29/03/2023
မြန်မာလို ကြယ်ပန်းလို့ခေါ်တဲ့ baby's breath ပန်းလေးတွေရဲ့အဓိပ္ပါယ်က အပြစ်ကင်းခြင်း မျှော်လင့်ချက်နဲ့ ကြာရှည် ခိုင်မြဲတဲ့ ချစ်ခြင်းပါတဲ့ အနောက်နိုင်ငံတွေမှာ မိခင်အသစ်တွေ
အတွက် ကံကောင်းခြင်းယူဆောင်လာပေးတဲ့အထိမ်းမှတ်အနေနဲ့ ပေးတတ်ကြလို့ baby breath လို့ခေါ်ကြတာပါ လေးနက်တဲ့ ချစ်ခြင်းတရားကို ဖော်ကြူးတဲ့ ပန်းလေးမို့ လက်ထပ်မင်္ဂလာပွဲတွေမှာလည်း အများပြား အလှဆင်တတ်ကြပါသေးတယ်သတို့သမီးလက်ကိုင်ပန်းစည်းမှာလည်း အသုံးပြုတတ်ကြပြီး လက်ဆောင် ပန်းစည်းတွေမှာဆိုရင်လည်း florist များ
က ထည့်သွင်းအသုံးပြုတတ်ကြပါသေးတယ် သဘာဝအရောင်က ပန်းရောင်နဲ့အဖြူရောင်ပဲရှိတာပါ ကျန်တဲ့အရောင်တွေက ဆေးဆိုးထားလို့ရတဲ့အရောင်တွေပါ အမျိုးစားပေါင်း ရာကျော်ရှိပြီး သူနေရာဒေသ မျိုးစိတ်ပေါ်မူတည်ပြီး ပုံစံတွေကွဲနေကြတာပါ ပုံစံတွေ ဘယ်လိုပဲကွဲကွဲ သူတို့လေးတွေကချစ်စရာကောင်းပြီး မြင်သူတကာ နှစ်သက်တဲ့ ပုံပန်းသွင်ပြင်ကတော့ ဘယ်တော့မှ ပျောက်မသွားပါဘူး
ချစ်ခင်မြတ်နိုးရသူအတွက်ရည်စူးတဲ့ အချစ်သီချင်း ကဗျာ လှလှလေးတွေမှာလည်း ကြယ်ပန်းလေးတွေကို ထည့်သွင်းရေးဖွဲ့တတ်ကြပါသေးတယ် မေတ္တာ တရားကို ဖော်ပြဖို့ ပေးတတ်ကြတဲ့ ပန်းတွေအများကြီးထဲကမှ ကြယ်ပန်းလေးတွေက နက်ရှိုင်းတဲ့ အဓိပ္ပါယ်နဲ့ ဖြူစင်တဲ့ ချစ်ခြင်းတရားတွေပေါင်းစပ်ထားတဲ့ ချစ်စရာပန်းလေးတွေဖြစ်နေကြတာပါ နောက်ဆုံးအနေနဲ့ မင်းတစ်ယောက်တည်းကိုပဲ သက်ဆုံးတိုင်ထိချစ်နေမှာဆိုတဲ့ long lasting loveကို ဖော်ညွှန်းနိုင်လို့ ချစ်သူချင်းဖြစ်ဖြစ် ကိုယ့်crushလေးကို ကြူးချင်တဲ့အခါဖြစ်ဖြစ် ပေးလို့ အရမ်းကောင်းတဲ့ ပန်းလေးဆို ကြယ်ပန်းလေးက လက်ညှိုးထိုးမလွဲပါပဲနော် 🤍🤍
#ကြယ်ပန်း