဖြစ်လာတယ်

အတိုချုံးလေး ရေးရမယ်ဆိုရင်တော့ အရွယ်
ရောက်လာတော့ ဒွတ္တဘောင်မင်းကြီးသည်
ပန်ထွာဆိုတဲ့အသံလည်းကြားကော်သူသည်

နာမည်လေးကြားတာနဲ့သဘောကျသွားပြီး
ပိုင်ဆိုင်ရဖို့အတွက် ကြိုးစားပါတော့တယ်
ရှေးဘဝ ဆုတောင်းတွေကြောင့်ပေါ့

အဲ့လိုဘဲ ရှေးပူးဘဝရဲ့ ဆုတောင်းကြောင့်
ပန်ထွာဘုရင်မကလည်း ဒွတ္တဘောင်မင်းကြီး
ဆိုတဲ့နာမည် ကြားတာနဲ့အမုန်းကြီးမုန်းတော့
တာပါဘဲ ခင်ဗျာ

ဒီလိုအချိန်တွေကြာလာတော့ ဒွတ္တဘောင်မင်းကြီး၏
မိဖုဘုရားအဖြစ် ပန်ထွာဘုရင်မကို ပိုင်ဆိုင်
လိုက်ရပါတော့တယ် ခင်ဗျာ

တစ်နေ့သောအခါမှာ ပန်ထွာဘုရင်မသည်
သူ၏ ထဘီစဖြင့်ပြုလုပ်ထားသော လက်ကိုင်ပဝါ
ပြုလုပ်ကာ ဒွတ္တဘောင်မင်းကြီးကို ဆက်သတော့

ဒွတ္တဘောင်မင်းကြီးသည် လက်ကိုင်ပဝါကို
မျက်နှာကို သုတ်လိုက်တော့ ဒွတ္တဘောင်မင်းကြီး၏
နှဖူးမှာရှိသော နတ်မျက်စိသည် ကွယ်ကာ
ဘုန်းကံကျသွားပါတော့သည်

အဲ့ခါသူသည် မျက်စိမမြင်ရတော့ဘဲ
တောထဲကို လျှောက်သွားရင်းနဲ့တယော်ကင်မွန်း
အပင်ကြီးအောက်မှာ မောကြီးပန်းကြီးနဲ့
အနားယူနေတုန်း ရုတ်တရက် မိုးရွာချတော့

တယော်ကင်မွန်းအပင်မှ ကျလာသော မိုးရေ
စက်များသည် ဒွတ္တဘောင်မင်းကြီး အပေါ်လည်း
ကျကော် တယော်ကင်မွန်းအပင်၏ သိဒ္ဓိအစွမ်းကြောင့်

ဒွတ္တဘောင်မင်းကြီးသည် နတ်မျက်စိပြန်ပွင့်ကာ
ဘုန်းကံပြန်မြင်လာပါတော့တယ် ခင်ဗျာ

အဲ့ဒီအချင်းအရာ၊အကြောင်းအရာဖြစ်စဉ်ကို
ကြည့်ပြီး ကျွန်တော်တို့ မြန်မာလူမျိုးတို့သည်
မသန့်သောနေရာ၊မသန်သောအဝတ်အစား

စသည့်မသန့်သော နေရာတွေမှာ လုပ်မှား၊ကိုင်မှား
ပြုလုပ်မိရင် တယော်ကင်မွန်းနဲ့ခေါင်းလျှော်ရတဲ့
အစဉ်အလာ ပြုလုပ်ကြပါတော့တယ် ခင်ဗျာ

ရှေးလူကြီးတွေက အဲ့တာကြောင့်မို့ ကံဇာတာနိမ့်ရင်
တယော်ကင်မွန်းနဲ့ခေါင်းလျှော်ခိုင်းတာဖြစ်ပါတယ်

ဒီဆေးကိုဖော်ဖို့အတွက် ဆေးကြမ်းကို ဇလွန်
ဆရာတော်ဘုရားကြီးသည် ပညာရပ်ချပေး
သောကြောင့် ၇ရက်သားသမီးများအတွက်
လိုအပ်သူများသုံးလိုရအောင် ဖော်လိုက်တာ
ဖြစ်ပါတယ် ခင်ဗျာ🙏🙏🙏

#ရွှေဘုန်းမြင့် ဆရာမင်းဇေယျာနိုင်

Address

ရန်ကုန်
ရန်ကုန်

Telephone

+959962527368

Website

Alerts

Be the first to know and let us send you an email when Sayr Min Zay Yar Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category


Other ရန်ကုန် event planning services

Show All