ပတ္တမြား နိဗ္ဗာန်ကုန်

  • Home
  • Myanmar
  • Bago
  • ပတ္တမြား နိဗ္ဗာန်ကုန်

ပတ္တမြား နိဗ္ဗာန်ကုန် ပတ္တမြား နိဗ္ဗာန်ကုန်ဆိုင် လောကီအစီအရင်များ နှင့် မြန်မာလက်မှုပစ္စည်းများအွန်လိုင်းအရောင်းစင်တာ

"ဓမ္မကထိက ကိုရင်လေးရှင်ဥတ္တမသာရ မြို့နယ်ပထမဂုဏ်ထူး ဆွတ်ခူး"................................................................
06/03/2024

"ဓမ္မကထိက ကိုရင်လေးရှင်ဥတ္တမသာရ မြို့နယ်ပထမဂုဏ်ထူး ဆွတ်ခူး"...............................................................................
(၁၃၈၅) ခု၊ ထန်းတပင်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မဟိတကာရီစာမေးပွဲ၊ ရှင်သာမဏေတန်း ဖြေဆိုသံဃာ (၁၆၃) ပါး၊ အောင်မြင်သံဃာ ( ၁၁၁) ပါးတို့မှာ ဓမ္မကထိက ကိုရင်လေးရှင်ဥတ္တမသာရက ပထမဂုဏ်ထူးကို ဆွတ်ခူးရရှိခဲ့ပါတယ်။

#ရတနာဒီပံတော်

သင့်အိမ်မှာရှင်သီဝလိဆင်းတုတော်ရှိလျှင် သိထားသင့်တဲ့ လောကီပညာ               လျှို့ဝှက်ချက်များသင့်အိမ်ရှိ ရှင်သီဝလိဆင်းတု...
05/03/2024

သင့်အိမ်မှာရှင်သီဝလိ
ဆင်းတုတော်ရှိလျှင်
သိထားသင့်တဲ့ လောကီပညာ

လျှို့ဝှက်ချက်များ

သင့်အိမ်ရှိ
ရှင်သီဝလိဆင်းတုတော်၏
လောကီပညာလျှို့ဝှက်ချက်နှင့်
အသုံးပြုနည်း(1)

ဒီတခါမှာတော့ နေအိမ်တိုင်းမှာ
ကိုယ်စီကိုးကွယ်ဆည်းကပ်ထားတဲ့
အရှင်သီဝလိဆင်းတုနဲ့ဆက်စပ်တဲ့
လောကီပညာလျှို့ဝှက်ချက်ထဲကမှ
ယတြာအစီအရင်ပိုင်းကို
ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

လောကီပညာ တြိမဏ္ဍလအတတ်ရဲ့
ဟိတ်ပညာပိုင်းနဲ့ဓာတ်ပညာအပိုင်းမှာ
အဓိကစီရင်ထုံးကပါရှိတာဖြစ်ပါတယ်။

စီရင်နည်းမှာ ...

သင့်မှာအကြတ်အတည်းနဲ့
စိတ်ညစ်စရာများတဲ့အခါမှာ
====

အရှင်သီဝလိရုပ်ပွားတော်ထံတွင်
စနေနေ့ ည 9 30 မှာ
အလင်းတိုင်အဝါနှစ်တိုင်ပူး၊
ကြက်လျှာအနီဆယ်လက်ပူဇော်ပါ။
အညံအဆိုးများစိတ်ညစ်ခြင်းများ
ပပျော်သွားပါမယ်။

ရောင်းပန်သာ၍
ဝယ်ပန်းလှပြီးဝင်ငွေစီးပွား
တိုးတက်လိုတဲ့အခါ.
============
သောကြာနေ့ မနက်စောစော မှာ
အရှင်သီဝလိကိုယ်တော်ကို ရည်မှန်း၍
အလင်းတိုင်အဖြူနှစ်တိုင်ပူး၊
သစ်သီးဆွမ်း
(နှစ်သက်ရာသစ်သီး
သုံးမျိုးနှင့်အထက်)ကပ်လှူ
ပူဇော်ဆုတောင်းယူပါ။
မကြာခင်သိသာသော
အကျိုးကိူ ခံစားရပါမယ်။

မျက်နှာပွင့်လန်းပြောဆိုစကား
အောင်မြင်လိုက
==============
ဗုဒ္ဓဟူးနေ့ နံနက်စောစောမှာ
ရှင်သီဝလိကိူယ်တော်ကို ရည်မှန်း၍
ရုပ်ပွားတော်တွင် မီးတိုင်
အနီနှစ်တိုင်ပူး၊သစ်သီးဆွမ်း၊
ထီးအနီဆယ်လက်
ကပ်လျှူပူဇော်ဆုတောင်းယူပါ။
အကျိုးသွားကို မကြာခံစားရပါမယ်။

ဖော်ပြပါအစီအမံတွေက
နေအိမ်မှာပူဇော်ထားတဲ့
မည်သည့်အရှင်သီဝလိဆင်းတုမှာမဆို
ဆောင်ရွက်နိူင်ပါတယ်။

အရေးကြီးအနေနဲ့
အစီအမံမဆောင်ရွက်မီ
ဘုရားဝတ်ပြူသီလယူပြီး
ရုပ်ပွားတော်ရှေ့မှာ
မန္တန် သုံးဆယ့်ခုနစ်ခေါက်ရွတ်ရပါမယ်။

မန္တန်ကတော့

ဉုံ သီဝလိစ မဟာနာမံ သဗ္ဗလာဘံ
ဘဝဿတိ။

အစီအမံနဲ့ စီရင်ထုံးတွေကမပြီးသေးပါဖူး။
ကျန်ပါဥိးမယ်။
အပိုင်းနှစ်မှာပိူမြင့်တဲ့ကဏ္ဍတွေကို
ဖော်ပြသွားမှာပါ။

သင့်အိမ်ရှိရှင်သီဝလိဆင်းတုတော်၏
လောကီပညာဆိုင်ရာ လျှို့ဝှက်ချက်နှင့်
အသုံးပြုနည်း (အပိုင်း ၂ )

ရက် ၂၀ အတွင်းထူးနည်း

လုပ်ငန်းစီးပွားနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ
ရက်နှစ်ဆယ်အတွင်း ဝင်ငွေဝင်ဖို့ထူးခြားစေဖို့အတွက် အရှင်သီဝလိရုပ်ပွားတော်ကို
နေ့ရက်မရွေး နံနက် ခုနစ်နာရီမတိုင်မီ
မနက်စောစောမှာ ယိုသုံးမျိုး
ယပ်တစင်း ကပ်လှုပါ။

နေ့စဉ် ဝတ်ပြုဆုတောင်းပြီး
သတ္တဝါတိုင်းအား မေတ္တာပို့ပါ။
ရက်နှစ်ဆယ်အတွင်းထူးခြားပါလိမ့်မည်။

ဘုန်းတော်သာဘိ သီဝလိ
=================

အပတ်စဉ် ဗုဒ္ဓဟူးနေ့နံနက်
ခုနစ်နာရီနဲ့
သောကြာနေ့နံနက် ခုနစ်နာရီတို့မှာ
အရှင်သီဝလိ ဆင်းတုရှေ့၌
မီးတိုင်အနီနှစ်တိုင်ပူး
ရေချမ်းနှစ်ခွက် ကပ်လျှူ၍
ကိုယ်တော်တိုင်ကြွဖို့ ပင့်လျှောက်ပြီး
မိမိတို့ ဆန္ဒရှိသောဆွမ်းခဲဘွယ်
ဘောစဉ်တို့ကို ကပ်လျှူပါက
ဘုန်းတန်ခိုးကြီးခြင်း
ပြောဆိုစကားအောင်မြင်ခြင်း
မိမိအားအံမတုနိုင်ခြင်းစသော
အကျိုးကျေးဇူးကို ခံစားရပါမယ်။

အေးချမ်းစေဖို့ဘုန်းတော်ခို
=================

ကိုယ်စိတ်နှစ်ပါးအေးချမ်းလိုတဲ့အခါ
အပူသောကများငြိမ်းလိုအခါ
လက်ရှိဖြစ်နေတဲ့ အခက်အခဲများ
ပြေလိုတဲ့အခါ တနင်္ဂနွေနေ့ရဲ့
ညနေ ခြောက်နာရီမှာ
မီးတိုင်အဖြူနှစ်တိုင်ပူး
အောင်သပြေညွှန့်နှစ်ခိုင်
ယပ်နှစ်စင်း တို့ကို
ကပ်လျှူ၍ ဘုန်းတော်ရိပ်ကြောင့်
အေးချမ်းဖို့ရန်ကို ဆုတောင်းယူပါ
မကြာထင်ရှားပါလိမ့်မည်။

ဖော်ပြပါအစီအမံတွေက
နေအိမ်မှာပူဇော်ထားတဲ့
မည်သည့်အရှင်သီဝလိဆင်းတုမှာမဆို
ဆောင်ရွက်နိူင်ပါတယ်။

Original credit ..
မေတ္တာဖြင့် Ashin Thu Mingala

(၄.၃.၂၀၂၄)ရက်နေ့တွင် ခန္တီစေတီ (၁၆)ဆူမြောက်အဓိဌာန်ပြု စတည်ပါမည်။🙏 #ခန္တီစေတီ ပုတီးစိတ်အဓိဌာန်ဝင်နည်း🙏(စာလုံးအမှန်က  #ခန္...
04/03/2024

(၄.၃.၂၀၂၄)ရက်နေ့တွင် ခန္တီစေတီ (၁၆)ဆူမြောက်အဓိဌာန်ပြု စတည်ပါမည်။
🙏 #ခန္တီစေတီ ပုတီးစိတ်အဓိဌာန်ဝင်နည်း🙏
(စာလုံးအမှန်က #ခန္ဓီစေတီ(သို့)ခန္ဓီဓမ္မစေတီပါ)
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

အရှင်ဘုရားတပည့်တော်သည်
ယနေ့မှစ၍ ခန္တီစေတီပုတီးစိတ်နည်းဖြင့်
တစ်နေ့လျှင် တစ်ဆင့်နှုန်းဖြင့်
အရှင်ဘုရားကို ပူဇော်ပါမည်။
(တစ်ဆင့်ကို ၁၀၈လုံးပုတီး ၁၀ပတ်စိတ်ရန်)
တစ်နေ့ တစ်ဆင့်နှုန်းထက် ပိုသွားနိုင်ခဲ့ရင်-
ဘယ်နှစ်ရက်အတွင်း စေတီတဆူတည်ပါ့မယ်။
.. ထိုသို့ပူဇော်ရာတွင်
အရိယာပုဒ်လေးပါး (ထိုင်/ထ/လျောင်း/လှဲ) ဖြင့်
ပူဇော်ရန် ခွင့်ပြုပေးပါဘုရား။
(ဘုရားစင်ရှေ့မပူဇော်နိုင်သူများ ဤသို့ထည့်ဆိုပါ)
အချိန်မရွေး/နေရာမရွေး ပူဇော်ခွင့်ပေးပါဘုရား

စိတ်ပြီးရင်လည်း သစ္စာဆိုပေးပါ
ဥပမာ။ ။ တစ်နေ့တစ်ဆင့်နှုန်းအဓိဌာန်ထားရင်
အရှင်ဘုရားတပည့်တော် (-နေ့သမီး/-သည်)
ဤခန္တီစေတီပုတီးစိတ်နည်းအား
တစ်နေ့လျှင်တစ်ဆင့်နှုန်း
၁၀ပတ်ပူဇော်မည်ဟု အဓိဌာန်ခဲ့သည်မှာ
ယခုပြီးမြောက်အောင်မြင်ခဲ့ပါပြီဘုရား 🙏🙏🙏
ဤစကားသည် မှန်ကန်သောသစ္စာစကားဖြစ်ပါသည်။
✅ဤမှန်ကန်သောသစ္စာစကားကြောင့်လည်းကောင်း
✅ခန္တီစေတီပုတီးစိတ်နည်း၏ တန်ခိုးရှိန်စော်အာနုဘော်တို့ကြောင့်လည်းကောင်း
✅ခန္တီစေတီပုတီးစိတ်နည်းအား
ရွတ်ပွားရသောကုသိုလ်ကောင်းမှု
နာကြားရသောကုသိုလ်ကောင်းမှုတို့ကြောင့်လည်းကောင်း
တပည့်တော်၏ ပြည့်လိုသောဆုတောင်းပြည့်ရလို၏။
(အရမ်းအလှမ်းဝေးတာတွေတော့ ဆုမတောင်းပါနဲ့)

စေတီ ဘယ်နှစ်ဆူတည်တည်
ကိုယ်ဖြစ်ချင်တာ မပြည့်မချင်း
တူသောဆု တစ်ခုပဲတောင်းပါ။

🌼ဘယ်ဟာကိုပဲအဓိဌာန်ဝင်ဝင် ခုလိုမျိုးဆိုရုံပါ🌼
သူများတွေတော့ ဘယ်လိုတိုင်တည်လဲမသိဘူး
ကိုယ်ကတော့ဒီလိုပဲ ဘုရားထံအဓိဌာန်ဝင်ပါတယ်

original writer & photo

03/03/2024

အမေသားက လူဆိုးမဟုတ်ပါဘူးလို့

🐉ထွန်းဖူးသူတိုင်းကြိုက်ကြတဲ့🐉ရှင်သီဝလိ လာဘ်ပွင့်ရန်ကာ မီးတိုင် 🐉လာဘ်လဘတွေ ပွင့်လန်းစေတယ် 🐉စျေးရောင်းကောင်းစေတယ် 🐉အပြိုင်...
02/03/2024

🐉ထွန်းဖူးသူတိုင်းကြိုက်ကြတဲ့

🐉ရှင်သီဝလိ လာဘ်ပွင့်ရန်ကာ မီးတိုင်

🐉လာဘ်လဘတွေ ပွင့်လန်းစေတယ်

🐉စျေးရောင်းကောင်းစေတယ်

🐉အပြိုင်အဆိုင်ရှိကနိုင်ပါတယ်

🐉ထီ ချဲ ပေါက်စေတယ်

🐉ထီပေါက်သကဲ့သို့ငွေဝင်စေပါတယ်

🐉အရေးတကြီး ငွေကြေးဝင်လိုပါက မွေးနေ့မှစနေ့စဥ်ထွန်း ၂ပတ်အတွင်းသိသာပါတယ်

🐉စိတ်အေးချမ်းစွာငွေဝင်စေချင်ရင်တော့၁ပတ် ၁တိုင် ထွန်းညှိပူဇော်နိုင်ပါတယ်

🐉ထွန်းနည်း အညွှန်းစာရွက်ထည့်ပေးပါတယ်

🐉ပူဇော်လိုသူ အမည် မွေးနေ့ပြော၍မှာယူနိုင်ပါတယ်

🐉၁နေ့၁တိုင် နေ့စဥ် သို့မဟုတ်

🐉၁ပတ် ၁ရက်မွေးနေ့ပဲ ထွန်းရင်လဲရပါတယ်

🐉၁တိုင် ၁၁၀၀၀ ကျပ် + ဘူးဖိုး ၁၀၀၀ကျပ် ပေါင်းပါတယ်

🐉ငွေကြိုလွှဲ ကြာချိန် ၂ပတ်

🐉မှာယူလိုပါက

🐉ပတ္တမြားနိဗ္ဗာန်ကုန်

🐉09-794561654 / 09-798932461

 #နဂါးမောင်နှံအင်းပြား  #နဂါးမောင်နှံအင်း #2024နဂါးနှစ်မှာအထူးဆောင်သင့်သောအဆောင်အင်း🐉နဂါးမောင်နှံအင်းကိုဆောင်ရင်🐉နဂါးသို...
01/03/2024

#နဂါးမောင်နှံအင်းပြား

#နဂါးမောင်နှံအင်း

#2024နဂါးနှစ်မှာအထူးဆောင်သင့်သောအဆောင်အင်း

🐉နဂါးမောင်နှံအင်းကိုဆောင်ရင်

🐉နဂါးသိုက်ဆက် ပဋ္ဌာန်းဆက်ရှိသူတွေ ဆောင်သင့်ပါတယ်

🐉မျက်နှာပွင့်မယ်

🐉စန်းပွင့်မယ် {စန်းဆိုတဲ့နေရာမှာ စျေးခေါ်လာဘ်ခေါ်စန်း ဘေးဆိုင်နဲ့ယှဥ်ရင် ကိုယ့်ဆိုင်ကို လူဝင်စေတာမျိုး }

🐉အနေဝေးနေ သွေးအေးနေတဲ့ ချစ်သူတွေ ပြန်ပီးနွေးထွေးမှု တွေရရှိစေမယ် အချစ်တွေတိုးစေမယ်

🐉အိမ်ထောင်သည်တွေ ဆောင်ထားရင် အချစ်တိုးစေတယ်

🐉ဆောင်ရန် ဖုန်းကာဘာ အနောက် ပိုက်ဆံအိတ် ငွေထည့်ကောင်တာတို့တွင်လဲထည့်ဆောင်နိုင်ပါသည်

🐉ရေမွှေးဖျန်းပီး ခန္ဓာသုတ်လေးကို ကပ်ကိုကိုင်ပီး၁နေ့အနည်းဆုံး၁ခါရွတ်ပေးရပါမယ်

🐉 ပုံမှန်စျေး ၁ကဒ် ၁သောင်းကျပ်

🐉အထူးအထူးလျော့စျေး ၁ကဒ် 3500 ကျပ်နဲ့ ယူပါနော်

🐉1.3.24 to 10.3.24 အထိ ပါ

🐉09 794561654 09 798932461

🐉09 794561654 ph or viber or cb

24/02/2024

#ရွှေအဓိဌာန် ဝင်ချင်သူများ အတွက်

Page လေး ပြန် စ တဲ့ အနေဖြင့် ရှင်သီဝလိအင်းပြား စေတနာကြေး ဖြင့် ပင့်ပါ စေတနာကြေးဆိုတာ ဘာကိုပြောတာလဲ ဘယ်လောက်ကန်တော့ရမှာလဲ...
24/02/2024

Page လေး ပြန် စ တဲ့ အနေဖြင့် ရှင်သီဝလိအင်းပြား
စေတနာကြေး ဖြင့် ပင့်ပါ

စေတနာကြေးဆိုတာ ဘာကိုပြောတာလဲ ဘယ်လောက်ကန်တော့ရမှာလဲလို့မေးရင်

စေတနာကြေးဆိုတာ သင့်နှလုံးသားထဲကဆန္ဒအတိုင်းပေးချေခြင်းစနစ်ဖြစ်ပါတယ်

ပတ္တမြား နိဗ္ဗာန်ကုန်

🪷ရတနာဒီပံ ဖယောင်းတိိုင်🪷၁တိုင် ၅သောင်းကျပ်🪷မှာယူလိုပါက 🪷ပုလဲနိဗ္ဗာန်ကုန် 🪷09946196194🪷09940999522  viber 🐲အစီအရင်ဖယောင်း...
29/01/2024

🪷ရတနာဒီပံ ဖယောင်းတိိုင်

🪷၁တိုင် ၅သောင်းကျပ်

🪷မှာယူလိုပါက

🪷ပုလဲနိဗ္ဗာန်ကုန်

🪷09946196194

🪷09940999522 viber

🐲အစီအရင်ဖယောင်းတိုင်မို့ ငွေကြိုလွှဲရပါမယ် ကြာချိန် ၂ပတ်ပါ

🐲ရတနာဒီပံပူဇော်မည့်သူ၏ အမည် မွေးနေ့ အပြည့်အစုံထွန်းမည့်အကြောင်းအရာအပြည့်အစုံပြောရပါမည်

🐲အစီအရင်ဖယောင်းတိုင်ပါ ရော့အင်းဆိုပီးပေးလို့ရတဲ့ အရာမဟုတ်ပါစောင့်နိုင်မှမှာပေးပါ

👍ရတနာဒီပံကို ထွန်းရင် အဆုံးမရှိသော ကျက်သရေမင်္ဂလာကိုရမယ်

👍အများအလယ်မှာ ကျော်ဇောထင်ရှား ဩဇာတိက္ကမ ကြီးမားခြင်းကိုရမယ်

👍ဇနီးခင်ပွန်း အမျက်ဒေါသလျော့ပါးပြီး အိမ်ထောင်ရေးအေးချမ်းသာယာခြင်း လောကီကျက်သရေမင်္ဂလာကိုရမယ်

👍ရာထူး ဌာနန္တရ ကြီးမားခြင်း တိုးတက်ခြင်း ခိုင်မြဲခြင်းကိုရမယ်

👍တရားတဘောင် အမှုအခင်းတို့ကိုအောင်နိုင်မယ်

👍အချုပ်အနှောင် ကျတာတွေလည်း လွတ်မြောက်မယ်

👍လူချစ်နတ်ချစ် ပီယသိဒ္ဓိကိုရမယ်

👍လာဘ်ပိတ် စန်းကျ လွန်းပြတ်နေတာတွေကိုချေဖျက်ပြီး လာဘ်ပွင့် စန်းမြင့် စေမယ်

👍ဂြိုလ်စီးဂြိုလ်နင်း မကောင်းသော ဇာတာစန်းလဂ် မသန့်ရှင်းတာတွေကို အကုန် ဖယ်ဖျောက်ကင်းကွာစေမယ်

👍မကောင်းသော စုန်းပြု သူပြု ဆရာတိုက် နတ်တိုက် အင်းတိုက် ဆေးတိုက် ပယောဂတိုက် သရဲတစ္ဆေတိုက် အနှောင့်အယှက်အားလုံးကို ချေဖျက်နိုင်မယ်

👍ငှက်ပျံငှက်ဝဲ ငှက်ဆိုးထိုး ကြွက်ကိုက် ကျီးထိုးတာကစလို့ မကောင်းတဲ့နိမိတ်အာရုံတွေ ကင်းစင်ပပျောက်မယ်

👍မိမိလက်မှာ ဆောင်ယူထားတဲ့အဆောင်တွေ ကိုယ်မှာထိုးနှံထားတဲ့အင်းဆေး စတဲ့အနုနုပ်ဆေးရုပ် ဆေးလက်ဖွဲ့ ခလှဲ့ အားလုံး တန်ခိုးသိဒ္ဓိတိုးပွားစေတယ်

👍မန္တာန်မန္တယား အတတ်ပညာတွေလည်း စိတ်မှာကြံတိုင်းပြီးမြောက်စေတယ်

👍နောက်ဆုံးမှာ ကျမ်းအလာတော့ ဘုရားနဲ့တွေ့မယ် တရားထူးရမယ်လို့ပါရှိပေမယ့် ယုတ္တိကျကျဆက်စပ်တွေးခေါ်ရရင် ကိုယ့်ဘဝကို ကောင်းမွန်တဲ့ဘဝနေထိုင်မှု ပတ်ဝန်းကျင် အတွေးအခေါ် အလုပ်အကိုင် စတာတွေကိုလမ်းညွန် သွန်သင် ပြသပေးမယ့် မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတွေကိုရမယ် ကလျာဏမိတ္တပေါ့
ပရမေမြတ်ဘုရား ဟောကြားထားဖူးတာက ကလျာဏမိတ္တလို့ခေါ်ဆိုအပ်တဲ့ မိတ်ကောင်းဆွေကောင်းသာရှိရင် ကိစ္စခပ်သိမ်း ပြီးမြောက်အောင်မြင်စေတယ်တဲ့

နောင်ပွင့်မယ့်ဘုရားတောင်မှ အရိမေတ္တယျ `မိတ်ဆွေကောင်း´လို့ဘွဲ့တော်တွင်ခေါ်တာနော် ရှေးဆရာများဟာ အင်မတန်မှ ပညာဉာဏ်ကြီးမားတော်မူခဲ့ကြတယ်

သည်မီးတိုင်တတိုင်ထွန်းလိုက်တာနဲ့ အထက်မှာပြောခဲ့သလိူ အဆုံးမရှိနိုင်တဲ့ သိဒ္ဓိမြတ်တွေကိုရမယ်

ဒီလိုအကျိုးကျေးဇူးကြီးတဲ့ ရတနာဒီပံဖြစ်ပါတယ်.................................................................................

#ရတနာဒီပံထွန်းညှိပူဇော်နည်း

ဒီအခုလက်ရှိကျွန်တော်စီရင်တဲ့ရတနာဒီပံကိုထွန်းညှိပူဇော်တဲ့နည်းကတော့

လွတ်နေတဲ့အကွက်၂ခုမှာ မိမိနေ့နံကို မင်နီနဲ့ ရေးဖြည့်လိုက်ရမယ်
ပြီးရင် မီးတိုင်ကို တရိုတသေကိုင်မြောက်ပူဇော်ပြီး
`ဥုံမ် တု​ေဋ္ဌဟိ မမတု​ေဋ္ဌဟိ ပီယေဟိ မမပီယေဟိ သိန္နေဟံ မမသိန္နေဟံ
ဥုံမ် ရာဇာစိတ္တံ ပီယံမှိုင်းမှိုင်း
ဥုံမ် ဣတ္ထိပုရိသစိတ္တံ ပီယံမှိုင်းမှိုင်း
ဥုံမ် သဗ္ဗမနုဿစိတ္တံ ပီယံမှိုင်းမှိုင်း
ဥုံမ် ဣန္ဒစိတ္တံ ပီယံမှိုင်းမှိုင်း
ဥုံမ် သမ္မာဒေဝစိတ္တံ ပီယံမှိုင်းမှိုင်း
ဥုံမ် ဗြဟ္မစိတ္တံ ပီယံမှိုင်းမှိုင်း
ေဩာငျး သြှတ်တတိ သြှတ်တ ပန်ဓတ်ထ ပန်ဓတ်ထ
ဥုံမ် ကာလောမာ သွာဟဲ့ယျကပ်´ လို့ ၇ကြိမ်၇ခါတိတိ ရွတ်ဖတ်ပူဇော်ပြီးတဲ့နောက် လိုရာဆုတောင်းထွန်းရမယ်

ထွန်းတဲ့အခါမှာ

👉 ရာထူး အာဏာကိုအလိုရှိရင် မိမိရဲ့တေဇထောင့်ကနေထွန်းရမယ်

👉လာဘ် လာဘပွင့်လန်းလိုရင် မိမိအိမ်ဘုရားမှာ တနေ့လက်တဆစ်ထွန်းလိုက ထွန်းနိုင်တယ်။ သို့မဟုတ် တန်ခိုးကြီးဘုရားနေ့နံထောင့်မှာ တခါတည်းအပြီးထွန်းလိုက ထွန်းနိုင်တယ်။

👉 ဇာတာ စန်းလဂ် မသန့်စင်တာတွေ၊ ဂြိုလ်စီး ဂြိုလ်နင်းမကောင်းတာတွေ၊ စုန်းပြုစား ရွာသူဖမ်းစား ဆရာတိုက် နတ်တိုက် ​ဖြေပျောက်စေချင်ရင် မီးတိုင်ကို တန်ခိုးကြီးဘုရားတဆူဆူရဲ့ မိမိဘုမ္မိထောင့်မှာထွန်းနိုင်တယ်

👉 အမှုအခင်း တရားတဘောင် အချုပ်အနှောင်ပြေပျောက်ဖို့ရာကို မိမိဘုမ္မိထောင့်မှာ မြေကြီးကိုတတောင်အနက်တူးပြီး ​၎င်းမြေကျင်းမှာချထွန်း ထွန်းပြီးသည်နှင့်တပြိုင်နက် နောက်လုံးဝမလှည့်ကြည့်ပဲ ပြန်လာရမယ်

👉မင်္ဂလာဇနီးမောင်နှံကိစ္စ အဆင်မပြေကြတာမျိုးကို ၂ပါးနံသွတ်ပြီး လိုသူဆပွတ်နံထောင်ကနေ သို့မဟုတ် မိမိရဲ့ သီရိထောင့်ကနေ ထွန်းရမယ်

👉အိမ်မသန့်တာ မြေမသန့်တာ သစ်မသန့်တာ သရဲခြောက် တစ္ဆေခြောက် ပုဏ္ဏကတိုက် စတာတွေအတွက် အိမ်ဦးခန်းမှာ ပွဲတပွဲ မုန့်ဖြူနီ ပိတ်ဖြူနီ ယိုစုံ ပန်း ကွမ်း လက်ဖက် စုံစုံလင်လင်ပူဇော် အမိန့်ပြန်တမ်းဖတ်ကြားကာ ထွန်းရမယ်

👉 ကုန်ရောင်းကုန်ဝယ် ကုန်သွယ်ရာမှာ အစစအရာရာအဆင်ပြေချောမွေ့ချင်ရင်လည်း ပွဲရုံ ကုန်လှောင်ရုံ တို့ရဲ့ အမြင့်နေရာမှာထွန်းရမယ်

👉ရပ်ရွာအေးချမ်းသာယာစေချင်ရင် ရွာလယ်စင်မှာထွန်း မြို့အေးချမ်းသာယာစေချင်ရင် မြို့ထဲကတန်ခိုးကြီးဘုရားမှာထွန်း နိုင်ငံကိုသာယာစေချင်ရင် နိုင်ငံ့ဥသျှောင်လို့ခေါ်နိုင်တဲ့ဘုရားမှာထွန်း

👉လောကီပညာ လိုက်စားတဲ့ ဆရာ ပညာရှင်တွေအနေနဲ့လည်း မိမိဆည်းပူးအပ်တဲ့ပညာတွေ တန်ခိုးဣဒ္ဓိပါဒ်တွေ တိုးတက် ကြီးမားစေရန် အိမ်ဘုရားမှာ သို့မဟုတ် ပွဲရှေ့မှာ မန္တာန်ရွတ်ပြီးထွန်းရမယ်

👉မိမိဆောင်ယူထားတဲ့ အဆောင်တွေ အင်းတွေ စမတွေ ခန္ဓာကိုယ်မှာထိုးနှံထားတဲ့ အနုနုပ်ဆေးရုပ်တွေ ခလှဲ့အဆောင် စလွယ်အဆောင် စသည်တို့ကို တန်ခိုးကြီးမား ထင်ရှားစေလိုရင် အိမ်ဘုရားမှာ သည်မီးတိုင်ကိုပူဇော်ပြီး မိမိဆောင်ယူထားတဲ့အဆောင်တွေ ထိုးနှံထားတဲ့ဆေးတွေကို မီးရောင်ပြပြီး ဆိုင်ရာသိဒ္ဓိနှိုးမန္တာန်တွေကို ရွတ်ပွားပူဇော် သိဒ္ဓိနှိုးလိုက်ရမယ်

သည်လိုတန်ခိုးကြီးမားတဲ့ ရတနာဒီပံ စီရင်ပုံကို ရှေးဆရာတို့သည် သေချာကျနစီရင်တတ်ကြပုံကိုကြည်ညိုနိုင်စေရန် ဒီပံစီရင်ပုံ၊ အမိန့်ပြန်တမ်းဖတ်ကြားပုံ၊ ဒီပံဆုတောင်းစာများ ကို ဗဟုသုတဖြစ်ရအောင် အားလုံးအတွက်ရေးသား တင်ပြလိုက်ရပါတယ်

#ရတနာဒီပံစီရင်ဟန်

ရတနာဒီပံကိုပြုလုပ်စီရင်သောအခါ မှိုင်းခံစက္ကူမှာ ၎င်းအင်းကိုသေချာစွာ အဝင်နက္ခတ် အထွက်နက္ခတ် ခပါဒ်နက္ခတ်ကိုသေချာရွေးခြာ်၍ အဝင်နက္ခတ်ကြုံသောအခါ ဘုရားရှေ့တော်မှာ ဆွမ်း သစ်သီး ပန်း ယိုမျိုးစုံ ပိတ်ဖြူလေးတောင် ပိတ်နီလေးတောင် ကန်တော့ပွဲတပွဲ ငွေ၅ကျပ် တင်၍ ပန်းပေါင်း ဂမုန်းပေါင်း မင်းပေါင်း ဒေဝီဆေး သူရဿတီဆေးတို့ကို အောင်ဟင်္သာပြဒါးနဲ့​ေဖျာ်ပြီး ဖယောင်းတိုင်လုပ်၍မိမိလိုသောအရပ်ကမီးထွန်းရပါမယ်။....................................................................................

#ရတနာဒီပံစီရင်ဟန်လင်္ကာ

ရတနာဒီပံ တန်ခိုးလျှံသား တည်ဟန်အစ သောဠဿကို တည်ထအောက်ဆုံး ပေါင်းရုံးတောင်​မြောက် ရှေ့မြောက်ဝန်းကျင် ခေါ်တွင်ဓမ္မရာဇာ နှစ်ရာ့တဆယ် စွန်းကယ်ခြောက်ဆယ့်သုံး နှိုင်းတုမရ တည်ထပလ္လင် အင်းတွင်အညီ ပထဝီနှင့် စုံညီသိပ်သိပ် သုကိတ္တိမာ စက်ဝန်းရာက ပါသည့်တခန်း ဧဝံအစိန္တိယာ ထိပ်ချာပုဒိအာနှင့် မိမိနံလျှင် အလယ်ဗဟို မြဲပင်သွတ်စေ ရံခြွေကရွေ ဖီယာပုတ္တနံ ဂါထာကိုပါ ထည့်၍ပြီးကား စလောင်းလယ်၌ ကောင်းစွာထည့်လောင်း စီရင်ပေးမှ ရံလေတုံဘိ ပီဟိမေတ္တံ ရပ်ကောင်းရန်ကို နှိုင်းစံမပျော် ဂုဏ်တော်ကိုးပါး နောက်ကားတု​ေဋ္ဌဟိ ချုပ်လေဘိ၍ ချထည့်ရေးမှတ် ဆေးမြတ်မင်းပေါင်း ဂမုန်းပေါင်းနှင့် ဟင်္သပြဒါး စုအများကို ခန့်ထားစီရင် အင်္ဂါစနေ ကြုံစေနက္ခတ် ခပါဒ်တဇောင်း ချိန်ခါကောင်းကို ထည့်ဏောင်းနတ်ယကာ သာစွာငွေစင် ၅ကျပ်တင်၍ ဆူလတ်အုန်းသီး ငှက်ပျောဖီးနှင့် မုန့်ကြီးမုန့်ငယ် ယိုငယ်သနတ် ထောပတ်ဆီမွှေး ကြိုင်မွှေးနံ့သာ ကွမ်းယာလဘက် မပျက်စေရာ လေးခုသာတည့် ဆရာပြုသူ ဖြူစွဝတ်လဲ ချွတ်လဲပြီးကား ချလုပ်မည်ဟု အောင်မြင်မင်္ဂလာ မဟာဒီပံ မကျန်စေရ သတ္တချည်မျှင် ယူငင်သုံးဆယ် ခုနှစ်သွယ်မျှ ဆေးမှာဒဿ နာမတမူ ငဖြူကြီးငဖြူငယ် ငနက်ကြီး ငနက်လေး မီးဖိုလင်းပြာ ဤခြောက်ပါးတွင် ပေါင်းထဆေးဒန်း ဆိတ်ကန့်လင်းနေ ရောထွေတမူး စတုကောဉ္စ ဧသမံလျှင် မြေတွင်းဖယောင်း တကျပ်လောင်း၍ ကောင်းနှစ်ထွေနှော နှမ်းဆီရော၍ ချည်ချောကိုဖွတ် မွတ်မွတ်ချောချော ရေးသောစက္ကူ အင်းကိုယူ၍ လုပ်မူကျန်နှစ် ငါးကျပ်ဖယောင်း အပေါ်လောင်း၍ ကောင်းမွန်လှပ ညီညွတ်ကျအောင် ပေါ်ရောင်သုဝဏ္ဏ ရွှေပိန်းချ၍ မွတ်ချောလောက်က ဝါးကျည်တောက်နှင့် သွတ်အောင်းထားလေ ထိုအင်းလိုသမျှ ထွန်းလိုလက်တဆစ် နှုတ်ကမပြတ် ဆုတောင်းလတ်၍ ရာဇာစိုးကပ် မင်းထံခစား ထိုသူအားကို ကြည်ဖြူသဒ္ဓါ သားပုတ္တာသို့ ဒေါသမျက်ပြေ ချစ်မိုးစွေ၍ တထွေလာဘ ပြည့်စုံရအံ့ တေဇဒီပံ တန်ခိုးလျှံကြောင့် ရာဇသိန္နေ ပါရှိချေ၏ သတ်ထွေဒေါသ မျက်မာန်ထလျက် သတ်ပုတ်နှက်လည်း ဆုံးဖြတ်ရာဇဝတ် သင့်တော်လွှတ်အံ့ စိတ္တံဒီပံ မီးလျှံအငွေ့ တန်ခိုးဝှေ့က မျက်ပြေမင်းမှ ဆောင်အပ်လှ၏ ဆရာဗားမဲ့ မိန့်မှာခဲ့သည် အသဲစွဲမှတ် မြတ်သည့်ဖယောင်းတိုင် ပြည်ပိုင်နေကျ ရာဇာသဗ္ဗ ဣတ္ထိယနှင့် လိုရာသိဒ္ဓိ မုနိသဗ္ဗ ဇနဇနာ မြင်မြင်ရာကို မေတ္တာသိန္နေ ချစ်ကြိုးခွေ၍ သွားလေသမျှ ထိုထိုရပ်ရွာ မြတ်စိမ်းကုန်များ ဖောက်ကား​ေရာင်းဝယ် သွယ်သောဥစ္စာ မြတ်စိမ့်ရာ၏ မေတ္တာထက်မျှ ကိုယ်ပကိုယ်တွင်း အိမ်တွင်းအိမ်ပြင် စုန်းမှင်နတ်ရဲ ခွာရှိမိစ္ဆာ သိဟဗျဂ္ဃ လမိုင်းစသည် မကောင်းရန်သူ ဟူဟူသမျှ ဆုတ်ခွာလဲပျောက် လွင့်ပါးမြောက်၍ ဘုန်းတောက်ရောင်ဝင်း မီးရောင်ဆင်းသို့ ကင်းခြင်းဘယာ ဘေးဒုက္ခဟု ခေါ်ကြမဟူ လူသူဆရာ နတ်မိစ္ဆာနှင့် စုန်းတိုက်နတ်တိုက် ဆရာတိုက်များ ကွယ်ပျောက်ရှားလျက် ကင်းမှုဂြိုလ်စီး အပြီးအောင်ခြင်း ဘယကင်းသည် မှာခြင်းမိန့်ရာ ဆရာဂုရုမေတ္တာတည်း။....................................................................................

#ရတနာဒီပံ_အမိန့်တော်ပြန်တမ်းကြီး

(၁)ဘုန်းတော်အလွန်တရာ ကြီးမြတ်တော်
မူလှသော ကောက္ကသံ၊ ဂေါဏဂုံ၊ ကဿပ၊
ဂေါတမ၊ အရိမေတ္တယျ ငါးဆူကုန်သော
သဗ္ဗညု မြတ်စွာဘုရား အမိန့်တော်။

ရသေ့ရှစ်သောင်း ဆရာကောင်းတို့အမိန့်
တော်၊ ကျွန်ုပ်ဆရာ့အမိန့်တော်နှင့် အမိန့်
တော်ရှိလိုက်မည်။

ဇမ္ဗူဒီပါ၊ သင်္ချာပတ်ကုန်း၊ ကျွန်းလုံးထိပ်ပြင်၊ သစ်ပင်ရှည်တို၊ မှီခိုတောင်ကမ်း၊ တောဖျန်းမြေပြင်၊ မြို့လျင်ကျေးရွာ၊ ရေမှာတလိုက်၊ ကုန်း၌တမူ၊ အယူဖြောင့်မတ်၊ စောင့်ပေတတ်သည့်၊ နတ်မြတ်အပေါင်း၊ နတ်ထောင်သောင်းတို့။

မကောင်းသော အကျင့်အကြံ၊ ရန်သူတ
သွယ်၊ မဖွယ်မရာ၊ မသမာသော အကျင့်၊
ကိုယ်နှင့်မတန်၊ မိစ္ဆာဉာဏ်ရောင်၊
အထောက်မတော်သည်ကိုသာ ပြုကျင့်လေ့
ရှိသော ယက္ခကာကနီ၊ ဗြဟ္မကာကနီ၊ လော
မကာကနီ၊ ဣန္ဒကာကနီ၊ ယက္ခဇော်ကနီ၊ ဗြဟ္မဇော်ကနီ၊ လောမဇော်ကနီ၊ ဣန္ဒဇော်ကနီဤနတ်လေး
ရပ် ရှစ်ရပ်တို့သည် နတ်ဆိုးနတ်ဝါး မိစ္ဆာ
ဖြစ်၍ ယခုတပြည့်( )ကိုယ်တွင်းကိုယ်ပ၊အိမ်တွင်းအိမ်ပြင် တို့မှစ၍၊ ရုပ်မြှုပ်နံထား၊ ကွမ်းယာပစ်ခြေရာကောက်၊ ရိပ်ဖမ်းသံဖမ်း၊ လက်ဖွဲ့စေ၊ တဆွေ့ခုန်၊ နှစ်ဆွေ့ခုန်၊ ကျိတ်လိပ်သေ၊ သင်တိုင်းစွပ်၊ တူစာပေစာ၊ ခွေးရှင်ပြု၊ ပြုစားနည်းပေါင်းတို့သည်၎င်း၊ သမားတကာ မလိုရန်သူ အပေါင်းတို့သည်၎င်း၊ မှီခိုစွဲကပ်လျက်ရှိနေလျှင် ငါဆရာက နှင်ဖြိုထုတ်မည်၊ အဟုတ်ဧကန် မန္တာန် မန္တရား ငါ့အမိန့်များနှင့် ငါကားယခုရွှေတိုင်လင်းတော့မည်။
မကောင်းမိစ္ဆာ ၊မသမာနတ် လေးရပ်ဇော်ရနီ၊ လေးရပ်ကာကနီ၊ ကိုယ်စီမနီး၊ ဝေးကြီးဝေးအောင်၊ ထောင်သောင်းမက၊ နတ်ဒေဝါတို့ နှင်ကြ ထုတ်ကြ သွားစေ၊ ယခုငါမရှုလို မကြည်ညိုပြီ။ မသဒီတသက်၊ ယူဇနာတရာမျှလောက်၊ လွင့်ပါးပျောက်၍ ထွက်ခွာစေသော်။
လေးဆူသော ဘုရားရှင်တို့၏ အမိန့်တော်၊ အထက်ဆရာကြီးများ၏ အမိန့်တော်၊ ကျွန်ုပ်ဆရာ၏အမိန့်တော်။.........................................................................

#ရတနာဒီပံဆုတောင်းများ

ဇမ္ဗူဒီပါ၊ သင်္ချေသင်္ချာ၊ များစွာအနန္တ၊ နတ်ဒေဝါတို့၊ စောင်မကြည့်ရှု့၊ အောင်ဆုချမ်းသာ၊ အောင်မင်္ဂလာကို၊ ဒေဝါနတ်များ၊ မကွာနေ့ည မစေသား။

ဘယရောဂါ၊ ကင်းစင်ကွာအောင်၊ ချမ်းသာ​ေစခြင်း၊ နတ်ရေစင်ဖြင့်၊ နတ်ရှင်ယခုသွင်းစေသား။

ကြံတိုင်းလည်းမြောက်၊ ခေါ်တိုင်းရောက်၍၊ ခွန်းတောက်ဝင်းပြောင်၊ နတ်ကိုယ်ရောင်ဖြင့်၊ အောင်ကြတေဇော်အာနုဘော်၊ထင်ပေါ် တန်ခိုးကြီးစေသား။

သေနတ်အမြောက်၊ပစ်ချဖောက်လည်း၊ မရောက်ကိုယ်နှင့်ဝေးစေသား။
နှောင်အိမ်တိုက်တွင်း၊ သံခြေခြင်းလည်း အကွင်းကျွတ်၍ကျစေသား။

ကြည့်လည်းမမြင်၊ ဖမ်းလျှင်မမိ၊ ဣတ္ထိပူရိသ၊ ရာဇာသဗ္ဗမှာလျှင်၊ မျက်နှာမြင်က၊ လူရှင်ရဟန်းချစ်စေသား။

မသေရေဘေး၊ ခိုးသူဘေးလည်း၊ မနီးဝေးက ပျောက်စေသား။

သစ်ကျားကြံ့ဆင်၊ ဝေးကမြင်လျှင်၊ နတ်ရှင်ဆီး၍ ချောက်စေသား။

ဥပဒ်အန္တရာယ်၊ ရှင်းရှင်းပယ်သည်( )ကိုယ်၀ယ် ရောဂါပျောက်စေသား၊
အောင်ဇေယျတု အောင်ဆု ( )ကိုပေးစေသတည်း။

အောင်မင်္ဂလာ၊​ေအာင်ချမ်းသာဘက်၊ အောင်ရာပေါ်ထွန်း၊ အောင်ဘုန်းကြွယ်ထက်၊ အောင်ပန်းပန်ပြီး၊ အောင်စည်တီး၍၊ အောင်ကြီးအောင်အံ့အောင်စေသော်ဝ်။

အနန္တလေးပါးတို့၏ထွဋ်ချာ၊ မဟာဓမ္မရာဇာ
အစစ် ဖြစ်တော်မူရာ ကောက္ကသံ
ဂေါဏဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမတ္တေယျ
အစရှိသော ဘုရားရတနာ၊ဓမ္မက္ခန္ဓာ
ရှစ်သောင်းလေးထောင်သော တရားရတနာ၊ မဂ်၌ တည်သော ပုဂ္ဂိုလ်လေးယောက်၊
ဖိုလ်၌ တည်သော ပုဂ္ဂိုလ်လေးယောက်၊
ဤရှစ်ယောက်သော ပရမတ္တသံဃာမြတ်၊
သမုတိသံဃာမြတ်တို့ကို၊အဟံ-အကျွန်ုပ်
သည်၊ ဖူးမျှော်မာန်လျှော့ ကန်တော့ပြီးလျှင်၊
အံ့ချီးစရာ၊ မင်္ဂလာနှင့်၊ ရတနာဒီပံ၊ တန်ခိုး
ထန်သား၊ မီးလျှံပြောင်၀င်း၊ ပူဇော်ခြင်းကြောင့်၊
ကိုးဆယ်ခြောက်ပါးရောဂါ၊ ငါးဖြာရန်သူ၊
ဆယ်စုသောဒဏ်၊ ရှစ်တန်သောအပြစ်၊
မနှစ်ဖယ်ရှား၊ ၂၅ပါးသော ဘေး၊
ဝေးဝေးရှင်းကွာ၊ ဥပါဒ်မကပ် ဒွတ္တိံသ၊ နှစ်ဝ
သုံးဆယ်၊ မယ်လေးကြမ္မာ၊ ရောဂါ ဆန၀ဍ္ဎိ၊ကင်းစင်ဘိ၍၊
မထိကိုယ်၀ယ်၊ မတွယ်ကင်းကွာစေသောဝ်။

ရှစ်ပါးဒီသာ၊ သွားလေရာလည်း၊ ကြင်နာသက်မျှ၊ လာဘလာဘာ၊ လာဘ်မိုးရွာ၍
( )တွင်း၀ယ်ချမ်းသာစည်းစိမ်ရောက်
စေသောဝ်။

တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊
ကြွက်ပူး၊ နဂါး၊ ယောက်ျား၊ မိန်းမ ဟူသမျှလည်း ( )ကိုမြင်က၊ ချစ်ခင်စုံမက်၊ သား၀မ်း
ထွဋ်သို့၊ မပျက်မေတ္တာမျှစေသား။

မာဃဣန္ဒာ၊ အသူရာနှင့်၊ ဒေဝဒေဝါ၊ စသည်
ကျော်သောင်း၊ နတ်အပေါင်းလည်း၊ ကောင်း
ခြင်းစောင်မလိုက်စေသောဝ်။
သူရဿတီ၊စန္ဒီပရမီသွာ၊ မဟာပိန္နဲ၊ လွန်ကဲကျော်ဇော၊ဂေါရမန္တ၊ သမ္မာဒေဝါ၊ နတ်တကာလည်း၊( )ကို မစေသောဝ်။
တဆယ့်နှစ်ပါး၊ ထင်ရှားတုန်လတ်၊ ကိုယ့်စောင့်နတ်၊ စသည်အညီ၊ဒေဝီကိုးပါး မယ်မင်းများလည်း၊ ဆပွားကြင်နာ၊မေတ္တာအောင်ဆုပေးစေသော်။
သုံးဆယ်တဘုံ၊ ဝေနေဘုံက နတ်တို့များလည်း( )ကို မ စေသော်။

ဇမ္ဗူဒီပါ၊ မြေမျက်နှာထက်၊ တစ်ကိုင်းတစ်ခက်၊ တစ်ရွက်မလပ်၊ စောင့်ကြပ်နေထ၊ ရုက္ခဘုမ္မာ၊ အာကာသစိုး၊ တန်ခိုးကြီးမား၊ မဟာဂီရိ၊ နှံသိကျော်လပ်၊ အိမ်စောင့်နတ်က၊ မလပ်တစိ၊ ဘုံကြီးဘုံငယ်၊ ၃၇ပါး ဤနတ်များလည်း ( )ကို
ထင်ရှားကောင်းကြိုး ဆောင်ရွက်ကြစေသောဝ်။

ရတနာဒီပံ၊ မီးလျှံထိန်ဝါ၊ မှောင်မျိုးကာသို့၊ မျက်မာန်ကြမ်းကြုတ် ( )၏ ရန်သူ
ဟူသမျှ၊ ဝေးစွာရောက်၍၊ ယူဇနာလျှင်
တရာမျှလောက်၊ လွင့်ပါးရောက်၍၊ ပျောက်
စေသောဝ်။
အိမ်တွင်းအိမ်ပြင်၊ စုန်းမှင်နတ်ရဲ၊
ခွဲရှိမိစ္ဆာ၊ သီဟဗျဂ္ဃ၊ ဝါလ၀င်အောင်၊
မကောင်းအသံ၊ ငှက်ပျံငှက်ဝဲ၊ ကြွက်ခဲတ၀၊
ဂြိုဟ်ပါပနှင့်၊ ဆနဝုဒ္ဓိ၊ ကင်းစင်ဘိ၍၊
သီရိဝေဖြိုးမောက်စေသော်ဝ်။

ရောင်း၀ယ်ဖောက်ကား၊ စီးပွားချမ်းသာ
ကုန်သွယ်ရာလည်း၊ ရာထောင်မက၊ လိုတိုင်းတ၍ရစေသောဝ်။

ရာဇာစိုးကပ်၊ မှီခိုလပ်လည်း ၊ချစ်မြတ်ကြည်ဖြူ၊ သားအတူလျှင်၊ ကြည်ဖြူမေတ္တာမျှစေသော်။

ဆေးဝါးမန္တာန်၊ ရွတ်သံဖွားဖွား၊ ပညာများလည်း၊ စိတ်ထားရွယ်တိုင်းပြီးစေသောဝ်။
ဘဝ်နာစိန်ဒန်၊ သံနှင့်ဆေးဒန်း၊ ယမ်းဆားဆပ်ပြာ၊ သီတာကျောက်မျိုး၊ ပြီးရိုးကာယ၊ အပ်သွင်းစသား၊ မြှုပ်ထားသမှု၊ အနုနုတ်ဆေးရုပ်ဆေးလက်ဖွဲ့၊ခလှဲ့အဆောင် ကြံတိုင်းအောင်၍၊
ဆောင်တိုင်းမကြာပြီးမြောက်စေသောဝ်။

သိဒ္ဓိဇေယံ၊ ထိုဒီပံလျှင်၊ မီးလျှံထိန်ဝေ၊
မှောင်မျိုးသွေသို့၊ ဝေနေသတ္တဝါ၊ ဘုံသုံးရွာ
တွင်၊ သုခချမ်းသာရစေသောဝ်။

နှစ်သင်္ချေ၀ယ်၊ တသိန်းတည်သား၊ ဘုံကြွယ်
မြတ်စွာ၊ ပစ္စေကာလျှင်၊ လိုရာအမတ၊
ဖြိုးထွန်းပလို့၊ ဘ၀မျက်မှောက်၊ ကြံတိုင်း
ရောက်သည်ဖြစ်စေသောဝ်။
ဆုကြီးငါးဖြာ၊ ပြည့်ရာအညီ၊ ပါရမီတွင်၊ သင်္ချေမပါ၊ ဤကမ္ဘာ၌၊ သင်္ချာစတုတ္ထ၊ ဂေါတမမြတ်စွာ၊ သာသနာ၀ယ်၊ သုခပဋိပတ်၊ အကျင့်မြတ်ရှိ၊ ပကတိသာ၀က၊ ရဟန္တာဟု၊ မကြာခဏ၊
ဖြစ်ပြီးမှလျှင်၊ အမတဗိမာန် မြတ်နိဗ္ဗာန်သို့
အမြန် ( )ရောက်စေသောဝ်။ ။..................................................................................

ဗဟုသုတ သိမှတ်ရန်။
================

တနင်းဂနွေ၏ နေ့နံဂဏန်းကား ၁
တနင်းလာ၏ နေ့နံဂဏန်းကား ၂
အင်္ဂါ၏ နေ့နံဂဏန်းကား ၃
ဗုဒ္ဓဟူး၏ နေ့နံဂဏန်းကား ၄
ကြာသပတေး၏ နေ့နံဂဏန်းကား ၅
သောကြာ၏ နေ့နံဂဏန်းကား ၆
စနေ၏ နေ့နံဂဏန်းကား ၇

တနင်္ဂနွေသားသမီး
ဘုမ္မိ (တောင်အရပ်)
သီရိ (မြောက်အရပ်)
တေဇ (အနောက်အရပ်)

တနင်္ဂလာသားသမီး
ဘုမ္မိ (အနောက်တောင်အရပ်)
သီရိ (အရှေ့တောင်အရပ်)
တေဇ (အနောက်မြောက်အရပ်)

အင်္ဂါသားသမီး
ဘုမ္မိ (အနောက်အရပ်)
သီရိ (အရှေ့အရပ်)
တေဇ (မြောက်အရပ်)

ဗုဒ်ဒဟူးသားသမီး
ဘုမ္မိ (အနောက်မြောက်)
သီရိ (အရှေ့တောင်)
တေဇ (အရှေ့မြောက်)

ကြာသပတေးသားသမီး
ဘုမ္မိ (အရှေ့မြောက်)
သီရိ (အနောက်တောင်)
တေဇ (အရှေ့တောင်)

ရာဟုသားသမီး
ဘုမ္မိ ( အရှေ့အရပ်)
သီရိ (အနောက်အရပ်)
တေဇ ( တောင်အရပ်)

သောကြာသားသမီး
ဘုမ္မိ (အရှေ့တောင်အရပ်)
တေဇ (အနောက်တောင်အရပ်)
သီရိ (အနောက်မြောက်အရပ်)

စနေသားသမီး
ဘုမ္မိ (မြောက်အရပ်)
တေဇ (မြောက်အရပ်)
သီရိ (အရှေ့အရပ်)

မှာယူလိုပါက

ပုလဲနိဗ္ဗာန်ကုန်

၀၉၉၄၀၉၉၉၅၂၂ ကိုဆက်သွယ်မှာယူနိုင်ပါသည်
ရတနာဒီပံထွန်းညှိဖို့ လိုအပ်တဲ့မိတ်ဆွေတွေ အနေနဲ့ 09940999522(viber)ကိုလည်းကောင်း
chat-boxကိုသော်လည်းကောင်း ဆက်သွယ်ပြီး ပင့်ဆောင်နိုင်ပါပြီ

မိမိအလိုချင်ဆုံး ဆုတစ်ခု ကို ရှယ်ပြီဆုတောင်းပါ၃ရက်အတွင်း ထူးခြားလာလိမ့်မယ်🙏🙏🙏
18/01/2024

မိမိအလိုချင်ဆုံး ဆုတစ်ခု ကို ရှယ်ပြီဆုတောင်းပါ
၃ရက်အတွင်း ထူးခြားလာလိမ့်မယ်🙏🙏🙏

🐉ရွှေအဓိဌာန် ဘယ်လိုဝင်ရလဲ လာလာမေးကြလို့ 🐉၁ပတ်မှာ ၁ရက် ဗုဒ္ဓဟူးနေ့ဝင်ရပါတယ်🐉၁ပတ်ကို ဘုရား၁ဆူပါ ၇ပတ် ပြည့်ရင် ၁ထုံးအောင်ပါ...
09/01/2024

🐉ရွှေအဓိဌာန် ဘယ်လိုဝင်ရလဲ လာလာမေးကြလို့

🐉၁ပတ်မှာ ၁ရက် ဗုဒ္ဓဟူးနေ့ဝင်ရပါတယ်

🐉၁ပတ်ကို ဘုရား၁ဆူပါ ၇ပတ် ပြည့်ရင် ၁ထုံးအောင်ပါတယ်

🐉၁နှစ်ဆို ၄၉ရက်ပါ ၇ထုံးပါ

🐉၁ထုံးအောင်ရင်ကို ထူးခြားမှုတွေ ခံစားရပါတယ်{ယုံကြည်မှုတော့ရှိဖို့လိုပါတယ်}

🐉၁ပတ်လုံးမှ ၁ရက်ထဲကို အချိန်လဲ အကန့်အသတ်မရှိပါဘူး

🐉ပြီးတော့ ၉လုံးပုတီးနဲ့မှ ၇ပတ်ထဲပါ ဝင်ကြည့်ဖို့တိုက်တွန်းပါတယ်နော်

🐉ရွှေဖယောင်း အတိုင် ၃၀ ပါ ၁ထုတ် ၄၀၀၀

🐉ရွှေဖယောင်း ၅လက်မ ၈တိုင်ပါ ၁ထုတ် ၃၈၀၀

🐉ရွှေသီးသန့် အမွှေးတိုင် ၃၀ ပါ ၁ထုတ် ၂၇၀၀

🐉ရွှေအမွှေး အတိုင် ၅၀ ပါ ၁ထုတ် ၃၇၀၀

🐉၉လုံးပုတီးနေ့နံသား {စေတီခေါင်းရွှေချ }၁၈၀၀၀

🐉၉လုံးတကုံးလုံးရွှေအစစ်ချ ၃၅၀၀၀ကျပ်

🐉ကျွန်းနက် ၉လုံးပုတီးခေါင်းရွှေချ နဲ့ယူမယ်ဆို ၃၉၇၀၀ကျပ်ပါ

🐉8.1.24 to 12.1.24 အထိ အထူးလျော့စျေးလေးရှိပါတယ်

🐉Plan A

🐉နေ့နံသားပုတီးခေါင်းရွှေချ 18000+ရွှေဘုရား၇ပုံ ၅၀၀၀+ရွှေဖယောင်း ၄လက်မ အတိုင်၃၀ပါ ၄၀၀၀+ရွှေအမွှေးအတိုင် ၃၀ပါ ၂၇၀၀= 29700 ကျပ်ကို

🐉အထူးလျော့စျေး ၂၅၀၀၀ကျပ် {Plan A}

🐉Plan B

🐉နေ့နံသား တကုံးလုံးရွှေအစစ်ချ 35000+ ရွှေဘုရားပုံ ၇ပုံ ၅၀၀၀+ ရွှေဖယောင်း၄လက်မ အတိုင် ၃၀ပါ ၁ထုတ် ၄၀၀၀+ရွှေအမွှေးတိုင် ၃၀ပါ ၁ထုတ် ၂၇၀၀ =46700

🐉အထူးအထူးလျော့စျေး 40000ကျပ်{Plan b}

🐉{ Plan C }

🐉ကျွန်းနက် ၉လုံးပုတီး စေတီခေါင်းရွှေချ ၂၈၀၀၀+ ရွှေဘုရား ၇ပုံ ၅၀၀၀+ရွှေဖယောင်း၄လက်မအတိုင်၃၀ပါ ၄၀၀၀+ ရွှေအမွှေးအတိုင် ၃၀ပါ ၁ထုတ် ၂၇၀၀ =39700

🐉အထူးအထူးလျော့စျေး {35000ကျပ်}Plan C

🐉အစုံလိုက်ယူသူတွေ အတွက်လျော့စျေးလေးတွေ ချပေးထားပါတယ်

🐉တခုချင်းလိုအပ်တာပဲလဲဝယ်ယူနိုင်ပါသည်

🐉၅သောင်းဖိုးအထက် ဝယ်သူတိုင်းကို ပရိုမိုးရှင်းကာလအတွင်းဝယ်ပါက ဝါစိမ်းနီ လက်ပတ် တကွင်းလက်ဆောင်ထည့်ပေးပါမယ်

🐉ပုံပါရွှေပန်းကန်မပါပါဘူးနော် 🙅‍♂️🙅‍♂️🙅‍♂️

🐉မှာယူလိုပါက

🐉ပုလဲနိဗ္ဗာန်ကုန်

🐉09946196194

🐉ချစ်တဲ့ ပုလဲ

🙅‍♂️အလုပ်ကြိုးစားနေရုံနဲ့ မချမ်းသာနိုင်ပါဘူး 🙅‍♂️🐲ဟုတ်ပါတယ် ကြိုးစားနေရုံနဲ့ မချမ်းသာနိုင်ပါဘူးမှားရေးတာမဟုတ်လို့ နှစ်ခါ...
09/01/2024

🙅‍♂️အလုပ်ကြိုးစားနေရုံနဲ့ မချမ်းသာနိုင်ပါဘူး 🙅‍♂️

🐲ဟုတ်ပါတယ် ကြိုးစားနေရုံနဲ့ မချမ်းသာနိုင်ပါဘူး
မှားရေးတာမဟုတ်လို့ နှစ်ခါပြန်ဖတ်မနေပါနဲ့ မိတ်ဆွေ

🐲တစ်ခါတလေ ကိုယ်ဘယ်လောက်ပဲကြိုးစားကြိုးစား
ဘယ်လောက်ပဲ အားစိုက်ပီးလုပ်နေနေ
အောင်မြင်တိုးတက်လာရမဲ့အစား
ဘာမှထူးခြားမလာတာမျိုး ကြုံဖူးကြတယ်မလား ?

🐲ဟော...ကိုယ့်တစ်ဝက်တောင် မကြိုးစားတဲ့သူတွေကျ
ညောင်စေ့လေးလောက် အားစိုက်လည်း
ညောင်ပင်ကြီးလောက် အကျိုးခံစားခွင့်တွေ
ရသွားတာတွေမြင်ရတော့လည်း ဘာလို့များပါလိမ့်ပေါ့

🐲ဒါတွေဟာ အတိတ်ဘဝက ကိုယ်ပြုခဲ့တဲ့
ကုသိုလ်၊အကုသိုလ်တွေနဲ့ သက်ဆိုင်သလို
လက်ရှိဘဝမှာ ကိုယ်ပြုလုပ်နေတဲ့
ကောင်းမှု၊မကောင်းမှုတွေနဲ့လည်း
တိုက်ရိုက်အချိုးကျနေပါတယ်
— — — — — — — — — — — — — — — —
🐲ဆိုလိုရင်းကတော့
ကံ၊ဉာဏ်၊ဝီရိယ သုံးပါးလုံးစုံမှသာလျှင်
မိတ်ဆွေလိုချင်သောရည်မှန်းချက်ပန်းတိုင်
ဖြစ်ချင်သော ဘဝအိပ်မက်များသည်
အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်

🐲ဒီတော့ အောင်မြင်ချမ်းသာချင်တဲ့ ကျွန်တော်တို့သည်
ကိုယ့်ရဲ့လုပ်ငန်းဆောင်တာများအပေါ်မှာ
အချိန်တိုင်း ဝီရိယအပြည့်ဖြင့်
အားသွန်ခွန်စိုက်ကြိုးပမ်းပြီး လုပ်ကိုင်နေဖို့လိုသလို
ပေါ်ပေါက်လာမဲ့အခွင့်အရေးများကိုလည်း
လက်လွှတ်မခံဘဲ အမိအရဆုပ်ကိုင်နိုင်ဖို့လိုပါတယ်

🐲ဒါတင်မကသေးဘဲ ကိုယ့်လုပ်ငန်းကို
အတိုက်အခိုက် အနှောင့်အယှက်ကင်းအောင်
မလိုမုန်းထား ရန်ပွားမဲ့သူနည်းပါးပြီး
ကိုယ့်ကို ကူညီစောင့်ရှောက်ဖေးမမဲ့
အပေါင်းအသင်းမိတ်ဆွေတွေများအောင်
နတ်ချစ်၊လူချစ်ပြီး လုပ်သမျှအဆင်ပြေနေအောင်
“ကံကောင်း”နေဖို့ “ကံတက်”နေဖို့ လိုပါတယ်
— — — — — — — — — — — — — — — —
☘️“ကံကောင်း”ဖို့ရာ ဘာတွေလုပ်ရမလဲဆိုရင်☘️
🍀နေ့စဉ်နေ့တိုင်း မြတ်စွာဘုရားရှင်ကို
သက်ရှိထင်ရှားရှိသောလားသကဲ့သို့ အမှူးထားပြီး
ဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီး ၊အမွှေးနံသာ အစရှိသဖြင့် ကပ်လှူပူဇော်ကြမယ်

🍀လစဉ်လတိုင်း ကိုယ်ဝန်မပိမဲ့ ပမာဏတစ်ခုဖယ်ထားပြီး
အလှူအတန်းတစ်ခုခု ပုံမှန်ပြုလုပ်ပေးမယ်

🍀ငါးပါးသီလကို ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ်
မကျိုးပေါက်အောင် လုံအောင်ထိမ်းမယ်

🍀တရားဘာဝနာများကိုလည်း
အမြဲမပြတ်ကြားနာမယ် စသဖြင့်
ကောင်းသောအမှူများကို
နေ့စဉ်နေ့တိုင်း၊လစဉ်လတိုင်း၊နှစ်စဉ်နှစ်တိုင်းပြုခြင်းအားဖြင့် မိတ်ဆွေတို့ “ကံကောင်း” “ကံတက်”လာကာ
လုပ်သမျှကိုင်သမျှအဆင်ပြေချောမွေ့ပြီး
“လိုတရ”လာပါလိမ့်မယ်

🐲ဒီနေရာမှာ အရေးအကြီးဆုံး အပိုင်းကဏ္ဏကတော့
မြတ်စွာဘုရားရှင်ရဲ့ကိုယ်စား တည်ထားပူဇော်မဲ့
ရုပ်ပွားတော် ဆင်းတုတော်များကို မွှေးပျံတဲ့ရနံ့နဲ့ ပူဇော်ကြည်ညိုခြင်းဟာလဲ လာဘ်လာဘကိုအထူးပွင့်လန်းစေပါတယ်

🐲ဘယ်လို အခက်အခဲတွေနဲ့ပဲ ကြုံလာလာ
ဘယ်လိုဒေါသထွက်စရာတွေပဲကြုံလာလာ
စိတ်ပင်ပန်းညစ်ညူးစရာတွေပဲ ကြုံရကြုံရ
အိမ်က ဘုရားခန်းကို ဝင်လိုက်တာနဲ့ ☘️ဗြဟ္မာမင်း☘️ အမွှေးတိုင်ရဲ့ သင်းပျံတဲ့ရနံ့လေးရလိုက်တာနဲ့ စိတ်အေးချမ်းသွားမှာပါ

🐲ဒီခံစားချက်များအားလုံးသည်
ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့
လျှောကျပျောက်ကင်းပြီး
စိတ်ချမ်းသာခြင်းများသည်သာလျှင်
မိတ်ဆွေတို့ရဲ့သန္ဒာန်မှာ ကိန်းအောင်းနေမှာ ဖြစ်ပါတယ်
— — — — — — — — — — — — — — — —
🐉အတိုက်အခိုက်ရှင်းပြီးလာဘ်လာဘ ရွှင်လန်းဖို့

🐉တောင်စဥ်ဂိုဏ်ရဲ့ အစီအရင်တွေနဲ့ စီရင်ထားတဲ့

🐉ဗြဟ္မာမင်းအမွှေးနံ့သာတိုင်ဖြင့် ပူဇော်ကြည့်ပါရှင့်

🐉၃လစာ ၁ဘူးကို ၃သောင်းကျပ်ပါရှင့်

🐉ပထမဆုံးဝယ်ယူတဲ့မိတ်ဆွေတို့ အတွက် ၁နှစ်စာ ဆောင်ရန်ရှောင်ရန် ဟောစာတန်းလေးလက်ဆောင်ပါဝင်မှာဖြစ်ပါတယ်

🐉ပုတီးစိတ်ပွားများဖို့ အညွှန်းလေးလဲပါဝင်ပါမယ်နော်

🐉"ဂန္ဓာရီအမွှေးတိုင်အစီအရင်အကြောင်းသိကောင်းစရာ"

🐉အချို့အချိန်ကာလများ၌ သတ္တဝါအများဘေးကင်းကြစေရန် ထွက်ရပ်ပေါက်ဆရာကြီးများကအစီအရင်များပြုလုပ်ကျင့်သုံးစေလေ့ရှိသည်။

🐉ကျွန်ုပ်တို့၏တောင်စဉ်ဂိုဏ်းမှအများဆုံးအသုံးပြုလေ့ရှိသည့်ကျင့်စဥ်မှာ ၅ ပါးသီလအားစွမ်းနိုင်သမျှထိန်းစေခြင်း၊သက်သတ်လွတ်စားခြင်း၊ရှင်အရဟံပုတီးစိပ်နည်းဖြင့်ပုတီးစိပ်ခြင်း၊သမ္ဗုဒ္ဓေဂါထာရွတ်ပွားပူဇော်ခြင်းများဖြစ်ပါသည်။ဤကျင့်စဉ်များနှင့်အတူ နတ်မင်းကြီးလေးပါးအင်းတော်ကိုစီရင်၍ မိမိတို့၏အိမ်များ၌ဆောင်ထားကာ နတ်မင်းကြီးလေးပါးဂါထာတော်အားရွတ်ကြရပါသည်။

🐉လွန်ခဲ့သောလထဲ၌ကျွန်ုပ်၏အာရုံ၌ ‌မိစ္ဆာအတိုက်များကင်းစေပြီး ဘေးရန်အသီးသီးကိုကာကွယ်ပေးသည့်တောင်စဉ်အင်းပြာကိုအသုံးပြုကာ အမွှေးတိုင်စီရင်ရန်ဆန္ဒဖြစ်ခဲ့သည်။ထိုဆန္ဒဖြစ်ပေါ်သည့်ရက်ပိုင်း၌ပင် ကျွန်းနက်အစအနများ၊သစ်မွှေးအစအနများ၊သင်္ကန်းနက်သားနှင့်သစ်ပျံအကိုင်းအခက်များစု‌ဆောင်းရရှိခဲ့သည်။ထိုသစ်သားများနှင့်အတူသနပ်ခါးတုံးနှင့်ပန်းပေါင်းစုံများပါထည့်၍ပြာအဖြစ်ပြုကာ တောင်စဉ်အင်းစမပြာများနှင့်ရောနှောသိဒ္ဓိတင်ပြီး ဂန္ဓာရီအမွှေးတိုင်စီရင်ခဲ့သည်။ထိုဂန္ဓာရီအမွှေးတိုင်အား "ဗြဟ္မာမင်း"ဂန္ဓာရီအမွှေးတိုင်ဟုအမည်ပေးရန်အာရုံပေးထားပါသည်။

🐉အမွှေးတိုင်များထည့်ရန်အမွှေးတိုင်ဗူးဒီဇိုင်း၌ "ဝ ယ မ ပ" ဟုထည့်သွင်းရန်ညွှန်ကြားလာသဖြင့် ဒီဇိုင်းလုပ်တတ်သည့်တပည့်လေးတစ်ဦးအားပြောပြအကူအညီတောင်းရာအလွယ်နှင့်အဆင်ပြေသွားရသည်။အချိန်မီပြီးစီးနိုင်ရန်အဓိကကူညီပေးခဲ့သူတပည့်အားလုံးကို ကျေးဇူးတင်ပါသည်။

🐉ထူးခြားသည်မှာ ဂန္ဓာရီအမွှေးတိုင်များ ကိုတာဝန်ခံပြုလုပ်ပေးသူလုပ်ငန်းရှင်များမှာသက်သတ်လွတ်စားပြီးတရားကျင့်သုံးသူများဖြစ်နေခြင်းပင်။ထုတ်လုပ်သည့်စက်မှာလည်း ယခုမှတပ်ဆင်ပြီးစီးသည့်စက်အသစ်ဖြစ်ပြီး ကျွန်ုပ်၏ဂန္ဓာရီအမွှေးတိုင်အား ပထမဆုံးအလုပ်အဖြစ်စတင်အသုံးပြုခြင်းဟုသိရပါသည်။

🐉ဘဘဆရာအောင်ဉာဏ်မိုး စီရင်တဲ့
ဗြဟ္မာမင်း ဝယမပဂန္ဓာရီအမွှေးတိုင် ဝယ်ပြီး ပူဇော်သူများအားလုံး

🐉မိမိလက်ဝယ် အမွှေးတိုင် စရောက်သည့်နေ့မှစပြီး
ရက်ပေါင်း ၉၀ ကျင့်စဉ် ကိုဝင်ရပါမယ်

🐉အချိန်ကတော့ မိမိအဆင်ပြေမည့်
အချိန်စိပ်ပါ။သမ္ဗု‌ဒ္ဓေ၊ ပရိမိတ္တဇာလရွတ်ဖတ်ပူဇော်ပါ။

🐉အမွှေးတိုင်သည် တစ်နေ့တစ်တိုင်နှုန်းပဲထွန်းရပါမယ်။ တောင်စဉ်အင်းများနှင် အထူးစီရင်ထားတာဖြစ်တာကြောင့် မိမိအိမ်ပတ်ဝန်းကျင်ရှိ အနှောက်အယှက်များကိုဖယ်ရှားပေးပါတယ်။

🐉အကြောင်းတစ်စုံ တစ်ရာကြောင့်
ရက်ပျက်ခဲ့လျှင်လည်း အချိန်ရတဲ့နေ့မှစပြီး ပြန်လုပ်ပါ။
ဇန်နဝါရီ ဖေဖော်ဝါရီ မတ်ဒီလအတွင်း
အကုသိုလ်တွေလျော့ပြီး ကုသိုလ်ကောင်းမှုအထူး ပြုလုပ်စေရန်အတွက်ဖြစ်ပါတယ်။

🐉ပုတီးကျင့်စ‌ဉ်ကြောင့်သမာဓိအားတည်ငြိမ်ပြီးမိသားစု တစ်စုစီတိုင်းအကုသိုလ် တွေကင်းငြိမ်း၍၊ပယောဂ အနှောက်အယှက်ကင်းစင်ပြီး ကံအညံ့များ သက်သာသွားပါလိမ့်မည်။

🐉အကယ်၍ပုတီးကျင့်စဉ် မစွမ်းနိုင်သူကပဌာန်းရွတ်နိုင်ပါတယ်။
🐉ပရိမိတ္တဇာလသုတ် လုံးဝမရသူက
🐉သမ္ဗုဒ္ဓေသက်စေ့ ရွတ်ပါ။
🐉 တစ်ချို့လည်းကျင့်စဉ်ဆိုတာကြောင့်မမှာရဲကြဘူး။အိမ်မှာအသောက်စားရှိတဲ့သူရှိလို့မမှာရဲကြဘူး။အဲလိုရှိနေလေ မိသားစုတစ်ယောက်တစ်လေက ပိုပြီးဘာသာရေးကိုယ်စားလုပ်ပေးရမှာပါ။

🐉အမဲသားစားတဲ့ အိမ်တော့ ပယောဂမရှင်းနိုင်ပါဘူး ။
🐉အဓိကရည်ရွယ်ချက်ကတော့
🐉ဘာသာရေးပုံမှန်လုပ်သူအတွက်
🐉အန္တရာယ်ပိုကင်း စေပါမယ်။

🐉မလုပ်ဖြစ်၍ စိတ်လေနေသူများအတွက် တွန်းအားလေး
တစ်ခု ဖြစ်‌စေမှာပါ။ လုပ်လိုက် မလုပ်ဖြစ်လိုက် ရက်ပျက်နေသူများအတွက် လုပ်ချင်တဲ့စိတ်လေး ဖြစ်ပေါ်စေချင်လို့ပါ။

🐉နှစ်သစ်မှာ ဘယ်သူတွေကံကောင်းပြီး၊မည်သူတွေ ကံညံ့နေသလဲ။
🐉မိမိကိုယ်ကိုယ်ကံဇာတာညံ့တယ်လို့ ယူဆသူများ ယတြာကြိုချေထားပါ။

🐉အမွှေးတိုင် မှာယူလိုပါက
🐉၃လစာ ၁ဘူး 30000 ကျပ်ဖြင့်ဝယ်ယူပူဇော်နိုင်ပါသည်။

🐉 ၁နှစ်တာ ဆောင်ရန် ရှောင်ရန် လေးပါ ပါဝင်ပါမယ်

🐉အမွှေတိုင်က အတိုက်ရှင်းပြီး လာဘ်ရွှင်ပါတယ်

🐉ဘယ်လိုသူတွေ ပူဇော်သင့်လဲဆိုတော့

🐉စီးပွားရေးလုပ်နေသူတွေ / Live Sale ရောင်းသူတွေ /စျေးဆိုင်ဖွင့်ထားသူတွေ အထူးပူဇော်သင့်ပါတယ်/Taxi ကားသမားများ ကားဆွဲကောင်းပီး ဘေးကင်းဖို့

🐉စီးပွားရေးအတိုက်အခိုက်ကင်းပြီးလာဘ်ရွှင်ဖို့

🐉Live Sale မှာ လူအဝယ်များဖို့

🐉စျေးဆိုင်များ မိမိစီးပွားဘက်နဲ့ ယှဥ်ရာတွေ ကိုယ့်ဆိုင်လူဝင်ပြီးစျေးရောင်းကောင်းဖို့ အထူးစွမ်းဆောင်ပေးပါတယ်

🐉Taxinကားသမားများ ဘေးကင်းပီးငွေ ဝင်ဖို့

🐉၃လစာ ၁ဘူး ၃၀၀၀၀ကျပ်ပါရှင့်

🐉အမွှေးတိုင်ဝယ်ယူသူများ အနေဖြင့် ပူဇော်နည်း ပုတီးစိတ်နည်း အသေးစိတ်များကိုလဲ Telegram 09946196194 မှာအားမနာတမ်းလာမေးနိုင်ပါတယ်

🐉မှာယူလိုပါက

🐉ပုလဲနိဗ္ဗာန်ကုန်

🐉09946196194

🌹ရွှေအုပ် ရွှေဆိုင်း 🌹ပုံမှန်စျေး ၅၀ ပါ ၁ထုတ် ၄၃၀၀၀ကျပ် 🌹နှစ်သစ်အထူးလျော့စျေး 22.12.2023 to 31.12.23🌹အချပ် ၅၀ ပါ ၁ထုတ် ၄...
22/12/2023

🌹ရွှေအုပ် ရွှေဆိုင်း

🌹ပုံမှန်စျေး ၅၀ ပါ ၁ထုတ် ၄၃၀၀၀ကျပ်

🌹နှစ်သစ်အထူးလျော့စျေး 22.12.2023 to 31.12.23

🌹အချပ် ၅၀ ပါ ၁ထုတ် ၄၀၀၀၀ကျပ်

🌹အိတ်အဝါ + ဆေးဘုရား လက်ဆောင်

🌹မှာယူလိုပါက

🌹ပတ္တမြားနိဗ္ဗာန်ကုန်

🌹09946196194

🌹09940999522 ph or viber or cb

29/10/2023

Recomment လေးတွေ ပေးသွားကြပါအုန်း

Page မှာ ဘယ် အရာလေးတွေ လိုအပ် နေသေးလဲ ဆိုတာ လေးတွေ ပြောပေးကြပါအုန်း

ပျော်ရွှင်ဖွယ် သီတင်းကျွတ် လပြည့်နေ့လေး ဖြစ်ပါစေခဗျာအလှူရှင် ညီမလေးလဲ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံ...
29/10/2023

ပျော်ရွှင်ဖွယ် သီတင်းကျွတ် လပြည့်နေ့လေး ဖြစ်ပါစေခဗျာ

အလှူရှင် ညီမလေးလဲ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး အလုပ် အကိုင် များ အဆင်ပြေချောမွေ့ပါစေကြောင်း
Member များ အားလုံးရဲ့ ကိုယ်စား ကျွန်တော်၏

ပတ္တမြား နိဗ္ဗာန်ကုန် လုပ်ငန်းစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ် ခဗျာ

အိပ်ကုန်ကြပြီ လား ချစ်တို့မင်မင်လဲ အခုမှ အပြင်က ပြန်ရောက်လို့ နောက်ကျသွားတယ်အလှူရှင် စေတနာရှင် ညီမလေး တစ်ဦးက လာလှူထားပါ...
29/10/2023

အိပ်ကုန်ကြပြီ လား ချစ်တို့

မင်မင်လဲ အခုမှ အပြင်က ပြန်ရောက်လို့ နောက်ကျသွားတယ်

အလှူရှင် စေတနာရှင် ညီမလေး တစ်ဦးက လာလှူထားပါတယ်

အခုပိုစ့်လေးကို Like & Share လုပ်ပြီး အလှူရှင် စေတနာရှင် ညီမလေး အတွက် ဆုတောင်းစကားလေး ဆုတောင်းပေးလိုက်ကြပါအုန်း နော်

လုံးဝ Sprite ဖြစ်စေမယ့် Amount နော်

စည်းကမ်းချက်

Page ကို Like & Share လေးလုပ်မယ်
Like & Share လုပ်ထားတဲ့ ss ရယ်
မင်မင်က "ရ" ဆိုပြီး Reply ပြန်ထားတဲ့ Ss ရယ်
ကို Messenger ကနေ ပို့ပေးပါ

မင်မင်က "ရ" လို့ မန့်ပြီးတာနဲ့
Messenger ကနေ စာပို့ပါမယ်
Reply ကြာနေရင် နောက်လူ ရွေးပါမယ်

ကဲ စမယ် နော်

ကဲ သူများတွေ ရကုန်ပြီနော်
29/10/2023

ကဲ သူများတွေ ရကုန်ပြီနော်

ညအတွက် Ready လုပ်ထားကြအုန်းနော်သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)သီတင်းကျွတ် မုန့်ဖိုးလေးတွေ ပေးမယ်နော်Kpay လေးတွေ ...
29/10/2023

ညအတွက် Ready လုပ်ထားကြအုန်းနော်

သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
သီတင်းကျွတ် မုန့်ဖိုးလေးတွေ ပေးမယ်နော်

Kpay လေးတွေ မန့်ပြီး

Page ကို Like & share လေးလုပ်ထားကြအုန်းနော်

Kpay ပြန်လှု ပေးပါဆိုရင်လဲ မင်မင် Kpay ထဲ လွဲထားလို့ရပါတယ် လွဲထားတဲ့ Ss လေးပို့ထားပြီး အလှူရှင် အမည်လေး ပေးထားခဲ့နော်

09-458122272 (Kpay)
Ko Aung Thu Hein

Address

Bago

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00

Telephone

+959794561654

Alerts

Be the first to know and let us send you an email when ပတ္တမြား နိဗ္ဗာန်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပတ္တမြား နိဗ္ဗာန်ကုန်:

Videos

Share

Category


Other Bago event planning services

Show All