26/10/2022
Trance music
EDM music ထဲမှာမှ အခမ်းနားဆုံး နဲ့ အလှပဆုံး genre တစ်ခု က ဘာလဲလို့ မေးလာခဲ့ရင် Trance Music လို့ပဲ ရဲရဲကြီး ဖြေဆိုရမှာပါ။ 90’s နောက်ပိုင်း နဲ့ 2000 ခုနှစ်တွေမှာ စ ခေတ်စား လာခဲ့ပြီး ယနေ့ထက်တိုင် ရှင်သန်နေဆဲပါပဲ။ BPM 130 - 150 ကြား ရှိပြီး တခြား music တွေနဲ့ မတူ တဲ့ effortless euphoria feeling မျိုး ပေးနိုင်ပါတယ်။ Reverb Piano effect တွေ orchestral တွေ ကိုမှ pluck လှလှလေးတွေ ဝင်ပြီး Call မယ် Respond အချိန် drop အကျကို Trancy Lead တွေ Kick တွေနဲ့ paradise တစ်ခုကို ခေါ်ဆောင်သွားပေးနိုင်တဲ့ feeling မျိုး က Trance music မှာပဲရတာပါ။
Trance ကို အကြမ်းဖျင်း သတ်မှတ်ရမယ်ဆိုရင်တော့ classic trance, hard trance, hardstyle (which is a fuse between hardcore and hard trance), progressive trance, and uplifting trance အပြင်ကိုမှ Vocal trance and Emotional Trance ဆိုပြီး ပေါ်ထွက်လာပါသေးတယ်။
Personally favorite genre ဆို ရင်တော့ Uplift Trance , Emotional and Vocal Trance နဲ့ Classic Trance ပါပဲ။ များသောအားဖြင့် Trance တို့ Techno တို့လို Music အမျိုးအစားတိုင်း မှာ Vocal ပါတာတွေ့ရခဲပါတယ်။ သို့ပေမဲ့ Ramelia - DJ Ram တို့လို Vocal Trance မျိုးဆို မျက်ရည်ပါကျလောက်တဲ့ အထိ ကောင်းပါတယ်။ Darude - Sand Storm (edit) ဆို လည်း ဒီက night life မှာတော်တော်များများ ဖွင့် လေ့ရှိကျပါတယ် ။ ( အရင်ကပါ အခုတော့ လာလီဆာ လာမီ သွားပါပြီ :3)
ဆိုတော့က ပြောရရင် ၂၀၂၁ နှောင်းပိုင်းမှ EDM လောက ထဲ ခြေစလှမ်းတဲ့ ညီလေးတွေ ညီမလေးတွေအတွက် Festival တွေလဲ ရှိမနေတဲ့ အပြင် Night life event အများစု ကလဲ 10:30 လောက်တည်းက BPM 150 Hard dance တွေ ပဲ ကြုံ နေရတာမြင်တော့ တကယ် စိတ််ကောင်းပါဘူး။ ( Even though there is still very few of quality event and music arrangement exits )
နောက်ဆုံးအနေနဲ့ ဘာလို့ဒီလောက်Trance Music ကို အကောင်းဆုံးလို့ ပြောပြနေရလဲဆိုရင်တော့ ဖျားနာနေတဲ့ အချိန် မှာ တောင် Trance music ကြောင့် Euphoric feeling တချို့ပြန်ရပြီး နေပြန်ကောင်းလာခဲ့လို့ပါပဲ။ ( Idk how hormones work with music but it did happen ) So….ခုမှ စနားထောင် ကြည့်ချင်တယ် Music experience အသစ် ခံစားချင်တယ် ဆိုရင်တော့ Local quality event တွေဖြစ်တဲ့ LUCID , HYPNOTIZE , TRANCE LAND စတဲ့ event တွေကို သွားစေချင်ပါတယ်။
Recommend Songs
For beginners - Lighter Than Air - Marlo ,
This I Vow - Armin Van Buuren
စိတ်ညစ်နေလား? (Andy Blueman - Nytalopia )နားထောင်။
စိတ်ဓာတ်ကျနေလား? (Aly & Fila - Somebody loves you) နားထောင်။
အသည်းကွဲနေလား ? ( Simon O’Shine - Ethereal Rhapsody ) နားထောင်။
Motivation ပျောက်သလိုဖြစ်နေလား? ( Breathe Of The Wind - Metta & Glyde ) နားထောင်။
Euphoric feelings ဆိုတာ ဘယ်လိုမျိုးလဲ စမ်းလေ့လာကြည့်ချင်ရင်တော့ ( Nascent Nova - Stratocumulus( Original Mix) ) နားထောင်ကြည့်ပါ။
ဒါပါပဲ ။
Thank you for your time and effort !
Only heart and soul needed to feel the most out of Music , not the drugs!
P.L.U.R 💗