Aster Maw

Aster Maw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aster Maw, Florist, .

ကရမက်ပန်းဒီဇင်ဘာပန်း , ခရစ်စမတ်ပန်း, နွယ်ညိုပန်းPoranopsis paniculata (Roxb.) roberty.Porana paniculata.Christmas vine, ...
12/12/2020

ကရမက်ပန်း
ဒီဇင်ဘာပန်း , ခရစ်စမတ်ပန်း, နွယ်ညိုပန်း

Poranopsis paniculata (Roxb.) roberty.
Porana paniculata.
Christmas vine, bridal vine
Snow creeper, Bridal bouquet.

Familty : Convolvulaceae

ဒီအပင်ကိုအညာမှာတော့ "ကရမက်ပန်း" လို့ခေါ်ကြတယ်၊ ဆောင်တော်ကူး "ဂေါ်သဇင်" ခေါ်သော Porana volubilis Burm. f. နဲ့ ပန်းပွင့်ချိန်အတူတူဖြစ်ပါတယ်၊ ဒါပေမဲ့ အပွင့်အရောင်မတူပါဘူး ကရမက်ပန်း လေးတွေက ပိုလို့နုညံ့တယ် အရောင်လည်း အဖြူရောင်စစ်စစ်ပါ အပွင့်လည်း ငယ်ပါတယ် ၊ ပန်းခိုင်ကြည့်ရုံနဲ့တင် အပင် ၂ ပင်ကိုလွယ်ကူစွာ ခွဲခြားနိုင်ပါတယ်၊ သိသာသော အချက်ကိုပြောရရင် ကရမက်ပန်းလေးတွေရဲ့ အရွက်နဲ့ပင်စည်မှာ အညိုရောင် အမွှေးနုတွေ ဖုံးနေပေမည့် ဆောင်တော်ကူအပင်ရဲ့ အရွက်လေးတွေမှာတော့ အမွှေးမရှိ ပြောင်လက်နေပါတယ်။ အပင် ၂ ပင်စလုံးဟာ ကန်ဇွန်းမျိုးရင်း Convolvulaceae ထဲမှာပါသော သစ်မာ နွယ်ပင်လေးများသာ ဖြစ်ကြတယ်၊ တမျိုးစီ လှကြပါတယ်၊ တယောက်အကြိုက် တယောက် မတူကြပါဘူး၊

မုံရွာဒေသအခေါ် ကရမက်ပန်းလေးတွေကို အချို့က December ပန်းလို့ ခေါ်ကြပြန်တယ် ၊ ဒါကလည်း December လမှာပွင့်လို့ဖြစ်ပါတယ်၊ Checklist 2003 ထဲမှာတော့ ပန်းအမည်ကို Christmas vine, bridal vine ၊ နွယ်ညိုပန်း လို့ အမည်ပေးထားတာကို မှတ်သားရပါတယ်၊ မကြာခင် Christmas ရောက်လာတော့မှာမို့ ခရစ်စမတ်ကို ကြိုသောပန်း "Christmas ပန်း"လို့ ပေးထားတာကလည်း သဘာဝ ကြလှတယ်၊ နွယ်တက်တတ်ပြီး အညိုရောင် အမွှေးများဖုံးနေလို့ မြန်မာအမည် "နွယ်ညိုပန်း"လို့ ပေးထားတာလည်း စိတ်ဝင်စားစရာပါ။ နောက်တအမည်တခုက "Snow creeper" ဆိုတဲ့အမည်လေးပါ အပင်ရဲ့ ပင်စည် အရွက်အကိုင်းတွေကို နှင်းပွင့်လေးတွေကပ်နေသလို ခတ်မှုန်မှုန်လေးဖြစ်နေတာမို့ Snow creeper ပေးတာဖြစ်ရမယ်၊ creeper ဆိုတာ တွားသွားတတ်သောသဘောကိုဆောင်တယ်၊ Bridal vine ဆိုတဲ့အမည်ကတော့ မင်္ဂလာပွဲ အခန်းအနားများနဲ့လိုက်ဖက်လှသော နွယ်ပင်လို့ တင်စားပြီးခေါ်ဝေါ်ရခြင်းဖြစ်မှာပါ၊ Bridal bouquet ကတော့ မင်္ဂလာ ပန်းစည်း ပန်းခြင်း လေးလို့လည်းတင်စားခြင်းဖြစ်ပါတယ်၊ ဒီပန်းလေးအပေါ်ခေါ်ဝေါ်ကြသော အမည်များက အဓိပ္ပါယ်အမျိုးမျိုးနဲ့ခေါ်ကြပုံတွေကမြန်မာနဲ့မတူပါဘူး၊

ပန်းခိုင်ပွင့်နေပုံက ကိုင်းဖြာနေသော ပန်းခိုင် ပန်နီကူလိပ် ဆိုင်း paniculate cyme ဖြစ်နေတာမို့ မျိုးစိတ်အမည် မှာ paniculata လို့ပေးထားတာပါ၊ ပွင့်ခံရွက် ပွင့်ညှာရွက်များပါလို့ နေတယ်၊ ပွင်ဖတ်လေးတွေကသေးသွယ်ပြီး ညီညာကြတယ်၊ ၊ ပွင့်ချပ်အုံက infundibuliform ဖြစ်ပြီး အနားလေးတွေမှာ အဝိုက်လေးတွေပါနေပြီး နေတယ်၊ ထူးခြားတာတခုက ဝတ်ဆံဖိုတွေကမမြင်ရဖူး အတွင်းနေဖြစ်လို့နေတယ်၊ ဝတ်ဆံတန် လည်း အတွင်းနေမို့မမြင်ရဖူးလေ၊ ဂေါ်သဇင်ပန်း Porana volubilis Burm. f. လေးမှာတော့ ဝတ်ဆံဖို ဝတ်မှုံခံတိုင်လေးတွေကို ထင်ထင်ရှားရှားမြင်ရမှာဖြစ်ပါတယ်၊

အပင်တပင်အပေါ်ပေးသော ဒေသအခေါ်က အမျိုးမျိုးပါ၊ ဒေသတခုရောက်ရင် အမည်တမျိုး ပြောင်းလဲသွားမှာပါ၊ ဒါပေမဲ့ ဒီအပင်ရဲ့ မှန်ကန်သော Botanical name ကတော့ တခုထဲသာရှိပါတယ်၊မုံရွာဒေသ အခေါ်"ကရမက်ပန်း"လေးရဲ့ သိပ္ပံအမည်မှန်ကတော့ Poranopsis paniculata ပါ၊

မိတ်ဆွေတို့ရော ....ရနံ့ထုံသင်းပြီးနုညံလှပသော... ကရမက်ပန်းလေးတွေကို သိကြပါရဲ့လား....ဒေသအခေါ်အဝေါ်လေးများသိရင်ဖြင့် ဖြည့်စွက်ပေးပါဦး......

ာသက်နိုင်ဦး

အားလုံးပဲ မင်္ဂလာပါ အခုလို 5အိုးက‌ေန 7အိုး အနည်းဆုံးထိုးလို့ရတဲ့ ပန်းတစ်ထုံးကို 2500ဆိုရင် အံ့ဩသွားမလား ??? မြို့တွင်းပိ...
02/12/2020

အားလုံးပဲ မင်္ဂလာပါ အခုလို 5အိုးက‌ေန 7အိုး အနည်းဆုံးထိုးလို့ရတဲ့ ပန်းတစ်ထုံးကို 2500ဆိုရင် အံ့ဩသွားမလား ??? မြို့တွင်းပို့ခအပါအဝင်နော်

ဟုတ်ပါတယ် မေမြို့က ပန်းခင်းတွေကနေ တိုက်ရိုက်ယူရောင်းတာဖြစ်လို့ ဒီလိုသက်သက်သာသာပေါပေါများများရတာပါ။ ဒီတိုင်းမှာ မ‌နက်ဖြန်အရောက် ရောင်းချပေးတာဖြစ်လို့ လတ်ဆတ်မှာကို အာမခံပါတယ်

တစ်ထုံးကို ၂၅၀၀နဲ့ မန္တလေးမြို့တွင်း အိမ်အရောက် အခမဲ့ပို့ပေးပါတယ်။ အိမ်ရောက်မှ ငွေရှင်းရုံပါပဲ။ နည်းနည်းဝေးတဲ့မြို့ပြင်နေရာတွေကိုတော့ ပို့ခ ၅၀၀ကျပ်ပဲယူပါတယ်

မှာယူလိုချင်ရင်တော့
-နာမည်
-ဖုန်းနံပါတ်နဲ့
-အိမ်လိပ်စာ
-ပန်းထုံးအရေအတွက်ကို page cbမှာ ဆက်သွယ်မှာယူနိုင်ပါတယ်။

အသေးစိတ်သိချင်ရင်တော့ ဖုန်းနံပါတ် 09781604226 ၊ 09966062756ကို ဖုန်းဆက်စုံစမ်းနိုင်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ Aster Maw pageကနေ ကြိုဆိုပါတယ်🤗-အခုလို ကိုဗစ်ကာလကြီးမှာ အိမ်ရှင်မတွေအားလုံး အခက်အခဲတွေများစွာနဲ့ ကြု...
20/11/2020

အားလုံးပဲ မင်္ဂလာပါ Aster Maw pageကနေ ကြိုဆိုပါတယ်🤗

-အခုလို ကိုဗစ်ကာလကြီးမှာ အိမ်ရှင်မတွေအားလုံး အခက်အခဲတွေများစွာနဲ့ ကြုံတွေ့နေရပါတယ်။🤦

❌ရောဂါကူးစက်မှုတွေကြောင့် ‌ဈေးကိုသွားရမှာ အခက်အခဲဖြစ်တာတွေ
❌မိမိ‌တို့နေတဲ့ ရပ်ကွက်က lockdown ချခံထားရတာကြောင့် အပြင်ထွက်ဖို့ အခက်အခဲဖြစ်တာတွေ
❌မိမိတို့ မိတ်ဆွေ သူငယ်ချင်း၊ ဆွေမျိုးမိဘဘိုးဘွား၊ ဆရာသမားတွေကို လက်‌ေဆင်ပေးချင်ပေမယ့် အပြင်ထွက်ဖို့ အခက်အခဲဖြစ်နေတာတွေ

-အဲ့လိုမျိုးတွေကို ဖြေရှင်းနိုင်ဖို့ Aster Maw လာပါပြီ

-Aster Mawက မေမြို့က ပန်းစိုက်တောင်သူများထံမှ သွားရောက်ဝယ်ယူထားပြီး ပြန်လည်ဖြန့်ဖြူးရောင်းချပေးတာဖြစ်တဲ့အ‌တွက် လတ်ဆတ်မှုကို အာမခံပါတယ်😍

-အိမ်ရှင်မများအတွက် ပန်းတစ်အိုးစည်း ၊ နှစ်အိုးစာ စသည်ဖြင့် တွက်ချက်ပြီး ရောင်းချပေးတာဖြစ်လို့ လိုအပ်မှုတွေလည်း ဖြစ်နိုင်ဖို့ ခက်ခဲပါတယ်🙅

-မြို့တွင်း deliveryခများကလည်း 500/1000/1500ပဲရှိလို့ သက်သာတဲ့နှုန်းထားတွေနဲ့ ပို့ဆောင်ပေးနေပါတယ် (1သောင်းဖိုးမှာယူရင် အခမဲ့ပါ ပို့ဆောင်ပေးဦးမှာနော်😮)🚴

-ရောဂါကူးစက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ငွေပေးချေမှုတွေကို kpay, wave payတို့နဲ့ ပေးချေနိုင်ပါတယ်💸

-အပတ်စဉ်တင်ရမယ့် ယတြာပန်းများကိုလည်း ဘုရားပန်းများနဲ့အတူ ပို့ဆောင်ပေးမှာဖြစ်တဲ့အတွက် ငွေကြိုရှင်းထားရုံနဲ့ တစ်လလုံး စိတ်ရှုပ်စရာမလိုပဲ အိမ်ရှင်မတို့ တံခါးဝအရောက် လာပို့ပေးမှာဖြစ်ပါတယ်

-နေ့စဉ်နေ့တိုင်း ပန်းတွေ အသစ် အသစ်သွားရောက်ဝယ်ယူနေတာဖြစ်ပြီး pageမှာ တင်ပေးမှာမို့ pageကို like and see firstလုပ်ထားပေးကြပါ❤️

-အခုပဲ page chat boxနဲ့ ဖုန်းနံပါတ် 09781604226ကို ဆက်သွယ်ပြီး စုံစမ်းလိုက်ပါ

Address


Telephone

+959966062756

Website

Alerts

Be the first to know and let us send you an email when Aster Maw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share