The Community

  • Home
  • The Community

The Community Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Community, .
(1)

An event-planning organization founded by four Myanmar youths who aimed at creating an inclusive community of youths with different talents and promoting them digitally and physically by planning and hosting events based on thrift culture.

We, The Community, wish everyone happy holidays on this Full-Moon Day of Thadingkyut ! May you all be happy and healthy ...
09/10/2022

We, The Community, wish everyone happy holidays on this Full-Moon Day of Thadingkyut !

May you all be happy and healthy and have an amazing time with your loved-ones.

The Community ရဲ့ The Responsible Market vol. 2ကတော့ လူပေါင်း8000ဝန်းကျင်နဲ့အတူခေတ်ရေစီးကြောင်းထဲမှာမျောပါပြီး thrift cu...
12/09/2022

The Community ရဲ့ The Responsible Market vol. 2ကတော့ လူပေါင်း8000ဝန်းကျင်နဲ့အတူခေတ်ရေစီးကြောင်းထဲမှာမျောပါပြီး thrift cultureဟာ ဘယ်လိုလဲဆိုတာကို3ရက်တာပြသရင်း ပြီးဆုံးခဲ့တာ တစ်ပတ်ဝန်းကျင်ရှိပါပြီ။

ဒီ vol.2ရဲ့ပထမ‌နေ့မှာဆိုရင် ကျွန်တော်တို့အတူတကွပူးပေါင်းတည်ဆောက်နေတဲ့ ဒီ cultureအကြောင်းကို ဥရောပသမဂ္ဂ Program Manager Mr Carl Frosio နှင့် Mr Pierre Michel, Public Diplomacy Advisor တို့ကလည်း လာရောက်ပါဝင်ပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဆိုင်ခန်းများ၊ Exhibition နဲ့ Instagram ရှိ Augmented Reality Filter တို့ကိုလည်း ကြည့်ရှုခဲ့ပါတယ်။

The Community အနေနဲ့က ပွဲကိုလာမယ့်ဘော်ဒါတိုင်းကိုမတူညီတဲ့အတွေ့အကြုံတွေပဲ ပေးချင်တဲ့အတွက် ယခုတစ်ခေါက်မှာဆိုရင်လည်း partnerဖြစ်တဲ့ Prevent Plastics Myanmar နဲ့ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာမှာရော မိမိရဲ့ fashion gameကိုအထောက်အကူပြုမယ့် tote bag fashion ကို promoteလုပ်နိုင်ခဲ့သလို ပလတ်စတစ်အစားထိုးအသုံးပြုနိုင်မယ့်ပစ္စည်းတွေကိုလည်း ဆန်းပြားတဲ့နည်းလမ်းနဲ့မိတ်ဆက်ပေးချင်တာကြောင့် Enchax Creative ရဲ့ အကူအညီနဲ့အတူ AR filter တစ်ခုကိုပါ ပွဲမှာမိတ်ဆက်ပေးခဲ့ပါတယ်။

နောက် postတွေမှာလည်း ပွဲထဲကအမှတ်တရပုံရိပ်တွေကို ဆက်တိုက်တင်ပေးသွားတော့မှာမလို့ pageကိုစောင့်ကြည့်ပေးကြပါဦး ဘော်ဒါတို့ရေ။

See You at another events 🙌

POWER OF SWITCH 🔄 POWER WITH US
EU SWITCH-Asia Programme

Photo- Phyotography


Join us at The Responsible Market Vol. 2 to explore plastic-free shopping experience and Augmented reality experience.  ...
02/09/2022

Join us at The Responsible Market Vol. 2 to explore plastic-free shopping experience and Augmented reality experience.

POWER OF SWITCH 🔄 POWER WITH US

European Union in Myanmar EU SWITCH-Asia Programme Prevent Plastics Myanmar

Tomorrow is the DAY!Thrift culture နဲ့အတူ အသစ်အသစ်သော experienceတွေကို ခံစားနိုင်ဖို့အတွက် မနက်ဖန်ကစပြီး partnerဖြစ်တဲ့ ...
01/09/2022

Tomorrow is the DAY!

Thrift culture နဲ့အတူ အသစ်အသစ်သော experienceတွေကို ခံစားနိုင်ဖို့အတွက် မနက်ဖန်ကစပြီး partnerဖြစ်တဲ့ Prevent Plastics Myanmar နဲ့အတူ The Community ရဲ့ The Responsible Market vol.2 က 2,3,4 September သုံးရက်ဆက်တိုက် Kantharyar Shopping Centre မှာရှိပါမယ် 🙌



ဒီတခေါက် Eventမှာ The Communityကနေ ဘော်ဒါတို့အတွက် ပိုပြီး Innovativeဖြစ်တဲ့ အမြင်တွေကို ထည့်သွင်းပေးနိုင်ဖို့ ဖန်တီးပေး...
01/09/2022

ဒီတခေါက် Eventမှာ The Communityကနေ ဘော်ဒါတို့အတွက် ပိုပြီး Innovativeဖြစ်တဲ့ အမြင်တွေကို ထည့်သွင်းပေးနိုင်ဖို့ ဖန်တီးပေးနေတယ်ဆိုတာကို ဘော်ဒါတို့လဲ ရိပ်မိလောက်ပြီလို့ ထင်ပါတယ်ဗျ။

The Responsible Market Vol.2မှာတော့ Eventရဲ့ Partnerဖြစ်တဲ့ Prevent Plastics Myanmarကနေ ဘော်ဒါတို့အတွက် Challengeလေးတစ်ခု စီစဥ်ထားပါတယ်ဗျ။ ဒါကတော့ Fun activityအနေနဲ့ Quiz Gameလေး ဖြေဆိုပြီး Tote Bagလက်ဆောင် ပေးသွားဖို့ ရှိပါတယ်။ ဒါကြောင့် တကယ်လို့ ဘော်ဒါတို့ Tote Bagလွယ်လာဖို့ မေ့ခဲ့ရင်တောင်မှ Gameလေးကစားပြီး အလွယ်တကူသိမ်းပိုက်လိုက်ရုံပါပဲဗျ။

Quizလေးတွေ ဖြေဆိုနိုင်ဖို့အတွက် ကြိုတင် Spotရိုက်ထားချင်ရင်တော့ ိုတဲ့ QR Codeကို Scanဖတ်ပြီး The Communityနဲ့အတူ Enchax Creative တို့ဖန်တီးထားတဲ့ Prevent Plastics Myanmar Instagram AR Filterမှာ သွားရောက်စပေါ့ရိုက်လို့ ရနိုင်ပါတယ်နော်။

The Communityက အမြဲ အသစ် အသစ်သော အကြောင်းအရာတွေနဲ့ ရှုထောင့် တွေးထောင့်အသစ်တွေကို ပေးသွားဖို့ စီစဥ်ထားတာကြောင့် ဘော်ဒါတို့ ဘယ်တော့မှ မရိုးသွားမယ့် Eventတစ်ခုကတော့ The Responsible Marketပါပဲဗျ။
ဘော်ဒါတို့ ပျော်ပျော်ရွှင်ရွှင် လာရောက်စုဝေးကြမယ့် The Responsible Market Vol.2မှာ Tote Bagလေးတွေကို အထာကျကျလွယ်ပိုးရင်း မိမိုက်နေမယ့် ဘော်ဒါတို့ကို မြင်ယောင်ရင်း ပွဲရက်တွေကို The Communityက မျှော်နေပါတယ်ဗျ။ စက်တင်ဘာ ၂, ၃, ၄ သုံးရက်ဆက်တိုက် Kan Thar Yar Shopping Centreထဲ ပြုလုပ်သွားမယ့် The Responsible Market Vol.2မှာ တူတူဆုံကြဖို့ ဖိတ်ခေါ်ပါတယ်နော်။


The Communityကနေ အမြဲတမ်းပေးချင်တာကတော့ အခြားသောအရာတွေကနေ ကွဲပြားခြားနားတဲ့ Eventအတွေ့အကြုံနဲ့အတူ Commuityပေါင်းများစွာက...
30/08/2022

The Communityကနေ အမြဲတမ်းပေးချင်တာကတော့ အခြားသောအရာတွေကနေ ကွဲပြားခြားနားတဲ့ Eventအတွေ့အကြုံနဲ့အတူ Commuityပေါင်းများစွာကို မျှတစွာ ပေါင်းစပ်ထားတဲ့ အစုအဖွဲ့ကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း The Communityကနေ အစဥ် ကြိုးစားအားထုတ်နေပါတယ်။

ပြီးခဲ့တဲ့ co-hostဖြစ်တဲ့ Prevent Plastics Myanmar နဲ့အတူကျင်းပခဲ့တဲ့ The Responsible Market Vol.1မှာဆိုရင်လည်း အမိုက်စားဖက်ရှင်တွေနဲ့ Eventကို လာရောက်ခဲ့တဲ့ ဘော်ဒါတို့ကို အထာကျကျ တွေ့မြင်ခဲ့ပြီးပါပြီ။ ပွဲအတွင်း ဓာတ်ပုံမှတ်တမ်းတွေကနေတဆင့် သိပ်ကိုလန်းလှတဲ့ ဒီဇိုင်းတွေကို ပြန်ကြည့်မိတဲ့အခါ ခုထိ တသသဖြစ်နေတုန်းပါပဲဗျ။

ပွဲရဲ့ Hot Itemဖြစ်ခဲ့တဲ့ Tote Bagလေးတွေနဲ့အတူ ပွဲရက်တွေကို တူတူဖြတ်သန်းခဲ့ကြတဲ့ ဘော်ဒါတို့ကို ခုထိ သတိရမိတုန်းပါပဲဗျ။
လာမယ့်ပွဲအကြောင်း ပြောရရင် ဘော်ဒါတို့က Daily Outfitတွေကို ကိုယ့်စိတ်ကူးလေးအတိုင်း ဖန်တီးဝတ်ဆင်ရတာ စိတ်အားထက်သန်တယ်ဆိုရင်တော့ The Responsible Market Vol.2က ဘော်ဒါတို့အတွက်ပဲဗျို့…

ဘာကြောင့်လဲဆိုတော့ ဒီ Eventဟာ ဘယ်လိုဖက်ရှင်မျိုးကိုမဆို ရွေးချယ်ကွန့်မြူးဝတ်ဆင်နိုင်ပြီး ဖက်ရှင် စည်းဘောင်ကန့်သတ်ချက်တွေကနေ ကင်းလွတ်မယ့် အထာကျကျ နေရာတစ်ခုအဖြစ် ရှိနေမှာမလို့ပါပဲ။
နောက်ထပ် ပြောရရင် The Responsible Market Vol.2ကို လာရောက်တဲ့ ဘော်ဒါတို့အနေနဲ့ Fashion Runawayတစ်ခုကို အရောက်လာရသလို Moodမျိုး ရလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Fashion Trendနဲ့ တူတူသွားနေတဲ့ ဘော်ဒါတို့ လာရောက်စုဝေးကြမယ့် ပွဲ ဖြစ်နေလို့ပါပဲ။ ဒါကြောင့် The Communityဘက်က အကြံပေးချင်တာကတော့ Vol.2ကိုလာမယ့် ဘော်ဒါတို့လည်း အမိုက်စား outfitတွေကို ဝတ်ဆင်ပြီး ဒီနေ့ခေတ်ရဲ့Fashion Trendမှာ လိုက်ပါစီးမျောကြဖို့ ပြောချင်ပါတယ်ဗျ။

ပွဲကို လာရောက်သူတိုင်း ကိုယ့်နှစ်သက်ရာ ဖက်ရှင်တွေကို ဆင်မြန်းပြီး Eventထဲမှာ လန်းနိုင်မှာဆိုတော့ ဘော်ဒါတို့အတွက် ဒီပွဲကြီးက Fashion Showcaseကြီး တစ်ခုအဖြစ်လည်း ရှိနေမှာပါ။ ပြီးတော့ Thriftingနဲ့အတူ အခြားသော Communityတွေကိုပါ The Responsible Market Vol.2မှာ ထိတွေ့ရဦးမှာပါ။ အခြားသော သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုမယ့် အစီအစဥ်တွေ၊ စိတ်ဝင်စားစရာ အစီအစဥ်တွေကိုလည်း ဘော်ဒါတို့ The Responsible Marketရဲ့ ထုံးစံအတိုင်း ကြုံတွေ့ ခံစားနိုင်မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၊ ၃၊ ၄ သုံးရက်တိုင်တိုင် Kantharyar Shopping Centre မှာကျင်းပသွားမယ့် ဒီပွဲမှာ Plasticကင်းစင်တဲ့ ဈေးဝယ်အတွေ့အကြုံကို အစီအစဥ်ကောင်းတွေက ဝန်းရံထားလိုက်ပါဦးမယ်ဗျာ…
ဒါ့အပြင် ဒီပွဲဟာ ဖက်ရှင်ကျကျ ဂေါ်လို့ရမယ့် နေရာတစ်ခုအဖြစ်လည်း ဘော်ဒါတို့နဲ့ တစ်သားတည်း ရှိနေဦးမှာဆိုတော့ ဘော်ဒါတို့စိတ်ကြိုက် Outfitတွေကို ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းရှိသလို ဖန်တီး၊ မွမ်းမံ၊ ရွေးချယ်ဝတ်ဆင်ပြီး Fashion Showcaseရဲ့ အလန်းဆုံး Fashion Starတစ်ယောက်အဖြစ် ပါဝင်အားဖြည့်လိုက်နိုင်မယ့် အချိန်ကောင်းလေးကိုပါ တပါတည်း ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။

ဆိုတော့…ကိုယ့်ရဲ့အမိုက်ဆုံး Outfitတွေကို The Responsible Market Vol.2မှာ ဝတ်ဆင်ရင်း Fashion Runaway Modeကို အပြည့်အဝ Onလိုက်နိုင်ဖို့ ဘော်ဒါတို့ကို သတင်းကောင်းပါးလိုက်ပါတယ်ဗျ။
Vol.2မှာ ပါဝင်လာမယ့် နောက်ထပ် နောက်ထပ်သော Updateတွေကိုလည်း The Communityကနေ ပြောပေးသွားဖို့ ရှိတာကြောင့် ကျွန်တော်တို့နဲ့ မျက်ခြည်မပြတ်ရှိနေပေးပါဦးနော်…


ဘော်ဒါတို့လည်း သိကြတဲ့အတိုင်း The Communityကနေ အမြဲတမ်း ဆန္ဒရှိတာကတော့ အသစ်အသစ်သော communityအတွေ့အကြုံတွေကို ဘော်ဒါတို့န...
28/08/2022

ဘော်ဒါတို့လည်း သိကြတဲ့အတိုင်း The Communityကနေ အမြဲတမ်း ဆန္ဒရှိတာကတော့ အသစ်အသစ်သော communityအတွေ့အကြုံတွေကို ဘော်ဒါတို့နဲ့ စဥ်ဆက်မပြတ် ထိတွေ့ပေးချင်တာပါပဲဗျ။ ဒါကြောင့်လည်း Vol.1မှာ Thrifting Cultureဟာ ဖက်ရှင်အတွက်တင်မက Eco-friendlyဖြစ်စေတယ်ဆိုတဲ့ အကြောင်းကို ဘော်ဒါတို့ဆီ မိတ်ဆက်ပေးခဲ့ပြီးပါပြီဗျ။

ဒီတစ်ခေါက် Vol.2မှာရော မတူညီတဲ့ ဘာတွေများ ပါဝင်လာဦးမလဲ…
ဘော်ဒါတို့ဆီ မကြာခင်ရောက်လာတော့မယ့် Campaignမှာလည်း အဆန်းသစ်ဆုံးနဲ့ အနာဂတ်ကိုထိတွေ့နိုင်မယ့် နည်းလမ်းတွေကို partnerဖြစ်တဲ့ Prevent Plastics Myanmar နဲ့အတူ The Communityက မိတ်ဆက်ပေးဖို့ ရှိပါတယ်။

ဒီအကြောင်းအရာက ဘာများပါလိမ့်…ဘော်ဒါတို့က ARလို့ ဖြေရင်တော့ အမေးနဲ့အဖြေ ကွက်တိဖြစ်သွားပါပြီဗျ…

ဟုတ်ပါတယ်…ဒီတစ်ခေါက် Eventမှာ ပါဝင်လာမယ့် အကြောင်းအရာကတော့
Augmented Realityလို့ခေါ်တဲ့ လက်ရှိအချိန်မှာ အနာဂတ်ကို ထည့်သွင်းပြီး မျှော်ကြည့်ပုံဖော်နိုင်တဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ အရိုးရှင်းဆုံးပြောရရင် Real Worldထဲကို ကွန်ပြူတာကဖန်တီးထားတဲ့ ပုံရိပ်တွေကို ထပ်ပေါင်းထည့်ကြည့်ပြီး ဖြစ်လာနိုင်စွမ်းတွေကို ကြည့်လို့ရတဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။
ဒီပွဲမှာ ARကို အသုံးချပြီး ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာပြုမူတတ်တဲ့ ပြုမူပုံတွေက ကျွန်တော်တို့ကိုယ်တိုင်နဲ့ ကမ္ဘာကြီးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိပြီး ပြောင်းလဲလာစေနိုင်မလဲဆိုတာ ပုံဖော်ကြည့်လို့ ရမှာ ဖြစ်ပါတယ်။
ပလတ်စတစ်အစား ဘယ်လိုပစ္စည်း‌တွေကိုအစားထိုးအသုံးပြုပြီး ပြုမူ‌မှုပုံစံကိုပြောင်းလဲမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်အတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရနိုင်စေဖို့ အ‌ထောက်အပံ့ဖြစ်နိုင်မလဲဆိုတာကို Vol.2ဆီ လာရောက်မယ့် ဘော်ဒါတို့တွေ ARရဲ့ အကူအညီနဲ့ သိရှိနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ဘော်ဒါတို့ကိုယ်စီ ကိုယ်ငှ သဘာဝပတ်ဝန်းကျင်ရဲ့ အနီးဆုံးကို ထိတွေ့ရင်း ကိုယ့်ရဲ့ ကမ္ဘာမြေကို ချစ်ခင်တဲ့ သူရဲကောင်းတွေအဖြစ် ပါဝင်နိုင်မယ့် အကောင်းဆုံးအခွင့်အရေးကို ARနည်းပညာနဲ့အတူ ထိတွေ့ရယူနိုင်ဖို့ Sept 2, 3, 4 သုံးရက်ဆက်တိုက်၊ ကန်သာယာစင်တာမှာ ပြုလုပ်မယ့် The Responsible Market Vol.2ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျ။
Eventအကြောင်း အသေးစိတ် Updateတွေကို ဒီကနေ ဆက်ပြောပြပေးနေမှာ ဖြစ်တာကြောင့် Stay Tuned ရှိနေပေးပါဦးဗျ။



2,3,4 September Kantharyar Shopping Centre မှာပြုလုပ်သွားမယ့် The Responsible Market : Vol.2 မှာပါဝင်လာမယ့် ဆိုင်ခန်းစာရ...
28/08/2022

2,3,4 September Kantharyar Shopping Centre မှာပြုလုပ်သွားမယ့် The Responsible Market : Vol.2 မှာပါဝင်လာမယ့် ဆိုင်ခန်းစာရင်းကိုဖော်ပြပေးလိုက်ပါပြီဗျ။
(ဆိုင်ခန်းအချို့ရဲ့ logoတွေကိုတော့ပုံမှာဖော်ပြဖို့အခက်အခဲရှိတာကြောင့် မပါဝင်ခဲ့ရင်အနူးညွတ်တောင်းပန်ပါတယ်)
21 Street Fashions
24Thrift
470 Skateboard Shop
Antique Dope’
Artstowear
The Atelier by Kanōsé Studio
Bape or Fake ?
Bawdar - Bay Htoke
𝕿𝖍𝖗𝖎𝖋𝖙 𝕭𝖞 𝕮𝖔𝖇𝖇𝖑𝖊𝖗
Dope's Vault
Exotic Thrift
Export Branded Online Shop
GUMP
Harry's Thrift Shop
Kilogram Clothing
Kiwi thrift and vintage shop
Nine Night Thrift (shorturl.at/gzRTY)
RETRO GANG
Roostar Vintage Clothing
𝐑𝐨𝐨𝐤𝐢𝐞 𝐓𝐡𝐫𝐢𝐟𝐭
Rowska Studios
Slow Life Studio
Sold Out Vintage & Thrift Shop
STUFF Toys Shop
THOH - သို့ scent
Threers
The 90’s.com
Thrift and thrive
Thrift Quest
Vintage By 90' Gallery
𝙑𝙞𝙣𝙩𝙖𝙜𝙚 𝙏𝙚𝙚 𝘾𝙡𝙤𝙩𝙝𝙞𝙣𝙜
YK Valuable Thrift

ခုဆိုရင် The Community က ပြုလုပ်မယ့် The Responsible Market မှာ လာရောက်စုဝေး ရောင်းဝယ်ဖောက်ကားကြမယ့်ဆိုင်တွေကိုပြောပြပြီးတဲ့အပြင် Thrift သာမဟုတ်ပဲ FLOWERS Special Education and Physiotherapy Centre က လူငယ်ကလေး တွေနဲ့ ပူးပေါင်းပြီး activity ကလေးတွေ ဂိမ်းကလေးတွေ ပြုလုပ်သွားမှာမလို့ ဒီပွဲလေးကို လာခဲ့ဖို့ ဖိတ်ပါရစေဗျာ။

Event partnerများအဖြစ်နဲ့ကူညီပေးတဲ့ Prevent Plastics Myanmar ကိုလည်းကျေးဇူးတင်ကြောင်းပြောလိုပါတယ်ခင်ဗျာ။
အသေးစိတ် မေးမြန်းလိုပါက Messengerကလည်း အမြဲ တံခါးဖွင့်ထားပါတယ်နော်။ လေလှိုင်းချင်း ဆက်သွယ်ချင်ရင်တော့ 09254 111 990ကို ဆက်လိုက်ပါဗျ။
ထပ်မံပါဝင်လာဖို့ရှိတဲ့ဆိုင်ခန်းတွေကိုလည်းပွဲမစခင်ဖော်ပြပေးသွားပါဦးမယ်ဗျ။


The Communityက ဒီနေ့ပြောပြမယ့် အကြောင်းအရာကတော့ Tote Bagကိစ္စပေါ့ဗျာ…17ရာစုကတည်းက ပေါ်ထွက်လာခဲ့တဲ့ Tote Bagဟာ ကျွန်တော်တ...
26/08/2022

The Communityက ဒီနေ့ပြောပြမယ့် အကြောင်းအရာကတော့ Tote Bagကိစ္စပေါ့ဗျာ…17ရာစုကတည်းက ပေါ်ထွက်လာခဲ့တဲ့ Tote Bagဟာ ကျွန်တော်တို့ရဲ့ နေ့စဥ်ဖက်ရှင်တွေမှာ ပြန်လည်နေရာရလာလိမ့်မယ်လို့ ဘယ်သူကထင်မှာတုန်းဗျာ…ခုတော့ ဒါက တကယ့်လက်တွေ့ ဖြစ်လာခဲ့ပါပြီဗျ…
ဒီဘက်ခေတ် ဖက်ရှင်အကြောင်း ပြောကြတဲ့အခါ ချန်ထားလို့မရတဲ့အကြောင်းကလည်း Tote Bagလို့ပဲ ဆိုနိုင်ပါတယ်။ ဒီနေ့ခေတ် လူငယ်တစ်ယောက်ရဲ့ ဖက်ရှင်အိပ်မက်တွေထဲမှာ Tote Bagက မပါမဖြစ်ပဲကိုးဗျ…ဒါကို သံသယရှိတယ်ဆိုရင် ခုပဲ အိမ်အပြင်ကိုထွက်ပြီး ဖြတ်သွား ဖြတ်လာ လူငယ်တွေကို တချက်သာရှိုးကြည့်လိုက်ဖို့ တိုက်တွန်းပါတယ်ဗျ။ ဒီဘက်ခေတ် လူငယ်တွေဆိုတာကလည်း ကြင်နာသူမရှိရင်သာနေမယ်…ဘေးမှာ တယုတယနဲ့လွယ်လာမယ့် Tote Bagလေးတစ်လုံးတော့ ပိုက်ပွေ့လာမယ်ဆိုတာ သေချာသလောက်ပဲဗျို့…
The Communityက ပြုလုပ်သွားပြီးဖြစ်တဲ့ The Responsible Market Vol.1မှာ ဆိုရင်လည်း Tote Bagကို အထာကျကျလွယ်ပြီး လာရောက်ခဲ့ကြတဲ့ လူငယ်တွေရှိခဲ့သလို The Communityကလည်း Event Co-hostဖြစ်တဲ့ Prevent Plastics Myanmar ရဲ့ ပံ့ပိုးမှုနဲ့အတူ ထောင်ဂဏန်းနီးပါး အရေအတွက်ရှိမယ့် Tote Bagတွေကို ပွဲအတွင်း ဝေငှပေးနိုင်ခဲ့ပါတယ်။ Tote Bagဆိုတာကလည်း ဖက်ရှင်ပိုင်း အားသာချက်တင်မက ထပ်ကာထပ်ကာ အသုံးပြုနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် Fast Fashionရဲ့ ဆိုးကျိုးတွေကို ထိရောက်စွာ ဟန့်တားနိုင်ဖို့ အထောက်အပံ့တစ်ခု ဖြစ်လာခဲ့ပါတယ်။

အဲ…Tote Bagတစ်လုံးထဲမှာ ဘာတွေပါတတ်ကြသလဲ…စပ်စုကြည့်ရအောင်လားဗျာ။
➡️သင်ယူလေ့လာနေတဲ့ ဘာသာစကားတစ်ခုခု/➡️အသက်မွေးအတတ်ပညာတစ်ခုခုရဲ့ စာအုပ်တွေ
➡️ရသစာအုပ် တစ်အုပ်အုပ်
➡️အဆာပြေ Snack
➡️Power Bank/ အားသွင်းကြိုး/ နားကြပ်
➡️ရေဘူးခပ်သေးသေး
➡️တစုံတယောက်ဆီက အမှတ်တရ ပစ္စည်းတစ်ခုခု
➡️Roll-on/ပီကေ/Menthol တစ်ခုခု
➡️ပိုက်ဆံအိတ်နဲ့ သော့တွဲတွေ စသဖြင့် ပါတတ်ကြပါတယ်။

နေ့စဥ်ဘဝမှာ ရုန်းကန်နေရတဲ့ လူငယ်တွေအတွက်တော့ ဒီTote bagဟာ ပစ္စည်း ပစ္စယတွေကို လုံလုံခြုံခြုံသိမ်းနိုင်ရုံတင်မက စမတ်ကျတဲ့ စတိုင်လ်တစ်ခုကို အကောင်းဆုံးပုံဖော်ပေးနိုင်ပါတယ်။ ပြီးတော့ Tote Bagတွေကို ဈေးဝယ်တဲ့နေရာမှာလည်း သုံးနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို အလေးထားထိန်းသိမ်းချင်သူတွေ သည်းခြေကြိုက်ဖြစ်လာတာပေါ့ဗျာ။
ဆိုတော့ The Communityကိုယ်တိုင်ကလည်း trending fashionကို စိတ်ဝင်စားတဲ့ လူငယ်တသိုက်ကနေ ရုပ်လုံးပေါ်လာတဲ့ စိတ်ကူးအစုအဝေးကြီး ဖြစ်တာကြောင့် The Communityနဲ့ Tote Bagဆိုတာက ခွဲမရအောင် တွဲဖက်မိနေတဲ့ Fashion အတွဲအစပ်တွေလို့ပဲ သတ်မှတ်ထားပါတယ်။

မကြာခင် ရောက်လာတော့မယ့် TheCommunityကနေ စီစဥ်မယ့် The Responsible Market Vol.2မှာလည်း လူငယ်အများစုဟာ အမိုက်စားဖက်ရှင်တွေကို ဆင်မြန်းရင်း Tote Bagတွေ ကိုယ်စီကိုယ်ငှနဲ့ လာရောက်လည်ပတ်ကြမယ်ဆိုတာ The Communityကနေ အာရုံရနေပါတယ်။
ပွဲရက်များဖြစ်တဲ့ September 2, 3, 4နေ့ရက်တွေမှာ Kantharyar Shopping Centre မှာ ပြုလုပ်သွားမယ့် The Responsible Market Vol.2မှာ အားလုံး တူတူဆုံကြဖို့ ရင်ခုန်နေပါကြောင်း ပြောရင်းပဲ နှုတ်ဆက်လိုက်ပါတယ်ဗျ။




မင်္ဂလာပါ ဘော်ဒါတို့ရေ…The Communityဟာ ပြီးခဲ့တဲ့ The Responsible Market Vol.1မှာလည်း Prevent Plastics Myanmar နဲ့အတူ ပလ...
24/08/2022

မင်္ဂလာပါ ဘော်ဒါတို့ရေ…
The Communityဟာ ပြီးခဲ့တဲ့ The Responsible Market Vol.1မှာလည်း Prevent Plastics Myanmar
နဲ့အတူ ပလတ်စတစ်ရှောင်ကြဥ်လျှော့ချခြင်းဆိုင်ရာ အသိအမြင်နဲ့အတူ သဘာဝပတ်ဝန်းကျင်နဲ့ လျော်ညီတဲ့ နေထိုင်မှုပုံစံကို Thrifting Cultureထဲ ပြေပြစ်စွာ ထည့်သွင်းမိတ်ဆက်ပေးထားခဲ့ပြီးပါပြီ။ ဒီတခေါက်မှာတော့ The Responsible Market Vol.2မှာ ဒီ စံနှုန်းတွေကို ဆက်လက်ကိုင်စွဲထားရင်း The Communityဟာ မြောက်မြားစွာသော Communityပေါင်းများစွာနဲ့ တစ်သားတည်း တစ်ဆက်တည်း ရှိနေကြောင်းကို ဖော်ညွှန်းဖို့ ပြင်ဆင်ထားပါတယ်။

ဒီနေ့တော့ ကျွန်တော်တို့ The Communityကနေ ဒုတိယမြောက် စုစည်းကျင်းပတော့မယ့် The Responsible Market Vol.2မှာ ပါဝင်လာမယ့် Communityများစွာထဲက တစ်ခုသော Communityရဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။

ဒါကတော့ FLOWERS Special Education and Physiotherapy Centre ပဲဖြစ်ပါတယ်…ဒီ Centerဟာ ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်ပြီး Autism ကလေးငယ်၊ ဉာဏ်ရည်မသန်စွမ်း လူငယ်များအတွက် မိမိကိုယ်ကို စောင့်ရှောက်တတ်ပြီး အမှီအခိုကင်းစွာနေထိုင်နိုင်ရေး၊ တန်းတူပညာသင်ခွင့် ရရှိရေး၊ လုပ်ငန်းခွင်ပညာ သင်ယူခွင့် ရရှိခြင်းဖြင့် ကိုယ်ပိုင်ဝင်ငွေ ဖန်တီးနိုင်စွမ်း ရှိရေးတို့အတွက် ရည်ရွယ်ပြီး တည်ထောင်ထားကာ သက်ဆိုင်ရာသက်မွေးသင်တန်းများ ပေးနေတဲ့ Centerတစ်ခု ဖြစ်ပါတယ်။

The Communityကနေ Flowersကို ဘာကြောင့်ဖိတ်ခေါ်ဖြစ်သလဲဆိုရင် The Communityထဲမှာ အခြားသော Communityပေါင်း မြောက်မြားစွာ ပါဝင်ပတ်သက်စေလိုတဲ့ The Communityရဲ့ ဆန္ဒကနေ မြစ်ဖျားခံလာတယ်လို့ ဆိုရပါမယ်။
မကြာခင် ရောက်လာတော့မယ့် September 2, 3, 4 သုံးရက်အတွင်းမှာ Kantharyar Shopping Centre ထဲ အားလုံးတူတူ ဆုံဆည်းကြမယ့် The Responsible Market Vol.2မှာ Flowers Special Education Centerက မသန်သော်လည်း စွမ်းကြတဲ့ Autism ဉာဏ်ရည်မသန်စွမ်း လူငယ်လေးတွေရဲ့ Activityတွေနဲ့ သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ productတွေ ရောင်းချ ပြသမယ့် FLOWERS COTTAGE Boothလည်း ရှိနေမှာဖြစ်တာကြောင့် The Communityရဲ့ မြောက်မြားစွာသော activityတွေနဲ့ အတူ Flowerလေးတွေနဲ့ တစ်သားတည်း၊ ကောင်းကင်တစ်ခုတည်းအောက်မှာ ဆုံကြရဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျ။
Stay Tuned!
We all are same under the sky.
We are one community.


Please welcome our partner, Prevent Plastics Myanmar .The Responsible Market vol.1မှာ co-hostအဖြစ်ပါဝင်ကူညီခဲ့တဲ့ Preven...
22/08/2022

Please welcome our partner, Prevent Plastics Myanmar .

The Responsible Market vol.1မှာ co-hostအဖြစ်ပါဝင်ကူညီခဲ့တဲ့ Prevent Plastics Myanmar ဟာဆိုရင် အခုပွဲမှာလည်း partner အနေနဲ့ ကျွန်တော်တို့ The Community နဲ့အတူ Vol.2မှာလည်း ဆက်လက်ပါဝင်သွားဦးမှာပါ။

ခုတစ်ခေါက်မှာတော့ ပလတ်စတစ် ရှောင်ကြဉ်လျှော့ချဖို့အတွက် စတိုင်ကျကျလွယ်နိုင်တဲ့
tote bag တွေကိုဝေငှသွားမယ့်အစီအစဉ်အပြင် အသိပညာပေး fun activities အချို့ကိုလည်း 2, 3, 4 September၊ Kantharyar Shopping Centre မှာကျင်းပသွားမယ့်ဈေး‌ရောင်းပွဲ 3ရက်လုံးမှာ ပြုလုပ်သွားဖို့ရှိတာကြောင့် ပါဝင်ဆင်နွှဲကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျ။

Prevent Plastics Myanmar ဆိုတာကတော့ မြန်မာနိုင်ငံအတွင်း ရေရှည်အကျိုးပြုထုတ်လုပ်မှုပုံစံနဲ့ စားသုံးသူစနစ်တို့ကို နားလည်သဘောပေါက်စေပြီး စနစ်ကျတဲ့ အမှိုက်စီမံခန့်ခွဲမှုတွေကို ကျင့်သုံးလာစေဖို့ ဥရောပသမဂ္ဂက ဘဏ္ဍာရေးအရ ထောက်ပံ့ပေးထားတဲ့ စီမံကိန်းတစ်ခုပဲ ဖြစ်ပါတယ်။

Vol.2 မှာပါဝင်လာမယ့်Vendorတွေနဲ့ တခြားစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကို ခုရက်ပိုင်း‌အတွင်းမှာစပြီး ‌ပြောပြပေးသွား...
21/08/2022

Vol.2 မှာပါဝင်လာမယ့်Vendorတွေနဲ့ တခြားစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကို ခုရက်ပိုင်း‌အတွင်းမှာစပြီး ‌ပြောပြပေးသွားတော့မှာမလို့ The Community pageကို ခုရက်တွေမှာ အမြဲစောင့်ကြည့်နေကြဖို့ ဘော်ဒါတို့ကိုတောင်းဆိုပါတယ်နော်။

ဆိုင်ခန်း postတင်ပြီးပြီးချင်း 10မိနစ်ဝန်းကျင်မှာပဲ အခန်းတွေကုန်သွားအောင်အားပေးပြီး ယုံကြည်ကြတဲ့ thrifterညိုကီတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်ဗျ။

2 ,3, 4 September၊ Kantharyar Shopping Centre မှာအားလုံးပြန်တွေ့ကြမယ်🙌



The Responsible Market vol.2 အတွက်ဆိုင်ခန်းနေရာငှားရမ်းထားသူအကုန်လုံးကို မနက်ဖြန်နေ့လယ်ခင်းကစပြီး အကြောင်းပြန်ပေးသွားပါမ...
13/08/2022

The Responsible Market vol.2 အတွက်ဆိုင်ခန်းနေရာငှားရမ်းထားသူအကုန်လုံးကို မနက်ဖြန်နေ့လယ်ခင်းကစပြီး အကြောင်းပြန်ပေးသွားပါမယ်ဗျ။

သတ်မှတ်ဆိုင်ခန်းအရေအတွက်ကို လက်တလောအကြမ်းဖျဉ်းအနေအထားအရ ကျော်လွန်သွားပြီဖြစ်တာကြောင့် မရရှိလိုက်သူတွေကိုလည်း နောက်ပွဲတွေမှာဦးစားပေးခေါ်ယူနိုင်ဖို့စီစဉ်ပေးထားပါမယ်ခင်ဗျာ။

September 2, 3, 4ရက်တွေမှာပြန်လည်ဆုံတွေ့ကြမယ် ဘော်ဒါတို့ရေ 🙌🎉



ဘော်ဒါတို့ အကုန်မျှော်နေကြတဲ့ The Responsible Market ပြန်လာပါပြီ🙌ကျွန်တော်တို့ The Community ကကျင်းပသွားမယ့် The Respons...
13/08/2022

ဘော်ဒါတို့ အကုန်မျှော်နေကြတဲ့ The Responsible Market ပြန်လာပါပြီ🙌

ကျွန်တော်တို့ The Community က
ကျင်းပသွားမယ့် The Responsible Market Vol.2 မှာ ဆိုင်ခန်းလေးတွေ ငှားဖို့ စီစဉ်ပေးထားပါတယ်။ (ဦးရာလူစနစ်နဲ့နော်)

ဒီအောက်မှာတော့...
ဘော်ဒါတို့သိချင်မယ့် အချက်အလက်လေးတွေကို
Q & Aသဘောမျိုး ဖြေပေးထားပါတယ်ဗျ။

📝 September 2, 3, 4သုံးရက်တာ Kantharyar Shopping Centre ထဲ Eventလုပ်မှာကိုတော့ သိပြီးပါပြီ...လာရောင်းမယ့် Thrifterတွေအတွက် ဘာတွေ စီစဉ်ပေးထားလဲ။
✍️ Facilitiesပြည့်ပြည့်စုံစုံ လုပ်ပေးထားပါတယ်။ ဆိုင်ခန်းတစ်ခုချင်းစီအတွက် စားပွဲခုံ၊ ထိုင်ခုံ၊ Wooden Crate၊ အဝတ်စင်၊ ချိတ် အကုန် လောက်လောက်ငှငှ ထားပေးမှာပါ။

📝 ဆိုင်ခန်းအကျယ်နဲ့ အရေအတွက်လေး...plz??
✍️ 8ပေပတ်လည် ဆိုင်ခန်း‌ စုစုပေါင်း 32ခန်း ပါပါမယ်နော်။ အကုန်လုံးက Thrifterဘော်ဒါတွေချည်းပါပဲ။

📝 Thriftဆိုတော့ အဝတ်အစားပဲ တင်ရောင်းရမှာလား
✍️ Thriftဆိုတဲ့အတိုင်း Thriftမှန်သမျှကို ကြိုဆိုပါတယ်...အဝတ်အစား၊ skaterအသုံးအဆောင်၊ တခြား အသုံးအဆောင်နဲ့ စာအုပ်တွေ၊ အိတ်တွေ၊ အနုပညာဆိုင်ရာ ပစ္စည်းတွေ အားလုံး ရောင်းလို့ရပါတယ်။

📝 အရေးကြီးဆုံး ဈေးနှုန်းလေး ပြောပါဦး...
✍️ September 2, 3, 4သုံးရက်လုံးကိုမှ မြန်မာကျပ်ငွေ 150,000တည်းနဲ့ ငှားရမ်းနိုင်ပါမယ်။ နေရာကလည်း ရန်ကုန်ရဲ့ အချက်အချာကျတဲ့ မင်္ဂလာတောင်ညွန့်က KanTharyar Shopping Centre မှာဆိုတော့ ပွဲလေး စည်စည်ကားကားဖြစ်မှာ၊ လူဝင်မှာ အသေချာဆုံးပါပဲနော်။

📝 The Responsible Marketရဲ့ ထူးခြားချက်??
✍️ Thrifter ဘော်ဒါတွေ တစုတစည်းတည်း ရှိကြမှာဖြစ်တဲ့အတွက် ပျော်စရာeventအဖြစ် ဆင်နွှဲရင်း ကိုယ့်ရဲ့ networkကို ပိုအားကောင်းလာအောင် ဖန်တီးနိုင်မှာပါ။ Thrifterတွေကလည်း Vol.1တုန်းကလိုပဲ plasticကို လျှော့ချသုံးစွဲတဲ့အစီအစဉ်မှာ ပူးပေါင်းနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ရာမှာ ကိုယ်တိုင်ပါဝင်ပြီးသား ဖြစ်သွားမှာပါ။

📝 Eventအတွက် ဘယ်ကိုဆက်သွယ်ရမလဲ။
✍️ အခုပဲThe Communityရဲ့ messenger
m.me/thecommunitymm ကနေဆက်သွယ်နိုင်ငှာရမ်းနိုင်ပါပြီ။ ဦးရာလူစနစ်ဖြစ်တာကြောင့် page messengerမှာအရင်ဆုံးဆက်သွယ်လာသူကနေ နောက်ဆုံးဆိုင်ခန်းနေရာပြည့်တဲ့အထိ ကျွန်တော်တို့ဘက်က ပြန်လည်ဆက်သွယ်ပေးသွားပါမယ်ဗျ။

Thrifter ဘော်ဒါတို့ရေ...
Eventအကြောင်းကတော့ နှစ်ထပ်ရှိ မှတ်မိအောင် ပြောပေးလိုက်ပါပြီဗျ...
The Responsible Market က ဆိုင်ခန်းတွေကို 150,000ကျပ်တည်းနဲ့ မလွတ်တမ်း ရယူနိုင်ဖို့ပဲ ကျန်ပါတော့တယ်နော်။



ကဲ The Responsible Market vol.2 ဘယ်လိုလဲ ဘယ်မှာလဲဆိုတာစောင့်နေကြတဲ့ဘော်ဒါတွေအတွက် အနည်းငယ်စပြီးမိတ်ဆက်ပေးပါရစေ။♻️ဆိုင်ခန...
12/08/2022

ကဲ The Responsible Market vol.2 ဘယ်လိုလဲ ဘယ်မှာလဲဆိုတာစောင့်နေကြတဲ့ဘော်ဒါတွေအတွက် အနည်းငယ်စပြီးမိတ်ဆက်ပေးပါရစေ။

♻️ဆိုင်ခန်းတွေကိုတော့ မနက်ဖြန် စနေနေ့ည 7နာရီ announcement postတင်ပြီးတာနဲ့ page messenger မှာ ဆိုင်ခန်းအမည်၊ page link၊ ဆက်သွယ်ရန်ဖုန်းနံပါတ်တို့နဲ့အတူလာရောက်ငှားရမ်းနိုင်ပါတယ်။

♻️Vol.2 ကိုတော့ Septemberလ အစ weekendဖြစ်တဲ့ 2,3,4ရက်နေ့‌တို့မှာပြုလုပ်သွားပါမယ်။

♻️ပွဲနေရာကတော့ ကျွန်တော်တို့ Vol.1 စတင်ကျင်းပခဲ့တဲ့ Kantharyar Shopping Centre မှာပဲဆက်လက်ကျင်းပသွားမှာပါ။

♻️ဒါ့အပြင်ပထမတစ်ခေါက်မှာလိုပဲ ပလတ်စတစ်လျော့ချသုံးစွဲပြီး ဈေးရောင်းဈေးဝယ်လုပ်ကြတဲ့ Anti-plastics ယဉ်ကျေးမှုကိုလည်း ဒီပွဲမှာဆက်လက်သယ်ဆောင်လာပါဦးမယ်။

♻️ဆိုင်ခန်း‌တစ်ခန်းချင်းစီအတွက်အသေးစိတ်အချက်အလက်တွေကတော့ Vol.1တုန်းကအတိုင်းပဲ 8ပေပတ်လည်အကျယ်ဆိုင်ခန်းတစ်ခန်းစီအတွက် စားပွဲ၊ ထိုင်ခုံ၊ Wooden crate၊ အဝတ်စင်၊ ချိတ်စတာတွေကို facilityအနေနဲ့ပေးသွားဦးမှာပါ။

♻️အခုလို facilityတွေနဲ့ ဆိုင်ခန်းတစ်ခန်းကို သုံးရက်တာငှားရမ်းခအနေနဲ့ကတော့ Vol.1 စတင်ကြေငြာခဲ့စဉ်ကမူလဈေးနှုန်းအတိုင်း 150,000(တစ်သိန်းခွဲ)ကျပ်ကျသင့်ပါမယ်။

♻️ဦးရာလူစနစ်ဖြစ်တာကြောင့် page messengerမှာအရင်ဆုံးဆက်သွယ်လာသူကနေ နောက်ဆုံးဆိုင်ခန်းနေရာပြည့်တဲ့အထိ ကျွန်တော်တို့ဘက်က ပြန်လည်ဆက်သွယ်ပေးသွားပါမယ်ဗျ။

ခုဆိုရင်တော့ ဘော်ဒါတို့သိချင်တာအတော်များများကိုလည်းသိသွားပြီလို့ယူဆတာကြောင့် အရင်ပွဲမှာပါခဲ့ကြတဲ့သူတွေ မပါလိုက်ရတဲ့သူတွေအကုန်လုံးကို ဒီပွဲမှာဆုံ‌တွေ့နိုင်ဖို့ ကျွန်တော်တို့မျှော်လင့်နေမယ်ဗျာ။


မတူညီတဲ့အရာ၂ခုက အမြဲမတူညီပဲတော့ မနေနိုင်ပါဘူး။ တူညီနေမယ့်ဆုံမှတ်တစ်ခုတော့အမြဲရှိနေမှာပါ။အဲ့လိုမတူညီတဲ့အရာ၂ခု၊ ကွဲပြားနေတ...
12/08/2022

မတူညီတဲ့အရာ၂ခုက အမြဲမတူညီပဲတော့ မနေနိုင်ပါဘူး။ တူညီနေမယ့်ဆုံမှတ်တစ်ခုတော့အမြဲရှိနေမှာပါ။

အဲ့လိုမတူညီတဲ့အရာ၂ခု၊ ကွဲပြားနေတဲ့ community ၂ခုစတာတွေကို ဆုံမှတ်တစ်ခုမှာပေါင်းစည်းစေဖို့ဆိုတာက The Community ရဲ့ဆန္ဒပါပဲ။

The Responsible Market vol.1မှာဆိုရင် ဘယ်လောက်ပဲကွဲပြားနေပါစေ ထက်တူကျမှုတစ်ခုအမြဲရှိနေတယ်ဆိုတာကို ကျွန်တော်တို့သက်သေပြနိုင်ခဲ့ပါတယ်။
ဥပမာပြရရင် အောက်ကပုံထဲက အပြုံး၂ခုပေါ့။

The Responsible Market vol.2 မှာဆိုရင် ဘယ်လို Community ၂ခု၊ ဘယ်လိုကိစ္စ၂ခုကိုဘယ်လိုထပ်ပြီးတူညီအောင် The Communityအနေနဲ့ ကူညီပေးနိုင်ဦးမလဲဆိုတာကို ကျွန်‌တော်တို့ကိုယ်တိုင်လည်းစိတ်ဝင်စားနေပါပြီ။

ဒီတော့ The Responsible Market Vol.2 ကို ဒီအပြုံး၂ခုနဲ့စလိုက်ကြစို့ ဘော်ဒါတို့ရေ။

ဘော်ဒါတို့ ထပ်သိချင်နေတဲ့ အကြောင်းအရာတိုင်းအတွက် Page Messenger (m.me/thecommunitymm) ကို လာရောက်စုံစမ်းနိုင်သလို The Community တို့ရဲ့ အသံကိုမှ တိုက်ရိုက်ကြားချင်တယ်ဆိုရင်တော့ 📱📱 09 254 111 990 ကိုဆက်သွယ်လို့ရပါတယ်ဗျ။


We Miss You!!နောက်ဆုံးပိတ်အိတ်နဲ့လွယ်ခဲ့တဲ့ Day 3 Recapကို ဘော်ဒါတို့အားလုံးအတွက်မျှဝေပေးလိုက်ပါတယ်။Cultureတစ်ခုအပြင် ma...
09/08/2022

We Miss You!!
နောက်ဆုံးပိတ်အိတ်နဲ့လွယ်ခဲ့တဲ့ Day 3 Recapကို ဘော်ဒါတို့အားလုံးအတွက်မျှဝေပေးလိုက်ပါတယ်။

Cultureတစ်ခုအပြင် marketအသစ်တစ်ခုကိုပါ ဘော်ဒါတို့နဲ့အတူပျိုးထောင်ပေးနိုင်ခဲ့တဲ့ The Community ရဲ့ပွဲတွေကိုရော ထပ်ပြီးမျှော်နေကြပြီလားဗျ။👀2️⃣🗓️

ပလတ်စတစ်ကိုရှောင် ဘေထုတ်ကိုဆောင်ရင်းပွဲတစ်ခုလုံးဖြစ်မြောက်အောင် ကူညီခဲ့ကြတဲ့ ဈေးရောင်း၊ ဈေးဝယ်ဘော်ဒါတွေအားလုံးကိုလည်းကျွန်တော်တို့‌ကကျေးဇူးတင်ဆဲပါ။

The Communityကကျင်းပခဲ့တဲ့ The Responsible Market မှာ Co-hostအဖြစ်ပါဝင်ကူညီပေးခဲ့တာကတော့ Prevent Plastics Myanmar ကဖြစ်ပါတယ်။


အားလုံးနဲ့အတူ အမှတ်တရတွေဖန်တီးနိုင်ခဲ့တဲ့ Day 3 Auction Sessionကျွန်တော်တို့အကုန်လုံးဟာ thrift နဲ့ vintageကိုရင်းနှီးနေတ...
04/08/2022

အားလုံးနဲ့အတူ အမှတ်တရတွေဖန်တီးနိုင်ခဲ့တဲ့ Day 3 Auction Session

ကျွန်တော်တို့အကုန်လုံးဟာ thrift နဲ့ vintageကိုရင်းနှီးနေတဲ့သူတွေဆိုရင် လေလံဆိုတဲ့စကားလုံးကိုလည်းမကြားဖူးတဲ့သူရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် အမြဲတမ်း online လေလံတွေနဲ့ပဲကျွန်တော်တို့ကကျေနပ်နေခဲ့ကြရတာပါ။

ဒါကြောင့် The Community teamအနေနဲ့ The Responsible Marketကို စလုပ်မယ်ဆိုတဲ့အချိန်ကတည်းက ဒီလေလံ ဆိုတာကို ပြင်ပကိုပါဆွဲခေါ်လာခဲ့မယ်လို့အတွေးရှိပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဒီပွဲမှာတော့ လေလံရဲ့သဘောတရားကိုပြင်ပကိုစတင်မိတ်ဆက်ပေးခဲ့ပြီး လိုအပ်ချက်တွေလည်းရှိခဲ့ပေမယ့် အားလုံးက စိတ်ဝင်တစားစောင့်ကြည့်ပါဝင်ပေးခဲ့ကြတဲ့အတွက် ကျွန်တော်တို့အဖွဲ့သားတွေအကုန်လုံးကလည်းကျေးဇူးတင်မိပါတယ်။

နောက်လာမယ့်ပွဲတွေမှာတော့ ဒီ့ထက်မိုက်တဲ့ လေလံပစ္စည်းတွေ၊ ပိုမိုကောင်းမွန်တဲ့တင်ဆက်ပုံတွေနဲ့ လေလံကဏ္ဍကိုပြန်လည်ခေါ်ဆောင်လာခဲ့မယ်လို့လည်း ကတိပေးလိုက်ပါတယ်။

Day 3အမှတ်တရတွေကိုလည်း pageမှာဆက်တင်ပေးသွားဦးမှာမလို့ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။

The Community ရဲ့ The Responsible Marketကိုတော့ co-host Prevent Plastics Myanmar နဲ့အတူ partnerများဖြစ်ကြတဲ့ Thant Myanmar ၊ RecyGlo Myanmar တို့နဲ့အတူ ဂျူလိုင်လ ၂၉၊ ၃၀၊ ၃၁ရက်နေ့အထိ သုံးရက်ဆက်တိုက် Kantharyar Shopping Centre မှာကျင်းပခဲ့တာပါ။



Who miss Us?(Day 2 recap)ရန်ကုန်မြို့ရဲ့ ပထမဆုံး Thrift Fairမှာပါဝင်ပေးခဲ့ကြတဲ့သူတွေအကုန်လုံးအတွက် အမှတ်တရဓာတ်ပုံလေးတွေတ...
01/08/2022

Who miss Us?
(Day 2 recap)

ရန်ကုန်မြို့ရဲ့ ပထမဆုံး Thrift Fairမှာပါဝင်ပေးခဲ့ကြတဲ့သူတွေအကုန်လုံးအတွက် အမှတ်တရဓာတ်ပုံလေးတွေတင်ပေးလိုက်ပါတယ်ဘော်ဒါတို့။ လာရောက်ခဲ့ကြတဲ့တစ်ဦးချင်းဆီတိုင်းကို အမြဲအမှတ်ရ၊ ကျေးဇူးတင်နေပါတယ်ဗျ။

Thanks to our co-host Prevent Plastics Myanmar and our partners RecyGlo Myanmar and Thant Myanmar



၃ရက်အတွင်း လူ ၇၀၀၀ ကျော် တက်ရောက်ခဲ့တဲ့ The Community ပွဲမှာ အားပေးခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေ၊ ယုံယုံကြည်ကြည်နဲ့ ပွဲဦး...
31/07/2022

၃ရက်အတွင်း လူ ၇၀၀၀ ကျော် တက်ရောက်ခဲ့တဲ့ The Community ပွဲမှာ အားပေးခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေ၊ ယုံယုံကြည်ကြည်နဲ့ ပွဲဦးထွက်မှာ ပါဝင်ခဲ့တဲ့ Vendor တွေအားလုံးကို ဒီနေရာကနေ အထူး (အထူး) ကျေးဇူးတင်ပါတယ်။ တစ်ယောက်တည်းအားနဲ့ ဘယ်လိုမှမဖြစ်နိုင်တဲ့အရာကို အတူတူ ဝိုင်းတွန်းပေးခဲ့ကြတဲ့အတွက်ကြောင့်သာ ဒီအရာတွေက ပုံပေါ်လာခဲ့တာပါ။ ကျွန်တော်တို့ကို ပွဲ စ၊လယ်၊ဆုံး ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့သူ တစ်ဦးတစ်ယောက်ချင်းဆီကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်လာမယ့် The Community ရဲ့ ပွဲမှာလည်း ဒီလူတွေနဲ့ ပြန်လည်ဆုံစည်းရမယ်ဆိုတာ ယုံကြည်ပြီးသားပါ။ ကျွန်တော်တို့အတူတူ ရှေ့ဆက်ကြပါစို့။

ယုံယုံကြည်ကြည်နဲ့ co-hostအဖြစ်ပါဝင်ကူညီပေးတဲ့ Prevent Plastics Myanmar နဲ့အတူ partnerများဖြစ်ကြတဲ့ RecyGlo Myanmar နဲ့ Thant Myanmar တို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်‌ဗျာ။


Happy Weekendပါ Thriftမြတ်နိုးသူ ဘော်ဒါတို့ရေ... ဒီနေ့တော့ The Communityရဲ့အတူ Prevent Plastics Myanmar တို့ပူးပေါင်းကျင...
31/07/2022

Happy Weekendပါ
Thriftမြတ်နိုးသူ ဘော်ဒါတို့ရေ...

ဒီနေ့တော့ The Communityရဲ့အတူ Prevent Plastics Myanmar တို့ပူးပေါင်းကျင်းပနေတဲ့ The Responsible Marketမှာ ဘော်ဒါတို့ ကြုံရဖို့ရှိတဲ့ စိတ်လှုပ်ရှားစရာ activityတစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။

ဒီ activityက ဘော်ဒါတို့ ကိုယ်တိုင်ပါဝင်လို့ရတဲ့ အစီအစဉ်လေးပါနော်။
ကိုယ်ကြိုက်တဲ့ ပစ္စည်းတစ်ခုကို အမိအရ ဝယ်လိုက်နိုင်တာ ပျော်စရာကောင်းတယ်ဟုတ်...ဒါဆို ပြိုင်ဘက်တွေကြားထဲကမှ ဒီပစ္စည်းလေးကို ကိုယ်က သိမ်းပိုက်လိုက်နိုင်ပြီဆိုရင်တော့ ပီတိက နှစ်နဲ့မြှောက်ထားသလို နှစ်ဆဖြစ်နေတော့မှာပေါ့ဗျာ...😎😎

ဘော်ဒါတွေ ဒီလို ဒီလို ပီတိဖြာနိုင်ဖို့ရာ ကျွန်တော်တို့က The Responsible Marketမှာ လေလံပွဲ (Auction)လေးတစ်ခု ထည့်သွင်းပေးထားပါတယ်။ ကိုယ်လိုချင်တဲ့ Thriftထည် ပစ္စည်းလေး‌တွေကို လေလံဆွဲဝယ်ယူနိုင်မယ့် auctionလေး ပါဝင်မှာဆိုတော့ ရင်သိမ့်တုန်ပီတိနဲ့အတူ ကိုယ်လိုချင်တာလေးကို အပြိုင်အဆိုင် အနိုင်ဆွဲ သိမ်းပိုက်နိုင်ပြီပေါ့ဗျာ။

ကဲ... Thriftကိုမှ ချစ်ကြတဲ့ ဘော်ဒါတို့အတွက် Thrift Cultureနဲ့အတူ ရောင်းဝယ်ဖောက်ကား ပြောဆိုဆွေးနွေးကြရင်း အားလုံးတစ်သားတည်းရှိကြမယ့် ဒီ Eventလေးမှာ Auction‌ ရင်သိမ့်တုန် အစီအစဉ်‌လေးအတွက်လည်း ကြိုတင်ရင်ခုန်ကြနိုင်စေဖို့ ပြောပြပေးလိုက်ပါတယ်နော်။

📝ပွဲအတွက် အသေးစိတ်အချက်အလက်တွေကို Page Messengerမှာလည်း မနားတမ်းမေးမြန်းနိုင်ပါကြောင်း သတင်းပါးလိုက်ပါတယ်ဗျ။



The Responsible Market Day 2ရဲ့ panel discussion ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ် ဘော်ဒါတို့ရေ။ ဒီ discussionမှာဆိ...
30/07/2022

The Responsible Market Day 2ရဲ့ panel discussion ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ် ဘော်ဒါတို့ရေ။

ဒီ discussionမှာဆိုရင် thrifting cultureအကြောင်းတွေနဲ့ thriftingလုပ်ခြင်းက environmentalပိုင်းအရ ဘယ်လိုအကျိုးပြုမှုတွေရှိတယ်ဆို‌တာကို ရှုထောင့်အသစ်ကနေဆွေးနွေးခဲ့ကြတာပါ။

ပါဝင်ခဲ့ကြတဲ့ panelistအားလုံးအပြင် စိတ်ဝင်တစားနဲ့ပြီးဆုံးသည်အထိ နားထောင်ပေးခဲ့ကြတဲ့ shopperတွေနဲ့ vendorတွေအကုန်လုံးကိုလည်းကျွန်တော်တို့ကကျေးဇူးတင်ရှိပါတယ်။
ဒါ့အပြင် ပွဲကိုမလာလိုက်ရတဲ့သူတွေအတွက်လည်း panel discussionလေးကို podcastအနေနဲ့ပြန်တင်ပေးသွားဦးမှာမလို့ စောင့်မျှော်နားထောင်နိုင်ကြဖို့သတင်းကောင်းပါးလိုက်ပါတယ်‌ဘော်ဒါတို့ရေ။

Prevent Plastics Myanmar ကco-hostအဖြစ်ပါဝင်ထားတဲ့ The Communityရဲ့ ဒီပွဲလေးဟာဆိုရင်မနက်ဖြန်မှာနောက်ဆုံးရက်အနေနဲ့ဆက်လက်ကျင်းပသွား‌မှာဖြစ်တာတော့ မလာလိုက်မရှိရလေအောင်အားလုံးကိုလာခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျ။



The Responsible Market Day 1ရဲ့ပုံရိပ်တချို့ကိုမျှဝေရင်း ဒီနေ့ဆက်လက်ကျင်းပမယ့် Day2ကိုလည်းအရောက်လာခဲ့ကြဖို့ Co-hostဖြစ်တ...
30/07/2022

The Responsible Market Day 1ရဲ့ပုံရိပ်တချို့ကိုမျှဝေရင်း ဒီနေ့ဆက်လက်ကျင်းပမယ့် Day2ကိုလည်းအရောက်လာခဲ့ကြဖို့ Co-hostဖြစ်တဲ့ Prevent Plastics Myanmar နဲ့အတူ The Community အဖွဲ့သားတွေကဖိတ်ခေါ်လိုက်ပါတယ် ဘော်ဒါ‌တို့ရေ။

Day 2မှာဆိုရင်တော့ Panel Discussionအပြင် ChuChu က Hla Day နဲ့အတူ Activity or workshop လေးတစ်ခုနဲ့အတူရှိနေပါမယ်။
အဲဒါကတော့ အသုံးပြုပြီးသား ကော်ဖီမစ်အိတ်ခွံ ခေါင်းလျှော်ရည်အိတ်ခွံတွေကိုသုံးပြီး paperclip တွေနဲ့အတူ လက်ကောက် keychain တွေ လုပ်နိုင်မည့် activity လေးတစ်ခုဖြစ်ပါတယ်နော်။ အချိန်ပေးနိုင်ရင်တော့ ဆွဲကြိုးထိလုပ်နိုင်ပါတယ်။
မည်သူမဆို လာရောက် join နိုင်ပြီး ၁၀နာရီမှ ၄နာရီထိ ရှိနေပါမယ်တဲ့နော်။

The Community ရဲ့အတူ Prevent Plastics Myanmar ကပူးပေါင်းကျင်းပတဲ့ The Responsible Market ကို ခုလ နောက်ဆုံးရက်တွေဖြစ်တဲ့ July-29,30,31 တွေမှာ ကန်ရိပ်သာလမ်းနဲ့ ဦးအောင်မြတ်လမ်းထောင့်မှာရှိတဲ့ ' Kantharyar Shopping Centre ' မှာ ပြုလုပ်သွားပါမယ်။

နောက်တစ်ခုဘော်ဒါတို့ကိုမှာစရာရှိတာက အိမ်မှာရှိတဲ့ ဓာတ်ခဲဘတ်ထရီအဟောင်းတွေဟာ ဒီတိုင်းမဆင်မခြင်စွန့်ပစ်ရင် အရမ်းကို အန္တရာယ်များတဲ့ စွန့်ပစ်ပစ္စည်းတွေပဲဖြစ်ပါတယ်။ ဒီဓာတ်ခဲတွေကို The Responsible Market ကိုယူလာပြီး အန္တရာယ်ကင်းကင်းနဲ့စွန့်ပစ်နိုင်ဖို့အတွက် RecyGlo Myanmar ကနေပြီး လက်ခံပေးလျက်ရှိပါတယ်။ အဲ့တာကြောင့် The Responsible Market ကိုလာလည်ရင်း အိမ်မှာရှိတဲ့ ဓာတ်ခဲအဟောင်းတွေကို ယူလာဖို့ မမေ့ပါနဲ့နော်။


Address


Alerts

Be the first to know and let us send you an email when The Community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Community:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share