THIRI Travel & Tour Myanmar

  • Home
  • THIRI Travel & Tour Myanmar

THIRI Travel & Tour Myanmar Tickets and Tour Myanmar

🛅 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹ကျကျ ....ခရီးသွားနိုင်ဖို့ဆို 👇👇ဒီအချက်လေးတွေ သတိပြုမိဖို့တော့ လိုပါမယ်ရှင်🗺️ 𝐖𝐞𝐥𝐥-𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠ခရီးမထွက်ခင် အဝ...
11/01/2024

🛅 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹ကျကျ ....ခရီးသွားနိုင်ဖို့ဆို 👇👇ဒီအချက်လေးတွေ သတိပြုမိဖို့တော့ လိုပါမယ်ရှင်

🗺️ 𝐖𝐞𝐥𝐥-𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠

ခရီးမထွက်ခင် အဝတ်အစားထည့်တာကအစ 𝐩𝐥𝐚𝐧 ချပြီး စီစဉ်သွားစေချင်ပါတယ်။
ကိုယ်လုပ်ယူလို့မရတဲ့ လမ်းခရီးနဲ့ မိုးလေဝသအခြေအနေလို ကိစ္စတွေပါ ထည့်စဉ်းစားပြီး 𝐛𝐚𝐜𝐤𝐮𝐩-𝐩𝐥𝐚𝐧လဲ တွေးထားသင့်ပါတယ်။🌧️🌈🏞️

🗺️ ❝𝐀𝐟𝐭𝐞𝐫 𝐘𝐨𝐮❞

အိမ်က စထွက်တည်းက ❝𝐀𝐟𝐭𝐞𝐫 𝐘𝐨𝐮❞ ဆိုတဲ့ 𝐦𝐨𝐨𝐝 လေး 𝐎𝐧 ထားပါ။
ဒီစိတ်အကြည်ဓာတ်လေးဟာ သင့်အတွက် ဘေးကင်းပျော်ရွှင်တဲ့ ခရီးစဉ်ဖြစ်ဖို့ အထောက်အပံ့ကောင်းပါ။💁

🗺️ငွေသုံးတတ်ပါစေ

ကိုယ့်အတွက် တကယ်အသုံးတည့်မဲ့ အရာတွေကိုပဲ ဝယ်ပါ။ ငွေကုန်ခံနိုင်တိုင်း ပျော်စရာခရီး မဖြစ်တာကို သတိပြုစေချင်ပါတယ်။💸💰

🗺️ 𝐓𝐢𝐦𝐞-𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭

သူများထက် နှေးတတ်ရင် အချိန်စောယူပြီး ပြင်ဆင်ပါ။ အချိန် နောက်ကျလို့ အလျင်စလို သွားရတာမျိုးဟာ 𝐫𝐢𝐬𝐤ယူရာကျပြီး အန္တရာယ်များပါတယ်။🚦🚥

🗺️မိမိကိုယ်ကို တာဝန်ယူပါ

အပေါ်က အချက်နဲ့ ဆက်စပ်ပါတယ်။ ကိုယ့်ကိုစောင့်ရလို့ ခရီးဖင့်တာ၊ ကိုယ့်ကြောင့် စီးရမဲ့ယာဉ် လွတ်သွားတာမျိုးတွေ မဖြစ်အောင် သင့်ကိုယ်သင် 𝐡𝐚𝐧𝐝𝐥𝐞 လုပ်ပါ။🚍🚢

🗺️ ရှက်သင့်တာကို ရှက်ပါ

𝐏𝐮𝐛𝐥𝐢𝐜-𝐀𝐫𝐞𝐚မှာ စကားအကျယ်ကြီး ပြောတာ၊ အမှိုက်တွေ မဆင်မခြင်ပစ်တာ၊ရောက်တဲ့ အရပ်ဒေသက ဓလေ့ထုံးစံတွေကို ပြက်ရယ်ပြုတာတွေဟာ ရှက်စရာအပြုအမူတွေပါ။🙈🙊

🗺️ခရီးထွက်မဲ့ဒေသအကြောင်း ကြိုတင်လေ့လာပါ။

𝐋𝐨𝐜𝐚𝐥မှာဆိုရင် သက်ဆိုင်ရာဒေသတွေရဲ့ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐆𝐫𝐨𝐮𝐩 တွေ၊ 𝐓𝐫𝐚𝐯𝐞𝐥 - 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐲 တွေက တဆင့် ကြိုတင်လေ့လာပါ။
𝐎𝐯𝐞𝐫𝐬𝐞𝐚အတွက်ဆိုရင် 𝐓𝐫𝐢𝐩 𝐀𝐝𝐯𝐢𝐬𝐨𝐫 𝐀𝐩𝐩 တွေ ၊ 𝐑𝐞𝐯𝐢𝐞𝐰ကောင်းတဲ့ 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫 𝐀𝐠𝐞𝐧𝐜𝐲 တွေနဲ့ ချိတ်ဆက် စုံစမ်းပြီး 𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 ရယူပါ။🌟💫

ဒီလောက်ဆိုရင်တော့ဖြင့် 𝗧𝗛𝗜𝗥𝗜 ရဲ့ ဖန်ကာကာတို့ 𝗣𝗿𝗼 ဆန်ဆန် ခရီးထွက်ဖို့ရာ အဆင်သင့် ဖြစ်လောက်ပြီလို့ ထင်ပါတယ်ရှင်။🌍🌎🌏

🛑🛅 မိတ်ဆွေ…𝗣𝗿𝗼ဆန်တဲ့ ခရီးထွက်နည်းလေးတွေ သိပြီးပြီလား ⁉𝗣𝗿𝗼ကျကျ ခရီးသွားတတ်ရင် ကောင်းကျိုး တပုံတပင် ရမယ်ရှင် 🚕🚃🚆✈🚢💡အသိ၊ အမ...
10/01/2024

🛑🛅 မိတ်ဆွေ…𝗣𝗿𝗼ဆန်တဲ့ ခရီးထွက်နည်းလေးတွေ သိပြီးပြီလား ⁉

𝗣𝗿𝗼ကျကျ ခရီးသွားတတ်ရင် ကောင်းကျိုး တပုံတပင် ရမယ်ရှင် 🚕🚃🚆✈🚢
💡အသိ၊ အမြင်ကျယ်စေတယ်
💡 မှီခိုစိတ်ကင်းပြီး မိမိကိုယ်ကို ယုံကြည်မှုရှိစေတယ်
💡မမေ့နိုင်စရာ အမှတ်တရတွေ ကျန်ရစ်စေတယ်။
💡ကိုယ်ချင်းစာစိတ်နဲ့အတူ တခြားသူအပေါ် တွေးပေးတတ်လာတယ်။
💡သင်ယူနိုင်စွမ်း အားကောင်းလာတယ်။
💡လူမှုဆက်ဆံရေး ပြေပြစ်လာတယ်။
💡အတွေ့အကြုံအသစ်တွေက တဆင့် စိတ်ကူးအသစ်၊ ဖြေရှင်းနည်းအသစ်တွေ ရလာစေတယ်။

🔮🔎 𝗣𝗿𝗼ဆန်တဲ့ ခရီးထွက်နည်းဆိုတာ 🕹

😝 ကျိုက်ထီးရိုးဘုရားဖူးသွားလို့ ဝါးဦးထုပ်တစ်လုံး၊ တောင်ဝှေးတစ်ချောင်းနဲ့ ယိုထုပ်တွေ တပုံတပင်… သယ်ပြီး ပြန်လာတာ….
😝 ကမ်းခြေတွေဘက်… အပန်းဖြေခရီးထွက်တာ… အုန်းလက်ခမောက်နဲ့ ဓာတ်ပုံအထပ်လိုက်ပိုက်ပြီး …. ပြန်လာတာ….
😝 သူငယ်ချင်းတစ်သိုက် အဖွဲ့လိုက် ခရီးထွက်တာ…ရန်တွေဖြစ်ပြီး အုပ်စုခွဲ…ပြန်လာကြတာ….
👆👆👆 ဒါမျိုးလေးတွေကတော့ 𝗣𝗿𝗼ဆန်တဲ့ ခရီးသွားနည်း မဟုတ်ဘူးပေါ့ရှင် 😃😁🤣

𝗣𝗿𝗼ကျတဲ့ ခရီးသွားနည်းလေးတွေ အကြောင်း နောက် 𝐏𝐨𝐬𝐭 လေးမှာ…ပြောပြပေးသွားမှာမို့….
ကျေးဇူးပြုပြီး… 𝗧𝗵𝗶𝗿𝗶 𝗧𝗿𝗮𝘃𝗲𝗹 & 𝗧𝗼𝘂𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞လေးကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ပေးသွားပါအုံးနော် 💞💞

ခရီးစဉ်တိုင်း 𝐇𝐚𝐩𝐩𝐲 & 𝐒𝐚𝐟𝐞 ဖြစ်ကြပါစေရှင် 🙏

𝐌𝐚𝐤𝐢𝐧𝐠 𝐞𝐚𝐜𝐡 𝐨𝐟 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲𝐬 𝐚 𝐣𝐨𝐲 𝐢𝐧 𝐢𝐭𝐬𝐞𝐥𝐟မိုးရာသီမကျရောက်ခင် ကမ်းခြေသို့အပန်းဖြေသွားရောက်လိုသူများအတွက် အလှပတွေ ပြည့်...
09/01/2024

𝐌𝐚𝐤𝐢𝐧𝐠 𝐞𝐚𝐜𝐡 𝐨𝐟 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲𝐬 𝐚 𝐣𝐨𝐲 𝐢𝐧 𝐢𝐭𝐬𝐞𝐥𝐟
မိုးရာသီမကျရောက်ခင် ကမ်းခြေသို့အပန်းဖြေသွားရောက်လိုသူများအတွက် အလှပတွေ ပြည့်နေသေးတဲ့ ငပလီဟာ အနားယူဖို့အကောင်းဆုံးပါပဲနော်
#စောစောဝယ်ယူမှစျေးနှုန်းသက်သာမယ်နော်

Yangon ✈ thandwe
Yangon ✈ Sittwe
Yangon ✈ Kyaukphyu

#နေ့ရက်ပေါ်မူတည်၍စျေးနှုန်းအနည်းငယ်ပြောင်းလဲနိုင်ပါသည်

✅ Full-service experience
✅ Inflight meal
✅ Baggage allowance
• 40 KG for Business Class
• 30 KG for Economy Class
✅ 𝐔𝐩 𝐭𝐨 𝟑𝟎% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 at >70 Sky Deals partners

✈️ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် အသက်သာဆုံး စျေးနှုန်းများဖြင့် စုံစမ်းလိုပါက Page Messenger သို့ဖြစ်စေ
📱➡️ ( +95 9421260875 ) သို့ဖြစ်စေ စုံစမ်းမေးမြန်း ဝယ်ယူ နိုင်ပါတယ် ရှင် …

📧 Email : [email protected]


𝐌𝐚𝐤𝐢𝐧𝐠 𝐞𝐚𝐜𝐡 𝐨𝐟 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲𝐬 𝐚 𝐣𝐨𝐲 𝐢𝐧 𝐢𝐭𝐬𝐞𝐥𝐟 !မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်း ကော့သောင်းမြို့လေးဟာ တကယ်ကို ချစ်စရာကောင်းပ...
08/01/2024

𝐌𝐚𝐤𝐢𝐧𝐠 𝐞𝐚𝐜𝐡 𝐨𝐟 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲𝐬 𝐚 𝐣𝐨𝐲 𝐢𝐧 𝐢𝐭𝐬𝐞𝐥𝐟 !
မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်း ကော့သောင်းမြို့လေးဟာ တကယ်ကို ချစ်စရာကောင်းပြီး ပြည်တွင်း ပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ မြို့လေး ပဲ ဖြစ်ပါတယ်….
🌊 အပန်းဖြေဖို့အကောင်းဆုံးနဲ့ သဘာဝ ကျွန်းအလှတရားတွေ အပြည့်ရှိနေသေးတဲ့ ကော့သောင်းမြို့လေး ဟာ ခုလို နွေရာသီမှာ အလည်ပတ်သွားဖို့အကောင်းဆုံးနေရာလေးတခုပါ 🌊
✈️ ခရီးသွားလာလိုသည့် ဧည့်သည်တော်များအတွက် Air KBZ ၊ MAI လေကြောင်းလိုင်းများမှ နေ့စဉ်ပြေးဆွဲပေးလျှက်ရှိပါတယ်ရှင် 🌊🌊

✈️ Yangon ↔️ Kawthaung ( Daily )
✈️ Yangon ↔️ Myeik ( Daily )
✈️ Yangon ↔️ Dawes ( Daily )

✈️ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် အသက်သာဆုံး စျေးနှုန်းများဖြင့် စုံစမ်းလိုပါက Page Messenger သို့ဖြစ်စေ
📱➡️ ( +95 9421260875 ) သို့ဖြစ်စေ စုံစမ်းမေးမြန်း ဝယ်ယူ နိုင်ပါတယ် ရှင် …

📧 Email : [email protected]

Travel AdviceRed ****Dangerous Zone Yellow ***Emergency onlyGreen **** safe
13/11/2023

Travel Advice
Red ****Dangerous Zone
Yellow ***Emergency only
Green **** safe

ဒီအခြေနေမှာ ခရီးမသွားသင့်တဲ့ နေရာ အချို့ကို ဖော်ပြပေးလိုက်ပါတယ် ၁ ရှမ်းပြည် မြောက်ပိုင်း၂ နောင်ချို ၃ စစ်ကိုင်းတိုင်း၄ မ...
06/11/2023

ဒီအခြေနေမှာ ခရီးမသွားသင့်တဲ့ နေရာ အချို့ကို ဖော်ပြပေးလိုက်ပါတယ်
၁ ရှမ်းပြည် မြောက်ပိုင်း
၂ နောင်ချို
၃ စစ်ကိုင်းတိုင်း
၄ မန္တလေးတိုင်း (အစွန်အဖျား)
၅ ချင်းပြည်နယ်
၆ကယားပြည်နယ်
၇ ကော့ကရိတ်-မြဝတီ
၈ ပြင်ဦးလွင်
၉ ဘားအံ
၁၀ မုံရွာမြို့ အနီးတဝိုက်
၁၁ ရေး-ထားဝယ်
လမ်းခရီးအခြေအနေ ရုတ်ခြည်းပြောင်းလဲသွားနိုင်တာကို အထူးသတိပြုဖို့ သတိပေးလိုပါတယ်။
ခရီးသွားရင်း တိုက်ပွဲဖြစ်လဲ ဘဝအတွက် အတွေ့အကြုံရတယ် ဘဝမှာ စွန့်စားရင်ခုန်ရတဲ့ အရသာလဲ ခံစားကြည့်မယ် ဆိုသူတွေ အတွက် သွားတာ သွားလိုက်ပါ။
ဘာမှ မဖြစ်ပါဘူး အခုဘယ်မှာပါ အေးဆေးပါ လာလို့ရပါတယ် သွားလို့ ရပါတယ် ဆိုတဲ့ နယ်လမ်းညွှန်များ အတွက် တုန့်ပြန်စရာ မှတ်ချက် မရှိပါဘူး။

ဆောင်းရာသီနဲ့အတူရောက်ရှိလာတော့မယ့် နေကြာရိုင်းတွေ 🌻🌻မကြာမှီ နေကြာရိုင်းတွေနဲ့ အပြိုင်အဆိုင်လှနေတော့မယ့် တောင်ပေါ်မြို့လေ...
31/10/2023

ဆောင်းရာသီနဲ့အတူရောက်ရှိလာတော့မယ့်
နေကြာရိုင်းတွေ 🌻🌻

မကြာမှီ နေကြာရိုင်းတွေနဲ့ အပြိုင်အဆိုင်လှနေတော့မယ့် တောင်ပေါ်မြို့လေး .. 🌻🌻

တောင်ပေါ်မြို့ကလေးရဲ့ညနေတွေမှာ အေးစိမ့်စိမ့်အညိုရောင်မာဖလာလေး ထဲခိုဝင်လို့ နွေးထွေးနေပါလိမ့်မယ် 🌻🌻🌻

ဒါကိုပျော်ရွှင်ခြင်းနေကြာတွေလို့ခေါ်ပါမယ် 🌻🌻🌻
ချစ်သောရေ နေကြာတွေဆီလိုက်ချင်ပါရဲ့လား 🌻🌻🌻
✈️ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် အသက်သာဆုံး စျေးနှုန်းများဖြင့် စုံစမ်းလိုပါက Page Messenger သို့ဖြစ်စေ
📱➡️ ( +95 9421260875 ) သို့ဖြစ်စေ စုံစမ်းမေးမြန်း ဝယ်ယူ နိုင်ပါတယ် ရှင် …

✈️ ရန်ကုန် ✈ ဟဲဟိုး
✈️ ဟဲဟိုး ✈ ရန်ကုန်

📧 Email : [email protected]

2025 DV Service ဝန်ဆောင်မှုပေးပါသည် … Single  - 10000ksMarried- 15000ksFamily - 20000ksဝန်ဆောင်မှုရယူလိုပါက DV တင်ရန် ph...
20/10/2023

2025 DV Service ဝန်ဆောင်မှုပေးပါသည် …
Single - 10000ks
Married- 15000ks
Family - 20000ks

ဝန်ဆောင်မှုရယူလိုပါက DV တင်ရန် photo ကို
[email protected] သို့ mail ပို့ပေးပါနော် ..
photo နှင့်ပတ်သက်ပြီး လိုအပ်ချက်များ

‼️ ဓါတ်ပုံကတော့ လျှောက်ထားသူအပါအဝင် အတူလျှောက်ထားမည့် မိသားစုဝင်များဖြစ်သော ဇနီး၊ ခင်ပွန်း၊ သားသမီး(အသက် ၂၁ အောက် အိမ်ထောင်မရှိသူ)အားလုံး ဓါတ်ပုံတစ်ပုံစီရိုက်၍ Soft Copy ဖြင့် ပေးပို့ရပါမယ်။

‼️ဓါတ်ပုံဆိုင်ကို DV လျောက်ရန် ဆိုပီး လိုအပ်ချက်တေ တခါထဲကြိုပြောပါ

‼️ ရိုက်ပြီးရင် Criteria တွေနဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးပီး ကိုက်ညီမှ Viber ကနေ Soft Copy ပို့ပေးခိုင်းပါ

‼️နောက်ခံ အဖြူဖြစ်ရပါမယ်

‼️၆ လအတွင်းရိုက်ထားတဲ့ပုံဖြစ်ရပါမယ်

‼️မျက်မှန် ဖြုတ်ရိုက်ပါ

‼️ခေါင်းဆောင်း ဦးထုပ် ဖြုတ်ရိုက်ပါ(ဘာသာရေးခေါင်းဆောင်း
ဆိုရင် မျက်နှာကို ပေါ်လွင်ထင်ရှားအောင်ရိုက်ပါ)

‼️ကာလာ ကြည်တောက်ရှင်းနဲ့ရိုက်ပါ Actual Colour

‼️ခေါင်းက Centre ဖြစ်နေပြီး 1"-1.4"အတွင်းဖြစ်ရပါမယ်

‼️Camera ကို Focus လုပ်ပြီး မျက်စိကိုရှင်းရှင်းလင်းလင်းမြင်ရပါစေ
‼️Camera Affects မပါဘဲ ရိုက်ပါ ပြုံးပြီးရိုက်ပါ မရယ်ပါနဲ့
နောက်ခံ အရိပ်မထင်အောင်ရိုက်ပါ

(2"x 2"Size, White Background, ≤240kB File Size, 600x600 Pixels)

ဓါတ်ပုံ ရ ပြီ ဆိုတာနဲ့ တစ်နှစ်ကိုမှ တစ်ကြိမ်ပဲ ကံစမ်းလို့ရတဲ့ DV Form ကို Quality ကောင်းကောင်းနဲ့လျောက်ဖို့ Service လာအပ်လို့ရပါပြီ ✅✅✅
☎️ : +95 9421260875

ခရီးသွားခြင်းဟာ လူတွေအတွက် ဒေသန္တာရ ဗဟုသုတရသလို ပျော်ရွှင်စရာလည်း ကောင်းပါတယ်။ ကိုယ်သွားရမယ့်ခရီးစဉ်ကို ဂရုတစိုက်နဲ့ မှန...
15/10/2023

ခရီးသွားခြင်းဟာ လူတွေအတွက် ဒေသန္တာရ ဗဟုသုတရသလို ပျော်ရွှင်စရာလည်း ကောင်းပါတယ်။ ကိုယ်သွားရမယ့်ခရီးစဉ်ကို ဂရုတစိုက်နဲ့ မှန်မှန်ကန်ကန် ရွေးချယ်တတ်ခဲ့မယ်ဆိုရင် ကိုယ်တွေးထင်ထားတာထက် ပိုမိုပျော်စရာကောင်းတဲ့ ခရီးစဉ်တခုကို ရရှိပါလိမ့်မယ်။ အဲဒီတော့ ခရီးတခုကိုသွားမယ်ဆိုရင် ဘယ်လို ကြိုတင် ပြင်ဆင်သွားကြမလဲဆိုတဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) ပိုက်ဆံဘယ်လောက် အကုန်ခံမှာလဲ
ခရီးတခုကို သွားဖို့ဆိုတာ တအားကြီး ချမ်းသာနေစရာ မလိုပါဘူး။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ ပိုက်ဆံနဲ့ ကိုယ်သွားရမယ့် ခရီးရဲ့ ကုန်ကျစရိတ်ကိုတော့ အဓိကထား တွက်ချက်တတ်ရပါလိမ့်မယ်။ တကယ်လို့ ကိုယ်သွားချင်တဲ့ခရီးက ငွေကုန်ကြေးကျ သိပ်များနေတဲ့ ခရီးဆိုရင်တော့လည်း ကိုယ့်ဆန္ဒကို ထိန်းချုပ်နိုင်ရပါလိမ့်မယ်။ လုံလောက်တဲ့ငွေကြေး အတိုင်းအတာကို ရောက်မှပဲ ကိုယ်ရည်မှန်းထားတဲ့ ခရီးကို သွားသင့်ပါတယ်။

(၂) ဘယ်အချိန် သွားမှာလဲ

ခရီးသွားတဲ့အခါမှာ ကိုယ်သွားမယ့် ခရီးစဉ်ရဲ့ ရာသီဥတုအခြေအနေတွေကိုလည်း သေသေချာချာ လေ့လာသင့်ပါတယ်။ ရာသီဥတုကောင်းမွန်လွန်းတဲ့ အချိန်တွေကလည်း ခရီးသွားရာသီ ဖြစ်နေတာ များတဲ့အတွက် လက်မှတ်ခတွေက ဈေးကြီးပါတယ်။ ရာသီဥတု ဆိုးဝါးလွန်းတဲ့ အချိန်တွေမှာဆိုရင် ခရီးသွားတွေကို ဆွဲဆောင်မှုရှိတဲ့ နေရာအချို့ကို ပိတ်ထားတတ်ပါတယ်။ လက်မှတ်ခတွေက ဈေးပေါကောင်း ပေါနိုင်ပေမယ့် ဒီလိုအချိန်မှာ ခရီးထွက်မယ်ဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ရာသီဥတု မျှတတဲ့ အချိန်မှာ ရီးထွက်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

။

(၃) ဘယ်လို ခရီးမျိုးကို သွားမှာလဲ

ပထမဆုံး ကိုယ့်ကိုယ်ကို မေးရမှာက အချိန်ဘယ်လောက်ကြာကြာ ခရီးသွားမှာလဲဆိုတဲ့ မေးခွန်းပါ။ နောက်ဆံတငင်ငင် နဲ့ခရီးထွက်နေရတာမျိုး ဆိုရင်တော့လည်း စိတ်ကိုသာ ပင်ပန်းစေပြီး ခရီးသွားခြင်းရဲ့ အရသာကို ကောင်းကောင်းရမှာ မဟုတ်ပါဘူး။ အဲဒီတော့ ကိုယ်သွားချင်တာက ပင်လယ် ကမ်းခြေလိုနေရာမျိုးကို အပန်းဖြေခရီးလား၊ တောင်တက် ခရီးစဉ်လိုမျိုး စွန့်စားခန်းခရီးမျိုးလား၊ ဒါမှမဟုတ် ပြည်ပခရီးလား ဆိုတာသိမှ အချိန်ကို တွက်ဆ နိုင်ပါလိမ့်မယ်။

(၄) ဘာသာစကား
တကယ်လို့ ကိုယ်သွားရမယ့်ခရီးက နိုင်ငံခြားခရီးမျိုး ဖြစ်နေမယ်ဆိုရင်တော့ ကိုယ်သွားမယ့်နိုင်ငံရဲ့ ဘာသာစကားကို အနည်းအကျည်းလောက်ပဲဖြစ်ဖြစ် တတ်သွားသင့်ပါတယ်။ အများကြီး မဟုတ်ရင်တောင် နှုတ်ခွန်းဆက် စကားလောက်နဲ့ ကျေးဇူးတင်ကြောင်းပြောပြနိုင်ဖို့ အတွက်လောက်တော့ သင်သွားသင့်ပါတယ်။ အဓိကကတော့ အင်္ဂလိပ်ဘာသာစကားပါ။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ် စကားက နိုင်ငံတိုင်းမှာသုံးစွဲလေ့ရှိတဲ့ ဘာသာစကား ဖြစ်နေလို့အတွက်ပါပဲ။
ကဲ .. flight ticket ဝယ်ယူမယ်ဆိုရင်တော့ စိတ်ချရတဲ့ THIRI TRAVEL & TOUR ကိုသာ သတိရလိုက်ပါနော် …
✈️ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် အသက်သာဆုံး စျေးနှုန်းများဖြင့် စုံစမ်းလိုပါက Page Messenger သို့ဖြစ်စေ
📱➡️ ( +95 9421260875 ) သို့ဖြစ်စေ စုံစမ်းမေးမြန်း ဝယ်ယူ နိုင်ပါတယ် ရှင် …

📧 Email : [email protected]

𝐌𝐚𝐤𝐢𝐧𝐠 𝐞𝐚𝐜𝐡 𝐨𝐟 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲𝐬 𝐚 𝐣𝐨𝐲 𝐢𝐧 𝐢𝐭𝐬𝐞𝐥𝐟 !ရှမ်းအရှေ့ တာချီလိတ်ကိုသွားပြီး .. ထိုင်း-မြန်မာ တံတားလည်းဖွင့်ထားပြီမို့ ...
08/10/2023

𝐌𝐚𝐤𝐢𝐧𝐠 𝐞𝐚𝐜𝐡 𝐨𝐟 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲𝐬 𝐚 𝐣𝐨𝐲 𝐢𝐧 𝐢𝐭𝐬𝐞𝐥𝐟 !

ရှမ်းအရှေ့ တာချီလိတ်ကိုသွားပြီး .. ထိုင်း-မြန်မာ တံတားလည်းဖွင့်ထားပြီမို့ အလည်ပဲသွားမလား … ဈေးဝယ်ပဲထွက်မလား ။
✈️ တာချီလိတ် ✈ ဟဲဟိုး
✈️ တာချီလိတ် ✈ ရန်ကုန်
✈️ တာချီလိတ် ✈ မန္တလေး
✈️ တာချီလိတ် ✈ လားရှိုး
✈️ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် အသက်သာဆုံး စျေးနှုန်းများဖြင့် စုံစမ်းလိုပါက Page Messenger သို့ဖြစ်စေ
📱➡️ ( +95 9421260875 ) သို့ဖြစ်စေ စုံစမ်းမေးမြန်း ဝယ်ယူ နိုင်ပါတယ် ရှင် …

📧 Email : [email protected]

𝐌𝐚𝐤𝐢𝐧𝐠 𝐞𝐚𝐜𝐡 𝐨𝐟 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲𝐬 𝐚 𝐣𝐨𝐲 𝐢𝐧 𝐢𝐭𝐬𝐞𝐥𝐟 #စောစောဝယ်ယူမှစျေးနှုန်းသက်သာမယ်နော်✈️ မန္တလေး✈   ကျိုင်းတုံ        ✈️ မန္တ...
02/10/2023

𝐌𝐚𝐤𝐢𝐧𝐠 𝐞𝐚𝐜𝐡 𝐨𝐟 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲𝐬 𝐚 𝐣𝐨𝐲 𝐢𝐧 𝐢𝐭𝐬𝐞𝐥𝐟

#စောစောဝယ်ယူမှစျေးနှုန်းသက်သာမယ်နော်

✈️ မန္တလေး✈ ကျိုင်းတုံ
✈️ မန္တလေး✈ လားရှိုး
✈️ မန္တလေး✈ မြစ်ကြီးနား
✈️ မန္တလေး✈ ပူတာအို
✈️ မန္တလေး ✈ တာချီလိတ်
✈️ မန္တလေး ✈ သန်တွဲ မြို့
✈️ မန္တလေး ✈ ရန်ကုန် မြို့

#နေ့ရက်ပေါ်မူတည်၍စျေးနှုန်းအနည်းငယ်ပြောင်းလဲနိုင်ပါသည်

✅ Full-service experience
✅ Inflight meal
✅ Baggage allowance
• 30 KG for Business Class
• 20 KG for Economy Class
✅ 𝐔𝐩 𝐭𝐨 𝟑𝟎% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 at >70 Sky Deals partners

✈️ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် အသက်သာဆုံး စျေးနှုန်းများဖြင့် စုံစမ်းလိုပါက Page Messenger သို့ဖြစ်စေ
📱➡️ ( +95 9421260875 ) သို့ဖြစ်စေ စုံစမ်းမေးမြန်း ဝယ်ယူ နိုင်ပါတယ် ရှင် …

📧 Email : [email protected]


29/09/2023


📝
#ခရီးသွားမယ်ဆိုရင် ကိုသတိရပါ

✈️✈️✈️

✈️ ခရီးသွားလာလိုသည့် ဧည့်သည်တော်များအတွက် Air KBZ ၊ MAI ၊ Man Yadanarpone ၊ Air Thanlwin ၊ MNA လေကြောင်းလိုင်းများမှ နေ့...
27/08/2023

✈️ ခရီးသွားလာလိုသည့် ဧည့်သည်တော်များအတွက် Air KBZ ၊ MAI ၊ Man Yadanarpone ၊ Air Thanlwin ၊ MNA လေကြောင်းလိုင်းများမှ နေ့စဉ်ပြေးဆွဲပေးလျှက်ရှိပါတယ်ရှင် 🌊🌊

#စောစောကြိုတင်ဝယ်ယူထာမှ #စျေးနှုန်းပိုသက်သာမယ်နော်

✈️ ရန်ကုန် ✈ အမ်း
✈️ ရန်ကုန် ✈ ဗန်းမော်
✈️ ရန်ကုန် ✈ ဘုတ်ပြင်း
✈️ ရန်ကုန် ✈ ထားဝယ်
✈️ ရန်ကုန် ✈ ဟဲဟိုး
✈️ ရန်ကုန် ✈ ဟုမ္မလင်းမြို့
✈️ ရန်ကုန် ✈ ကလေး
✈️ ရန်ကုန် ✈ ကော့သောင်း
✈️ ရန်ကုန် ✈ ကျိုင်းတုံ
✈️ ရန်ကုန် ✈ ကျောက်ဖြူ
✈️ ရန်ကုန် ✈ လားရှိုး
✈️ ရန်ကုန် ✈ လွိုင်ကော်
✈️ ရန်ကုန် ✈ မကွေး
✈️ ရန်ကုန် ✈ မန္တလေး
✈️ ရန်ကုန် ✈ မိုင်းဆက်
✈️ ရန်ကုန် ✈ မြိတ်
✈️ ရန်ကုန် ✈ မြစ်ကြီးနား
✈️ ရန်ကုန် ✈ နေပြည်တော်
✈️ ရန်ကုန် ✈ ပူတာအို
✈️ ရန်ကုန် ✈ စစ်တွေ
✈️ ရန်ကုန် ✈ တာချီလိတ်
✈️ ရန်ကုန် ✈ သံတွဲ

✈️ မန္တလေး✈ ကျိုင်းတုံ
✈️ မန္တလေး✈ လားရှိုး
✈️ မန္တလေး✈ မြစ်ကြီးနား
✈️ မန္တလေး✈ ပူတာအို
✈️ မန္တလေး ✈ တာချီလိတ်
✈️ မန္တလေး ✈ သန်တွဲ မြို့
✈️ မန္တလေး ✈ ရန်ကုန် မြို့

✈️ ထားဝယ် ✈ ကော့သောင်းမြို့
✈️ ထားဝယ် ✈ မြိတ်မြို့
✈️ ထားဝယ် ✈ ရန်ကုန်မြို့

✈️ ဟဲဟိုး ✈ ကျိုင်းတုံမြို့
✈️ ဟဲဟိုး ✈ လားရှိုးမြို့
✈️ ဟဲဟိုး ✈ ညောင်ဦးမြို့
✈️ ဟဲဟိုး ✈ တာချီလိတ်မြို့
✈️ ဟဲဟိုး ✈ ရန်ကုန်မြို့

✈️ ကော့သောင်း ✈ ထားတယ်မြို့
✈️ ကော့သောင်း ✈ ရန်ကုန်မြို့

✈️ လားရှိုး ✈ ဟဲဟိုး
✈️ လားရှိုး ✈ မန္တလေး
✈️ လားရှိုး ✈ တာချိီလိတ်
✈️ လားရှိုး ✈ ရန်ကုန်

✈️ မြိတ် ✈ ထားဝယ်
✈️ မြိတ် ✈ ရန်ကုန်

✈️ မြစ်ကြီးနား ✈ မန္တလေး
✈️ မြစ်ကြီးနား ✈ ပူတာအို
✈️ မြစ်ကြီးနား ✈ ရန်ကုန်

✈️ ညောင်ဥိး ✈ ဟဲဟိုး
✈️ ညောင်ဦး ✈ ရန်ကုန်

✈️ တာချီလိတ် ✈ ဟဲဟိုး
✈️ တာချီလိတ် ✈ ရန်ကုန်
✈️ တာချီလိတ် ✈ မန္တလေး
✈️ တာချီလိတ် ✈ လားရှိုး

✈️ သံတွဲ ✈ မန္တလေး
✈️ သံတွဲ ✈ ရန်ကုန်

✈️ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် အသက်သာဆုံး စျေးနှုန်းများဖြင့် စုံစမ်းလိုပါက Page Messenger သို့ဖြစ်စေ
📱➡️ ( +95 9421260875 ) သို့ဖြစ်စေ စုံစမ်းမေးမြန်း ဝယ်ယူ နိုင်ပါတယ် ရှင် …

🔴 ခရီးသွားသည့်အခါ
🔺 မှတ်ပုံတင်
🔺 ဆေးထိုးစာရွက်
🔺 passport များ မမေ့မလျော့ ယူဆောင်သွားကြပါနော် .. ✈️✈️

📧 Email : [email protected]

𝐌𝐚𝐤𝐢𝐧𝐠 𝐞𝐚𝐜𝐡 𝐨𝐟 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲𝐬 𝐚 𝐣𝐨𝐲 𝐢𝐧 𝐢𝐭𝐬𝐞𝐥𝐟 !မိုးတွင်းကာလဟာ အပူရှောင်လို့ကောင်းပြီး ရှေးဟောင်းပုဂံမြို့တော်ကိုအလည်ပတ်သွ...
11/08/2023

𝐌𝐚𝐤𝐢𝐧𝐠 𝐞𝐚𝐜𝐡 𝐨𝐟 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲𝐬 𝐚 𝐣𝐨𝐲 𝐢𝐧 𝐢𝐭𝐬𝐞𝐥𝐟 !
မိုးတွင်းကာလဟာ အပူရှောင်လို့ကောင်းပြီး ရှေးဟောင်းပုဂံမြို့တော်ကိုအလည်ပတ်သွားဖို့ အကောင်းဆုံးပဲနော် …
နေရာတကာ စိမ်းစိုနေတဲ့ သစ်ပင်တွေနဲ့ ၊ စေတီပုထိုးတွေနဲ့ ၊ ပုံလှလှလေးတွေရိုက်ဖို့အကောင်းဆုံးကာလပါပဲ …

✈️ Naung U ↔️ Yangon
✈️ Naung U ↔️ Heho

✈️ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် အသက်သာဆုံး စျေးနှုန်းများဖြင့် စုံစမ်းလိုပါက Page Messenger သို့ဖြစ်စေ
📱➡️ ( +95 9421260875 ) သို့ဖြစ်စေ စုံစမ်းမေးမြန်း ဝယ်ယူ နိုင်ပါတယ် ရှင် …

📧 Email : [email protected]

မုတ်သုန်ရာသီ (သို့) မိုးရွာနေစဉ်မှာ လေယာဉ်စီးတော့မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ ? =====================================စစ်တ...
04/08/2023

မုတ်သုန်ရာသီ (သို့) မိုးရွာနေစဉ်မှာ လေယာဉ်စီးတော့မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ ?
=====================================
စစ်တမ်းနဲ့ကိန်းဂဏာန်းတွေအရ လေယာဉ်ဖြင့်ခရီးသွားခြင်းဟာ ဘေးအန္တရယ် အကင်းဆုံးပါ။ သို့သော် အမြင့်ပေ သောင်းကျော်မှာ ပျံသန်းနေတဲ့ လေယာဉ်တစ်စီးဟာ မုတ်သုန်ရာသီရဲ့ မှောင်မဲနေတဲ့ ကောင်းကင်မှာ မငြိမ်မသက် ယိမ်းထိုးနေချိန်မှာ ဒီကိန်းဂဏာန်းတွေကို ဘယ်သူမှ ဂရုပြုနေမယ် မထင်ပါဘူး။ အဲဒါကြောင့် မုတ်သုန်ရာသီ မိုးရွာနေချိန်မှာ ခရီးသွားကြမဲ့ ခရီးသွားတွေအတွက် အောက်ဖေါ်ပြ အကြောင်းအရာတွေကို သိထားသင့်ပါတယ်။

(၁) မိုးရွာနေစဉ် လေယာဉ်ထွက်ခွာခြင်းဟာ အန္တရယ် မရှိပါဘူး။
======================================
မိုးရွာသွန်းနေခြင်းဟာ သင့်ရဲ့ လေယာဉ်ခရီးစဉ်တစ်လျှောက်လုံး ရာသီဥတု ဆိုးရွာလိမ့်မယ်လို့ မဆိုလိုဘူးဆိုတာ သင်သိထားပါ။ လေယာဉ်ခရီးစဉ်မြောက်မြားစွာဟာ မိုးထဲရေထဲနဲ့ နှင်းတွေကြနေတဲ့ ကြားကနေ ဘာအခက်အခဲမှ မရှိပဲ ပျံသန်းနေကြပါတယ်။ စီးပွားဖြစ်ပျံသန်းနေကြတဲ့့ လေကြောင်းလိုင်းတွေမှာ လေယာဉ်ထွက်ခွာခွင့်၊ ပျံသန်းခွင့်တွေအတွက် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထားရှိပါတယ်။ လေယာဉ်ထိန်းချုပ်မျှော်စင်တွေဟာ ဆိုးရွားတဲ့ ရာသီဥတုကြုံတွေ့နိုင်ရင် လေယာဉ်ထွက်ခွာခွင့် မပြုပါဘူး။ လေယာဉ်ထွက်ခွာခွင့်ပြုတယ်ဆိုရင်တော့ စိတ်ချလိုက်ပါတော့။ သင့်ရဲ့ လေကြောင်းခရီးစဉ်ဟာ ရာသီဥတုကောင်းမွန်လို့သာ လေကြောင်းထိန်းချုပ်တာဝါတိုင်က ထွက်ခွာခွင့်ပြုခဲ့တာပါ။

(၂) လေယာဉ်ခါရမ်းခြင်း၊ မငြိမ်မသက်ဖြစ်ခြင်းများကို မျှော်လင့်ထားပါ။
===========================================
မုတ်သုန်ရာသီရဲ့ ကောင်းကင်မှာ တိမ်တွေထူထပ် အလိပ်လိုက်တွေ့နေရရင် ပျံသန်းနေစဉ် လေယာဉ်ခါရမ်းခြင်း၊ မငြိမ်မသက်ဖြစ်ခြင်းများဟာ အများဆုံး ကြုံတွေ့နိုင်ပါတယ်။ ဒါဟာ ပုံမှန်ဆိုတာ သင်သိထားပါ။ ကားမောင်းနေစဉ် ချိုင့်ထဲပြုတ်ကျရင် စိတ်အနှောင့်အယှက် ဖြစ်စေတတ်တဲ့ သဘောပဲရှိပါတယ်။


(၃) လျှပ်စီးကြောင်းတွေဟာ လေယာဉ်တွေကို ပျက်မကြစေနိုင်ပါဘူး။
==========================================
လေယာဉ်တွေဟာ တစ်နှစ်မှာအနည်းဆုံး တစ်ကြိမ်လောက်တော့ လျှပ်စီးကြောင်းတွေရဲ့ ရိုက်ခတ်မှုတွေနဲ့ ဆုံတွေ့နိုင်ပါတယ်။ အဲ့ဒီလို ကြုံတွေ့ခဲ့ရင်တောင်မှ သင်ရော သင်စီးလာတဲ့ လေယာဉ်ရော ဘယ်လိုထိခိုက်မှုမျိုးမှ မဖြစ်စေနိုင်ပါဘူး။ လေယာဉ်တွေဟာ ပုံမှန်လျှပ်စီးကြောင်းတွေထက် (၈) ဆ ပိုမိုပြင်းထန်တဲ့ လျှပ်စီးကြောင်းတွေကို စုပ်ယူနိုင်စွမ်းရှိပြီး လေယာဉ်တောင်ပံမှာ တပ်ဆင်ထားတဲ့ နည်းပညာမြင့် ကိရိယာကနေ တစ်ဆင့် ပြန်လည်ထုတ်လွှတ်တာမို့ မည်သို့သော အန္တရယ်မှ မဖြစ်စေပါဘူး။ တကယ်လို့ လေယာဉ်ဆင်းသက်ခဲ့တယ်ဆိုရင်တောင်မှ ကြိုတင်ကာကွယ်တဲ့ သဘောပဲဖြစ်ပါတယ်။ အန္တရယ်နဲ့ ကြုံတွေ့တဲ့ အခြေအနေ မဟုတ်ဘူးဆိုတာ သင်သိထားပါ။

(၄) လေယာဉ်တွေဟာ အမျိုးမျိုးသော စမ်းသပ်မှုများကို အောင်မြင်ပြီး တည်ဆောင်ထားတာပါ။
===========================================
ရာသီဥတု ဆိုးဝါးခြင်းက လေယာဉ်တောင်ပံတွေကို ဆုတ်ဖြဲပြစ်နိုင်စွမ်း မရှိပါဘူး။ လေယာဉ်တောင်ပံတွေနဲ့ ကိုယ်ထည်တွေဟာ အဆုံးစွန်ဆုံးသော ဖိအားတွေကို ခံနိုင်စွမ်းရှိဖို့ အမျိုးမျိုးသော စမ်းသပ်မှုတွေပြုလုပ်ပြီး ထုတ်လုပ်ထားတာမို့ လေယာဉ်မှုးတွေကတော့ မျှော်လင့်ထားတာထက်ကို ပိုမိုထိန်းချုပ်နိုင်စွမ်းရှိပါတယ်တဲ့။ လေယာဉ်မှုးတွေဟာ ခရီးသည်ရဲ့ သက်တောင့်သက်သာရှိမှုကို ပိုမိုလိုလားကြသူတွေမို့ လိုအပ်တဲ့ ထိန်းချုပ်မှုမျိုးကိုပဲ ပြုလုပ်ဆောင်ရွက်ကြပါတယ်။ သို့သော် လုံခြုံစိတ်ချရမှုကို ဦးစားပေးဖို့ လိုအပ်လာရင်တော့ Safety ကိုပဲဦးစားပေး ဆောင်ရွက်ကြရပါတယ်။

(၅) လေယာဉ်အမှုထမ်းတွေရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရင် သိနိုင်ပါတယ်။
==========================================
လေယာဉ်ပေါ်မှာလိုက်ပါ ၀န်ဆောင်မှုပေးနေတဲ့ လေယာဉ်မောင်မယ်တွေဟာ Turbulence လို့ခေါ်တဲ့ မငြိမ်မသက်မှုတွေ လေယာဉ်ခါရမ်းမှုတွေနဲ့ကြုံလာရင် ဘယ်လိုပြုမှု ဆောင်ရွက်ရမလဲဆိုတာ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားပေးပြီးသားပါ။ လေယာဉ်အမှုထမ်းအားလုံးအတွက် Tubulence ဆိုတာ သာမန်ကြုံတွေ့နေကြ ကိစ္စတစ်ခုမို့ လေယာဉ်မှုးတွေဆိုရင် သူတို့သောက်နေတဲ့ ကော်ဖီဖိတ်စင်ကျမှာကိုပဲ ပိုစိုးရိမ်မိပါတယ်တဲ့။ ဆိုလိုချင်တာကတော့ အန္တရယ်မရှိနိုင်တာ လုံး၀သိနေတဲ့အတွက် စိတ်မပူပါနဲ့တဲ့။

(၆) လေယာဉ်ဆင်းသက်ချိန်
===================
လေယာဉ်ခရီးစဉ်တိုင်းရဲ့ အဓိကကျဆုံးအချိန်ကတော့ လေယာဉ်ဆင်းသက်ချိန်ပါပဲ။ အဲ့ဒါကြောင့် အမှားအယွင်း မရှိရလေအောင်လေယာဉ်မှုးတွေနဲ့အတူ အမှုထမ်းတွေအားလုံး သာမန်ထက်ကို အထူးဂရုစိုက်ပြီး အလုပ်လုပ်ကြပါတယ်။ မြင်ကွင်းမကြည်လင်ရင်တောင်မှ အော်တိုပိုင်းလော့နဲ့တင် ဆင်းသက်နိုင်ပါတယ်။

နောက်ဆုံးပြောချင်တာကတော့ စိတ်ပူပန်မှုတွေရှိနေသေးရင် ရာသီဥတုကို စိတ်မချရင်တောင်မှ ကိန်းဂဏာန်းတွေကို ယုံကြည်လိုက်ပါ။ လေယာဉ်ခရီးစဉ်တွေရဲ့ ကီလိုမီတာ သန်းတစ်ထောင်မှာ သေဆုံးနိုင်ချေဟာ ၀.၀၅ ရာခိုင်နှုန်းပဲရှိပါတယ်။ ဒါဟာ တွက်ချက်ထားတဲ့ စစ်တမ်းအရ ရထားခရီးစဉ်တွေမှာ ၀.၆ ရာနှုန်းနဲ့ ကားနဲ့သွားတဲ့ မြေပြင်ခရီးစဉ်မှာ ၃.၁ ရာခိုင်နှုန်းတွေထက်စာရင် များစွာ ဆုံးရှုံးနိုင်ခြေနည်းတာကို တွေ့ရမှာပါ။

ခရီးသည်များအားလုံး ဘေးကင်းစွာ၊ စိတ်ချမ်းသာစွာ၊ ယုံကြည်စွာဖြင့် လိုရာခရီးကို အဆင်ပြေချောမွေ့စွာ သွားရောက်နိုင်ကြပါစေကြောင်း တိုးဒီမြန်မာမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

#မူရင်းရေးသားသူကိုလေးစားစွာ credit ပေးပါသည်။

ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ စုံစမ်းလိုပါက
ဖုန်း 09421260875
Thiri Travel & Tour Myanmar

𝐌𝐚𝐤𝐢𝐧𝐠 𝐞𝐚𝐜𝐡 𝐨𝐟 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲𝐬 𝐚 𝐣𝐨𝐲 𝐢𝐧 𝐢𝐭𝐬𝐞𝐥𝐟 !ရှမ်းအရှေ့ဆိုရင် ကျိုင်းတုံမြို့လေးကလည်း  မြန်မာနိင်ငံရဲ့ အရှေ့ဖက် တံခါးပေ...
24/07/2023

𝐌𝐚𝐤𝐢𝐧𝐠 𝐞𝐚𝐜𝐡 𝐨𝐟 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲𝐬 𝐚 𝐣𝐨𝐲 𝐢𝐧 𝐢𝐭𝐬𝐞𝐥𝐟 !
ရှမ်းအရှေ့ဆိုရင် ကျိုင်းတုံမြို့လေးကလည်း မြန်မာနိင်ငံရဲ့ အရှေ့ဖက် တံခါးပေါက်မြို့လေးတခု .. ရိုးသားဖြူစင်တဲ့ တိုင်းရင်းသားတွေရဲ့ အပြုအမှုနဲ့ ဖောရွေမှုကို ခံစားကြရမယ်.. ထူးခြားစွာ ရှမ်း၊ ထိုင်း နဲ့ တရုတ်ပုံစံ လူနေထိုင်မှုပုံစံတွေ ရှိနေတဲ့နေရာလို့ ထင်မြင်မိပါတယ်။အာခါ လားဟူ၊ ဝ နဲ့ ရှမ်းတိုင်းရင်းသားတွေ နေထိုင်ကြပါတယ်.. ထိုင်းနယ်စပ်နဲ့လည်း မဝေးတော့သလို တရုတ်နယ်စပ်နဲ့လည်း မဝေးပြန်ပါဘူး
လည်ပတ်စရာ ..
- သစ်တစ်ပင်တောင်
- ကျိုင်းတုံမြို့မဈေး
- ရပ်တော်မူ ဘုရားကြီး နဲ့ နောင်တုံကန်
- လွတ်လပ်ရေးကျောက်တိုင်
- မဟာမြတ်မုနိဘုရား (ဘုရားကြီး)
- စွန်တောင်ဘုရား (သို့မဟုတ်) စွန်ခမ်းဘုရား
- ကမ္ဘာအေးစေတီ
- ကိုရင်လေးကျောင်း
- ဝပ်အင်းဘုန်းကြီးကျောင်း
- ပါလျန်တံခါး
- ကျိုင်းတုံရေပူစမ်း
- ကျိုင်းတုံဘူတာ
- ဗုဒ္ဓဥယျာဉ်နဲ့ ကဗျာသင်္ချိုင်း
- စော်ဘွားအုတ်ဂူ
- ကျိုင်းတုံရေတံခွန်
- လွယ်မွေ
လည်ပတ်စရာများပြားလွန်းပါတယ်နော် ..

✈️ ကျိုင်းတုံ ✈ ဟဲဟိုး
✈️ ကျိုင်းတုံ ✈ ရန်ကုန်
✈️ ကျိုင်းတုံ ✈ မန္တလေး

✈️ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် အသက်သာဆုံး စျေးနှုန်းများဖြင့် စုံစမ်းလိုပါက Page Messenger သို့ဖြစ်စေ
📱➡️ ( +95 9421260875 ) သို့ဖြစ်စေ စုံစမ်းမေးမြန်း ဝယ်ယူ နိုင်ပါတယ် ရှင် …

📧 Email : [email protected]

ပြည်ပ ခရီးသွားတော့မည်ဆိုလျှင် အရေးကြီးဆုံးက passport ပါ👉 Passport သက်တမ်း အနည်းဆုံး (၆) လ ကျန်ရပါမယ်။ ၆ လ သက်တမ်းထက်နည်း...
02/07/2023

ပြည်ပ ခရီးသွားတော့မည်ဆိုလျှင်

အရေးကြီးဆုံးက passport ပါ
👉 Passport သက်တမ်း အနည်းဆုံး (၆) လ ကျန်ရပါမယ်။ ၆ လ သက်တမ်းထက်နည်းမယ်ဆိုရင် check in counter ကနေ ဆက်သွားလို့မရတော့ပါဘူး။ ရခဲ့ရင်တောင် Immigration က ပြန်လွှတ်မှာပါ။ အကယ်လို့ Date ပါ ချိန်းမရခဲ့ရင် အဲ့ဒိအခါ ဝယ်ထားတဲ့ tickets တွေ ဆုံးရှုံးရတာတို့ဖြစ်တတ်ပါတယ်။ ဒါကြောင့် passport သက်တမ်း သေချာစစ်ပေးတဲ့ တိကျတဲ့ Airlines Agent ထံမှာပဲ ဝယ်ယူပါ 👌
👉 ဆေးထိုးစာရွက် နိုတြီ
👉 လိုအပ်သည့်စာရွက်စာတမ်းများ ကို နိုတြီအဆင်သင့်ပြန်ထားရန်
👉 အလုပ်လုပ်မည့်သူများ / ကျောင်းတက်မည့်သူများလည်း လိုအပ်သောစာရွက်စာတမ်းများကိုတစုတစီးတည်း ဖိုင်တခုထဲ ထည့်ထားရန်
👉 ပြည်ပသို့သွားမည်ဆိုလျှင် check in counter သို့ ယခုဆို ( 3 hr ) ခန့် ကြိုတင် ရောက်ရှိမှသာအဆင်ပြေပါတယ် ( အဝင်ထဲကတန်းစီရသူ အလွန်များပြားတဲ့အတွက်ပါ )
👉 passport No ဖြစ်စေ/ အမည် / birthdate တို့လွဲနေပါက ခရီးထွက်ဖို့ ရက် တစ်ပတ်ကျော် အလိုထဲက စောစီးစွာ ပြင်ဆင်ထားဖို့လိုအပ်ပါတယ် ။

✈️ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် အသက်သာဆုံး စျေးနှုန်းများဖြင့် စုံစမ်းလိုပါက Page Messenger သို့ဖြစ်စေ
📱➡️ ( +95 9421260875 ) သို့ဖြစ်စေ စုံစမ်းမေးမြန်း ဝယ်ယူ နိုင်ပါတယ် ရှင် …

🔴 ခရီးသွားသည့်အခါ
🔺 မှတ်ပုံတင်
🔺 ဆေးထိုးစာရွက်
🔺 passport များ မမေ့မလျော့ ယူဆောင်သွားကြပါနော် .. ✈️✈️

📧 Email : [email protected]

𝐌𝐚𝐤𝐢𝐧𝐠 𝐞𝐚𝐜𝐡 𝐨𝐟 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲𝐬 𝐚 𝐣𝐨𝐲 𝐢𝐧 𝐢𝐭𝐬𝐞𝐥𝐟 !မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်း ကော့သောင်းမြို့လေးဟာ တကယ်ကို ချစ်စရာကောင်းပ...
24/06/2023

𝐌𝐚𝐤𝐢𝐧𝐠 𝐞𝐚𝐜𝐡 𝐨𝐟 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲𝐬 𝐚 𝐣𝐨𝐲 𝐢𝐧 𝐢𝐭𝐬𝐞𝐥𝐟 !
မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်း ကော့သောင်းမြို့လေးဟာ တကယ်ကို ချစ်စရာကောင်းပြီး ပြည်တွင်း ပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ မြို့လေး ပဲ ဖြစ်ပါတယ်….
🌊 အပန်းဖြေဖို့အကောင်းဆုံးနဲ့ သဘာဝ ကျွန်းအလှတရားတွေ အပြည့်ရှိနေသေးတဲ့ ကော့သောင်းမြို့လေး ဟာ ခုလို နွေရာသီမှာ အလည်ပတ်သွားဖို့အကောင်းဆုံးနေရာလေးတခုပါ 🌊
✈️ ခရီးသွားလာလိုသည့် ဧည့်သည်တော်များအတွက် Air KBZ ၊ MAI လေကြောင်းလိုင်းများမှ နေ့စဉ်ပြေးဆွဲပေးလျှက်ရှိပါတယ်ရှင် 🌊🌊

✈️ Yangon ↔️ Kawthaung ( Daily )
✈️ Yangon ↔️ Myeik ( Daily )
✈️ Yangon ↔️ Dawes ( Daily )

✈️ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် အသက်သာဆုံး စျေးနှုန်းများဖြင့် စုံစမ်းလိုပါက Page Messenger သို့ဖြစ်စေ
📱➡️ ( +95 9421260875 ) သို့ဖြစ်စေ စုံစမ်းမေးမြန်း ဝယ်ယူ နိုင်ပါတယ် ရှင် …

📧 Email : [email protected]

𝐇𝐚𝐩𝐩𝐲 𝐅𝐚𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲 𝐓𝐨 𝐀𝐥𝐥 𝐓𝐡𝐞 𝐔𝐧𝐬𝐮𝐧𝐠 𝐇𝐞𝐫𝐨𝐞𝐬 𝐎𝐮𝐭 𝐓𝐡𝐞𝐫𝐞!Make today extra special by spending quality time with your dad. R...
18/06/2023

𝐇𝐚𝐩𝐩𝐲 𝐅𝐚𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲 𝐓𝐨 𝐀𝐥𝐥 𝐓𝐡𝐞 𝐔𝐧𝐬𝐮𝐧𝐠 𝐇𝐞𝐫𝐨𝐞𝐬 𝐎𝐮𝐭 𝐓𝐡𝐞𝐫𝐞!
Make today extra special by spending quality time with your dad. Remember, a father's love is unconditional, so let's make this Father's Day a day he'll never forget!

ခရီးထွက်ပါ၊ ခရီးသွားပါ~~~~~~~~~~~~~~~~ငယ်ရွယ်နုပျိုမှုဆိုတာက ထွက်သွားပြီးရင်ပြန်လာတတ်တဲ့ အရာမဟုတ်ဘူး။ခြေတွေ,လက်တွေကောင်း...
16/06/2023

ခရီးထွက်ပါ၊ ခရီးသွားပါ
~~~~~~~~~~~~~~~~

ငယ်ရွယ်နုပျိုမှုဆိုတာက ထွက်သွားပြီးရင်
ပြန်လာတတ်တဲ့ အရာမဟုတ်ဘူး။

ခြေတွေ,လက်တွေကောင်းတုန်းမှာ ခရီးထွက်ပါ။
ခရီးသွားပါ။

ပါးရည်,နားရည်တွေပါးတုန်းမှာ ဓာတ်ပုံရိုက်ပါ။

အမှတ်တရကောင်းတွေကို ဖန်တီးပါ။

တရိုတသေ သိမ်းဆည်းပါ။

နောင်ဆယ်စုနှစ် သုံး,လေး,ငါးခုကို
ကျော်လွန်ပြီးတဲ့အခါ
သည်နေရာဟာ သည်အတိုင်းရှိနေတော့မှာမဟုတ်ဘူး။

သည်အရွယ်ဟာ သည်အတိုင်းရှိနေတော့မှာမဟုတ်ဘူး။

ရှေးဟောင်းနှောင်းဖြစ်ဆိုတာ မှတ်ဥာဏ်ထဲက,နေပဲ
တစ်စချင်းဆွဲထုတ်ပြလို့ရတဲ့အရာ
ဓာတ်ပုံထဲမှာပဲ တစ်ခုချင်းပြန်ရှာလို့ရတဲ့အရာ ...။

နှစ်စဉ်နှစ်ဆက် ခရီးထွက်ပါ။ခရီးသွားပါ။

အထင်ကရရှိတဲ့ အလှအပတွေနဲ့အတူ
ဓာတ်ပုံရိုက်ပါ။

ကိုယ်အိုမင်းလို့ ဘယ်ကိုမှမသွားနိုင်တော့တဲ့အခါ
ဘယ်သူကမှ ခေါ်မသွားချင်တော့တဲ့အခါ
စိတ်ရဲ့ဖြေရာဆိုတာ ကိုယ်ရဖူးတဲ့အမှတ်တရတွေကိုပဲ
ရေနှူးပြီး သောက်ရတာမျိုးပါ ...။

:

ဝီကီပီးဒီးယား မှခရီးသွားခြင်းဟာ ကလေးများအတွက် ဒေသန္တရ ဗဟုသုတ တိုးပွား စေပါတယ်။ ကျောင်းသုံးစာအုပ်များတွင် သင်ယူရတဲ့ ပထဝီ ...
13/06/2023

ဝီကီပီးဒီးယား မှ

ခရီးသွားခြင်းဟာ ကလေးများအတွက် ဒေသန္တရ ဗဟုသုတ တိုးပွား စေပါတယ်။ ကျောင်းသုံးစာအုပ်များတွင် သင်ယူရတဲ့ ပထဝီ သင်ခန်းစာများကို ပြင်ပတွင် လေ့လာနိုင်သလို ၊ ရုပ်ရှင် ၊ ရုပ်ပြ များတွင် မြင်တွေ့ဖူးနေရသော တိရစ္ဆာန်ဥယျာဉ်၊ ရိုလာကိုစတာ စတာတွေကို ကိုယ်တိုင်မြင်တွေ့ လေ့လာ ရသဖြင့် တစ်မြို့ တစ်ရွာသို့ သွားရောက်လည်ပတ်ခြင်းသည်လည်းကောင်း ၊ မြို့တွင်း၌သာ လည်ပတ်ခြင်းသည်သော်လည်းကောင်း ၊ ခရီးတိုသော် လည်းကောင်း ၊ ရပ်ဝေးခရီးရှည်သော်လည်းကောင်း မည်သည့်ခရီးပင်ဖြစ်ပါစေ ကလေးများအတွက် အကျိုးကျေးဇူးရှိလှပါတယ်။

တကယ်တော့ ကလေးများနှင့် ခရီးသွားလာခြင်းဟာ ပျော်ပွဲစားထွက် သလို မဟုတ်ဘဲ ခရီးမထွက်မီ ကြိုတင်ပြင်ဆင်ရခြင်း ၊ ခရီးဆောင်အိတ်များ သေတ္တာများ ထုပ်ပိုးရခြင်း ၊ တစ်မြို့ တစ်ရွာတွင် ကလေးများ ခရီးပန်းကာ ဖျားနာခြင်းမျိုးအတွက် စိုးရိမ်ရခြင်း ၊ အိပ်ရေးဝဝ မအိပ်ရခြင်းတို့ ကြုံတွေ့ နိုင်သော်လည်း ကျောင်းပိတ်ရက်များ ခရီးသွားလာခြင်းဟာ ကလေးများ အတွက် ပြုလုပ်ပေးရမယ့် မိဘများရဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။

ခရီးစရိတ်အတွက် ကုန်ကျရန် မတတ်နိုင်တဲ့အခါမှာ စနေ ၊ တနင်္ဂနွေနေ့ လိုမျိုးမှာ အနီးအနားက ပင်လယ်ကမ်းခြေမြို့ ၊ မိမိနေထိုင်ရာ မြို့နှင့် ကပ်လျက် ရှိသော တခြားတစ်မြို့ကို သွားရောက်လည်ပတ်သင့်ပြီး ခရီးစရိတ်အတွက် အကုန်အကျ ခံနိုင်လျှင်တော့ စရိတ်အကုန်ခံနိုင်လျှင် ခံနိုင်သလောက် ဝေးလံသော နေရများ ၊ ခရီးစရိတ်ဈေးများသောနေရာများကို မိမိ အလိုရှိသလို သွားရောက်လည်ပတ်နိုင်ပါတယ်။ ဘယ်လိုနေရာမျိုးကိုပဲသွားသွား ၊ မိမိနေထိုင်ရာ မြို့မှ အသစ်အဆန်းဖြစ်သော တခြားတစ်နေရာသို့ သွားရောက် လည်ပတ်သည် ဆိုလျှင်ပဲ ကလေးများအတွက် လမ်းခရီးအတွေ့အကြုံ၊ မိမိ နေထိုင်ရာမြို့ နှင့်မတူသော ဗိသုကာလက်ရာများ ကိုလေ့လာနိုင်မှာဖြစ်ပါတယ်။ လေယာဉ်၊ ကား၊ ရထား၊ ရေကြောင်းလမ်း စသည်ဖြင့် ခရီးသွားလာရန် နည်းအမျိုးမျိုး ရှိသည့်အနက် မည်သည့်နည်းဖြင့် သွားစေကာမူ ကလေးများအတွက် အသစ်အဆန်းဖြစ်လို့နေပါတယ်။ ကလေးများကို တစ်ခရီး တည်းသွား ခရီးသည်များနှင့် မိတ်ဆက်ပေးခြင်း လည်း ဖြစ်သွား သည့် အတွက် ကလေးများအတွက် လမ်းခရီးမှာ မိတ်ဆွေတိုးပွားလာစေ နိုင်ပါတယ်။

ခရီးမထွက်မီမှာတော့ ကလေးများကို သူတို့ရဲ့ကိုယ်ပိုင် ပစ္စည်းများကို ထုပ်ပိုးစေခြင်းဖြင့် သူတို့၏ တာဝန်ကို ခွဲဝေပေးနိုင်ပါတယ်။ ကလေးကြီးများက သူတို့ရဲ့ အရုပ်တစ်ရုပ်လောက်ကို ထည့်ယူခဲ့စေနိုင်သလို ၊ မူကြိုအရွယ် ကလေးငယ်များက သူတို့ရဲ့ ကျောပိုးအိတ်ထဲမှာ သူတို့ရဲ့ အသုံးအဆောင်များကို ထည့်ပါစေခြင်းဖြင့် တာဝန်ယူတတ်မှု နဲ့ အရေးကြီးမှုတို့ကို ကလေးများကို လေ့ကျင့်သင်ပေးရာရောက်ပါတယ်။

ဘယ်ကိုသွားရမယ်ဆိုတာကို စဉ်းစားတဲ့အခါမှာ ဥရောပနိုင်ငံများကို သွားရောက်လည်ပတ်ခြင်းက စရိတ်စက ကြီးမားလှပေမယ့် အိမ်နီးချင်း နိုင်ငံများ ကို သွားရောက်လည်ပတ်လျှင်တော့ စရိတ်သိပ်ကုန်ကျမှာ မဟုတ်ပါဘူး။ ကလေးများကို မတူညီသော ယဉ်ကျေးမှု ၊ ဘာသာစကား ၊ အဆောက်အဦ ဗိသုကာလက်ရာ ၊ အစားအသောက် အသစ်အဆန်းများ နဲ့ ပတ်ဝန်းကျင် ရနံ့သစ်တို့ကို မျက်စိဖွင့်ပေးရာ ရောက်ပါတယ်။ ကလေးများကို သူတို့ရဲ့ ဇာတိမြို့ရွာမှ ကွဲပြားခြားနားသော ၊ အသစ်အဆန်းဖြစ်နေသော နေရာဒေသတစ်ခုသို့ ပို့ဆောင်ပေးခြင်းဟာ သူတို့အတွက် ခြားနားခြင်းကို လေ့လာရန် အရေးကြီးလှပါတယ်။

ခရီးထွက်မည့်နေရာကို ရွေးချယ်သောအခါမှာလည်း ကလေးများ နှစ်သက်ပျော်ရွှင်မှုရရှိနိုင်သော နေရာဖြစ်ရန်လည်း လိုအပ်လှပါတယ်။ သမိုင်းဝင် အဆောက်အဦးများကို မြင်တွေ့ရသော အခါတွင်လည်း သမိုင်းစာအုပ်ထဲတွင် ပါရှိသော သင်ခန်းစာများကို ကလေးများ မျက်မြင် တွေ့မြင်နိုင်သလို တော ၊တောင် ၊ ရေ ၊ မြေ သဘာဝများကို ကလေးများကို ပြသကာ ပထဝီသင်ခန်းစာများကို ပြန်လည်မှတ်မိစေနိုင်ပါတယ်။ ကားလမ်းဖြင့် ခရီးသွားလာသောအခါတွင်လည်း မိုင်တိုင် အရေအတွက်များကို မှတ်သားစေခြင်းဖြင့် ကလေးများကို သင်္ချာသင်ခန်းစာကို လေ့လာစေနိုင်ပါတယ်။

လူကြီးများက အလုပ်တာဝန် ၊ အိမ်မှုတာဝန်များဖြင့် ပင်ပန်းနေသော်လည်း ကလေးများ ကျောင်းပိတ်ရက်ရှည်တွင် ကလေးများကို ခရီးတစ်ခုခု ပို့ဆောင် ပေးခြင်းဖြင့် ထိုခရီးသွားအတွေ့အကြုံများက သူတို့အတွက် လေ့လာမှတ်သား စရာများဖြင့် အကျိုးရှိလှသလို ဘဝတစ်သက်တာမှာ မှတ်မိနေမည့် ပျော်ရွှင်စရာနေ့ရက်များ ဖြစ်ပါပေလိမ့်မယ်။

𝐌𝐀𝐈 𝐂𝐨𝐝𝐞𝐬𝐡𝐚𝐫𝐞 𝐖𝐢𝐭𝐡 𝐒𝐫𝐢𝐋𝐚𝐧𝐤𝐚𝐧 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬 (𝐔𝐋)We're delighted to announce the codeshare arrangement between Myanmar Airways ...
04/06/2023

𝐌𝐀𝐈 𝐂𝐨𝐝𝐞𝐬𝐡𝐚𝐫𝐞 𝐖𝐢𝐭𝐡 𝐒𝐫𝐢𝐋𝐚𝐧𝐤𝐚𝐧 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬 (𝐔𝐋)

We're delighted to announce the codeshare arrangement between Myanmar Airways International (8M) & SriLankan Airlines (UL) for flights to Colombo (CMB) via Bangkok (BKK) & Singapore (SIN). Our guests can travel with ease from Yangon (RGN) and enjoy seamless flights to Myanmar.

We can't wait to welcome you onboard soon for your next adventure!

__________________

ကဲ...ဘာတွေစောင့်နေသေးတာလဲ? MAI လက်မှတ်များကို www.maiair.com၊ MAI Xtra App နဲ့ လက်မှတ်အရောင်းကိုယ်စားလှယ်တွေမှာ အခုပဲ ဝယ်ထားလိုက်တော့နော်။ ထပ်မံစုံစမ်းမေးမြန်းလိုပါက Facebook Messenger မှတဆင့်လည်း လာရောက်ဆက်သွယ်နိုင်ပါတယ်ရှင်။
✈️ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် အသက်သာဆုံး စျေးနှုန်းများဖြင့် စုံစမ်းလိုပါက Page Messenger သို့ဖြစ်စေ
📱➡️ ( +95 9421260875 ) သို့ဖြစ်စေ စုံစမ်းမေးမြန်း ဝယ်ယူ နိုင်ပါတယ် ရှင် …

📧 Email : [email protected]


[15:34, 29/05/2023] Youne: 𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐌𝐨𝐧𝐬𝐨𝐨𝐧, 𝐋𝐞𝐭 𝐓𝐡𝐞 𝐀𝐝𝐯𝐞𝐧𝐭𝐮𝐫𝐞 𝐁𝐞𝐠𝐢𝐧!It may be raining and grey outside, but 𝐲𝐨𝐮 𝐜𝐚𝐧 𝐞𝐦𝐛𝐚...
30/05/2023

[15:34, 29/05/2023] Youne: 𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐌𝐨𝐧𝐬𝐨𝐨𝐧, 𝐋𝐞𝐭 𝐓𝐡𝐞 𝐀𝐝𝐯𝐞𝐧𝐭𝐮𝐫𝐞 𝐁𝐞𝐠𝐢𝐧!

It may be raining and grey outside, but 𝐲𝐨𝐮 𝐜𝐚𝐧 𝐞𝐦𝐛𝐚𝐫𝐤 𝐨𝐧 𝐚 𝐭𝐡𝐫𝐢𝐥𝐥𝐢𝐧𝐠 𝐣𝐨𝐮𝐫𝐧𝐞𝐲 𝐭𝐨 𝟏𝟒 𝐝𝐞𝐬𝐭𝐢𝐧𝐚𝐭𝐢𝐨𝐧𝐬 𝐚𝐜𝐫𝐨𝐬𝐬 𝐌𝐀𝐈 𝐧𝐞𝐭𝐰𝐨𝐫𝐤 𝐰𝐢𝐭𝐡 𝐨𝐮𝐫 𝐡𝐨𝐭𝐭𝐞𝐬𝐭 𝐟𝐚𝐫𝐞𝐬 𝐬𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐟𝐫𝐨𝐦 𝐣𝐮𝐬𝐭 𝐔𝐒𝐃 𝟓𝟕.

Whether you want to relax in the sun or indulge in an adventure, 𝐰𝐞'𝐯𝐞 𝐠𝐨𝐭 𝐲𝐨𝐮 𝐜𝐨𝐯𝐞𝐫𝐞𝐝 𝐰𝐢𝐭𝐡 𝐨𝐮𝐫 𝐟𝐮𝐥𝐥-𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞.

So, what are you waiting for? Purchase your ticket at www.maiair.com, MAI Xtra App, or our Passenger Sales Agents (PSAs). For more information, connect with us on Facebook Messenger.

___________________

မုတ်သုံရာသီကို ကြိုဆိုရင်း ခရီးစဥ်အသစ်တွေနဲ့ စွန့်စားခန်းတွေ စတင်လိုက်ရအောင်!

အပြင်မှာ မိုးရွာပြီးမှုန်မှိုင်းနေတာပဲဖြစ်ဖြစ် ရာသီဥတုဘယ်လိုအခြေအနေမှာမဆို MAI ပြေးဆွဲနေတဲ့ ခရီးစဥ်ကွန်ယက်ထဲက နေရာဒေသ ၁၄ ခုကို 𝐔𝐒𝐃 𝟓𝟕 မှစတင်တဲ့ အလွန့်အလွန်သက်သာတဲ့ အထူးဈေးနှုန်းတွေနဲ့ ရင်ခုန်စရာကောင်းတဲ့ခရီးစဥ်တွေ ဖန်တီးနိုင်ပါပြီ။

နေပူစာလေးလှုံရင်း အနားယူချင်ရင်ပဲဖြစ်ဖြစ် စွန့်စားခန်းတွေရှာဖွေချင်ရင်ပဲဖြစ်ဖြစ် MAI ရဲ့ 𝐟𝐮𝐥𝐥-𝐬𝐞𝐫𝐯𝐢𝐜𝐞 ပါဝင်တဲ့ ခရီးစဥ်တွေနဲ့ လိုရာခရီးကို စိတ်အေးချမ်းသာ သွားလာနိုင်ပါပြီ။

ကဲ...ဘာတွေစောင့်နေသေးတာလဲ? MAI လက်မှတ်များကို www.maiair.com၊ MAI Xtra App နဲ့ လက်မှတ်အရောင်းကိုယ်စားလှယ်တွေမှာ အခုပဲ ဝယ်ထားလိုက်တော့နော်။ ထပ်မံစုံစမ်းမေးမြန်းလိုပါက Facebook Messenger မှတဆင့်လည်း လာရောက်ဆက်သွယ်နိုင်ပါတယ်ရှင်။
[15:34, 29/05/2023] Youne: ✈️ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် အသက်သာဆုံး စျေးနှုန်းများဖြင့် စုံစမ်းလိုပါက Page Messenger သို့ဖြစ်စေ
📱➡️ ( +95 9421260875 ) သို့ဖြစ်စေ စုံစမ်းမေးမြန်း ဝယ်ယူ နိုင်ပါတယ် ရှင် …

📧 Email : [email protected]


Address


Telephone

+959421260875

Website

Alerts

Be the first to know and let us send you an email when THIRI Travel & Tour Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to THIRI Travel & Tour Myanmar:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share