Chaw & Chel - Air Ticketing Agent

  • Home
  • Chaw & Chel - Air Ticketing Agent

Chaw & Chel - Air Ticketing Agent Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chaw & Chel - Air Ticketing Agent, Ticket sales, .

လေယာဥ်ပေါ်လုံးဝတင်ဆောင်လို့မရတဲ့ပစ္စည်းများ_______________________________🚫ပေါက်ကွဲစေတတ်သောပစ္စည်းများ (Explosives & Fi*...
07/08/2024

လေယာဥ်ပေါ်လုံးဝတင်ဆောင်လို့မရတဲ့ပစ္စည်းများ
_______________________________

🚫ပေါက်ကွဲစေတတ်သောပစ္စည်းများ
(Explosives & Fi****ms)
🚫 ဓာတ်ငွေ့များ (ဖိသွင်းထားသော) နှင့် အဆိပ်ဖြစ်စေသောပစ္စည်းများ
(Compressed Gases & Toxic(Poisonous) sustances)
🚫 လောင်ကျွမ်းစေသော ဓာတ်ငွေ့များ ၊ အရည်များ ၊ အစိုင်အခဲများ နှင့် လောင်စားစေတတ်သောပစ္စည်းများ
(Flammable Gases, Liquids, Solids & Careasives)
🚫 မီးလောင်ခြင်းကိုအားပေးသောပစ္စည်းများ
(Oxidizing Materials)
🚫 ကိုယ်တိုင်လည်းမီးလောင် ၊ မီးလောင်ခြင်းကိုလည်းအားပေးသောအရာ
(Organic Peroxide)
🚫 ရောဂါကူးစက်နိုင်သောအရာများ နှင့် ရေဒီယိုသတ္တိကြွပစ္စည်းများ
(Infectious substances & Radioactive materials)
🚫 အန္တရာယ်ဖြစ်စေနိုင်သောအရာများနှင့် မီးခြစ် ၊ မီးခြစ်စံ
(Miscellaneous Dangerous Goods, Lighter, Blue Flame Lighter, Matches)
🚫 ငရုတ်ကောင်းဖျန်းဆေး ၊ ကျဥ်စက်
(Papper Spray, Electroshock Weapon)

ဒါတွေကတော့ လုံးဝ လုံးဝ သယ်ဆောင်လို့မရတာတွေပဲဖြစ်ပါတယ်နော်......

✅Hand carry luggage 🧳
__________________

(မိမိနှင့်တစ်ပါတည်း လေယာဥ်​ထိုင်ခုံပေါ်ထိသယ်ဆောင်သွားရမည့်အိတ်)
ထဲမှာ သယ်ဆောင်သွားလို့ရတဲ့အရာတွေကတော့...

☑ နိုင်ငံကူးလက်မှတ်စာအုပ် (Passport)
☑ ကွန်ပျူတာ (Laptop)
☑ စာရွက်စာတမ်းများ (Documents)
☑ ကင်မရာ (Camera)
☑ ဖုန်း (Phone ၊ Tablet ၊ Power bank)
☑ လက်ဝတ်ရတနာ (Jewellery)
☑ ပိုက်ဆံများ (Currency / Money)
☑ သော့များ (Keys)
ဒါလေးတွေကတော့ hand carry မိမိနဲ့တစ်ပါတည်းသယ်ဆောင်သွားရပါမယ်။

Cabin Luggage ထဲ
သယ်လို့မရပါဘူးနော် ။

✅Cabin Luggage ထဲ သယ်ဆောင်လို့ရ
တာတွေက_

အဝတ်အထည် (dress)
တစ်ကိုယ်ရေသုံးပစ္စည်းများ (cosmetics)
အစားအသောက် (ဆီလုံအောင်သေချာထုပ်ပိုးထားသော) {Foods}
လက်တစ်ဝါးစာအရွယ်သာရှိသော ဘုရားဆင်းတုတော် တို့ပဲဖြစ်ပါတယ်။

Crd

23/07/2024
23/07/2024

𝐃𝐎𝐌𝐄𝐒𝐓𝐈𝐂 𝐅𝐋𝐈𝐆𝐇𝐓 𝐂𝐇𝐄𝐂𝐊-𝐈𝐍 𝐓𝐈𝐌𝐄

Flying domestically with us? ✈️ Our check-in counters open 2 hours before departure and close 30 minutes before takeoff. Save time by using web check-in for flights from Yangon, Mandalay, and Nay Pyi Taw. We look forward to welcoming you on board!

🧳 Web Check In: www.flymna.com/checkin

💻Website: www.flymna.com

📲 Mobile App:
▫️App Store: https://apple.co/3su0By1
▫️Google Play: https://bit.ly/3FCnuVb

☎️MNA Call Center:
+951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42

16/07/2024

✈️လေယာဉ်လက်မှတ် ဝယ်ပြီးရင် ဒါလေးတွေစစ်နော်...

🌎လိုရာခရီးတွေကို သွားရောက်ဖို့ လေယာဉ်လက်မှတ်ဝယ်ပြီးပြီဆိုရင်တော့ အနားနီးမှ အမှားအယွင်းတစ်စုံတခု မဖြစ်ရစေအောင် လေယာဉ်လက်မှတ် ဝယ်ပြီးပြီဆိုတာနဲ့ Double Check လုပ်ဖို့လိုအပ်ပါတယ်နော်. မိမိသွားလိုတဲ့နေရာ, အချိန်, Passport နံပါတ်, နာမည်စာလုံးပေါင်း စတာတွေကို တစ်ချက်ချင်းစီပြန်လည်စစ်ဆေးဖို့မမေ့နဲ့ဦးနော်

ဘာတွေဘယ်လိုစပြီးစစ်ဆေးရမလဲ မသိဘူးဆိုရင်တော့ မင်မင်ပြောပြမယ့် အချက်လေးတွေအတိုင်း တစ်ဆင့်ချင်းစီ စစ်ဆေးကြည့်ရအောင်😉

✅အရင်ဆုံး မိမိရဲ့ နာမည် စာလုံးပေါင်းမှန်မမှန်, နာမည်အပြည့်စုံပါမပါ, Passport နှင့် မှတ်ပုံတင်နံပါတ်လေးလည်း မှားလို့မဖြစ်တာကြောင့် တစ်လုံးစီပြန်စစ်ဆေးကြမယ်

✅ပြီးရင်တော့ မိမိဝယ်ယူထားတဲ့ရက် မှန်မမှန်ကို တစ်ခေါက်ပြန်လည် စစ်ဆေးပြီး လက်မှတ်မှာ မိမိသွားရောက်ချင်တဲ့ မြို့ (သို့) နိုင်ငံတို့ကို စစ်ဖို့လဲမမေ့နဲ့နော်...

✅Baggage KG ဘယ်လောက်ရတယ်? Hand Carry ဘယ်လောက်ရလဲ? စတာတွေကိုလည်းလက်မှတ်မှာ တစ်ခါတည်းပါတာမလို့ သေချာကြည့်ဖို့လိုမယ်နော်... Transit နဲ့စီးရမယ့် Flight များအတွက်ကိုလဲ Check through ရမရကိုလဲ ဝယ်ယူတဲ့ Agent (သို့) လေကြောင်းလိုင်း နှင့် ပြန်စစ်ဖို့လိုပါမယ်နော်

✅လေယာဉ်ထွက်ခွာချိန် နှင့် ရောက်ရှိချိန်တို့ကိုလဲ သေချာမှတ်ထားပါက လေဆိပ်ကို ဘယ်အချိန်ကြိုသွားမယ်ဆိုတာကို ခန့်မှန်းလို့ရနိုင်မယ့်အပြင် Flight Time ဘယ်လောက်ကြာမလဲဆိုတာပါ သိရှိနိုင်မှာပါ...

ဒီလိုအချက်လေးကိုတွေစစ်ဆေးရင်းနဲ့ အမှားအယွင်းတစ်ခုခု ရှိလာခဲ့ရင်တော့ မိမိလက်မှတ်ဝယ်ယူခဲ့သော နေရာသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပြီး အချိန်မှီပြန်လည်ပြင်ဆင်ဖို့ မင်မင်က တိုက်တွန်းလိုက်ပါတယ်😉

ဆက်သွယ်မှာယူလိုပါက
မနက် ၉:၀၀ မှ ည ၁၀:၀၀ အထိ page messenger/ Viber မှာဆက်သွယ်မှာယူနိုင်ပါတယ်။
Viber : 09 960 415 031, 09 428 901 895

Urgent ကိစ္စများအတွက်ဝယ်ယူလိုပါက ၂၄နာရီပတ်လုံး ဖုန်းဖြင့်ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

☎️ 09 250 009 194, 09 960 415 031, 09443581497,09 428 901 895

📧[email protected]

🔹KBZ PAY🔹KBZ BANKING🔹AYA BANKING စအစရှိတဲ့ Online payment များဖြင့် ပေးချေ၍ ဝယ်ယူနိုင်ပါတယ်နော် 💁♥️

&Chel

𝐓𝐫𝐚𝐯𝐞𝐥𝐢𝐧𝐠 𝐰𝐢𝐭𝐡 𝐏𝐨𝐰𝐞𝐫 𝐁𝐚𝐧𝐤!𝐀𝐢𝐫 𝐓𝐡𝐚𝐧𝐥𝐰𝐢𝐧 လေကြောင်းနှင့် ပျံသန်းမည့်ခရီးသည်များအနေဖြင့် 𝐏𝐨𝐰𝐞𝐫 𝐁𝐚𝐧𝐤𝐬 သယ်ယူရာတွင် သတ်မှတ်ချက်...
10/07/2024

𝐓𝐫𝐚𝐯𝐞𝐥𝐢𝐧𝐠 𝐰𝐢𝐭𝐡 𝐏𝐨𝐰𝐞𝐫 𝐁𝐚𝐧𝐤!

𝐀𝐢𝐫 𝐓𝐡𝐚𝐧𝐥𝐰𝐢𝐧 လေကြောင်းနှင့် ပျံသန်းမည့်ခရီးသည်များအနေဖြင့် 𝐏𝐨𝐰𝐞𝐫 𝐁𝐚𝐧𝐤𝐬 သယ်ယူရာတွင် သတ်မှတ်ချက်များကို သိရှိရန်အတွက် ခရီးသည်များထံ ဝေမျှပေးလိုက်ပါသည်ရှင့်



For ticketing sale for Chaw & Chel - Air Ticketing Agent
Urgent ကိစ္စများအတွက်ဝယ်ယူလိုပါက ၂၄နာရီပတ်လုံး ဖုန်းဖြင့်ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

☎️ 09 250 009 194, 09 960 415 031, 09443581497
09 428 901 895

📧[email protected]

🔹KBZ PAY🔹KBZ BANKING🔹AYA BANKING စအစရှိတဲ့ Online payment များဖြင့် ပေးချေ၍ ဝယ်ယူနိုင်ပါတယ်နော် 💁♥️

&Chel

MYP WEEKLY SCHEDULE (08.July.2024to14.July.2024)
10/07/2024

MYP WEEKLY SCHEDULE (08.July.2024to14.July.2024)

29/12/2023

Transit Flight လေယာဉ်အဆင့်ဆင့် စီးရာမှာသတိထားရမယ့်အချက်များ
✈✈✈✈✈
နိုင်ငံခြား သွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရောက်မယ့် လေယာဉ် Direct Flight မရှိပါက လေယာဉ်ကို နှစ်ဆင့် (သို့) သုံးဆင့် စိးပြီးသွားရပါတယ်။ အဲဒါကို Transit Flight (သို့) Connecting Flight လို့ ခေါ်ပါတယ်။ ဥပမာအားဖြင့် - ရန်ကုန်ကနေ ပဲရစ်ကို တိုက်ရိုက်လေကြောင်းမရှိပါဘူး။ ကြားထဲမှာ ဘန်ကောက်ဖြစ်ဖြစ်၊ ဘန်ကောက်နဲ့ ဒိုဟာဖြစ်ဖြစ် ဝင်ရပြီး လေယာဉ် နှစ်ဆင့်/ သုံးဆင့်စီးမှ ရောက်ပါတယ်။

Transit Flight တွေစီးတဲ့အခါ ကြားလေဆိပ်မှာ ဒုက္ခမရောက်အောင်
လေယာဉ်အဆင့်ဆင့်ကို အဆင်ပြေချောမွေ့စွာ စီးနိုင်အောင်
သတိထားရမယ့် အချက်တွေကို ပြောပြလိုက်ပါတယ်။

(ဒီထဲမှာ လေယာဉ်နဲ့ လေဆိပ် English အသုံးအနှုန်းတွေပါပါတယ်။ ဒီစာလုံးတွေကို ရှင်းရှင်းလင်းလင်းနားလည်ချင်ရင် လေဆိပ်မှာသုံးတတ်တဲ့ English စကားလုံးတွေကို Video ရော ပို့စ်ပါ အရင်က တင်ပေးထားလို့ Comment မှာ ဝင်ကြည့်နိုင်ပါတယ်။)

-------------------------------------
လေယာဉ်လက်မှတ်ဝယ်တဲ့အခါ
-------------------------------------
လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Transit Flight တွေဆိုရင် ဒါတွေကို သိထားမှ ရပါမယ်။ ကိုယ်လက်မှတ် ဝယ်မယ့် Travel Agent ဆီမှာ သေချာမေးထားရပါမယ်။ ကိုယ့်ဟာကိုယ်ဝယ်မယ်ဆိုရင်လည်း သေချာစုံစမ်းပြီးမှ ဝယ်ရပါမယ်။ ဒါတွေ မသိထားရင် ကြားလေဆိပ်မှာ ဒုက္ခရောက်နိုင်ပါတယ်။

✈Checked through လား Self-Transfer လား သိထားရပါမယ်။❗

Checked through ဆိုတာ ကြားထဲကလေဆိပ်မှာ Immigration ဖြတ်စရာမလို၊ အိတ်ပြန်ရွေးမစရာမလိုဘဲ လေဆိပ်ထဲမှာတင် နောက်လေယာဉ်ဆီကိုကူးလို့ရတဲ့ အခြေအနေပါ။ Airline Protected Transfer လို့လည်း ခေါ်ပါတယ်။ ကိုယ်အပ်ထားတဲ့ Luggage တွေကို Airline က တာဝန်ယူပြီး နောက်လေယာဉ်ပေါ်တင်ပေးတာပါ။

Self-transfer ကတော့ ကိုယ့်အိတ်ကိုယ်တာဝန်ယူပြီး နောက်လေယာဉ်ပေါ် ပြန်အပ်ရတာပါ။ ကြားထဲကလေဆိပ်မှာ နိုင်ငံထဲဝင်ပြီးမှ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်မထွက်ဘူး။ နိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး။ အချိန်မရှိဘူးဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ လေဆိပ်ရဲ့ Departure အပိုင်းကနေ တစ်ခါ အဲဒီနိုင်ငံထဲကနေပြန်ထွက်ရမှာပါ။ Check-in ကောင်တာမှာအိတ်ပြန်အပ်ပြီး Immigration တစ်ခါပြန်ဝင်ရပါမယ်။ တချို့နိုင်ငံတွေမှာ Self Transfer လုပ်တဲ့အခါ Immigration ဝင်ဖို့ Visa ကလည်း လိုပြန်ပါတယ်။ အရမ်းကိုအလုပ်ရှုပ်ပါတယ်။

ဒါကြောင့် လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်သင့်ပါတယ်။ မဟုတ်ရင် အလုပ်တအားရှုပ်ပါတယ်။ ကြားနိုင်ငံထဲ တစ်ခါဝင်ပြီး တစ်ခါပြန်ထွက်ရတဲ့ အဆင့်တွေ အများကြီး ဖြတ်ကျော်ရမယ့်အပြင် အချိန်ကုန်ပါတယ်။

ကိုယ်စီးရမယ့် လေယာဉ်အဆင့်ဆင့်က လေကြောင်းလိုင်းတူရင် Checked through ဖြစ်တာများပါတယ်။ လေကြောင်းလိုင်း မတူရင်လည်း Code sharing လုပ်ထားတဲ့ လေကြောင်းလိုင်းတွေဆိုရင် Checked through သွားလို့ရပါတယ်။ လေယာဉ်လက်မှတ်ဝယ်တဲ့ Agent တွေမှာ ကိုယ်စီးမယ့်လေယာဉ်တွေက Checked Through ဟုတ်မဟုတ် တစ်ခါထဲမေးထားပါ။ အရမ်းကို အရေးကြီးပါတယ်။ ကိုယ့်ဟာကိုယ်ဝယ်မယ်ဆိုရင်လည်း Code Sharing လုပ်ထားမထားကို လေကြောင်းလိုင်းရဲ့ Website ထဲ ဝင်ကြည့်လို့ရပါတယ်။

လေကြောင်းလိုင်းမတူပေမဲ့ Code sharing လုပ်ထားတဲ့ လေကြောင်းလိုင်းတွေရဲ့ လေယာဉ်လက်မှတ်တွေဝယ်တဲ့အခါ လေယာဉ်လက်မှတ်တွေကို တစ်ခါထဲတူတူဖြတ်ရပါမယ်။ ခွဲဖြတ်ရင် Checked through မဖြစ်ဘဲ နေနေပါမယ်။

✈Transit Visa လို/မလို ကြည့်ပါ။ ❗

တချို့လေဆိပ်တွေ၊ နိုင်ငံတွေက Transit ဖြတ်ရုံပဲဆိုရင် Visa မလိုပေမဲ့ တချို့နိုင်ငံတွေကတော့ Visa လိုအပ်ပါတယ်။ ဥပမာ- တောင်ကိုရီးယားနိုင်ငံဆိုရင် Transit ဖြတ်ရုံလေးကိုတောင် Visa လိုတဲ့အတွက် တောင်ကိုရီးယား Transit ဆိုရင် Visa ကြိုလျှောက်သွားမှ ရမှာပါ။ တချို့က Transit Visa ဆိုတာလျှောက်ရုံနဲ့ရပေမဲ့ တချို့ကတော့ တကယ့် Visit Visa ရမှ Transit ဝင်လို့ရမှာပါ။ နုမြတ်တို့ဆိုရင်တော့ Transit ကို အဲဒီလိုနိုင်ငံတွေရှောင်ပြီးမှ လေယာဉ်လက်မှတ်ဝယ်ပါတယ်။ Checked through ရတဲ့ လေကြောင်းလိုင်းတွေဆိုရင်တော့ အများစုက Immigration ဖြတ်စရာမလိုတဲ့အတွက် Visa မလိုပါဘူး။

⌚Layover/Stopover Time
လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ ကြားထဲရပ်နားမယ့် မြို့ရဲ့လေဆိပ်မှာ အချိန်ဘယ်လောက်ရလဲဆိုတာ ကြည့်ရပါမယ်။ International Flight တွေဆို အနည်းဆုံး ၂ နာရီလောက်ရှိမှ အဆင်ပြေမှာပါ။ Transit လေဆိပ်တွေက အကျယ်ကြီးလား၊ ပထမလေယာဉ်ရဲ့ လေယာဉ်ထွက်ချိန် နောက်ကျမလား၊ Transit လေဆိပ်မှာ အိတ်ပြန်ရွေးစရာလိုလား စတာတွေလည်း ထည့်တွက်ရပါမယ်။ လေယာဉ်တွေက Checked through မဟုတ်ဘဲ အိတ်ပြန်ရွေးရမယ်။ Immigration ဝင်ရမယ် Check-in ပြန်ဝင်ရမယ်ဆိုရင်တော့ Layover Time က ၃ နာရီ အနည်းဆုံး ရှိမှရပါမယ်။

ဒါက ခရီးသွားလေ့ရှိသူတွေအတွက် အနည်းဆုံးလိုအပ်တဲ့အချိန်ပါ။ ကိုယ်က သွားလေ့မရှိသူ၊ စမ်းတဝါးဝါးနဲ့ သွားရမယ့်သူတွေဆိုရင်တော့ ဒီထက်အချိန်ပိုလိုပါမယ်။ ဖြစ်နိုင်ရင် Layover Time ကို ၄-၅ နာရီလောက် ခြားထားသင့်ပါတယ်။ Risk မယူသင့်ပါဘူး။

----------------------------------
လေဆိပ်မှာ Check-in ဝင်တဲ့အခါ
----------------------------------
💺ခုံနံပါတ်ကို ရှေ့နားတောင်းထိုင်ပါ။

ကိုယ်စတင်ထွက်ခွါမယ့် လေဆိပ်မှာ Check-in ဝင်တဲ့အခါ စောစောဝင်ပါ။ လေယာဉ်ထပ်စီးရမှာမလို့၊ Transit Flight မလို့ ရှေ့နားက ခုံကိုပေးဖို့ တောင်းဆိုပါ။ ဒါမှသာ ကြားထဲနားတဲ့လေဆိပ်မှာ အချိန်များများရပြီး Rush မဖြစ်တော့မှာပါ။

🧳Luggage ကို ကြားလေဆိပ်မှာ ရွေးဖို့လိုမလိုမေးပါ။

ကိုယ့်လေယာဉ်လက်မှတ်တွေက Checked through ဟုတ်ခဲ့ရင်တောင် Check-In ကောင်တာမှာ အိတ်တွေအပ်တဲ့အခါ ကိုယ့်အိတ်တွေက ကိုယ်သွားမယ့်မြို့ဆီ တန်းပို့ပေးမှာလား။ ကြားထဲက Transit လေဆိပ်တွေမှာ ရွေးစရာလိုသေးလားကို သေချာ Confirm ရပါမယ်။ မေးရပါမယ်။ အိတ်တွေရွေးစရာမလိုဘူး။ တစ်ခါထဲ နောက်လေယာဉ်ပေါ် တန်းတင်ပေးမယ်ဆိုရင် အိတ်မှာကပ်ပေးလိုက်တဲ့ Luggage tag မှာ ကိုယ်သွားမယ့်မြို့အထိ ရောက်မယ်ဆိုတာ ပါရပါမယ်။

✈ Boarding Pass ထပ်ထုတ်စရာလိုမလိုမေးပါ။

Boarding Pass ဆိုတာ လေယာဉ်ပေါ်တက်ရမယ့် လက်မှတ်ပါ။ လေယာဉ်လက်မှတ်ရှိရုံနဲ့ လေယာဉ်ပေါ်တက်လို့မရသေးပါဘူး။ Check-in ကောင်တာမှာ လေယာဉ်လက်မှတ်ပြပြီး Boarding Pass ထုတ်ပေးမှ တက်လို့ရမှာပါ။ Boarding Pass တစ်ခုက လေယာဉ်တစ်ခုကိုပဲ ကိုယ်စားပြုပါတယ်။ လေယာဉ်ကို နှစ်ဆင့်စီးရမယ်ဆိုရင် Boarding Pass နှစ်ခုလိုပါတယ်။ လေယာဉ် သုံးဆင့် စီးရမယ်ဆိုရင် Boarding Pass သုံးခုလိုပါတယ်။

တစ်ခါတလေ ကိုယ်စတင်ထွက်ခွါမယ့်လေဆိပ်ရဲ့ Check-in ကောင်တာကနေ လိုအပ်တဲ့ Boarding Pass အကုန်ထုတ်ပေးလိုက်တာမျိုးရှိပါတယ်။ Boarding Pass တစ်ခုပဲ ထုတ်ပေးလိုက်ရင်တော့ ကြားက Transit လေဆိပ်မှာ ကိုယ့်ဟာကိုယ် Boarding Pass ထပ်ထုတ်ရပါမယ်။

🧳 အိတ်တွေကို သေချာထည့်ပါ။

လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ အိတ်တွေ ကြားထဲမှာပျောက်နိုင်လို့ Check-in မှာ အပ်မယ့် Luggage ကို သေချာ သော့ခတ်ထားပါ။ အိတ်ပေါ်မှာ အိတ်ကျန်ခဲ့တဲ့အခါ ဆက်သွယ်ရမယ့် နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ Email address တွေကို အင်္ဂလိပ်လို ရေးထားရပါမယ်။ ကိုယ့်အိတ်ကိုလည်း ဓာတ်ပုံရိုက်ထားပါ။

အရေးကြီးတဲ့ပစ္စည်းတွေ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ၊ ကိုယ်သောက်ရမယ့်ဆေးဝါးတွေ၊ တစ်ကိုယ်ရည်အသုံးပစ္စည်းတွေကို ကိုယ်နဲ့တစ်ပါထဲဆောင်သွားပါ။ Layover Time ကြာတဲ့အချိန်တွေ၊ လေဆိပ်မှာ ညအိပ်ရမယ့် အခြေအနေတွေမှာ အဝတ်အစားအပိုနဲ့ ကိုယ်လက်သန့်စင်ဖို့ ပစ္စည်းတွေ၊ Skin Care တွေကို ဆောင်ထားပါ။ Hand-carry တွေမှာ အရည်တွေကို 100 ml အထက်ပိုယူလို့မရတော့ ဘူးသေးလေးတွေနဲ့သာ ခွဲသယ်ရမှာပါ။ လေဆိပ်တွေမှာ အရမ်းအေးတတ်တော့ အနွေးထည် Hoodie တွေလည်း ဆောင်သွားပါ။ သက်သောင့်သက်သာဖြစ်မယ့်အဝတ်အစားတွေ ဖိနပ်တွေပဲ ဝတ်ပါ။

---------------------------------
Transit လေဆိပ်ရောက်တဲ့အခါ
---------------------------------
⌚ ကိုယ်ရောက်တဲ့နိုင်ငံရဲ့ အချိန်ပြောင်းရပါမယ်။

တစ်နိုင်ငံနဲ့တစ်နိုင်ငံ အချိန်မတူပါဘူး။ တချို့ဖုန်းတွေက Location ပြောင်းတာနဲ့ ရောက်တဲ့နေရာရဲ့ ဒေသစံတော်ချိန်ကို အလိုလိုပြောင်းပေးပါတယ်။ ကိုယ့်ဖုန်းက အဲဒီလို မပြောင်းပေးဘူးဆိုရင် ရောက်တဲ့ဒေသရဲ့ စံတော်ချိန်ကို ကိုယ်တိုင်ပြောင်းရပါမယ်။ ကိုယ့်နာရီတွေကိုလည်း အချိန်ပြောင်းရပါမယ်။ လေဆိပ်တွေမှာ နာရီတွေရှိပြီး ဒေသစံတော်ချိန်ကို ဖော်ပြနေပါတယ်။ မပြောင်းမိဘူးဆိုရင် အချိန်မှားကြည့်ပြီး လေယာဉ်ထွက်ချိန်မမှီတာတို့ ဖြစ်တတ်ပါတယ်။

✈Transfer ဆိုတဲ့ ဆိုင်းဘုတ်နောက်ကိုလိုက်ပါ။

ကြားလေဆိပ်ကို လေယာဉ်ဆိုက်ကပ်တာနဲ့ ဘယ်မှမသွားဘဲ Transfer လို့ရေးထားတဲ့ ဆိုင်းဘုတ်နောက်ကိုသာလိုက်ပါ။ တချို့ Boarding Pass တွေမှာ ဂိတ်တွေကို ကြိုရေးပေးထားတော့ တချို့က အဲဒီဂိတ်တွေဆီကို တန်းသွားရမယ်ထင်နေကြတာပါ။ တချို့လေဆိပ်တွေမှာလည်း လေယာဉ်ပေါ်ကဆင်းတာနဲ့ ဂိတ်တွေကို တန်းမြင်နေရပေမဲ့ အဲဒီလို တန်းသွားလို့မရပါဘူး။ သွားရမယ့်အပေါက်လည်း မရှိပါဘူး။ ကြားထဲမှာ Security Check မှာ Hand Carry တွေကို စစ်ရပါဦးမယ်။ ဒါကြောင့် Transfer (သို့) Connecting Flight လို့ လမ်းညွှန်ထားတဲ့အတိုင်းသာ သွားရပါမယ်။

✈ Transfer Desk ကို သွားရမယ်။

ကိုယ်စထွက်တဲ့ လေဆိပ်ရဲ့ Check-in ကောင်တာမှာ ကိုယ်နောက်ထပ်ပြောင်းစီးရမယ့် လေယာဉ်အတွက် Boarding Pass တစ်ခါထဲ ထုတ်မပေးထားရင် ကြားလေဆိပ်မှာ Boarding Pass ထုတ်ဖို့ Transfer Desk ဆိုတာကို သွားရပါမယ်။ Transfer Desk (သို့) Transit Desk လို့ လမ်းညွှန်ထားတဲ့အတိုင်း သွားပြီး Boarding Pass ထပ်ထုတ်လိုက်ရုံပါပဲ။ ကိုယ်ထပ်စီးမယ့် လေကြောင်းလိုင်းရဲ့ Transfer Desk မှာ ထုတ်ရမှာပါ။ ရှာမတွေ့ရင် လေဆိပ်ဝန်ထမ်းတွေကို လေယာဉ်လက်မှတ်ပြပြီး မေးကြည့်ပါ။

✈ဘယ် Gate လဲဆိုတာ ကြည့်ရမယ်။

Boarding Pass ကို ရလာပြီဆိုရင် ကိုယ်သွားရမယ့် Boarding Gate နံပါတ်ဘယ်လောက်လဲ ကြည့်ရပါမယ်။ ဒါက အရေးကြီးပါတယ်။ တချို့ Boarding pass ထုတ်ပေးထားတဲ့ အချိန်စောတဲ့အခါ Boarding Gate မသိသေးတဲ့အတွက် Boarding Pass မှာ Gate နံပါတ်ကို မရေးထားဘဲ အလွတ်ကြီး ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ဂိတ်ကြေငြာတဲ့ LED ဘုတ်တွေမှာ ကိုယ့်လေယာဉ်နံပါတ်၊ ကိုယ်သွားမယ့်မြို့၊ Boarding Time နဲ့တိုက်ကြည့်ပြီး ကိုယ်သွားရမယ့် Boarding Gate က ဘယ်လောက်လဲဆိုတာ ရှာရပါမယ်။ Boarding Pass မှာရေးထားတဲ့ Boarding Time အချိန်အတိုင်း Boarding Gate ကို အမှီ သွားရပါမယ်။

-----------------------------------------
❗Self-Transfer မှာ ဖြတ်ကျော်ရမယ့်အဆင့်များ
------------------------------------------
အပေါ်မှာ ဖော်ပြထားတာတွေက ကိုယ်စီးရမယ့် လေယာဉ်တွေက Checked through ဖြစ်တဲ့အခါ ဖြတ်ကျော်ရမယ့် အချက်တွေပါ။ များသောအားဖြင့် Travel agent တွေမှာ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်ပေးတတ်ကြပါတယ်။ လေယာဉ်လက်မှတ်တွေက ဈေးပိုသက်သာလို့ပဲဖြစ်ဖြစ်၊ ကိုယ်သွားမယ့်မြို့ကို ရောက်မယ့် လေယာဉ်တွေက Checked Through မရရင်ဘဲဖြစ်ဖြစ်၊ Checked through ရမယ့် လေကြောင်းလိုင်းရဲ့ Layover Time က တအားကြာတာပဲဖြစ်ဖြစ် Self Transfer နဲ့ သွားရမယ့် အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။

Self-Transfer ကတော့ အလုပ်ရှုပ်ပါတယ်။ လေယာဉ်တစ်ခါစီးရင်လုပ်ရတဲ့ Process တွေအတိုင်း အစအဆုံး ပြန်လုပ်ရမှာပါ။ ကြားထဲကလေဆိပ်ရဲ့ နိုင်ငံထဲဝင်ပြီးမှ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်ထွက်ဖို့၊ အဲဒီနိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး ဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ Departure အပိုင်းကနေ တစ်ခါ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။

အဲဒီတော့ Self-Transfer ဆိုရင် Transit ဝင်ရမယ့် လေဆိပ်ထဲ လေယာဉ်ဆိုက်ကပ်တာနဲ့ အရင်ဆုံး Immigration ကောင်တာကိုရှာပြီး Immigration ဖြတ်ရပါမယ်။ Visa ပြစရာလိုရင် Visa ပြရပါမယ်။ ကိုယ်တည်းမယ့်ဟိုတယ်နာမည်မေးရင် လေယာဉ်လက်မှတ်ပြပြီး Transit ခဏဝင်တာဖြစ်ကြောင်း၊ ညအိပ်မှာ မဟုတ်ကြောင်း၊ အိတ်ရွေးပြီးရင် နိုင်ငံထဲက ပြန်ထွက်မှာဖြစ်တဲ့အကြောင်း ရှင်းပြရပါမယ်။ ပြီးရင် ကိုယ့်အိတ်တွေရွေးပြီး Custom ဖြတ်ပြီး Exit ကနေ ထွက်ပါ။

ပြီးတဲ့အခါ လေဆိပ်ရဲ့ Departure အပိုင်းကို ရောက်အောင်သွားပြီး နောက်ထပ်စီးရမယ့်လေယာဉ်ရဲ့ Check-in ကောင်တာမှာ Check-in ထပ်ဝင်ရပါမယ်။ လေယာဉ်ထွက်ချိန်ထက် အချိန်အရမ်းစောလွန်းရင် Check-in ကောင်တာ မဖွင့်သေးပါဘူး။ အဲဒီအခါ လေဆိပ်ထဲမှာ စောင့်နေရပါမယ်။

ကြားထဲအချိန်အများကြီးရှိနေရင် မြို့ထဲခဏ ဝင်လည်လို့ရပါတယ်။ လေဆိပ်တွေမှာ ကိုယ့်ရဲ့ Luggage တွေ အိတ်တွေ အပ်ထားလို့ရတဲ့ Luggage Storage ဆိုတဲ့နေရာရှိပါတယ်။ အဲဒီမှာ ကျသင့်ငွေပေးပြီး အိတ်တွေအပ်ကာ မြို့ထဲဝင်လည်လို့ရပါတယ်။

ကိုယ်စီးမယ့် လေယာဉ်ရဲ့ကောင်တာမှာ Check-in လုပ်ပြီးလို့ အိတ်အပ်ပြီးလို့ရှိရင် ပြည်ပထွက်ခွါရဲ့ Immigration ကောင်တာကို ဝင်ပြီး Security Pass တွေမှာ အစစ်အဆေးခံရပါမယ်။ Boarding pass မှာပါတဲ့ Gate အတိုင်း၊ အချိန်အတိုင်းအရောက်သွားပြီး နောက်လေယာဉ်စီးရမှာပဲ ဖြစ်ပါတယ်။

❗အချိန်နီးနေရင် Boarding pass ပြပြီး လိုင်းတွေကျော်လို့ရပါတယ်။ ❗

တစ်ခါတလေ ကြားလေဆိပ်က Security Pass ပစ္စည်းစစ်တဲ့နေရာတွေမှာ လူတွေအများကြီးတန်းစီနေတတ်ပါတယ်။ အကယ်လို့ ကိုယ့်ရဲ့ Layover Time က အရမ်းကို ကြပ်နေတယ်။ နောက်လေယာဉ်မမှီမှာ စိုးရင် Boarding Pass တွေ လေယာဉ်လက်မှတ်တွေ ပြကာ လေဆိပ်ဝန်ထမ်းတွေကို အကူအညီတောင်းပြီး တန်းစီနေသူတွေကို ကျော်သွားလို့ရပါတယ်။

ℹ တစ်ခုခုမသိပါက မရှာတွေ့ပါက Information မှာမေးပါ။ ℹ

လေဆိပ်မှာ မျက်စိလည်နေတာပဲဖြစ်ဖြစ် တစ်ခုခုရှာမတွေ့တာဘဲဖြစ်ဖြစ် Airport Information ကောင်တာမှာ မေးလို့ရပါတယ်။ “i” လို့ ရေးထားတဲ့ကောင်တာတွေပါ။

အားလုံးပဲ ရည်ရွယ်ထားတဲ့နေရာဆီကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပါစေ…
Video လည်း ရိုက်ထားသေးလို့ Edit လုပ်ပြီးတာနဲ့ တင်ပေးမယ်နော်

ချစ်ခင်လျှက်
Nu Myat



ခရီးသွားရာသီ ပြန်လည်ရောက်ရှိလာချိန်မှာတော့ လူကြီးမင်းတို့ရဲ့လိုရာခရီးကို ဘေးကင်းလုံခြုံစွာပို့ဆောင်ပေးဖို့ မန်းရတနာပုံလေ...
01/11/2023

ခရီးသွားရာသီ ပြန်လည်ရောက်ရှိလာချိန်မှာတော့ လူကြီးမင်းတို့ရဲ့လိုရာခရီးကို ဘေးကင်းလုံခြုံစွာပို့ဆောင်ပေးဖို့ မန်းရတနာပုံလေကြောင်းလိုင်းမှ အသင့်ရှိနေပါတယ် 🤩🤩

ဒါကြောင့် မန်းရတနာပုံလေကြောင်းလိုင်းရဲ့ နိုဝင်ဘာလအတွင်း ပျံသန်းပြေးဆွဲမည့် ခရီးစဉ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော် 🤗

လက်မှတ်ဝယ်ဖို့ဆိုရင် 😍😍😍😍
Chaw & Chel - Air Ticketing Agent
Viber Ph: 09250009194,09 428 901 895 ,09 960 415 031 ,09443581497
📧[email protected]
🔹KBZ PAY🔹KBZ BANKING🔹AYA BANKING စအစရှိတဲ့ Online payment များဖြင့် ပေးချေ၍ ဝယ်ယူနိုင်ပါတယ်နော် 💁♥️




26/10/2023

𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐟𝐨𝐫 𝐒𝐞𝐚𝐦𝐞𝐧 & 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬!

မြန်မာအမျိုးသားလေကြောင်းနှင့်အတူ စင်ကာပူနှင့် ဘန်ကောက်လေကြောင်းခရီးစဉ်များတွင်လိုက်ပါကြမည့် ကျောင်းသူကျောင်းသားများ နှင့် သင်္ဘောသားများအတွက် အထူးအစီအစဉ်အနေဖြင့် လေယာဉ်လက်မှတ်များကို ဈေးအသက်သာဆုံးနှုန်းထားနှင့်ရောင်းချပေးမည့်အပြင် Baggage Allowance 40kg ပါပေးအပ်ပေးသွားမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင်။

လေယာဉ်လက်မှတ်ဝယ်ယူမည့် ကျောင်းသူကျောင်းသားများ နှင့် သင်္ဘောသားများအနေဖြင့် မြန်မာအမျိုးသားလေကြောင်းလက်မှတ်အရောင်းကောင်တာများတွင် ID Card ပြသ၍ဝယ်ယူနိုင်မှာဖြစ်ပါတယ်ရှင်။

13/10/2023

ထိုင်းနိုင်ငံကို အလည်ဗီဇာနဲ့ လာမယ်ဆိုရင် ဘာတွေသိထားသင့်သလဲ ?

အားလုံးပဲ မင်္ဂလာပါခင်ဗျ ၊ ဒီနေ့ကတော့ ထိုင်းနိုင်ငံကို အလည်ဗီဇာနဲ့ လာချင်သူတွေအတွက် သိထားသင့်တာလေးတွေကို ပြောပြပေးသွားပါမယ်ဗျ ၊

➤ ➤ထိုင်းကိုအလည်သွားဖို့အတွက် ဗီဇာဘယ်နှစ်မျိုးရှိသလဲ ?

ထိုင်းကို အလည်နဲ့သွားမယ်ဆိုရင် ၂ မျိုးရှိပါမယ် ၊ Visa Exemption (ဗီဇာကင်းလွတ်ခွင့်) နဲ့ Tourist Visa ဆိုပြီး ၂ မျိုးရှိပါမယ်ဗျ ။

➤➤ Visa Exemption (ဗီဇာကင်းလွတ်ခွင့် ) ဆိုတာဘာလဲ ?
Visa Exemption ဆိုတာကတော့ မြန်မာလိုဆိုရင်တော့ ဗီဇာကင်းလွတ်ခွင့် ပြုထားတယ်လို့ ဆိုလိုပါတယ် ၊ သဘောတရားအားဖြင့် ထိုင်းနိုင်ငံကို ဗီဇာလျှောက်စရာမလိုပဲ အလည်သွားလို့ရမယ်လို့ ဆိုလိုပါတယ် ။ ထိုင်းနိုင်ငံကို ဗီဇာလျှောက်စရာမလိုပဲ အလည်သွားလို့ရတဲ့ နိုင်ငံတွေစာရင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံလည်းပါပါတယ် ၊ မြန်မာ Passport ကိုင်ဆောင်ထားသူတွေဟာ ထိုင်းနိုင်ငံကိုသွားရင် ဗီဇာကင်းလွတ်ခွင့်နဲ့ ၁၄ ရက်နေထိုင်ခွင့်ရှိပါတယ် ၊ ဗီဇာကင်းလွတ်ခွင့်က ထိုင်းနိုင်ငံကို လေကြောင်းနဲ့ ဝင်ရောက်မှသာ ရရှိနိုင်မှာ ဖြစ်ပါတယ် ၊ နယ်စပ်ဂိတ်တွေကနေ ကုန်းလမ်းနဲ့ ဝင်ရင်တော့ ဗီဇာကင်းလွတ်ခွင့် ရမှာမဟုတ်ပါဘူး ။

➤ Visa Exemption ရဖို့အတွက် ဘာလုပ်ရမလဲ ?

Visa Exemption ရဖို့အတွက် မြန်မာ Passport ကိုင်ဆောင်ထားသူဆိုရင်
- ထိုင်းနိုင်ငံကို သွားမယ့် လေယာဉ်လက်မှတ် ၊ ထိုင်းနိုင်ငံကနေ ပြန်လည်ထွက်ခွာမယ့် လေယာဉ်လက်မှတ်
- ထိုင်းနိုင်ငံမှာ နေထိုင်မယ့် Hotel Booking
- Show Money THB 20,000 သို့မဟုတ် USD 700 ခန့် (ငွေသား) လိုပါမယ်
ဒါတွေက အဓိက လိုအပ်ချက်တွေဖြစ်ပါတယ် ၊ ဗီဇာကင်းလွတ်ခွင့် ရထားတာ ဖြစ်တဲ့အတွက် ဘယ်မှာမှ သွားရောက် လျှောက်ထားစရာမလိုပဲနဲ့ လေယာဉ်လက်မှတ်ဝယ် ၊ လေယာဉ်တက်စီးပြီး ထိုင်းနိုင်ငံကိုရောက်တာနဲ့ လေဆိပ် လဝက (Immigration) က ထိုင်း အဝင်တုံး (Visa Stamp) ထုပေးပါလိမ့်မယ် ။

➤➤Tourist Visa ဆိုတာ ဘာလဲ ?
Tourist Visa ကတော့ ထိုင်းနိုင်ငံမှာ ၁၄ ရက်ထပ်ပိုပြီးတော့ လည်ပတ်ချင်သူတွေ ၊ ကျောင်းကိစ္စ ၊ အလုပ်ကိစ္စ နဲ့ အခြားအကြောင်း ကိစ္စအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံမှာ ၁၄ ရက်ထက် ပိုပြီးနေထိုင်ဖို့ လိုအပ်သူတွေ အများစု လျှောက်ထားကြတဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်။

➤Tourist Visa လျှောက်ဖို့ ဘာတွေလိုအပ်သလဲ ?

- သက်တမ်း ခြောက်လအနည်းဆုံးကျန်သေးတဲ့ Passport
- Passport Size ဓါတ်ပုံ ၂ ပုံ
- ထိုင်းနိုင်ငံကိုသွားမယ့် လေယာဉ်လက်မှတ်
- ထိုင်းနိုင်ငံကနေ ပြန်မယ့် လေယာဉ်လက်မှတ် (ငွေမချေရသေးလည်း Booking လုပ်ထားရုံနဲ့ရပါတယ်)
- Hotel Booking ( ငွေမချေရသေးလည်း ရပါတယ် ) (သို့မဟုတ်) အိမ်ဌားစာချုပ်
- Bank Statement သုံးလစာ (မြန်မာငွေ ၂၀ သိန်းခန်. )
- မှတ်ပုံတင် မိတ္ထူ
- သန်ခေါင်းစာရင်း မိတ္ထူ
- Visa Fees 40 USD
- Visa Form ဖြည့်ရပါမယ်

အခုဖော်ပြထားတဲ့အချက်အလက်တွေနဲ့ ရန်ကုန်က ထိုင်းသံရုံးမှာ လူကိုယ်တိုင် သွားရောက်လျှောက်ထားလို့ ရပါတယ် ၊ Form တင်ရချိန်ဟာ မနက်ခင်းပိုင်းဖြစ်ပြီးတော့ နောက်တစ်ရက် သို့မဟုတ် နှစ်ရက်လောက်နေရင် ကိုယ့် Passport မှာ Visa Sticker ကပ်ပေးလိုက်တာကို သွားပြန်ယူလို့ရပါတယ် ၊ ဒါဆိုရင်တော့ Tourist Visa လျှောက်ထားမှု ပြီးပါပြီ ။

အခုနောက်ပိုင်းမှာ အချို့သော Travel and Tour Company တွေက Passport စာအုပ် ၊ သန်ခေါင်းစာရင်း ၊ မှတ်ပုံတင်နဲ့ Bank Statement ပို့ပေးရုံနဲ့ သံရုံးကို လူကိုယ်တိုင်သွားစရာမလိုပဲ လျှောက်ထားလို့ရအောင် ဆောင်ရွက်ပေးနေတာမျိုးလည်းရှိပါတယ် ။ ဒီနည်းလမ်းက ရန်ကုန်ကို တက်မလာချင်တဲ့ နယ်ကသူတွေအတွက် အဆင်ပြေပါတယ်။

➤Tourist Visa ရပြီးရင် ထိုင်းကို ဘယ်လိုဝင်မလဲ ?
Tourist Visa ရတဲ့အခါမှာ ကိုယ့်ရဲ. Passport စာအုပ်မှာ ထိုင်းသံရုံးက ကပ်ပေးလိုက်တဲ့ Visa Sticker လေး ရလာပါမယ် ၊ အဲ့ဒီမှာ ရက်စွဲပါပါတယ် ၊ Visa Sticker ရဲ. သက်တမ်းက သုံးလရှိပါတယ် ၊ အဲ့ဒီ သုံးလအတွင်းမှာ ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ လိုပါမယ် ၊ သုံးလအတွင်း မဝင်ခဲ့ရင်တော့ ရထားတဲ့ Tourist Visa ဟာ ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။

➤Tourist Visa နဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ ဘာတွေလိုအပ်မလဲ ?

Tourist Visa ရပြီးလို့ ထိုင်းနိုင်ငံကို ဝင်ရောက်မယ်ဆိုရင်တော့ လေကြောင်းနဲ့ ဝင်ရောက်လို့ ရသလို ၊ နယ်စပ်ကနေလည်း ဝင်ရောက်လို့ရပါမယ် ၊ လေကြောင်းနဲ့ ဝင်ရောက်မယ်ဆိုရင်တော့
- Passport သက်တမ်း အနည်းဆုံး ၆ လကျန်ရမယ်
- လေယာဉ်လက်မှတ် အသွား
- Hotel Booking or အိမ်ဌားစာချုပ် (နေထိုင်မယ့်ရက်အားလုံးအတွက် ပြရန်မလိုပါ ၊ ရက်အနည်းငယ်ပြရုံနှင့်ရပါတယ်)
- အပြန်လေယာဉ်လက်မှတ် (Booking Only နဲ့ ရပါတယ် ၊ ငွေချေထားဖို့ မလိုပါ)
- Show Money THB 20,000 သို့မဟုတ် USD 700 ခန့် (ငွေသား) လိုပါမယ်

➤Tourist Visa နဲ့ ထိုင်းမှာ ဘယ်လောက်ကြာကြာနေလို့ ရလဲ ?

Tourist Visa နဲ့ ထိုင်းနိုင်ငံမှာ ၂ လ နေထိုင်ခွင့်ရှိပါတယ် ၊ ထိုင်းကို စတင်ဝင်ရောက်တဲ့နေ့က စတင်ရေတွက်ပါတယ် ၊ Visa Sticker ကပ်ပေးလိုက်တဲ့ သက်တမ်းကို ကြည့်စရာမလိုပါ ။ တကယ်လို့ ၂ လသက်တမ်းကုန်လို့မှ ဆက်လက်နေထိုင်ချင်သေးရင် နောက်ထပ် ၁ လ သက်တမ်းတိုးပြီးတော့ နေထိုင်လို့ရပါတယ် ။ အားလုံးပေါင်းလိုက်ရင် ၃ လ နေထိုင်လို့ရပါမယ်။

Visa Exemption နဲ့ဖြစ်စေ ၊ Tourist Visa နဲ့ဖြစ်စေ ထိုင်းနိုင်ငံကို ဝင်ရောက်ချိန် လေဆိပ်မှာ ပြဖို့လိုတယ်လို့ ကျွန်တော်ရေးပေးထားတဲ့အချက်တွေက လူတိုင်းကို စစ်မေးလေ့ မရှိတာမို့ အချို့က ငါတို့တော့ အစစ်မခံရပါဘူး ၊ မလိုအပ်ဘူးလို့ ပြောကောင်းပြောနိုင်ပါတယ် ၊ ဒါပေမယ့် အစစ်ခံရပြီး အပြည့်အစုံမပါလို့ ပြည်ဝင်ခွင့် ငြင်းပယ်ခံရသူတွေလည်း ရှိနေတာ အမှန်ပါပဲ ၊ ဒါကြောင့်မို့ ကိုယ့်ဖက်က လိုအပ်ချက်တွေကို တက်နိုင်သလောက် ပြည့်စုံအောင် ဆောင်ရွက်ပြီးတော့မှ လာရောက်ဖို့ ပြောပါရစေဗျ ။

အတုအပဆင်တူရိုးမှားသတိပြုနိုင်စေဖို့ ပြောပြချင်လို့ပါရှင့်...ပုံပါ Page သည် Chaw & Chel air ticketing agents မှာတင်ထားတဲ့...
01/10/2023

အတုအပဆင်တူရိုးမှားသတိပြုနိုင်စေဖို့ ပြောပြချင်လို့ပါရှင့်...

ပုံပါ Page သည် Chaw & Chel air ticketing agents မှာတင်ထားတဲ့ပုံကိုယူတင်ပြီးလိမ်စားနေတာပါနော်
Admin တို့ page အနေနဲ့
Chaw & Chel page မှာသုံးနေကျဖုန်းနံပါတ်တွေဖြစ်တဲ့
☎️ 09 250 009 194, 09 960 415 031,
09 428 901 895 , 09 443 581 497
Viber : 09 960 415 031, 09 428 901 895
တွေကိုသာ အသုံးပြုတာဖြစ်ပါတယ်ရှင့်...

တခြားသောဖုန်းနံပါတ်/ Viber များလုံးဝအသုံးမပြုပါ...
တင်ထားတဲ့စာတွေကိုကူးယူပြီး လိမ်လည်နေတာဖြစ်လို့ သတိပြုပေးကြပါနော်
သူတစ်ပါးချွေးနည်းစာတွေလိမ်လည်ယူပြီးမှ ထမင်းတစ်လုပ်စားရတဲ့လူတွေကို ဒဲ့ရွံပါတယ်...
ရှောင်ရှားနိုင်ကြပါစေရှင်
လူလိမ်လူညစ်တွေပေါလာတဲ့ခေတ်မှာ အားလုံး လှည့်စားခံရခြင်းများကင်းဝေးပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင့်... ❤️

သီတင်းကျွတ် ပိတ်ရက်တွေ ရောက်တော့မယ်နော်  !!!ချစ်ရတဲ့မိသားစုတွေဆီ အလည်သွားမလား ဒါမှမဟုတ် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ဖြစ်...
30/09/2023

သီတင်းကျွတ် ပိတ်ရက်တွေ ရောက်တော့မယ်နော် !!!

ချစ်ရတဲ့မိသားစုတွေဆီ အလည်သွားမလား ဒါမှမဟုတ် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ဖြစ်ဖြစ် အပန်းဖြေခရီးသွားမလား 🌊🏖️✈️
ဒီလို ခရီးစဉ်တွေကို ဘေးကင်းလုံခြုံစွာနဲ့ ပျံသန်းသွားလာနိုင်ဖို့ မန်းရတနာပုံလေကြောင်းလိုင်းရဲ့ အောက်တိုဘာခရီးစဉ်များကို ဖော်ပြပေးလိုက်ရပါတယ် … ✈️✈️✈️

လက်မှတ်ဝယ်ဖို့ဆိုရင် 😍😍😍😍
Chaw & Chel - Air Ticketing Agent
Viber Ph: 09250009194,09 428 901 895 ,09 960 415 031 ,09443581497

📧[email protected]
🔹KBZ PAY🔹KBZ BANKING🔹AYA BANKING စအစရှိတဲ့ Online payment များဖြင့် ပေးချေ၍ ဝယ်ယူနိုင်ပါတယ်နော် 💁♥️




27/09/2023
27/09/2023

[𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭]​

မြန်မာအမျိုးသားလေကြောင်း၏ Boeing 737-400 Freighter လေယာဉ်ဖြင့် ကလကတ္တား၊ ဘန်ကောက်၊ ကွာလာလမ်ပူ နှင့် စင်ကာပူမြို့များသို့ ကုန်ပစ္စည်းများကိုစတင်သယ်ဆောင်နိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင်။

Cargo ခရီးစဉ်များ ပျံသန်းပြေးဆွဲမည့်ရက်များ -

✈️ ရန်ကုန် - ကလကတ္တား - ရန်ကုန်
> 28 Sep 2023, 4 October 2023

✈️ ရန်ကုန် - ဘန်ကောက် - ရန်ကုန်
> Tuesday, Thursday, Saturday (weekly)

✈️ ရန်ကုန် - ကွာလာလမ်ပူ - ရန်ကုန်
> Wednesday (weekly)

✈️ ရန်ကုန် - စင်ကာပူ - ရန်ကုန်
> Friday (weekly, starting from 13 October 2023)

Cargo နှင့်သက်ဆိုင်သည့် အသေးစိတ်အချက်အလက်များကို Logi Plus သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
Logi Plus Company Limited
No.27, 5th floor, 38th Street, Kyauktada Township, Yangon.
095101591
[email protected]

Air Thanlwin လေကြောင်းလိုင်းရဲ့ 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝗦𝗰𝗵𝗲𝗱𝘂𝗹𝗲 ကို မျှဝေပေးလိုက်ပါတယ်နော်.....လက်မှတ်ဝယ်ဖို့ဆိုရင် 😍😍😍😍 Chaw & Chel - ...
27/09/2023

Air Thanlwin လေကြောင်းလိုင်းရဲ့ 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝗦𝗰𝗵𝗲𝗱𝘂𝗹𝗲 ကို မျှဝေပေးလိုက်ပါတယ်နော်.....

လက်မှတ်ဝယ်ဖို့ဆိုရင် 😍😍😍😍

Chaw & Chel - Air Ticketing Agent
Ph:09250009194,09 428 901 895 ,09 960 415 031 ,09443581497

မင်္ဂလာပါ .... Air Thanlwin လေကြောင်းလိုင်းမှခရီးသွားမိဘပြည်သူများအဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ရန်ကုန်-နေပြည်တော် ✈ နေပြည...
23/09/2023

မင်္ဂလာပါ ....
Air Thanlwin လေကြောင်းလိုင်းမှခရီးသွားမိဘပြည်သူများအဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍
ရန်ကုန်-နေပြည်တော် ✈
နေပြည်တော်- ရန်ကုန်✈
လားရှိုး-နေပြည်တော်✈
ခရီးစဉ် များကို 02October2023မှစတင် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းကို သတင်းကောင်းလေးပါးလိုက် ပါရစေရှင်။

ခရီးသွားမိတ်ဆွေတိုင်းအတွက် နွေးထွေးပျူငှာ လွယ်ကူသက်သာတဲ့ လက်မှတ်ရောင်းဝန်ဆောင်မှုကို Chaw & Chel Air Ticketing Agent ကနေအကောင်းဆုံးဆောင်ရွက်ပေးနေပါပြီနော်

ဆက်သွယ်မှာယူလိုပါက .....
မနက် ၉:၀၀ မှ ည ၁၀:၀၀ အထိ page messenger/ Viber မှ ဆက်သွယ်မှာယူနိုင်ပါတယ်။

Viber : 09 960 415 031, 09 428 901 895

Urgent ကိစ္စများအတွက်ဝယ်ယူလိုပါက ၂၄နာရီပတ်လုံး ဖုန်းဖြင့်ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

☎️ 09 250 009 194, 09 960 415 031, 09443 581 497, 09 428 901 895

📧[email protected]
🔹KBZ PAY🔹KBZ BANKING🔹AYA BANKING စအစရှိတဲ့ Online payment များဖြင့် ပေးချေ၍ ဝယ်ယူနိုင်ပါတယ်နော် 💁♥️



MNAtravel fair ကြီးလာပြီနော်
20/09/2023

MNAtravel fair ကြီးလာပြီနော်

Address


Telephone

+959250009194

Website

Alerts

Be the first to know and let us send you an email when Chaw & Chel - Air Ticketing Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chaw & Chel - Air Ticketing Agent:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share