Stop Sexual Violence

  • Home
  • Stop Sexual Violence

Stop Sexual Violence Gender-based violence​တွေကိုရပ်​တန့်​​စေဖို.အသိပ

22/01/2020

👇

Stop Sexual Violence Campaign ရဲ့ Survey Result အချို့ပါStop Sexual Violence Campaignသည် Online Campaign အမျိုးစားဖြစ်ပြ...
17/12/2019

Stop Sexual Violence Campaign ရဲ့ Survey Result အချို့ပါ

Stop Sexual Violence Campaignသည် Online Campaign အမျိုးစားဖြစ်ပြီး 16 days of activism against gender-based violence အထိမ်းမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်ပါသည်။ Profile Campaign, Sticker Campaign, ပိတ်စဖြူပေါ လိမ္မော်ရောင်လက်ဝါးကပ်ခြင်း, sexual violence အပေါမိမိအမြင်ကို တင်ပြခြင်း၊ awareness ပိုစ့်တင်ခြင်း၊ fb poll ကောက်ခြင်းနှင့် online survey ကောက်ခြင်းများလုပ်ဆောင်ခဲ့ပါသည်။

Campaign တွင် ပါဝင်တဲ့သူ မျှော်မှန်းတာထက်ပိုများခဲ့ပါသည်။ Profile campaign တွင် ပါဝင်သူ (၁၈)ဦးနှင့်အထက်ရှိပြီး sexual violence အပေါ မိမိအမြင်မျှဝေသူက (၆)ဦးထိရှိခဲ့ပါသည်။

Fb poll တွင် ပါဝင်သူ (၂၂၈)ဦးရှိခဲ့ပြီး Online Survey ဖြေသူလည်း (၂၄) ဦးထိရှိခဲ့ပါသည်။ Zaw Gyi Font ဖြင့်ဖြေသူ (၆)ဦးရှိပြီး Unicode Font ဖြင့် ဖြေဆိုသူ (၁၆) ဦးရှိပါသည်။ရလဒ်မှာ အောက်ပါအတိုင်းဖြစ်သည်။

 .
17/12/2019

.

(Unicode)ကျနော်က မိတၳီလာစီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ် B.Com(H.R)မှ ကို​ကျော်ဇေယျပဲဖြစ်ပါတယ် ခင်ဗျ။လက်ရှိမိတၳီလာစီးပွာ...
16/12/2019

(Unicode)

ကျနော်က မိတၳီလာစီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ် B.Com(H.R)မှ ကို​ကျော်ဇေယျပဲဖြစ်ပါတယ် ခင်ဗျ။လက်ရှိမိတၳီလာစီးပွားရေးတက္ကသိုလ်ရဲ့
ကျောင်းသားကိုယ်စားလှယ်ဗဟိုကော်မတီရဲ့ဥက္ကဌတာဝန်ထမ်းဆောင်နေသူပါ ခင်ဗျ။
လိင်အကြမ်းဖက်မှုတွေ ခံနေရတာဟာမဖြစ်သင့်ပါဘူး။သက်ကြီး၊သက်ငယ်မရွေး အခုလို ခံစားနေရတာဟာလဲ မမျှတပါဘူး။အနိင်ကျင့်စော်ကားရာရောက်ပါတယ်။ဒါတွေဟာ တရားဥပဒေစိုးမိုးနိုင်မှုနဲ့လဲ တိုက်ရိုက်သက်ဆိုင်နေပါတယ်။အခုလို အခွင့်အရေးယူပြီး လိင်အကြမ်းဖက်နေတာတွေကို ကျနော့်အနေနဲ့ အရမ်းကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါတယ်။ကျူးလွန်သူတရားခံတွေကိုလဲ သေဒဏ်အထိချမှတ်သင့်ပါတယ်။
အခုလို အကြမ်းဖက်မှုတွေ ပပျောက်သွားအောင် တရားဥပဒေ အမြန်ဆုံး စိုးမိုးစေချင်ပါတယ်။ကျနော့်အနေနဲ့ လူ့အခွင့်အရေးကိုလိုလားသူမို့ ယခုလို လူ့အခွင့်အရေးချိုးဖောက်တာတွေကို မနှစ်မြို့ပါ။ဒါကြောင့်မို့ ကျနော်တတ်နိုင်သလောက် ကို့ပတ်ဝန်းကျင်မှသည် ကိုယ့်တိုင်းပြည်အတွက် တဖက်တလမ်းကနေ ပူးပေါင်းကူညီပါဝင်လုပ်ပေးချင်ပါတယ်။အခုလို လိင်အကြမ်းဖက်ခံရတာတွေကော အခြားဒုစရိုက်တွေကို ပပျောက်ချင်မိပါတယ်။ဒါကြောင့် အခုလို Campaign ​တွေကနေပါဝင်လိုက်ရပါတယ် ခင်ဗျ။အခြားသော ပြည်သူလူထုတွေ အနေနဲ့လဲ ကို့တိုင်းပြည်၊ကို့လူမျိုးကို ကာကွယ်နိုင်ရန် တဖက်တလမ်းကနေ လုပ်ဆောင်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ။
Kyaw Zaya

(Zaw Gyi)

ကျနော်က မိတ္ထီလာစီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ် B.Com(H.R)မှ ကို​ကျော်ဇေယျပဲဖြစ်ပါတယ် ခင်ဗျ။လက်ရှိမိတ္ထီလာစီးပွားရေးတက္ကသိုလ်ရဲ့
Kyaw Zaya

Profile campaign(2)16days of activism against gender-based violence အထိမ်းမှတ်Stop sexual violence campaign မှာProfile ခ...
10/12/2019

Profile campaign(2)

16days of activism against gender-based violence အထိမ်းမှတ်
Stop sexual violence campaign မှာ
Profile ချိန်းပြီး ပါဝင်ကြသူများ

Profile ချိန်းပြီးပါဝင်ထားသူများ page ကို ပို့ပေးကြပါဦးနော်...
Page က မှတ်တမ်းအနေနဲ့ထားချင်လို့ပါ

Profile campaign မှာ ပါဝင်ချင်တယ်ဆို အောက်ကlink ကလေးကို နိုပ်လိုက်ပါ...👇👇👇

https://www.facebook.com/109761507172721/posts/113802250101980/




Photo crd - fb

မိမိပုံနှင့်အတူ stop sexual violence အပေါ မိမိအမြင်များလည်း ပေးပို့ပါဝင်နိုင်ပါသည်။





Photo crd

မင်္ဂလာပါရှင့်ကျွန်မကတော့ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ B.Ed ဘွဲ့ရရှိထားသော မဇင်ဝေဝေအောင်ဖြစ်ပါတယ်။ ကလျာဏမိတ္တအဖွဲ့ရဲ့ Educ...
10/12/2019

မင်္ဂလာပါရှင့်
ကျွန်မကတော့ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ B.Ed ဘွဲ့ရရှိထားသော မဇင်ဝေဝေအောင်ဖြစ်ပါတယ်။ ကလျာဏမိတ္တအဖွဲ့ရဲ့ Education for Peace project ရဲ့ alumni တစ်ယောက်လည်းဖြစ်ပါတယ်။

👉Gender-based violence, sexual violence များဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက ပုံစံအမျိုးမျိုးနဲ့ ရှိနေခဲ့ကြပါတယ်။

👉ဒါပေမဲ့ ကျွန်မတို့လူမှုအသိုက်အဝန်းရဲ့ အခြေအနေအရပ်ရပ်ကြောင့် ဖွင့်ဟထုတ်ဖော်ပြောဆိုမှုများမှာ အလွန်ပင်ရှားပါးခဲ့ပါတယ်။

👉မည်သည့်လိင်အကြမ်းဖက်မှုမျိုးကို မဆို ကျွန်မအနေနဲ့ ပြင်းထန်စွာ ဆန့်ကျင်၊ ကန့်ကွက်၊ ရှုံ့ချပါတယ်။

👉လိင်အကြမ်းဖက်မှုတစ်ခုဖြစ်ပြီဆိုလျှင် ကျူးလွန်သူအပြစ်သားထက် အကျူးလွန်ခံရသူ နစ်နာသူကို အပြစ်ပိုမြင်လေ့ရှိသော စိတ်ဒဏ်ရာများထပ်၍ပေးလေ့ရှိသော ကျွန်မတို့ပတ်ဝန်းကျင်၏လုပ်ရပ်အမှားကို ပြုပြင်ပြောင်းလဲဖို့ ကျွန်မတို့တစ်ဦးချင်းစီတိုင်းမှာတာဝန်ရှိတယ်လို့မြင်မိပါတယ်။

👉ဒါကြောင့် လိင်အကြမ်းဖက်မှုကိစ္စများတွင် ကျွန်မတို့လူမှုအသိုက်အဝန်းအနေနဲ့ နစ်နာသူကိုအပြစ်တင်ဝေဖန်ကဲ့ရဲ့ရှုံ့ချခြင်းမျိုးမပြုလုပ်ဘဲ အမှန်တရားပေါ်ပေါက်အောင်၊ တရားမျှတမှုရရှိအောင်နှင့် နောက်နောင်တွင် လိင်အကြမ်းဖက်မှုများမဖြစ်ပေါ်စေရေးအတွက် နွေးထွေးလုံခြုံစိတ်ချရသော ဖေးမကူညီစောင့်ရှောက်တတ်သော ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်အောင် ဖန်တီးကြစို့လားရှင်။

Orange The WorldStop Sexual Violence16days CampaignOur group 😍😍😍iPACE #
09/12/2019

Orange The World

Stop Sexual Violence

16days Campaign

Our group 😍😍😍

iPACE #

ယနေ့ How to use Midea Literacy Tools to end gender-based violence ပွဲရဲ့ ပုံရိပ်လေးတွေ...Sticker Campaign လည်း လုပ်ခဲ့ပါ...
09/12/2019

ယနေ့ How to use Midea Literacy Tools to end gender-based violence ပွဲရဲ့ ပုံရိပ်လေးတွေ...

Sticker Campaign လည်း လုပ်ခဲ့ပါတယ်
လိ​မ္မော်ရောင် လက်ဖဝါးကို ပိတ်စအဖြူပေါမှာ အတူတူပုံဖော်ခဲ့ကြတယ်
အမျိုးသမီးများအား လိင်အကြမ်းဖတ်မှုကို Media Literacy Tools တွေသုံးပြီး ဘယ်လိုတုံ့ပြန်ကြမလဲ အကြောင်းတွေ ဆွေးနွေးခဲ့ကြတယ်...

ကျေးဇူးတင်ပါသည်။


မင်္ဂလာပါရှင်။ကျွန်မကတော့ စစ်ကိုင်းပညာရေးတက္ကသိုလ်က စတုတ္ထနှစ်ကျောင်းသူ မမေသဇင်ကျော်ဖြစ်ပါတယ်။ယခု လက်ရှိ မှာတော့စစ်ကိုင်...
09/12/2019

မင်္ဂလာပါရှင်။

ကျွန်မကတော့ စစ်ကိုင်းပညာရေးတက္ကသိုလ်က စတုတ္ထနှစ်ကျောင်းသူ မမေသဇင်ကျော်ဖြစ်ပါတယ်။
ယခု လက်ရှိ မှာတော့
စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့
သင်တန်းရေးရာတာ၀န်ခံအဖြစ် တာ၀န်‌ယူ‌ဆ‌ောင်ရွက်‌ နေပါတယ်။ကလျာဏမိတ္တဖောင်ဒေးရှင်းမှ ပြုလုပ်တဲ့ Education For Peace Programရဲ့ aluminiတစ်ယောက်လည်း ဖြစ်ပါတယ်။

ကျွန်မ အထင် လိင်အမျိုးမျိုး၊အသက်အရွယ်အမျိုးမျိုး နဲ့သက်ဆိုင်တဲ့ Sexual Violence တွေဟာ ဆိုရင် ရှေးကတည်းက ရှိခဲ့ပြီးဖြစ် ကောင်းဖြစ်နိုင်ပ‌ေမယ့် ယခုခေတ်မှာInternet အစရှိတဲ့ Social Media တွေကြောင့်သာ Sexual Violence ကျူးလွန်ခံရမှုတွေကို ယခင်ကထက် ပိုမိုပွင့်လင်းစွာ သိခွင့်ရလာတယ်လို့ ထင်မိပါတယ်။

👉ဘယ်လိုလိင် အကြမ်းဖက်မှုမျိုးကို မဆို ကျွန်မအနေနဲ့ ပြင်းထန်စွာ ကန့်ကွက် ၊ဆန့်ကျင် ၊ရှုတ်ချပါတယ်။

👉 ပြုသူထက် ခံရသူက ရှက်ရတဲ့ ၊မလိုအပ်ပဲ တိတ်ဆိတ် နေရတဲ့ ပတ်၀န်းကျင်မှာ ကျွန်မတို့နေပါတယ်။
'ယဉ်ကျေးမှု'၊ 'လေးစားမှု'၊'အရှက်တရား'ဆိုတဲ့
စကားလုံးတွေကိုကျွန်မတို့မြန်မာ့လူ့ဘောင် အဖွဲ့အစည်း၊ပတ်၀န်းကျင်က ဘယ်လောက်ထိ မှန်မှန်ကန်ကန် အဓိပ္ပာယ်ဖွင့်ဆိုနိုင်လဲ ၊ လက်ခံထားကြလဲ ဆိုတာ ကျွန်မတို့ ပြန်လည် ဆန်းစစ်သင့်တယ်လို့ထင်ပါတယ်။

👉လူတွေကို လိုအင်နဲ့အာသာဖြေစရာ အရာတစ်ခုအနေနဲ့ သာ သတ်မှတ်ပြီး ဆက်ဆံနေကြတဲ့ လူတွေရဲ့ အသိတရားက ဘယ်လောက် အခြေအနေ အတိုင်းအတာတစ်ခုထိ ရောက်သွားပြီလဲ။
ထိုကဲ့သို့သော အသိတွေရလာအောင် သူဘယ်က သင်ယူခဲ့တာလဲ။ပတ်၀န်းကျင်ကလား။ဘယ်ကလဲ။
ကျွန်မတို့ ပြန်ဆန်းစစ်စရာပါပဲ။

👉 လူ တွေ ကြောင့် လူတွေ ပျော်ရွှင်ကြပါတယ်။

👉လူ တွေ ကြောင့်ပဲ လူတွေ နာကျင်နေကြပါတယ်

👉ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းဆီက
လူသားချင်းစာနာထောက်ထားစိတ် အပြည့်နဲ့ တစ်ယောက်ရဲ့အားနည်းချက် ၊လိုအပ်ချက်တွေကို တစ်ယောက်က ဖေးမကူညီရင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တစ်စတစ်စလျော့နည်းလာတဲ့ လုံခြုံတဲ့ ပတ်၀န်းကျင်ကောင်းတစ်ခုကို တူတူဖော်ဆောင်ကြစို့လားရှင်။

ပြင်ဆင်နေမှုများ...
09/12/2019

ပြင်ဆင်နေမှုများ...

Stop_sexual_violence campaign ရဲ့ Profile Campaign မှာ ပါဝင်သူတချို့.....Profile campaign မှာ ပါဝင်ချင်တယ်ဆို အောက်ကlink...
09/12/2019

Stop_sexual_violence campaign ရဲ့ Profile Campaign မှာ ပါဝင်သူတချို့.....

Profile campaign မှာ ပါဝင်ချင်တယ်ဆို အောက်ကlink ကလေးကို နိုပ်လိုက်ပါ...👇👇👇

https://www.facebook.com/109761507172721/posts/113802250101980/




Photo crd - fb

08/12/2019

#မည်သည့်လိင်အကြမ်းဖတ်မှုမျိုးကိုမဆို ကန့်ကွက် ဆန့်ကျင် ပြစ်တင် ရှုတ်ချပါတယ်.....

အားလုံးပဲ မင်္ဂလာပါ ခင်ဗျ🙏
ကျွန်တော်ကတော့ Computer University (MDY)မှာ ပညာသင်ကြားနေပါတယ် ကျွန်တော့်အနေနဲ့
ပထမဆုံး campaign ဖြစ်သလို နောက်လည်းပါဝင်သွားမှာပါ✌️
🔹ဘယ်လို လိင်အကြမ်းဖက်မှုမျိုးမဆို ကျွန်တော့်အနေနဲ့ ကန့်ကွက်ဆန့်ကျင်ရှုံ့ချပါတယ်🔹
🔹ခုချိန်မှာဆို အမျိုးသမီး မိန်းကလေး ကလေးတွေပါ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေ ခနခန တွေ့မြင်ကြုံတွေ့လာရပါတယ် ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနက် ‌ယောကျ်ား မိန်းမ အခြားရေးရာ(Gay,Lesbian )မခွဲခြားဘဲ တန်းတူညီတူ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုတွေ ထပ်ဖြစ်မလာအောင် ရပ်တန့်သွားအောင် တစ်ဦးနဲ့တစ်ဦး အသိပညာ‌ဗဟုသုတပေးတာပဲဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာဗဟုသုတ ဝေမျှပေးတာပဲဖြစ်ဖြစ် တစ်ယောက်တစ်လဲ ထိန်းသိမ်းစောင့်ရှောက်ကူညီရိုင်းပင်းကြဖို့ တိုက်တွန်း လိုက်ပါတယ်ခင်ဗျ🙏
🔹အမျိုးသမီး တွေအပေါ် အကြမ်းဖက်တာရပ်တန့်ဖို့ အစွမ်းသတ္တိ ဟာ သင့်လက်ထဲမှာပဲရှိပါတယ်🔹


အားလုံးပဲမင်္ဂလာပါရှင့်​😊ကျွန်​မက​တော.စစ်​ကိုင်းပညာ​ရေးတက္ကသိုလ်​​မှာပဉ္စမနှစ်​တက်​​ရောက်​​နေတဲ့မဇင်​ဝင်းသူပဲဖြစ်​ပါတယ်​.....
08/12/2019

အားလုံးပဲမင်္ဂလာပါရှင့်​😊
ကျွန်​မက​တော.စစ်​ကိုင်းပညာ​ရေးတက္ကသိုလ်​​မှာပဉ္စမနှစ်​တက်​​ရောက်​​နေတဲ့
မဇင်​ဝင်းသူပဲဖြစ်​ပါတယ်​..
👉ကျွန်​မအ​နေနဲ့​ပြောရမယ်​ဆိုရင်​ လူတစ်​​ယောက်​ရဲ့ သ​ဘောဆန္ဒမပါဝင်​ပဲနဲ့သူ.ကို ရုပ်​ပိုင်းဆိုင်​ရာအားဖြင့်​လည်း
ကောင်း ၊စိတ်​ပိုင်းဆိုင်​ရာအားဖြင့်​လည်း​ကောင်းထိခိုက်​နာကျငိ
စေတယ်​ဆိုရင်​ဒါကို အကြမ်းဖက်​မှု​လို.ယူဆပါတယ်​...
👉ဘာအ​ကြောင်း​ကြောင့်​ ဘယ်​လိုပဲအကြမ်းဖက်​မှုမျိုးကိုမဆို
ကျွန်​မအ​နေနဲ့ ဆန့်​ကျင်​ပါတယ်​ ကန့်​ကွက်​ပါတယ်​ရှင့်​...🍁
👉အထူးသဖြင်.ကျား|မဖြစ်​ခြင်း​ပေါ်အ​ခြေပြုပြီး ခွဲခြားဆက်​ဆံခြင်း၊လိင်​ပိုင်းဆိုငိရာအကြမ်းဖက်​ခြင်းကိုပို၍​တောင်​ဆန့်​ကျင်​ပါတယ်​ရှင့်​......🌻
👉ကျွန်​မတို.societyမှာ victim blamingလုပ်​မှု​တွေများတဲ့အတွက်​​ကြောင့်​ အမျိုးသမီး​တွေမှာလိင်​ပိုင်းဆိုင်​ရာအကြမ်းဖက်​မှုခံရရင်​​တောင်​မှထုတိ​ဖော်​​ပြောဆိုဖို.တွန့်​ဆုတ်​ကြတယ်​...👀
👉အကယ်​၍ထုတ်​​ဖော်​​ပြောဆိုခြင်းမရှိလျှင်​ အလားတူဖြစ်​ရပ်​မျိုး​တွေ ပိုပြီးထပ်​ဖြစ်​လာနိုင်​တဲ့အတွက်​​ကြောင့်​ ထုတ်​​ဖော်​ပြောဆိုဖို.တိုက်​တွန်းပါတယ်​ရှင့်​...
👉Break the silence🍀

ML4CS # Campaign
#

 မနက်ဖြန်ipace Media Literacy အတန်းက ဦးဆောင်ကျင်းပမည့်"How to use Media Literacy Tools to End Gender-based Violence" ပွ...
08/12/2019



မနက်ဖြန်
ipace Media Literacy အတန်းက ဦးဆောင်ကျင်းပမည့်
"How to use Media Literacy Tools to End Gender-based Violence" ပွဲမှာ အောက်ပါ Sticker လေးတွေ မျှဝေသွါးပါမည်။


08/12/2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးမှလည်း
အကြမ်းဖတ်မှုခံရပါက အမျိုးသမီးများ ဆိတ်ငြိမ်မနေကြဖို့ တိုက်တွန်းထားပါတယ်...



Crd - UNFPA

STOP Sexual Violence Campign ရဲ့ Survey လေးဖြေလိုက်ကြရအောင်

For unicode
https://forms.gle/pFYad6dyFqyB7ovg9

For Zaygyi
https://forms.gle/ChzAc8rGH1BEGGfV7


08/12/2019

ရခိုင်ပြည်နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း ၁၆ နှစ်အောက် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အမှုပေါင်း ၂...

အားလုံးပဲ မင်္ဂလာပါ ခင်ဗျ🙏ကျွန်တော်ကတော့ Computer University (MDY)မှာ ပညာသင်ကြားနေပါတယ် ကျွန်တော့်အနေနဲ့ ပထမဆုံး campaig...
08/12/2019

အားလုံးပဲ မင်္ဂလာပါ ခင်ဗျ🙏
ကျွန်တော်ကတော့ Computer University (MDY)မှာ ပညာသင်ကြားနေပါတယ် ကျွန်တော့်အနေနဲ့
ပထမဆုံး campaign ဖြစ်သလို နောက်လည်းပါဝင်သွားမှာပါ✌️
🔹ဘယ်လို လိင်အကြမ်းဖက်မှုမျိုးမဆို ကျွန်တော့်အနေနဲ့ ကန့်ကွက်ဆန့်ကျင်ရှုံ့ချပါတယ်🔹
🔹ခုချိန်မှာဆို အမျိုးသမီး မိန်းကလေး ကလေးတွေပါ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေ ခနခန တွေ့မြင်ကြုံတွေ့လာရပါတယ် ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနက် ‌ယောကျ်ား မိန်းမ အခြားရေးရာ(Gay,Lesbian )မခွဲခြားဘဲ တန်းတူညီတူ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုတွေ ထပ်ဖြစ်မလာအောင် ရပ်တန့်သွားအောင် တစ်ဦးနဲ့တစ်ဦး အသိပညာ‌ဗဟုသုတပေးတာပဲဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာဗဟုသုတ ဝေမျှပေးတာပဲဖြစ်ဖြစ် တစ်ယောက်တစ်လဲ ထိန်းသိမ်းစောင့်ရှောက်ကူညီရိုင်းပင်းကြဖို့ တိုက်တွန်း လိုက်ပါတယ်ခင်ဗျ🙏
🔹အမျိုးသမီး တွေအပေါ် အကြမ်းဖက်တာရပ်တန့်ဖို့ အစွမ်းသတ္တိ ဟာ သင့်လက်ထဲမှာပဲရှိပါတယ်🔹


08/12/2019

Time to act


ကဲ အမျိုးတို့​ရေ 😊လိင်​ပိုင်းဆိုင်​ရာအကြမ်းဖက်​မှုရပ်​တန့်​​ရေးနဲ.ပတ်​သက်​ပြီးမိမိတို.ရဲ့အမြင်​များကိုမျှ​ဝေရင်း Stop ...
07/12/2019

ကဲ အမျိုးတို့​ရေ 😊
လိင်​ပိုင်းဆိုင်​ရာအကြမ်းဖက်​မှုရပ်​တန့်​​ရေးနဲ.ပတ်​သက်​ပြီး
မိမိတို.ရဲ့အမြင်​များကိုမျှ​ဝေရင်း Stop Sexual Violence Campaign မှာပ၊ဝငလိုက်​ကြ​အောင်​​​နော်​✌

Stop Sexual Violence Campaignမှာပထမဆုံးပါဝင်​လာသူက​တော.စစ်​ကိုင်းပညာ​ရေးတက္ကသိုလ်​မှ ကို​အောင်​ပြညိ့ဖြိုးဖြစ်​ပါ
တယ်​😊

အားလုံးပဲမင်္ဂလာဗျ🍁
ကျွန်​​တော်​က​တော.စစ်​ကိုင်းပညာ​ရေးတက္ကသိုလ်​မှာ
ပညာ​ရေးဘွဲ့ကြို(BEd)တကိ​ရောက်​​နေတဲ့ ကို​အောင်​ပြည့်​ဖြိုးဖြစ်​ပါတယ်​....
ကျွန်​​တော်​က ကလျာဏမိတ္တ​ဖောင်း​ဒေးရှင်းရဲ့ Education For Peace Program ရဲ့ Alumni တ​စိ​ယောက်​ဖြစ်​ပြီး 2019 ခုနှစ်​ ထိုင်းနိုင်​ငံ Walailak University မှာပြုလုပ်​တဲ့ Cultural Camp မှာ မြန်​မာdelegateအဖြစ်​သွား​ရောက်​အ​တွေ့ကြုံယူခဲ့ပါ
တယ်​🍀🍀လက်​ရှိမှာ​တော.Youth Peace Initiative (YPI) မှာ Workshop Oraganizer အ​နေနဲ့တာဝန်​ယူထားပါတယ်​...

👉ကျွန်​​တော.်အ​နေနဲ့ ဘယ်​လိုမျိုးလိင်​အကြမ်းဖက်​မှုမျိုးကိုမဆို
ကန့်​ကွက်​ပါတယိဆန့်​ကျင်​ပါတယ်​..
👉တစ်​နှစ်​ပြီးတစ်​နှစ်​ အမျိုးသမီး​တွေရဲ့ လိင်​ပိုင်းဆိုင်​ရာအကြမ်းဖက်​ခံရမှု​တွေဟာပိုများလာ​နေတာကို​တွေ့ရတယ်​ ....
👉အမျိုးသမီး​တွေဟာလူ.​ဘောင်​အဖွဲ.စည်းရဲ့ခွန်​အား​​တွေဖြစ်​တယ်​ဆိုရင်​ အဲ့ဒီခွန်​အားကိုအမိအရ
ဆုပ်​ကိုင်​ထားရမှာကကျွန်​​တော်​တို.တာဝန်​ပဲဖြစ်​ပါတယ်​..
👉ဒါ.​ကြောင့်​ကျွန်​​တော့်​အ​နေနဲ.တိုက်​တွန်းချင်​တာက အမျိုးသမီး​တွေအ​ပေါ်မှာ ထားရှိတဲ့ ​ရှေးရိုးစွဲစံသတ်​မှတ်​ချက်
အယူဆ​တွေကို ရပ်​တန့်​ပြီး ဘယ်​လိုကျားမအ​ခြေပြုအကြမ်းဖက်
မှုမျိုးကိုမဆိုရပ်​တန့်​အဆုံးသတ်​ဖို.ပါပဲ😊

Campaign

07/12/2019

Sexual Violence (Eng Sub)
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေမှာ များသောအားဖြင့် ခံရသူဘက်ကို အပြစ်တင်ကြတာဟာ ကျူးလွန်သူတွေကို အားပေးရာ ရောက်သလို ခံရသူဘက်ကိုလဲ အကြမ်းဖက်ခံရမှုကို မဖော်ပြပဲ ဖုံးကွယ်ထားဖို့ အားပေးရာရောက်ပါတယ်။

Legal Clinic Myanmar(LCM) ၏ Hot-line ဖုန်းနံပါတ် ၀၉၃၃၃၇၆၉၉၃ အပြင် ၀၉၃၃၃၇၆၉၉၄ ကိုလဲဆက်သွယ်မေးမြန်းပြီး ဥပဒေဆိုင်ရာအကြံအဥာဏ်များရယူနိူင်ပါသည်။

Crd - Gen

ကျားမအခြေပြု အကြမ်းဖတ်မှုဆိုတာ ဘာလဲ...အမျိုးစားမည်မျှလောက်ရှိသလဲ...အကျိုးဆက်တွေက ဘာတွေလဲ...ဘယ်လိုမျိုး တုံ့ပြန်သင့်သလဲ.....
07/12/2019

ကျားမအခြေပြု အကြမ်းဖတ်မှုဆိုတာ ဘာလဲ...
အမျိုးစားမည်မျှလောက်ရှိသလဲ...
အကျိုးဆက်တွေက ဘာတွေလဲ...
ဘယ်လိုမျိုး တုံ့ပြန်သင့်သလဲ....
စတဲ့ မေးခွန်းတွေအတွက် အဖြေတွေ စုစည်းမှု



Crd - UNFPA

07/12/2019

Sexual Violence On social media

လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး Social Media ပေါ်တွေမှတဆင့် ခြိမ်းခြောက်ခံရမှုတွေ၊ အရှက်ရအောင်လုပ်မှုတွေကို မကြာခဏ ကြားသိနေကြရမှာပါ..။

ဒါတွေဟာ အကြမ်းဖက်မှုတစ်ခုဖြစ်ပြီး ပြစ်မှု ကျူးလွန်ရာရောက်တယ်ဆိုတာ Yangon Film School နဲ့ GEN နဲ့ ပူးပေါင်းပြီး ပြုလုပ်ထားတဲ့ Animation video ကနေ ကြည့်ကြည့်ရအောင်။

Legal Clinic Myanmar(LCM) ၏ Hot-line ဖုန်းနံပါတ် ၀၉၃၃၃၇၆၉၉၃ အပြင် ၀၉၃၃၃၇၆၉၉၄ ကိုလဲဆက်သွယ်မေးမြန်းပြီး ဥပဒေဆိုင်ရာအကြံအဥာဏ်များရယူနိူင်ပါသည်။

Crd - Gen

မိမိရဲ့အကြမ်းဖက်​ခံရမှုကိုထုတ်​​ဖော်​​ပြောဆိုဖို.မတွန်​ဆုတ်​ကြပါနဲ့ ။အကယ်​၍တိတ်​ဆိတ်​​နေမည်​ဆိုလျှင်​​နောက်​ထပ်​အကြမ်းဖ...
07/12/2019

မိမိရဲ့အကြမ်းဖက်​ခံရမှုကိုထုတ်​​ဖော်​​ပြောဆိုဖို.မတွန်​ဆုတ်​ကြပါနဲ့ ။အကယ်​၍တိတ်​ဆိတ်​​နေမည်​ဆိုလျှင်​​နောက်​ထပ်​အကြမ်းဖက်​ခံရမှု​တွေဖြစ်​​ပေါ်လာနိုင်​တယ်​၊So break the silence.
Scream
so that one day
a hundred years from now
another sister will not have to
dry her tears wondering
where in history
she lost her voice.

Jasmine Kaur

07/12/2019

Sexual Contact Without Consent is Sexual Assault.
ခွင့်ပြုချက်မရှိဘဲ လိင်ပိုင်းဆိုင်ရာထိတွေ့ခြင်းသည် လိင်အကြမ်းဖတ်မှုဖြစ်သည်။

Page ရဲ့ survey လေးလည်း အောက်ကလင့်ကိုနိုပ်ပြီး ဖြေပေးသွားကြပါအူးနော်...။👇👇👇
https://docs.google.com/forms/d/e/1FAIpQLSfkcoLIPlt682AqbdTmOyaglQSDpkZv4taHz0qgJT2O4DmsOQ/viewform?usp=pp_url



Video crd

Credit to Dr. Phyo Thiha & The Voice Weekly “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ပစ်ကြပါစို့”အရင်ဆုံးအနေနဲ့ ကျ...
07/12/2019

Credit to Dr. Phyo Thiha & The Voice Weekly

“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ပစ်ကြပါစို့”

အရင်ဆုံးအနေနဲ့ ကျားမခြေပြု အကြမ်းဖက်မှု (Gender based violence) ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုပါရစေ။

ကျားမကွဲပြားမှုပေါ် အခြေခံပြီး လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ဆန္ဒနဲ့ ဆန့်ကျင်ကာ ထိခိုက်နစ်နာအောင် ပြုလုပ်လိုက်တဲ့ အပြုအမူတွေကို ကျားမအခြေပြု အကြမ်းဖက်မှု လို့ ခေါ်ပါတယ်။
(Gender discrimination + Against the will + harmful action = Gender based violence)

ဒီနေရာမှာ ထိခိုက်နစ်နာစေတယ်ဆိုလို့ ရုပ်ပိုင်းဆိုင်ရာကိုပဲ ပြောတာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ နစ်နာမှုတွေလည်း ပါပါတယ်။ ယောကျာ်းလေးတစ်ယောက် အလှအပကြိုက်တာနဲ့ပတ်သက်ပြီး မင်းက ယောကျာ်းကြီးတန်မဲ့ ဒီလိုတွေ ကြိုက်ရသလားရယ်လို့ လူကြားထဲ အရှက်ခွဲလိုက်တာမျိုးဟာလည်း တကယ်တော့ GBV တစ်မျိုးပါပဲ။ ယောကျာ်းဆိုတာ အလှမကြိုက်ရဘူးဆိုပြီး ခွဲခြားဆက်ဆံလိုက်တယ်၊ သူ့ရဲ့ စိတ်ဆန္ဒနဲ့ ဆန့်ကျင်နေတယ်၊ သူ့အရှက်နဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်၊ ဒါကြောင့် အဲဒါဟာလည်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြောက်ပါတယ်။ ဒါပေမဲ့ အမျိုးသားတွေထက်စာရင် ခွန်အားအားဖြင့်၊ လူမှုအသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေအားဖြင့် အားနည်းသလို ဖြစ်နေတဲ့ အမျိုးသမီးတွေကတော့ အကြမ်းဖက်မှုကို ပိုပြီး ရင်ဆိုင်ရတာ များတဲ့အတွက် ကျားမအခြေပြု အကြမ်းဖက်မှုလို့ ဆိုလိုက်တာနဲ့ အမျိုးသမီးတွေအရေးကိုပဲ ဦးစားပေး ပြောနေရတာ ဖြစ်ပါတယ်။

ကျားမအခြေပြု အကြမ်းဖက်မှု (၅)မျိုး ရှိပါတယ်။

၁) ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု - ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း

၂) စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ဆဲရေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ယိသဲ့သဲ့စကားပြောခြင်း

၃) လူမှုရေးပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ပညာသင်ခွင့်မရှိခြင်း၊ လုပ်ခလစာ လျှော့ပေးခံရခြင်း၊ အမွေရပိုင်ခွင့် ငြင်းပယ်ခံရခြင်း

၎) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - အဓမ္မပြုကျင့်ခြင်း၊ အဓမ္မပြုကျင့်ရန် အားထုတ်ခြင်း၊ အလိုမတူဘဲ ကိုင်တွယ်ပွတ်သပ်ခြင်း၊ လိင်လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ စေခိုင်းခံရခြင်း

၅) အန္တရာယ်ရှိသော ရိုးရာအလေ့အထများ - မလိင်အင်္ဂါ လှီးဖြတ်ခြင်း၊ မိန်းကလေးမှန်းသိ၍ ကိုယ်ဝန်ဖျက်ချခြင်း၊ စောစီးစွာ အတင်းအကြပ် အိမ်ထောင်ချခြင်း စတာတွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နည်းပညာကို အသုံးပြုပြီး အကြမ်းဖက်ခြင်းဆိုတာကိုလည်း ထပ်ထည့်လာကြပါတယ်။

အဲဒီလို ကျားမအခြေပြု အကြမ်းဖက်မှုတွေ ဘာကြောင့် ဖြစ်နေရသလဲဆိုရင်တော့ အဓိကအကြောင်းရင်း (၃)ခု ရှိပါတယ်။ ရှေ့က ပြောခဲ့တဲ့ အကြမ်းဖက်မှုအမျိုးအစားတွေထဲက ကြိုက်တဲ့ တစ်ခုကို ဆွဲထုတ်လိုက်ပါ၊ ဘယ်တစ်ခုမှာမဆို ဒီအကြောင်းရင်း (၃)ခုနဲ့ ဆက်စပ်နေတာကို တွေ့ရပါလိမ့်မယ်။

၁။ ကျားမခွဲခြားဆက်ဆံခြင်း (Gender discrimination)
၂။ ပါဝါ အလွဲသုံးစားလုပ်ခြင်း (Power abuse)
၃။ လူ့အခွင့်အရေးကို မလေးစားခြင်း (Disrespect human rights) တို့ပဲ ဖြစ်ပါတယ်။

တစ်ခုချင်းစီ ကြည့်ရအောင်ပါ။

၁) ကျားမခွဲခြားဆက်ဆံခြင်း (Gender discrimination)

ကျွန်တော်တို့ မြန်မာ့အသိုင်းအဝိုင်းမှာ ဆိုးဆိုးရွားရွား အန္တရာယ် ဖြစ်စေလောက်တဲ့အထိ နှိမ့်ချဆက်ဆံတာမျိုး မရှိပေမဲ့ အမျိုးသမီးတွေကို အမျိုးသားတွေလောက်တော့ အရေးပေးဆက်ဆံလေ့ မရှိကြတာ အမှန်ပါပဲ။ မိန်းကလေးဆိုရင် ဗိုင်းကောင်းကျောက်ဖိ၊ အိနြေ္ဒကြီးရမယ်၊ သိမ်မွေ့ရမယ်။ ယောကျာ်းလေးကတော့ ထက်မြက်ရမယ်၊ ငွေရှာရမယ်၊ ဦးဆောင်နိုင်ရမယ် စသဖြင့် သတ်မှတ်ထားကြတယ်။ ဒီအခါ အမျိုးသမီးတွေက အမျိုးသားတွေအပေါ် မှီခိုနေရတာ များလာတယ်။ ဒီတော့ ယောကျာ်းက ဖောက်ပြန်နေတာ သိသိကြီးနဲ့လည်း၊ ရိုက်နှက်နှိပ်စက်နေတာ သိသိကြီးနဲ့လည်း သည်းခံနေရတယ်ဆိုတာမျိုးတွေ ဖြစ်လာတယ်။

သမီးရည်းစားတွေ လွန်လွန်ကျူးကျူးဖြစ်ပြီး ကိုယ်ဝန်ရသွားတယ်၊ ယောကျာ်းလေးက တာဝန်မယူဘဲ ထားသွားတယ်ဆိုရင် အဲ့ဒီယောကျာ်းလေးကို အပြစ်ပြောတာထက် မိန်းကလေးကိုပဲ ပိုအပြစ်ပြောကြတယ်။ တာဝန်မယူတဲ့ သားယောကျာ်းလေးအတွက် မိဘက ရှက်တာထက် ကိုယ်ဝန်နဲ့ ကျန်ခဲ့တဲ့ သမီးမိန်းကလေးအတွက် မိဘက ပိုရှက်ကြတယ်။ ဒီလိုမျိုး အမျိုးသားတွေက တစ်ဆင့်မြင့်သလို ဖြစ်နေတဲ့ အနေအထားက အနိုင်ကျင့် အကြမ်းဖက်မှုတွေ ဖြစ်ဖို့ တွန်းအားပေးနေပါတယ်။

၂။ ပါဝါ အလွဲသုံးစားလုပ်ခြင်း (Power abuse)

လောကမှာ တစ်ယောက်နဲ့တစ်ယောက် ပါဝါတွေမတူကြပါဘူး။ ရာထူး၊ လုပ်ပိုင်ခွင့်၊ ငွေကြေး၊ ခွန်အား၊ ဉာဏ်ပညာ စသဖြင့် ပါဝါတွေ ကွာခြားကြပါတယ်။ ဒါတွေကို တူအောင် လိုက်ညှိလို့မရပေမဲ့ ပါဝါရှိတဲ့သူတွေ အဲဒီပါဝါကို အလွဲသုံးစား မလုပ်အောင်တော့ ထိန်းချုပ်ထားလို့ ရပါတယ်။

ပထမဆုံးအနေနဲ့ ယောကျာ်းတွေရဲ့ ကိုယ်ကျင့်သိက္ခာပါ။ ယောကျာ်းတွေဟာ မိန်းမတွေထက် ခွန်အားကြီးပါတယ်။ ဒါပေမဲ့ ယောကျာ်းတိုင်းကတော့ ရိုက်နှက်နှိပ်စက်နေကြတာ မဟုတ်ပါဘူး။ ဒီလိုလုပ်ရပ်ဟာ အင်မတန် ရှက်စရာကောင်းတယ်၊ ယောကျာ်းကောင်းတွေရဲ့ လုပ်ရပ် မဟုတ်ဘူးလို့ ခံယူထားတဲ့ ယောကျာ်းက ဘယ်တော့မှ ဒီလိုမလုပ်ပါဘူး။

နောက်တစ်ခုက လူမှုအသိုင်းအဝိုင်းကနေ ထိန်းလို့ရတယ်။ အဓမ္မပြုကျင့်မှု ဖြစ်တယ်။ ပြုကျင့်ခံရသူကို အပြစ်တင်စကား ပြောမယ့်အစား ပြုကျင့်သူကိုသာ ဝိုင်းပြီး ကဲ့ရဲ့ပြစ်တင်ကြမယ်ဆို တော်ရုံတန်ရုံ အနိုင်ကျင့်ဖို့ရာ ခက်သွားမယ်။ ခုက ပြောင်းပြန်ဖြစ်နေတော့ အနိုင်ကျင့်ဖို့က သိပ်လွယ်နေတယ်။

နောက်ဆုံးတစ်ချက်ကတော့ တရားဥပဒေနဲ့ ထိန်းချုပ်ဖို့ပါ။ ကိုယ်ကျင့်သိက္ခာလည်း မကောင်းဘူး၊ ပတ်ဝန်းကျင်ကလည်း ထိန်းလို့မရဘူး။ ဒါပေမဲ့ အကြမ်းဖက်မှု ကျူးလွန်လိုက်တာနဲ့ ထိထိရောက်ရောက် အပြစ်ပေးခံရမယ်ဆိုရင် မလုပ်ရဲပါဘူး။ ဒီလိုထိန်းချုပ်မှုတွေ အားနည်းနေသရွေ့တော့ Power abuse တွေ လုပ်နေကြမယ်။ ဒါဆို အကြမ်းဖက်မှုတွေကလည်း များနေဦးမှာ ဖြစ်ပါတယ်။

၃။ လူ့အခွင့်အရေးကို မလေးစားခြင်း (Disrespect for human rights)

လူ့အခွင့်အရေး လို့ ပြောလိုက်တိုင်းမှာ အခြေခံအကျဆုံး လုပ်ရမဲ့အချက်က လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ သူတစ်ပါးရဲ့ အခွင့်အရေးကို လေးစားပေးကြဖို့ပါပဲ။ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံများမှာတော့ ကိုယ့်မှာ ဘာအခွင့်အရေးတွေ ရှိလဲဆိုတာသိတယ်၊ တောင်းလည်းတောင်းဆိုတတ်တယ်၊ အဲဒီလိုပဲ သူတစ်ပါးရဲ့ အခွင့်အရေးတွေကိုလည်း တန်ဖိုးထားတယ်၊ လေးစားတယ်။ လူလူချင်း မပြောနဲ့၊ တိရိစ္ဆာန်ကိုတောင် လေးလေးစားစား ဆက်ဆံတတ်ကြတယ်။ ပြောရရင်တော့ သူတို့တွေဟာ ကိုယ့်ကိုကိုယ် ‘လူ’လို့ ခံစားရတယ်၊ အဲဒီတော့ ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း ‘လူ’လို့မြင်နိုင်ကြတယ်။

ကျွန်တော်တို့ကတော့ လူအခွင့်အရေး ဆိုတဲ့စကားလုံးကို သိပ်မကြာသေးခင်ကမှ ပါးစပ်က ကျယ်ကျယ်လောင်လောင် ပြောလို့ရလာတဲ့ တိုင်းပြည်ဆိုတော့ ကိုယ့်မှာ ဘာအခွင့်အရေးတွေ ရှိမှန်းလည်း မသိဘူး၊ရှိမှန်းတောင် မသိတဲ့နောက်တော့ တောင်းဆိုရကောင်းမှန်း လေးစားရကောင်းမှန်းလည်း မသိကြတော့ဘူး။ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မှိုချိုးမြစ်ချိုး ပြောလိုက်ခြင်း၊ သားပြောမယားပြော ပြောလိုက်ခြင်းတွေဟာ တကယ်တော့ သူ့ရဲ့ အခွင့်အရေးကို ချိုးဖောက်လိုက်ခြင်းပါပဲ။ ဒါပေမဲ့ လုပ်လိုက်တဲ့သူကလည်း မသိသလို၊ ခံလိုက်ရတဲ့ အမျိုးသမီးကိုယ်တိုင်ကလည်း ဒါဟာ ပြစ်မှုမြောက်မှန်း၊ တိုင်ရကောင်းမှန်း မသိပါဘူး။

ဒါကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို လျော့နည်းပပျောက်သွားစေချင်တယ်ဆိုရင် ဒီအချက် (၃) ချက်ကို နည်းသထက် နည်းလာအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ယောကျာ်းဆိုတာ ဒီလိုဖြစ်သင့်တယ်၊ မိန်းမဆိုတာ ဒီလိုဖြစ်သင့်တယ် စတဲ့ လူမှုရေး သတ်မှတ်ချက်တွေကို ပြောင်းလဲရှုမြင်ကြရမယ်၊ အမျိုးသမီးဆိုတာနဲ့ အားနွဲ့တဲ့သူတွေအဖြစ် မြင်နေကြ တာကို ပြင်ကြရမယ်။ လုပ်ငန်းရှင်တွေက လုပ်ခလစာ အညီအမျှပေးအောင်၊ ယောကျာ်းတွေက ခွန်အားသုံး အနိုင်မကျင့်အောင်၊ ဒီလိုတွေ ပါဝါကို တလွဲမသုံးနိုင်ကြအောင် တရားဥပဒေနဲ့ အကာအကွယ်ပေးကြရမယ်။ နောက်ပြီး လူ့အခွင့်အရေးတွေကို သိရှိပြီး လူလူချင်း လူကိုလူလို မြင်ပေးနိုင်ကြဖို့လည်း လိုပါတယ်။

တကယ်တော့ ဒါဟာ အားလုံးက အသိရှိရှိနဲ့ ပူးပေါင်းပါဝင်ကြမှ ဖြစ်နိုင်မယ့် ကိစ္စဖြစ်သလို တကယ့်ကို ခရီးရှည်ကြီးတစ်ခုလိုပါပဲ၊ ပန်းတိုင်ရောက်ဖို့ အများကြီး ကြိုးစားရဦးမှာပါ။

ဒီပို့စ်ကိုတော့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းရဲ့ စကားတစ်ခွန်းနဲ့ပဲ အဆုံးသတ်လိုက်ပါရစေ။

“ဘယ်တိုင်းပြည်၊ ဘယ်လူမျိုး၊ ဘယ်ယဉ်ကျေးမှုအတွက်မဆို အမြဲတမ်းမှန်နေမဲ့အရာတစ်ခု ရှိတယ်။ အဲဒါကတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တွေဟာ ဘယ်လိုမှ လက်ခံလို့မရဘူး၊ ခွင့်လွှတ်လို့လည်း မရသလို သည်းခံနိုင်စရာလည်း မရှိဘူး ဆိုတာပါပဲ”

ဒေါက်တာ ဖြိုးသီဟ
၃၀.၁၁.၂၀၁၉ ထုတ် Voice Weekly ပါ ​ဆောင်းပါး
Photo credit - Pixabay

ကလေးငယ်လေးတွေကို သူတို့ရဲ့ကိုယ်ခန္ဓာလုံခြုံမှု (Body Safety) နဲ့ပတ်သတ်ပြီး ဘယ်လိုပြောရမလဲ???*Safe & Unsafe Touchသင့်ကလေး...
07/12/2019

ကလေးငယ်လေးတွေကို သူတို့ရဲ့ကိုယ်ခန္ဓာလုံခြုံမှု (Body Safety) နဲ့ပတ်သတ်ပြီး ဘယ်လိုပြောရမလဲ???
*Safe & Unsafe Touch
သင့်ကလေးကိုကိုယ်ခန္ဓာထိကိုင်ခြင်းအကြောင်းပြောပြရာမှာ ကောင်းသောထိကိုင်ခြင်း/ ဆိုးရွားသောထိကိုင်ခြင်းဆိုတာထက် လုံခြုံမှုရှိသော ထိကိုင်ခြင်းနဲ့ လုံခြုံမှုမရှိသော ထိကိုင်ခြင်းလို့ ပြောတာ ပိုကောင်းပါတယ်။ ဒါမှ ကလေးတွေရဲ့စိတ်မှာ သူတို့ကိုယ်သူတို့အပြစ်ရှိတယ်လို့မခံစားရစေမှာဖြစ်ပြီး ဘယ်လိုထိကိုင်မှုမျိုးက သင့်တော်တယ်/မသင့်တော်ဘူးဆိုတာ နားလည်နိုင်မှာဖြစ်တယ်။ ဥပမာ - နေမကောင်းဖြစ်လို့ဆေးခန်းပြတဲ့အခါ ဆရာဝန်စမ်းသပ်တဲ့ ထိကိုင်မှုမျိုး / မိဘက ပြုစုစောင့်ရှောက်ပေးတဲ့ထိကိုင်မှုမျိုးဟာ လုံခြုံမှုရှိသော ထိကိုင်မှုဖြစ်ကြောင်း။ ကလေးရဲ့အနီးပတ်ဝန်းကျင်မှ လူကြီး/ သူစိမ်းများမှ စိတ်ရှုပ်အောင် နာကျင်စေအောင် ခန္ဓာကိုယ်အစိတ်အပိုင်းများကိုထိကိုင်တဲ့အခါ ဒါဟာလုံခြုံမှုမရှိသော ထိကိုင်မှုဖြစ်ကြောင်း ပြောပြပါ။

*Appropriate Words with Age
ပြောပြရာတွင် ကလေးတွေရဲ့အသက်အရွယ်နဲ့လိုက်ဖက်သင့်တော်တဲ့ စကားလုံးကို ရွေးချယ်သုံးနှုန်းပါ။

*Healthy & Unhealthy Secrets
သင့်ကလေးကို နေမကောင်းမဖြစ်စေနိုင်တဲ့လျှို ့ဝှက်ချက်နဲ့နေမကောင်း ဖြစ်စေနိုင်တဲ့လျှို ့ဝှက်ချက်ဆိုပြီး ၂မျိုးရှိကြောင်း သင်ကြားပေးပါ။ ဥပမာ - မွေးနေ့ပါတီကို မွေးနေ့ရှင်မသိအောင် လျှို့ဝှက်ထားပြီး ကျင်းပပေးမယ့်ကိစ္စဆိုရင် မွေးနေ ့ရှင်ကိုပျော်ရွှင်စေမယ့်လျှို့ဝှက်ချက်ဖြစ်လို့ မွေးနေ့မတိုင်မီ လျှို့ဝှက်ထားသင့်တယ်။ ဒီလိုလျှို့ဝှက်ချက်မျိုးက ကလေးကိုမထိခိုက်စေနိုင်ဘူး နေမကောင်းမဖြစ်နိုင်တဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။ သို့သော် ကလေးရဲ့လူကြီးမိဘတွေမသိအောင် ကလေးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိကိုင်ခံရတဲ့အခါ လျှို့ဝှက်မထားသင့်ပါ။ ဒါဟာ ကလေးကို နေမကောင်းဖြစ်စေနိုင်တဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။ စသဖြင့် သင့်ကလေးနားလည်လွယ်အောင် သင်ကြားပေးသင့်ပါတယ်။

*Five names of people your child can talk to
လုံခြုံမှုမရှိတဲ့ထိကိုင်ခြင်းကိုခံရတဲ့အခါ ကလေးတွေဟာ မိဘအုပ်ထိန်းသူကိုပြန်ပြောပြဖို့ကြောက်ရွံ့နေတတ်တယ်။ သူတို့အပြစ်တင်ခံရမှာ အဆူခံရမှာကို ကြောက်ရွံ့တတ်ကြတယ်။ ဒါမှမဟုတ် ပြစ်မှုကျူးလွန်သူတရားခံက ပြန်ပြောမပြဖို့ခြိမ်းခြောက်တတ်ကြတယ်။ ဒီ့အတွက် သင့်ကလေးမှာ အုပ်ထိန်းသူ/မိဘအပြင် တခြားယုံကြည်ရမယ့် ကလေးအနေနဲ့ မကြောက်မရွံ့ပြောပြလို့ရနိုင်တဲ့ လူကြီးငါးယောက်ရဲ့နာမည်ကို သင်ကြားပေးထားသင့်တယ်။ တစ်ယောက်ယောက်ဆီက အကူအညီမရမချင်း ယုံကြည့်ရတဲ့လူကြီးတွေကို ဆက်တိုက်ဖွင့်ပြောပြသင့်ကြောင်း သင်ပေးထားပါ။

*Proper names for your child's body parts
သင့်ကလေးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအခေါ်အဝေါ်တွေကို ရိုင်းပျတဲ့စကားလုံးမသုံးစွဲပဲခေါ်ဝေါ်တတ်အောင်ဥပမာ- ရှက်ရှက်/ညီမလေး စသဖြင့် သင်ကြားပေးထားပါ။ အကယ်၍ သင့်ကလေးဟာ လုံခြုံမှုမရှိတဲ့ထိကိုင်ခြင်းမျိုးခံခဲ့ရပြီး ထိုကိစ္စကိုဖွင့်ပြောပြတဲ့အခါမျိုးမှာ ဒီလိုသင့်တော်တဲ့အခေါ်အဝေါ်အသုံးအနှုန်းဟာ ကလေးအတွက် ပြန်ပြောပြဖို့ ပိုမိုလွယ်ကူရှင်းလင်းစေနိုင်ပါတယ်။

*Repeat the Safety talks
ကလေးတွေဟာ ထပ်ခါထပ်ခါပြောပြခြင်း/နားထောင်ခြင်းအားဖြင့် သင်ယူနိုင်ကြပါတယ်။ Safetyနဲ့Unsafety Touch အကြောင်း သင်ကြားပေးတဲ့အခါ ထပ်ခါထပ်ခါ ပြောပြပေးသင့်တယ်။ လုံခြုံမှုမရှိတဲ့ထိကိုင်မှုမျိုးခံရတဲ့အခါ အစွမ်းကုန် ငြင်းဆန် ရုန်းထွက် တိုင်ကြား ဆိုတာမျိုး နားလည်လွယ်အောင် သင်ပေးထားပါ။

*Educate yourself
သင်ကိုယ်တိုင်လည်း Child R**e & Child Protection အကြောင်းတွေနဲ့ပတ်သတ်ပြီး သေချာသိနားလည်အောင် သင်ယူလေ့လာထားသင့်ပါတယ်။ သက်ငယ်မုဒိမ်းမှုကာကွယ်ရေးပညာပေးသင်တန်းများကို လည်း တက်ရောက်လေ့လာသင့်ပါတယ်။

06/12/2019

ဖုန်းတစ်လုံးက သင့်အတွက်အန္တရာဖြစ်ပါသည်
သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင်ဘေးဖြစ်ပါသည်။

ကာမလိမ်လည်မှု အကြောင်း နှင့် သိကောင်းစရာ ဖြစ်ရပ်မှန်
ဥပဒေရေးရာ သိချင်တာရှိရင် ဥပဒေ၇း၇ာ ကုစားရေး အဖွဲ့
0933376993,0933376994

Page ရဲ့ survey လေးလည်း အောက်ကလင့်ကိုနိုပ်ပြီး ဖြေပေးသွားကြပါအူးနော်...။👇👇👇
https://docs.google.com/forms/d/e/1FAIpQLSfkcoLIPlt682AqbdTmOyaglQSDpkZv4taHz0qgJT2O4DmsOQ/viewform?usp=pp_url




Video crd - Stop Sexual Violence လိင်အကြမ်းဖတ်မှုရပ်

Credit- original uploader

05/12/2019

သင့်ရဲ့ဘဝတစ်ခုလုံးက online ပေါမှာ ရှိနေပါတယ်
ဒါကို အသုံးပြုပြီး သင့်ကို ထိခိုက်အောင်လုပ်လို့ရပါတယ်

သတိရှိပါ



Page ရဲ့ survey လေးလည်း အောက်ကလင့်ကိုနိုပ်ပြီး ဖြေပေးသွားကြပါအူးနော်...။👇👇👇
https://docs.google.com/forms/d/e/1FAIpQLSfkcoLIPlt682AqbdTmOyaglQSDpkZv4taHz0qgJT2O4DmsOQ/viewform?usp=pp_url



Crd - Original uploader

To Answer page Survey

https://docs.google.com/forms/d/e/1FAIpQLSfkcoLIPlt682AqbdTmOyaglQSDpkZv4taHz0qgJT2O4DmsOQ/viewform?usp=pp_url

05/12/2019

Fb ပေါ်မှာ Profileအတုကိုဖန်တီးပြီး လိမ်လည်မှုခံရနိုင်ကြောင်းကိုလက်တွေ့စမ်းသပ်ရိုက်ကူးထားတဲ့video fileဖြစ်ပါတယ်။

Don't be trust easily.
လွယ်ကူစွာ မယုံကြည်ပါနှင့်။

Page ရဲ့ survey လေးလည်း အောက်ကလင့်ကိုနိုပ်ပြီး ဖြေပေးသွားကြပါအူးနော်...။👇👇👇
https://docs.google.com/forms/d/e/1FAIpQLSfkcoLIPlt682AqbdTmOyaglQSDpkZv4taHz0qgJT2O4DmsOQ/viewform?usp=pp_url



Crd - Original uploader

Address


Telephone

+959771184065

Website

Alerts

Be the first to know and let us send you an email when Stop Sexual Violence posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Stop Sexual Violence:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share