09/01/2025
2025 မှာ 4C ကျွမ်းကျင်သူတွေက ဝင်ငွေ ပိုကောင်းလိမ့်မယ်…❤️❤️
No.1 Canva
Canva ကို အသုံးပြုပြီး Graphic ပုံများ၊ Video များဖန်တီးလို့ရပါတယ်။ Resolution ကောင်းကောင်းနဲ့ ပုံတွေ video တွေသာမက Presentation တွေပါ ဖန်တီးလို့ရတဲ့ Format အစုံပါဝင်တဲ့အတွက် Canva ကိုသာကောင်းကောင်းအသုံးချမယ်ချလို့ရပါတယ်။
No.2 CapCut
CapCut ကို ဖုန်းထဲကနေတင်ပဲ Resolution ကောင်းတဲ့ Video Editing တွေပြုလုပ်လို့ရပါတယ်။ Template အစုံပါဝင်တဲ့အပြင် Auto Translation ၊ Auto Caption များလည်း ပါဝင်တဲ့အတွက် CapCut မသုံးတတ်ရင်လည်း နောက်ကျကျန်ခဲ့မှာ အမှန်ပါပဲ။
No.3 Chat GPT
နေ့စဉ် Daily life မှာ Chat GPT ကလည်း မရှိမဖြစ်ကိုပါဝင်လာနေပါပြီ။ ကိုယ်တိုင်တခုခုသိချင်လျှင်တောင် Google ထက် Chat GPT ကို ပဲမေးဖြစ်တာ များနေခဲ့ပါတယ်။ ( example : ကိုယ်တွေဆို Tips on how to move on from my ex? တို့ပါ မေးတာ 😆😆) ပြီးတော့Chat GPT ရဲ့ မြန်မာလို Translation လည်း အတော်လေး ဆီလျှော်လာတဲ့အတွက် သုံးရတာ အများကြီးပိုကောင်းလာပါတယ်။
Chat GPT နဲ့ပတ်သက်ရင်တော့ မိမိအတွက် Daily life မှာ အများကြီး Time saving ဖြစ်လာတဲ့အတွက် မသုံးဖြစ်နေသေးရင်တော့ သင်အတော် နောက်ကျကျန်နေခဲ့ပါပြီ ..။
No.4 Channel
Channel ဆိုတာက ဘာတွေလဲဆိုတော့ Facebook,TikTok, YouTube စသဖြင့် Channel တွေကို ဒီတိုင်းပဲသုံးနေတုန်းလား ..? Channel တွေကို ကောင်းကောင်းအသုံးချတတ်လျှင် တလတလ ဝင်ငွေအများကြီး ရရှိနိုင်နေတာပါ။ Content ကောင်းကောင်းတွေ ဖန်တီးမယ် ၊ Video ကောင်းတွေ ဖန်တီးနိုင်မယ်ဆိုလျှင် ထိုင်နေရင်း ဝင်ငွေ ကောင်းကောင်းရရှိနိုင်မယ့် Channel တွေပါပဲ။
2025 တွက် Ready ဖြစ်နေပြီဆို တစ်ခုမှ အသုံးမပြုရသေးဘူးဆိုလျှင်လည်း ခုကနေစပြီး 4C နဲ့ တူတူစကြည့်ရအောင်နော် … ❤️