Myanmar Bus Tickets - အဝေးပြေး ကားလက်မှတ် ဝန်ဆောင်မူ

  • Home
  • Myanmar
  • Yangon
  • Myanmar Bus Tickets - အဝေးပြေး ကားလက်မှတ် ဝန်ဆောင်မူ

Myanmar  Bus Tickets - အဝေးပြေး ကားလက်မှတ် ဝန်ဆောင်မူ အဝေးပြေးကားလက်မှတ်များကို ထိုင်ရာမထပဲ လွယ်ကူစွာဝယ်ယူရရှိနိုင်ပါပြီ 😊

01/01/2024
01/12/2023

🏝️🌊ငွေဆောင်ကမ်းခြေ အမှတ်တရ🏖️👙

သွားလမ်းသာလို့ လာလမ်းဖြောင့်ဖြူးကြပါစေ😇😇😇
22/03/2023

သွားလမ်းသာလို့ လာလမ်းဖြောင့်ဖြူးကြပါစေ😇😇😇

19/03/2023

ကားလက်မှတ်စုံစမ်းချင်ရင်
CB မဟုတ်ရင် Viber ကနေ မေးပေးပါနော် 😊

ဆောင်းရာသီဆိုတာ❄️☃️ခရီးထွက်လို့ကောင်းတဲ့ရာသီဖြစ်တဲ့အပြင် 🎄အားလပ်ရက်များတဲ့ကာလဖြစ်တာကြောင့် သင်လည်း ခုလိုဆောင်းရာသီမှာ ခရ...
12/01/2023

ဆောင်းရာသီဆိုတာ❄️☃️
ခရီးထွက်လို့ကောင်းတဲ့ရာသီဖြစ်တဲ့အပြင် 🎄အားလပ်ရက်များတဲ့ကာလဖြစ်တာကြောင့် သင်လည်း ခုလိုဆောင်းရာသီမှာ ခရီးထွက်ဖို့ပြင်နေတယ်ဆိုရင် ဒီစာလေးက သင့်အတွက် အကျိုးရှိစေမှာပါ။

ဆောင်းရာသီမှာ ခရီးထွက်မယ်ဆို ဘယ်ပစ္စည်းတွေကို မဖြစ်မနေယူသွားရမလဲ❓

✅ လက်အိတ်၊ ခြေအိတ်၊ အနွေးထည်
အအေးဒဏ်ကို ခံနိုင်ရည်ရှိဖို့အတွက် လက်အိတ်၊ ခြေအိတ်၊ အနွေးထည်နဲ့ ခေါင်းစွပ် စတာတွေကို မဖြစ်မနေယူသွားသင့်ပါတယ်။

✅ ဆေးဝါးများ
အေးတဲ့ရာသီကာလမှာ ခရီးထွက်မယ်ဆို နှာစေးတာ၊ ချောင်းဆိုးပြီး လည်ချောင်းနာတာ၊ အအေးမိဖျားနာတာမျိုးတွေ ဖြစ်တတ်တာကြောင့် သောက်ဆေးတွေ ကြိုတင်ဆောင်သွားသင့်ပါတယ်။

✅ အစိုဓာတ်ထိန်းခရင်မ် (Moisture Cream, Lotion)
အသားအရေခြောက်သွေ့ပြီး အသားပတ်တာမျိုးမဖြစ်ရအောင် အစိုဓာတ်ထိန်းခရင်မ် (Moisture Cream, Lotion) ကို နေ့တိုင်းသေချာလိမ်းပေးရမှာဖြစ်လို့ မပါမဖြစ်ယူသွားရမယ့် ပစ္စည်းလေးပါ။

✅ Lip Balm
ဒါကတော့ ယောက်ျားလေးရော မိန်းကလေးရော ဆောင်သွားသင့်ပါတယ်။ အေးတဲ့အချိန်ဆို နှုတ်ခမ်းသားလေးတွေ ခြောက်သွေ့ကွဲအက်ကွဲမှုတွေ ဖြစ်စေတာကြောင့် Lip Balm လေး လိမ်းပေးမယ်ဆိုရင် သက်သာစေနိုင်ပါတယ်။

ပျော်ရွှင်ဖွယ်ကောင်းသော ဆောင်းရာသီအားလပ်ရက်ခရီးစဉ်လေးဖြစ်ပါစေ….

ရန်ကုန်ကနေ မန်းလေးသွားမယ်ဆိုပါက စျေးအနိမ့်ဆုံးမှ VIP ကားအထိ  ကားလက်မှတ် စျေးအစားစား ရွေးချယ်ဝယ်ယူနိုင်ပါတယ် ရှင့်✌️
07/01/2023

ရန်ကုန်ကနေ မန်းလေးသွားမယ်ဆိုပါက စျေးအနိမ့်ဆုံးမှ VIP ကားအထိ ကားလက်မှတ် စျေးအစားစား ရွေးချယ်ဝယ်ယူနိုင်ပါတယ် ရှင့်✌️

ဘယ်ကိုသွားချင်လဲ ❓ဘယ်အဝေးပြေးကား စီးချင်လဲ ❓အထူးကားလား ရိုးရိုးလား ❓💯 လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးပမယ်နော် ➖➖➖➖➖➖➖➖➖➖➖...
06/01/2023

ဘယ်ကိုသွားချင်လဲ ❓

ဘယ်အဝေးပြေးကား စီးချင်လဲ ❓

အထူးကားလား ရိုးရိုးလား ❓

💯 လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးပမယ်နော်

➖➖➖➖➖➖➖➖➖➖➖➖
🔖လက်မှတ်ဘယ်လိုဝယ်ရမလဲ❓
➖➖➖➖➖➖➖➖➖➖➖➖
.. မြန်မာပြည်အနှံ့ ...
➡️ အဝေးပြေးကားလက်မှတ်များ တစ်နေရာတည်းမှာ 𝐎𝐧𝐞 𝐒𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 ဝယ်ယူနိုင်ဖို့

📞☎️09799950566 (𝗩𝗶𝗯𝗲𝗿)

တို့ကိုအလွယ်တကူ ပြီး

🔶KBZ Pay
🔷CB Pay
🔶Wave money
🔶Moblie banking
( CB / KBZ / AYA / Yoma )
အဆင်ပြေရာဖြင့် ငွေလွှဲပြီး မိမိသွားလိုရာလက်မှတ် Messenger / Viberတို့မှတဆင့် လွယ်ကူရိုးရှင်းစွာ ကားလက်မှတ်ရယူလိုက်ပါတယ်ရှင့် 🙏🏻

ဆိုင်လိပ်စာ
မြတ်ပန်းဖြူအထည်ဆိုင်
အမှတ် ၂၀၃/E-2, ဗညားဒလလမ်း, လမ်းကျယ်မှတ်တိုင်အနီး, တာမွေမြို့နယ်, ရန်ကုန်မြို့။

#ကားလက်မှတ် #လက်မှတ်

ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ...
06/01/2023

ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??

အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ်ပဲ ခရီးတွေ တချိန်လုံးထွက်နေတာ ကြုံဖူးကြမှာပါ။ ကိုယ်က ခရီးလည်းသွားချင်တယ် ၊ ဘာကြောင့်သူတို့ ခရီးတွေ အဲ့လိုသွားဖစ်နေတာလဲ ဆိုတာကို စိတ်ဝင်စားမိတယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ဒီပို့စ်လေးကို ရည်စူးပြီး ရေးလိုက်ရပါတယ်။

၁) မနက်ဖြန်ဆိုတာ မရေရာတဲ့အတွက်။

ပိုက်ဆံတွေ အများကြီးရှိရင် သွားမယ် ၊ အလုပ်အကိုင်တွေ အခြေကျရင် သွားမယ် ၊ ရာထူးတက်ရင် သွားမယ် ၊ အသက်ကြီးလာလို့ အနားယူတဲ့အခါ သွားမယ် ၊ ဘွဲ့ ရပြီးရင် သွားမယ် ၊ သူငယ်ချင်းတွေ အကုန်လုံးအားတဲ့အခါ သွားမယ် ဆိုပြီး အကြောင်းအမျိုးမျိုး တွေ ပြပြီး ခရီးသွားဖို့ အချိန်ကို ကျွန်တော်တို့ ဆွဲထားတတ်ကြပါတယ်။ အဲ့လိုမျိုး အချိန်တွေ ကျွန်တော်တို့ ဆွဲထားရအောင် နံနက်ဖြန်မှာ ကျွန်တော်တို့ အသက်ရှင်နေအုန်းမယ်၊ ကျန်းမာကြံ့ ခိုင်နေအုန်းမယ် လို့တွေးထားရင် ကျွန်တော်တို့ မိုက်ရူးရဲဆန်ရာ ကျသွားမှာပေါ့ဗျာ။

၂) “နောင်တဆိုတာ လုပ်လိုက်လို့ရတာထက် မလုပ်လိုက်လိ ု့ရတာ ပိုများပါတယ်။”

အခုချိန်မှာသာ ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် ခုတင်ပေါ် ဗုံးဗုံးလဲနေခဲ့ရင် ကျောစိမ့်အောင် အေးတဲ့ ပုဂံဆောင်းရာသီ နေထွက်ချိန်မှာ ကောင်းကင်ပေါ် တက်လာတဲ့ မီးပျံပူဖောင်းကြီးတွေကို အဓိပ္ပါယ်မရှိစွာ မငေးမောခဲ့ရတဲ့အတွက် နောင်တရမိမှာ ၊ နိုင်ငံခြားတိုင်းပြည်တခု၏ လမ်းထောင့်လေးက ကော်ဖီဆိုင်မှာ အူကြောင်ကြားထိုင်နေရင်း ဘေးက လူတစ်ယောက်နဲ့ ဟိုဟိုဒီဒီတွေ
လေ ျှာက်ပြောရင်း စကားလက်ဆုံကြမိခဲ့ပြီး နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးခင်ရတဲ့ မိတ်ဆွေတစ်ယောက် မကြုံတွေ့ခဲ့ရတဲ့အတွက် နောင်တရမိမှာ၊ ကိုယ်ချစ်ရတဲ့သူနဲ့ တောင်ပေါ်က တိမ်တွေအပေါ်မှာ လည်နေတဲ့ ချားရဟတ်လေးကို ဘယ်နှခေါက်မှန်းမသိ စီးခွင့်မရခဲ့တဲ့အတွက် နောင်တရမိမှာ၊ တောတောင်တွေထဲမှာ တစ်ယောက်တည်းလမ်းလေ ျှာက်ရင်း မိမိအနာဂါတ်အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မချမိခဲ့တဲ့အတွက် နောင်တရမိမှာ……

မသွားရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သွားကြည့်မှ လုပ်ကြည့်မှ စမ်းကြည့်မှ ဘယ်အရာနဲ့မတူတဲ့ အတွေ့အကြုံတွေကို ခံစားမိတဲ့အခါ ကိုယ်သာ ဒီလိုမလုပ်ခဲ့ရင် ဒါတွေနဲ့ ဝေးရချည်သေးရဲ့ ဆိုပြီး တစ်ယောက်တည်းကြိတ် သက်ပျင်းချပြီး တော်ပါသေးရဲ့ ငါလုပ်ခဲ့လို့ ဆိုတဲ့ အခိုက်အတန့်တွေ အများကြီးလည်း ရှိခဲ့ပါသေးရဲ့ ။

၃) ကိုယ်တိုင်ခံစားဖူးမှ တကယ်သိမှာပါ။

ပဲရစ် ရထားဘူတာကြီး အဝမှာ ခွဲခွာရမယ့် ချစ်သူ ၂ ဦး ဖက်ပြီးငိုဆွေးနေတာကိုကြည့်ပြီး သင် အချစ်ဆိုတဲ့ အရာကို နွေးနွေးလေးခံစားမိမှာပါ။
အခြားနိုင်ငံခြား ခရီးသည် ဘယ်သူမှမရှိတဲ့ နှစ်ပေါင်းထောင်ချီသော ရှေးဟောင်းဘုရားကျောင်းအဝင်လမ်းမှာ ရိုးရာတူရိယာလေးကို ငြိမ့်ညောင်းစွာ တီးခတ်နေတာကို ခံစားရင်း လောကကြီးကို သင်ခဏလေးတော့ မေ့သွားမှာပါ။

ခရီးသွားနေရင်း ပိုက်ဆံ အိပ်ကပ်ထဲမှာ ၅ ဒေါ်လာပဲကျန်တဲ့အခါ ဘယ်နည်းနဲ့ဖြစ် ပိုက်ဆံရောက်အောင်လွှဲပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သင့်အပေါ်ထားတဲ့ စေတနာနဲ့ စိုးရိမ်မှုတွေကို သိရှိခံစားမိမှာပါ။

အဲ့ဒီလို လှပတဲ့ခံစားချက်တွေကို သင်ကိုယ်တိုင်မှလွဲပြီး အခြားဘယ်သူမှနားလည်အောင် ရှင်းပြလို့လည်း ရမှာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းပဲ ဖီးလ်လို့ရတဲ့ ခံစားမှုမျိုးတွေပေါ့ဗျာ။

၄) အားလုံးနဲ့ဝေးရာ ခဏတာ ထွက်သွားပါရစေ။

နေ့ခင်း ထမင်းဆိုင်မှာ ဟင်းမှာရင်တောင် ဝက်သား၊ အမဲသား မစားတဲ့သူတွေပါလာတဲ့အခါ အားလုံးစားလို့ရမယ့် ဟင်းမျိုးကိုမှာခဲ့ရတယ်။ ကိုယ်စားချင်နေတဲ့ ဟင်းလေတွေကို တခါတရံ အံ့ကြိတ်ပြီး ခဏမေ့ထားခဲ့ရတာပေါ့။

ကိုယ်မကြိုက်တဲ့သူတွေကို အလုပ်သဘောတရားအရ၊ လူမှုရေးသဘောတရားအရ မပြုံးချင်တောင် မဲ့လို့မရပဲ ပြောဆိုဆက်ဆံရတာ များလာတော့လည်း ရင်ထဲမှာ မောမောလာတယ်။

ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကျတော့လည်း သူတို့ရဲ့ အကြိုက်လေးတွေကို လိုက်ရင်းလိုက်ရင်း ကိုယ်ဘာကြိုက်တတ်လဲတောင် မေ့တတ်လာခဲ့တာတောင် အတော်ကြာခဲ့ပါပြီ။

ကိုယ်ဆိုတာကို ခဏမေ့ထားပြီး သူတို့ ဆိုတာကြီးကို ဦးစားပေးရင်း ပျောက်ကွယ်သွားတဲ့ “ကိုယ့်” ကို ပြန်လည်ရှာဖွေတွေ့ ရှိနိုင်ဖို့ အားလုံကို ခဏပစ်ထားပြီး အဝေးသို့ ထွက်သွားခဲ့မိပါတယ်။

၅) ခရီးသွားခြင်းက ဆေးဝါးအချို့လိုပဲ လူကို စွဲလမ်းစေတတ်ပါတယ်။

တစ်ယောက်တည်း သွားချင်တဲ့နေရာသွား ၊ စားချင်တာတွေစား၊ လုပ်ချင်တာတွေလုပ်ပြီး ပျော်ရွှင်မှုတွေ အများကြီးခံစားရတဲ့အခါ နောင်ကိုမသွားပဲ မနေနိုင်လောက်အောင် စွဲလမ်းလာပါတယ်။

လူနေထိုင်မှုပုံစံအသစ်တွေ၊ ရာသီဥတုကောင်းကောင်းလေးတွေ၊ တပ်မက်ဖွယ်ကောင်းတဲ့ အစားအသောက်တွေ၊ မျက်လုံးထဲကမထွက်တော့တဲ့ ရှုခင်းလှလှလေးတွေ ကိုကြုံတွေ့ပီးတဲ့အခါ ပိုပြီးသွားချင်လာတယ်၊ ပိုပြီးနားလည်ချင်လာတယ်၊ ပိုပြီးစမ်းသပ်ချင်လာပါတယ်။

တစ်မြို့ ပြီး တစ်မြို့ ၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ၊ တစ်နေရာပြီး တစ်နေရာကို သွားဖို့စီစဉ်မိနေတော့တာပါပဲ။ အဲ့လိုသွားနိုင်ဖို့လည်း အရင်ကထက် ၃ ဆလောက်အလုပ်ပိုလုပ်လာရပါတယ်။

အသုံးအဖြုန်းတွေလည်းတတ်နိုင်သလောက်လေ ျှာ့လာရပါတယ်။ တစ်ချိန်လုံး ခေါင်းထဲမှာ ဘယ်နေရာအသစ်တွေ ထပ်သွားရင် ကောင်းမလဲစဉ်းစားနေတဲ့အထိကို ဖြစ်လာတော့တာပဲဗျာ။

ခရီးသွားခြင်းလို့ပြောတဲ့အခါ အချို့တွေက အများသွားလေ့ရှိတဲ့ နာမည်ကြီး နေရာလေးတွေလောက်သာ ရွေးသွားပြီး ဓါတ်ပုံလေးတွေရိုက် အခြားသူများ အထင်ကြီးအားကျအောင် လုပ်ချင်တဲ့အချက်ကြောင့် ခရီးသွားတာကိုတော့ အပေါ်မှာ ထည့်မရေးထားတာကို သတိထားမိမှာပါ။ ထိုအချက်ကို မကောင်းဘူးလို့တော့ မပြောချင်ပါဘူး။ ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ပဲလေ။

ဒါပေမယ့် ခရီးသွားခြင်း အနုပညာက ထိုအကြောင်းအရာတစ်ခုထဲထက် များစွာပိုတာမို့ အားလုံးပဲ စစ်မှန်သောပျော်ရွှင်မှုနဲ့ ဘဝအတွက်အထောက်အကူပြုသော သင်ယူမှုများ ရရှိနိုင်တဲ့ ခရီးသွားခြင်းမျိုး ဘဝမှာ များများပြုလိုက်နိုင်ပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

#ကားလက်မှတ် #လက်မှတ်


Credit- Original Uploader
Credit- Original Uploader

Address

Yangon
11211

Telephone

+959799950566

Website

Alerts

Be the first to know and let us send you an email when Myanmar Bus Tickets - အဝေးပြေး ကားလက်မှတ် ဝန်ဆောင်မူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category