Hsu Nge's flower diary

  • Home
  • Hsu Nge's flower diary

Hsu Nge's flower diary Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hsu Nge's flower diary, Florist, .

💐အမမွေးနေ့အတွက် suprise ပန်းစည်းလေး💐
30/10/2021

💐အမမွေးနေ့အတွက် suprise ပန်းစည်းလေး💐

🌻Sunflower🌻
26/10/2021

🌻Sunflower🌻

ချစ်တို့ရေ မကြာခင်မှာ သီတင်းကျွတ်တော့မှာဖြစ်လို့လူကြီးမိဘ၊ဆရာသမားတွေကို ကန်တော့ဖို့ စီစဉ်နေကြပြီလား ❓❓❔ဘာတွေနဲ့ကန်တော့ရင...
12/10/2021

ချစ်တို့ရေ မကြာခင်မှာ သီတင်းကျွတ်တော့မှာဖြစ်လို့
လူကြီးမိဘ၊ဆရာသမားတွေကို ကန်တော့ဖို့
စီစဉ်နေကြပြီလား ❓❓❔
ဘာတွေနဲ့ကန်တော့ရင်ကောင်းမလဲဆိုရင် ပိုက်ဆံပန်းစည်းလေးနဲ့
ဂါဝရပြုလို့ရပါတယ်ရှင့်💸😊
ချစ်ခင်ရသူအချင်းချင်း လက်ဆောင်အဖြစ်ပေးလဲရပါတယ်နော်😊
ပိုက်ဆံပန်းစည်းမဟုတ်ဘဲ ဆန်းဆန်းလေးပေးချင်ရင်တော့ ပန်းစည်းလေးပေးလဲရပါတယ်နော်💐😊
ကိုယ့်ကောင်မလေးအတွက် သီတင်းကျွတ်လက်ဆောင်အဖြစ်
မုန့်ပန်းစည်းလေး ပေးလဲရပါတယ်နော်🍬🍭🍫
ပန်းစည်းလေးတွေ မှာချင်ရင်အနည်းဆုံး ၃ ရက်တော့ကြိုမှာပေးပါနော်😊

ချစ်ရသူတွေကို ပန်းစည်းဘာကြောင့်ပေးသင့်လဲဆိုတော့😊မင်မင်ဆို ပန်းစည်းလေးတွေကြည့်ကြည့်ပြီး ကြည်နူးနေတာ ပန်းစည်းရတဲ့သူဆို တော...
07/10/2021

ချစ်ရသူတွေကို ပန်းစည်းဘာကြောင့်ပေးသင့်လဲဆိုတော့😊
မင်မင်ဆို ပန်းစည်းလေးတွေကြည့်ကြည့်ပြီး ကြည်နူးနေတာ ပန်းစည်းရတဲ့သူဆို တော်တော်လေး စိတ်ကြည်နူးပျော်ရွှင်စေမှာအမှန်ပါပဲ😊🤩

တချို့တွေက ပန်းစည်းပေးတယ် ဆိုတာ အပိုအလုပ်တွေပဲ ပန်းဆိုတာ ညှိုးရင် လွှင့်ပစ်လိုက်ရတာ ဖြစ်လို့ အဓိပ္ပါယ်မရှိဘူးလို့ ထင်တတ်ကြပါတယ် 🤔


ဘကြောင့် ပန်းစည်း လက်ဆောင် ပေးသင့်တာလဲ ❓

🔸 စျေးနှုန်း သင့်တင့်ခြင်း

▫️ ပန်းစည်းဆိုတာ စျေးသက်သာပေမယ့် အလှတရားကို ဖော်ပြတဲ့ နေရာမှာ အဓိပ္ပါယ် ရှိပါတယ်

▫️ လတ်ပတ်နာရီ တစ်လုံး ၊ ဖုန်းတစ်လုံးလောက် လောက် တန်ဖိုးမကြီးပေမယ့် ရလိုက်တဲ့ သူရဲ့ ရင်ထဲမှာ မဖော်ပြနိုင်တဲ့ ကြည်နှုးမှု ကို ဖြစ်စေပါတယ်



🔸 စိတ်ကြိုက်ဖန်တီးနိုင်ခြင်း

▫️ ဘယ်လိုအရာမျိုးကိုပဲ ဝယ်ပါစေ ကိုယ့်စိတ်ကြိုက် အမြန်ဆုံး လုပ်လို့ရတာ ရှားပါတယ်

▫️ ပန်းစည်းတွေကတော့ ကိုယ်ကြိုက်တာတွေကို သေချာရွေးပြီးတော့ စိတ်ကြိုက်ဖန်းတီးနိုင်ပါတယ်

▫️ ကိုယ်တိုင်ရွေးချယ်ထားတဲ့ အတွက်ကြောင့်လည်း ဘယ်သူနှင့်မှ မတူတဲ့ အရာဖြစ်သလို ပန်း အရေအတွက် နှင့် အရောင်ပေါ်လိုက်ပြီး အဓိပ္ပါယ်တွေလည်း ဖော်နိုင်ပါသေးတယ်

🔸 လန်းဆန်းစေနိုင်ခြင်း

▫️ လူတွေ ဖန်တီးထားတဲ့ ရနံ့တွေထက် သဘာ၀အတိုင်း ဖြစ်ပေါ်လာတဲ့ ပန်းတွေရဲ့ ရနံ့က ပိုပြီးတော့ စိတ်ကို ကြည်လင် လန်းဆန်းစေပါတယ်

▫️ ပန်းစည်း လက်ဆောင်ပေးလိုက်တဲ့ ခဏမှာပဲ ရရှိလိုက်တဲ့သူဟာ စိတ်ကို ကြည်လင် လန်းဆန်းပြီး အမှတ်တရ အဖြစ်ကျေးဇူးတင်နေမှာပါ

🔸 စိတ်ဖိစီးမှုကို လျော့ချ စေနိုင်ခြင်း

▫️ ပန်းဆိုတဲ့ သဘာ၀က ပေးတဲ့ အရာဖြစ်လို့ မြင်လိုက်တဲ့သူတိုင်း စိတ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်

▫️ စိတ်ဖိစီးမှု များတဲ့ အခါ ပန်းခြံတွေထဲမှာ လမ်းလျှောက်ကြသလိုပဲ တစ်ယောက်ယောက် စိတ်ဖိစီးမှု ကြုံနေရတဲ့ အခါ ပန်းစည်းလက်ဆောင်ပေးလိုက်ခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး စိတ်ဓာတ်ခွန်အားတွေ ရရှိနိုင်ပါတယ်

🔸 ချစ်ခင်ရတဲ့ သူတွေ ကို ပန်းစည်းလက်ဆောင်ပေးချင်တယ် ဆိုရင်တော့မှာ အချိန်မရွေး ကိုယ့်စိတ်ကြိုက်ပုံစံတွေ ပြောပြပြီး မှာယူနိုင်ပါတယ်နော် 🤗🤗

အိမ်အထိရောက်လာပြီး မွေးနေ့supriseအတွက်စည်းခိုင်းတဲ့ ပန်းစည်းလေး💐💐မွေးနေ့ရှင်လဲ ပန်းစည်းလေးကြောင့် ပျော်ရွှင်ပါစေရှင့်🙏အမြ...
06/10/2021

အိမ်အထိရောက်လာပြီး မွေးနေ့supriseအတွက်စည်းခိုင်းတဲ့ ပန်းစည်းလေး💐💐
မွေးနေ့ရှင်လဲ ပန်းစည်းလေးကြောင့် ပျော်ရွှင်ပါစေရှင့်🙏
အမြန်လိုလို့ဆိုပြီး ဓာတ်ပုံတောင်မရိုက်လိုက်ရဘူး ကာကာလေးပို့လာပေးမှတင်ရတော့တယ်🥰
ပန်းစည်းလေးမှာချင် အနည်းဆုံး ၃ ရက်တော့ကြိုမှာပေးကြပါနော်😊
ကာကာလေးတွေအတွက် မင်မင်ကလှလှလေးစည်းပေးချင်လို့ပါ🙆

ဆောင်းရာသီကိုချစ်သလို❄️☃️ cosmos🌼 တွေကိုလဲချစ်တယ်
05/10/2021

ဆောင်းရာသီကိုချစ်သလို❄️☃️ cosmos🌼 တွေကိုလဲချစ်တယ်

03/10/2021

မဲပေါက်သွားသူလေးရေ🥰
Congratulation ပါနော်🎉🎉
cb လာခဲ့ ပေးပါအုံးရှင့်☺️

 ဒီ Snack Bouquet လေးမဲဖောက်ပေးချင်လို့ပါ😍ဘယ်လိုကံစမ်းရမလဲဆိုတော့👇Page ကို like လုပ်ပေးပါဒီ post ကို fri တစ်ယောက်ကို tag...
30/09/2021



ဒီ Snack Bouquet လေးမဲဖောက်ပေးချင်လို့ပါ😍
ဘယ်လိုကံစမ်းရမလဲဆိုတော့👇

Page ကို like လုပ်ပေးပါ
ဒီ post ကို fri တစ်ယောက်ကို tag တွဲပြီးshare ပြီးရင်
Screenshot လေးဒီ post အောက်မှာ comment ပေးရုံပါပဲရှင့်😊
ကိုယ့်ကောင်မလေးအတွက်လဲ ကံစမ်းလို့ရတယ်နော်😊

3.10.2021 တနင်္ဂနွေနေ့မှာ မဲဖောက်ပေးပါမယ်ရှင့်🎁
Good luck to you🙏🎉

Hsu Nge's flower diary Floral Service မှကြိုဆိုပါတယ်ရှင့်Hsu Nge ရဲ့ Floral Service မှာရနိုင်တဲ့ Bouquet အမျိုးအစားလေးတေ...
29/09/2021

Hsu Nge's flower diary Floral Service မှကြိုဆိုပါတယ်ရှင့်
Hsu Nge ရဲ့ Floral Service မှာရနိုင်တဲ့ Bouquet အမျိုးအစားလေးတွေကတော့

Mini Bouquet💐
Snack Bouquet💐
Flower Box🎁
Money Bouquet💸💐
Flower Crown👑
Heart Shape Bouquet💐
Round Shape Bouquet💐
3D Bouquet💐
Wedding Bouquet💐💑

ဈေးနှုန်းကတော့ Customer တွေအသုံးပြုချင်တဲ့ ပန်းအမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်ရှင့်😊

ချစ်ခင်ရသူတွေကို ပေးချင်လို့ပဲဖြစ်ဖြစ် ဖေဖေမေမေတို့ကို မေတ္တာလက်ဆောင် ပေးချင်လို့ပဲဖြစ်ဖြစ် ကိုယ့်ကောင်မလေးကောင်လေးကို suprise ပေးချင်လို့ပဲဖြစ်ဖြစ် Hsu Nge's flower diary ရဲ့ Page Messenger (or) Acc Messenger ကနေတစ်ဆင့်ဆက်သွယ်လို့ရပါတယ်ရှင့်💬📞📲

Local မှာရနိုင်တဲ့ပန်းလေးကိုသုံးချင်တယ်ဆိုရင် အနည်းဆုံ3းရက်လောက်ကြိုမှာပေးပြီး😊
Import ပန်းလေးတွေဆိုရင်တော့ အနည်းဆုံး5ရက်လောက်တော့ကြိုမှာပေးပါရှင့်😊

❀❀ Rose ❀❀ပန်းတို့ရဲ့ဘုရင်​မ လို့တင်​စားခံရတဲ့နှင်းဆီဟာကမ္ဘာ​ပေါ်ကလူကြိုက်​အများဆုံးပန်း​တွေထဲကတစ်​ခုပါသင်းသင်း​လေးနဲ...
27/09/2021

❀❀ Rose ❀❀

ပန်းတို့ရဲ့ဘုရင်​မ လို့တင်​စားခံရတဲ့နှင်းဆီဟာ
ကမ္ဘာ​ပေါ်ကလူကြိုက်​အများဆုံးပန်း​တွေထဲကတစ်​ခုပါ
သင်းသင်း​လေးနဲ့​မွှေးတဲ့သူ့အနံ့ဟာ စွဲမက်​ဖွယ်​​ကောင်း
လွန်းပါတယ်

ဂျွန်​လဟာ နိုင်​ငံတကာနှင်းဆီပန်းများလ ပါတဲ့😂
Juneလရဲ့​မွေး​နေ့ပန်းဖြစ်​ပြီး ၁၅နှစ်​​မြောက်​နှစ်​ပတ်​လည်
နေ့ရဲ့အထိမ်းအမှတ်​ပန်းပါ

Roseဆိုတဲ့စကားလုံးဟာ Latinစကား"rosa"က​နေ
ဆင်းသက်​လာတာပါတဲ့ "rosa"ရဲ့အဓိပ္ပါယ်​က အချစ်
ပါတဲ့။

နှင်းဆီပန်းရဲ့အဓိပ္ပါယ်​ဟာ အ​ရောင်​ကိုလိုက်​ပြီးကွဲပြားပါတယ်
အနီ​ရောင်​က အချစ်​ကိုကိုယ်​စားပြုပါတယ်​။ ဒါ့အပြင်
လေးစားခြင်း လို့လည်း​ပြောလို့ရပါတယ်

အဖြူ​ရောင်​က ရိုးသားဖြူစင်​ခြင်းနဲ့သန့်​စင်​ခြင်းလို့အဓိပ္ပါယ်
ရပါတယ်

အဝါ​ရောင်​က​တော့ သူငယ်​ချင်း နဲ့ ဂရုစိုက်​ခြင်းလို့
အဓိပ္ပါယ်​ရပါတယ်
တချို့က နှင်းဆီအဝါကို​ပေးရင်​ မင်းကိုမနာလိုတယ်​ လို့်
အဓိပ္ပါယ်​သက်​​ရောက်​တယ်​လို့်​ဆိုကြပါတယ်

ပန်း​ရောင်​က​တော့ ​ပျော်​ရွှင်​မှုပါ

လိ​မ္မော်​​ရောင်​က​တော့ ခွန်​အားလို့အဓိပ္ပါယ်​ရပါတယ်

နှင်းဆီအနီတစ်​ပွင့်​တည်းက ငါမင်းကိုချစ်​တယ်​ လို့ဆိုလိုပါတယ်
အဖြူ​ရောင်​နှင်းဆီတစ်​ပွင့်​တည်းက ငါ့ရဲ့ခံစားချက်​​တွေက
အစစ်​အမှန်​​တွေပါ လို့ဆိုလိုပါတယ်
အဝါ​ရောင်​နှင်းဆီတစ်​ပွင့်​တည်းက မင်းဟာငါ့ဘဝထဲကို
ပျော်​ရွှင်​မှု​တွေသယ်​​ဆောင်​လာတဲ့သူ သို့ သူငယ်​ချင်းလုပ်​ရ​အောင်​ လို့ဆိုလိုပါတယ်
ပန်း​ရောင်​နှင်းဆီတစ်​ပွင့်​တည်းက ငါမင်းကိုကြိုက်​တယ်​တဲ့
လိ​မ္မော်​ရောင်​နှင်းဆီတစ်​ပွင့်​က ငါမင်းအတွက်​ဂုဏ်​ယူပါတယ်​ လို့ဆိုလိုပါတယ်
ခရမ်း​ရောင်​နှင်းဆီတစ်​ပွင့်​တည်းက မင်းကငါ့ကိုကြည်​နူး​စေတယ်​ လို့ဆိုလိုပါတယ်

နှင်းဆီအမျိုးအစား​တွေ အများကြီးရှိတဲ့ထဲက ထင်​ရှားတာ​လေး​တွေရဲ့ အဓိပ္ပါယ်​ ​လေး​တွေကိုပါ ထည့်​​ရေး​ပေးလိုက်​ပါတယ်

Thronless Rose
ဆူးမဲ့နှင်းဆီကို​ပြောတာပါ(ပုံမှာဆူး​တွေနဲ့😁 မှားသွားလို့
တောင်းပန်​ပါတယ်​😢😢) အဓိပ္ပါယ်​က
မြင်​မြင်းချင်းအချစ်​ ပါတဲ့😊

Burgundy rose
နီညို​ရောင်​နှင်းဆီ​တွေပါ
အဓိပ္ပါယ်​က မူး​မေ့​စေနိုင်​တဲ့အလှ.....တဲ့
(​ယောကျာ်း​လေး​တွေ မိန်းက​လေး​တွေကိုလက်​​ဆောင်
ပေးသင့်​တဲ့ပန်းလို့ထင်​မိ😁😁)

Wild rose
နှင်းဆီရိုင်းလို့​ခေါ်ပါတယ်​😊
ရိုးသားခြင်း လို့အဓိပ္ပါယ်​ ရပါတယ်
(​နောက်​ဆုံးပုံပါ)

Tea rose
အဓိပ္ပါယ်​သိပ်​လှပါတယ်​😭
ငါမင်းကိုဘယ်​​တော့မှမ​မေ့ပါဘူးတဲ့😭😭

နှင်းဆီပန်း ရဲ့တစ်​က​နေတစ်​ရာထိအဓိပ္ပါယ်​​တွေ​ရေးပါ
တော့မယ်​😊😊😊
(တချို့နံပါတ်​စဉ်​​တွေချန်​ခဲ့ပါတယ်​ သိပ်​ပြီးအ​ရေးမကြီးဘူး
ထင်​လို့ပါ😁😁 ဒါ​ပေမယ့်​ ၂၂ပွင့်​​နောက်​ပိုင်းက​တော့
မ​ကျော်​ထားပါဘူး မူရင်းကိုက မပါတာပါ)

နှင်းဆီ၁ပွင့်​-ငါမင်းကိုချစ်​တယ်​/မြင်​မြင်​ချင်းအချစ်
နှင်းဆီ၂ပွင့်​-နက်​နက်​ရှိုင်းရှိုင်းချစ်​မိ​နေပြီ(အယ့်​လယ်​😒)
နှင်းဆီ၃ပွင့်​-မင်းကိုငါချစ်​တယ်
နှင်းဆီ၎ပွင့်​-ငါတို့နှစ်​​ယောက်​ကြားမှဘယ်​သူမှမရှိနိုင်​ဘူး
(မင်းမှာငါပဲရှိပြီး ငါ့မှာမင်းပဲရှိတယ်​)
နှင်းဆီငါးပွင့်​-မင်းရဲ့special oneကို မင်းရဲ့အချစ်​ကို
ပြဖို့အ​ကောင်းဆုံးနည်းလမ်းပါတဲ့။သူငယ်​ချင်း​တွေနဲ့
Partner​တွေကို​ပေးမှာဆိုရင်​​တော့ မင်း
သူတို့ကိုဂရုစိုက်​တယ်​ဆိုတာကိုပြသတာပါ
နှင်းဆီ​ခြောက်​ပွင့်​-ငါမင်းရဲ့လူဖြစ်​ချင်​တယ်
နှင်းဆီကိုးပွင့်​-ထာဝရရှင်​သန်​​နေတဲ့အချစ်
နှင်းဆီဆယ်​ပွင့်​-မင်းဟာလုံးဝကိုပြည့်​စုံ​ကောင်းမွန်​တယ်
နှင်းဆီဆယ့်​တစ်​ပွင့်​-မင်းဟာငါ့အတွက်​တန်​ဖိုးရှိတဲ့သူ
နှင်းဆီဆယ့်​နှစ်​ပွင့်​-ငါ့ရဲ့လူဖြစ်​​ပေးပါ
နှင်းဆီဆယ့်​သုံးပွင့်​-ထာဝရသူငယ်​ချင်း သို့ တိတ်​တခိုး
သ​ဘောက်သူ
နှင်းဆီဆယ့်​​လေးပွင့်​-မင်းအတွက်​ငါဂုဏ်​ယူတယ်
နှင်းဆီဆယ့်​ငါးပွင့်​-လူတစ်​​ယောက်​ကိုဝမ်းနည်း
အောင်​လုပ်​ပြီးခွင့်​လွှတ်​ဖို့​တောင်းဆို
တဲ့အချိန်​မှာ​ပေးပါတယ်
နှင်းဆီဆယ့်​​ခြောက်​ပွင့်​-Bon Voyage(ပြင်​သစ်​စကား
ပါ ခရီးလမ်းမှာသာယာ​ဖြောင့်​ဖြူး
ပါ​စေတဲ့)
ိနှင်းဆီဆယ့်​ရှစ်​ပွင့်​-သင်​ချစ်​ရတဲ့သူကို "stay young and beautifulလို့​ပြောချင်​ရင်​ ​ပေးပါတဲ့။
နှင်းဆီအပွင့်​၂၀-ယုံကြည်​ခြင်း နှင့်​ ရိုးသားခြင်း
နှင်းဆီ၂၂ပွင့်​-အတူတူရှိခြင်း နှင့်​ ကံ​ကောင်းခြင်း
နှင်းဆီ၂၄ပွင့်​-မင်းကအမြဲငါ့စိတ်​ထဲမှာရှိတယ်
နှင်းဆီ၂၅ပွင့်​-ကမ္ဘာ​ပေါ်က​ပျော်​ရွှင်​မှုအားလုံးပိုင်​ဆိုင်​ရရှိ
ပါ​စေ
နှင်းဆီ၂၇ပွင့်​- ကိုယ့်​မိန်းမကိုယ်​ဘယ်​​လောက်​ချစ်​လဲဆို
တာနှင်းဆီ၂၇ပွင့််​​ပေးပြီး​ပြောပြလိုက်​ပါ😁
နှင်းဆီအပွင့်​သုံးဆယ်​-သစ္စာတရား
နှင်းဆီ၃၃ပွင့်​-အကျိုးသက်​​ရောက်​မှု
နှင်းဆီ၃၆ပွင့်​-မိဘ​တွေနဲ့အတူတူ​ဝေမျှခဲ့ဘူးတဲ့စိတ်​ကူး
ယဉ်​ဖွယ်​အခိုက်​အတန့်​​တွေ.....
နှင်းဆီ၃၇ပွင့်​-နှလုံးသားထဲကနက်​နက်​ရှိုင်းရှိုင်းချစ်​ရသူကို
နှင်းဆီ၃၇ပွင့်​​ပေးပြီး​ပြောပြပါ
နှင်းဆီအပွင့်​၄၀-စစ်​မှန်​​သောအချစ်​နဲ့ချစ်​တယ်
နှင်းဆီ၄၄ပွံင့်​-မ​ပြောင်းလဲပဲ တည်​ငြိမ်​တဲ့အချစ်​နဲ့ချစ်​ဖို့
တောင်းဆုပြုပါတယ်
နှင်းဆီ၄၇ပွင့်​-မင်းကငါ့ရဲ့တစ်​ဦးတည်း​သော..
နှင်းဆီ၄၈ပွင့်​-မ​ပြောင်းလဲ​သောအချစ်
နှင်းဆီအပွင့်​၅၀-unconditional love
နှင်းဆီ၅၁ပွင့်​-မင်းသာငါ့ရဲ့စိတ်​ထဲကတစ်​ဦးတည်း​သောသူ
နှင်းဆီ၅၆ပွင့်​-အချစ်
နှင်းဆီ၆၆ပွင့်​-ငါ့ရဲ့အချစ်​က မင်းအတွက်​ဆိုရင်
ဘယ့​သောအခါမှ​ပြောင်းလဲမှာမဟုတ်​ဘူး
နှင်းဆီ၇၇ပွင့်​-သစ္စာ
နှင်းဆီ၈၈ပွင့်​-တစ်​​ယောက်​​ယောက်​ကို​အပြစ်​ကြီးတစ်​ခု
လုပ်​မိပြီး​တောင်းပန်​ဖို့အ​ကြွေးတင်​​နေခဲ့ရင်
နှင်းဆီ၈၈ပွင့်​ကအ​ကောင်းဆုံး​ရွေးချယ်​မှုပါ
နှင်းဆီ၉၉ပွင့်​-ငါမင်းကို ငါ​သေသည့်​​နေ့အထိချစ်​သွားမယ်
နှင်းဆီအပွင့်​တစ်​ရာ-ကြီးမား​သောသံ​ယောဇဉ်
နှင်းဆီ၁၀၈ပွင့်​-ငါ့ကိုလက်​ထပ်​နိုင်​မလား

Grace အတတ်​နိုင်​ဆုံးကြိုးစားပြီး 1 to 100ကို​ရေး
ထားတာပါ အမှားပါရငိသည်းခံ​ပေးကြပါလို့😢😢.......

နှင်းဆီပင်​ဟာ အသီးသီးပါတယ်​ အဲဒီအသီးကို
rose hipလို့​ခေါ်ပါတယ်​ berryသီးနဲ့ဆင်​ပါတယ်
တချို့​သောနှင်းဆီအမျိုးအစား​တွေရဲ့
rose hipမှာ vitaminC ကြွယ်​ဝစွာပါဝင်​လို့
Jelly,jam,marmalade ပြုလုပ်​တဲ့​နေရာမှာ
အသုံးပြု​လေ့ရှိပါတယ်
နှင်းဆီပန်းဟာလွန်​ခဲ့တဲ့နှစ်​သန်း​ပေါင်းများစွာကတည်းက
ကမ္ဘာ​ပေါ်မှာရှိခဲ့တယ်​လို့ယူဆလို့ရပါတယ်
ဘာလို့လဲဆို​တော့ လွန်​ခဲ့တဲ့နှစ်​​ပေါင်း ၃၅သန်းတုန်းက
နှင်းဆီ​ကျောက်​ဖြစ်​ရုပ်​ကြွင်းကို Colorado(Amaricanရဲ့အ​နောက်​ဖက်​ကပြည်​နယ်​တစ်​ခု)မှာရှာ​ဖွေ​တွေ့ရှိခဲ့ပါတယ်​ ပြီး​တော့ ကမ္ဘာ့သတ်​တမ်းအရှည်​ဆုံးနှင်းဆီပင်​​တွေဟာ Germanyနိုင်​ငံရဲ့
Hildesheim ဘုရား​ကျောင်းတစ်​​လျောက်​မှာ​ပေါက်
ရောက်​​နေပါတယ်​(နှင်းဆီပင်​​တွေကနှစ်​တစ်​​ထောင်​နီးပါး
ကြာပြီလို့ယုံကြည်​ကြပါတယ်​တဲ့)
ရှေး​ခေတ်​​ရောမလူမျိုး​တွေကနှင်းဆီပန်း​တွေကိုအခန်းအလှဆင်​တဲ့​နေရာ​တွေမှာအသုံးပြုပြိး အချို့ကလည်​ပင်းမှာ
လည်​ဆွဲ​အ​နေနဲ့ဝတ်​ဆင်​​လေ့ရှိကြပါတယ်
နှင်းဆီဟာ ခရစ်​ယာန်​ကျမ်းစာ​တွေမှာ​ဖော်​ပြခြင်းခံရတဲ့
ပန်းသုံးမျိုးထဲကတစ်​ခုပါ ကျန်​တဲ့နှစ်​ခုက lilyနဲ့camphireပါ
နှင်းဆီကိုအများစုက အချစ်​ရဲ့​သ​င်္ကေတလို့သိကြ​ပေမယ့်
နှင်းဆီဟာ ကိုယ်​ချင်းစာတရားနဲ့ ဝမ်းနည်းခြင်း​တွေနဲ့လည်းဆက်​နွယ်​​နေပါတယ်

နှင်းဆီပန်းနဲ့ပတ်​သတ်​တဲ့ဗဟုသုတ​တွေစု​ပေးလိုက်​ပါတယ်
Credit to the owner

Address


Telephone

+959426686177

Website

Alerts

Be the first to know and let us send you an email when Hsu Nge's flower diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share