Eaindra

Eaindra Online Shopping, Entertainment, Beauty Service

ယိုးဒယား ဒူးနားအဆင်တကွင်းဈေး - 9500
24/03/2023

ယိုးဒယား ဒူးနားအဆင်
တကွင်းဈေး - 9500

ချစ်စရာကောင်းတဲ့ လက်ပြတ်ချုပ်ပုံလေးတွေ❤️Photo credit
08/03/2022

ချစ်စရာကောင်းတဲ့ လက်ပြတ်ချုပ်ပုံလေးတွေ❤️
Photo credit

ကချင်၀မ်းဆက်ချူပ်ပုံလှလှလေးများ😍😍😍crd photo
04/03/2022

ကချင်၀မ်းဆက်ချူပ်ပုံလှလှလေးများ😍😍😍
crd photo

ရိုးရိုးလေးနဲ့လှတဲ့မြန်မာ၀တ်စုံချူပ်ပုံလေးတွေ 😍😍😍Crd Photo
02/03/2022

ရိုးရိုးလေးနဲ့လှတဲ့မြန်မာ၀တ်စုံချူပ်ပုံလေးတွေ 😍😍😍

Crd Photo

Skincare အသုံးပြုပုံ အဆင့်ဆင့်...... (၁) မျက်နှာသစ်ဆပ်ပြာအရင် သုံးပါ။(၂) Toner တခုခု ဆက်လိမ်းပါ။ သန့်စင်တဲ့ ဂွမ်းစနဲ့ လိ...
27/10/2021

Skincare အသုံးပြုပုံ အဆင့်ဆင့်......

(၁) မျက်နှာသစ်ဆပ်ပြာအရင် သုံးပါ။
(၂) Toner တခုခု ဆက်လိမ်းပါ။ သန့်စင်တဲ့ ဂွမ်းစနဲ့ လိမ်းရပါတယ်။
(၃) ပြီးရင် အပေါ်က serums (သို့) gel တခုခုထပ်သုံးပါ။
(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။
(၅) ပြီးရင် နေလောင်ကာ sunscreen ဆက်သုံးချင် သုံးပါ။
(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။

ညပိုင်းအသုံးပြုနည်း

ညဖက် Skincare သုံးတဲ့အခါ နံပါတ်(၄)ထိ အစဉ်တိုင်းသုံးနိုင်တယ်။
ဒါပေမယ့် sunscreen နဲ့ makeup မျိုး လုံးဝမသုံးသင့်ပါ
အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။
အဆီပြန်စေပြီး ဝက်ခြံကို ဖြစ်စေတယ်။

သတိပြုစရာ အချက်များ.......

(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ အခြား skincare တွေဆက်သုံးပါ။
(၂) ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။
(၃) မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် ဘာမှမသုံးဘဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်ပါတယ်။

Skincare ရွေးချယ်နည်း

Skincare သုံးတဲ့ခါ အဆီပြန်တဲ့အသားအရေမှာ ရေဓာတ်အခြေခံ ပစ္စည်း တွေသာ ရွေးချာ်သုံးစွဲသင့်ပါတယ်။
Cream Type တွေ မသုံးသင့်ပါ။(အထူးသဖြင့်နွေရာသီမှာပါ)
မျက်နှာအဆီပြန်တာ ဝက်ခြံထွက်တာပိုဖြစ်နိုင်ပါတယ်။
ခြောက်သွေ့တဲ့အသားအရေအတွက် Moisturizer နဲ့ Serum လိုပစ္စည်းမျိုး သုံးပေးပါ။
အရေပြားခြောက်သွေ့သူဖြစ်ဖြစ်၊ အဆီပြန်တဲ့သူဖြစ်ဖြစ် moisturizer သုံးဖို့လိုအပ်ပါတယ်။
အခုလို လုပ်ပေးမှသာ ရေဓာတ်ပြည့်ဝပြီး ကြည်လင်သန့်ရှင်းတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်နော်

ဝက်ခြံတွေ မထွက်အောင် ဒီသုံးချက်ပဲ နေ့စဉ်လုပ်ဖို့လိုတယ်နော်။😊😊၁။မနက်တစ်ကြိမ် ညအိပ်ခါနီးတစ်ကြိမ် အစိုဓာတ်ကလေးကျန်ခဲ့ပြီး မ...
03/10/2021

ဝက်ခြံတွေ မထွက်အောင် ဒီသုံးချက်ပဲ နေ့စဉ်လုပ်ဖို့လိုတယ်နော်။😊😊

၁။မနက်တစ်ကြိမ် ညအိပ်ခါနီးတစ်ကြိမ် အစိုဓာတ်ကလေးကျန်ခဲ့ပြီး မျက်နှာခြောက်သွေ့မသွားစေတဲ့မျက်နှာသစ် ကောင်းကောင်းလေးသုံးပါ။
(ကောင်းကောင်းလေးဆိုတာ စျေးကြီးတာကို မဆိုလိုဘူးနော် စျေးသင့်ပြီး ကောင်းတဲ့မျက်နှာသစ်လေးတွေ စျေးကွက်ထဲမှာရှိပါတယ်)မျက်နှာသစ်ပြီးတိုင်း ချွေးပေါက်ထဲက အဆီလေးတွေသန့်ဖို့ အရက်ပျံမပါတဲ့ တိုနာလေးသုံးပေးပါ။🥰🥰

၂။ သဘာဝအခြေခံထားတဲ့ Skincare လေးတွေ နေ့စဉ်သုံးပြီး အသားရည်ထိမ်းသိမ်းပါ။

၃။အိပ်ရေးဝအောင် အချိန်မှန်အိပ်ပါ။
ဝမ်းမှန်အောင် အသီး အရွက်များများစားပါ။
အငံ အစပ်နဲ့ အချိုမှုန့်တွေ လျော့စားပါ

အားလုံးပဲ ဝက်ခြံကင်းစင်တဲ့ မျက်နှာလှလှလေးတွေ ပိုင်ဆိုင်နိုင်ပါစေရှင့်။🥰🥰

Pageလေးကို like&followလုပ်ဖို့ မမေ့နဲ့နော်🤗💛

အခြေခံ အသားရေထိန်းသိမ်းနည်းမနက်ပိုင်း မျက်နှာသစ်တိုနာ မဖြစ်မနေစီရမ် (မလိမ်းပဲ ကျော်လို့ရတယ်)Moisture မဖြစ်မနေSunscreen န...
28/09/2021

အခြေခံ အသားရေထိန်းသိမ်းနည်း

မနက်ပိုင်း
မျက်နှာသစ်
တိုနာ မဖြစ်မနေ
စီရမ် (မလိမ်းပဲ ကျော်လို့ရတယ်)
Moisture မဖြစ်မနေ
Sunscreen နေကာ မဖြစ်မနေလိမ်းပါ

ညပိုင်း
သေချာ မျက်နှာကို သန့်စင်ပါ
Double cleansing
မျက်နှာသစ်
တိုနာ မဖြစ်မနေ
စီရမ်
Moisture မဖြစ်မနေ

Eye cream
Lip sleeping mask

တပတ်တခါ Special care

Face scrub
Face mask
Sleeping mask
Clay mask

ကိုယ်နဲ့ သင့်တော်ရာ သုံးရပါမယ်
နာမည်ကြီးတိုင်း လိုက်မဝယ်ပါနဲ့

ဈေးကြီးတိုင်းကောင်းတာမဟုတ်ပါ

ကိုယ့်အသားရေ ကိုယ့်အရေပြားပြသနာနဲ့
ကိုက်ညီတာ ရွေးသုံးပါ

အတင်းထိုးထည့်ရောင်းတဲ့ အလှကုန်
ဘယ်အသားရေမဆို ကြ က်ဉ သရဲလို
ပြောင်ချောစေရမယ်ဆိုတဲ့ အလှကုန်မျိုး
ရှောင်ပါ မရှောင်ပါက မျက်နှာစုတ်ပြီမှတ်

ဟုတ်ကဲ့ ဒီလောက်ပါပဲ

မနက်ပိုင်း နေကာမဖြစ်မနေ လိမ်းရပါမယ်

ညပိုင်း သေချာ သန့်စင်ရပါမယ်

အရမ်းကြွေနေပြီ။အထဲကဖန်အပြင်ကကော်ရေပူရေအေးထည့်သောက်လို့ရတယ်နော်။🥰🥰🥰🥰လက်ဆောင်ပေးမှာနော် 🎁🎁🎁Jelly & proteinbar ကြိုက်ရာတဘူး...
14/09/2021

အရမ်းကြွေနေပြီ။
အထဲကဖန်
အပြင်ကကော်

ရေပူရေအေးထည့်သောက်လို့ရတယ်နော်။
🥰🥰🥰🥰

လက်ဆောင်ပေးမှာနော် 🎁🎁🎁

Jelly & proteinbar ကြိုက်ရာတဘူးဝယ်တာနဲ့ ချစ်စရာရေဘူးလေး လက်ဆောင်ရမှာနော်🎁🎁🎁

♥ဒီနေ့မှာ မင်မင်ကသဘာဝရဲ့အသီးရွက်တွေကနေ သဘာဝဆေးဖက်ဝင်နည်း (မျက်ကွင်းညိုသက်သာ)တဲ့နည်းလေးပြောပြပေးမယ်နော်♥♥အိမ်မှာစားသုံးကြ...
10/09/2021

♥ဒီနေ့မှာ မင်မင်ကသဘာဝရဲ့အသီးရွက်တွေကနေ သဘာဝဆေးဖက်ဝင်နည်း (မျက်ကွင်းညိုသက်သာ)တဲ့
နည်းလေးပြောပြပေးမယ်နော်♥

♥အိမ်မှာစားသုံးကြတဲ့ အသီးရွက်တွေကနေ မင်မင်တို့
သတိမထားမိတဲ့ ဆေးဖက်ဝင်တာတွေအများကြီးရှိတဲ့
အထဲကမှ မင်မင်သိထားတာလေးတွေပြောပြမယ်နော်

🍹မျက်ကွင်းညိုသက်သာနည်း🍹

♥ရေခဲကပ်ခြင်း
-ရေခဲတုံးလေးတွေကို ပလတ်စတစ်အိတ်တစ်ခုထဲ
ထည့်ပြီး မျက်လုံးပေါ်နဲ့မျက်လုံးအောက်ဘက်မှာ
၅ မိနစ်ခန့်တင်ထားပေးပါ။

♥သခွားသီးကပ်ခြင်း🥒
-လတ်ဆတ်တဲ့သခွားသီးကို အဝိုင်းလိုက်လှီးပြီး မျက်လုံး ပေါ်မှာ မိနစ် ၃၀ လောက်တင်ထားပေးပါ။
ဒီနည်းလမ်းက မျက်လုံးတစ်ဝိုက်နားက အညိုအမည်း
တွေကိုသက်သာစေပါတယ်။

♥အာလူးကပ်ခြင်း🥔
-အာလူးကိုပါးအောင်လှီးပြီး ကျေအောင်ချေပေးပါ။
ပြီးရင် အဝတ်စပါးလေးထဲကိုထည့်ပြီး မျက်လုံးပေါ်မှာ
၁၅ မိနစ် လောက်ထားပြီးပြန်ပြီးသန်စင်ပေးပါ။ဒီနည်း
လမ်းကိုလုပ်ပြီးပြီဆိုရင်တော့ Vitamin A နှင့် E ပါတဲ့
Cream ကိုလိမ်းပေးပါ။

♥လက်ဖက်ခြောက်အိတ်ကပ်ခြင်း
-Tea Bag(ရေနွေးအိတ်) ကိုရေနွေးထဲခနစိမ်ပေးပါ။ပြီးရင် မျက်လုံးပေါ်မှာ ၁၅ မိနစ်လောက်
ကပ်ထားပေးပါ။

♥ပူဒီနာရွက်ကပ်ခြင်း
-ပူဒီနာရွက်က မျက်လုံးအောက်မည်းတာနဲ့ မျက်ကွင်းညို တာတွေကိုသက်သာစေပါတယ်။ ပူဒီနာရွက် အနည်းငယ်ကို Blender ထဲထည့်ကျိတ်ပါ။
ငရုတ်ဆုံထဲထည့်ကျိတ်လဲရတယ်နော်။အဓိက ကအရွက်ကျေ သွားဖို့ပဲ။ ကျိတ်လို့ရတဲ့အနှစ်တွေကို
မျက်လုံးပေါ်မှာ ၁၅ / ၂ဝ မိနစ်ခန့်ထားပေးပါ။
ပြီးရင်တော့ရေနဲ့ဆေးချပေးနော်။

‼သဘာဝနည်းလမ်းတွေဖြစ်တာကြောင့် အချိန်ပေးရပါမယ်။ မပျင်းဖို့လဲလိုပါမယ် ။

☂ မျက်ကွင်းညိုတာ လှတာမဟုတ်တဲ့အတွက်ကြောင့်
လှချင်ရင် ငါပိုလှလာရတော့မယ်ဆိုတဲ့စိတ်နဲ့ လိုက်လုပ်ကြည့်ပါနော်☺🤗😚

#ချစ်တဲ့မင်မင်💞
#သဘာဝမျက်ကွင်းညိုသက်သာနည်း

စကင်ကဲနေရဲ့သားနဲ့ ဘာလို့ ဝက်ခြံထွက်နေသေးလဲဆိုတဲ့အသဲတွေ ဖတ်ကြည့်နော်သင့်မျက်နှာပေါ်က ၀က်ခြံတွေက သင့်ရဲ့ ကျန်းမာရေးအခြေအနေက...
03/09/2021

စကင်ကဲနေရဲ့သားနဲ့ ဘာလို့ ဝက်ခြံထွက်နေသေးလဲဆိုတဲ့အသဲတွေ ဖတ်ကြည့်နော်

သင့်မျက်နှာပေါ်က ၀က်ခြံတွေက သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြနေတာ သင်သိပါရဲ့လား

သင့် နှဖူး၊ နှာခေါင်း၊ပါး၊နားနဲ့ မေးစေ့ဝန်းကျင်တွေမှာ ၀က်ခြံတွေ မကြာခဏပေါက်တတ်ပါသလား။ သင့်နှဖူး အပေါ်ဖက် ဆံစတစ်ဝိုက်မှာ ၀က်ခြံပေါက်ခြင်းဟာ သင့်အစာအိမ်ရဲ့ အစာခြေဖျက်မှုစွမ်းအင်နဲ့ သက်ဆိုင်နေပါတယ်။ ၀က်ခြံပျောက်ကင်းစေဖို့ အစာခြေဖျက်အား ကောင်းစေမဲ့ အစားအသောက်တွေ ဖြစ်တဲ့ ဘယ်ရီသီး၊ သံပရာရည်နဲ့ Green Tea တို့ကို များများစားသောက်ပေးဖို့လိုအပ်ပါတယ်။

နှဖူး အောက်ပိုင်း မ်က္ခုံးနားမွာ ၀က်ခြံပေါက်ခြင်းကတော့ ညအိပ်ရာဝင်ချိန်မမှန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ၀က်ခြံပျောက်ကင်းစေဖို့ နည်းလမ်းကောင်းတွေကတော့
စောစောအိပ်ပါ။ ည၁၁နာရီ မတိုင်ခင်အိပ်ရာဝင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ စိတ်ဖိစီးမှုလျှော့ချပါ။ ရုပ်ရှင်ကြည့်ပါ။ တရားထိုင်ပါ။ သို့မဟုတ် ရေကြာကြာချိုးပါ။

နှာခေါင်းမှာ ၀က်ခြံပေါက်ခြင်းကတော့ နှလုံးနဲ့သက်ဆိုင်ပါတယ်။ Blood Pressure နှင့် စိတ်ဖိစီးမှုတို့ကြောင့်ဖြစ်ပါတယ်။ နည်းလမ်းကတော့ အတူတူပါပဲ။ စိတ်ဖိစီးမှုလျှော့ချပါ။ ရေကြာကြာချိုးပါ။
သီချင်းနားထောင်ပါ။ မိမိနှစ်သက်ရာ အပန်းဖြေနည်းတစ်မျိုးမျိုးဖြင့် အနားယူပါ။

မျက်ခုံးတစ်ဝိုက်မှာ ၀က်ခြံပေါက်ခြင်းကတော့ အဆီပါတဲ့ အစားအစာ စားသောက်မှုများခြင်းကြောင့်နဲ့ အရက်သောက်သုံးခြင်းကြောင့်ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဘာတွေကို လျှော့ရမယ်ဆိုတာ သိလောက်မယ်ထင်ပါတယ်နော်။

နားမွာ ၀က်ခြံပေါက်ခြင်းကတော့ ကျောက်ကပ်နဲ့ ဆက်နွယ်နေပါတယ်။ ရေသောက်နည်းခြင်း၊ ဆားနဲ့ ကာဖင်း စားသုံးမှုများပြားခြင်းတို့ကြောင့် ဖြစ်လေ့ရှိပါတယ်။ ၀က်ခြံပျောက်ကင်းစေဖို့ နည်းလမ်းကောင်းတွေကတော့ ရေများများသောက်ပါ။ ဆားနဲ့ ကာဖင်းစားသုံးမှုကို လျှော့ချပါ။

ညာဘက်ပါးပြင်ပေါ်မှာ ၀က်ခြံပေါက်ခြင်းကတော့ အဆုတ်နဲ့ သက်ဆိုင်ပါတယ်။ အရေပြားဓာတ်မတည့်မှု (allergies)၊ ဆေးလိပ်သောက်သုံးခြင်း၊ Respiratory stress တို့ကြောင့် ၀က်ခြံပေါက်ရခြင်းဖြစ်ပါတယ်။

ပါးစပ်နဲ့ မေးစေ့တစ်ဝိုက်မှာ ၀က်ခြံပေါက်ခြင်းကတော့ ၀မ်းချုပ်ခြင်း၊ Fast Food စားသုံးမှုများခြင်းတို့ကြောင့်ဖြစ်ပါတယ်။အမျှင်ပါတဲ့ အသီးအနှံ၊ လက်ဆတ်တဲ့ အသီးအရွက်တွေကို စားသုံးပေးဖို့လိုပါတယ်။

မေးစေ့ ဘေးနှစ်ဖက်ဝန်းကျင်မှာ ၀က်ခြံပေါက်ခြင်းကတော့ ဟိုမုန်းအပြောင်းအလဲ၊ သွေးသားစီးဆင်းလည်ပတ်မှု သို့မဟုတ် ကျောက်ကပ်အလုပ်လုပ်ရ များခြင်းတို့ကြောင့်ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ဘာတွေဘယ်လိုရှောင်ပြီး ဘာတွေ ဘယ်လိုစားသောက်နေထိုင်ရမယ်ဆိုတာ သိလောက်ပြီထင်ပါတယ်ရှင်။
#ကျန်းမာလှပ အမျိုးသမီးဘဝ
Crd #
နောက်ထပ်လည်းအလှအပရေးရာသိရှိရန် မင်မင် သဲလေးတွေ page လေးကို like & follow လေးလုပ်ပေးထားပါနော်😚😚

ဒီတခါမင်မင်က အဆီကျစေမဲ့ Detox water လေးတွေ ကိုယ်တိုင်လုပ်ကြမယ်🤗🤗🤗Detox water ကိုတော့တော်တော်များများသိကြမှာပါ။ ခန္ဓါကိုယ်...
29/08/2021

ဒီတခါမင်မင်က
အဆီကျစေမဲ့ Detox water လေးတွေ ကိုယ်တိုင်လုပ်ကြမယ်🤗🤗🤗

Detox water ကိုတော့တော်တော်များများသိကြမှာပါ။ ခန္ဓါကိုယ်ထဲက အဆိပ်အတောက်ဓါတ်တွေကင်းစင်စေတယ်၊ အလုံးစုံကျန်းမာရေးအတွက်ကောင်းတယ်၊ အဆီကျတယ် စတဲ့ သဘာဝအကျိုးကျေးဇူးတွေကြောင့် လူကြိုက်များကြတာပါ။ ခုခေတ်စားနေတဲ့ အဆီချအစားအသောက်အစီအစဉ်တွေမှာလည်း Detox water မပါလို့မဖြစ်ပါဘူး။

သူက ဘာတွေထူးခြားနေလို့များလဲ။ ရေဓါတ်တော့အပြည့်အဝရမှာသေချာတယ်။ရေနဲ့စိမ်ထားရတာကိုး။ အမှန်တော့ Detox water ဟာ ခန္ဓါကိုယ်ထဲက အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓါတ်တွေမှန်သမျှကို ကင်းစင်စေတဲ့အပြင် ဝိတ်ချဖို့အစားဆင်ခြင်နေရချိန်မှာ ကျန်းမာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေဖြည့်တင်းပေးနိုင်တဲ့သောက်စရာတစ်ခုဖြစ်ပါတယ်။ အဆီကျလို့ ပိုလည်းလှစေ၊ ခွန်အားလည်းပြည့်စေနိုင်စွမ်းရှိပါတယ်။

Detox water ဘယ်လိုလုပ်ရလဲ

သူများဆီက ဝယ်သောက်ရတာDetox water ကနည်းနည်းဈေးကြီးပါတယ်။ပြုပြင်စီမံထားခြင်းမရှိ၊ တာရှည်ခံဓါတုပစ္စည်းမပါဝင်ဘဲ သဘာဝပစ္စည်း၊ အသီးအရွက်တွေနဲ့ပြုလုပ်ထားတာဖြစ်လို့ organic သို့မဟုတ် homemade စသည်ဖြင့် အာမခံပြီးဈေးကောင်းကောင်းနဲ့ရောင်းကြပါတယ်။ အွန်လိုင်းမှာလည်းရောင်းချနေတာဆိုတော့ အိမ်အရောက်ပို့ခနဲ့ဆို ပိုတောင်ကုန်ဦးမယ်။

ဒါဆို အဆီကျကျစ်လျစ်ချင်လို့ အစားလျှော့ Diet လုပ်နေတဲ့ လေဒီတွေနဲ့ အားကစားလုပ်နေတဲ့သူတွေအတွက် အသုံးတည့်မယ့်Detox water ကို အိမ်မှာကိုယ်တိုင်လုပ်ကြမလား။ အချိန်လည်းမကုန်ဘူး၊ငွေလည်းမကုန်ဘူး၊ လွယ်လွယ်လေးရယ်။

Detox water လုပ်မယ်ဆိုရင် သိထားရမယ့်အချက်တွေက

အသီးစိမ်ဖို့ တစ်လီတာခွဲဆံ့ အဝကျယ်ဘူးကြီးတစ်ခု သို့မဟုတ် ကရားတစ်ခုတော့လိုပါမယ်။
အသီးတွေအရင်ထည့်ပြီးမှ ရေ(ရေခဲရေပိုကောင်း) အပြည့်ထည့်၊ ရေခဲသေတ္တာထဲ ထည့်ထားရတာဖြစ်ပါတယ်။
အရသာလုံးဝပျောက်မသွားသေးသရွေ့ နှစ်ကြိမ်၊ သုံးကြိမ်အထိ ရေပြန်ဖြည့်ပြီးစိမ်သောက်လို့ရပါတယ်။ရေခဲသေတ္တာထဲမှာမဟုတ်ရင်တော့ အသီးတွေလတ်ဆတ်နေမှာမဟုတ်ဘဲ ပုပ်သွားနိုင်ပါတယ်။
တစ်ခါစိမ်ပြီးရင် ၃-၄ ရက်အတွင်းသောက်တာ အကောင်းဆုံးပါပဲ။ အကြာကြီးမထားပါနဲ့။
ခါးသက်သက်အရသာ မပါစေချင်ရင် အချဉ်သီးတွေကို အခွံခွာထည့်ပါ သို့မဟုတ်လေးနာရီကျော်ရင် အခွံပါတဲ့အသီးတွေကို ဖယ်လိုက်ပါ။
အလွယ်ဆုံးDetox Water လုပ်နည်း (၆) မျိုး

(၁) Apple Cinnamon Honey Detox Water (ပန်းသီး၊ပျားရည်၊သစ်ကြံပိုးခေါက် )

ပန်းသီးတစ်လုံးကို အူတိုင်နဲ့အစေ့ဖယ်ပြီး ပါးပါးလှီးပါ
သစ်ကြံပိုးခေါက် တစ်ချောင်း(အမှုန့်မထည့်ရပါ)။
ပျားရည်စစ်စစ် နှစ်ဇွန်း။

(၂) Slim Down Detox Water (အဆီက်Detox)

သံပရာသီးတစ်ခြမ်း
သံပရိုသီးတစ်ခြမ်း
ဂရိတ်ဖရုသီး တစ်ခြမ်း
သခွားသီးတစ်လုံး ကိုအကွင်းလှီးပါ။

(၃) Watermelon Strawberry Mint Detox Water (ဖရဲသီး၊စတော်ဘယ်ရီ )

ဖရဲသီးတစ်စိတ်ကို အတုံးလေးတွေလှီးပါ။
စတော်ဘယ်ရီ ငါးကျပ်သားလောက်ကို တစ်ခြမ်းစီခြမ်းထားပါ။
ပူစီနံရွက် ၆ ရွက် (အနံ့ထွက်ရုံလောက်လေး လက်နဲ့ဖွဖွချေလိုက်ပါ)

(၄) Cucumber Lemon Basil Water (သခွားသီး၊သံပရာ၊ပင်စိမ်း)

သခွားသီးအရွယ်တော်တစ်လုံးအကွင်းလှီးပါ
သံပရိုသီးနှစ်စိတ်
ပင်စိမ်းရွက် သုံးရွက်

(၅) Strawberry Lemon Mint Detox Water (စတော်ဘယ်ရီ၊သံပရို)

သံပရိုသီးတစ်လုံးကို ပါးပါးအကွင်းလှီးပါ
စတော်ဘယ်ရီ ၁၅ လုံးကိုလေးစိတ်စီစိတ်ပါ
ပူစီနံရွက် ၅ ရွက်

(၆) Citrus Mint Detox Water (ဗီတာမင်စီ အသီးစုံ)

(အဆီကျမြန်စေနိုင်တဲ့ Detox အချိုးအစား ဖြစ်လို့ အစာအိမ်ရောဂါရှိသူတွေ မသင့်တော်ပါ)

ပါးပါးကွင်းလှီးထားတဲ့ သံပရာသီး ၃ လုံး
သံပရိုသီး တစ်လုံး
ပူစီနံ ၁၅ ရွက်ခန့်
ပုံမှန်စားသုံးနေကျ အသီးအနှံတွေနဲ့ပဲ ကိုယ်တိုင်ပြုလုပ်တာဖြစ်တဲ့အတွက် သန့်ရှင်းမှုနဲ့လတ်ဆတ်မှုကို ပိုစိတ်ချရပါတယ်။ ဒါကတော့ အလွယ်ဆုံးနည်းလေးတွေဖြစ်လို့ ကိုယ့်နှစ်သက်ရာ အချိုမများတဲ့၊ အမှည့်မလွန်တဲ့ အသီးအနှံတွေလည်း ထပ်ပေါင်းထည့်လို့ရပါတယ်။ စစိမ်တည်းက တစ်ခါတည်းအတူထည့်ဖို့တော့လိုပါတယ်။
crd
နောက်ထပ်လည်းအလှအပရေးရာ သိရှိရန် မင်မင်သဲလေးတွေ
like& follow လေးလုပ်ပေးထားပါနော်😘😘😘

😊 ဒီတခါ မင်မင်ကတော့ မျက်နာဘယ်လိုသစ်လည်း Skincare တွေကို မှန်မှန်ကန်ကန် ဘယ်လိုလိမ်းရလည်းဆိုတာလေးတွေကို မျှဝေပေးပါမယ်နော်👌...
28/08/2021

😊 ဒီတခါ မင်မင်ကတော့ မျက်နာဘယ်လိုသစ်လည်း Skincare တွေကို မှန်မှန်ကန်ကန် ဘယ်လိုလိမ်းရလည်းဆိုတာလေးတွေကို မျှဝေပေးပါမယ်နော်👌

အဆင့် 1️⃣ : Make up တွေသေချာဖျက်ပါ
- make up တွေ eye shadow တွေ eye liner တွေကို နေ့စဉ် သေချာမဖျက်ပေးရင် အညစ်အကြေးတွေ တဖြည်းဖြည်း စုလာပြီး အမဲစက်တွေ အသားအရောင်မညီညာတာတွေဖြစ်ပေါ်လာပါတယ်
- Cotton Pad လေးသုံးပြီး make up remover လေးနဲ့သေချာဖျက်ပေးပါ
- မျက်နာ (ပါး, မေးစေ့နဲ့နဖူး)အတွက် တစ်မျိုး , မျက်လုံးနဲ့နှုတ်ခမ်းအတွက် တစ်မျိုး သီးသန့်သုံးပေးတာပိုကောင်းပါတယ်, မျက်နာအတွက်က နူးညံ့ပြီး အရမ်းမပြင်းတဲ့ remover တွေက အသားအရေမထိခိုက်စေဘဲ, မျက်လုံးသီးသန့်က waterproof eye liner တွေ mascara တွေအတွက်ပိုပြောင်စေပါတယ်, သေချာမပြောင်ခဲ့ရင် အမဲစက်တွေထွက်တတ်လို့ပါနော်။

အဆင့် 2️⃣ - မျက်နာသစ်
- ရေနွေးနွေးလေးနဲ့ဘဲမျက်နာသစ်ပါ
- မျက်နာသစ်ဆေးကို အမြှုပ်ထအောင်လက်ထဲမှာပွတ်ပြီးမှ မျက်နာပေါ်သစ်ပေးပါ
- 15 ချက်လောက်မျက်နာကိုသာသာလေးစက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ
- ရေနဲ့သစ်ချပြီး ခြောက်အောင်ပွတ်ပြီးမသုတ်ပါနဲ့, facial tissue (သီးသန့်လာပါတယ်) လေးနဲ့ မျက်နာကို သာသာလေးဖိပြီး ရေစုပ်သွားအောင်ဘဲ ဖိပေးပါ
- ရေအေးအေးလေးနဲ့ အခါ ၂၀ လောက်ရေခွက်ထဲကနေလက်ခုပ်လေးနဲ့ ပုတ်ပြီး သစ်ပေးပါ။

အဆင့် 3️⃣ - တိုနာလိမ်း
- Toner လိမ်းရင် လက်နဲ့ပုတ်ပုတ်ပြီးမလိမ်းပါနဲ့, Cotton pad ( ဂွမ်း) လေးနဲ့ဘဲသုတ်ပြီးလိမ်းပေးပါ
- Toner ကို Cotton Pad ပေါ်မှာများများလေးတင်ပေးပါ, ဂွမ်းတစ်ခုလုံးစိုနေအောင်ထည့်ပြီး မျက်နာကို cotton pad လေးနဲ့ သာသာလေးပွတ်ပေးပါ
- တစ်မျက်နာလုံး အနံ့သုတ်ပြီးရင် လက်ဖဝါးလေးနဲ့ သာသာလေးမျက်နာကိုပုတ်ပေးပါ။

အဆင့် 4️⃣ - Essence/ Serum လိမ်း
- skin care ဆက်လိုက်မှာ ဈေးအမြင့်ဆုံးနဲ့ အသိသာဆုံးက Essence/ serum ပါ
- Essence ကိုအရင်ဆုံးလက်ဖဝါးပေါ်တင်ပြီးပြီး လက်ထိပ်လေးနဲ့ နှဖူး, ပါးနှစ်ဖက်, နှာခေါင်းနဲ့မေးစေ့ ကိုတို့ပေးပါ (လက်သူကြွယ်သုံးပါ, သူက လက်ချောင်းတွေထဲမှာအနုဆုံးမို့ပါ)
- လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံစံ သာသာလေးနှိပ်ပြီးပွတ်လိမ်းပေးပါ ( အမဲစက်တွေတင်းတိတ်တွေရှိတဲ့နေရာကိုပိုပွတ်ပေးပါနော်)
- နောက်ဆုံးကျရင် လက်ဖဝါးနှစ်ဖက်နဲ့ပါးနှစ်ဖက်ကို “V” ပုံစံ အုပ်ပြီးသာသာလေးဖိပေးပါ ( လက်ဖဝါးက အနွေးဓာတ်လေးတွေက Essence ကိုစုပ်ယူမှုအားပိုကောင်းစေပါတယ်နော်။

အဆင့် 5️⃣ - နို့ရည်/Cream
- နို့ရည်လိမ်းရင် အဆီပြန်တယ်, ပူတယ်ဆိုတာမဟုတ်ပါဘူးနော် ( ကိုယ်နဲ့မသင့်တော်လို့ဖြစ်တာပါ)
- အသားခြောက်တဲ့သူဆိုရင် အဆီဓာတ်ပိုပါတဲ့ နို့ရည်လေးတွေနဲ့ပိုသင့်တော်ပြီး
- အဆီပြန်တဲ့သူဆိုရင် ရေဓာတ်ပိုပါတဲ့ moisturizer လေးတွေသုံးသင့်ပါတယ်
- combination skin type ဆိုရင်တော့ ရာသီဥတုနဲ့လိုက်ပြီး ရွေးချယ်သုံးသင့်ပါတယ်
- နို့ရည်လိမ်းရင် လက်ထိပ်နဲ့မဟုတ်ဘဲ လက်ချောင်းလေးနဲ့လိမ်းရင်ပိုကောင်းပါတယ်
- မျက်လုံးထောင့်, နာခေါင်းတစ်ဝိုက် နှာခေါင်းထောင့်တွေလည်းသေချာလိမ်းပေးပါ, လည်ပင်းပါတောက်လျှောက်လိမ်းပေးပါ။ ( လည်ပင်းက ပင်ကိုယ်အဆီထွက်နှုန်းအရမ်းနည်းလို့ အရေးအကြောင်းပေါ်ထွက်တာပိုမြန်လို့ပါ)

အဆင့် 6️⃣ - Sunscreen/ sunblock ( နေ့ပိုင်း)
- တင်းတိတ် အမဲစက် ထိထိရောက်ရောက်ကာကွယ်ဖို့အတွက်ပါ, အရမ်းအရေးကြီးပါတယ်နော်
- sunscreen ကိုလောက်အောင်သုံးပေးပါ, ပြီးပြီးရော လိမ်းတယ်ဆိုရုံလောက်နဲ့မထိရောက်ပါဘူး
- တစ်ခါလိမ်းရင် ကြွေပြားစေ့တစ်စေ့စာပမာဏလိမ်းပေးပါ ( 30ml ပါတဲ့ဘူးကို တစ်လကျော်လောက်အပြီးလိမ်းပေးရင်လုံလောက်ပါတယ်)
- အပေါ်ကမှ ကိုယ်ကြိုက်ရာ မိတ်ကပ် သနပ်ခါးလိမ်းလို့ရပါပြီနော်...

ကယ်... ဒါလေးတွေကတော့ မျက်နာလေးကိုဘယ်လိုသေချာထိန်းသိမ်းရမလည်းဆိုတဲ့ အခြေခံသုံးနည်းလေးတွေပါ...

သေချာလေး ဂရုစိုက်ပြီး လိမ်းပေးနိုင်ရင် ပါတဲ့အာနိသင်က ထိရောက်ပြီး ပိုတောင်သိသာနိုင်ပါတယ်နော်...

အမြဲ ပို၍ပို၍ နုပျိုလှပကြပါစေ😘😘😘
#
နောက်ထပ်လည်း အလှအပရေးရာလေးတွေသိရှိရန်မင်မင် အသဲလေးတွေ page ကို like & follow လုပ်ပေးပါနော်😘

🙆‍♀️ဒီတခါ မင်မင်ရဲ့အသဲလေးတွေအတွက်ဝက်ခြံဘာလို့ ခဏခဏပြန်ထွက်တာလဲ??? #အိပ်ရေးဝအောင် မအိပ်ခြင်း #လေ့ကျင့်ခန်းမလုပ်ခြင်း #နို...
27/08/2021

🙆‍♀️ဒီတခါ မင်မင်ရဲ့အသဲလေးတွေအတွက်ဝက်ခြံဘာလို့ ခဏခဏပြန်ထွက်တာလဲ???

#အိပ်ရေးဝအောင် မအိပ်ခြင်း
#လေ့ကျင့်ခန်းမလုပ်ခြင်း
#နို့ထွက်ပစ္စည်း စားသုံးမူများခြင်း
#အရက်၊ဘီယာ ကြိုက်နှစ်သက်ခြင်း
#ရေသောက်နည်းခြင်း
#စိတ်ဖိမူများခြင်း
#မျက်နှာကို ခဏခဏကိုင်ခြင်း
#ဝက်ခြံညှစ်တတ်သော အကျင့်ရှိခြင်း
#မသန့်စင်သောလက်ဖြင့် မျက်နှာကိုခဏခဏကိုင်ခြင်း
#တာရှည်ခံအစားအစာများ စားသုံးခြင်း .....

အဲ့တာလေးတွေကိုယ်လုပ်တတ်တယ်ဆိုရင် ရှောင်ကြဉ်ပါ💁‍♀️..

သဲလေးတို့အားလုံးကို သိသလောက်ဝေမျှပေးတာပါ😍...
လူတိုင်းဖြစ်တတ်တဲ့အရာလေးတွေမို့ မှတ်ထားစေချင်ပါတယ်နော်....😁😍
ဘာလို့ဒါတွေဖစ်နေတာလဲ?ဘာတွေရှောင်ကြဉ်သင့်လဲ?ဘာတွေမလုပ်သင့်ပူးလဲဆိုတာ ပြောပြပီးပီနော်💯💯💯
Crd #
နောက်ထပ်လည်းအလှအပရေးရာသိရှိရန် မင်မင် သဲလေးတွေ page လေးကို like & follow လေးလုပ်ပေးထားပါနော်😚😚

Oily Skin(အဆီပြန်အသားအရေ)           အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေက ပုံမှန်ထက်ပိုတဲ့ အဆီဂလင်းတွေ ပိုင်ဆိုင်ထားလို့ လေထု...
26/08/2021

Oily Skin(အဆီပြန်အသားအရေ)
အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေက ပုံမှန်ထက်ပိုတဲ့ အဆီဂလင်းတွေ ပိုင်ဆိုင်ထားလို့ လေထုထဲက အညစ်အကြေးတွေနဲ့ ပေါင်းစပ်မိရင် ဝက်ခြံတွေဖြစ်စေနိုင်တယ်။အခုလိုနွေရာသီမှာ အဆီပြန်လွန်းတဲ့ အသားအရေပိုင်ရှင်တွေအတွက်တော့ အရမ်းစိတ်ရှုပ်စရာဖြစ်နေမှာမဟုတ်လား?။ ပူ က ပူ၊ လိမ်းထားတဲ့ မိတ်ကပ်တွေကလဲ အဆီပြန်လွန်းတော့ ချွေးထွက်စေပြီး မိတ်ကပ်တွေ ကွက်နေမှာက အင်မတန် ရုပ်ဆိုးစေတယ်။

အဆီပြန်တတ်သူတွေအတွက် အခု အရင်ဆုံး Skin Careနည်း မျှဝေပေးပါမယ်။ Makeup လိမ်းနည်းလေးပါပြောပြပေးမယ်နော်။😉

Skin Careနည်း
Cleansing သေချာလုပ်ပေးပါ။Cleansing မလုပ်ပဲနေမယ်ဆိုရင် အဆီပြန်ရာကနေ အဆီဖုတွေဝက်ခြံတွေ ထွက်လာစေနိုင်လို့ပါ။ အစမှာကတည်းက ဂရုမစိုက်ရင် အရေပြား နောက်ဆက်တွဲပြဿနာ တွေ ထပ်ဖြစ်လာစေနိုင်တယ်။

မျက်နှာသစ်ရွေးမယ်
မျက်နှာသစ်ဆေးရွေးတဲ့အခါ Oily Skin ပိုင်ရှင်တွေက Oil Free,Oil Control,Salicylic Acidတို့ ပါတာမျိုးတွေဝယ်သုံးပေးလို့ရပါတယ်။

Scrub
တစ်ပါတ် နှစ်ခါ Scrub လုပ်ပေးရင် အကောင်းဆုံးပါ။
Scrubလုပ်တဲ့အခါမှာလဲ အဆီပြန်တတ်တဲ့အသားအရေပါလို့ မေးဝယ်လို့ရပါတယ်။Scrub လုပ်တဲ့ ပစ္စည်းတွေ အလှကုန်ဆိုင်တိုင်း ရရှိနေပါပြီ။မင်မင်က Oily Skin မဟုတ်တော့ ဘာ Scrub သုံးရမယ်ဆိုတာ အာမမခံ ပေးနိုင်လို့ပါနော်။ မေးဝယ်ရင်အဆင်ပြေပါတယ်။ သတိထားရမဲ့အချက်က Scrub လုပ်တဲ့အခါ မျက်နှာကို ဖွဖွလေးပဲ ပွတ်ပေးရပါမယ်။

Mask
Clay Mask သုံးပေးရင်အကောင်းဆုံးပါ။ Mask ကိုရမ်း မကပ်သင့်ပါ။ Clay Mask ဆိုတာ(ရွှံ့စေး)Maskခေါ်တာပါ။ဆိုင်တွေမှာ မေးဝယ်လို့ရပါတယ်။
Black Clay Mask ဆိုပြီးမေးဝယ်လဲရပါတယ်။

မျက်နှာချေးချွတ်ပေးပါ
တစ်ပါတ် နှစ်ကြိမ်လုပ်ပေးပါ။ မျက်နှာချေးချွတ်ဆေးနဲ့ ဖွဖွလေး ပွတ်ပေးရင် ချေးတွေထွက်လာပြီး
မလိုအပ်တဲ့ ဆဲလ်သေတွေ၊ ဖုန်မှုန့်တွေ ထွက်လာပြီး ဝက်ခြံဖြစ်ပေါ်ခြင်းကို လျော့ကျစေပါတယ်။

Toner
Alcohol free tonerတွေကို အမြဲသုံးပေးရင်အရေပြားတွင်းမှ အလွန်အကျွံအဆီထုတ်ခြင်းကို Control ပေးနိုင်ပါတယ်။

Moisturizer Cream
တချို့က အဆီပြန်လို့ moisturizer မသုံးဘူးလို့ပြောကြတယ်။ ဒါလုံးဝမှားပါတယ်။moisturizer ဆိုတာက ရေဓာတ်ဖြည့်ပေးတာကိုခေါ်ပါတယ်။ အဆီပြန်သူတွေက Oil Free Moisturizer,Gel Moisturizer စတာတွေသုံးပေးလို့ရပါတယ်။ Moisturizer Stepကို မချန်ခဲ့ပါနဲ့။

အစားအသောက်ရွေးစားမယ်
ရေများများသောက်ပါ။ Detox Water နေ့တိုင်းသောက်ပေးပါ။Detox Waterသောက်ရင် ရေသောက်စရာမလိုပါ။ပန်းသီး စပျစ်သီး တွေကို ရေထဲစိမ်ပြီး သောက်ရင်လဲ ရပါတယ်။ တစ်ရက်ကိုအသီးအနှံတစ်ခုခုပုံမှန်စားပေးပါ။နေရောင်ခြည်ဒဏ် မှ ကိုယ့်ကိုကိုယ်
ကာကွယ်ပါ။

ဒီအချက်လေးတွေကတော့ မင်မင် သိသလောက် မျှဝေပေးတာပါ။အဆီပြန်တတ်တဲ့ သူငယ်ချင်းတွေ ဆီကလဲ အကြံဥာဏ်တွေယူပြီး မျှဝေထားခြင်းဖြစ်ပါတယ်။တကယ်လဲ ထိရောက်စေနိုင်တဲ့ Skin Careနည်းလေးပါနော်။

Makeup ရောဘယ်လိုလိမ်းကြမလဲ

Toner
အရင်ဆုံးလိမ်ပေးပါ။ Toner အကြောင်း အထက်မှာပြောခဲ့ပြီးပြီနော်။

Primer (နို့ရည်)
Oil Control Primer(or) ချွေးပေါက်ကျဉ်းစေတဲ့ Primer သုံးပေးပါ။

Foundation (မိတ်ကပ်အောက်ခံရည်)
ဒါက သတိထားရမဲ့အချက်ပါ။အဆီမပါတဲ့ Foundationကိုပဲ သုံးပေးရပါမယ်။ အခုခေတ်စားနေတဲ့ Glow စေနိုင်တဲ့ Foundationတွေ၊ ပြောင်လက်နေစေတဲ့ Cosmetic တွေ လုံးဝမသုံးပါနဲ့ matte type foundation တွေကိုသာသုံးပေးပါ။ Maybelline Fit me သုံးပေးလဲရပါတယ်။ဒါတွေက အဆီပြန်တဲ့သူတွေအတွက်အကောင်းဆုံးပါ။

Powder (ပေါင်ဒါမှုန့်)
ဒီအဆင့်မကျော်ပါနဲ့။ပေါင်ဒါမှုန့်ဆိုရင်brushနဲ့ယူပြီးမျက်နှာမှာပါးပါးလေးဆွဲလိမ်းပေးပါ။ makeup ခြောက် (သို့) 2way makeup သုံးမယ်ဆိုရင်လဲ brush လေးနဲ့ယူပြီးပါးပါးလေးပုတ်ပြီးလိမ်းပေးပါ။

Eye brow(မျက်ခုံးဆွဲ)
ကိုယ်နဲ့လိုက်ဖက်စေနိုင်တဲ့မျက်ခုံးပုံစံကို ကိုယ်သာအသိဆုံးပါ။ ဒါပေမဲ့မျက်ခုံးဆွဲတဲ့အခါGel type တွေရှောင်ပြီး powder type eye shadow သုံးပေးတာ ပိုအဆင်ပြေပါတယ်။

Blusher (ပါးနီ)
Blusher ရွေးရင် powder type ကိုပဲရွေးပါ ပါးနီအရည်တွေမသုံးပေးပါနဲ့ peach colour လေးတွေလှပါတယ်။ပါးနီလိမ်းရင်မျက်နှာကိုအရင်ပြုံးပြီးပါးပေါ်ကနေ နားရွက်ဘက် brush နဲ့ ဖွဖွ ဆွဲလိမ်းပေးပါ။ အဆီပြန်တတ်လို့ golw စေတာ တွေရှောင်ပါ

Mascara(မျက်တောင်ကော့မယ် )
ပုံမှန် သုံးနေကြ mascra သုံးလို့ရပါတယ် မလိုအပ်ပဲမျက်တောင်အတုတပ်တာတွေရှောင်ပါ သဘာဝဆန်ဆန်ဆိုပိုလှပါတယ်။

Makeup Fixing Spray (မျက်နှာဖြန်းဆေး)
ဒါကမိတ်ကပ်တစ်နေ့လုံးကြာရှည်ခံစေပါတယ်။ အဆီပြန်တဲ့အသားအရေတွေအတွက် အထူးထုတ်လုပ်ထားတဲ့အမျိုးအစားသေချာရွေးဝယ်ပါ။ ဒါလေးကမိတ်ကပ်တွေအားလုံးပြင်ပြီးရင်မျက်နှာကိုနှစ်ခါလောက်ဖြန်းပေးလိုက်ရုံပါ။

Lipstick (နှုတ်ခမ်းနီ)
နှုတ်ခမ်းနီကိုတော့ကိုယ်နဲ့လိုက်ဖက်စေတဲ့အရောင်ဆိုးပေးလို့ရပါတယ်
..Makeup ထူထူမလိမ်းပါနဲ့။ ..Eyeshadow ကိုလဲ ပုံမှန်လေးပဲခြယ်ပါ။..အဆီစုတ်စက္ကူအမြဲဆောင်ထားပါ။..အဆီပြန်လာရင်အသုံးပြုနိုင်ပါတယ်။..နေ့တိုင်းရေခဲတုံးနဲ့ မျက်နှာကိုပွတ်ပေးရင်တော့
အကောင်းဆုံးပါ။

ကဲ.......ဒါကတော့မင်မင်သိသလောက်သေချာလေး လေ့လာစုဆောင်းပြီး မျှဝေပေးတာပါ။

အားလုံးပဲအဆီပြန်ခြင်းကင်းဝေးပြီး လှပတဲ့မျက်နှာလေးတွေ ပိုင်ဆိုင်ကြပါစေရှင်💟 သူငယ်ချင်းတွေသိအောင်လဲ မျှဝေပေးလိုက်ပါနော်💕💕💕

နောက်ထပ်လည်းအလှအပရေးရာတွေသိရှိရန် page လေးကို Follow &like လေးလုပ်ထားပါနော်😘😘

Hello 👋🏻👋🏻👋🏻မင်္ဂလာနေ့လည်ခင်းလေးပါရှင့် 🥰🥰🥰မင်မင်ရဲ့ ကာကာလေးတွေအတွက် ဗဟုသုတဖြစ်စေမဲ့ နောက်ထက်အကြောင်းရာလေး တစ်ခုကို ဝေမျ...
18/08/2021

Hello 👋🏻👋🏻👋🏻

မင်္ဂလာနေ့လည်ခင်းလေးပါရှင့် 🥰🥰🥰

မင်မင်ရဲ့ ကာကာလေးတွေအတွက် ဗဟုသုတဖြစ်စေမဲ့ နောက်ထက်အကြောင်းရာလေး တစ်ခုကို ဝေမျှပေးလိုက်ပါတယ်ရှင့် 👋🏻✌🏻👍🏻❤️

အကြောင်းရာလေးကို မဖက်ခင် မင်မင်ရဲ့ Page လေးကို Like & Follow လေး လုပ်ထားပေးပါအုံးရှင့် 🙏🏻👍🏻✌🏻❤️

Skin Care ဆိုသည်မှာ.....

✅ကျွန်မတို့ နေ့တိုင်းပုံမှန်ထမင်းစားရသလိုပါ
အသားရေကိုလည်း နေ့တိုင်းပုံမှန်Skin Careရပါမည်

❌ထမင်းကို ၄ရက်စားလိုက် ၄ရက်မစားလိုက် ပုံမှန်မစားပါက အစားအိမ်စသောကျန်းမာရေးထိခိုက်စေသလို
❌အသားရေကောင်းစေဖို့ Skin Careကိုလည်း ၄ရက်လိမ်းလိုက် မလိမ်းလိုက် မပြုလုပ်သင့်ပါ

✅Skin Careဆိုသည်မှာ အသားရေကိုထိန်းသိမ်းခြင်းဖြစ်သည်

❌Skin Careလိမ်းလိုက်လို့ ချက်ချင်းအသားရေကောင်းသွားခြင်းမဟုတ်ပါ
❌အသားရေမြန်မြန်ကောင်းစေဖို့ Skin Careကိုပုံမှန်ထက်များများလိမ်းခြင်းမပြုလုပ်သင့်ပါ

✅Skin Careလိမ်းသောအခါ အရေးကြီးအဆင့်က မျက်နှာသန့်ရှင်းမူဖြစ်ပါသည်

❌မျက်နှာကိုသန့်ရှင်းမူမရှိပါက Skin Careကိုလိမ်းခဲ့လျှင် အဆီဖု ,ဝက်ခြံစသောပြသနာတွေ့ရှိနိုင်သည်

✅Skin Careကိုသုံးပြီး အသားရေကောင်းမွန်ဖို့ ကိုယ်ရဲ့အစားသောက်ပိုင်း နေထိုင်မူပိုင်းအစဂရုစိုက်ရပါမည်

❌အမြဲရှယ်စပ်သောအစားစားခြင်း ,ရာသီမမှန်,အိမ်ရေးမမှန်မူ အစ ...... အသားရေပျက်စီးမူအတွက်အားပေးမူဖြစ်သည်

✅အဆီပြန်,ဝက်ခြံရှိသူအတွက် Skin Careစလိမ်းဖို့ အသားရေသန့်ရှင်းမူနှင့် ရေဓာတ်ဖြည့်Maskအရင်သုံးသင့်သည်

❌အဆီပြန်သူအတွက် Skin Careလက်ခံနိုင်စွမ်းနည်းသောအခါ Maskအရင်မသုံးဘဲ Skin Careဖိလိမ်းပါကအဆီဖုထွက်တတ်ပါသည်

✅ မတူသောအသားရေမတူသောSkin Care သုံးနည်းပါရှင့်



သာယာပျော်ရွှင်စရာကောင်းသော နေ့လည်ခင်းလေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့် 🙏🏻🙏🏻🥰✌🏻❤️

Hello 👋🏻👋🏻👋🏻မင်မင် ချစ်ရသော ကာကာလေးတွေအတွက် နောက်ထက် ဗဟုသုတဖြစ်စေမဲ့ အကြောင်းရာလေးတစ်ခုကို ဝေမျှပေးလိုက်ပါတယ်ရှင့် ✌🏻✌🏻❤...
17/08/2021

Hello 👋🏻👋🏻👋🏻

မင်မင် ချစ်ရသော ကာကာလေးတွေအတွက် နောက်ထက် ဗဟုသုတဖြစ်စေမဲ့ အကြောင်းရာလေးတစ်ခုကို ဝေမျှပေးလိုက်ပါတယ်ရှင့် ✌🏻✌🏻❤️❤️

ဒီလိုဗဟုသုတ ဖြစ်စေမဲ့ အကြောင်းရာတွေနှင့် မင်မင်ရဲ့ Products အကြောင်းရာများကို စိတ်ဝင်စားတယ်ဆိုရင် မင်မင်ရဲ့ Page လေးက်ု Like & Follow လေးလုပ်ခဲ့ပေးပါအုံးရှင့် 🙏🏻🙏🏻❤️❤️

ဝက်ခြံနဲ့ပတ်သက်ပြီး skincare အပြင် တခြားဘာတွေ ဂရုစိုက်သင့်လဲဆိုတာ ပြောပြပေးမယ်နော်။

တချို့ဆိုရင် skincare ဘာလိမ်းလိမ်း ဝက်ခြံမသက်သာဘူးဆိုတဲ့ လေဒီလေးတွေအတွက် ဟန်နာတို့ Daily lifestyle မှာ သတိမထားမိဘဲ လုပ်မိတတ်တဲ့ အမှားလေးတွေနဲ့ ပြင်ဆင်သင့်တဲ့ Diet ပုံစံကိုပဲ ရေးပေးထားပါတယ်။

Skincare အကြောင်းကိုတော့ နောက်မှ ပုံနဲ့တကွ ပြောပြပေးပါ့မယ်။ 😍

အရင်ဆုံး lifestyle နဲ့ ပတ်သက်ပြီး ပြောပြပေးမယ်နော်။

ဝက်ခြံပေါက်ရတဲ့ အကြောင်းတွေထဲမှာ ဟန်နာသိသလောက်တော့

🧚🏻‍♀️ အဆီပြန်လို့၊ မျက်နှာသေချာမသစ်လို့ ဝက်ခြံပေါက်တာ အဖြစ်များတယ်။

🧚🏻‍♀️ ပြီးသွားရင် stress တွေ များတာကြောင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ negative hormone တွေကို ထွက်စေလို့ ဝက်ခြံပေါက်ရတယ်။

🧚🏻‍♀️ မိန်းကလေးတွေဆိုရင် hormonal imbalance အဖြစ်များတဲ့ ဓမ္မတာလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ မိခင်နို့တိုက်ချိန်တွေ၊ သွေးဆုံးခါနီးနဲ့ သွေးဆုံးချိန်တွေမှာ ဝက်ခြံဖြစ်တတ်တယ်။

🧚🏻‍♀️ ပတ်ဝန်းကျင်က မသန့်ရှင်းတာမျိုး ဥပမာ - မျက်နှာသုတ်ပဝါတွေ ညစ်ပတ်နေတာ၊ သုံးတဲ့ skin care တွေ ဒိတ်လွန်နေတာ၊ အပြင်မှာဆို ဖုန်တွေကပ်ပြီး မျက်နှာပေါ်က အဆီနဲ့ ရောသွားတော့ ဘက်တီးရီးယားတွေ ပွားပြီး ဝက်ခြံပေါက်တတ်တယ်။

🧚🏻‍♀️ Mask အကြာကြီး တပ်နေရင်လည်း ဖြစ်တတ်တယ်။

🧚🏻‍♀️ အိပ်ရေးပျက်တာ များရင်၊ အိပ်ချိန်မမှန်တာ၊ နောက်ကျမှ အိပ်ရင်လည်း ဝက်ခြံပေါက်တတ်တယ်။

ဒီတော့ lifestyle နဲ့ ပတ်သက်ပြီး ဟန်နာအကြံပေးချင်တာက

✅ ကိုယ့်ပတ်ဝန်းကျင်၊ အထူးသဖြင့် မျက်နှာနဲ့ အမြဲထိကပ်နေတဲ့ပစ္စည်းတွေကို ဖုန်တွေ ရှင်းနေအောင်၊ သန့်နေအောင် အမြဲထားပေးပါ။

✅ မျက်နှာနဲ့ အမြဲထိကပ်နေတဲ့ ခေါင်းအုံးစွပ်တွေကို တစ်ပတ်ကို တစ်ခါလောက်တော့ လဲပေးပါ။ ခေါင်းအုံးစွပ်တွေမှာ မျက်နှာပေါ်က အဆီတွေ၊ ချွေးတွေ၊ ခေါင်းပေါ်က ဖုန်မှုန့်တွေနဲ့ ပြည့်နေတတ်တော့ အမြဲတမ်း အသစ်လဲပေးဖို့၊ လျှော်ပေးဖို့ အရေးကြီးပါတယ်။

✅ စောင်တွေကိုပါ ပုံမှန်လျှော်ပေးနိုင်ရင် ပိုကောင်းတယ်နော်။

✅ ကိုယ့်ရဲ့လက်ကိုင်ဖုန်းလေးကို အမြဲပိုးသတ်ပေးဖို့လည်း မမေ့နဲ့နော်။

✅ စိတ်ဖိစီးမှုကို နည်းနိုင်သလောက် နည်းအောင် လုပ်ဖို့လည်း အရေးကြီးတယ်။ ဟန်နာကတော့ stress အရမ်းများတဲ့အချိန်ဆို သီချင်းတွေ အော်ဆိုလိုက်တယ်၊ အိမ်အလုပ်တွေ တရစပ်လုပ်လိုက်တယ်၊ သားသားလေးနဲ့ ကစားပေးတယ်၊ ဟာသကားလေးတွေ ကြည့်လိုက်တယ်။

✅ ညအိပ်ချိန်ကို အနည်းဆုံး ၈နာရီ ရအောင်အိပ်ရမယ်။

ဟန်နာဆို အခု flawless skin လေး ဖြစ်အောင် ပြန်လုပ်မှာဆိုတော့ ည ၁၀ နာရီလောက်ဆိုတာနဲ့ အိပ်တော့မယ်။ အိပ်ရေးဝမှ အသားအရေက တင်းတင်းရင်းရင်းလေး ဖြစ်ပြီး အရေပြားဆဲလ်အသစ်တွေ များများထွက်နိုင်မှာနော်။

✅ ဆံပင်ရှည်တဲ့သူတွေဆိုရင် မျက်နှာနဲ့ ထိနေတဲ့ အရှေ့ဆံပင်တွေကို နည်းနည်းတိုအောင် ညှပ်ပေးသင့်တယ်။ ဒါမှမဟုတ် ဆံပင်တွေကို ခေါင်းစည်းကြိုးနဲ့ သေချာစည်းထားသင့်တယ်။ ခေါင်းကိုလည်း ပုံမှန်လျှော်ပေးသင့်တယ်။

✅ ဝက်ခြံကို လက်နဲ့ မညှစ်ရဘူး၊ မျက်နှာသစ်ရင် မကုတ်မိအောင် သေချာသတိပေးရမယ်။

✅ မျက်နှာကို လက်နဲ့သွားသွားပွတ်တာ၊ ထိကိုင်တာမျိုးတွေ မလုပ်သင့်ပါဘူး။

✅ မနက်တစ်ခေါက်၊ ညတစ်ခေါက် မျက်နှာကို ရေကျက်နွေးလေးနဲ့ သစ်ပေးဖို့လိုတယ်။ မိတ်ကပ်မလိမ်းရင်တောင် အပြင်သွားတဲ့နေ့တွေ၊ sunblock လိမ်းထားရင် Double cleansing လုပ်ပေးရမယ်။

နောက်ပြီးသွားရင် အစားအသောက်နဲ့ ဝက်ခြံအကြောင်း ပြောပြပေးမယ်နော်။ ဒါကတော့ ဟန်နာ့မျက်နှာမှာ ဝက်ခြံပေါက်တိုင်း လုပ်နေကျ diet tips လေးတွေပါ။

🌿 အဓိက အရည်ရွှမ်းတဲ့ အသီးအနှံတွေ များများစားပေးရမယ်။

🌿 အစိမ်းရင့်ရောင် ဟင်းရွက်တွေ စားပေးရမယ်။

🌿 အဆီများတဲ့ ငါးတွေက Omega-3 ကြွယ်ဝလို့ ဝက်ခြံအတွက်ရော၊ ဆံသားတွေ၊ လက်သည်းလေးတွေ ကျန်းမာရေးအတွက်ပါ ကောင်းတယ်။ အကယ်လို့ ငါးမကြိုက်ရင်လည်း Omega-3 ငါးကြီးဆီအားဆေးတော့ သောက်ပေးလို့ ရတယ်နော်။

❌ အဆီအစိမ့်များတာ၊ အငန်များတာ၊ ဟင်းခတ်မှုန့်များလွန်းတာ၊ အကြော်အလှော်တွေ၊ ready made တွေ၊ အကင်တွေကိုတော့ လုံးဝ ရှောင်ပေးသင့်ပါတယ်။

❌ ဟန်နာကတော့ ဝက်ခြံပေါက်တဲ့အချိန် နွားနို့ ရှောင်တယ်။ တချို့ မိန်းကလေးတွေက နို့သောက်မှ ဝက်ခြံပိုဆိုးလာတာမျိုးတွေ ရှိတတ်လို့။ အဲ့ဒီအစား ပဲနို့သာက်ပေးလို့ ရတယ်နော်။

ဟန်နာကတော့ ဒီ tips လေးတွေနဲ့ပဲ ဝက်ခြံတွေကို ပြန်တိုက်ရတော့မှာ။ ခုပြောပြတဲ့ tips လေးတွေက ဝက်ခြံအမြဲပေါက်တတ်တဲ့ လေဒီလေးတွေအတွက် အသုံးတည့်မယ်လို့ မျှော်လင့်တယ်နော်။

အကယ်လို့ ဝက်ခြံက ဘယ်လိုမှမပြောက်တာမျိုး၊ ကြီးပြီး ရောင်လာပြီဆိုရင်တော့ အရင်ဆုံး ဆရာဝန်များနဲ့တိုင်ပင်သင့်ကြောင်း recommen ပေးချင်ပါတယ်ရှင့် 🙋🏼‍♀️🙋🏼‍♀️



သာရာပျော်ရွှင်စရာကောင်းသော မနက်ခင်းလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့် 🙏🏻🙏🏻✌🏻✌🏻❤️❤️

💁‍♀️ဒီတခါတော့ မင်မင်ရဲ့ကာကာလေးတွေရဲ့ မျက်နှာမှာ 💓️ဘာကြောင့်ဝက်ခြံထွက်လဲဆိုတာလေ့လာကြည့်လို့ရအောင်🙆‍♀️တင်ပေးလိုက်တယ်နော်🙆‍...
15/08/2021

💁‍♀️ဒီတခါတော့ မင်မင်ရဲ့ကာကာလေးတွေရဲ့ မျက်နှာမှာ

💓️ဘာကြောင့်ဝက်ခြံထွက်လဲဆိုတာလေ့လာကြည့်လို့ရအောင်

🙆‍♀️တင်ပေးလိုက်တယ်နော်

🙆‍♀️အလှအပရေးရာနှင့်ပတ်သတ်တဲ့postတွေကိုသိရှိလိုပါက

မင်မင်ရဲ့pageလေးကိုလည်း like &Followလုပ်ပေးထားပါနော်

crd photo

13/08/2021
13/08/2021
Face Towelဘာကြောင့်သုံးသင့်လဲ?မျက်နှာသစ်ပြီး အခုထိမျက်နှာသုတ်ပါဝါသုံးနေသူတွေSkincare careပေမယ့် အသားအရည်မကောင်းတာက မျက်န...
11/08/2021

Face Towelဘာကြောင့်သုံးသင့်လဲ?

မျက်နှာသစ်ပြီး အခုထိမျက်နှာသုတ်ပါဝါသုံးနေသူတွေ
Skincare careပေမယ့်
အသားအရည်မကောင်းတာက
မျက်နှာသုတ်ကတည်းက Bacteriaပိုးရှိနေလို့ပါ။

Bacteria နဲ့အမြဲထိတွေ့တော့ ဝက်ခြံတွေကမသက်သာပဲ
ပိုပိုပွားများနိုင်ပါတယ်။
ဒါကြောင့်ဝက်ခြံထွက်သူတွေဆို
Face Towelလုံးဝသုံးသင့်ပါတယ်။

08/08/2021
12/01/2021

Online Shopping, Online Marketing

Address

Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959973370367

Website

Alerts

Be the first to know and let us send you an email when Eaindra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eaindra:

Share