John Mal Sawm

  • Home
  • John Mal Sawm

John Mal Sawm caring is sharing and sharing is loving!

25/01/2025
''နောက်ခံ Background ကောင်းရင် အမှိုက်လည်းလှနေတာပဲ''
17/01/2025

''နောက်ခံ Background ကောင်းရင် အမှိုက်လည်းလှနေတာပဲ''

 #မူးလဲခြင်း       မျက်လုံးတွေပြာဝေပြီး လူကယိုင်ထိုးကာပြုတ်ကျသွား တာကို fainting လို့ ခေါ်ပါတယ် ၊ Fainting မူးလဲခြင်းမှာ...
09/01/2025

#မူးလဲခြင်း

မျက်လုံးတွေပြာဝေပြီး လူကယိုင်ထိုးကာပြုတ်ကျသွား တာကို fainting လို့ ခေါ်ပါတယ် ၊ Fainting မူးလဲခြင်းမှာ Loss Of Consciousness လို့ခေါ်တဲ့ သတိလစ်သွားခြင်းတော့မရှိပါဘူး

ဖြစ်ရတဲ့အကြောင်းရင်းတွေက
- Postural hypotension (သွေးပေါင်ကျနေတဲ့အချိန် ရုတ်တရက်ထရပ်လိုက်လို့ဖြစ်ခြင်း)
- Vaso-Vagal (စိုးရိမ်ပူပန်လွန်းခြင်း၊ ကြောက်ရွံ့ထိတ်လန့်လွန်းခြင်း)
- အချိန်အကြာကြီးမတ်တပ်ရပ်ရခြင်း
- အစာမစားတာကြာပြီး သွေးတွင်းသကြားဓာတ်နည်းခြင်း (ဒီတစ်ခုကတော့ သတိပါလစ်တတ်ပါတယ်)
- နှလုံးစည်းချက်မမှန်ခြင်း/နှလုံးဖောက်ခြင်း
စတဲ့ ဘာအကြောင်းကြောင့်ပဲ မူးလဲ မူးလဲ အရေးကြီးဆုံးက လူနာကို လုံးဝ #ဆွဲမထူရတာပါ။
လဲကျတဲ့နေရာမှာပဲ ပြုစုရပါတယ်၊ လဲကျတဲ့နေရာဟာ အန္တရာယ်ရှိလို့ နေရာရွှေ့မယ်ဆိုရင်တောင် ပက်လက်အနေအထားနဲ့ ရွှေ့ရပါတယ်။
ဦးနှောက်ကို သွေးရောက်တာနည်းသွားလို့ မူးလဲသွားတာကို ဆွဲထူတဲ့အခါ သွေးရောက်တာထပ်နည်းပြီး အခန့်မသင့်ရင်တက်တာ ၊ သတိလစ်သွားတာအထိဖြစ်တတ်ပါတယ်။
#တကယ်အရေးကြီးပါတယ်
လူတစ်ယောက် လဲကျသွားတဲ့အခါ အနားမှာအမြဲ ဆရာဝန် ဆရာမ ရှိမနေ နိုင်ပါဘူး၊ အဲ့ဒါကြောင့် ဒီလိုအချက်က လူတိုင်းသိထားဖို့အရေးကြီးပါတယ်

ထပ်ပြောပါမယ် ဘာကြောင့်ပဲ မူးလဲ မူးလဲ
* ဆွဲမထူပါနှင့်
* လှဲရက်နဲ့ပဲ ပြုစုပါ အချိုကျွေးတာ ရေတိုက်တာလုပ်ပါ
* သွေးအရောက်နည်းပြီး ဦးနှောက်က Oxygen အရနည်းလို့ မူးလဲရတာကို လူတွေဝိုင်အုံပြီး လေမရအောင် ထပ်မလုပ်ကြပါနဲ့

(Photo ကတော့ ; အားလုံသိကြမှာပါ နိုင်ငံအနှံ့လွှင့်တဲ့ အစီစဉ်တခုကဟာပါ လူအများကြီး/ဆရာ့ဆရာကြီးတွေအများကြီးရှိပေမယ့် အခြေခံကျန်းမာရေးအသိလိုအပ်နေသေးတယ်ဆိုတာလေး ပြချင်တာပါ)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

🙏🙏🙏
03/01/2025

🙏🙏🙏

အရှုံးဆိုတာ ကြောက်ရမှာမဟုတ်ပဲအရှုံးထဲကနေ မသင်ယူမိခဲ့မှာကိုသာသင်ကြောက်ရမှာပါ။ရှုံးနိမ့်မှုတိုင်းကအောင်မြင်မှုဆီသို့ ခြေလှ...
27/12/2024

အရှုံးဆိုတာ ကြောက်ရမှာမဟုတ်ပဲ
အရှုံးထဲကနေ မသင်ယူမိခဲ့မှာကိုသာ
သင်ကြောက်ရမှာပါ။

ရှုံးနိမ့်မှုတိုင်းက
အောင်မြင်မှုဆီသို့
ခြေလှမ်းသစ်တစ်ခုဖြစ်ပါတယ်။

များများလဲကျလေ
သင်ယူလေလေ၊
ပိုသန်မာလာလေပါပဲ။

ဘယ်တော့မှ လဲကျမသွားဘဲ
ဘယ်သူမှ မအောင်မြင်ပါဘူးခ။

သင့်ဘဝမှာ လွဲချော်ခဲ့တဲ့
အရာတွေရှိခဲ့ရင် ဂုဏ်ယူလိုက်ပါ။

ဘာကြောင့်လဲ ဆိုတော့
အဲဒါက ချယ်ခင်လေးတို့ကို
အောင်မြင်မှုနဲ့ ပိုနီးစပ်စေပါတယ်။

လူတိုင်းက အကန့်အသတ်မရှိတဲ့
အလားအလာရှိတဲ့သူတွေပါပဲ
သင်က ဒါကို ယုံကြည်ရပါမယ်။

ချယ်ခင်လေးကတော့ ယုံကြည်ပါတယ်
လူတိုင်းက အမြဲတမ်း ပိုမိုကောင်းမွန်တဲ့
အရာတွေနဲ့ ထိုက်တန်ပါတယ်ခ။

သင်ယူတက်ဖို့ပဲလိုပါတယ်
သင်ယူချင်စိတ်ရှိဖို့ပဲလိုပါတယ်
ဘဝက တစ်သက်လုံး
အဆက်မပျက် သင်ယူမှာပါ။

တကယ်အမှန်တရား တစ်ခုကတော့
သင်ထင်နေတဲ့ တချို့ အခက်ခဲတွေ
ပြသနာတွေ စိန်ခေါ်မှု့တွေဆိုတာ
သင်ထင်သလောက် မကြီးထွားပါဘူး။

သင့်ရဲ့ကြောက်စိတ်က ကြီးထွားနေလို့သာ
သင်က ပြသနာနဲ့ စိန်ခေါ်မှု့တွေကို
ပုံကြီးချဲ့မိပြီး ကြီးထွားမှာပဲလို့တွေးတာပါ။

သင့်အတွေးကိုပြောင်းရင်
သင့်အမြင်လည်း ပြောင်းမှာမို့
ဘဝကို တိုးတက်မှု့မပေးပဲ ထိခိုက်စေမယ့်
အတွေးမျိုးကို ဖယ်ရှားလိုက်ပါခ။

22/12/2024

HAPPY BIRTHDAY 🎂🎂

လူတစ်ယောက်ကို စိတ်ရော ကိုယ်ရောပေါင်းလိုက်တဲ့ အခါ လူတစ်ယောက်ရဲ့ စိတ်ကို သေသေချာချာ သိရလေပဲ!!တစ်ချို့အပြုံးတွေရဲ့နောက်မှာ ...
20/12/2024

လူတစ်ယောက်ကို စိတ်ရော ကိုယ်ရော
ပေါင်းလိုက်တဲ့ အခါ လူတစ်ယောက်ရဲ့
စိတ်ကို သေသေချာချာ သိရလေပဲ!!

တစ်ချို့အပြုံးတွေရဲ့နောက်မှာ
မနာလိုခြင်းတွေ ရှိတယ်။

တချို့စကားချိုချိုတွေရဲ့နောက်မှာ
ဟန်ဆောင်ဖုံးကွယ်ခြင်းတွေ ရှိတယ်။

တချို့အားကျတယ်ဆိုတဲ့ လူတွေ နောက်ကွယ်ကနေ
အတင်းပြောနေကြတာတွေရှိတယ်

တချို့အားပေးနေပါတယ် လို့ ပြောနေကြသူတွေ
နောက်ကွယ်ကနေ ဟားတိုက်နေကြတာတွေရှိတယ်

တချို့တွေ သိပ်ဟန်ဆောင်ကောင်းကြတယ်
တချို့အပြုံးတွေ သိပ်ကြောက်စရာကောင်းတယ်
တချို့ရိုးသားမှုတွေ မာယာရောထားတယ်

အသက်ကြီးလာလေလေ တစ့်နေ့ထက်တစ်နေ့
လူတွေအကြောင်း ပိုသိလာလေလေ

19/12/2024

My Prince & Princess လေးတွေ.... 😍😍😘

15/12/2024

ယုံကြည်ရာ .......

🚫 အိမ်သား တွေ နေမကောင်း  ဖြစ်ရင် ဒီအစားအစာ တွေ မကျွေးရဘူးနော် 🚫နေမကောင်း  ဖြစ်နေ တဲ့ အချိန် မှာ ရှောင်ရမယ့် အစားအစာ  တွေ...
09/12/2024

🚫 အိမ်သား တွေ နေမကောင်း ဖြစ်ရင်
ဒီအစားအစာ တွေ မကျွေးရဘူးနော် 🚫

နေမကောင်း ဖြစ်နေ တဲ့ အချိန် မှာ
ရှောင်ရမယ့် အစားအစာ တွေ ရှိပါတယ်။

အိမ်ရှင်မတွေသာမက
အိမ်သားအားလုံး သိထား မှ
တစ်ဦးနဲ့တစ်ဦး စောင့်ရှောက် နိုင် မှာပါ။

လူတစ်ယောက်နဲ့ တစ်ယောက်
ကိုယ်ခံအား ခံနိုင်စွမ်း မတူ ပေမယ့်
သတိထားရှောင်လိုက် တာ အကောင်းဆုံး ပါ။

#နှာစေးနေလျှင်_____

ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊ မစားရ
ဆေးလိပ် နှင့် အရက်မသောက်ရ

#ချောင်းဆိုးနေလျှင်_____

ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊
မြေပဲ၊ အရက် နှင့် ချိုသော အစားအစာ များ မစားရ

#ရုတ်တရက်အစာအိမ်ရောင်လျှင်___$
အကြော်အလှော်၊ အရက်၊ ငရုပ်သီးနှင့် ကောက်ညှင်း မစားရ

#နာတာရှည်အစာအိမ်ရောင်လျှင်_____

ကောက်ညှင်း၊ အသုတ်၊
အချဉ်ဖောက် ထား သော အစာများ မစားရ

#အူရောင်နေလျှင်_____

ငှက်ပျောသီး၊ မာလာကာသီး မစားရ

#အသည်းရောဂါဖြစ်နေလျှင်____

ငန်း (ကြက်၊ဘဲ) အရေခွံ၊ ဝက်သားဆီ၊
ဆေးလိပ် နှင့် အရက်ဖြစ်ပြီး
အရေးကြီးဆုံး က အိပ်ရေးပျက်ခံ လို့ မရပါ။ မစားရ

#နှလုံးရောဂါဖြစ်လျှင်____

ကယ်လိုရီများ သော အစာ နှင့်
ငန်သော အစားအစာ များ မစားရ

#ကျောက်ကပ်ရောဂါဖြစ်နေလျှင်____

ဘီယာ၊ အချိုရည်၊ ငါးခြောက် နှင့် မျှစ်ခြောက် မစားရ

#ဆီးချိုရောဂါဖြစ်လျှင်____

အချိုစာ၊ အရက်၊ အဆီများ သော အစာ၊
ဆီကြော်စာ နှင့် အကင် မစားရ

#သွေးအားနည်းနေလျှင်____

တရုတ်နံနံ မစားရ

#သွေးတိုးရောဂါဆိုရင်______

အငန်ဓာတ် များသော အစာ၊
ဥအနှစ်၊ တိရိစ္ဆာန် ကလီစာ မစားရ

#အစာအိမ်နာဖြစ်လျှင်_____

ပဲမျိုစုံ၊ ကညွတ်၊ ဆားစိမ်သော ဟင်း၊
ကောက်ညှင်း၊ အရက်၊ နာနတ်သီး၊
ငရုတ်သီး နှင့် မာလာကာသီး မစားရ

#အရိုးကာအမြှေးရောင်နာဖြစ်လျှင်____

ငှက်ပျောသီး၊ ကညွတ်၊ အရက်၊ ငရုတ်သီး မစားရ

#လိပ်ခေါင်းရောဂါဖြစ်လျှင်____

အရက်၊ ဆေးလိပ်၊ အစပ် နှင့် ဆီကြော်စာ များ မစားရ

#လေးဖက်နာရောဂါဖြစ်လျှင်____

ဘီယာ၊ ငှက်ပျောသီး နှင့် အသားများ
မစားရ

#အရေပြားAllergicဖြစ်လျှင်_____

ပင်လယ်စာ၊ ပိန်းဥ၊ ၊ ရေခဲ၊
လိုင်ချီးသီး နှင့် သရက်သီး မစားရ

#အာရုံကြောအားနည်းလျှင်_____

ငရုပ်သီး၊ အရက်၊ ကော်ဖီ၊
ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ မစားရ

တချို့အစားသောက်တွေကဆေးဖြစ်ကြမဲ့
နေမကောင်းချိန် ရောဂါအခံနဲ့
မတည့်ကြတာမို့
ရှောင်ကျဉ်ကြရပါမယ်

🙏🙏🙏
09/12/2024

🙏🙏🙏

ချာလီ ချက်ပလင် အသက် 88နှစ်အထိနေသွားခဲ့တယ်ဘဝနဲ့ပတ်သက်လို့ စကားလေးခွန်းကို ဘဝအတွက်လက်တွေ့ အသုံးချဖို့ထားခဲ့တယ်1.ဒီကမ္ဘာကြီ...
05/12/2024

ချာလီ ချက်ပလင် အသက် 88နှစ်အထိနေသွားခဲ့တယ်
ဘဝနဲ့ပတ်သက်လို့ စကားလေးခွန်းကို
ဘဝအတွက်လက်တွေ့ အသုံးချဖို့ထားခဲ့တယ်

1.ဒီကမ္ဘာကြီးထဲမှာ ဘယ်အရာမှ အစဥ်ထာဝရ မတည်မြဲပါဘူး ငါတို့ရဲ့ ပြသာနာတွေအပါအဝင်ပေါ့

2.ငါဟာမိုးရေတွေထဲမှာ လမ်းလျှောက်ရတာကြိုက်တယ် အဲဒါမှလူတွေက ငါ့ရဲ့မျက်ရည်တွေကို မမြင်နိုင်မှာပေါ့

3.ဘဝမှာ တန်ဖိုးအမဲ့ဆုံးနေ့ရက်တွေဆိုတာ ငါတို့အားရပါးရမရီနိုင်တဲ့ နေ့ရက်တွေပေါ့

4. ကမ္ဘာပေါ်က အကောင်းဆုံးဆရာဝန် 6ယောက်
1)နေရောင်ခြည်
2)အနားယူခြင်း
3)အားကစားလုပ်ခြင်း
4)အစားအသောက်ဆင်ခြင်ခြင်း
5)ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်သိခြင်း
6)သူငယ်ချင်းမိတ်ဆွေ

အဲဒီအရာတွေသာ မင့်ဘဝအသက်ရှင်နေသရွေ့
မင့်အသုံးချတတ်မယ်ဆိုရင် မင့်ဘဝဟာ
ကျန်းမာပျော်ရွှင်ပြီး အရာရာကိုမေ့လျှော့သွားမှာပါ

-မင့်ဟာဖိုးလမင်းကြီးကိုကြည့်ရင် လမင်းကြီးရဲ့
လှပတဲ့အလှတရားနဲ့ သူရဲ့အေးချမ်းမှု့ကို ခံစားရမှာပါ

-မင့်ဟာနေမင်းကြီးကိုကြည့်ရင် နေမင်းကြီးရဲ့
ရဲရင့်တဲ့သတ္တိနဲ့ တောက်ပတဲ့သူ့ရဲ့စွမ်းအင်တွေကိုရလိုက်သလို ခံစားရမှာပါ

-မင့်ဟာမှန်ကိုကြည့်ရင် ကြည်လင်တဲ့သူ့ရဲ့ရောင်ပြန်ဟတ်မှု့နဲ့
မှန်ကန်တဲ့တုန့်ပြန်မှု့ကို ခံစားရမှာပါ

ယုံကြည်လိုက်စမ်းပါ
အားလုံးသောငါတို့တစ်တွေဟာ ခရီးသွားတွေပါပဲ
ဘဝဆိုတဲ့ခရီးလမ်းမှာ ဒီနေ့အတွက်အကောင်းဆုံး
လျှောက်လှမ်းလိုက်စမ်းပါ

မနက်ဖြန်ဆိုတာ
ရှိလားမရှိဘူးလားဆိုတာ ဘယ်သူမှမသိပါဘူး

ဝင်းထွေးမြ(3.12.2024)

အကောင်းဆုံနေထိုင်ပြီးကောင်းတာလုပ်ပြီး လှပတဲ့ အမှတ်တရတွေကို ချန်ထားခဲ့ပါ။👣Crd
04/12/2024

အကောင်းဆုံနေထိုင်ပြီး
ကောင်းတာလုပ်ပြီး
လှပတဲ့ အမှတ်တရတွေကို
ချန်ထားခဲ့ပါ။

👣

Crd

ဒေါသ မထိန်းနိုင်ရင်   တန်ဖိုးရှိဆုံး အရာတွေ ဆုံးရှုံးရတတ်တယ်   ပွင့်လင်းမှု မရှိပြန်ရင်   နားလည်မှုတွေ လွဲတတ်တယ်   ဆုံးဖ...
03/12/2024

ဒေါသ မထိန်းနိုင်ရင်
တန်ဖိုးရှိဆုံး အရာတွေ ဆုံးရှုံးရတတ်တယ်

ပွင့်လင်းမှု မရှိပြန်ရင်
နားလည်မှုတွေ လွဲတတ်တယ်

ဆုံးဖြတ်ချက် မပြတ်သားရင်
အခွင့်အရေးတွေ လက်လွှတ် ဆုံးရှုံးရတတ်တယ်

မာနချင်း ပြိုင်မိရင်တော့
ကိုယ့်အပေါ် အကောင်းဆုံးသူတွေကို ဆုံးရှုံးရတတ်တယ်

ဘယ်သူမဆို သည်းမခံ နိုင်တော့တဲ့
တစ်နေ့တော့ လွှတ်ချတတ်ကြတာပါပဲ...

“မလုံလောက်တဲ့ လောကလူသား"

ပညာတတ်နဲ့ ဘွဲ့ရ မတူပါဘူး မြန်မာနိုင်ငံမှာ ဘွဲ့မလိုချင်လို့ မယူဘူးဆိုတာ အဓိပွါယ်ရှိပါတယ်... (အဆိုတော် L လွန်းဝါ)မြန်မာနို...
02/12/2024

ပညာတတ်နဲ့ ဘွဲ့ရ မတူပါဘူး
မြန်မာနိုင်ငံမှာ ဘွဲ့မလိုချင်လို့
မယူဘူးဆိုတာ အဓိပွါယ်ရှိပါတယ်...
(အဆိုတော် L လွန်းဝါ)

မြန်မာနိုင်ငံမှာ ဘွဲ့မလိုချင်လို့ မယူဘူးဆိုတာ အဓိပွါယ်ရှိပါတယ်။ တခြားဘွဲ့တော့ မသိဘူး ဆရာဝန်ဘွဲ့ကိုပဲ ပြောပြမယ်နော်။ အဲ့တာလည်း ကိုယ်ကိုတိုင် အသည်းအသန် တက်ပြီး ရအောင်ယူထားတာမို့ပါ။ မယူပဲနေလည်းရတယ် ပြောလို့ရတယ်။ ဒါပေမယ့် သူများကို ကူညီတဲ့ မွန်မြတ်တဲ့ အလုပ်ကို ချစ်လို့ နောက်ပြီး အလုပ်တခုကို ပြီးအောင်လုပ်တဲ့သဘောပေါ့။ အိုကေ ပြန်ဆက်မယ်နော်။

အရင်တုန်းကပေါ့ ဟောက်ဆာဂျင်တုန်းက လခရတာက ရီစရာကြီးပေါ့။ ကားငှါးသွားပြီး ပြန်လာရင် တက်ဆီကားခနဲ့ကုန်ရော ဆေးရုံမှာ အလုပ်ဝင်ခါစ ဆရာဝန်ပေါက်စ တယောက်က သာမန်ကုပ္မဏီဝန်ထမ်းလစာ ထက်မပိုဘူး။ ရှက်စရာနော် နှိမ်ထားတာ အပြင်ဆေးရုံမှာ အလုပ်လုပ်ရင် နည်းနည်းပိုရတယ်ပေါ့နော်။ ဒါလည်း တော်တော်ခက်ခဲပါတယ်။ အာ့ကြောင့် အဆင်ပြေရာ NGO တွေ ဆေးကုပ္မဏီတွေဝင်လုပ်ရတာပါပဲ။ သနားဖို့တော်တော်ကောင်း ပညာတတ်တွေ ပိုက်ဆံမရတာကတမျိုး အထင်ကြီးမခံရတာတမျိုးပေါ့။

ပြောချင်တာ ကျနော်တို့ မြန်မာနိုင်ငံကလွဲလို့ အပြင်ထွက်သွားတာနဲ့ ဆရာဝန်လခက သူတို့ပေးဆပ်ထားရတဲ့ အချိန်နဲ့ ကြိုးစားအားထုတ်မှုနဲ့ တန်တဲ့ Reward ရကြတာပါပဲ။ မြန်မာနိုင်ငံတခုပဲ ပညာတတ်တွေကို မလေးစားအောင် လုပ်ထားတာ။ မယုံရင်
မြန်မာနိုင်ငံ အပြင်ကို ထွက်လည်တဲ့အခါ သဘာဝအလှအပတွေ တိုးတက်မှုတွေပဲ မကြည့်ပါနဲ့။ သူတို့တွေ သဘာဝအလှအပတွေ ဘယ်လိုထိန်းသိမ်းလဲ တိုးတက်အောင် ဘယ်လိုလုပ်နေကြသလဲ လေ့လာသင့်တယ်။

ဘိလပ်မြေဖျော်ပြီး ပြန်ကပ်တာ ထိန်းသိမ်းတာ မဟုတ်ဘူးနော် လူတိုင်းဆောက်တတ်တယ်။ ဘယ်နနှစ်ခံအောင် ဘယ်လိုထိန်းသိမ်းမယ်ဆိုတာက ပညာပါ။ မြေဩဇာထည့်ပြီး ပေါင်းသင်တာက ပညာမဟုတ်ဘူးနော် ဘယ်အပင်စိုက်ပြီး ရာသီဥတုထိန်းဖို့ မြေဆီလွှာ၊ ရှားပါးအပင်တွေထိန်းဖို့က ပညာပါ။ ပိုက်ဆံဝင်အောင် ရှိတာထုတ်ရောင်းတာ ပညာ မဟုတ်ဘူးနော် သူများနိုင်ငံတွေ ရင်းနှီးမြုပ်နှံလာအောင် စီးပွါးရေးဖန်တီးနိုင်တာကမှ ပညာပေါ့။

နောက်ဆုံးပြောချင်တာကတော့ သူများနိုင်ငံက အောင်မြင်ပြီးသား သီချင်းကို မြန်မာလိုစာသားထည့်ဆိုတာ ပညာမဟုတ်ဘူးနော်။ ကိုယ်ပိုင်ဖန်တီးမှုကို အားပေးတာကမှ ပညာရှင်ကို မြေတောင်မြှောက်ပေးတာပါ။ မယုံရင် တိုးတက်နေတဲ့ နိုင်ငံတွေ သွားလည်တဲ့အခါ အဲ့တာတွေကို သေချာ လေ့လာကြည့်ပါ ကိုယ်တိုင်သွားပါ။ မသွားနိုင်ရင် သတင်းတွေ နားထောင်ပါ စာတွေလေ့လာပါ။ ကိုယ့်သားသမီးအနာဂါတ်ကို ပညာတတ်တွေ ဦးဆောင်စေချင်ရင် ကိုယ့်အိမ်ကစလို့ ကိုယ့်ကလေးတွေ ပညာတတ်တွေ ဖြစ်လာအောင် မြေတောင်မြှောက်ပေးကြပါ။

L လွန်းဝါ (အဆိုတော်)
#ပညာ
#ဘွဲ့

Credit...

"သိန်းငှက်ပေါ်ကို တက်ပြီး ကိုက်ရဲတာ ကျီးကန်းပဲ ရှိတယ်"...အဲဒီလို ဖြစ်လာရင် သိန်းငှက်ဟာ သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်း...
01/12/2024

"သိန်းငှက်ပေါ်ကို တက်ပြီး ကိုက်ရဲတာ ကျီးကန်းပဲ ရှိတယ်"...

အဲဒီလို ဖြစ်လာရင် သိန်းငှက်ဟာ
သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး
ကျီးကန်းကို ပြန်မတိုက်ခိုက်ဘူးတဲ့..

အတောင်ပံကို ဖြန့်ပြီး
မြင့်သထက် မြင့်အောင်
အပေါ်ကို ရောက်အောင် ထပ်ပျံတယ်။

အမြင့် ရောက်သွားတဲ့အခါ
အောက်စီဂျင် နည်းသွားတဲ့ ကျီးကန်းဟာ
သူ့ဟာသူ ပြုတ်ကျ သွားတယ်လို့ ဆိုတယ်။

သိန်းငှက်ဆီက သင်ခန်းစာ ယူပါ။
ကျီးကန်နဲ့ ရန်မဖြစ်ပါနဲ့။
အမြင့်ကိုသာ ဆက်တက်ပါ

ကိုယ့်ကို လာတိုက်ခိုက်သူတွေကို
ပြန် မတိုက်ခိုက်ပါနဲ့
အမြင့်ဆုံးသာ တက်လှမ်းပါ
သူ့ဟာသူ ပြုတ်ကျ ကျန်လိမ့်မယ်။

သတိပြုရမှာက ကိုယ်တိုင်က
သိန်းငှက်လိုမျိုး အမြင့်ပျံနိုင်တဲ့
အရည်အချင်းရှိအောင် ဖြည့်ဖို့လိုပါတယ် ။ ။

crd...

စက္ကူနှင်းပွင့်များ ✳❇
30/11/2024

စက္ကူနှင်းပွင့်များ ✳❇

Address


Telephone

+959454566599

Website

Alerts

Be the first to know and let us send you an email when John Mal Sawm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to John Mal Sawm:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share