Nomi.

Nomi. Sweet Products Seller

Not same ❤️
14/06/2022

Not same ❤️

😎😎

All About W**dဝိအကြောင်းအကုန်ဝိအကြောင်းအကုန် ကဏ္ဍကိုအပိုင်း (၃)ပိုင်း Sativa,  Inidca,  Hybrid နဲ့ Ruderails(Landrace)စတ...
13/06/2022

All About W**d
ဝိအကြောင်းအကုန်

ဝိအကြောင်းအကုန် ကဏ္ဍကိုအပိုင်း (၃)ပိုင်း Sativa, Inidca, Hybrid နဲ့ Ruderails(Landrace)စတဲ့ ခေါင်းစဥ် (၃)ခုခွဲရေးသွားမှာဖြစ်ပြီး ခေါင်းစဥ်ပါအကြောင်းအရာများကို ဂဃနဏ သိအောင်ဖြစ်ပါတယ်။ စာဖတ်ဖို့တော့လိုပါတယ်။

အပိုင်း (၁) စတီဗာ (Sativa) သို့ ပွကြီး

ကျွန်တော်တို့ လက်ရှိ စတီဗာလို့ခေါ်နေတဲ့ စကားလုံးက လွန်ခဲ့တဲ့ နှစ်လေးထောင်လောက်ကပေါ်ခဲ့ပြီး လက်တင်အခြေပြု စကားလုံးပါ၊ အဓိပ္ပာယ်ကတော့ - cultivated (ပြုစုပျိုးထောင်ခြင်း) ဖြစ်ပါတယ်။ ထိုခေတ်က Sativa ကိုစားသုံးဖို့ထက် အဝတ်အစားတွေယက်လုပ်ဖို့ ချည်အဖြစ်စိုက်ပျိုးကျပါတယ်။ ထို့ကြောင့် အရင်ခေတ်က Sativa အပင်တွေဟာ အဖူးမထွက်ခင်ကာလ( Vegetative Stage) မှာတင် လျှော်ထုတ်ဖို့ အခူးခံရပါတော့တယ်။

🦧 ပွကြီးခေါ်ရတဲ့အကြောင်း

အကြောင်းကတော့ နေရာတကာပါလို့ပါ။ လူငယ်တွေရဲ့ဘဝအကြောင်းစကားဝိုင်းကအစ ဟိုး အထပ်မြင့်ကြီးတွေပေါ်က ပါတီပွဲကြီးတွေအဆုံး Sativaပါပါတယ်။ သူရဲ့ ပေါင်းသင်းဆက်ဆံရေး (Socialize) ဖြစ်တဲ့ အာနိသင်ရယ်၊ အပြုအမူတွေကိုမြင့်တင်ပေးနိုင်တဲ့ အာနိသင်တွေရယ်ကြောင့်ပါ။ အလွန်ကောင်းတဲ့ Sativaများကို Party Drugs(E,K)တွေနေရာအစားထိုးလာကျတယ်လို့ စစ်တမ်းများကဆိုပါတယ်။ ထို့အပြင် ဆေးဖက်ဆိုင်ရာကုသရေးမှာလည်း Mental Disorder တွေ၊ ကင်ဆာဆဲလ်ပွားခြင်း၊ ကင်ဆာဆေးသွင်းပြီးချိန်ဖြစ်တဲ့ အော့အန် မူးဝေးခြင်း၊ စိတ်ဖိစိီးခြင်းတွေကိုကုသနိုင်လို့ ပွကြီးထပ်ဖြစ်ရပြန်ပါတယ်။

🍁 Sativa ရဲ့မျိုးနွယ်

စတီဗာအပင်တွေရဲ့ သိပ္ပံနာမည်က ကာနားဘစ် စတီဗာ အလ်( Cannabis sativa L.)ဖြစ်ပြီး မျိုးရင်းက ပန်းပွင့်သောအပင်များ (Flowering Plant)ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ
ပန်းပွင့်တဲ့အပင်တွေ အလွန်များတာကြောင့် အပင်အုပ်စုတွေဖွဲဲ့ပြီး မျိုးစုပြန်ခွဲကြတော့ စတီဗာအပင်တွေကို ကားနဘေးစီ(Cannabaceae) အုပ်စုထဲထည့်လိုက်ပါတယ်။

ကာနဘေးစီဆိုတာ ဘီယာထုတ်တဲ့ ဟူးမြူးလပ် (Humulus) ဒေသအခေါ် Hop အပင်လေးတွေ ၊ ညောင်သီးလို ဘဲရီသီးသီးတဲ့ ဆဲလ်တစ်(Celtis) အပင်တွေအပြင် H**p ဒေသအခေါ် လျှော်ပင်တွေလည်းပါပါတယ်။ ပိန်ရှည်ရှည် လျှော် ပင်တွေကလည်း Sativa မျိူးနွယ်တွေဖြစ်ပြီး လျှော်ပင်ကိုသေချာ Indoor စိုက်ရင် သူ့အဖူးတွေကို Smokable H**p အဖြစ်ဆေးလိပ်အစားထိုး သောက်သုံးလို့ရပါတယ်။

🌞 ပေါက်ရောက်ရာဒေသ

စတီဗာတွေကို အီကွေတာနဲ့နီးတဲ့ ကမ္ဘာ့နိုင်ငံတွေမှာတွေ့ရတတ်ပြီး မျိုးရင်းကောင်းတဲ့ အရည်သွေးမြင့် Sativa တွေကိုတော့ မက္ကဆီကို၊ ထိုင်း နဲ့ မြန်မာအပြင် အချို့ အရှေ့တောင်အာရှနိုင်ငံများ(SEA)တွေမှာတွေ့ရတတ်ပါတယ်။ ထို့အပြင် အာရှတောင်ခြမ်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘဂ်လာဒေရှ့်တို့မှာလည်းတွေ့ရတတ်ပါတယ်။

ထို့ကြောင့် ပြည်ပက ဝိသောက်သုံးသူများက အရည်သွေးကောင်းတဲ့ Quality Sativa တွေကို Eastern Warrior (အရှေ့တိုင်းကလာတဲ့စစ်သည်တော်) လို့တင်စားကြတာပါ။

🌻 Sativa ရဲ့ပုံစံ

Sativa အပင်တွေက Indica ပင်တွေထက် ပိုရှည်ပြီး ပုံမှန်အားဖြင့် ပေ ၂၀ မှ ၃၀ပေအထိရှည်တတ်ပါတယ်။ ထင်းရူးပင်လိုပုံစံဖြစ်ပြီး ခပ်ကျဲကျဲအရွက်တွေနဲ့ ပင်စည်ကအပေါ်ကို အမြဲထောင်တတ်နေတတ်ပါတယ်။ ထို့ကြောင့် အချို့စိုက်ပျိုးသူများဟာ Sativa ပင်တွေအပေါ်ရှည်ထွက်မလာအောင် ထိပ်ညွှန့်ဖြတ်တာတွေ၊ ကြိုးဆွဲတာတွေ၊ ပိုက်ကွန်နဲ့အုပ်တာတွေစတဲ့ Stress တွေပေးကြပါတယ်။ ထို့အပြင် Sativa ပင်များက အလင်းရောင်နဲ့ ဝန်းကျင်အပူ၊ ခြောက်သွေ့မှုကို Indica ပင်များထက်ပိုကြိုက်တတ်ကြပါတယ်။

အခြေခံအားဖြင့် Sativaပင်တွေက

• ပင်စည်ရှည်မယ်။

• အရွက်ချွန်ပြီး ရှည်မယ်။

• အစိမ်းရောင်နုမယ်။

• အဖူးချွန်မယ်။ (အောက်ကပုံမှာကြည့်ပါ)

Sativa အပင်တွေက ဝိအပင်တွေထဲမှာ စိုက်ပျိုးချိန်အကြာဆုံးအပင်ဖြစ်ပြီး အဖူးဖူးတဲ့အဆင့်မှာတောင် ၁၀ပတ်ကနေ ၁၅ပတ်လောက်ကြာတတ်ပါတယ်။

(Tips. sativa စိုက်ပျိုးသူများအနေနဲ့ စိတ်ရှည်ရမှာဖြစ်ပြီး အဖူးကိုအချိန်ကြာကြာထားလေလေ ပါဝင်တဲ့ THC ပြည့်
လေလေဖြစ်တာကြောင့် Sativa စိုက်ရင် ဆောမခူးပဲ နောက်ကျမှခူးဖို့အကြံပေးပါတယ်။)

ယနေ့ခေတ် ခေတ်မှီနည်းပညာများဖြင့် ဗီဇပြောင်းထားတဲ့ Sativa(auto) ပင်များက အချိန်အနည်းငယ်ကြာတတ်ပေမယ့် အခြားအမျိုးစား auto.ပင်တွေထက် အဖူးကြီးထွားချိန်ကြာတတ်ပါတယ်။

🍁 Sativa ရဲ့အာနိသင် မျက်ကျယ် ခံစားမှု (Head high)

ဝိတွေမှာ

👉 ပျော်ဖို့ ဇိမ်ကျဖို့သုံးမယ်ဆိုရင် လူကို လွင့်စေတဲ့၊ မြောက်စေတဲ့၊ ပေါ့ပါးစေတဲ့ အာနိသင် THC

👉 ဆေးဖက်ဆိုင်ရာအရသုံးမယ်ဆိုရင် ကင်ဆာဆဲလ်ပွားတာကိုရပ်မယ်၊ ကင်ဆာဆေးသွင်းပြီးချိန်ဖြစ်တဲ့ ပျို့တာ အန်တာ ဖိစီးတာတွေကိုပျောက်စေမယ်၊ စိတ်ကျရောဂါကစတဲ့ PTST ကိုကာကွယ်မယ်၊ အကိုက်ခဲပျောက်မယ် ဖူးရောင်မယ် စတဲ့ အာနိသင် THC နဲ့

👉 အညောင်းအညာပြေတဲ့၊ စိတ်ဖိစီးမှုပျောက်တဲ့၊ နီကိုတင်းအစားထိုးဓာတ် CBD ရယ်ပါပါတယ်။

(ဒီဓာတ်နှစ်အကြောင်းကို အသေးစိတ်ထပ်မရေးတော့ပါဘူး၊ ကျွန်တော့် Page မှာရေးထားတယ်ထင်ပါတယ်၊ပြန်ရှာဖတ်ကြည့်ပါ၊ မတွေ့မိဘူး မရေးထားမိဘူးဆိုရင် ရေးပေးဖို့
သတိလာပေးပါ၊ ထပ်ရေးကျပါမယ်။)

အဲ့တော့ဗျာ ဝိတွေမှာ အခြေခံအားဖြင့် အဲ့ဓာတ်နှစ်ခုပါပါတယ်။ Sativa ကလည်း ဝိပါ၊ ဝိဆိုတော့ အဲ့ဓာတ်တွေပါပါတယ်။ Indic လည်းဝိဖြစ်လို့ အဲ့ဓာတ်ပါပါတယ်။

ဒါပေမယ့် သူတို့နှစ်ခုကို အဖြဲအမဲကွဲတဲ့ မူရင်းအာနိသင်နှစ်ခုရှိပါတယ်။ အဲ့တာက Head high နဲ့ Body High ပါ၊

Sativa ဆိုရင် Head high တက်ကြွမယ်၊ ရယ်မယ်၊ လှုပ်လှုပ်ရှားရှားနေမယ်၊ တီထွင်ဖန်တီးအားကောင်းမယ်။

Indica ဆိုရင် Body high တွေးတောမယ်၊ အတွေးဟောင်းတွေချိတ်ဆက်မယ်၊ ငြိမ်မယ်၊ အနားယူလို့ကောင်းမယ်။

✅ ကျွန်တော်တို့ဆီက ဆေးကျမ်းပြုစုတဲ့ သမားတော်ကြီး၊ မထေရ်ကြီးတွေ ဘာသာပြန်တော့ မျက်ကျဥ်း၊ မျက်ကျယ်ဆိုပြီးပြန်ပါတယ်။ တကယ်လှတဲ့စကားလုံးအသုံးနှုန်းပါ။

Sativa ရဲ့ Head High = မျက်ကျယ်
Indica ရဲ့ Body High = မျက်ကျဥ်း

♦️ Sativa သောက်သုံးသူအများစုကို စစ်တမ်းကောက်ထားပြီး ဆေးသိပ္ပံပညာအရ ချဥ်းကပ်ထားတဲ့ စာတမ်းတွေမှာတော့ Sativa သောက်ရင် အခြေခံ အာနိသင် (၄)ခုရှိတယ်လို့ဆိုပါတယ်။

(၁)။ လွင့်မြောခြင်း အာနိသင် (Uplifting Effect)

အသုံးပြုသူအချို့က စိတ်ပေါ့ပါးနေတဲ့ခံစားချက်ရရှိပြီး ဆေးသိပ္ပံအရ ဒီခံစားချက်က ပျော်ရွှင်ခြင်းနဲ့ မျှော်လင့်ချက်အသစ်တွေရရှိစေမယ်လို့ဆိုပါတယ်။

(၂)။ တီထွင်ဖန်တီးတတ်ခြင်း အာနိသင်(Creativity Effect)

အသုံးပြုသူအချို့က တီထွင်ဖန်တီးလိုစိတ်၊ သိလိုစိတ်ပြင်းပြတတ်လာပြီး ဆေးသိပ္ပံအရ အသုံးပြုသူစိတ်ဝင်စားတဲ့နယ်ပယ်ရဲ့ အကြောင်းအရာအသစ်တွေကို ဖန်တီးလာစေမယ်လို့ဆိုပါတယ်။

(၃)။ တက်ကြွခြင်း အာနိသင် (Energetic Effect)

အသုံးပြုသူအချို့က စိတ်သွားတိုင်းကိုယ်ပါဖြစ်တတ်ပြီး ဆေးသိပ္ပံအရ ဒီခံစားချက်က အသုံးပြုသူကို အိမ်ပြင်ထွက်အောင်နဲ့ လူအများနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာအောင် ကူညီမယ်လို့ဆိုပါတယ်။

(၄)။ အာရုံစူးစိုက်နိုင်စွမ်း အာနိသင် (Focusing Effect)

အသုံးပြုသူက စိတ်အာရုံကို တစ်ခုထဲမှာပဲစူးစိုက်ထားနိုင်ပြီး ဆေးသိပ္ပံပညာအရ ဒီခံစားချက်က လုပ်ရမယ့်အလုပ်တွေ၊ လုပ်နေတဲ့အလုပ်တွေလွယ်လွယ်ကူကူ အဆုံးသတ်နိုင်လိမ့်မယ်လို့ဆိုပါတယ်။

⚕️ ဆေးဖက်ဆိုင်အသုံးဝင်မှု ⚕️

ဝိမှာပါတဲ့ ဓာတ်ပေါင်းတွေကိုပြောရင် အများစုက THC နဲ့ CBD ကိုပဲပြောကျမှာပါ။ ဒါပေမယ့် Sativa အာနိသင်ပါတဲ့ဝိတွေမှာ Omega 3 နဲ့ 6 acid ပါပြီး နာတာရှည် ရောင်ရမ်းခြင်းတွေ၊ နာတာရှည် နာကျင်ကိုက်ခဲမှုတွေကိုပျောက်စေတဲ့ ဓာတုဓာတ်ဆာတွေလည်းပါတယ်လို့ Farma Health ရဲ့သုတေသနစာတမ်းကဆိုပါတယ်။

ထို့အပြင် Sativa ကကျော်ကြားတဲ့ ပြဇာတ်ရေးဆရာ(playwright)တွေ ဇာတ်ညွှန်းရေးဆရာတွေ(Scriptwriter)တွေက not-so-secret pills လို့ခေါ်ကြပါတယ်။ အကြောင်းကတော့ Sativa mode က ညဏ်ကွန့်မြူးပြီးဖန်တီးရတဲ့ ပြဇာတ်တွေ၊ ဇာတ်ညွှန်းတွေမှာ အခက်အခဲဖြစ်တဲ့ Writer's block (ဆက်မရေးနိုင်လောက်အောင် အကြံမထွက်တော့ခြင်း) ကိုကျော်ဖြတ်နိုင်လို့ဖြစ်ပါတယ်။

ခနွာကိုယ်ရဲ့ Mode Change စိတ်တို၊ စိတ်ကျတွေမှာ အဓိကကျတဲ့ ဆီရိုတိုနင် (Serotonin)ဓာတ်ကို တိုးဆွပေးပါတယ်။ အဲ့ဓာတ်က Mode Change, Sleep, learning, appetite (စားချင်စိတ်) နဲ့ anxiety (ပူပင်သောက) တွေကိုချိန်ညှိပေးပါတယ်။

အချို့လူများက ကိုယ်လက်လှုပ်ရှားမှုမလုပ်ခင် Sativaအာနိသင်ပါတဲ့ ဝိများသောက်ထားရတာကြိုက်ပြီး ယောဂ သမားများကတော့ ယောဂမကျင့်ခင် Sativa boost လိုက်တာက OM zone နဲ့လိုက်မြောစေတယ်လို့ဆိုပါတယ်။ OM zone ဆိုတာ အိန္ဒိယကစလိုက်တဲ့ spiritual tune လိုမျိုးပါ၊ ယောဂကျင့်တာတွေ တရားထိုင်တာတွေကို စိတ်တည်ငြိမ်နေအောင်ကူညီပေးတဲ့ သံစဥ်တီးလုံးတွေကိုဆိုတာဖြစ်ပါတယ်။

👉 ဆေးဖက်ဆိုင်ရာ အရေးပါဆုံးကုထုံးကတော့ Sativa အာနိသင်ပါတဲ့ ဝိတွေဟာ PTSD ကိုကုသပေးနိုင်ပါတယ်။ PTSD ဆိုတာ Post-traumatic stress disorder ကိုဆိုတာဖြစ်ပြီး အနီးစပ်ဆုံးဘာသာပြန်ရရင်တော့ အတိတ်ဆိုးကခြောက်လန့်ခြင်း လို့ဆိုနိုင်ပါတယ်။ ရောဂါက ကိုရီးယားအချစ်အက်ရှင် ခေါင်းစဥ်နဲ့ဆိုပေမယ့် သွားနောက်လို့တော့မရပါဘူး။ စိတ်ဒဏ်ရာရနိုင်တဲ့အထိဖြစ်နိုင်တဲ့ အတိတ်ဆိုးတွေကလည်း PTSD လို့ဆိုနိုင်ပါတယ်။

ဥပမာ ရက်စက်တွေစစ်ပွဲတွေကြုံလိုက်ရတာမျိုး၊ ကိုယ့်ရှေ့မှာ ကိုယ်ချစ်တဲ့သူတွေ သေသွာတာမျိုး၊ ပြင်းထန်တဲ့ ကားအက်ဆီးဒင့်လိုမျိုး၊ ကိုယ့်မိဘနှစ်ယောက်ရန်ဖြစ်ရင်း မိဘတစ်ယောက်ဆုံးရှုံးသွားတာမျိုး၊ ငယ်ငယ်က ပတ်ဝန်းကျင်တစ်ခုလုံးကလူတွေရဲ့ ရိုက်နှုက်ခွဲခြားဆက်ဆံရတာမျိုးတွေက PTSD ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရင် Sativa ကို ဆွဲသောက်ဖို့လိုပြီးလုံးဝ ပျောက်ကင်းနိုင်တယ်လို့ ဆေးမှတ်တမ်းများကဆိုပါတယ်။

🌼 Sativa အကြောင်းသုတေသနပြု Facts အချို့

* အရည်သွေးမြင့် Sativa မျိုးများက High တာထက်ပိုတဲ့ Visual Trip အာနိသင်အထိ ပေးစွမ်းနိုင်ပါတယ်။

* Sativa တွေဟာ ဝိအမျိုးစားထဲမှာ လူအရွေးခြယ်ဆုံး အာနိသင်ဖြစ်ပါတယ်။

* Sativa အမျိုးစားဝိတွေက အခြားအမျိုးစား ဝိတွေထက် THC များပြီး CBD နည်းပါတယ်။

* စိတ်ရောဂါနဲ့ အပြုမူဆိုင်ရာ ချို့ယွင်းချက်တွေကို ကုသရာမှာ Sativa အာနိသင်က အကောင်းဆုံး ဆေးဝါးဖြစ်ပါတယ်။

* ကမ္ဘာ့ရှေးအကျဆုံး Sativa အာနိသင်ပါတဲ့ဝိအသုံးပြုမှုကို တရုတ်ပြည်က ရှေးဟောင်းအသုံးဆောင်များကတွေ့ရှိခဲ့တာဖြစ်ပါတယ်။

* Super Silver Haze က ကမ္ဘာ့အကောင်းဆုံး Sativaအာနိသင်ပါတဲ့ ဝိလို့ လူအများစုသတ်မှတ်ထားတဲ့ ဂန္ဓဝင် ဝိအမျိုးစားတစ်ခုဖြစ်ပါတယ်။

* စျေးကွက်မှာ 100% Pure sativa အာနိသင်ပါတဲ့ဝိဆိုတာ လိမ်တာဖြစ်ပြီး အများစုက 90:10 အာနိသင်ပဲပါပါတယ်။ 100% Pure Sativa strain ရှိပေမယ့်တွေ့ဖို့ရှားလွန်းပါတယ်။

* Sativa အာနိသင်ပါတဲ့ဝိတွေကို Party Drugs တွေနေရာမှာ အစားထိုးမှုဟာ နှစ်စဥ်နှစ်တိုင်းတိုးတက်လို့လာနေပါတယ်။

🍌 Sativa အာနိသင်ပါတဲ့ နာမည်ကြီး ဝိအချို့

🍁 Durban Poison (ဒါဗန် ပွိုင်ဆမ်)

THC : 21.5, CBG : 1
Sativa 100% (Pure)

Durban Poison ကအာဖရိက မျိုးရင်းဖြစ်ပြီး တော်တော်ပြင်းတဲ့ Sativa အာနိသင်ပေးပါတယ်။ အသုံးပြုသူကို ဟန်မဆောင်နိုင်တော့လောက်အောင် တက်ကြွမှုတွေပေးနိုင်တယ်ပါတယ်။ 1970နှစ်စပိုင်းကနေ ယနေ့ခေတ်အထိ ကျော်ကြားဆဲ Classic Strain တစ်ခုပါ။

🍁 Super Silver Haze

THC : 20.5
Sativa 70% , Indica 30%
Sativa - dominant

Super Silver Haze က Comic Book တစ်ခုရဲ့ ဇာတ်လိုက် Super hero ကိုအခြေပြုပေးထားတဲ့နာမည်ဖြစ်ပြီး High Time ရဲ့ ပထမဆုံးလုပ်တဲ့ပွဲမှာ ပထမဆုရခဲ့တဲ့အပြင် သုံးနှစ်ဆက်ဆိုက် ပထမဆုရတဲ့ Strainလည်းဖြစ်ပါတယ်။ အသုံးပြုသူကို Sativa အာနိသင် အကြာဆုံးပေးစွမ်းနိုင်တဲ့ Strain တစ်ခုပါ။

🍁 Jack Herer (ဂျက် ဟရဲ)

THC : 21%
Sativa : 55% , Indica 45%
Slightly Sativa

ဝိနဲ့ပတ်သက်ပြီး လူတွေမြင်နေတာမှားကြောင်း တစ်ဘဝလုံးသက်သေပြခဲ့တဲ့ ဂန္ဓဝင် တက်ကြွလှုပ်ရှားသူ၊ တော်လှန်ရေးသမားကြီး ဂျက်ဟရဲကို ဂုဏ်ယူပြီးပေးထားတဲ့ဝိဖြစ်ပါတယ်။ အသုံးပြုသူကို စိတ်ဖိစီးမှုတွေ၊ စိတ်ကျရောဂါတွေ၊ ကိုယ်ခန္ဓာကိုက်ခဲနာကျင်တာတွေပျောက်အောင် ကူညီပေးနိုင်ပါတယ်။ ယခု strain က အာနိသင်ထက် အကျိုးသက်ရောက်မှုကို အလေးထားပြီး Breed ထားတဲ့အစေ့ပါ ဂျက်ဟရဲ ရဲ့စာအုပ် The Emperor Wears No Clothes ကို အစေ့အဖြစ်ပြန်ပြောင်းထားတဲ့ ဝိဖြစ်ပါတယ်။

စေတနာတွေမှန်ခဲ့ရင် လူသေပေမယ့် နာမည်မသေပါဘူး။

🍁 Blue Dream

THC 17% , CBD 0.1%
Sativa 60% , Indica 40%
Sativa - dominant

ဒီ Strain က West coast strain တစ်ခုဖြစ်ပြီး ချိုချဥ်လိုအနံ့၊ ချိုတဲ့အရသာတွေကြောင့်ကျော်ကြားပါတယ်။ အသုံးပြုသူကို မောပန်းနွမ်းနယ်တာတွေ၊ ကိုယ်လက်ထိုင်းမှိုင်းတာတွေပျောက်အောင် ကုသပေးနိုင်ပါတယ်။

🍁 Tangie (တန်ဂျီ)

THC 20.5% , CBD 0.1%
Sativa 70% , Indica 30%
Sativa - dominant

တန်ဂျီကို ကမ္ဘာ့အကောင်းဆုံး ဝိတွေရှိတဲ့နေရာ စတုန်နာတွေရဲ့ သုခဘုံအမ်စတာဒမ်မြို့ရဲ့အိမ်ရှေ့မင်းသားလို့တင်စားကြပါတယ်။ ဆုတွေအများကြီးရရှိထားပြီး အသုံးပြုသူကို မျက်ကျယ်အာနိသက် Head Highအပြည့်ရစေပြီး စိတ်သွားတိုင်းကိုယ်ပါစေမယ့် strain လို့ဆိုပါတယ်။

🍁 Maui Wowie aka Mowie Wowie (မာဝီဝါဝီ)

THC 19% , CBD 0.55%
Sativa 85%, Indica 15%
Sativa ( Almost Pure)

မာဝီဝါဝီက သူရဲ့နောက်နာမည် ဝါဝီ wow ie အတိုင်းသောက်တဲ့လူကို " wow " ဆိုပြီးဖြစ်စေမယ်လို့ဆိုပါတယ်။ Sativa ရဲ့ အာနိသင် မျက်ကျယ် Head high ဆိုပေမယ့် Indica ရဲ့အာနိသင် မျက်ကျဥ်း Body high နှစ်ခုလုံးရစေမယ့် strain ပါ။ 1960 အစောပိုင်းကပေါ်တဲ့ Classic strain တစ်ခုပါ။

Sativa နဲ့ပတ်သက်ရင် ဒီ Strain ၆ မျိူးထဲကရွေးချယ်ကျဖို့ အကြံပေးပါတယ်။ ကျွန်တော်ကတော့ Sativa ပရိတ်သတ်ဖြစ်တာကြောင့် Sativa အာနိသင်ပါတဲ့ ဝိတော်တော်များများသောက်ဖူးပါတယ်။ ဒီ ၆မျိုးထဲကတော့ ၃မျိုးသောက်ပြီးပါပြီ။ ညီကိုတို့ကော ဘယ်နှစ်မျိုး စမ်းပြီးကျပြီလဲ?

ဒီလောက်ဆို ကျွန်တော်တို့ Sativa အာနိသင်အကြောင်း ဂဃနဏ သိသွားပါပြီ။ ချုပ်ရရင်တော့ Sativa စတီဗာဆိုတာ အာနိသင်ပါ ဝိမဟုတ်ပါဘူး ၊ အင်ဒီကာ indica ဆိုတာလည်းအာနိသင်ပါ ဝိမဟုတ်ပါဘူး။ ဝိဆိုတာ အခုဒို့ဆီက ကျောက်၊ ရှမ်း၊ သရက် ဒါတွေကိုဆိုတာပါ။

.


12/06/2022
12/06/2022
04/06/2022
04/06/2022
04/06/2022
04/06/2022

We will sell our "Sweet Products" soon. . .

Address


Telephone

+959755484855

Website

Alerts

Be the first to know and let us send you an email when Nomi. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share