ရွှေသပြေမြိုင်

ရွှေသပြေမြိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေသပြေမြိုင်, Florist, Naypyidaw.

နေပြည်တော် သပြေအမြစ်တုံး အလှတွေ မနက်ဖြန်ကစပြီးပြန်ရပါပြီရှင့် ကျန်းမာရေးကြောင့် နားနေရချိန် ပို့ရန်အမှာများစောင့်ပေးသူ တ...
07/02/2024

နေပြည်တော် သပြေအမြစ်တုံး အလှတွေ မနက်ဖြန်ကစပြီးပြန်ရပါပြီရှင့် ကျန်းမာရေးကြောင့် နားနေရချိန် ပို့ရန်
အမှာများစောင့်ပေးသူ တစ်ယောက်ချင်းစီကိုလဲ
ရွှေသပြေမြိုင်မှ ကျေးဇူးအများကြီးတင်ပါတယ် 🙏

ဆောင်းရာသီ အပွင့်ပန်းပေါပြီး အလှူခံတာကြောင့် သပြေခင်းလျော့ဖြတ်ဖြစ်တာရယ် အညွှန့်ထွက်ကြာတာရယ်ကြောင့် ဇန်နဝါရီလထဲ သပြေအမြစ်...
08/01/2024

ဆောင်းရာသီ အပွင့်ပန်းပေါပြီး အလှူခံတာကြောင့် သပြေခင်း
လျော့ဖြတ်ဖြစ်တာရယ် အညွှန့်ထွက်ကြာတာရယ်ကြောင့် ဇန်နဝါရီလထဲ သပြေအမြစ်တုံး ရချိန်ကြာပါမယ်ရှင့်
ရွှေသပြေမြိုင်မှ ဝယ်ယူအားပေးသူ တစ်ယောက်ချင်းကို
ကျေးဇူးအများကြီးတင်ပါတယ်🙏

ဆောင်းရာသီ ပန်းအညွှန့်ထွက်တာကြာချိန်မို့ အမှာတွေကြာသွားတာပါရှင်😊ပို့ရန်ကျန်သူများကို နောက်၂ရက်နေပို့ပေးပါမယ်ရှင့်☺ခရီးသွ...
05/01/2024

ဆောင်းရာသီ ပန်းအညွှန့်ထွက်တာကြာချိန်မို့ အမှာတွေ
ကြာသွားတာပါရှင်😊
ပို့ရန်ကျန်သူများကို နောက်၂ရက်နေပို့ပေးပါမယ်ရှင့်☺

ခရီးသွားချိန်၁၀ရက်အကြာကို စောင့်ပြီး ဝယ်ယူအားပေးသော ရွှေသပြေမြိုင်ရဲ့ beloved costumer များကိုလဲ ကျေးဇူးအထူးတင်ပါတယ်🙏

🌿နှစ်သစ်ဆုမွန်ကောင်း 🌿🌿 ၂၀၂၄ ခုနှစ် နှစ်သစ် အချိန်အခါမှ စ၍ ...🌿ကမ္ဘာသူ ကမ္ဘာသား အားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်...
01/01/2024

🌿နှစ်သစ်ဆုမွန်ကောင်း 🌿

🌿 ၂၀၂၄ ခုနှစ် နှစ်သစ် အချိန်အခါမှ စ၍ ...

🌿ကမ္ဘာသူ ကမ္ဘာသား အားလုံး

စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း
နှင့် ပြည့်စုံကြပါစေ 🙏

🌿ဘေးအန္တရာယ် ခပ်သိမ်း
ကင်းငြိမ်းကျပါစေ 🙏

🌿အညံ့တွေ ပပျောက်လို့ ကောင်းကျိုးမင်္ဂလာအဖြာဖြာ
ရရှိပိုင်ဆိုင်နိုင်ပါစေ 🙏

🌿အလုပ်အကိုင်တွေ ပိုမိုအဆင်ပြေလို့
စီးပွားလာဘ်လာဘများ ဆထက်ထမ်းပိုး
တိုးတက်ကြပါစေ🙏

🌿စိတ်ညစ်စရာများဝေးပြီး အေးချမ်းပျော်ရွှင်စရာ
များကိုသာ ပိုင်ဆိုင်ပါစေကြောင်း
ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်🙏

🌿 Hello sweet December 🤗 🌿
01/12/2023

🌿 Hello sweet December 🤗 🌿

တကယ့်ကိုလူဖြစ်ရကျိုးနပ်အောင်🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿လူ့ဘဝရောက်လာပြီးတဲ့အခါမှာ မတွေးသင့်တာ မတွေးဖို့၊မပြောသင့်တာ မပြောဖို့၊ မလုပ်သင့်တ...
30/11/2023

တကယ့်ကိုလူဖြစ်ရကျိုးနပ်အောင်
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

လူ့ဘဝရောက်လာပြီးတဲ့အခါမှာ မတွေးသင့်တာ မတွေးဖို့၊မပြောသင့်တာ မပြောဖို့၊ မလုပ်သင့်တာ မလုပ်ဖို့ အသိတရားနဲ့သတိတရား အခြေခံအားဖြင့် ရှိနေပြီဆိုရင် တစ်ပိုင်းအားဖြင့် လူဖြစ်ကျိုးနပ်ပြီလို့ ပြောရမယ်နော်။

သို့သော် ဒီထက်လူဖြစ်ကျိုးနပ်အောင် လုပ်လို့ရသေးတယ်။

အများကြီးရှိသေးတယ်။
ဒါက Foundation အခြေခံပဲ ရှိသေးတယ်။

လူ့ဘဝရောက်လာလို့ အရင်းမရှုံးရုံ ရှိသေးတယ်။ အမြတ်မရသေးဘူး။

အမြတ်ရဖို့ဆိုရင် ဘာလုပ်ရမလဲ။
အမြတ်ရဖို့ကျတော့ သူ့ထက်တစ်ဆင့်တက်ရဦးမယ်။

ဘာတွေကို နားလည်အောင်လုပ်ရမလဲဆိုရင် သြော် ..လူဆိုတာ ရုပ်နဲ့နာမ်နှစ်ခု ပေါင်းစပ်ထားတာဖြစ်တယ်။

တကယ်တော့ သတ္တဝါဆိုတာ မရှိဘူး၊သူဆိုတာလည်း မရှိဘူး၊ငါဆိုတာလည်း မရှိဘူး၊ယောက်ျားဆိုတာလည်း မရှိဘူး၊ မိန်းမဆိုတာလည်း မရှိဘူး။

တကယ်တော့ လူတိုင်းလူတိုင်းမှာ (ရုပ်နဲ့နာမ်ပဲ) ရှိတယ်လို့ သိရမယ်။

နောက်တစ်ခု(ဘယ်အရာမှ မမြဲဘူး)ဆိုတဲ့အသိ ရှိဖို့လိုတယ်။

(ရုပ်နဲ့နာမ်)နှစ်မျိုးတည်းရှိတယ်ဆိုတဲ့ အသိကလေး ၀ငျလာတာနဲ့တဈပွိုငျနကျ(တွယ်တာမှုတွေလျော့) လာတယ်၊လောဘကို လျှော့ချနိုင်တယ်၊ဒေါသကို လျှော့ချနိုင်တယ်၊ဘာဖြစ်လို့လဲဆိုတော့
မောဟက လျော့သွားတယ်။

ဒီအသိမျိုး သိလိုက်တာနဲ့တစ်ပြိုင်နက် လူဆိုတာ တစ်နေ့ကျတော့ သေကြမှာပဲ၊မာန်မာနတွေ ထားနေလို့လည်း မဖြစ်ဘူး။

ဒီအသိကလေး သိလိုက်တာနဲ့ ဘဝပေါ်မှာ တွယ်တာ တာ နည်းသွားတယ်။

ပစ္စည်းဥစ္စာပေါ်မှာ တွယ်တာတာ လျော့သွားတယ်။

မိသားစုအပေါ် တွယ်တာတာတွေ လျော့ကျလာနိုင်တယ်။

(တွယ်တာမှုလျော့)သွားတာနဲ့တစ်ပြိုင်နက်(သောက) ကလည်း လျော့သွားတာပဲ။

(အတွယ်အတာရှိမှ သောက)ရှိတာ၊ အတွယ်အတာမရှိရင် သောကမရှိဘူးလေ။

နိုင်ငံခြားတိုင်းပြည်မှာ ကိုယ်နဲ့မသိဘူးဆိုရင် အဲဒီနိုင်ငံမှာ ဘာဖြစ်ဖြစ် သောကမဖြစ်ဘူး၊ တွယ်တာမှုမှမရှိတာ။

သောကဆိုတာ ကိုယ်တွယ်တာတဲ့နေရာမှာဖြစ်တာ၊
မတွယ်တာရင် ဖြစ်ကိုမဖြစ်ဘူး။

အဲဒီတော့ သောကမဖြစ်ဘူးဆိုရင် လူရဲ့စိတ်ဟာ ဒီဘ၀တင်ပဲ ငြိမ်းချမ်းမှုရသွားတယ်။

ဒါကြောင့်မို့ လူဖြစ်ကျိုးနပ်အောင် တစ်ဆင့်တက်ကြမယ်။

ဘ၀ဆိုတာ ဘာနဲ့တည်ဆောက်ထားတာလဲ တစ်ဆင့်တက်သင်ကြားရလိမ့်မယ်။

ဘ၀ဆိုတာ ရုပ်နဲ့နာမ်နှစ်ခုနဲ့ တည်ဆောက်ထားတယ်။

အဲဒီရုပ်နဲ့နာမ်နှစ်ခုဟာ ဆိုင်ရာအကြောင်းတရားတွေကြောင့် ဖြစ်နေတယ်။

အဲဒီဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်တဲ့ ရုပ်နာမ်သည် မမြဲဘူး၊ထာ၀ရပြောင်းလဲနေတယ်။ဒါ ကြောင့် (အနိစ္စ)တဲ့။

(အနိစ္စ)ဆိုတာ ဖြစ်ပေါ်လာပြီးတော့ အမြဲတမ်းပြောင်းလဲပျက်စီးနေလို့ (အနိစ္စ)လို့ခေါ်တာ။

(ဒုက္ခ)ဆိုတာ အမြဲတမ်းကပ်ပြီးတော့ ဆင်းရဲဒုက္ခဖြစ်ပျက်မှုတွေနဲ့ နှိပ်စက်နေလို့ (ဒုက္ခ)လို့ခေါ်တာ။

အဲဒီလို ပြောင်းလဲမှုတွေနဲ့ နှိပ်စက်နေတဲ့ ရုပ်တရား နာမ်တရားကို အနှိပ်စက်မခံရအောင် ဘယ်သူမှ တွန်းလှန်ဖယ်ရှားလို့ မရဘူး။

တွန်းလှန်ဖယ်ရှားနိုင်တဲ့ တန်ခိုးပါဝါမရှိဘူး။

ကိုယ့်အလိုကျဖြစ်သလားဆိုတော့ မဖြစ်ဘူးတဲ့။

လူဆိုတာ အမြဲတမ်း ငယ်ငယ်ရွယ်ရွယ် ချောချောလှလှလေး နေချင်ကြတယ်၊မအိုချင်ကြဘူး၊ အဲဒီအတိုင်း ဖြစ်သလား၊ မဖြစ်ပါဘူး။

အဲဒီလိုမဖြစ်တာ ကိုယ့်ဆန္ဒအတိုင်း မဖြစ်တာပဲ။

ကိုယ့်အလိုအတိုင်းမဖြစ်တာ အနတ္တ။ အဲဒီသဘောကို သိလာလို့ရှိရင် ခုနကထက် အဆင့်မြင့်လာတဲ့အသိမျိုး ရလာလိမ့်မယ်။

(ကံ၊ ကံ)၏အကျိုးကို ယုံကြည်တာက (ကောင်းရာဘ၀ပဲရောက်နိုင်တာ)၊ နိဗ္ဗာန်မရောက်နိုင်သေးဘူး။

အခုလိုအမြင်မျိုး မြင်လာပြီဆိုရင်တော့ တစ်ဆင့်တက်ပြီး နိဗ္ဗာန်လမ်းကြောင်းပေါ် ရောက်လာတယ်လို့ ပြောလို့ရတယ်။

အေး ... တစ်ဆင့်တက်ပြီး ကျင့်ကြံကြိုးကုတ်အားထုတ်ကြမယ်ဆိုလို့ရှိရင် ဘ၀သံသရာကြီးပေါ်မှာ
ငြီးငွေ့တဲ့အသိဉာဏ်တွေ ရလာမယ်။

လွတ်ချင်တဲ့အသိဉာဏ်တွေ ရလာမယ်။

ဘ၀သံသရာကြီးရဲ့ သဘာ၀တရားတွေကို အကုန်လုံးသိလာမယ်။

ရုပ်တရား၊ နာမ်တရားတွေရဲ့
သဘာ၀တရားတွေကို အကုန်သိလာပြီးတော့ နောက်ဆုံးမှာ တွယ်တာမှုတွေ၊ အမြင်မှားမှုတွေ၊ သံသယဖြစ်မှုတွေ အားလုံးကို ပယ်ရှားပစ်နိုင်တဲ့အဆင့်ရောက်နိုင်ရင် လောကကြီးအတွက် ဘာမှသောကမဖြစ်ဘဲနဲ့ ငြိမ်းချမ်းတဲ့ဘ၀မျိုးကို ရသွားမှာပါတဲ့။

အဲဒီလို ငြိမ်းချမ်းတဲ့ဘ၀မျိုး စိတ်ဓာတ်လေးငြိမ်းအေးသွားတဲ့
အဆင့်ရောက်ရင် လူဖြစ်ရကျိုးနပ်နေပြီ။

အဲဒီကျတော့မှ အပြည့်အ၀ လူဖြစ်ရကျိုးနပ်တယ်။

အခြေခံအားဖြင့်
ကုသိုလ်ကမ္မပထတရားဆယ်ပါးကို ကျင့်သုံးရင် လူဖြစ်ရကျိုးနပ်ပါတယ်။

ဒီထက်တစ်ဆင့်တက်ပြီးတော့ ဝိပဿနာကျင့်စဉ်ကိုကျင့်လို့ မဂ်တရား ဖိုလ်တရားရသွားပြီဆိုရင်တော့ တကယ့်ကို လူဖြစ်ရကျိုးနပ်ပြီလို့ မှတ်ရမယ်။

လူဖြစ်ရကျိုးနပ်ဖို့ တို့တစ်တွေ လုပ်ဖို့လိုတယ်နော်။

အခြေခံအုတ်မြစ်မချဘဲနဲ့ အထက်ကိုတက်ဖို့ဆိုတာ အတော်ခဲယဉ်းတယ်။

ဒါကြောင့် ပထမအခြေခံလေးကို ရအောင်လုပ်ရမယ်။

အခြေခံရပြီးတဲ့အခါ အထက်ကိုတက်နိုင်အောင် ကြိုးစားရမယ်။

ဒီလိုကြိုးစားမှ တို့တစ်တွေဟာ လူဖြစ်ရကျိုးနပ်မှာ။

ဒါကြောင့် တရားချစ်ခင်သူတော်စင်ပရိသတ်တို့သည် ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားဓမ္မကို လိုက်နာကျင့်သုံးခြင်းဖြင့် မိမိတို့ရရှိလာတဲ့လူ့ဘ၀ တန်ဖိုးရှိရှိနဲ့ လူဖြစ်ရကျိုးနပ်အောင် ကျင့်ဆောင်နိုင်ကြပါစေကုန်သတည်း။ ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏

#ပါချုပ်ဆရာတော် #တရားမှတ်စု

တန်ဆောင်မုန်းလပြည့်နေ့ ပင့်သကူအလှူရဲ့winner လေးပါရှင့် 😍
27/11/2023

တန်ဆောင်မုန်းလပြည့်နေ့ ပင့်သကူအလှူရဲ့
winner လေးပါရှင့် 😍

26/11/2023

🌿 တန်ဆောင်မုန်းလပြည့်နေ့အတွက် ပင့်သကူ
အလှူလေးပါ 😊
🌿 ယခု post ကို like & share လုပ်ပြီး screenshot လေး ment သူများထဲမှ
တစ်ယောက်ကို သပြေအမြစ်တုံး ၁၈၀၀၀ ကျပ်ဖိုး
🌿 ရွှေသပြေမြိုင် 🌿 မှ ပို့ပေးမှာဖြစ်ပါတယ်ရှင့်😍

27.11.2023 ည ၉နာရီ ဆို commentpicker ဖြင့် winnerလေး သိရမှာပါရှင့်😊

ပန်းစိတ်တိုင်းကျ လှမှ ပို့တာမို့ ဒီနေ့ တန်ဆောင်မုန်းလပြည့် အမှီ အမှာ အရေအတွက် ၁၂၀ အကုန် အလှတွေ ရပြီး ပို့ပေးနိုင်လို့ စိ...
25/11/2023

ပန်းစိတ်တိုင်းကျ လှမှ ပို့တာမို့ ဒီနေ့ တန်ဆောင်မုန်း
လပြည့် အမှီ အမှာ အရေအတွက် ၁၂၀ အကုန်
အလှတွေ ရပြီး ပို့ပေးနိုင်လို့ စိတ်ချမ်းသာရပါတယ် 😊
မြို့အသီးသီးမှ ဝယ်ယူအားပေးသူ တစ်ယောက်ချင်း
ရွှေသပြေမြိုင်မှ ကျေးဇူးအများကြီးတင်ပါတယ် 🙏

Giveaway winner လေးအတွက်ပါရှင့်😍
23/11/2023

Giveaway winner လေးအတွက်ပါရှင့်😍

🌿 သပြေအမြစ်တုံး 25000ဖိုး 🌿🌿 Giveaway winner လေးပါရှင့် 😍 🌿🌿  မမရေ cbမှာ လှူချင်တဲ့ ပန်းဆိုဒ် နဲ့ 🌿🌿  လိပ်စာ ph no​ လေးပ...
13/11/2023

🌿 သပြေအမြစ်တုံး 25000ဖိုး 🌿
🌿 Giveaway winner လေးပါရှင့် 😍 🌿
🌿 မမရေ cbမှာ လှူချင်တဲ့ ပန်းဆိုဒ် နဲ့ 🌿
🌿 လိပ်စာ ph no​ လေးပြောပေးထားပါရှင့်😍🌿

🌿 11.11 Shwe Thapyay Myaing sale 😍 🌿🌿9ရက်နေ့ ည 9နာရီမှ 11ရက်နေ့ ည 11နာရီ ထိ 🌿🌿costumers အမှာများအတွက် extra 10%ပါရှင့်🌿🌿...
09/11/2023

🌿 11.11 Shwe Thapyay Myaing sale 😍 🌿
🌿9ရက်နေ့ ည 9နာရီမှ 11ရက်နေ့ ည 11နာရီ ထိ 🌿
🌿costumers အမှာများအတွက် extra 10%ပါရှင့်🌿
🌿 ရွှေသပြေမြိုင် Pageလေး ကို like & follow 🌿
🌿 ဒီPost လေးကို public နဲ့ share ပြီး 🌿
🌿 screenshot လေး ment ပေးသူများထဲမှ 🌿
🌿giveaway အနေဖြင့် ကံထူးသူတစ်ယောက်ကို🌿
🌿 သပြေအမြစ်တုံးရှယ် အလှ 25000 ဖိုး 🌿
🌿ပို့ပေးမှာပါရှင့် 🌿

ဆိုဒ်အကြီးအခင်းက မနေ့က ကုန်သွားပြီမို့ ပို့ရန်ကျန် costumer များကို နောက်၂ပတ်ကြာမှာပို့ဖြစ်မှာပါအလတ်ဆိုဒ် အလှများ ၉ရက်နေ...
07/11/2023

ဆိုဒ်အကြီးအခင်းက မနေ့က ကုန်သွားပြီမို့ ပို့ရန်
ကျန် costumer များကို နောက်၂ပတ်ကြာမှာ
ပို့ဖြစ်မှာပါ
အလတ်ဆိုဒ် အလှများ ၉ရက်နေ့ စရပါမည်ရှင့်

နေပြည်တော်သပြေခြံကနေ နေ့ချင်းတူးပန်းများကို ပို့တာမို့ ပန်းအလှ နဲ့ စျေးနှုန်းကို costumer အသစ်များ စိတ်ချစွာ မှာယူလို့ရပ...
03/11/2023

နေပြည်တော်သပြေခြံကနေ နေ့ချင်းတူးပန်းများကို ပို့တာမို့ ပန်းအလှ နဲ့ စျေးနှုန်းကို costumer အသစ်များ စိတ်ချစွာ မှာယူလို့ရပါတယ်ရှင့် 😍
ရွှေသပြေမြိုင်မှ ဝယ်ယူအား​ပေးသူ တစ်ယောက်ချင်း
ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် 🙏

Hello🤗The eleventh month of the year 😍
01/11/2023

Hello🤗
The eleventh month of the year 😍

သီတင်းကျွတ်လပြည့်အမှီ အမှာများကို ဒီနေ့ညနေကားဂိတ် အကုန်ပို့ပြီးပါပြီရှင့်😊မြို့အသီးသီးမှ ဝယ်ယူအားပေးသူ တစ်ယောက်ချင်းကို ...
27/10/2023

သီတင်းကျွတ်လပြည့်အမှီ အမှာများကို ဒီနေ့ညနေကားဂိတ် အကုန်ပို့ပြီးပါပြီရှင့်😊
မြို့အသီးသီးမှ ဝယ်ယူအားပေးသူ တစ်ယောက်ချင်းကို ရွှေသပြေမြိုင်မှ ကျေးဇူးတင်ပါရှင့် 🙏

မနက်ဖြန် အခင်းသစ် ဖောက်ပန်း စတူးတာမှာပါရှင့်😍
28/09/2023

မနက်ဖြန် အခင်းသစ် ဖောက်ပန်း စတူးတာမှာပါရှင့်😍

လပြည့်အမှီ နေပြည်တော်သပြေအမြစ်တုံး အလှများ ထပ်ရပါမည် 😊နေပြည်တော် သပြေခြံမှ နေ့ချင်းတူးပန်းများကို ပို့ပေးတာမို့ ပန်းသားအ...
25/09/2023

လပြည့်အမှီ နေပြည်တော်သပြေအမြစ်တုံး အလှများ ထပ်ရပါမည် 😊
နေပြည်တော် သပြေခြံမှ နေ့ချင်းတူးပန်းများကို ပို့ပေးတာမို့ ပန်းသားအလှ နှင့် စျေးနှုန်းကလဲ စိတ်ချစွာ
ဝယ်ယူအားလို့ ရပါတယ်ရှင့်😊

မိုးရေထဲ လှနေသော သပြေအမြစ်တုံးလေးတွေမနက်ဖြန် ထပ်ရပါမည် 😍
17/09/2023

မိုးရေထဲ လှနေသော သပြေအမြစ်တုံးလေးတွေ
မနက်ဖြန် ထပ်ရပါမည် 😍

နေပြည်တော် သပြေအမြစ်တုံး အလှတွေ မနက်ဖြန်ထပ်ရပါမယ်ရှင့်😍အခင်းက နေ့ချင်းတူး ပန်းများကို ပို့ပေးတာမို့ပန်းလေးတွေ ရောက်ရင် လ...
15/09/2023

နေပြည်တော် သပြေအမြစ်တုံး အလှတွေ မနက်ဖြန်
ထပ်ရပါမယ်ရှင့်😍
အခင်းက နေ့ချင်းတူး ပန်းများကို ပို့ပေးတာမို့
ပန်းလေးတွေ ရောက်ရင် လေလုံတဲ့နေရာ
ရေတစ်ည စိမ်ပြီးမှ လှူပေးပါနော်🙏

ကန့်ဘလူမြို့ကို ၂ရက်အကြာမှာ ရောက်သောသပြေအမြစ်တုံးလေးတွေ လှနေတာ 😍လွန်ခဲ့တဲ့ ၂နှစ်ထဲကနေ ခုချိန်ထိ ဝယ်ယူအားပေးလို့လဲ ကျေးဇူ...
05/09/2023

ကန့်ဘလူမြို့ကို ၂ရက်အကြာမှာ ရောက်သော
သပြေအမြစ်တုံးလေးတွေ လှနေတာ 😍
လွန်ခဲ့တဲ့ ၂နှစ်ထဲကနေ ခုချိန်ထိ ဝယ်ယူအားပေးလို့လဲ
ကျေးဇူးအများကြီးတင်ပါတယ် 🙏

ခုနံနက်အစောကားနဲ့ ကျောက်ပန်တောင်းပို့လိုက်တဲ့သပြေအမြစ်တုံးဆိုဒ်ကြီးအလှတွေ😍မနက်ဖြန်လဲ ဆိုဒ်ကြီးအလှတွေ ထပ်ရပါမည်😊
04/09/2023

ခုနံနက်အစောကားနဲ့ ကျောက်ပန်တောင်းပို့လိုက်တဲ့
သပြေအမြစ်တုံးဆိုဒ်ကြီးအလှတွေ😍
မနက်ဖြန်လဲ ဆိုဒ်ကြီးအလှတွေ ထပ်ရပါမည်😊

ကုသိုလ်ရအလုပ်လေးမို့ စိတ်​အေးချမ်းသာပီတိဖြစ်ရပါတယ်😊ဝယ်ယူအားပေးသူ တစ်ယောက်ချင်းစီကို ရွှေသပြေမြိုင်မှကျေးဇူးအများကြီးတင်ပ...
20/08/2023

ကုသိုလ်ရအလုပ်လေးမို့ စိတ်​အေးချမ်းသာ
ပီတိဖြစ်ရပါတယ်😊
ဝယ်ယူအားပေးသူ တစ်ယောက်ချင်းစီကို ရွှေသပြေမြိုင်မှ
ကျေးဇူးအများကြီးတင်ပါတယ် 🙏

ခုအခင်းက လှနေသော သပြေအမြစ်တုံးလေးတွေ 😍
19/08/2023

ခုအခင်းက လှနေသော သပြေအမြစ်တုံးလေးတွေ 😍

ကျောက်ပန်တောင်းက မမတွေအတွက် ရှယ်အကြီး အလှတွေ😍 တစ်ချို့ဆိုဒ်ကြီးဆို ပုံရိုက်လှဖို့အတွက် လက်ကြာကြာမထိန်းနိုင်ထူး😁
18/08/2023

ကျောက်ပန်တောင်းက မမတွေအတွက်
ရှယ်အကြီး အလှတွေ😍
တစ်ချို့ဆိုဒ်ကြီးဆို ပုံရိုက်လှဖို့အတွက် လက်ကြာကြာမထိန်းနိုင်ထူး😁

မနက်ဖြန်တူးအခင်းက ဆိုဒ်အကြီးအလှတွေ အများဆုံး ရပါမယ်ရှင့် 😍
17/08/2023

မနက်ဖြန်တူးအခင်းက ဆိုဒ်အကြီးအလှတွေ
အများဆုံး ရပါမယ်ရှင့် 😍

ကျောက်ပန်တောင်း မန္တလေး တောင်သာ ပဲခူး တောင်ငူ မြစ်ကြီးနား ပုသိမ် ရန်ကုန် မြဝတီ ရေနံချောင်း မြို့များမှ ဝယ်ယူအားပေးသူတစ်ယ...
29/07/2023

ကျောက်ပန်တောင်း မန္တလေး တောင်သာ ပဲခူး
တောင်ငူ မြစ်ကြီးနား ပုသိမ် ရန်ကုန် မြဝတီ
ရေနံချောင်း မြို့များမှ ဝယ်ယူအားပေးသူ
တစ်ယောက်ချင်းကို ရွှေသပြေမြိုင်မှ
ကျေးဇူးအများကြီးတင်ပါတယ် 🙏

ဝါဆိုလပြည့်နေ့ မရောက်မီ ခုစတူးအခင်းက သပြေအမြစ်တုံးအလှတွေများလို့ စိတ်​ချမ်းသာလိုက်တာ😍
19/07/2023

ဝါဆိုလပြည့်နေ့ မရောက်မီ ခုစတူးအခင်းက သပြေအမြစ်တုံးအလှတွေများလို့ စိတ်​ချမ်းသာလိုက်တာ😍

Address

Naypyidaw

Telephone

+959763437138

Website

Alerts

Be the first to know and let us send you an email when ရွှေသပြေမြိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေသပြေမြိုင်:

Videos

Share

Category