At Kalaw

At Kalaw Bringing communities together through fun-filled events and unforgettable experiences.

ကလောမြို့လေးမှာ နေထိုင်ရင်း ကလောမြို့မှာ ကျင်းပလေ့မရှိတဲ့ event လေးတွေကို ဖန်တီးပေးနေတဲ့ နေရာလေးတစ်ခုပါ။ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြဖို့ပါပဲ...

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၁၃ရက် ၊ ၁၄ရက် နဲ့ ဇန်နဝါရီလ ၃ ရက် နဲ့ ၄ ရက်နေ့ ကြယ်မိုး ရွာတဲ့နေ့တွေမှာ At Kalaw အ နေ နဲ့ MASES ...
31/01/2025

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၁၃ရက် ၊ ၁၄ရက် နဲ့ ဇန်နဝါရီလ ၃ ရက် နဲ့ ၄ ရက်နေ့ ကြယ်မိုး ရွာတဲ့နေ့တွေမှာ At Kalaw အ နေ နဲ့ MASES နဲ့ Kha Yee Sin တို့နဲ့ ပူးပေါင်းပြီး လုပ်ဖြစ်ခဲ့တဲ့ Beyond Shooting Stars and Science ပွဲလေးတွေရဲ့ အမှတ်တရ ပုံရိပ်ကလေးတွေ မျှဝေပေးလိုက်ပါတယ် ⛺️ 💫✨

📸 The Razi Studio

ညကောင်းကင်အကြောင်းကို စိတ်ဝင်စားပြီး ကြယ်တာရာတွေအကြောင်းကို ပိုသိချင်တဲ့သူတွေအတွက် At Kalaw ကနေ သတင်းကောင်းလေး တစ်ခုကို ...
19/01/2025

ညကောင်းကင်အကြောင်းကို စိတ်ဝင်စားပြီး ကြယ်တာရာတွေအကြောင်းကို ပိုသိချင်တဲ့သူတွေအတွက် At Kalaw ကနေ သတင်းကောင်းလေး တစ်ခုကို ထပ်မံယူဆောင်လာပါတယ်။

At Kalaw အနေနဲ့ ဒီတစ်ခါမှာတော့ Aythaya Wine Garden နဲ့ ပူးပေါင်းပြီးတော့ *Aythaya Stargazing Night Event* ဆိုတဲ့ ကြယ်ကြည့်ပွဲလေးတစ်ခုကို ဖေဖော်ဝါရီ (၁)ရက်နေ့မှာ စီစဉ်ထားတဲ့အကြောင်း အသိပေးချင်ပါတယ်။

At Kalaw က စီစဉ်နေကျ ကြယ်ကြည့်ပွဲတွေရဲ့ထုံးစံအတိုင်း တမူထူးခြားချက်လေးတွေပါဝင်မှာပါ။

📢✅ နိုင်ငံတကာက ကြယ်တာရာဝါသနာရှင်တွေ၊ ပညာရှင်တွေ စုစည်းထားတဲ့ The International Astronomical Union ရဲ့ Dark Skies Ambassador တဖြစ်လဲ National Outreach Coordinator တစ်ဦး \ကနေ ညကောင်းကင်ကြီး အကြောင်းကို သိပ္ပံနည်းကျရှင်းပြမယ်။ သိလိုတာတွေလည်း မေးလို့ရမယ်။

🔭 ဂြိုဟ်တွေ၊ ကြယ်တာရာတွေကို ကြည့်ရှူနိုင်ဖို့ ကြယ်ကြည့်မှန်ပြောင်း (Astronomical Telescope) တွေလည်း ပြင်ဆင်ထားပါမယ်။ 🌠💫🔭

🧩ကြယ်တာရာတွေအကြောင်း ပိုသိနိုင်မယ့် ပျော်စရာ quiz အစီအစဉ်လေးလည်း ပါမယ်။ 🧩

ဒါ့အပြင် သီးခါစ စပျစ်သီးလေးတွေအပြည့်နဲ့ စပျစ်ပင်တန်းတွေကြားထဲမှာ ကျင်းပမယ့်ပွဲ ဖြစ်တာကြောင့် ပျော်ရွှင်စရာတွေရော လေ့လာစရာတွေရော ပြည့်နေတဲ့ night လေး ဖြစ်နေမှာဆိုတာတော့ အသေအချာပါပဲ။

ဒါကြောင့် ကြယ်ကလေးတွေကို အတူတူကြည့်ပြီး ကြယ်တာရာတွေအကြောင်းကို ပိုလေ့လာကြဖို့ Aythaya မှာ ဆုံကြမယ်နော်…

✨🌌🔭⛺️✨⛰️💫🔥
08/01/2025

✨🌌🔭⛺️✨⛰️💫🔥

💫✨⛺️⛰️🔭
06/01/2025

💫✨⛺️⛰️🔭

ဒီနှစ်ရဲ့ နောက်ဆုံးကြယ်မိုးရွာမယ့် ညတွေမှာ ပြုလုပ်မယ့် Beyond Shooting Stars & Science Event လေးလည်း နီးကပ်လာပြီဆိုတော့ ...
11/12/2024

ဒီနှစ်ရဲ့ နောက်ဆုံးကြယ်မိုးရွာမယ့် ညတွေမှာ ပြုလုပ်မယ့် Beyond Shooting Stars & Science Event လေးလည်း နီးကပ်လာပြီဆိုတော့ ကြိုတင်ရင်ခုန်လို့ရအောင် အရင် event တွေက ပုံလေးတွေ ဝေမျှပေးလိုက်ပါတယ် 🥳🔭🏕️⛰️

Can’t wait to enjoy the meteor shower togther with you 💫✨

ဒီဇင်ဘာလရဲ့ ကြယ်မိုးရွာမယ့် Beyond Shooting Stars and Science Event လေးတွေက လူပြည့်သွားလို့ မပါဝင်လိုက်ရတဲ့သူတွေအတွက် သတ...
30/11/2024

ဒီဇင်ဘာလရဲ့ ကြယ်မိုးရွာမယ့် Beyond Shooting Stars and Science Event လေးတွေက လူပြည့်သွားလို့ မပါဝင်လိုက်ရတဲ့သူတွေအတွက် သတင်းကောင်းလေး ရှိပါတယ်…​

တစ်နှစ်တာလုံးမှာ ကြယ်တွေ ကြွေတဲ့ဖြစ်စဉ်တွေက တစ်နှစ်ကို အကြိမ်ရေများစွာဖြစ်လေ့ရှိပြီးတော့ (၂၀၂၅)ခုနှစ် ဇန်နဝါရီ လ (၃) ရက်နေ့ မှာ ကြယ်မိုးရွာတဲ့ညလေးထပ်ရှိဦးမှာပါ။ လာမယ့် ဇန်နဝါရီလ (၃) ရက်နေ့ နဲ့ (၄)က်နေ့ ညတွေမှာ ကျဆင်းမယ့် ကြယ်ကြွေဖြစ်စဉ်က တစ်နာရီ ကို ပျှမ်းမျှအလုံး (၈၀) လောက် ကြယ်ကြွေတာမြင်ရနိုင်တာကြောင့် အရေအတွက်များတဲ့ ဖြစ်စဉ်ထဲမှာ ပါဝင်ပါတယ်။

ဒါ့ကြောင့် (၂၀၂၅)ခုနှစ်ရဲ့ ပထမဆုံးကြယ်မိုးရွာမယ့်နေ့လေးမှာ MASES - Myanmar Astronomy & Science Enthusiasts Societyနဲ့ Kha Yee Sin - ခရီးစဉ်တို့နဲ့ ထပ်မံပူးပေါင်းပြီး Beyond Shooting Stars and Science Event လေးကို စီစဉ်ထားရှိပါတယ်။
အခြားဘယ်မှာမှ မရနိုင်ဘဲနဲ့ ဒီ event လေးမှာပဲ ရနိုင်တဲ့ အဓိက ထူးခြားချက်လေး (၂)ချက်ကိုလည်း ထပ်ပြီး ပြောပြပေးချင်ပါတယ်။

🏆 MASES - Myanmar Astronomy & Science Enthusiasts Society နဲ့ပူးပေါင်းပြီး စီစဉ်တာဖြစ်တာကြောင့် The International Astronomical Union ရဲ့ Dark Skies Ambassador တဖြစ်လဲ National Outreach Coordinator တစ်ဦးကနေ ညကောင်းကင်ကြီး အကြောင်းကို သိပ္ပံနည်းကျရှင်းပြတာရယ်၊

🏆 လူမျက်စိနဲ့ ကြည့်လို့ မမြင်နိုင်တဲ့ ဂြိုဟ်တွေ၊ ကြယ်တာရာတွေကိုကြည့်ရှူနိုင်ဖို့လည်း ကြယ်ကြည့်မှန်ပြောင်း (Astronomical Telescope) အကြီးကြီးတွေ ရှိနေတာပါပဲ။ 🌠💫🔭

တမူထူးခြားတဲ့ ပွဲလေးဖြစ်တဲ့အပြင် လူဦိးရေလည်း ကန့်သတ်ထားတာမို့လို့ နောက်မကျခင် စာရင်းပေးသွင်းပြီး Package ဝယ်ယူလိုက်နော်… အသေးစိတ်အချက်အလက်လေးတွေနဲ့ package ရဲ့ ဈေးနှုန်းလေးတွေ အတွက် ဒီ page တွေရဲ့ Chat Box မှာဖြစ်စေ 09-953303090 ကို ဖုန်းဆက်ပြီးဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


Beyond Shooting Stars and Science Event လေးကတော့ ဒီဇင်ဘာလ (၁၃)ရက်နေ့ရော (၁၄)ရက်နေ့အတွက်ပါ လူပြည့်သွားပါပြီ… 🏕️💫🔭သတ်မှတ်ထ...
18/11/2024

Beyond Shooting Stars and Science Event လေးကတော့ ဒီဇင်ဘာလ (၁၃)ရက်နေ့ရော (၁၄)ရက်နေ့အတွက်ပါ လူပြည့်သွားပါပြီ… 🏕️💫🔭

သတ်မှတ်ထားတဲ့လူဦးရေ ပြည့်သွားလို့ ထပ်တိုးပေးဖို့ ပူဆာကြသူတွေရှိလို့ ထပ်တိုးပေးထားတဲ့ နေရာတွေလည်း အကုန်ပြည့်သွားတာကြောင့် ထပ်တိုးပေးဖို့ မပူဆာကြနဲ့တော့နော် 🤭 Beyond Shooting Stars and Science Event ကို လာရောက်ကြမယ့်သူတွေ အားလုံးအတွက် အဆင်ပြေပြေ နေရာချထားပေးနိုင်ဖို့အတွက် လူဦးရေထပ်မတိုးတော့တာကို နားလည်ပေးမယ်လို့ ယုံပါတယ်…

ဒီပွဲတွေမှာ မ join လိုက်ရသူတွေအတွက် သတင်းကောင်းလေးလည်း တစ်ခုရှိပါတယ်… အဲ့တာကတော့ (၂၀၂၅) ဇန်နဝါရီလ ပထမအပတ်ထဲမှာ ကြယ်မိုးရွာမယ့်ညလေးရှိတာကြောင့် Beyond Shooting Stars and Science Event လေး ထပ်ရှိပါဦးမယ်… အသေးစိတ်အချက်အလက်လေးတွေကို မကြာခင်မှာ တင်ပေးပါမယ်နော်… ​ 🥳🎉✨

Beyond Shooting Stars and Science” Event ရဲ့ အသေးစိတ်လေးတွေ လာပါပြီ 💫🔭🌌 ကြယ်တွေကို ရှင်းလင်းစွာ မြင်နိုင်မယ့် ညတွေ၊ အထူး...
08/11/2024

Beyond Shooting Stars and Science” Event ရဲ့ အသေးစိတ်လေးတွေ လာပါပြီ 💫🔭🌌

ကြယ်တွေကို ရှင်းလင်းစွာ မြင်နိုင်မယ့် ညတွေ၊ အထူးသဖြင့် ကြယ်မိုးရွာတဲ့ ညတွေမှာ ကလောမှာ ပွဲလေးတွေကို လုပ်ဆောင်ခဲ့တာ အခုဆိုရင် (၃)နှစ်အတွင်းမှာ (၇)ကြိမ်ရှိခဲ့ပါပြီ…

နှစ်တိုင်းမှာ ကြယ်မိုးရွာတယ်လို့တောင် တင်စားကြတဲ့ ညတွေရှိပါတယ်။ ကြယ်မိုးရွာတယ်လို့ သုံးနှုံးလို့ရအောင်ကိုကြယ်တွေ တဖြုတ်ဖြုတ်ကြွေမယ့် ညလေးကတော့ ဒီဇင်ဘာလ (၁၃) ရက်နေ့လေးပါပဲ… ဒါ့ကြောင့် အဲ့ဒီနေ့မှာ “Beyond Shooting Stars and Science” Event လေး ရှိပါမယ်။

ဒီevent လေးရဲ့ အဓိက ဦးတည်သူတွေကတော့ အာကာသ ကောင်းကင်အကြောင်းကို သိပ္ပံနည်းကျပိုမိုသိရှိချင်သူတွေ၊ မြို့ပြအလင်းရောင်ဝေးရာမှာ ကြယ်တွေကြွေတာကို တဝကြီးထိုင်ကြည့်ချင်သူတွေ အတွက် event လေးတစ်ခုပေါ့…

အခြားဘယ်မှာမှ မရနိုင်ဘဲနဲ့ ဒီ event လေးမှာပဲ ရနိုင်တဲ့ အဓိက ထူးခြားချက်လေး (၂)ချက်ရှိပါတယ်…

🏆 MASES - Myanmar Astronomy & Science Enthusiasts Society မှ The International Astronomical Union ရဲ့ National Outreach Coordinator တဖြစ်လဲ Dark Skies Ambassador တစ်ဦးကနေ ညကောင်းကင်ကြီး အကြောင်းကို သိပ္ပံနည်းကျရှင်းပြတာရယ်၊

🏆 လူမျက်စိနဲ့ ကြည့်လို့ မမြင်နိုင်တဲ့ ဂြိုဟ်တွေ၊ ကြယ်တာရာတွေကိုကြည့်ရှူနိုင်ဖို့လည်း ကြယ်ကြည့်မှန်ပြောင်း (Astronomical Telescope) အကြီးကြီးတွေ ရှိနေတာပါပဲ။ 🌠💫🔭

ဒါ့ကြောင့် တမူထူးခြားတဲ့ အတွေ့အကြုံတွေကို လိုချင်တယ်ဆိုရင်တော့ “Beyond Shooting Starts and Science” Event လေးကို လာ join လိုက်တော့နော်…

ဒီပွဲလေးကိုတော့ ညီတို့ At Kalaw အနေနဲ့ MASES ၊ Kha Yee Sin - ခရီးစဉ်တို့နဲ့ ပူးပေါင်းစီစဉ်တာဖြစ်လို့
အသေးစိတ်အချက်အလက်လေးတွေနဲ့ package ရဲ့ ဈေးနှုန်းလေးတွေ အတွက် ဒီ page တွေရဲ့ Chat Box မှာဖြစ်စေ 09-953303090 ကို ဖုန်းဆက်ပြီးဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


08/11/2024

ကြယ်တွေကို ရှင်းလင်းစွာ မြင်နိုင်မယ့် ညတွေ၊ အထူးသဖြင့် ကြယ်မိုးရွာတဲ့ ညတွေမှာ At Kalaw အနေနဲ့ MASES နဲ့ ပူးပေါင်းပြီး Camping under meteor shower ဆိုပြီး ကြယ်ကြည့်ပွဲလေးကို လုပ်ဆောင်ခဲ့တာ အခုဆိုရင် (၇)ကြိမ်ရှိခဲ့ပါပြီ…

ဒီနှစ်မှာတော့ ဒီပွဲလေးကို နာမည်အသစ်လေးပေးထားတဲ့အကြောင်း အရင်မိတ်ဆက်ပေးချင်ပါတယ်။ နာမည်အသစ်လေးကတော့ “Beyond Shooting Stars and Science” ပါတဲ့… 💫🔭🌌

အရင်က Camping under Meteor Shower လို့ခေါ်ဆိုတဲ့အခါမှာ အခြားသော camping တွေနဲ့ မှားလေ့ရှိကြတာကြောင့်ပေါ့…တကယ်တော့ camping ဆိုတာထက်ပိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီ event လေးမှာဆိုရင် အာကာသ ကောင်းကင်အကြောင်းကို သိပ္ပံနည်းကျသိရှိနိုင်မယ့်အပြင် ကြယ်ကြွေတာကြည့်တဲ့အခါ အကောင်းဆုံးအတွေ့အကြုံတွေရစေဖို့ မီးအလင်းရောင်တွေကို adjust လုပ်ထားတာတွေ၊ ရာသီဥတုအခြေအနေ လအလင်းရောင်ရရှိမယ့်အခြေအနေတွေက အစ တွက်ချက်ပြီး နေရာအနေအထားတွေကို စီစဉ်ထားတာမျိုးတွေ ပါဝင်လို့ပေါ့...

ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံး အခြားဘယ်မှာမှ မရနိုင်ဘဲနဲ့ ဒီ event လေးမှာပဲ ရနိုင်တဲ့ အဓိက ထူးခြားချက်လေး (၂)ချက်ရှိပါတယ်…

🏆 MASES - Myanmar Astronomy & Science Enthusiasts Society နဲ့ပူးပေါင်းပြီး စီစဉ်တာဖြစ်တာကြောင့် The International Astronomical Union ရဲ့ Dark Skies Ambassador တဖြစ်လဲ National Outreach Coordinator တစ်ဦးကနေ ညကောင်းကင်ကြီး အကြောင်းကို သိပ္ပံနည်းကျရှင်းပြတာရယ်၊

🏆 လူမျက်စိနဲ့ ကြည့်လို့ မမြင်နိုင်တဲ့ ဂြိုဟ်တွေ၊ ကြယ်တာရာတွေကိုကြည့်ရှူနိုင်ဖို့လည်း ကြယ်ကြည့်မှန်ပြောင်း (Astronomical Telescope) အကြီးကြီးတွေ ရှိနေတာပါပဲ။ 🌠💫🔭

အဓိက ဦးတည်တာကတော့ အာကာသ ကောင်းကင်အကြောင်းကို သိပ္ပံနည်းကျ ပိုမိုသိရှိချင်သူတွေ၊ မြို့ပြအလင်းရောင်ဝေးရာမှာ ကြယ်တွေကြွေတာကို တဝကြီးထိုင်ကြည့်ချင်သူတွေ အတွက် event လေးတစ်ခုပေါ့…

ဒါ့ကြောင့် တမူထူးခြားတဲ့ အတွေ့အကြုံတွေရရှိမယ့် “Beyond Shooting Starts and Science” Event လေး အကြောင်းကို မကြာခင်မှာ အသေးစိတ်လေးတွေ ထပ်ပြီးပြောပြမယ်နော်….

Stay Tuned 🌱💫🏕️


အရင်နှစ်တွေကလို ကြယ်မိုးအများဆုံးရွာတဲ့ညမှာ Camping under Meteor Shower Event လေး လုပ်ဦးမှာလားလို့ မေးလာကြလို့... Organi...
19/10/2024

အရင်နှစ်တွေကလို ကြယ်မိုးအများဆုံးရွာတဲ့ညမှာ Camping under Meteor Shower Event လေး လုပ်ဦးမှာလားလို့ မေးလာကြလို့...

Organizer တွေက စတင် စီစဉ်နေပြီဆိုတဲ့ အကြောင်းလေး လက်တို့ချင်ပါတယ်။🌿🌻

Camping under Meteor Shower ဆိုတာကတော့ ကြယ်မိုးရွာတဲ့ ညမှာ တဖြုတ်ဖြုတ်ကြွေနေတဲ့ ကြယ်တွေကို တဝကြီး ထိုင်ကြည့်ရင်း ညကောင်းကင်ရဲ့ အံ့ဖွယ်ရာအကြောင်း၊ ကြယ်တာရာတွေအကြောင်းကို ပိုပြီး သိနားလည်နိုင်ဖို့ ရည်ရွယ်ပါတယ်။ အပိုဆုလေးအနေနဲ့ကတော့ လူမျက်စိနဲ့ သေချာမမြင်နိုင်တဲ့ ကြယ်တွေ၊​ ဂြိုလ်တွေကို ကြယ်ကြည့်မှန်ပြောင်းနဲ့ ကြည့်ရမှာပါ။ camping experience ဆိုတာထက်ပိုပါတယ်နော်...

ဒီနှစ်မှာလည်း နိုင်ငံတကာက ကြယ်တာရာ ဝါသနာရှင်တွေ၊ ပညာရှင်တွေ စုစည်းထားတဲ့ The International Astronomical Union ရဲဲ့ Dark Skies Ambassadors တွေပါဝင်တဲ့ MASES - Myanmar Astronomy & Science Enthusiasts Society နဲ့ အပြင် Kha Yee Sin - ခရီးစဉ် နဲ့လည်းပူးပေါင်းလုပ်ဆောင်သွားမှာပါ…

ဒီနှစ်မှာ ကြယ်တွေအများဆုံးကြွေမယ့် နေ့လေးကတော့ ဒီဇင်ဘာလ (၁၃)ရက်နေ့ဆိုတော့ save the date နော် ✨💫

အသေးစိတ်အချက်အလက်လေးတွေအတွက် Stay Tuned 🥳

ညကောင်းကင်အကြောင်းကို စိတ်ဝင်စားပြီး ကြယ်တာရာတွေအကြောင်းကို ပိုသိချင်တဲ့သူရှိလား????  At Kalaw က နေ သတင်းကောင်းလေး တစ်ခု...
26/01/2024

ညကောင်းကင်အကြောင်းကို စိတ်ဝင်စားပြီး ကြယ်တာရာတွေအကြောင်းကို ပိုသိချင်တဲ့သူရှိလား???? At Kalaw က နေ သတင်းကောင်းလေး တစ်ခုကို ယူဆောင်လာပါတယ်။

At Kalaw အနေနဲ့ Galaxy Nights, Bright Delights ဆိုတဲ့ ကြယ်ကြည့်ပွဲလေးတစ်ခုကို ဖေဖော်ဝါရီ (၁၁)ရက်နေ့မှာ စီစဉ်ထားတဲ့အကြောင်း အသိပေးချင်ပါတယ်။

🔭 At Kalaw က စီစဉ်နေကျ ကြယ်ကြည့်ပွဲတွေရဲ့ထုံးစံအတိုင်း တမူထူးခြားချက်လေးတွေပါဝင်မှာပါ။ ဘာလဲဆိုတော့ ဂြိုဟ်တွေ၊ ကြယ်တာရာတွေ ကိုကြည့်ရှူနိုင်ဖို့ ကြယ်ကြည့်မှန်ပြောင်း (Astronomical Telescope) တွေလည်း ပြင်ဆင်ထားပါမယ်။ 🌠💫🔭

📢✅ နိုင်ငံတကာက ကြယ်တာရာဝါသနာရှင်တွေ၊ ပညာရှင်တွေ စုစည်းထားတဲ့ The International Astronomical Union ရဲ့ Dark Skies Ambassador တဖြစ်လဲ National Outreach Coordinator တစ်ဦး \ကနေ ညကောင်းကင်ကြီး အကြောင်းကို သိပ္ပံနည်းကျရှင်းပြမယ်။ သိလိုတာတွေလည်း မေးလို့ရမယ်။

🧩ဒါ့အပြင် ကြယ်တာရာတွေအကြောင်း ပိုသိနိုင်မယ့် ပျော်စရာ quiz အစီအစဉ်လေးလည်း ပါမယ်။ 🧩

Babylon Trekking & Campingနဲ့ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပြီး သဘာဝတရားကိုချစ်မြတ်နိုးတဲ့သူတွေရဲ့အကြိုက် နေရာလေးတစ်ခုမှာ ကျင်းပမယ့်ပွဲ ဖြစ်တာကြောင့် ပျော်ရွှင်စရာတွေပြည့်နေတဲ့ camping night လေး ဖြစ်နေမှာဆိုတာတော့ အသေအချာပါပဲ။

ဇန်နဝါရီလ (၃၁)ရက်နေ့ မတိုင်ခင် Package ဝယ်ယူရင်တော့ Early Bird Discount အဖြစ် ၁၀% Discount ရရှိမှာနော်… 🥳 ကြယ်ကလေးတွေကို အတူတူကြည့်ပြီး ကြယ်တာရာတွေအကြောင်းကို ပိုလေ့လာကြဖို့ Babylon မှာ ဆုံကြမယ်နော်…

Camping under Meteor Shower 2023 @ Kalaw မှာ မပါဝင်လိုက်ရတဲ့သူတွေအတွက်ရော၊ ကြယ်မိုးအများဆုံး ရွာမယ့် နောက်နှစ် ဒီဇင်ဘာ အ...
20/12/2023

Camping under Meteor Shower 2023 @ Kalaw မှာ မပါဝင်လိုက်ရတဲ့သူတွေအတွက်ရော၊ ကြယ်မိုးအများဆုံး ရွာမယ့် နောက်နှစ် ဒီဇင်ဘာ အထိ မစောင့်ချင်ဘူး၊ ကြယ်တွေကြွေတာ ကြည့်ချင်နေပြီဆိုသူတွေအတွက် သတင်းကောင်းလေး ရှိပါတယ်…​

တစ်နှစ်တာလုံးမှာ ကြယ်တွေ ကြွေတဲ့ဖြစ်စဉ်တွေက တစ်နှစ်ကို အကြိမ်ရေများစွာဖြစ်လေ့ရှိပေမယ့် အရေအတွက် များများ မြင်ရတဲ့ အကြိမ်ကတော့ နည်းပါတယ်။

ဒါပေမယ့် လာမယ့် ဇန်နဝါရီ လ (၃) ရက်နေ့ ညမှာ ကျဆင်းမယ့် ကြယ်ကြွေဖြစ်စဉ်က တစ်နာရီ ကို အနည်းဆုံး (၆၀)လုံးလောက် ကြယ်ကြွေတာမြင်ရနိုင်တာကြောင့် အရေအတွက်များတဲ့ ဖြစ်စဉ်ထဲမှာ ပါဝင်ပြီးတော့ (၂၀၂၄)ခုနှစ်အတွက် ပထမဆုံး ကြယ်မိုးရွာတဲ့ညကလေးပေါ့။ နောက်ရက် ဇန်နဝါရီ (၄) ရက် လွတ်လပ်ရေးနေ့ ညမှာလည်း ကြယ်မိုးရွာခြင်းက အရေအတွက် နည်းသွားပေမယ့် ဆက်လက် မြင်တွေ့ရမှာပါ။

ဒါ့ကြောင့် MASES - Myanmar Astronomy & Science Enthusiasts Society အနေနဲ့ At Kalaw နဲ့ Kha Yee Sin - ခရီးစဉ် တို့နဲ့ ထပ်မံပူးပေါင်းပြီး (၂၀၂၄)ခုနှစ်အတွက် ပထမဆုံး ကြယ်မိုးရွာခြင်းကို မြင်တွေ့ရမယ့် ညဖြစ်တဲ့ ဇန်နဝါရီလ (၄) ရက်နေ့မှာ Camping Under 1st Meteor Shower of 2024 ပွဲလေးကို စီစဉ်ထားရှိပါတယ်။

🔭 ဒီပွဲလေးရဲ့ ထုံးစံအတိုင်း တမူထူးခြားချက်က ဘာလဲဆိုတော့ဂြိုဟ်တွေ၊ ကြယ်တာရာတွေကိုကြည့်ရှူနိုင်ဖို့ လည်း ကြယ်ကြည့်မှန်ပြောင်း (Astronomical Telescope) တွေလည်း ရှိပါမယ်။ 🌠💫🔭

📢✅ ဒါ့အပြင် နိုင်ငံတကာက ကြယ်တာရာဝါသနာရှင်တွေ၊ ပညာရှင်တွေ စုစည်းထားတဲ့ The International Astronomical Union ရဲ့ Dark Skies Ambassador တဖြစ်လဲ National Outreach Coordinator တစ်ဦးကနေ ညကောင်းကင်ကြီး အကြောင်းကို သိပ္ပံနည်းကျရှင်းပြမယ်။ သိလိုတာတွေလည်း မေးလို့ရမယ်။

🧩ကြယ်တာရာတွေအကြောင်း ပိုသိနိုင်မယ့် ပျော်စရာ quiz အစီအစဉ်လေးလည်း ပါမယ်။ 🧩

🏕️Camping ထုံးစံအတိုင်း Tent လေးတွေ စီစဉ်ထားမယ် ⛺️🏕️
🔥ဒီဇင်ဘာ ရှမ်းပြည်အအေးဓာတ်ကို အံတုကြဖို့ မီးပုံပွဲလေး ရှိမယ် 🔥
🍲🍡အစားအသောက်လေးတွေ ပြင်ဆင်ထားမယ် 🍡🍲

Camping Under 1st Meteor Shower of 2024 ရဲ့ ဈေးနှုန်းလေးကတော့ (၁၀၀,၀၀၀)ကျပ်ပါ 🥳
ဒီ့ထက်ပို သိချင်တာတွေရှိရင်လည်း Chat Box ကိုလာခဲ့ပါ… ဒါမှမဟုတ် 09-953303090, 09 5109622, 09250789486 တို့ကို ဖုန်းဆက်ပြီး လှမ်းမေးလိုက်နော်…

ဒီနှစ်အတွက် ကြယ်တွေအများဆုံးကြွေတဲ့ ဒီဇင်ဘာလ (၁၄) ရက်နေ့လေးမှာ ကျင်းပခဲ့တဲ့ Camping Under Meteor Shower 2023 event လေးက ...
18/12/2023

ဒီနှစ်အတွက် ကြယ်တွေအများဆုံးကြွေတဲ့ ဒီဇင်ဘာလ (၁၄) ရက်နေ့လေးမှာ ကျင်းပခဲ့တဲ့ Camping Under Meteor Shower 2023 event လေးက ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ဒီနှစ်မှာ At Kalaw အနေနဲ့ MASES - Myanmar Astronomy & Science Enthusiasts Society နဲ့ official collaborate လုပ်ဖြစ်တဲ့အပြင် Kha Yee Sin - ခရီးစဉ် ကလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဒီ event လေးကို Kha Yee Sin ရဲ့ Nature's Nirvana Campsite လေးမှာ ကျင်းပဖြစ်ခဲ့တာပါ။ ကြယ်မိုးရွာတယ်ဆိုတဲ့အတိုင်း တစ်ညလုံးနီးပါး မအိပ်ဘဲ ထိုင်ကြည့်သူတွေဆို ကြယ်တွေကြွေတာ အလုံး (၁၅၀) ကျော် တွေ့ကြသတဲ့.. ပျော်စရာနော်…

တစ်ညတာလုံး တဖျောက်ဖျောက်ကြွေနေတဲ့ ကြယ်ကလေးတွေကို အတူတူကြည့်ကြရတဲ့အပြင် The International Astronomical Union ရဲ့ Dark Skies Ambassador တဖြစ်လဲ National Outreach Coordinator တစ်ဦးနဲ့ MASES အဖွဲ့ဝင် သိပ္ပံဆရာမ တစ်ဦးတို့က ညကောင်းကင်ကြီး အကြောင်းကို သိပ္ပံနည်းကျရှင်းပြပြီး သိလိုတာတွေလည်း မေးလို့ရတဲ့ ဘယ်မှာမှ မရနိုင်တဲ့ အတွေ့အကြုံလေးတွေ ရခဲ့လို့ ကျေနပ်ပျော်ရွှင်ကြမယ်လို့လည်း ယုံကြည်ပါတယ်။

ဒီပွဲလေးအတွက် Exclusive Offer လေးတွေ ပံ့ပိုးပေးကြတဲ့ I wish you were here Clothing Brand ၊ Kha Yee Sin - ခရီးစဉ် ၊ WUNJO Bar၊ Good Good Coffee နဲ့ May Myo Spa တို့ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

နောက်နှစ် ကြယ်မိုးရွာတဲ့နေ့မှာ ပြန်ဆုံကြမယ်နော်…

📸 The Razi Studio

Can’t wait to enjoy Meteor Shower with you At Kalaw 🔭💫🌟🎉🌱
13/12/2023

Can’t wait to enjoy Meteor Shower with you At Kalaw 🔭💫🌟🎉🌱


နှစ်တိုင်းမှာ ကြယ်မိုးရွာတယ်လို့တောင် တင်စားကြတဲ့ ကြယ်တွေအများဆုံးကြွေမယ့် ရက်မှာပြုလုပ်မယ့် Camping under Meteor Shower...
01/12/2023

နှစ်တိုင်းမှာ ကြယ်မိုးရွာတယ်လို့တောင် တင်စားကြတဲ့ ကြယ်တွေအများဆုံးကြွေမယ့် ရက်မှာပြုလုပ်မယ့် Camping under Meteor Shower လေးရောက်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တယ်နော်…

Camping under Meteor Shower event လေးကို လေးမှာ ပါဝင်ကြသူတွေအတွက် Exclusive Offer လေးတွေ ရှိကြောင်း ပြောပြပေးချင်ပါတယ်။

Event Ticket လေးကို သုံးပြီးတော့
✨✨ I wish you were here clothing brand မှာ ဝယ်ယူရင် ဘယ် item မဆို ၃၀%
🍹🍹 WUNJO Bar ကနေလည်း ၁၅% နဲ့
⛰️⛰️ Kha Yee Sin - ခရီးစဉ် ရဲ့ တောင်တက်ခရီးစဉ်တွေကနေလည်း ၁၀% Discount တွေ ရရှိမှာပါ။

ဒီ exclusive offer လေးတွေကို အသုံးပြုနိုင်ဖို့ Package ဝယ်ယူထားပြီးသူတွေကို နံပတ်စဉ်အလိုက် ticket လေးတွေ ပွဲနေ့မှာ ပေးမယ်နော်..

ကြယ်မိုးရွာမယ့် ဒီဇင်ဘာ (၁၄) ရက်နေ့လေးမှာ တစ်ညတာလုံး တဖျောက်ဖျောက်ကြွေနေမယ့် ကြယ်ကလေးတွေကို အတူတူကြည့်ပြီး ကြယ်တာရာတွေအကြောင်းကို ပိုလေ့လာကြရအောင်…

ဒီနှစ်မှာတော့ At Kalaw က MASES - Myanmar Astronomy & Science Enthusiasts Society နဲ့ Kha Yee Sin - ခရီးစဉ် တို့နဲ့ ပူးပေ...
13/11/2023

ဒီနှစ်မှာတော့ At Kalaw က MASES - Myanmar Astronomy & Science Enthusiasts Society နဲ့ Kha Yee Sin - ခရီးစဉ် တို့နဲ့ ပူးပေါင်းစီစဉ်ဖြစ်ပါတယ်… အသေးစိတ်အချက်အလက်လေးတွေနဲ့ Package ဈေးနှုန်းလေးကို သိချင်ရင် Page Messenger မှာ မေးလို့ရသလို 09953303090 ကိုလည်း ဆက်ပြီး မေးလို့ရတယ်နော်…

အရင်နှစ် ကြယ်မိုးရွာတဲ့နေ့မှာ At Kalaw က စီစဉ်ဖြစ်ခဲ့တဲ့ Camping Under Meteor Shower ပွဲလေးပေါ့ 🌲✨💫🏕️🔭
12/11/2023

အရင်နှစ် ကြယ်မိုးရွာတဲ့နေ့မှာ At Kalaw က စီစဉ်ဖြစ်ခဲ့တဲ့ Camping Under Meteor Shower ပွဲလေးပေါ့ 🌲✨💫🏕️🔭

Address

Kalaw

Website

Alerts

Be the first to know and let us send you an email when At Kalaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category