20/06/2020
EDM ဘယ်ကနေ စတင်ဖြစ်ပေါ်ပေါက်လာတာလဲ???
တစ်ကယ်တော့ EDM music တွေက ၁၉၇၀ ဝန်းကျင်ထဲက စတင်ပေါ်ပေါက်နေခဲ့ပါပြီ။ ခေတ်အဆက်ဆက် ပြောင်းလဲလာတာနဲ့အမျှ ယနေ့ခေတ်မှာ ခေါ်ဝေါ်နေတဲ့ rave ဆိုတဲ့စကားဟာလဲ disco ဆိုတဲ့စကားကနေပြောင်းလဲလာခဲ့တာပါ။
EDM ရဲ့ အရှည်ကောက်ကတော့ electronic dance music ပဲဖြစ်ပါတယ်။ disco music, synthpop, techo, house music, trance music, drum and bass, dubstep, trap, hardstyle အစရှိတဲ့ music တွေကတော့ EDM ရဲ့ အခွဲ music တွေပဲဖြစ်ပါတယ်။ EDM ဟာဆိုရင် 1970 ဝန်းကျင်ထဲပေါ်ပေါက်ခဲ့တယ်ဆိုပေမယ့် ယနေ့ခေတ်ကြားနေရတဲ့ EDM တွေနဲ့မတူ တစ်မူကွဲပြားနေမှာပါ။ အဲခေတ်အခါတုန်းကလဲ disco music ဆိုပြီးတော့ လူအများစုဝေးပြီး dancing floor မှာ အတူတစ်ကွ က ကြပြီး drum နဲ့ electronic စက်ကိရိယာ ကိုအထိကထားတီးခတ်ခဲ့ကြပါတယ်။
I feel love (1977) နဲ့ Rock your baby (1974) ကတော့ disco music ကနေ EDM ကူးပြောင်းအောင် အစချီခဲ့တဲ့ သီချင်းအစ ဆိုလဲမမှားပါဘူး။
၁၉၉၀ ဝန်းကျင်မှာဆိုရင်တော့ EDM ဟာ mainstream ထဲစတင်ဝင်ရောက်လာခဲ့ပါပြီ။ အဲအချိန်မှာ nightclub တွေပိုမို ခေတ်စား
လာတာကြောင့်လဲဖြစ်ပါတယ်။
၂၀၀၀ ဝန်းကျင်မှာတော့ U.S မှာစတင်ပြီးတော့ ခေတ်စားလာခဲ့ပါတယ်။ နိုင်ငံတစ်ကာ DJ တွေနဲ့ music producers တွေကလဲ EDM ဘက်ကိုတော်တော်လေးအားသန်လာခဲ့ပါတယ်။ EDM ရဲ့ music အမျိုးအစားတစ်မျိုးဖြစ်တဲ့ dubstep ကိုလဲ U.S ကစပြီး ထွက်ပေါ်လာခဲ့ပါတယ်။
အဲလိုနဲ့ EDM ဟာ တစ်ဖြည်းဖြည်းနဲ့ mainstream ပေါ်ကိုစတင်ဝင်ရောက်လာပါတော့တယ်။ nightclub တွေခေတ်စားလာတာနဲ့အမျှ EDM ကို ပိုမိုစိတ်ဝင်စားလာကြပြီး နောက်ပိုင်းမှာတော့ EDM ပွဲတွေ တစ်ဖြည့်းဖြည်းပေါ်ပေါက်လာပါတော့တယ်။ သို့သော်လည်း ယနေ့ခေတ်မှာကြားနေရတဲ့ EDM music တွေဟာဆိုရင် 1970, 80s, 90s, 2000 အစပိုင်းလောက်မှာ ကြားခဲ့ရတဲ့ music တွေနဲ့တော့ ကွဲလွဲနေမှာအမှန်ပါပဲ။