ZayYatu Floral Service

  • Home
  • ZayYatu Floral Service

ZayYatu Floral Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ZayYatu Floral Service, Florist, .

13/11/2024

အချစ်တွေနဲ့ ဖန်တီးပေးဖြစ်ခဲ့တဲ့ Surprise လေး 😍

📞09450903885

08/11/2024

Happy သမီးလေး..ဆိုပြီး…
ဆိုင်ကယ်၊ကိတ် နှင့် ငွေသားပန်းစည်း Surprise ပို့ပေးလိုက်တဲ့ မေမေ့ရဲ့ မွေးနေ့လက်ဆောင်လေး 😍

☎️09450903885
Myeik

22/10/2024

ကြည်နူးစရာ မင်္ဂလာအခိုက်တန့်လေးတွေနဲ့အတူ…

ကောင်မွန်သော မင်္ဂလာနေ့လေးတွေကို ပိုင်ဆိုင်ကြပါစေလို့…. Zay Ya Tu ( ဇေယျတု ) မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ…..

☎️09450903885
09976622011

မြိတ်

19/10/2024

သိန်း ၈၀၀ တန် အိမ်၊မြေ လေးလဲကြည့်ရင်း…

Surprise လေးလဲပို့ရင်း….

ပထမဦးဆုံးမွေးနေ့ကိတ်ခွဲဖူးတဲ့ ၇၂ နှစ်ရွယ် အမေအိုတယောက်ရဲ့သားသမီးမြေးမြစ်အပေါ်ချစ်ခင်မှုပီတိလေးလဲ ခံစားရင်….

☎️09450903885
09976622011

Myeik

19/10/2024

ထိုင်းရောက်သားလေးရဲ့ မွေးနေ့မှာ ကျေးဇူးရှင် အဖေနှင့် အမေကို ကန်တော့ပေးဖြစ်ခဲ့တဲ့ သီတင်းကျွတ် လပြည့်နေ့လေး 😍

☎️09450903885
09976622011

Myeik

18/10/2024

အဝေးရောက် မောင်နှမတွေစုပြီး အဖေနှင့် အမေကို လှမ်းကန်တော့ဖြစ်ခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့လေး 😍

☎️09450903885
09976622011

Myeik

17/10/2024

သီတင်းကျွတ် ပထမဦးဆုံးနေ့ ကန်တော့ပေးဖြစ်တာလေး 🙏🏻🥰

Mpt လိုင်းပြတ်တာရယ်၊ မီးပျက်သွားတယ်ရယ်က အမှတ်တရလေးပေါ့ 🥲

☎️09450903885
Myeik

Happy Thadingyut Festival 🌟မင်္ဂလာရှိတဲ့ သီတင်းကျွတ်အချိန်အခါသမယလေးမှာ ZayYatu ရဲ့ဝန်ဆောင်မှုကနေ ကန်တော့ပစ္စည်း Design ဆ...
11/10/2024

Happy Thadingyut Festival 🌟

မင်္ဂလာရှိတဲ့ သီတင်းကျွတ်အချိန်အခါသမယလေးမှာ ZayYatu ရဲ့
ဝန်ဆောင်မှုကနေ ကန်တော့ပစ္စည်း
Design ဆန်းဆန်း လေးတွေ မှာပြီး 😍

~ မိဘဆွေမျိုးများကြား ရင်နှီးမှု ပိုတိုးလာအောင်
အမှတ်တရပို့လိုက်ပါ 🎁

~လူကြီးမိဘ တွေကို ကန်တော့လိုက်ပါ နော်🙏🏻

လိုချင်တဲ့ ရက် အတိုင်း ရချင်ပါတယ်ဆိုရင်
ကြိုတင်order တင်ထားပြီး မှာပေးပါနော် 😍

ကိုယ်တိုင်လာယူမလား၊ အိမ်အရောက် Surprise ပို့ပေးရမလား၊ မြို့အတွင်းလား၊ မြို့အပြင်လား အစရှိတဲ့ ဝန်ဆောင်မှုလေးတွေကိုလဲ လူကြီးမင်းတို့ စိတ်တိုင်ကျ လုပ်ဆောင်ပေးနေပါပြီနော်…🌟
ZayYatu
🕊️🎁🌹
လိပ်စာ
***********
အမှတ် ၁၀၇
အောင်သုခရပ်
မြို့ပတ်လမ်း
မြိတ်တောင်နယ်မြေ
မြိတ်မြို့
( ကြံတော ၊ကန်ဖျား လမ်းလေးဆုံမှာ
‘နိုင်’ တည်းခိုခန်း ရှိတယ်။အဲ့ဘေးလမ်းမကြီးထဲမှာပါ)

☎️09450903885

06/10/2024

ဆွမ်းကျွေး ဧည့်ခံပွဲရဲ့ အငြိမ် Decoration လေး 😍

☎️09450903885

မဟာဆန်တဲ့သူမရဲ့အလှတရားကို….သဘာဝကျတဲ့ အပြင်အဆင်လေးတွေနဲ့အတူ အကုန်လုံးဖန်တီးပုံဖော်ခဲ့ကြတာလေး….Photo & Dress- ကိုညီ ( လှနေ...
02/10/2024

မဟာဆန်တဲ့သူမရဲ့အလှတရားကို….
သဘာဝကျတဲ့ အပြင်အဆင်လေးတွေနဲ့အတူ အကုန်လုံးဖန်တီးပုံဖော်ခဲ့ကြတာလေး….

Photo & Dress- ကိုညီ ( လှနေဟန် )
Makeup - မဖူး (A Phuu)
Hair- ညိုချော
Decoration- ZayYatu Floral Service
Model - Aye Thandar Soe

ဝါကျွတ် မင်္ဂလာပွဲတွေအတွက် Decoration များကို မင်မင်တို့ဆီမှာ စုံစမ်း အပ်နှံလို့ရပါပြီနော်….

☎️09450903885

သီတင်းကျွတ်အတွက် အကောင်းဆုံး အလှဆုံးလေးတွေလိုအပ်ရင် မင်မင့်ဆီ ဆက်သွယ်လိုက်ပါနော်….☎️09450903885
01/10/2024

သီတင်းကျွတ်အတွက် အကောင်းဆုံး အလှဆုံးလေးတွေလိုအပ်ရင် မင်မင့်ဆီ ဆက်သွယ်လိုက်ပါနော်….

☎️09450903885

မင်္ဂလာပါ အောက်တိုဘာ….၇ရက်သားသမီးအပေါင်း အသက်ရှူတိုင်း လာဘ်ဝင်ကြပါစေနော်…🙏🏻🙏🏻🙏🏻လာဘ်လာဘပေါများ ရှင်သီ၀လိ ဂါထာတော် -------...
30/09/2024

မင်္ဂလာပါ အောက်တိုဘာ….
၇ရက်သားသမီးအပေါင်း အသက်ရှူတိုင်း လာဘ်ဝင်ကြပါစေနော်…🙏🏻🙏🏻🙏🏻

လာဘ်လာဘပေါများ ရှင်သီ၀လိ ဂါထာတော်
------------------------------
သစ္စာဂုဏ်ရည်ဆရာတော်

ရှင်သီဝလိဂါထာတော် ( ပါဠိ+အနက်ပြန်)
-----------------------------
၁။ သီဝလိ စ မဟာနာမံ၊ သဗ်ဗလာဘံ ဘဝိဿတိ။
ထေရဿ အာနုဘာဝေန၊ သဗ္ဗေ ဟောန္တု ပိယံ မမ။

၂။ သီဝလိ စ မဟာဝီရော၊ ယေ ယေ ပဿန္တု မံ ပိယံ။
တေ တေ ပဿန္တု ပရမံ၊ ဇနပဒံ ပူဇယန္တု။

၃။ သီဝလိ စ မဟာထေရော၊ မမ သီသေ ဌပေတွာန။
ဇမ္ဗုဒီပမဏလေန၊ ဇယော မန္တာ သုခါဝဟာ။

၄။ သီဝလိ စ မဟာနာမံ၊ ဣန်ဒာ ဒဝေါ သဗွဟ်မကာ။
မနုဿပုရိသော ဣတ်ထိ၊ မဟာလာဘံ ဘဝိဿတိ။

၅။ သီဝလိ စ မဟာလာဘံ၊ နာနာ ဒတေိ ဝရံ ဝရံ။
ဣဒမ်ပိ ပူဇိတံ ဒတေိ၊ မဟာသုခံ ဘဝိဿတိ။

၆။ ဝဏ္ဏံ ဒန္တံ နရာတိတ္တိ၊ အာဏာ မယှံ ဘဝေ ဘဝေ။
တဝ ရုက္ခေ ရာဇဓီတာ၊ သဗ္ဗေ ကောဓံ ဝိနဿန္တု။

၇။ သီဝလိ စ မဟာလာဘံ၊ သဗ်ဗလာဘံ ဘဝိဿတိ။
ထေရဿ အာနုဘာဝေန၊ သဒါ ဟောတု ပိယံ မမ။

၈။ သီဝလိ စ မဟာထေရော၊ ယေ ယေ ပဿန္တု မံ ပိယံ။
တေ တေ ပဿန္တု မံ ပိယံ၊ ဇနပဒံ ပူဇိဿန္တိ။

၉။ သီဝလိ စ မဟာထေရော၊ မမ သီသေ ဌပေတွာန။
မန္တတေဇ ဇယောမန္တံ၊ အဟံ ဝန္ဒာမိ သဗ္ဗဒါ။

၁၀။ သီဝလိ စ မဟာထေရော၊ ဒေဝမနုဿပူဇိတော။
သော ရဟော ပစ္စယာဒိနံ၊ မဟာလာဘံ ကရောတု မေ။

ရှင်သီဝလိဂါထာ မြန်မာပြန်
----------------------------
၁။ မဟာနာမံ − ကြီးမြတ်သော အမည်ရှိသော။ သီဝလိ စ − ရှင်သီဝလိမထေရ်သည်လည်း။ သဗ္ဗလာဘံ − အလုံးစုံသောလာဘ် ပူဇော်သက္ကာရ ဟူသမျှကို။ ဘဝိဿတိ − ဖြစ်စေလတ္တံ့။ ထေရဿ − ရှင်သီဝလိမထေရ်မြတ်၏။ အာနုဘာဝေန − တန်ခိုးတေဇော် အာနုဘော်တော်ကြောင့်။ သဗ္ဗေ − ခပ်သိမ်းသောလူတို့သည်။ မမ − အကျွန်ုပ်အား။ ပိယံ (ပိယာ) − မေတ္တာသက်ဝင် ချစ်ခင်ကြကုန်သည်။ ဟောန္တု − ဖြစ်ကြစေကုန်သတည်း။

၂။ သီဝလိ − ရှင်သီဝလိမထေရ်မြတ်သည်။ မဟာဝီရော စ − ကြီးမြတ်သော ရဲရင့်ခြင်းလည်း ရှိတော်မူ၏။ တဿ − ထိုရှင်သီဝလိမထေရ်၏။ တေဇေန − တန်ခိုးတော်အားဖြင့်။ ယေ ယေ − အကြင်အကြင်သူတို့သည်။ မံ − အကျွန်ုပ်ကို။ ပိယံ − ချစ်ချစ်ခင်ခင်။ ပဿန္တု − ရှုမြင်ကြစေကုန်သတည်း။ တေ တေ − ထိုထိုသူတို့သည်။ ပရမံ − ထူးမြတ်လှစွာ။ ပဿန္တု − ရှုကြည့်ကြစေကုန်သတည်း။ ဇနပဒံ − ဇနပုဒ်သည် (ဝါ) ဇနပုဒ်နေသူ များဗိုလ်လူသည်။ ပူဇယန္တု − ပူဇော်လာကြစေကုန်သတည်း။

၃။ မဟာထေရော − ကြီးမြတ်သော မထေရ်တစ်ပါး ဖြစ်တော်မူသော။ သီဝလိ စ − ရှင်သီဝလိမထေရ်မြတ်သည်လည်း။ မမ − အကျွန်ုပ်၏။ သီသေ ဦးခေါင်းရတနာ မြတ်အင်္ဂါ၌။ ဌာတု − တည်ပါစေသတည်း။ ဌပေတွာန − ဤသို့တည်နေသောကြောင့်။ ဇမ္ဗုဒီပမဏ္ဍလေန − ဇမ္ဗူဒိပ်ကျွန်းအဝှန်းနှင့်အမျှ။ ဇယော − အောင်မြင်ခြင်းသည်။ ဟောတု − ဖြစ်ပါစေသတည်း။ မန္တာ − အောင်မြင်ကြောင်းမှန်ဂါထာမန္တန်တို့သည်။ သုခါဝဟာ − ချမ်းသာကို ဆောင်ကြသည်။ ဟောန္တု − ဖြစ်ကြပါစေကုန်သတည်း။

၄။ မဟာနာမံ − ကြီးမြတ်သောနာမ ရှိတော်မူသော။ သီဝလိ စ − သီဝလိထေရ်သည်လည်း။ အတ္ထိ − ရှိတော်မူ၏။ ကဿာနုဘာဝေန − ထိုရှင်သီဝလိထေရ်၏ အစွမ်းအာနုဘော်တော်ကြောင့်။ သဗြဟ္မကာ − ဗြဟ္မာနှင့်တကွ ဖြစ်ကုန်သော။ ဣန္ဒာ ဒေဝါ − သိကြား၊ နတ် တို့သည်လည်းကောင်။ မနုဿပုရိသော ဣတ္ထိ စ − လူယောက်ျား၊ လူမိန်းမတို့သည်လည်းကောင်း။ မဟာလာဘံ − ကြီးစွာသော လာဘ်သပ်ပကာကို။ ဘဝိဿတိ − ရသည်ဖြတ်လတ္တံ့သတည်း။

၅။ သီဝလိ − ရှင်သီဝလိ မထေရ်မြတ်သည်။ ဝရံ − တောင့်တအပ်မြတ်သော။ မဟာလာဘံ − လာဘ်လာဘအများအပြားကို။ နာနာ − အမျိုမျိုး။ ဒေတိ − ပေးတတ်၏။ ဝရံ − မြတ်သော။ ဣဒမ္ပိ ပူဇိတံ − ပူဇော်အပ်သော ပစ္စည်းဝတ္ထုများကိုလည်း။ ဒေတိ − ပေးတတ်ပေ၏။ တေန − ထိုရှင်သီဝလိထေရ်၏ ဘုန်းတော်ကြောင့်။ မဟာသုခံ − ကြီးမြတ်သောချမ်းသာသည်။ ဘဝိဿတိ − ဖြစ်ပေလတ္တံ့။

၆။ ဘန္တေ − ထေရ်ရှင်သီဝလိ အရှင်ဘုရား။ တေ အရှင်ဘုရား၏။ ဝဏ္ဏံ − အဆင်းတော်သည်လည်းကောင်း။ ဒန္တံ − ယဉ်ကျေးသိမ်မွေ့တော်မူပုံသည်လည်းကောင်း။ နရာတိတ္ထိ − လူတို့အား မရောင့်ရဲစေနို်င်ပါ။ တဝ − အရှင်ဘုရား၏။ ရုက္ခေ − ရုက္ခမူကျောင်း၌။ ရာဇဓီတာ − ရုက္ခစိုးနတ်သမီးသည်။ ရက္ခတု − စောင့်ရှောက်မှု မြဲပါစေသတည်း။ သဗ္ဗေ − ခပ်သိမ်းသော သတ္တဝါတို့သည်။ ကောဓံ − အမျက်ဒေါသကို။ ဝိနဿန္တု − ပယ်ဖျောက်နိုင်ကြပါစေသတည်း။ မယှံ − အကျွန်ု်ပ်၏။ အာဏာ −− အာဏာစက်သည်လည်း။ ဘဝေ − ဖြစ်စေလိုရာ၌။ ဘဝေ − ဖြစ်ပါစေသတည်း။

၇။ သီဝလိ စ − ရှင်သီဝလိထေရ်မြတ်သည်လည်း။ မဟာလာဘံ − ကြီးမြတ်သော လာဘ်လာဘ ရှိတော်မူ၏။ မမ − အကျွန်ုပ်အား။ သဗ္ဗလာဘံ − ခပ်သိမ်းသော လာဘ်လာဘသည်။ ဘဝိဿတိ − ဖြစ်ပေလတ္တံ့။ ထေရဿ − ရှင်သီဝလိထေရ်၏။ အာနုဘာဝေန − တန်ခိုးတေဇော် အာနုဘော်တော်ကြောင့်။ သဒါ − အခါခပ်သိမ်း။ မမ − အကျွန်ုပ်အား။ ပိယံ − လူအပေါင်းတို့က ချစ်မြတ်နိုးအပ်သည်။ ဟောတု − ဖြစ်ပါစေသတည်း။

၈။ သီဝလိ စ − ရှင်သီဝလိ မထေရ်မြတ်သည်လည်း။ မဟာထေရော − ကြီးမြတ်သော ထေရ်တစ်ပါး ဖြစ်တော်မူ၏။ တဿ − ထိုရှင်သီဝလိမထေရ်မြတ်၏။ အာနုဘာဝေန − တန်ခိုးတေဇော်အာနုဘော်တော်ကြောင့်။ ယေ ယေ − အကြင် အကြင် သူတို့သည်။ မံ − အကျွန်ုပ်ကို။ ပိယံ − ချစ်မြတ်နိုးစွာ။ ပဿန္တု− ရှုကြည့်ကြပါစေသတည်း။ တေ တေ − ထိုထိုသူတို့သည်။ မံ − အကျွန်ုပ်ကို။ ပိယံ − ချစ်မြတ်နိုးစွာ။ ပသန္တု − ရှုကြည့်ကြပါစေသတည်း။ တေ တေ − ထိုထိုသူတို့သည်။ မံ − အကျွန်ုပ်ကို။ ပိယံ − နှစ်နှစ်သက်သက်။ ပဿန္တု − ကြည့်မြင်ကြပါစေကုန်သတည်း။ ဇနပဒံ − ဇနပုဒ်နေ ပြည်သူအပေါင်းသည်။ ပူဇိဿန္တိ − ပူဇော်ကြပေကုန်လတ္တံ့။

၉။ မဟာထေရော − မဟာထေရ်မြတ်ဖြစ်တော်မူသော။ သီဝလိ စ − ရှင်သီဝလိ ရဟန္တာသည်လည်း။ မမ− အကျွန်ုပ်၏။ သီသေ − ဦးခေါင်းရတနာ၌။ ဌာတု − တည်ပါစေသတည်း။ ဌာပေတွာန − တည်နေပြီး၍။ မန္တတေဇ ဇယောမန္တံ − ထက်မြတ်သော မန္တန်၊ အောင်အပ်သော မန္တန်ကို ပေးတတ်သော။ တံ− ထိုထေရ်ရှင်သီဝလိကို။ အဟံ − အကျွန်ုပ်သည်။ သဗ္ဗဒါ− အမြဲမပြတ်။ ဝန္ဒာမိ − ရှိခိုးပါ၏ဘုရား။

၁၀။ ဒေဝမနုဿပူဇီတော − နတ်လူတို့သည် ပူဇော်အပ်သော။ ပစ္စယာဒီနံ − ပစ္စည်းလေးပါး အစရှိသော ပူဇော်အထူးတို့ကို။ ရဟော − ခံယူတော်မူထိုက်သော။ သော သီဝလိ မဟာထေရော − ထိုအရှင်သီဝလိ မဟာထေရ်မြတ်သည်။ မေ − အကျွန်ုပ်အား။ မဟာလာဘံ − လာဘ်လာဘပေါများခြင်းကို။ ကရောတု − ပြုတော်မူပါစေသတည်း။

ရှင်သီဝလိရဟန္တာ သည် ဗုဒ္ဓဘုရားရှင်လက်ထက်တွင်
လာဘ်ပေါများသည့်အရာတွင်ဧတဒဂ် ရသူ ဖြစ်သည်။
ရှင်သီဝလိဂါထာကို သဒ္ဓါထက်သန်ယုံကြည်စွာ
ရွတ်ဖတ်ပူဇော်ပါက မိမိ၏ လိုအင်ဆန္ဒများ ပြည့်ဝနိုင်သည်။

မေတ္တာဖြင့် - Ven Thaw Be
-----------------------

Lucky Baby ရွှေတုံးရဲ့ ရက် ၁၀၀ ပြည့် အပြင်အဆင်လေး 😍☎️09450903885
30/09/2024

Lucky Baby ရွှေတုံးရဲ့ ရက် ၁၀၀ ပြည့် အပြင်အဆင်လေး 😍

☎️09450903885

အလှလေးကို ပန်းအလှလေးတွေနဲ့ ဖန်တီးပေးဖြစ်တာလေး 😍
27/09/2024

အလှလေးကို ပန်းအလှလေးတွေနဲ့ ဖန်တီးပေးဖြစ်တာလေး
😍

10/08/2024

သားသားလေးအတွက် အဝေးရောက်ဖေဖေမေမေတို့ရဲ့ အမှတ်တရ မွေးနေ့လက်ဆောင်….😍😍 ZayYatu Floral Service. Myeik ☎️09450903885

ဝါဝင် အမှီ ဝါဆိုလပြည့်မှာ ဖေဖေ၊မေမေ၊ဖိုးဖိုး၊ဖွားဖွား ကို ကြည့်နူးဖွယ် လက်ဆောင်များနဲ့ ကန်တော့ချင်ရင် Admin တို့ ZayYatu...
15/07/2024

ဝါဝင် အမှီ ဝါဆိုလပြည့်မှာ ဖေဖေ၊မေမေ၊ဖိုးဖိုး၊ဖွားဖွား ကို ကြည့်နူးဖွယ် လက်ဆောင်များနဲ့ ကန်တော့ချင်ရင် Admin တို့ ZayYatu Floral Service ကို သတိရလိုက်ပါနော် …. 😍

☎️09450903885
Myeik

မြိတ်မြို့မှာရှိတဲ့ Floral ဝါသနာရှင်များအတွက် တနိုင်တပိုင်မှစပြီး စီးပွါးတခုအဖြစ်ရပ်တည်လို့ရမဲ့ Floral class များကို မင်...
25/06/2024

မြိတ်မြို့မှာရှိတဲ့ Floral ဝါသနာရှင်များအတွက် တနိုင်တပိုင်မှစပြီး စီးပွါးတခုအဖြစ်ရပ်တည်လို့ရမဲ့ Floral class များကို မင်မင်တို့ဆီမှာ လာရောက် လေ့လာ သင်ယူလို့ရပါပြီနော် 😍
အောက်မှာဖော်ပြထားတဲ့ Class များထဲမှ မိမိတို့ သဘောကျရာ Class များကို ရွေးချယ်တက်ရောက်လို့ရပါပြီနော်😍

Floral Class l
1. အဝိုင်းစည်း (Hand Tied) နှင်းဆီ
2. တစ်ဖက်လှ (Hand Tied) နှင်းဆီ
3. တစ်ဖက်လှ (ဖော့ထိုး) Mix flower
4. Mini Bouquet (Artificial)
5. Snack Bouquet
6. Money Bouquet /Box (3 types)
7. Toys Bouquet

Floral Class ll
1. Flower Basket
2. Spray Rose Bouquet
3. Bride Bouquet & Flower Brooch set
( Free style handtied )
4. 99 rose Bouquet(Heart shape)

Floral Class lll
1. Balloon Bouquet
2. Big Rose Bouquet
3. Flower stand

Floral Class IV
သတို့သမီးလက်ကိုင်ပန်းစည်း
- Round Shape
- Shower Style
- Korean Style
- မြန်မာမှု ပွေ့ပန်း

Floral Class V
- လွမ်းသူပန်းခွေ
- လွမ်းသူပန်းခြင်း

သင်တန်း Classအားလုံးမှာ-

- ပန်းများအကြောင်း
- ပန်းထိန်းသိမ်းနည်းများ
- Colour Team များအကြောင်း နှင့် Colour Combinations များ
- ဖဲကြိုးခေါက်နည်း အမျိုးမျိုး
- wrapping ပတ်နည်းများ အား အသေးစိတ်ရှင်းပြသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းအချိန်ကိုလဲ ညှိနိုင်းပြီး လေ့လာသင်ယူလို့ရတဲ့ အပြင် သင်တန်းမှာ သင်ပြပေးသွားတဲ့ ပန်းစည်း၊Box အစရှိတဲ့ ပစ္စည်းများကို သင်တန်းပြီးတာနဲ့ မိမိတို့နဲ့ တပါတည်း ပြန်ယူဆောင်ခွင့်ပါပြုထားပါတယ်နော် …..😍

မှတ်ချက်။ ။ သင်တန်းကြေးကတော့ ပန်းစျေးအပြောင်းအလဲရှိနေတဲ့အတွက် Cb မှာ လာရောက်စုံစမ်းနိုင်ပါတယ်နော် ။

#ဇေယျတု
#မြိတ်

☎️09450903885

Address


Telephone

+959450903885

Website

Alerts

Be the first to know and let us send you an email when ZayYatu Floral Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share