Dandaryee Wedding Film

Dandaryee Wedding Film More Than Your Story
(2)

15/01/2024

"Dive into the magic of 'Oceanic Love'-
where fun meets romance in a cinematic dance by the beach".

စတိုင် ခပ်မိုက်မိုက် သတို့သားကြီး Swam Htet နဲ့အပြိုင်
လုံးဝ အမိုက်စား သတို့သမီးလေး Eaindray တို့ရဲ့
"Party Vibe" အပြည့် Wedding Film လေးတစ်ခု ဖြစ်ပါတယ်။
ဒီတခါ Dandaryee ရဲ့ ဒဏ္ဍာရီဆန်ဆန် Wedding Film မျိုးမဟုတ်ဘဲ၊ Beach Vibe, Party Vibe ဆန်ဆန်လေး တစ်မျိုးဆန်းသစ် ဖန်တီးထားပါတယ်။ Signing ပွဲလေးရော နဲ့ Dinner ပွဲပါ (၂)မျိုးလုံး ခံစားကြည့်ရှုနိုင်အောင်လည်း ပေါင်းစပ်တည်းဖြတ်ထားပါတယ် ခင်ဗျာ။

--------------------------------------

A Beachfront Wedding Film of Swam Htet & Eaindray
Wedding Film: Dandaryee Wedding Film
Flora & Planning: Plus Events
Host: Sara Nyeinn
Photography: Emotion Photography
MUA : Jet Jet Makeup Artist
Bridal couture by: Mya Sandar Mg
Location: Sunny Paradise Resort
Cinematic Partner: Aung Thura Naing

"ကိုယ်ရဲ့ Wedding Film ကို ဒဏ္ဍာရီဆန်ဆန် ရိုက်ကူးပါ"


Follow us:
Facebook: Dandaryee Wedding Film
Instagram:

--------------------------------------

Music licensed through Musicbed.
MB01OMTRXWT5WRJ
MB019HFXZOHKBCT
MB01HLR3F1OMJRA

Send a message to learn more

09/01/2024

"More Than Just Rings: The Story Behind Dandaryee's Magic" Sony

04/01/2024

"More than a glance, an eternity.
DANDARYEE: crafting cinematic love stories"

It was shot as a promo video for one of the wedding fairs last year. I created and combined some footage with AI-generated video for more creativity. Feel free to write your comments for this video.

Models: Tayza Lin Young & Ni Ni Naing Win
Organized by: Love Odyssey Weddings & Events Planning
Photography: Myo Zin Htut
MUA : Makeup by Ye Ye
Bridal couture by: Mogok Pouk Pouk
Location: Wyndham Grand Yangon Hotel

"ကိုယ်ရဲ့ Wedding Film ကို ဒဏ္ဍာရီဆန်ဆန် ရိုက်ကူးပါ"

Please note: The individuals featured in this film are professional models portraying a couple for artistic purposes only.



03/01/2024

Teaser alert!
Get ready for wedding magic! Tomorrow,
I'm unveiling the full video from a past wedding fair.
It's got gorgeous outfits, dreamy scenes, and a little AI tech that'll amaze you!

# #ကိုယ့်ရဲ့weddingfilmကိုဒဏ္ဍာရီဆန်ဆန်ရိုက်ကူးပါ

Please note: The individuals featured in this film are professional models portraying a couple for artistic purposes only. They do not represent an actual romantic relationship.

12/12/2023

"To Love, Laughter, & Happily Ever After"

ဘဝ မှာ ကိုယ်ဘာပဲလုပ်လုပ် ဝိုင်းကဝန်းကြမယ့် သူငယ်ချင်းကောင်းတွေ ရှိနေခြင်းဟာလည်း ကံကောင်းခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

အောင်ကျော်ချမ်းအေး မန္တလေးမြို့ကြီးရဲ့ အလှ၊
မင်္ဂလာမောင်နှံရဲ့ ဘုန်းကျက်သရေ နဲ့ မိတ်ဆွေသူငယ်ချင်းတို့ရဲ့ စေတနာစကားတွေကို ပေါင်းစပ်ဖန်တီးခွင့်ရတဲ့ Wedding Film တစ်ခုဆိုလည်း မမှားပါ ခင်ဗျာ။

Wedding Film of Thet Paing & Sandar

Wedding Film - Dandaryee Wedding Film
Venue - Oriental House
Floral - The Leaf Floral Service and Event Decoration
MUA - Luke Xî Yogi
Photography - Emotion Photography
Location - Mandalay, Myanmar

ကိုယ်ရဲ့ Wedding Film ကို ဒဏ္ဍာရီဆန်ဆန် ရိုက်ကူးဖို့ပါ ခင်ဗျာ။

#ကိုယ့်ရဲ့weddingfilmကိုဒဏ္ဍာရီဆန်ဆန်ရိုက်ကူးပါ


Call now to connect with business.

12/11/2023

🤩"Proposal Reaction Video"🤩

Dandaryee Wedding Film ရဲ့ ဖန်တီးမှုကို သဘောကျနှစ်ခြိုက်တာ မြင်ရတဲ့အတွက် ပီတိဖြစ်ရပါတယ်။ ဆက်လက်ကြိုးစားပါဦးမယ်။

"ကိုယ့်ရဲ့ Wedding Film ကို ဒဏ္ဍာရီဆန်ဆန် ရိုက်ကူးပါ"


#ဒဏ္ဍာရီဆန်ဆန်







💍"Wedding Film" တစ်ခုကို ဒဏ္ဍာရီဆန်စေတဲ့ “ First Look” 🎬👩‍❤️‍👨“ First Look” ပါဝင်မှုက Wedding Film ကောင်းတစ်ခု ရဖို့ အတွ...
01/11/2023

💍"Wedding Film" တစ်ခုကို
ဒဏ္ဍာရီဆန်စေတဲ့ “ First Look” 🎬

👩‍❤️‍👨“ First Look” ပါဝင်မှုက Wedding Film ကောင်းတစ်ခု ရဖို့ အတွက်
သာမကဘဲ အချိန်တိုလေး တစ်ခုအတွင်းမှာ
သတို့သား၊သတို့သမီးအတွက်ရော၊
အခြား နယ်ပယ်က Professional အချို့အတွက်ပါ
အကူအညီ ဖြစ်စေတဲ့ အစီအစဉ်လေးတစ်ခု ဖြစ်ပါတယ်။

ဘာတွေအကျိုးရှိစေသလဲ ဆိုတော့…

❤️"ခံစားမှု အစစ်"ကို ရစေတယ်။
❤️"ကိုယ်ပိုင် ဇာတ်လမ်း" တစ်ခု ဖန်တီးပေးနိုင်တယ်။
❤️ရင်ထဲက "စကားသံ" တွေကို လွတ်လပ်စွာပြောဆိုစေတယ်။
❤️မင်္ဂလာ "အချိန်" တွေကို ပို့ပြီးအကျိုးရှိစေတယ်။

စာအပြည့်အစုံကို ပုံလေးတွေထောက်ပြီး ကြည့်နိုင်ပါတယ် ခင်ဗျာ။

Dandaryee Team ရဲ့ First Look ပါတဲ့ Wedding Film လေးကို
စီးမျော်ချင်ရင်တော့ အောက်ပါလင့်လေးမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ 👇🏼
https://fb.watch/nUqnc8_2aU/?mibextid=cr9u03

"ကိုယ့်ရဲ့ Wedding Film ကို ဒဏ္ဍာရီဆန်ဆန် ရိုက်ကူးပါ"


#ဒဏ္ဍာရီဆန်ဆန်










🤵‍♂️👰‍♀️ ကမ္ဘာနှစ်စင်း တွေ့ဆုံမှု (သို့မဟုတ်) “First Look” (၁) 🫶 ညနေခင်း တစ်ခု ဆိုပါတော့…ကောင်းကင်ကြီးက ရွှေအိုရောင်သန်း...
25/10/2023

🤵‍♂️👰‍♀️ ကမ္ဘာနှစ်စင်း တွေ့ဆုံမှု (သို့မဟုတ်) “First Look” (၁)

🫶 ညနေခင်း တစ်ခု ဆိုပါတော့…
ကောင်းကင်ကြီးက ရွှေအိုရောင်သန်းပြီး သိပ်လှနေတဲ့ အချိန်။
သိပ်မကြာခင်မှာလည်း ဘဝအတွက်
စာမျက်နှာတစ်ခု လှလှပပ ဖွင့်ရတော့မယ်။
လေပြေ၊လေနုအေးတွေ တချက်ချက် တိုးလို့ဝှေ့လို့နဲ့။
ကိုယ့်ရဲ့ နှလုံးခုန်သံကိုတောင် ကိုယ်ပြန်ကြားနေရာတဲ့
အခြေအနေတစ်ခုမှာ…
ဘဝနဲ့ချီပြီး သိပ်ချစ်ရတဲ့ အမျိုးသားလေးကို
(ဒါမှမဟုတ်)
ကိုယ်သိပ်မြတ်နိုးရတဲ့ အမျိုးသမီးလေးတစ်ယောက်၊
အဖြူရောင် သတို့သမီးဝတ်စုံအပြည့်၊ ပန်းစည်းလေးကိုလက်ကကိုင်ပြီး၊
ပြုံးတုံ့ပြုံးတုံ့ မတ်တပ်ရပ်နေတာကို ပထမဦးဆုံး ခမ်းနားစွာ
ကိုယ့်ရဲ့မျက်စိအရှေ့မှာတွေ့လိုက်တဲ့ ခံစားချက်က

“သိမ့်ခနဲပဲ….”

မိတ်ဆွေတို့ စိတ်ကူးယဉ်ကြည့်ဖူးလား??

တကယ်ကြုံတွေ့ဖူးတဲ့ သတို့သားလောင်းအများစုဟာ နှုတ်ခမ်းမွှေးကြီးတွေ ရှိလင့်ကစား၊ ဗလကြီးတွေ ရှိလင့်ကစား အနည်းဆုံးတော့ မျက်ရည်တွေ
ဝေ့ဝဲလာကြတယ်။ သတို့သမီးလေးအများစုကတော့ သူ့တစ်သက်တာမှာ
အလှဆုံးအပြုံးတွေ၊ ပီတိတွေနဲ့ သူရဲ့ သတို့သားလောင်းကို ကြည့်နေတတ်ကြပါတယ်။

အဲ့ဒီဖြစ်စဉ် ခဏတာကို ကမ္ဘာအရပ်ရပ်က မင်္ဂလာဆောင်အခမ်းအနားတွေမှာ “First Look” လို့ ခေါ်ဆိုကြပါတယ်။

အနေနဲ့ မြန်မာမှုပြုရရင်တော့
“ ကမ္ဘာနှစ်စင်း တွေ့ဆုံမှု” လို့ ခိုင်းနှိုင်းပါရစေ။

👩‍❤️‍👨 “First Look” ဆိုတဲ့ အခိုက်အတန့်ကို ကမ္ဘာ့နိုင်ငံအသီးသီးရဲ့
မင်္ဂလာအခမ်းအနားများ မစတင်ခင်မှာ ထည့်သွင်းစီစဉ်လာကြတာ
အတော်ကြာခဲ့ပါပြီ။ အများစုက သတို့သား နဲ့ သတို့သမီးကို
ပွဲမစခင် အချိန်ထိ ပေးမတွေ့ထားပါဘူး။ အကြောင်းကြောင်းကြောင့် သတို့သား၊ သတို့သမီး တစ်ဦးဦးက ခဏလေးပဲ ဖြစ်ဖြစ်
တစ်ယောက်ကိုတစ်ယောက် ဝတ်စုံပြည့် တွေ့မြင်လိုက်ရင်ကိုပဲ
“ First Look “ ဟာ အထမမြောက်နိုင်ဘူးလို့ ဆိုနိုင်ပါတယ်။
အဲ့လို ပေးမတွေ့ထားခြင်းက ကာယကံရှင် သတို့သား၊ သတို့သမီးတွေအတွက်
အမှန်တကယ် “ First Look” တွေ့တဲ့အခါ ပိုပြီး ရင်ခုန်သံတွေ အသက်ဝင်စေပါတယ်။

မင်္ဂလာပွဲမစခင် အားလုံး ပြင်ဆင် ဝတ်စားပြီးတဲ့ အချိန်ကြမှ အများစုက သတို့သားကြီးကို လူသူရှင်း တိတ်ဆိတ်တဲ့တစ်နေရာမှာ အရင် တစ်ဦးတည်း ထားစေပြီး သတို့သမီးလေးကိုတော့ သတို့သားကြီးရဲ့ အနောက်
ခပ်လှမ်းလှမ်းကို လျောက်သွားစေပါတယ်။ ဒီ အခိုက်အတန့်လေးကို အမိအရရိုက်ဖို့ Photographer တွေ ကျွန်တော်တို့လို Wedding Filmmaker တွေက
အသီးသီးနေရာယူပြီးပြီဆိုမှ သတို့သားကြီးကို အချက်ပြပြီး မင်္ဂလာဝတ်စုံပြည့်နဲ့ ကျက်သရေရှိနေတဲ့ သတို့သမီးလေးကို လှည့်ကြည့်စေပါတယ်။

အဲ့ဒီအချိန်ဟာ ကမ္ဘာနှစ်စင်း တွေ့ဆုံမှုပါ။

ဘာဟန်ဆောင်မှုမှ မပါတဲ့ အံ့ဩခြင်း၊ မှင်သက်ခြင်း၊ ပီတိ၊ ဝမ်းသာတဲ့မျက်ရည်တွေကို ရိုးသားစွာ မြင်ရမယ့် အချိန်လေးတစ်ခုပဲ ဖြစ်ပါတယ်။

🥳ထူးထူးခြားခြား အနေနဲ့ အချို့နိုင်ငံတွေမှာ First Look ကို သတို့သား နဲ့ သတို့သမီး အပြင်
-သတို့သမီးက မိဘတွေကို ဝတ်စုံပြည့် ပထမဆုံးမြင်စေတာ ဖြစ်ဖြစ်၊
-သတို့သားကြီးက ငယ်သူငယ်ချင်းတွေကို Suit အပြည့်နဲ့ ပထမဆုံး
မြင်စေတာဖြစ်ဖြစ်၊
-အိမ်လာလည်ရင် မြင်နေကြ အသည်းကျော် တူလေး၊တူမလေး နဲ့ First Look လုပ်တာ ဖြစ်ဖြစ်၊ ပျော်စရာ ရင်ခုန်စရာ သဘော ဖန်တီး
စီစဉ်တတ်ကြပါသေးတယ်။

ဒီလောက်ဆိုရင်တော့ “ First Look “ ရဲ့ သဘော သဘာဝလေးကို
တီးမိခေါက်မိ ရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

🎊 ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဝါကျွတ်ကာလရောက်တာနဲ့ အတူ
မင်္ဂလာဆောင် အခမ်းအနားများ ပြန်လည် ကျင်းပကြတော့မှာ ဖြစ်ပါတယ်။
အဲ့တော့ ကိုယ့်ရဲ့ မင်္ဂလာပွဲလေးတွေမှာ ရိုးရိုးရှင်းရှင်း၊ ငွေကုန်ကြေးကျမရှိဘဲ၊
အချိန်လေး ခဏပေးရုံနဲ့ ရင်ခုန်စိတ်လှုပ်ရှားစေမယ့်
“ First Look” အခိုက်အတန့်လေးကို ထည့်သွင်းစီစဉ်နိုင်ရန် ကျွန်တော်တို့ မှ အပိုင်း (၁) အနေနဲ့ စီစဉ်ရေးသားလိုက်ရပါတယ်။

နောက်ရက်တွေမှာ “First Look” moment လေးဟာ သတို့သား၊ သတို့သမီးတို့ရဲ့ Wedding Film ထဲမှာ ဘယ်လို #ဒဏ္ဍာရီဆန်ဆန် ဖြစ်သွားလည်း
ဆိုတာ နဲ့ ပတ်သတ်ပြီး ရေးသား မျှဝေ ပေးပါဦးမယ်။

🙋‍♂️ကိုယ့်ရဲ့ မင်္ဂလာဆောင်မှာ
“ First Look” လေး ထည့်ဖို့ စိတ်ကူးယဉ်နေကြပြီလား??

ရဲ့ First Look ပါတဲ့ Wedding Film လေးကို
စီးမျော်ချင်ရင်တော့ အောက်ပါလင့်လေးမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ 👇🏼
https://fb.watch/nUqnc8_2aU/?mibextid=cr9u03

"ကိုယ့်ရဲ့ Wedding Film ကို ဒဏ္ဍာရီဆန်ဆန် ရိုက်ကူးပါ"


#ဒဏ္ဍာရီဆန်ဆန်











✨ကိုယ့်ရဲ့ “Wedding Film” မှာ အချိန်တိုင်း မိမိုက်စေနိုင်မယ့် လျှို့ဝှက်ချက် တစ်ခု✨🎉မင်္ဂလာပွဲနေ့ ( Wedding Day) ဆိုတာ အ...
16/08/2023

✨ကိုယ့်ရဲ့ “Wedding Film” မှာ အချိန်တိုင်း
မိမိုက်စေနိုင်မယ့် လျှို့ဝှက်ချက် တစ်ခု✨

🎉မင်္ဂလာပွဲနေ့ ( Wedding Day) ဆိုတာ
အပျော်ခရီးတစ်ခုထွက်ဖို့ ပြင်ဆင်အပြီး
စမထွက်ခင် Party ပေးတာနဲ့ တူတယ်။

🥰မတူတာက
- ဘေးမှာ အဓိက ကိုယ့်ချစ်သူဟာ
ပြုံးပြုံးကြီး ရှိနေတယ်၊
-ပွဲနေ့မှာ ဘာလုပ်လုပ်
ပြုံးနေမယ့် မိဘတွေ ရှိတယ်၊
-ပြောမနာ ဆိုမနာ
ထထဖောက်မယ့် သူငယ်ချင်းတွေက ဘေးမှာ၊
-ကိုယ်တွေ ၂ ယောက်နဲ့ အတူ
ရောပျော်မယ့် ဆွေမျိုးတသိုက်ရယ်၊
-တကယ်စားရပြီမို့ ပျော်ပျော်ကြီး အားပေးကြမယ့်
မိတ်ဆွေတွေ လာမယ်။ ဒါပါပဲ ။

ဒီလူတစ်အုပ်နဲ့ ချိန်းပြီး Party ပေးတာပါပေါ့။

ဆိုတော့ အေးဆေး Relax ပါ။ ပျော်ပါ။
စီးမျောလိုက်ဖို့ပါ။

🎥အဲ့ဒိ စီးမျောမှု၊ ပွေ့ဖက်မှု ၊အရယ်၊ အပြုံး၊ မျက်ရည်တွေကို ကျနော်တို့ Wedding Filmmaker တွေက မှတ်တမ်းတင်ကြတာပါ။ အဲ့ဒိ တစ်ဒင်္ဂလေးတွေက
သတို့သား၊ သတို့သမီးတို့ရဲ့ Wedding Film လေးကို
လှပစေတာဖြစ်ပါတယ်။

💍(ငါလှရဲ့လား….ငါလှရဲ့လား…ငါလှရဲ့လား)x 9ခါ
-ဧည့်သည်လာပါ့မလား…
-နေရာတွေ ဘယ်သူချပေးမှာလဲ…
-ဟဲ့… ငါ့မိတ်ကပ်ကြီး အဆင်ပြေရဲ့လား..
-ဝတ်စုံက ချောင်နေသလိုပဲ…
-အကို… သမီးကို လှအောင် ရိုက်နော်…
-ပန်းပြင်ထားတာ ဘယ်လိုနေလဲ …..
စတဲ့ လဲ …လဲ.. လား.. လား များကို
ပွဲနေ့မှာ အားလုံး လျစ်လျူရှုဖို့ လိုပါတယ်။

ဒီလိုပြောလို့ ဖြစ်ချင်ရာဖြစ် နေဖို့ ဆိုလိုတာ
မဟုတ်ပါ ခင်ဗျာ။

☘️ပွဲနေ့ မတိုင်ခင်မှာ အားလုံး စီစဉ်ထားမယ်၊
ပွဲနေ့မှာလည်း ကိုယ့်အစား စီစဉ်ပေးနိုင်မယ့် သူကို
အပြီးအပြတ် ကိစ္စအဝဝ လွှဲပေးထားနိုင်ရင်တော့
ကိုယ့်ရဲ့ Wedding Day ကို စိတ်ဖိစီးမှု နည်းစွာ
ကျင်းပနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်တိုင်ပဲ လုပ်မှ ဖြစ်မယ့် သူတွေကတော့
ချွင်းချက်ပေါ့ဗျာ။

🧘‍♀️အကယ်၍ အဆင်မပြေတာလေးတွေ
ရှိလာခဲ့ရင် တောင်မှ အဲ့ဒိအဆင်မပြေတာလေးတွေကို အမှတ်တရအနေနဲ့ လက်ခံတတ်အောင်
ပြင်ဆင်ထားဖို့လဲ အရေးကြီးပါတယ်။

🎥ဘာလို့လဲလို့ မေးရင်
နောင်တချိန်မှာ အဲ့ဒိအဆင်မပြေလိုက်တာလေးက ပြန်တွေးလိုက်တိုင်း ရယ်မောစရာတစ်ခု
ဖြစ်နေနိုင်ပေမယ့်၊
ပွဲအပြီး ကျန်ခဲ့မယ့် သတို့သား၊ သတို့သမီးတို့ရဲ့
Wedding Film လေးမှာတော့
ဆူပုပ်ပုပ်၊ မျက်မှောင်ကြုတ်ကြုတ်လေးများကိုသာ
တစ်သက်လုံး ဖွင့်ကြည့်တိုင်း မြင်နေရမှာ ဖြစ်ပါတယ်။

🎞Wedding Film တစ်ခုရဲ့ ကောင်းမွန်မှုဟာ
Wedding Filmmaker တွေရဲ့လက်ထဲမှာတင် မဟုတ်ဘဲ ကာယကံရှင် သတို့သား/ သမီးတို့ရဲ့
စိတ်လက် ပေါ့ပါးနေမှုမှာ
အများကြီး မူတည်နေပါသေးတယ်။

အဲ့တာကြောင့် ကိုယ့် Wedding Day ကို
ကိုယ့်စိတ်နဲ့တောင်မှ မနှောက်ယှက်မိဖို့
အရေးကြီးပါတယ် ခင်ဗျာ။

❤️ဆိုတော့…
အသက်ကို ပြင်းပြင်းရှုချ၊
သူ့ရဲ့ လက်ကို တင်းတင်းကိုင်၊
နောက်နေ့ ထွက်မယ့် ဘဝခရီးအတွက် ရင်ခုန်၊
ပြီးရင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၊
ပေါ့ပေါ့ပါးပါးနဲ့ လွင့်မျောလိုက်ကြစမ်းပါ။

📽အဲ့ဒိ လွင့်မျောနေတာတွေကို ရိုက်ကူး ဖန်တီးပြီး
အလှပဆုံးWedding Film လေးတစ်ခုဖြစ်လာဖို့
ကျနော်တို့ Dandaryee Team ကတော့
သတို့သား/ သတို့သမီးတို့နဲ့အတူ ရှိနေမှာ ဖြစ်ပါတယ်။

🥳ကဲ… Party စတော့မလား။











"Happy Peasant's Day!"ယနေ့ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား Dandaryee Wedding Film မှ လေးစားစွာဖြင့် ဂု...
02/03/2023

"Happy Peasant's Day!"

ယနေ့ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား Dandaryee Wedding Film မှ လေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုပါရစေ .

#တောင်သူလယ်သမားနေ့

#2023

📽 ”WeddingFilm” တစ်ခုကို တန်ဖိုးတက်စေတဲ့ “Wedding Vow” 📝💍Wedding ပွဲတစ်ခုမှာ Wedding Vow ပြောဆိုခြင်းဟာ အခြား ဖန်တရာတေနေ...
24/02/2023

📽 ”WeddingFilm” တစ်ခုကို
တန်ဖိုးတက်စေတဲ့ “Wedding Vow” 📝

💍Wedding ပွဲတစ်ခုမှာ Wedding Vow ပြောဆိုခြင်းဟာ အခြား ဖန်တရာတေနေတဲ့ ပွဲအစီစဉ်တွေ အားလုံးထက် ငွေကုန်ကြေးကျမများဘဲ
မင်္ဂလာပွဲကို တစ်ဆင့်မြင့်သွားစေပါတယ်။
မင်္ဂလာပွဲတင်ပဲလား ဆိုရင်တော့ မဟုတ်ပါဘူး။
မင်္ဂလာမောင်နှံအတွက် အဓိပ္ပါယ်ရှိလှတဲ့ ဒီပွဲကို
စ၊လယ်၊ဆုံး မှတ်တမ်းတင်ရိုက်ကူးမယ့်
Wedding Film ဖန်တီးခြင်းအတွက်လဲ
သိပ်အကျိုးများစေပါတယ်။

အသိသာဆုံး ၃ ချက်လောက် ထုတ်နှုတ်ပြပါဆိုရင်တော့ …

၁) 🥰ရင်ခုန်သံတွေကို နီးစပ်သွားစေပါတယ်။

ကိုယ့်ရဲ့ မင်္ဂလာဆောင်နေ့မှာ ပြောတဲ့
Wedding Vow ကိုပဲ
ပွဲမှာ ပရိသတ်က ကြားရတာနဲ့
WeddingFilm ထဲမှာ ကြည့်ရ/ မြင်ရတာတောင်
ခံစားရတာခြင်း မတူညီပါဘူး။
ပွဲခင်းမှာကြတော့ အခြားအာရုံစိုက်စရာတွေ
အများအပြား ကြားထဲမှာမှ နားထောင်ရတဲ့အပြင်
တခါတရံ Stage စင်နဲ့ ဝေးနေတဲ့ ဧည့်သည်တွေဆို
အာရုံစိုက်ရ အတော်ခက်ခဲစေပါတယ်။

ကိုယ်တိုင်ကလည်း Wedding Vow အတွက်
ပြင်ဆင်ခဲ့တယ်၊
စင်ပေါ်မှာလည်း လှလှပပ ရိုးသားစွာပြောခဲ့တယ်၊
ဒါကို ရိုက်ကူးတည်းဖြတ်မယ့်
Wedding Filmmaker ကလည်း
အတွေ့အကြုံရှိသူလည်းဖြစ်၊
နောက်ခံMusic နဲ့ သင့်တင့်လျောက်ပတ်စွာ
ပြုလုပ်နိုင်သူဆိုရင်တော့
မင်္ဂလာမောင်နှံကိုယ်တိုင်ရော ၊
ကြည့်ရှုမယ့် အယောက်ဆီတိုင်းပါ
ပြုံးပြုံးကြီး မျက်ရည် ဗူးသီးလုံးလောက်ကျ စေမယ့်
Wedding Film တစ်ခုကို ရရှိစေမှာ ဖြစ်ပါတယ်။

၂) 🎞ပိုပြီး ရုပ်ရှင်ဆန်စေပါတယ်။

ကိုယ်ရဲ့ wedding Film လေးကို ပိုပြီး
Cinematic ဖြစ်စေပါတယ် ။
တကယ်တော့ Wedding ပွဲတစ်ခုရိုက်တယ်ဆိုတာ
မှတ်တမ်း ( Documentary) ရိုက်တာဖြစ်ပါတယ်။
Wedding ပွဲတိုင်းမှာကိုက သူ့Story နဲ့သူ ရှိနေပြီးသားပါ။
Wedding filmmaker တွေက
အချက်အလက်တွေ မကျန်ခဲ့အောင်၊
စုံလင်အောင် အလိုက်သင့်ရိုက်သွားနိုင်ရင်ကို
မှတ်တမ်းတစ်ခုအနေနဲ့ လုံလောက်ပြီးသားပါ။
သို့သော် တခါလာလည်း
သီချင်းတစ်ပုဒ် နောက်ကထည့် ၊
ကောင်းနိုးရာရာ ကဒ်တွေစီပြတာထပ်စာရင်
Wedding Vow ရဲ့ စကားသံ၊
ခံစားချက် အနိမ့်အမြင့်ပေါ်လိုက်ပြီး
Story တစ်ခု ဖန်တီးလို့ ရနိုင်ပါသေးတယ်။
သာမန် Wedding Highlight Video တစ်ခုထက်
Wedding Film တစ်ခုအနေနဲ့ တန်ဖိုးတက်အောင်
Wedding Vow ဟာ စွမ်းဆောင်နိုင်ပါတယ်။

၃)👨‍👩‍👧Family Time မှာ ဧည့်ခံစရာ

အထိမ်းအမှတ်နေ့တွေတိုင်းမှာ
ပြန်ဖွင့်ကြည့်တိုင်း ကြည််နူးရမှာဖြစ်သလို၊
စိတ်ဆိုးစိတ်ကောက်ချိန်တွေမှာလည်း -

“ ဒီမှာ ကြည့် မင်းအဲ့တုန်းက
ကို့ကို ဘယ်လို ဂတိပေးခဲ့လဲ ကြည့်”
ဆိုပြီး သက်သေပြလို့ရသလို့…

“ ရှင်ရော ဘာထူးလဲ…
ကျုပ်ကို ဘယ်လို အလိုလိုက်မှာ ဘာညာနဲ့ “
စစ်ကူခေါ် ဖွင့်ပြလို့ ရအောင်
Wedding Vow ဟာ စွမ်းပါတယ်။

👶သားသား၊ မီးမီးတွေ ရလာရင်တောင်

“ အဲ့မှာ မင့်တို့အမေပေါ့
အဖေ့ကို ဘယ်လို ကြွေခဲ့တာ”

“ နင့် အဖေပေါ့
အမေကို ငိုယိုပြီး ဂတိတွေ ပေးခဲ့တာ” ဆိုပြီး
ကိုယ့်ခလေးတွေကို ကိုယ်ကြွယ်လို့ ရပါသေးတယ်။

🥰မျက်လုံးလေး မှတ်ပြီး မြင်ယောင် ကြည့်ပါလား??

👩‍❤️‍👨မိန့်မိန့်ကြီး Wedding Film ကိုထိုင်ကြည့်နေကြတဲ့ မိတ်ဆွေတို့မင်္ဂလာမောင်နှံ၂ ယောက်ရဲ့ ပုံရိပ်တွေကို ပြုံးပြုံးကြီး မြင်နေရပါလိမ့်မယ်။

📝အရာရာ မသေချာတဲ့ ခေတ်၊စနစ်ထဲမှာ
ဘဝရဲ့အရေးကြီးနေ့တစ်နေ့ကို ဖန်တီးဖို့အတွက်
သိန်းပေါင်းထောင်ချီနေမှ မဟုတ်ပါဘူး။
ကိုယ်ချစ်ရတဲ့အကြောင်းလေးကို
နှုတ်ကနေ ရိုးရိုးသားသား ပြောလိုက်ဖို့ပါပဲ။
အနုပညာမြောက် မှတ်တမ်းတင်ထားဖို့တော့ လိုတာပေါ့။













* Wedding Vow ဆိုတာဘာလဲ?
ဖတ်ချင်သူများအတက်ပါ👇🏼

https://m.facebook.com/story.php?story_fbid=148477464731593&id=100087080210513&mibextid=qC1gEa

*Wedding Vow မှာ ပါဝင်သင့်တဲ့အချက်တွေ
သိချင်သူများအတွက်?? 👇🏼

https://m.facebook.com/story.php?story_fbid=149310007981672&id=100087080210513&mibextid=qC1gEa

21/02/2023

"Life isn’t about waiting for the storm to pass…
It’s about learning how to dance in the rain.” VIVIAN GREENE

Wedding Teaser of Thura and SuHtet
Wedding Film | Dandaryee Wedding Film
Photography | I N F I N I T E
Venue | Le Planteur Restaurant & Bar
MC | Nyi Nyar Aung MC - ညီညာအောင် MC
MUA | Hanni Bee Makeup
Bride's Dress | DRESS Gallery
Decoration | Eternal Flowers

Full video link here: https://youtu.be/28Nhg7kr4fI

တန်ဖိုးရှိတဲ့ အခိုက်တန့်လေးတွေကို မှတ်တမ်းတင်ရိုက်ကူး ဖမ်းယူဖို့ဆို “ဒဏ္ဍာရီ” ကို သတိရလိုက်ပါနော် 💕
Wedding Film Service နဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက
📞Phone : 09 254 135 093 , 09 968 405 099
✉️ Email : [email protected]







“Happy Valentine’s Day “ ပါ ခင်ဗျာ။
14/02/2023

“Happy Valentine’s Day “ ပါ ခင်ဗျာ။

ဒီ ၅ ချက်မပိုင်ရင် “Wedding Vow “ပြောမှသိမယ်။ 💌မင်္ဂလာဆောင်ပွဲတစ်ခု လူနှစ်ယောက်တစ်ဘဝအနေနဲ့ သက်သေထူတဲ့ပွဲတစ်ခုဖြစ်ပါတယ်။ ...
12/02/2023

ဒီ ၅ ချက်မပိုင်ရင် “Wedding Vow “ပြောမှသိမယ်။

💌မင်္ဂလာဆောင်ပွဲတစ်ခု လူနှစ်ယောက်တစ်ဘဝအနေနဲ့ သက်သေထူတဲ့ပွဲတစ်ခုဖြစ်ပါတယ်။
အဲဒိပွဲမှာမှ မင်္ဂလာမောင်နှံ အပြန်အလှန်
မိဘ၊ဆွေမျိုး၊မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့အရှေ့မှာ Wedding Vow ပြောပြီး ကတိသစ္စာပြုကြတာဟာ သိပ်အဓိပ္ပါယ်ရှိတဲ့ အစီစဉ်တစ်ခုဖြစ်ပါတယ်။
ငွေကုန်ကြေးကျလည်း မများ၊
မင်္ဂလာမောင်နှံအတွက်ရော ၊ပရိတ်သတ်တွေကိုရော၊စိတ်ခံစားမှု တစ်ခုခုပေးနိုင်ပြီး
ပြောတဲ့စကားတွေ လှရင်လှသလောက်
ပွဲလာတဲ့ ဧည့်သည်တွေ ပါးစပ်ဖျားမှာ
တသသ ဖြစ်သွားစေနိုင်လောက်အောင်
အမှတ်ရနေစေမယ့် အစီစဉ် တစ်ခုဆိုလဲ မမှားပါခင်ဗျာ။

✍️ဘယ်လိုရေးကြမလဲ။

အများစုက လွယ်လွယ်ကူကူ
ဖုန်းထဲမှာ Note နဲ့ အမြန်ရေးတတ်ကြတယ်။
ပြင်ပြင်ဆင်ဆင် လုပ်တတ်တဲ့ သူတွေအတွက်ကိုတော့ Wedding Vow ရေးတဲ့ စာရွတ် (သို့)
postcard လေးတစ်ခုမှာ ကိုယ့်လက်ရေးနဲ့
ချရေးစေချင်ပါတယ်။
မြန်မာလိုရော အင်္ဂလိပ်လိုရော ရေးလေ့ရှိကြပြီး
ကြိုက်နှစ်သက်ရာ ရိုးရာ၊ဘာသာ နဲ့လဲ ရေးနိုင်ပါတယ်။

✍️ဘာတွေရေးကြမလဲ?

တိုတိုနဲ့ လိုရင်းအကြံပေးရရင် အရင်ဆုံး ချရေးကြည့်ပါ။
ရိုးရိုးသားသား နဲ့ ရင်ထဲမှာ ရှိတဲ့အတိုင်း
ရေးချလိုက်ရုံပါပဲ။
အရေးကြီးဆုံးက ပြောတဲ့စကားလုံးတိုင်း၊
စာလုံးတိုင်းဟာ နှလုံးသားက လာဖို့နဲ့
ကိုယ့်ရဲ့အချစ်၊ ကိုယ်ပေးနိုင်တဲ့ ကတိသစ္စာကို
ထင်ဟပ်စေဖို့ပဲ ဖြစ်ပါတယ်။

ပါဝင်သင့်တဲ့ အချက် (၅ )ချက်

1. ကိုယ်ရဲ့ ချစ်သူကို appreciate ( အသိအမှတ်ပြုတဲ့) စကားလေးတစ်ခုခုနဲ့ စတင်သင့်တယ်။

2. ဘာကြောင့် တစ်ဘဝစာ လက်ထပ်ဖို့ ရွေးချယ်တဲ့ အကြောင်းလေး ပြောသင့်ပါတယ်။

3. တစ်ဘဝလုံးအတွက် မှန်နိုင်မယ် ကတိ တစ်ခုခု ရိုးသားစွာ ပေးသင့်ပါတယ်။

4. ကိုယ်ဘယ်လောက် ချစ်လဲ ၊ ချစ်ခဲ့ရလဲ ဖော်ညွှန်းပြသင့်ပါတယ်။

5. အဆုံးသတ်စကားလေး ကို ၂ ကိုယ်ကြား ပြောနေကြ စကားလေးတစ်ခုခု နဲ့ အဆုံးသတ်သင့်ပါတယ်။

⚠️သတိချပ်စရာများ

မင်္ဂလာဆောင်ရဲ့ 
အချိန်အကန့်အသတ်တစ်ခုရှိနေတာကြောင့်
တိုတိုနဲ့ ထိမိအောင် ပြောဖို့ဖြစ်ပါတယ်။
စင်ပေါ်ရောက်မှ လက်တန်းပြောတာထက်
ကြိုတင်ပြင်ဆင်/ ရေးသားပြီး ဖတ်ပြတာက
ပိုပြီး အကျိုးများပါတယ်။
မပြင်ဆင်လာဘဲ စင်ပေါ်ရောက်မှဆို
တခါတလေ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့
နားထောင်ရတဲ့ ပရိသတ်အတွက်လည်း
စိတ်ဝင်စားမှု နည်းပါးသွားစေပါတယ်။

💒ဒီလောက်ဆိုရင်တော့ Wedding Vow လေးရေးဖို့
မလွယ်ကူရင်တောင် အခက်ခဲနည်းသွားလောက်ပြီ ထင်ပါတယ် နော်။
ရင်ခုန်စရာ Wedding Vow လေးတွေပြောပြီး
သတို့သား၊ သတို့သမီးလေးတွေရဲ့
စိတ်ကူးအိမ်မက်လေးထဲကအတိုင်း
မင်္ဂလာအခမ်းအနားတွေကို ဖန်တီးနိုင်ကြပါစေ ခင်ဗျာ။













* Wedding Vow ဆိုတာဘာလဲ?
ဖတ်ချင်သူများအတက်ပါ👇🏼

https://m.facebook.com/story.php?story_fbid=148477464731593&id=100087080210513&mibextid=qC1gEa

Wedding Vow ဆိုတာ ဘာလဲ??💌Wedding Vow ဟာ မင်္ဂလာအခမ်းအနားမှာ မင်္ဂလာမောင်နှံနှစ်ဦး အပြန်အလှန် လေးလေးနက်နက် ကတိသစ္စာပြုခြင...
09/02/2023

Wedding Vow ဆိုတာ ဘာလဲ??

💌Wedding Vow ဟာ မင်္ဂလာအခမ်းအနားမှာ မင်္ဂလာမောင်နှံနှစ်ဦး အပြန်အလှန် လေးလေးနက်နက် ကတိသစ္စာပြုခြင်း ဖြစ်ပါတယ်။ မိဘဆွေမျိုးတွေရှေ့မှာ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေ ရှေ့မှာ၊ ကိုယ်ယုံကြည် ချစ်ခင်ရသူတွေရှေ့မှာ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ပြီး ပြောတဲ့စကားတွေ ၊ ကတိတွေ ပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ မင်္ဂလာဆောင်အခမ်းအနားတစ်ခုမှာ Wedding Vow ပြောဆိုခြင်းဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ကမ္ဘာ့နေရာဒေသ အတော်များများမှာလည်း ထည့်သွင်းကျင်းပလေ့ ရှိတတ်ကြပါတယ်။ သို့သော် ကျွန်တော်တို့ နိုင်ငံမှာတော့ အတော်လေး အတွေ့ရနည်းသေးတဲ့ အစီစဉ်တစ်ခု ဆိုလည်း မမှားပါဘူး ခင်ဗျာ။

💌Wedding Vow ကို တချို့က စင်ပေါ်ရောက်မှ ရင်ထဲရှိတဲ့အတိုင်း ထိထိမိမိပြောတတ်ကြတယ်။
တချို့ကတော့ ကြိုတင်ရေးသားထားပြီး လူရှေ့ရောက်မှ ဖတ်ပြတတ်ကြတယ်။

💌ဘယ်လိုပဲပြောပြော
wedding vow တစ်ခုကို အဓိပ္ပါယ်ပြည့်ဝအောင်၊
နားထောင်ရတဲ့ ကာယကံရှင်အဖို့ ရင်ထဲလှိုက်ဖိုသွားအောင် ၊
နားထောင်ရမယ့် ပရိသတ်တွေ ကြည်နူးပီတိစေရန်အတွက်
Wedding Vow ကို ပြောဆိုခြင်း/ ရေးသားခြင်း ဟာ
သတို့သား/သမီးတွေအတွက် စိန်ခေါ်မှုတစ်ခု ပါပဲ။

💌ဘာလုပ်လုပ် ကွန်ပြူတာတွေ ဖုန်းတွေနဲ့ပဲ ပြောဖြစ်/ရေးဖြစ်ကြတဲ့ ခေတ်ကြီးမှာ
နှလုံးသားက အကြောင်းအရာတွေကို
လှလှပပ ရေးချဖို့ /ထုတ်ပြောဖို့ ဆိုတာ
ထင်သလောက် မလွယ်ကူတတ်ကြပါဘူး။

💌ပြောကျင့်/ရေးကျင့် ရှိတဲ စုံတွဲတွေရှိကြပေမယ့်
ရိုးရိုးကြီးပဲ ချစ်တတ်တဲ့ အချစ်သူရဲကောင်းတွေလဲ
ထိထိမိမိနဲ့ တစ်သက်မမေ့နိုင်စရာ စကားလုံးတွေသုံးပြီး လှလှပပ Wedding Vow လေးတွေကို ရေးလို့ ရနိုင်ပါတယ်။
တခါတလေ အဲ့ဒိ မပြောတတ်ဘူး၊ မရေးတတ်ဘူးဆိုတဲ့ သူတွေရဲ့ wedding vow တွေဟာ
မျက်ရည်ကျလောက်အောင် ကောင်းနေတတ်တာမျိုးလဲ ရှိတတ်ပါသေးတယ်။

👰‍♀️ကဲ… ကိုယ့်မင်္ဂလာပွဲမှာ သတို့သားကြီးကို မျက်ရည်ဘူးသီးလုံးလောက် ကျအောင် Wedding Vow ပြောမယ့်
သတို့သမီးလောင်းလေးတွေ ရှိကြလား??

🤵‍♂️ဒါမှမဟုတ် ကိုယ်ပြောနေတဲ့ Wedding Vow
မပြီးခင်မှာဘဲ သတို့သမီးလေးက ပြေးဖက်ရတဲ့အထိ Heart ထိအောင်ပြောမယ့် သတို့သားလောင်းကြီးတွေ ဘယ်နှစ်ယောက်လောက် ရှိမလဲ??

Comment မှာ ကြွားသွားလို့ ရတယ် နော်…😜

တန်ဖိုးရှိတဲ့ အခိုက်တန့်လေးတွေကို မှတ်တမ်းတင်ရိုက်ကူး ဖမ်းယူဖို့ဆို “ဒဏ္ဍာရီ” ကို သတိရလိုက်ပါ ခင်ဗျာ💕
Wedding service နဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက
📞Phone : 09 254 135 093 , 09 968 405 099
✉️ Email : [email protected]











06/02/2023

Beauty and The Poet

လူ ၂ယောက်အတွက် အဓိပ္ပါယ်ရှိတဲ့ နေ့တစ်နေ့ကို
သိပ်လှတဲ့ကဗျာတစ်ပုဒ်နဲ့ တန်ဖိုးတက်အောင် ဖန်တီးခွင့်ရတာ ကျနော်တို့ အတွက် ဆုလာဒ်တစ်ခု ပါပဲ။

“စကားကြမ်း ပြိုင်မယ့်အစား
နူးညံ့ခြင်းပြိုင်ပွဲသာ တစ်ဘဝစာ နွှဲချင်မိပါရဲ့” တဲ့

သတို့သမီးလှလှလေးကို ပိုင်ဆိုင်ထားရုံတင်မဟုတ်ဘဲ
ကဗျာလှလှလေးတွေကိုပါ ဖန်တီးနိုင်တဲ့ ဆရာ လင်းရိပ်တာရာ Linyeik Taryarကိုယ်တိုင်က သတို့သားကြီး ဖြစ်နေတော့ -

“ ဥယျာဉ်ကျယ်ကျယ်ထဲမှာ ကြည်နူးဖွယ်ရောင်စုံ ပန်းတွေ”
ဖူးပွင့်နေရုံမှတပါး အခြားမရှိနိုင်တော့ဘူး ထင်ပါရဲ့။

အသံချိုချိုအေးအေး ဆရာ့ကဗျာရွတ်သံနဲ့အတူ Wedding Film လေးကို ကြည်နူးခံစားကြည့်ကြပါဦး ခင်ဗျာ။

Wedding Film of Linyeik & Thuzar

Wedding Film | Dandaryee Wedding Film
Photography | Emotion Photography

တန်ဖိုးရှိတဲ့ အခိုက်တန့်လေးတွေကို မှတ်တမ်းတင်ရိုက်ကူး ဖမ်းယူဖို့ဆို “ဒဏ္ဍာရီ” ကို သတိရလိုက်ပါနော် 💕
Wedding service နဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက
📞Phone : 09 254 135 093 , 09 968 405 099
✉️ Email : [email protected]











#လင်းရိပ်တာရာ

Send a message to learn more

🎉🎉🎉 နှစ်သစ်ချိန်ခါ 2023 မှာစ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွါးလာဘ်လာဘများ တိုးပွါးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ...
31/12/2022

🎉🎉🎉 နှစ်သစ်ချိန်ခါ 2023 မှာစ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွါးလာဘ်လာဘများ တိုးပွါးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။



🎉Merry Christmas🎉Christmas နေ့လေးကို ချစ်ခင်ရတဲမိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါ...
25/12/2022

🎉Merry Christmas🎉

Christmas နေ့လေးကို ချစ်ခင်ရတဲမိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်လိုက်ရပါတယ်။ 💕💕



03/12/2022

ချစ်တတ်လာတဲ့ အခါ

“ကိုယ့်တစ်ဦးထဲအတွက် မဟုတ်တော့ဘဲနဲ့
အရာရာတိုင်း အချိန်တိုင်းကို သူ့အတွက်ပါထည့်ပြီးတော့ စဉ်းစားတတ်လာတယ်။ “ (မောင်မောင်)

“ပိုချစ်တဲ့သူဖြစ်တဲ့အတွက် သူ့ကို အရာရာ အကောင်းဆုံးဖြစ်စေချင်တယ်”
( ခင်မျိုး)

ဒီစကားတွေဟာ ဒီ Wedding Film လေးထဲမှာ ပြောတဲ့ သတို့သားကြီး နဲ့ သတို့သမီးလေးတို့ရဲ့ ရင်တွင်းဖြစ် စကားတွေဖြစ်ပါတယ်။
သတို့သမီးလေးကပဲ သူ့ကို ချစ်ခွင့်ပန်တဲ့နေ့က အချစ်ခိုးတွေဝေနေတဲ့ သတို့သားကြီးအကြောင်းကိုလည်း ဖွှဲ့ဖွှဲ့နွဲ့နွဲ့ ပြောသွားပါသေးတယ်။

အရုပ်၊ အသံ ၊ အရသာနဲ့ ပြည့်စုံတဲ့ ဒဏ္ဍာရီဆန်ဆန် Wedding Film တစ်ခုကို ခံစားရမှာဖြစ်ပါတယ် ခင်ဗျာ။

ကြည့်ရှုရန် မသင့်သူများ-

၁) “သွား “ အအေးပတ် မခံနိုင်သူမျာ:

၂) အားငယ်တတ်သူများ နှင့်

၃) FA 25+ များ

ဖြစ်ပါတယ် ခင်ဗျာ။ :P

Wedding Film of Mg Mg & Khin Myo

Wedding Film | Dandaryee Wedding Film
Floral Service | Htinn Shuu Myaing Floral Service & Events Decorations
Photography | Emotion Photography
MC | Nyi Nyar Aung MC - ညီညာအောင် MC
Makeup artist | Taw Win Thu May Oo Maung
Bride's Dress | LWINN MYAT NOE

တန်ဖိုးရှိတဲ့ အခိုက်တန့်လေးတွေကို မှတ်တမ်းတင်ရိုက်ကူး ဖမ်းယူဖို့ဆို “ဒဏ္ဍာရီ” ကို သတိရလိုက်ပါနော် 💕
Wedding service နဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက
📞Phone : 09 254 135 093 , 09 968 405 099
✉️ Email : [email protected]





အမှတ်တရရက်လေးတွေမှာ ကိုယ်ချစ်ရတဲ့သူတွေနဲ့ ရယ်မောပျော်ရွှင်ရတဲ့ အခိုက်အတန့်လေးတွေ မှတ်တမ်း တင်ထားဖြစ်ရဲ့လား..?​ 🤍အထူးသဖြင...
29/11/2022

အမှတ်တရရက်လေးတွေမှာ ကိုယ်ချစ်ရတဲ့သူတွေနဲ့ ရယ်မောပျော်ရွှင်ရတဲ့ အခိုက်အတန့်လေးတွေ မှတ်တမ်း တင်ထားဖြစ်ရဲ့လား..?​ 🤍

အထူးသဖြင့် ကိုယ့်ရဲ့ မင်္ဂလာအခမ်းအနားလေးမှာတော့ ဒီလိုမှတ်တမ်းတင် video ရိုက်ကူးထားတာလေး မမေ့ဖို့လိုတယ်နော် ..

-သတို့သားကြီးရဲ့ ထိုင်မရ ထမရ တကြွကြွ ရင်ခုန်သံတွေ ကစလို့
-သတို့သမီးလေး တသက်မှာ အလှဆုံးပွင့်နေတဲ့ အပြုံးပန်းပွင့် လေးတွေ
-ဂုဏ်ယူမဆုံးဖြစ်နေတဲ့ မိဘ၂ ပါးရဲ့ အငိုမျက်လုံး
အပြုံးမျက်နှာတွေနဲ့
-သူငယ်ချင်းတွေရဲ့ အားကျတဲ့ အကြည့်၊
ကိုယ့်အတွက် ပျော်ရွှင်ကြည်နူးနေတဲ့
အခိုက်အတန့် လေးတွေ။

ဒါတွေဟာ ကိုယ့်ရဲ့ မင်္ဂလာအခမ်းအနားကို အမှတ်တရဖြစ်အောင် ပံ့ပိုးပေးနေတဲ့ ဇာတ်ကွင်းဇာတ်ကွက်တွေ ဆိုရင်လဲ မမှားပါဘူး ခင်ဗျ ✨

သတို့သား သတို့သမီးလေးတို့ရဲ့ မင်္ဂလာအခမ်းအနား နေ့မှာမှ အမှတ်တရ ဝတ်ဆင်မယ့် ပစ္စည်းလေးတွေ ၊ အခမ်းအနား အပြင်အဆင်တွေဟာ ဆိုရင်လည်း မင်္ဂလာဆောင်တစ်ခုရဲ့ ဇာတ်ဝင်ပစ္စည်းတွေ ရပါပဲ။

-ထည်ဝါလွန်းတဲ့ အဖြူရောင် wedding gown လေးနဲ့
-တစ်ဘဝလုံးစာ သက်သေအဖြစ်
မင်္ဂလာလက်စွပ် (၂) ကွင်း
- ဖိနပ်ကလေး ၊ ပဝါလေးတွေကအစ
-လူကြီးမိဘ၊ မိတ်ဆွေ၊ သူငယ်ချင်း တွေကို
တလေးတစားဖိတ်ကြားမယ့် မင်္ဂလာဖိတ်စာ ဟာလည်း
ထည့်သွင်းရိုက်ကူးဖို့ မပါမဖြစ်ပါဘဲ ခင်ဗျာ။

ချစ်သူရဲ့လက်ကိုတွဲပြီး မိဘ၊ဆွေမျိုး၊ မိတ်ဆွေတို့ရဲ့ အလယ်မှာ မင်္ဂလာသက်သေထူဖို့အတွက် လျှောက်လှမ်းပြီးတဲ့ခါ ဇာတ်ရှိန်အမြင့်ဆုံးကို တက်ဖို့အတွက် “Wedding Vow” ကိုလည်း အပြန်အလှန် ပြောဆိုသင့်ပါတယ်။
-နှစ်ဦးနှစ်ဖက် ဘယ်၍ဘယ်မျှ ချစ်တဲ့အကြောင်း၊
-ကတိတွေအကြောင်း၊
-အမှတ်တရထဲကမှ အမှတ်တရအဖြစ်ဆုံး အကြောင်းကို
ကြိုတင်ဖွှဲ့နွှဲ့ရေးထားပြီး ပရိသတ်တွေရဲ့အရှေ့မှာမှ ဖွှဲ့နွှဲ့ပြောဆိုဖို့လဲ မမေ့ထားသင့်ပါဘူး။

ဒီလိုမျိုး အမှတ်တရ ကြည်နူးဖွယ်ရာ အခိုက်တန့် အားလုံးကို Film လေးတစ်ခုထဲမှာ သိမ်းထားလို့ ရပါပြီ.. 💫

ဒါမှသာ ဘယ်အချိန် ပြန်ကြည့်ကြည့် ကြည်နှုးပျော်ရွှင်ရတဲ့ ခံစားချက်လေးကို ပေးစွမ်းနိုင်မှာပါ.. 🥰

ဒီလို အချိန်ကောင်း အမှတ်တရလေးတွေကို မှတ်တမ်းတင်ရိုက်ကူးဖို့ဆို “ဒဏ္ဍာရီ” Wedding Studio လေးကိုသတိရလိုက်ပါ.. 💁‍♀️📷

“ဒဏ္ဍာရီ”မှာ video ရိုက်ကူးရေးနဲ့ ပတ်သက်၍..

▫️ Pre Wedding film 🎥
▫️ Wedding film 🎥

တို့ကို အရည်အချင်းရှိကျွမ်းကျင်သူများဖြင့် အကောင်းဆုံး စိတ်တိုင်းကျ ရိုက်ကူးပုံဖော် ရရှိနိုင်ပါပြီ.. ✅

ဒဏ္ဍာရီဆန်တဲ့ အခိုက်အတန့်လေးတွေကို Dan Dar Yee ( ဒဏ္ဍာရီ ) နဲ့အတူ ဖန်ဆင်းလိုက်ရအောင်နော်.. 👰🏻‍♀️💕

Wedding service နဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက
📞Phone : 09 254 135 093 , 09 968 405 099
✉️ Email : [email protected]




film



25/11/2022

တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ ယုံကြည်မှုဟာ
ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်ထားတဲ့အတွက်
“ကတိ”ဆိုတာ စကားလုံးချည်း သပ်သပ်မဟုတ်တော့ဘူး။
“ကတိ” ဟာ တန်ဖိုးရှိသွားတယ်။
“ကတိ” ဟာ ခွန်အား ဖြစ်သွားတယ်။
“ကတိ” ဟာ မျှော်လင့်ချက် ဖြစ်သွားတယ်။
“ကတိ” ဟာ အနာဂတ် ဖြစ်သွားတယ်။

ဒီ Video လေးထဲမှာတော့ သတို့သား နဲ့ သတို့သမီးလေးတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်ထားတဲ့ ယုံကြည်မှုဟာ ဘယ်လောက်တည်မြဲခဲ့သလဲ၊ ဘယ်လောက်လေးနက်သလဲ ဆိုတာ ခံစားကြည့်ကြပါဦး ခင်ဗျာ။

“ခံစားရုံပဲလားကွ “ လို့ မေးရင်တော့..
”Tissue လေးနဲ့ပါ ဘုရား …” လို့ပဲ ညွှန်းလိုက်ပါရစေ။

Wedding Film of Noom and Zin (Ai Zai Noom & Zin)

Wedding Film | Dandaryee Wedding Film
Planning & Design | Timeless - Event Planning Services
Photography | Emotion Photography
Venue | Royal Garden Restaurant
MC | ThetPaing
Makeup artist | 𝑳𝒊𝒏𝒏 𝑳𝒊𝒏𝒏 - 𝑳𝒂𝒏𝑴𝒂𝑫𝒂𝒘
Bride's Dress | Studio8

တန်ဖိုးရှိတဲ့ အခိုက်တန့်လေးတွေကို မှတ်တမ်းတင်ရိုက်ကူး ဖမ်းယူဖို့ဆို “ဒဏ္ဍာရီ” ကို သတိရလိုက်ပါနော် 💕
Wedding service နဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက
📞Phone : 09 254 135 093 , 09 968 405 099
✉️ Email : [email protected]




Send a message to learn more

ကိုယ့်ရဲ့ မင်္ဂလာရက်ထူးရက်မြတ်လေးကို အခမ်းနားဆုံးဖြစ်အောင် စီစဉ်ဖို့ စိတ်ကူးရှိနေပြီလား..?👰🏻‍♀️🤵🏼 အနောက်တိုင်းဆန်ဆန် ရို...
23/11/2022

ကိုယ့်ရဲ့ မင်္ဂလာရက်ထူးရက်မြတ်လေးကို အခမ်းနားဆုံးဖြစ်အောင် စီစဉ်ဖို့ စိတ်ကူးရှိနေပြီလား..?👰🏻‍♀️🤵🏼

အနောက်တိုင်းဆန်ဆန် ရိုးရိုးလေးနဲ့ အမှတ်တရဖြစ်တဲ့ wedding လေးပဲလား .. တော်ဝင်ဆန်ဆန်လေးနဲ့ classic ဖြစ်တဲ့ ခမ်းခမ်းနားနား wedding လေးပဲလား .. 💐🤍

စိတ်ကူးထားတဲ့ အိပ်မက်လေးထဲက wedding လေး အကောင်အထည်ပေါ်စေဖို့ “ဒဏ္ဍာရီ” မှ တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းပေးပါရစေ .. 💁‍♀️

“ဒဏ္ဍာရီ”မှာ video ရိုက်ကူးရေးနဲ့ ပတ်သက်ပြီး..

▫️ Pre Wedding film 🎥
▫️ Wedding film 🎥

တို့ကို professional များနဲ့ စိတ်တိုင်းကျ ရိုက်ကူး ရရှိနိုင်ပါပြီ .. 💐

တန်ဖိုးရှိတဲ့ အခိုက်တန့်လေးတွေကို မှတ်တမ်းတင်ရိုက်ကူး ဖမ်းယူဖို့ဆို “ဒဏ္ဍာရီ” ကို သတိရလိုက်ပါနော် 💕

Wedding service နဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက
📞Phone : 09 254 135 093
✉️ Email : [email protected]







ကိုယ်ချစ်ရသူလေးနဲ့ တစ်သက်မှာတစ်ခါပဲ ကြုံရမယ့် မင်္ဂလာပွဲလေးကို အမှတ်ရဆုံး ဖြစ်နေပါစေနော် .. 🥰  ကိုယ့် wedding day လေးမှာ...
19/11/2022

ကိုယ်ချစ်ရသူလေးနဲ့ တစ်သက်မှာတစ်ခါပဲ ကြုံရမယ့် မင်္ဂလာပွဲလေးကို အမှတ်ရဆုံး ဖြစ်နေပါစေနော် .. 🥰

ကိုယ့် wedding day လေးမှာ အခမ်းနားဆုံးဖြစ်ပြီး အမှတ်ရနေဖို့ သေချာကြိုတင် စီစဉ်ထားဖို့ လိုပါတယ်..

မင်္ဂလာဝတ်စုံကအစရှိလို့ မင်္ဂလာခန်းမအထိ အရာအားလုံး perfect ဖြစ်နေဖို့ စီစဉ်ပြင်ဆင်ထားမှ ဖြစ်ပါမယ်နော် ..💕

ဒါ့အပြင် သတို့သား ၊ သတို့သမီးအပါအဝင် မြတ်နိုးတန်ဖိုးထားရတဲ့ မင်္ဂလာပွဲလာ မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေနဲ့ ရွှေရောင်အမှတ်တရလေးတွေလည်း မှတ်တမ်းတင်ရိုက်ကူးထားဖို့ကလည်း မမေ့သင့်ပါဘူးနော် ..💕📷

အမှတ်တမဲ့ ပြုံးရယ်နေတဲ့ပုံရိပ်လေးတွေ ၊ ဟန်ဆောင်မှူကင်းတဲ့ အရယ်အမောလေးတွေ ၊ မထင်မှတ်ထားတဲ့ အခိုက်အတန့်လေးတွေဟာ စစ်မှန်တဲ့ ပျော်ရွှင်ခြင်း ၊ ချစ်ခြင်းမေတ္တာလေးတွေကို ပေါ်လွင်စေပါတယ် ..

မင်္ဂလာချိန်ခါက တစ်သက်မှာတစ်ခါပေမဲ့ ရိုက်ကူးဖမ်းယူထားတဲ့ memories လေးတွေက ထာဝရအတွက်ပါနော် 🥰

Wedding အတွက် memories လေးတွေကို ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူး ၊ ပုံဖော်ပေးဖို့ ကျွန်တော်တို့ “ ဒဏ္ဍာရီ “ ကို သတိရလိုက်ပါနော် ✨📷

Wedding service နဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက
📞Phone : 09 254 135 093
✉️ Email : [email protected]







ဒဏ္ဍာရီဆိုတဲ့ စကားလုံးလေးက မယုံနိုင်လောက်အောင် ခမ်းနားကြီးကျယ်တဲ့ အဖြစ်အပျက်တွေကို ရည်ညွှန်းပါတယ် ☁️✨ထိန်းမြားမင်္ဂလာချိ...
16/11/2022

ဒဏ္ဍာရီဆိုတဲ့ စကားလုံးလေးက မယုံနိုင်လောက်အောင် ခမ်းနားကြီးကျယ်တဲ့ အဖြစ်အပျက်တွေကို ရည်ညွှန်းပါတယ် ☁️✨

ထိန်းမြားမင်္ဂလာချိန်ခါတွေဟာဆိုရင်ဖြင့် ဘဝရဲ့ အမှတ်တရတွေထဲက အခမ်းနားဆုံး အမှတ်တရတစ်ခုပါပဲနော် ။ ဘဝရဲ့ ရွှေရောင်အခိုက်အတန့်လေးတွေကို ဖမ်းယူ မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးပေးဖို့ ရည်ရွယ်ချက်နဲ့ Dan Dar Yee ( ဒဏ္ဍာရီ ) Wedding Studio လေးကို စတင်တည်ထောင်ဖြစ်ခဲ့ပါတယ် ။ ✨

ဒဏ္ဍာရီရဲ့ ဦးဆောင်ပဲ့ကိုင်သူ founder ကိုယ်တိုင်လည်း Professional အတွေ့အကြုံများစွာရှိထားပြီး အကောင်းဆုံးဆိုတဲ့ ရုပ်သံဗီဒီယိုတွေ ရိုက်ကူးပုံဖော်ပေးဖို့ အသင့်ရှိနေပါတယ် 🎥📸

🤍 Pre wedding အတွက်နဲ့ wedding အတွက် စိတ်တိုင်းကျ ဆန်းသစ်တဲ့ Idea အသစ်များ ဖြင့် အကောင်းဆုံးသော Quality Video လေးတွေကို DanDanYee Wedding Film နဲ့အတူ ရွေးချယ်ရိုက်ကူးနိုင်ပါပြီ။

တစ်သက်မှာ နှစ်ခါပြန်မရနိုင်မယ့် ရွှေမှုန်လေးတွေခင်းတဲ့ ထိန်းမြားမင်္ဂလာချိန်ခါလေးမှာ ဒဏ္ဍာရီဆန်တဲ့ အခိုက်အတန့်လေးတွေကို ဖော်ဆောင်မယ့် Wedding Film လေးတွေကို Dan Dar Yee ( ဒဏ္ဍာရီ ) နဲ့အတူ ဖန်ဆင်းကြမယ်နော် .. 👰🏻‍♀️💕🤵🏼‍♂️

Wedding Video Service နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက
📞Phone : 09 254 135 093
09 968 405 099
✉️ Email : [email protected]







Address

Yangon

Telephone

+959254135093

Website

Alerts

Be the first to know and let us send you an email when Dandaryee Wedding Film posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dandaryee Wedding Film:

Videos

Share


Other Event Videographers in Yangon

Show All