Renewable Energy & EV Show

Renewable Energy & EV Show Renewable Energy and EV Show in Myanmar 18-20 August 2023 at YCC, Yangon.

Coming soon...Meet you in Mandalay.8-10 December 2023@ MCC, Mandalay.
26/09/2023

Coming soon...
Meet you in Mandalay.
8-10 December 2023
@ MCC, Mandalay.

06/09/2023

ကျင်းပပြီးစီးခဲ့တဲ့ Renewable Energy & EV Myanmar, Myanmar 8 Build , Myanmar Real Estate & Property Expo, (မြန်မာ့ဆောက်လုပ်ရေး၊ အိမ်ခြံမြေ နှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာပြပွဲကြီး) ရဲ့ ပုံရိပ် တွေပဲဖြစ်ပါတယ်
ပြပွဲအတွင်း လာရောက်ခဲ့ကြတဲ့ ဧည့်သည်တော်များနှင့်တကွ ပါဝင်ပြသခဲ့ကြတဲ့ ကုမ္ပဏီအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ
ဆက်လက်ပြီး မန္တလေး မြို့မှာကျင်းပပြုလုပ်မဲ့ Renewable Energy & EV Myanmar 2024-Mandalay နှင့် ရန်ကုန်မြို့မှာကျင်းပပြုလုပ်မဲ့ Renewable Energy & EV Myanmar 2024 တို့မှာပြန်လည် ဆုံစည်း ကြပါဦး စို့ခင်ဗျာ


&PropertyExpo2023



21/08/2023
21/08/2023

✨️ Yangon Convention Centre တွင် ဩဂုတ်လ ၁၈၊ ၁၉၊ ၂၀ (၃)ရက်တိတိ ကျင်းပပြုလုပ်သွားမည့် "Myanmar 8 Build EXPO 2023" ပြပွဲကြီးတွင် MTKK Engineering & Trading Co., Ltd. မှ ပါဝင်ထားပါကြောင်း သတင်းစကားပါးလိုက်ပါတယ်နော်။ ✨️

ရန်ကုန်မြို့အထင်ကရ​ဆောက်လုပ်​ရေးဆိုင်ရာပြပွဲကြီးဖြစ်တဲ့အတွက် MTKK ရဲ့ Electrical Products & Accessories များ၊ Solar Power Products များအပြင် Electrical Services များကိုပါ Booth No(B18) တွင် အသေးစိပ် မိတ်ဆက်ပြသပေးသွားမှာဖြစ်လို့ လာရောက်ကြည့်ရှု့လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🏢 Yangon Convention Center
အင်းလျားကန်ဟိုတယ်ဝင်း၊ ကမ္ဘာအေးဘုရားလမ်း (၁၀၆မှတ်တိုင်အနီး)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

🗓 18.8.2023 - 20.8.2023

🕘 10:00 AM - 5:00 PM

21/08/2023
🎉📢 ရန်ကုန်မြို့ရဲ့ ပထမဆုံး ဆိုလာနဲ့ အီးဗီးပြပွဲ​ကြီး ရဲ့ ဒုတိယနေ့ မြင်ကွင်းလေးများကိုအောက်ပါပုံများတွင်ကြည်ရှုနိုင်ပါတယ်...
19/08/2023

🎉📢 ရန်ကုန်မြို့ရဲ့ ပထမဆုံး ဆိုလာနဲ့ အီးဗီးပြပွဲ​ကြီး ရဲ့ ဒုတိယနေ့ မြင်ကွင်းလေးများကိုအောက်ပါပုံများတွင်ကြည်ရှုနိုင်ပါတယ်ခင်ဗျ
⚡ ပြပွဲအတွင်းမှ နိုင်ငံတကာ ဆိုလာ Brand များကို Authorized Distrubutors များ ၊ Dealer များ Installation Service Provider များ မှ ခင်ကျင်းပြသထားပါတယ်ခင်ဗျ

⚡🚗 EV များအနေဖြင့် MG ရဲ့ MG 5 EV ၊ Essential Motor BYD ရဲ့ Atto 3 တို့အပြင် EV Myanmar Group မှ EV ကား Charger များကိုလဲ ဝင်ရောက်ပြသထားပါသေးတယ်ခင်ဗျ

🔵 မိတ်ဖက် ပြပွဲများအဖြင့် ဆောက်လုပ်ရေးပြပွဲ Myanmar 8 Build Expo အိမ်ခြံမြေအရောင်းပြပွဲ Myanmar Real Estae and Property Expo တို့ကိုလဲပူးတွဲကျင်းပထားမှာပါခင်ဗျ

🔵 ဆိုလာနှင့် အီးဗီ (EV) နည်းပညာဆိုင်ရာ ဟောပြောပွဲများ၊ ဆေးနွေးပွဲများကိုလည်းထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်ဗျာ

🔵 ဒါ့အပြင် ပြ ပွဲလာ ဧည့်သည်တော်များကိုကံစမ်းမဲအဖြစ် Melia Hotel မှာ Staycation အစီအစဥ်များ ထည့်သွင်းစီစဥ်ပေးထားတာဖြစ်လို့ ကျန်ရှိနေတဲ့ သြဂုတ် ၁၉ -၂၀ (စနေ-တနင်္ဂနွေ)နေ့များမှာအချိန်မှီ လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျ

🔶 ပြပွဲအသေးစိတ်ကတော့ ပြပွဲနေ့ရက် - သြဂုတ် ၁၈ရက် မှ ၂၀ရက်နေ့ထိ ပြပွဲအချိန် - မနက် ၁၀ နာရီမှ ညနေ ၅နာရီထိ ပြပွဲနေရာ - အင်းယားလိတ်ဟိုတယ်ဝင်း (Inya Lake Hotel Compound) ဦးထွန်းငြိမ်းလမ်း မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့

EV Myanmar Group မှ ပြပွဲအတွင်းပါဝင် မှုပုံရိပ်အချို့
18/08/2023

EV Myanmar Group မှ ပြပွဲအတွင်းပါဝင် မှုပုံရိပ်အချို့

🎉📢 ရန်ကုန်မြို့ရဲ့ ပထမဆုံး ဆိုလာနဲ့ အီးဗီးပြပွဲ ကြီးကို ယနေ့ သြဂုတ်လ ၁၈ရက်မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်♦ ပြပွဲရဲ့ ပထမနေ့မ...
18/08/2023

🎉📢 ရန်ကုန်မြို့ရဲ့ ပထမဆုံး ဆိုလာနဲ့ အီးဗီးပြပွဲ ကြီးကို ယနေ့ သြဂုတ်လ ၁၈ရက်မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်

♦ ပြပွဲရဲ့ ပထမနေ့မြင်ကွင်းလေးများကိုအောက်ပါပုံများတွင်ကြည်ရှုနိုင်ပါတယ်ခင်ဗျ

⚡ ပြပွဲအတွင်းမှ နိုင်ငံတကာ ဆိုလာ Brand များကို Authorized Distrubutors များ ၊ Dealer များ Installation Service Provider များ မှ ခင်ကျင်းပြသထားပါတယ်ခင်ဗျ

⚡🚗 EV များအနေဖြင့် MG ရဲ့ MG 5 EV ၊ Essential Motor BYD ရဲ့ Atto 3 တို့အပြင် EV Myanmar Group မှ EV ကား Charger များကိုလဲ ဝင်ရောက်ပြသထားပါသေးတယ်ခင်ဗျ

🔵 မိတ်ဖက် ပြပွဲများအဖြင့်
ဆောက်လုပ်ရေးပြပွဲ Myanmar 8 Build Expo
အိမ်ခြံမြေအရောင်းပြပွဲ Myanmar Real Estae and Property Expo တို့ကိုလဲပူးတွဲကျင်းပထားမှာပါခင်ဗျ

🔵 ဆိုလာနှင့် အီးဗီ (EV) နည်းပညာဆိုင်ရာ ဟောပြောပွဲများ၊ ​ြပ ပွဲလာ ဧည့်သည်တော်များကိုကံစမ်းမဲအဖြစ် Melia Hotel မှာ Staycation အစီအစဥ်များ ထည့်သွင်းစီစဥ်ပေးထားတာဖြစ်လို့ ကျန်ရှိနေတဲ့ သြဂုတ် ၁၉ -၂၀ (စနေ-တနင်္ဂနွေ)နေ့များမှာအချိန်မှီ လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျ

🔶 ပြပွဲအသေးစိတ်ကတော့

ပြပွဲနေ့ရက် - သြဂုတ် ၁၈ရက် မှ ၂၀ရက်နေ့ထိ
ပြပွဲအချိန် - မနက် ၁၀ နာရီမှ ညနေ ၅နာရီထိ
ပြပွဲနေရာ - အင်းယားလိတ်ဟိုတယ်ဝင်း (Inya Lake Hotel Compound) ဦးထွန်းငြိမ်းလမ်း မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့

မြန်မာ့ အကြီးဆုံး ​ဆောက်လုပ်​ရေးဆိုင်ရာ ပြပွဲကြီးကို ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်ဝင်းအတွင်းမှာ ရှိတဲ့ Yangon Conventio...
17/08/2023

မြန်မာ့ အကြီးဆုံး ​ဆောက်လုပ်​ရေးဆိုင်ရာ ပြပွဲကြီးကို ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်ဝင်းအတွင်းမှာ ရှိတဲ့ Yangon Convention Center မှာ သြဂုတ်လ ၁၈-၂၀ ရက်​နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ​ဆောက်လုပ်​ရေးနဲ့ မကင်းသူတိုင်း လာ​ရောက်​လေ့လာကြဖို့ ဖိတ်​ခေါ်ပါတယ်။ပြပွဲကြီး​ရောက်တဲ့ အခါ ပိုမိုမြန်ဆန်စွာ ဝင်​ရောက်နိုင်ဖို့ online က​နေ ကြိုတင် စာရင်းသွင်းထားဖို့ ဖိတ်​ခေါ်ပါတယ်။
QR Code ကို scan လုပ်ပြီး ဖြစ်​စေ
​အောက်ပါ link ကို နှိပ်ပြီး ဖြစ်​စေ ကြိုတင်စာရင်းသွင်းကြဖို့ နှိုး​ဆော်လိုက်ရပါတယ်။
For Pre Registration , please click the following link
https://silversea.powerglobal.com.mm/form

📣''We are Ready⚡♦ မနက်​ဖြန် သြဂုတ် ၁၈ရက်နေ့မှာ ရန်ကုန်ရဲ့ပထမဆုံးဆိုလာ နှင့် EV ပြပွဲကြီးကိုကျင်းပတော့မှာဖြစ်ပါတယ်ခင်ဗျ🔵 ...
17/08/2023

📣''We are Ready⚡

♦ မနက်​ဖြန် သြဂုတ် ၁၈ရက်နေ့မှာ ရန်ကုန်ရဲ့ပထမဆုံးဆိုလာ နှင့် EV ပြပွဲကြီးကိုကျင်းပတော့မှာဖြစ်ပါတယ်ခင်ဗျ

🔵 ပြပွဲ မှာ ပါဝင်တဲ့ Company များကတော့ အဆင်သင့်ဖြစ်နေပါပြီ

🔵 ပြပွဲကြီးကို သြဂုတ်လ ၁၈ရက်နေ့မှ ၂၀ရက်နေ့ထိ ၃ရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်ပါတယ်

🔵 ပြပွဲ လာရောက်သူများကိုလည်း Melia Hotel မှာ Staycation နဲ့ Dinner Gift Vocher များမဲဖောက်ပေးသွားဦးမှာပါခင်ဗျ

🔶 ပြပွဲအသေးစိတ်ကတော့

ပြပွဲနေ့ရက် - သြဂုတ် ၁၈ရက် မှ ၂၀ရက်နေ့ထိ
ပြပွဲအချိန် - မနက် ၁၀ နာရီမှ ညနေ ၅နာရီထိ
ပြပွဲနေရာ - အင်းယားလိတ်ဟိုတယ်ဝင်း (Inya Lake Hotel Compound) ဦးထွန်းငြိမ်းလမ်း မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့

မြန်မာနိုင်ငံရဲ့ အကြီးဆုံး Renewable Energy & EV Myanmar 2023 ပြပွဲကြီးတွင် 𝙂𝘿 𝙂𝙪𝙖𝙧𝙙𝙞𝙖𝙣 Co.,Ltd ၏ Authorised Distributio...
17/08/2023

မြန်မာနိုင်ငံရဲ့ အကြီးဆုံး Renewable Energy & EV Myanmar 2023 ပြပွဲကြီးတွင် 𝙂𝘿 𝙂𝙪𝙖𝙧𝙙𝙞𝙖𝙣 Co.,Ltd ၏ Authorised Distribution Brand များဖြစ်သော
✅𝘏𝘪𝘬𝘷𝘪𝘴𝘪𝘰𝘯 မှ 𝘓𝘌𝘋 + 𝘐𝘯𝘵𝘦𝘳𝘢𝘤𝘵𝘪𝘷𝘦 𝘋𝘪𝘴𝘱𝘭𝘢𝘺 များ ,
✅𝘚𝘪𝘨𝘦𝘯𝘦𝘳𝘨𝘺 မှ Next Generation AI နည်းပညာသုံး 𝘚𝘰𝘭𝘢𝘳 𝘐𝘯𝘷𝘦𝘳𝘵𝘦𝘳+𝘉𝘢𝘵𝘵𝘦𝘳𝘺 များ,
✅ 𝘚𝘰𝘭𝘢𝘳 𝘚𝘺𝘴𝘵𝘦𝘮 တစ်ခုမှာ မရှိမဖြစ်လိုအပ်တဲ့ 𝘚𝘶𝘯𝘵𝘳𝘦𝘦 𝘈𝘊 /𝘋𝘊 𝘉𝘳𝘦𝘢𝘬𝘦𝘳 နှင့်အခြားသော Accessories များကို ပြသပေးသွားမည်ဖြစ်ပါသောကြောင့် ပြပွဲကြီးကိုလာရောက်လေ့လာဖို့ လေးစားစွာဖိတ်ကြားအပ်ပါတယ်ခင်ဗျာ 🙏🙏🙏

⭐ပြပွဲကြီးမှာတွေ့ဆုံဖို့ မျော်လင့်ပါတယ်ခင်ဗျာ🥳

Date: ; 18-20 August 2023
Location: ;Yangon Convenient Center
GD Guardian Co.,Ltd Booth; A15-A18

⚡မြန်မာ့အကြီးမားဆုံး ဆိုလာစွမ်းအင်နဲ့လျှပ်စစ်ကားပြပွဲ Renewable Energy & EV Myanmar (2023) ပွဲကြီးမှာ Shwe Kabar မှ Diam...
17/08/2023

⚡မြန်မာ့အကြီးမားဆုံး ဆိုလာစွမ်းအင်နဲ့
လျှပ်စစ်ကားပြပွဲ Renewable Energy & EV Myanmar (2023) ပွဲကြီးမှာ Shwe Kabar မှ Diamond Sponsor အဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ ပါဝင်အားဖြည့်ထားပါတယ်ခင်ဗျာ 📣

🔋ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ်ပြုလုပ်မယ့်
Renewable Energy & EV Myanmar ပြပွဲကြီးကို

📍 Yangon Convention Center (YCC) မှာ

🗓️ August လ 18 ရက်နေ့မှ 20 ရက်နေ့ထိ
သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ
ကျင်းပသွားမှာဖြစ်ပြီး

🎉🎉 ပြပွဲအတွင်းဝယ်ယူသူတိုင်းအတွက်
Shwe Kabar မှ အရည်အသွေးမြင့် Shark TOPSUN Product အစုံကို 10% Off Special Discount နဲ့အတူ EV Car ကံစမ်းခွင့်ကူပွန်များကိုလည်း အထူးလက်ဆောင်ပေးသွားမှာဖြစ်ပါတယ် ။

✅ ဒါတင်မကသေးဘဲ Shwe Kabar ရဲ့ Viber,
Telegram Channel များကို join ထားပြီး
ပြပွဲရက်အတွင်း Shwe Kabar Showroom မှာ
လာရောက်ဝယ်ယူသူတိုင်းကိုလည်း Shark TOPSUN Product အစုံကို 10% Off Special Discount ပေးသွားမှာဖြစ်ပါတယ် ။

🏣 ဒါကြောင့်မို့ မိတ်ဆွေတို့ရဲ့ စက်ရုံ ၊ အလုပ်ရုံ
လုပ်ငန်းများနဲ့ နေအိမ်အတွက် ဆီဖိုးမကုန် ၊
မီးအားမစားဘဲ သဘာဝစွမ်းအင်နဲ့ မီးပုံမှန်ရရှိစေမယ့်
ဆိုလာများကို

💡 Global , Local Brand အစုံ
စိတ်တိုင်းကျရွေးချယ်နိုင်ပြီး

🎉 ဈေးနှုန်းအထူးသက်သာခွင့်နဲ့
လက်ဆောင်များအပြင်

💁‍♂️ မိတ်ဆွေတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမယ့်
ဆိုလာအမျိုးအစားများကို ပညာရှင်နဲ့ဆွေးနွေးတိုင်ပင်
ဝယ်ယူနိုင်မယ့် Shwe Kabar ဆီလှမ်းလာခဲ့ဖို့
နွေးထွေးစွာဖိတ်ခေါ်ပါတယ်ခင်ဗျာ ။

📣📣 ပြပွဲရက်အတွင်း အထူးဈေးနှုန်းများနဲ့
Shwe Kabar မှာ ဆိုလာဝယ်ယူတပ်ဆင်လိုက်ပါ ✔️

Shwe Kabar Showroom မှာ ပြပွဲအတွင်း
10% Discount ရယူဖို့ အခုပဲ Subscribe
လုပ်ထားလိုက်ပါ ။

Viber link : https://invite.viber.com/?g2=AQA4EqtX3u0vX1F7xADkJ928Ud2UQbOQeydmoRHly5Mf7GiyJZj6pih%2Ft9gn6vgp

Telegram link : https://t.me/shwekabarsolar

🗓 Date - (18.8.2023) to (20.8.2023)

🕙 Time - 10:00 AM - 5:00 PM

🏢 Location - Yangon Convention Center -YCC (ရန်ကုန်ကွန်ဗန်းရှင်းစင်တာ) ကမ္ဘာအေးဘုရားလမ်း (၁၀၆)မှတ်တိုင်အနီး ။

Better Future
Better Energy✨





#ရွှေကမ္ဘာ





17/08/2023
ပြပွဲလာရင်း Staycation ကြမယ်ပထမဆုံးအကြိမ် ရန်ကုန်မှာကျင်းပပြုလုပ်မဲ့ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ နှင့် ဆိုလာ၊ လျှပ်စစ်ကားပြ...
16/08/2023

ပြပွဲလာရင်း Staycation ကြမယ်
ပထမဆုံးအကြိမ် ရန်ကုန်မှာကျင်းပပြုလုပ်မဲ့ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ နှင့် ဆိုလာ၊ လျှပ်စစ်ကားပြပွဲကြီးကို သြဂုတ်လ ၁၈ ရက်မှ ၂၀ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပါတယ်
ပြပွဲကြီးကို လာရောက်ကြည့်ရှုအားပေးကြတဲ့ ဧည့်သည်တော်များကို အထူးအစီအစဉ်အနေဖြင့် ရန်ကုန်မြို့က 5 star အဆင့်ရှိ Melia Hotel ကြီးမှာ Staycation လုပ်နိုင်ဖို့ Gift Voucher များကို ပြပွဲ ကာလ ၃ရက်လုံးလုံး ကံစမ်းမဲဖောက်သွားပေး မှာြဖစ်ပါတယ်
ဒါ့အပြင် Dinner ၊ Brunch ၊ Sunday Buffet နှင့် Hi Tea Set များကို နှစ်ယောက်စာ package gift voucher များကို မဲဖောက်ပေးသွားမှာဖြစ်လို့ ပြပွဲကြီးကို လာရောက်လေ့ လာကြည့်ရှုကြဖို့ဖိတ်ခေါ် လိုက်ရပါတယ်ခင်ဗျ
🗓 🗓 ပြပွဲနေ့ရက် - သြဂုတ်လ ၁၈ မှ ၂၀ ရက်နေ့ထိ
🕙🕦 ပြပွဲ အချိန် - မနက် ၁၀ နာရီ မှ ညနေ ၅နာရီထိ
🏢🏢 ပြပွဲနေရာ - အင်းယားလိတ်ဟိုတယ် ဝင်းအတွင်းက Yangon Convention Center-YCC (ရန်ကုန်ကွန်ဗန်းရှင်းစင်တာ)၊ ကမ္ဘာအေးဘုရားလမ်း ၁၀၆ မှတ်တိုင်အနီး၊

ပြပွဲအကြောင်း ပိုမိုသိရှိလိုပါက⬇️

📞09-443059422
☎ 09-43125185 သို့ ဆက်သွယ်စုံစမ်းမေမြန်းနိုင်ပါတယ်ခင်ဗျ🙏

18 Aug Seminar,
16/08/2023

18 Aug Seminar,

  တစ်ခုကို အိမ်သုံးဖို့ပဲဖြစ်ဖြစ် ရုံးသုံး လုပ်ငန်းသုံး စက်ရုံသုံးပဲ ဖြစ်ဖြစ် တပ်ဆင်ဖို့စဥ်းစားတော့မယ်ဆို  #အရစ်ကျ ပေးစန...
16/08/2023

တစ်ခုကို အိမ်သုံးဖို့ပဲဖြစ်ဖြစ် ရုံးသုံး လုပ်ငန်းသုံး စက်ရုံသုံးပဲ ဖြစ်ဖြစ် တပ်ဆင်ဖို့စဥ်းစားတော့မယ်ဆို #အရစ်ကျ ပေးစနစ်နဲ့ ဝယ်ယူတပ်ဆင်တာဟာ အားသာချက်တွေအများကြီးရှိပါတယ် ..

✅✅ #ဆိုလာ စနစ် တပ်ဆင်ဖို့ ကုန်ကျငွေတွေ ကို တခါတည်းသုံးစရာမလို့တော့ဘူး
✅✅After Sale Service အတွက်လဲ သူ့ငွေနဲ့သူ့ကိုပြန်ထိမ်းထားပြီးသားဆိုတော့ စိတ်မပူရတော့ဘူး
✅✅ #အရစ်ကျ စနစ်နဲ့ လစဥ်ပေးရတာဖြစ်လို့ မီးစက် ကို အချိန် အကြားကြီးနေ့စဥ် မောင်းနေရတဲ့ သူတွေ အတွက်တော့ ဆီဖိုးနဲ့ ပြန်ချေလို့တောင်ရသေး..

✅✅ဆိုလာစနစ်အတွက် ငွေ အလုံးအရင်းနဲ့ ကုန်ကျမယ့်စားရိတ်တွေ တခြားနေရာမှာ ရင်းနှီးလို့ရသွားပြန်ရော ..

👍👍အဲ့တော့ #ဆိုလာတပ် ဖို့စဥ်းစားရင် ၁၈ ရက်နေ့ကနေ ၂၀ရက်နေ့ထိ Yangon Convention Center မှာတွေ့ကြမယ်နော်👍👍

အသေးစိပ် သိချင်တာရှိရင် MSE ရဲ့ Solar Financing Program တွေကို ကျနော်တို့ဆီမှာ အားမနာတမ်း စုံစမ်းနိုင်ပါတယ်ခင်ဗျ။

ဆိုလာစွမ်းအင်နှင့်ပတ်သက်သည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးပြပွဲကြီးဖြစ်တဲ့ " Renewable Energy & EV Myanmar 2023 " မှာ Sune...
16/08/2023

ဆိုလာစွမ်းအင်နှင့်ပတ်သက်သည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးပြပွဲကြီးဖြစ်တဲ့ " Renewable Energy & EV Myanmar 2023 " မှာ Suness Authorized Partner ဖြစ်တဲ့ကျွန်တော်တို့ " ART SOLAR ENERGY GROUP COMPANY LIMITED " မှလည်း ပါဝင်ပြသပေးသွားမှာဖြစ်ပါတယ်။

💯စစ်မှန်တဲ့ Quality ရဲ့အနှစ်သာရများကိုပေးစွမ်းနိုင်တဲ့ Suness Lifepo4 Battery (Official 5 Year Warranty) နှင့် MTK Brand Inverter (Official 1 Year Warranty) များနှင့်အတူ TOMZN Brand Solar safety devices (Official 1 Year Warranty) များကိုရောင်းချပြသပေးသွားမှာဖြစ်လို့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အင်းယားလိတ်ဟိုတယ်ဝင်းအတွင်းက Yangon Convention Center ရဲ့ Booth No.B8,B9 တို့ကိုအရောက်လာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။🙏🙏🙏

မြန်မာနဲ့ နိုင်ငံတကာမှာ ဖြစ်​ပေါ်​နေတဲ့ Renewable Energy အ​ခြေအ​နေ၊ အရမ်း စိတ်ဝင်စားကြတဲ့ EV ကား ​တွေရဲ့ အလားအလာကို ​လေ့...
16/08/2023

မြန်မာနဲ့ နိုင်ငံတကာမှာ ဖြစ်​ပေါ်​နေတဲ့ Renewable Energy အ​ခြေအ​နေ၊ အရမ်း စိတ်ဝင်စားကြတဲ့ EV ကား ​တွေရဲ့ အလားအလာကို ​လေ့လာနိုင်ဖို့ ပညာရှင်များက ​အောက်ပါအတိုင်း ​ဟော​ပြောမှာ ဖြစ်ပါတယ်။
​ဆွေး​နွေး​ဟော​ပြောပွဲမှာ တက်​ရောက်​မေးမြန်းသူ​တွေကို EV Myanmar Group က လက်​ဆောင်​တွေ ချီးမြင့်​ပေးသွားဦးမှာ ဖြစ်ပါတယ်။

MASTECH will be at the Renewable Energy & EV Show
16/08/2023

MASTECH will be at the Renewable Energy & EV Show

Please visit our booth at Renewable Energy & EV Show 18-20 August 2023 @ Yangon Convention Center
16/08/2023

Please visit our booth at Renewable Energy & EV Show
18-20 August 2023 @ Yangon Convention Center

Indigo Energy အနေနဲ့ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မယ့် ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ကားပြပွဲမှာ ပါဝင်သွားမှာ ဖြစ်ကြောင်း မိတ...
15/08/2023

Indigo Energy အနေနဲ့ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မယ့် ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ကားပြပွဲမှာ ပါဝင်သွားမှာ ဖြစ်ကြောင်း မိတ်ဟောင်းဆွေမွန်များအားလုံးကို အကြောင်းကြားအပ်ပါတယ်။
ဒီပြပွဲမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နဲ့ လျှပ်စစ်ကား EV များအပြင် အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုပါ တစ်ပါတည်း ပြသပေးသွားမှာ ဖြစ်လို့ အားလုံးကို တစ်စုတစ်စည်းတည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။
ဆိုလာစွမ်းအင်နဲ့ ဆက်စပ်ပစ္စည်းတွေကို ကိုယ်တိုင်လာ‌ရောက်လေ့လာရင်း Indigo Energy ဆီမှာ ဆိုလာ အကြုံပြု၀န်ဆောင်မှုများကိုပါ အခမဲ့ ရယူနိုင်ပါတယ်။
ပြပွဲကို ဩဂုတ်လ ၁၈ ရက်ကနေ ၂၀ ရက်နေ့ထိ ‌ရန်ကုန်မြို့ Yangon Convention Center (ရန်ကုန်ကွန်ဗန်းရှင်းစင်တာ) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြပွဲ အချိန်က‌တော့ မနက် ၁၀ နာရီ ကနေ ညနေ ၅နာရီထိ ဖြစ်ပါတယ်။
ပြပွဲကို လာရောက်‌လေ့လာဖို့ မိတ်ဆွေများအားလုံးကို Indigo Energy မှ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်ရပါတယ်။
We are pleased to announce that Indigo Energy will be participating in the Renewable Energy & EV Show 2023. This comprehensive event not only showcases renewable energy and electric vehicles but also encompasses the realms of real estate and construction, providing attendees with a unique opportunity to explore these interconnected sectors under one cohesive platform.
You can also explore solar energy and materials, while you will get free solar consultation from Indigo Energy.

This show is scheduled to take place at the Yangon Convention Center from August 18th to 20th. The event will span from 10 am to 5 pm.
We wholeheartedly welcome all our clients and associates to join us at this event.

pic crd to Renewable Energy & EV ShowRenewable Energy & EV Show

Crd Indigo Energy

❝ Gold Sponsored by G-Link Electro Trading - Carbon မှသည် Renewable Energy များဆီသို့ ❞သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုကို ထိခ...
14/08/2023

❝ Gold Sponsored by G-Link Electro Trading - Carbon မှသည် Renewable Energy များဆီသို့ ❞

သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုကို ထိခိုက်စေတဲ့ Carbon ထုတ်လုပ်မှုကို လျှော့ချပေးနိုင်မယ့် Renewable Energy Technologies များစွာကို တစ်နေရာတည်းမှ ပြသသွားမယ့် Renewable Energy & EV Myanmar 2023 ပွဲကြီးကို Yangon Convention Center (YCC) မှာ August လ 18 ရက်နေ့မှ 20 ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီပွဲကြီးမှာလည်း Felicity Solar Authorized Distributor ဖြစ်တဲ့ ကျွန်တော်တို့ G-Link Electro Trading အနေနဲ့ Gold Sponsor အဖြစ် ထပ်မံပါဝင်သွားမှာဖြစ်သလို Felicity Solar ရဲ့ Oficial Products များကို ပွဲအတွင်းမှာပဲရနိုင်မယ့် အထူးဈေးနှုန်းများနဲ့ ရောင်းချပေးသွားမှာဖြစ်တဲ့အတွက် အမြန်ဆုံးလာရောက်ဝယ်ယူနိုင်ဖို့အတွက် အသိပေးဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

ဆိုလာစွမ်းအင် နှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပြပွဲကြီးကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ အင်းလျားကန်ဟိုတ...
14/08/2023

ဆိုလာစွမ်းအင် နှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပြပွဲကြီးကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ အင်းလျားကန်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center (YCC) ခန်းမတွင် ၁၈-၂၀ သြဂုတ်လ ၂၀၂၃ ရက်​နေ့ တွင် ပြုလုပ်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဆိုလာ​စျေးကွက်မှာ ထိပ်ဆုံးက ရှိ​နေတဲ့ ကုမ္ပဏီကြီးများရဲ့ နည်းပညာအသစ်​တွေ ၊ ပစ္စည်းအသစ်​တွေကို ပြပွဲကြီးမှာ လာ​ရောက်​လေ့လာရင်း အထူး​စျေးနှုန်းများနဲ့ ဝယ်ယူနိုင်ဖို့ကြွလှမ်းခဲ့ကြပါလို့ ဖိတ်​ခေါ်ပါတယ်။
ပြပွဲကြီးထဲမှာ Federation of Myanmar Engineering Societies က ပညာရှင်အင်ဂျင်နီယာကြီးများ၊ ကုမ္ပဏီကြီးများက ဖိတ်​ခေါ်ထားတဲ့ ပညာရှင်များကလည်း ​နောက်ဆုံး​ပေါ် ဆိုလာစွမ်းအင်ဆိုင်ရာ ​ဆွေး​နွေး​ဟော​ပြောပွဲများကို လည်း တက်​ရောက် နား​ထောင်နိုင်မှာ ဖြစ်ပါတယ်။

The Biggest Solar Energy Show in Myanmar18-20 August 202310 am - 5 pm
11/08/2023

The Biggest Solar Energy Show in Myanmar
18-20 August 2023
10 am - 5 pm

11/08/2023

🔰" Stanol Myanmar is in REEV 2023" 🔰

🔷Renewable Energy & EV Myanmar 2023 မှာ Stanol Myanmar Co., Ltd က Gold Sponsor အနေနဲ့ ပါဝင်ပြသပေးသွားမှာ ဖြစ်ပါတယ်။
India နိုင်ငံမှ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များရရှိထားတဲ့ အဆင့်အတန်းမီ Power Product နှင့် Liquid Product များကို အဓိထားရောင်းချတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ Showroom များ ဖွင့်လှစ်ထားပြီး After Sales Service ကိုလဲ အထူး အလေးပေး ဆောင်ရွက်တဲ့ ကုမ္ပဏီပဲဖြစ်ပါတယ်။

Stanol Myanmar Co., Ltd က လူကြီးမင်းတို့အတွက် Quality ပြည့်မီတဲ့ 🇮🇳India Brand
⚡️Tafe Power Diesel Generator
⚡️OKAYA Solar, Battery and Inverter
⚡️ALGO Pumps and Motors များကို ပြသရောင်းချ ပေးသွားမှာဖြစ်လို့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အင်းယားလိတ် ဟိုတယ်ဝင်း အတွင်းက Yangon Convention Center ရဲ့ Booth No (D-13) to (D-18) တို့မှာ လာရောက်လေ့လာဖို့ ဖိတ်ခေါ်အပ်ပါတယ်။

Agrovoltaics ဆိုသည်မှာ Agrovoltaics ဆိုတာ စိုက်ပျိုးမွေးမြူရေး (Agriculture) နဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား...
10/08/2023

Agrovoltaics ဆိုသည်မှာ
Agrovoltaics ဆိုတာ စိုက်ပျိုးမွေးမြူရေး (Agriculture) နဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား (Solar energy) ထုတ်လုပ်ရေး တို့ကို စိုက်ပျိုးမြေ တစ်ခုတည်းပေါ်မှာ တပြိုင်နက်တည်း ပေါင်းစပ်လုပ်ကိုင်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မြေမျက်နှာပြင်တစ်ခုတည်းပေါ်မှာ စိုက်ပျိုးပင်တွေ၊ ဒါမှမဟုတ် မွေးမြူ ရေးတိရစ္ဆာန်တွေနဲ့အတူ ဆိုလာချပ် (Solar panels) တွေကို အတူထားရှိပြီး လုပ်ငန်းလည်ပတ်တာ ဖြစ်ပါတယ်။
Agrivoltaics ဆိုတာ အီတလီတွေရဲ့ အခေါ်ဖြစ်ပြီး၊ ဂျာမန်တွေကတော့ Agriphotovoltaics လို့ ခေါ်ကြ ပြန် ပါတယ်။ အခြားနိုင်ငံတွေမှာ Agrivoltaic ဆိုပြီးလည်း တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် Agrisolar ၊ Dual-use Solar စတဲ့ နာမည်တွေနဲ့လည်း ခေါ်ဆိုကြတာ တွေ့ရပါတယ်။ အာရှနိုင်ငံတွေကတော့ Solar sharing လို့လည်း သုံးနှုန်း တတ်ကြပါသေးတယ်။
Agrovoltaics ရဲ့ သမိုင်းကြောင်း
Agrovoltaics ဆိုတဲ့နည်းလမ်းဟာ အခုမှ ပေါ်ပေါက်လာတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ ၁၉၈၁ ခုနှစ်မှာ ဂျာမန် ရူပဗေဒပညာရှင် Adof Goetzberger နဲ့ နေရောင်ခြည်စွမ်းအင် ပညာရှင် Armin Zastrow တို့က စတင်ပြီး စမ်းသပ်ခဲ့ကြတဲ့ နည်းလမ်းဖြစ်ပါတယ်။ အစပိုင်းမှာ အဓိက ရည်ရွယ်တာက ရှိနေတဲ့ မြေအကျယ်အဝန်းကနေ ထုတ်လုပ်မှု တတ်နိုင်သမျှ မြှင့်တင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
အစပိုင်းမှာ သီးနှံထုတ်လုပ်ရေးကို အာရုံစိုက်လိုသူနဲ့၊ စွမ်းအင်ထုတ် လုပ်ရေးကို အာရုံစိုက်လိုသူတွေကြား ကွဲပြားမှုတွေ ဖြစ်လာပါတယ်။ သီးနှံကို အာရုံစိုက်ထုတ်လုပ်လိုသူက ဆိုလာချပ်တွေကို စိုက်ခင်းထဲမှာ နည်းနည်းပဲ ထည့်ထားပြီး၊ စွမ်းအင်ကို အာရုံစိုက်ထုတ်လုပ်လိုသူတွေကလည်း စိုက်ပျိုးရေးကို လျော့ချပြီး ဆိုလာပြားတွေ များ များ ဆင်လာပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုဟာ အမြင့်ဆုံးကို ရောက်မလာခဲ့ဘူးလို့ ဆိုရမှာပါ။
ဒါပေမယ့် နောက်ပိုင်းမှာ စိုက်ပျိုးရေးကိုလည်း သိသိသာသာ လျော့ချစရာ မလိုဘဲ၊ စွမ်းအင်ကိုလည်း များ များစားစား ထုတ်လုပ်နိုင်မယ့် ဒီဇိုင်းတွေကို ကြံဆလာကြပါတယ်။ ဒါကြောင့် အဲဒီလို စိုက်ပျိုးရေးအတွက်ရော၊ စွမ်းအင်အတွက်ပါ အကျိုးထူးမယ့် ဒီဇိုင်းတစ်ခု ဂျပန်နိုင်ငံမှာ ၂၀၀၄ ခုနှစ်က စတင် ပေါ်ပေါက်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ Agrovoltaics ဆိုတဲ့ နာမည်ကို စတင်ပြီး အသုံးပြုလာကြတာ ဖြစ်ပါတယ်။
ဘာကြောင့် Agrovoltaics ကို စိတ်ဝင်စားလာကြသလဲ။
အစပိုင်းမှာ Agrovoltaics ရဲ့ အဓိကရည်ရွယ်ချက်ဟာ ထုတ်လုပ်မှု မြှင့်တင်နိုင်ရေးပဲ ဖြစ်ပါတယ်။ ဒါပေ မယ့် နောက်ပိုင်းမှာ Agrovoltaics ကို ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းရာမှာ အသုံးပြုစရာ နည်းလမ်း တစ်ခုအဖြစ် ရှု့မြင်လာကြပါတယ်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့ လက်သည်တရားခံတွေကို ကြည့်တဲ့အခါ စွမ်းအင် အတွက် ရုပ်ကြွင်းလောင် စာ ထုတ်ယူအသုံးပြုမှု နဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း တွေပဲ ဖြစ်ပါတယ်။ အဲဒီ အချက်နှစ်ချက်လုံးဟာ ဖန်လုံအိမ် အာနိသင် ထုတ်လုပ်မှုအတွက် ကြီးမားတဲ့ အကြောင်းတရားတွေဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ နှစ်ခုစလုံးကို တပြိုင် နက်တည်း လျော့ချလာနိုင်မယ်ဆိုရင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်လျော့ချရာမှာ သိသိသာသာ အကျိုး ရှိနိုင်မယ်လို့ ယူဆကြပါတယ်။ Agrovoltaics နည်းလမ်းဟာ ဖန်လုံအိမ်အာနိသင်ကို လျော့ချဖို့အတွက် မဖြစ်မနေ လိုအပ်ချက်တွေ ဖြစ်တဲ့ “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable energy)” နဲ့ “ရေရှည်တည်တန့်သော စိုက်ပျိုး မွေးမြူရေး (Sustainable agriculture)” ကို တပြိုင်နက်တည်း ရရှိနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။
အကျိုးရလဒ်
ပထမဆုံး ရရှိမယ့် အကျိုးရလဒ်ကတော့ လျှပ်စစ်စွမ်းအင် ပဲ ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်ကို ထိထိ ရောက်ရောက် ထုတ်လုပ်လာနိုင်ရင် ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို လျော့ချလာနိုင်မှာပါ။ ၂၀၁၉ ခုနှစ် သြဂုတ်လက Nature သိပ္ပံမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ Solar PV Power Potential is Greatest Over Croplands ဆိုတဲ့ သုတေသန စာတမ်းတစ်စောင်မှာ “အကယ်၍များ ကမ္ဘာ့စိုက်ပျိုးမြေစုစုပေါင်း ရဲ့ ၁ ရာခိုင်နှုန်းကိုသာ Agrovoltaics စနစ်ကို ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ကို ပြည့်မီနိုင် လိမ့်မယ်” လို့ တွက်ချက်ဖော်ပြထား ပါ တယ်။
စိုက်ပျိုးမွေးမြူသူတွေအတွက်ကတော့ တစ်ဧကချင်းစီက ထုတ်လုပ်မှုနဲ့ ဝင်ငွေ တိုးတက်ရရှိလာမှာ ဖြစ်ပါ တယ်။ Agrovoltaics နည်းလမ်းအရ စိုက်ခင်းတွေထဲမှာ ဆိုလာချပ်တွေ တပ်ဆင်လိုက်တဲ့အတွက် အရိပ်တွေ ဖြစ် လာပြီး အပင်တွေအတွက် နေရောင်ခြည်ရရှိမှု လျော့နည်းသွားပါတယ်။ ဒါကြောင့် သီးနှံအထွက်နှုန်းကို အနည်း ငယ် ထိခိုက်စေနိုင်ပါတယ်။ သီးနှံထုတ်လုပ်မှု ဘယ်လောက်လျော့ကျသွားသလဲ ဆိုတာကတော့ ဒေသနဲ့ စိုက် ပျိုး သီးနှံအလိုက် ကွာခြားချက်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ သီးနှံ အထွက်နှုန်း လျော့နည်းသွား မှုကို လျှပ်စစ်စွမ်းအင် ရရှိမှုနဲ့ ပြန်ပြီး အလျော်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ဆက်တွဲ အနေနဲ့ ရရှိနိုင်တဲ့ အကျိုးရလဒ်ကတော့ စိုက်ခင်းတွေ၊ မွေးမြူရေးခြံတွေထဲမှာ လျှပ်စစ်ဓာတ်အား ရရရှိလာတာနဲ့အမျှ စိုက်ပျိုးမွေးမြူလုပ်ငန်းတွေကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။ စိုက်ပျိုးမွေးမြူရေးနည်းပညာသစ်အားလုံးဟာ လျှပ်စစ်စွမ်းအင် နဲ့ လောင်စာ လိုအပ်ချက်တွေ ရှိ တာမို့ စိုက်ခင်းတွေထဲမှာ နည်းပညာသစ်တွေ အသုံးချမှုအတွက် အဟန့်အတား ဖြစ်နေရတာပါ။ Agrovoltaics ကို အသုံးပြုလာနိုင်ရင်တော့ အဲဒီအဟန့်အတားကို လွယ်လွယ်လေး ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။
Agrovoltaics သုံးတဲ့အခါ နေရောင်ခြည်ကရရှိတဲ့ သန့်ရှင်းတဲ့စွမ်းအင်ကို အခမဲ့ရရှိနိုင်ပြီမို့၊ စိုက်ပျိုး ထွန် ယက်ရိတ်သိမ်း တဲ့အခါ ဒီဇယ်၊ ဓာတ်ဆီ အစရှိတဲ့ ရုပ်ကြွင်းလောင်စာတွေကို သုံးစရာ မလိုတော့ပါဘူး။ ဒါဆိုရင် စိုက်ပျိုးမွေးမြူရေးကြောင့် ထွက်ရှိတဲ့ ဖန်လုံအိမ်အာနိသင်ကို လျော့ချလာနိုင်မှာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ လည်း ရုပ်ကြွင်းလောင်စာတွေ မသုံးဘဲ၊ သန့်ရှင်းတဲ့စွမ်းအင်ကို အခမဲ့ အသုံးချနိုင်တာကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူအတွက် ကုန်ကျစရိတ်သက်သာပြီး၊ အမြတ်အစွန်း ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။
လေ့လာမှုတွေအရ Agrovoltaics အသုံးပြုလို့ ရရှိလာတဲ့ လျှပ်စစ်ဓာတ်အားကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေဟာ စီးပွားရေးအရ ၃၀ ရာခိုင်နှုန်းကျော် ပိုမိုတိုးတက်လာစေနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် နေ ရောင်ခြည်ရရှိမှု များတဲ့ အပူပိုင်းဒေသနိုင်ငံတွေမှာ ပိုပြီးတော့တောင် အကျိုးဖြစ်ထွန်းနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အပူပိုင်းဒေသတွေမှာ နေရောင်ခြည်ရရှိမှု မြင့်မားတာကြောင့် လျှပ်စစ်ဓာတ်အား ပိုမိုထွက်ရှိသလို၊ ဆိုလာ ချပ်တွေက ထွက်လာတဲ့ အရိပ်ဟာ အချို့ အပူဒဏ်မခံနိုင်တဲ့ အပင်တွေကို အကာအကွယ်ပေးနိုင်ပြီး ထုတ်လုပ်မှု ပို မိုလာတာကြောင့် ဖြစ်ပါတယ်။
Agrovoltaics အသုံးပြုတဲ့အခါ စိုက်ပျိုးမြေ တစ်ဧကချင်းစီက ထုတ်လုပ်မှု၊ အမြတ်အစွန်း ရရှိမှု မြင့်မား လာတာနဲ့အမျှ စိုက်ပျိုးမြေဧရိယာ ချဲ့ထွင်ရမှု လျော့ကျလာနိုင်ပါတယ်။ တစ်ဧကက ရရှိတဲ့ အမြတ်က စိုက်ပျိုးရေး သမားအတွက် မလောက်ငှလို့ သစ်တောမြေတွေ ခုတ်ထွင်ရှင်းလင်းပြီး နောက်ထပ်တစ်ဧက ထပ်စိုက်ရတာမျိုးကို လျော့ချလာနိုင်မှာ ဖြစ်ပါတယ်။ ဒါက သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးကွဲစုံလင်မှုအတွက် အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
စိုက်ခင်းတွေဟာ ကျေးလက်ဒေသတွေမှာပဲ ရှိပြီး၊ အဲဒီကျေးလက်ဒေသတွေဟာ လျှပ်စစ်ဓာတ်အား ရရှိနိုင် မှု အကန့်အသတ် ရှိနေနိုင်ပါတယ်။ Agrovoltaics နဲ့ ကျေးရွာမှာ လျှပ်စစ်ဓာတ်အား အသုံးပြုလာနိုင်တာနဲ့အမျှ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အ‌ထောက်အကူပြုပြီး၊ ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေကို ကြီးကြီး မားမား မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
စိန်ခေါ်မှုများ
Agrovoltaics စနစ်ဟာ ကောင်းကျိုးတွေ အများအပြားရှိနေသလို၊ အခြားတစ်ဖက်မှာလည်း အဲဒီ စနစ်ကို ကျင့်သုံးနိုင်ဖို့ဆိုတာ စိန်ခေါ်မှုတွေက အဆင်သင့် စောင့်ကြိုနေပါတယ်။
ပထမဆုံး စိန်ခေါ်မှုကတော့ အထက်မှာ တင်ပြခဲ့သလို ဆိုလာချပ်တွေက ကျတဲ့ အရိပ်ဟာ သီးနှံပင်တွေ အပေါ်ကို များများစားစား ရောက်ရှိမယ်ဆိုရင် သီးနှံအထွက်နှုန်းကို သိသိသာသာ လျော့ကျနိုင်တဲ့အချက်ပါ။ အထူး သဖြင့် နေရောင်ခြည် လိုအပ်ချက်များတဲ့ သီးနှံတွေအတွက်ဆိုရင် Agrovoltaics ဟာ ကြီးမားတဲ့ စိန်ခေါ်မှုပါ။
နေရောင်ခြည်ရရှိမှု နည်းပါးတဲ့ ဒေသတွေမှာလည်း ဒီစနစ်ဟာ ထင်သလောက် အမြတ်အစွန်း မရနိုင်ဘူး လို့ ဆိုပါတယ်။ နေရောင်ခြည်ရရှိမှု မြင့်မားတဲ့ဒေသတွေမှာတောင်မှပဲ ရာသီဥတုပေါ်မူတည်ပြီး လျှပ်စစ်ဓာတ်အား ထွက်ရှိမှုက ပြောင်းလဲနေမှာပါ။ တစ်နှစ်ပတ်လုံး တည်တည်ငြိမ်ငြိမ် ရှိမနေနိုင်ပါဘူး။
စိုက်ပျိုးမွေးမြူသူတွေဘက်က စဉ်းစားတဲ့အခါ အရေးအကြီးဆုံးနဲ့၊ အကြီးမားဆုံးအဟန့်အတားက ရင်းနှီး မြှုပ်နှံရမယ့် ငွေပမာဏ အလွန်ကြီးမားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။
အခွင့်အလမ်း
Agrovoltaics ဟာ ကောင်းကျိုးတွေ ပြည့်နှက်နေသလို၊ စိန်ခေါ်မှုကလည်း ကြီးမားပါတယ်။ ဒါဖြင့် အခွင့် အလမ်းအနေနဲ့ရော ဘာတွေ ရှိနေပါသလဲ။ မြန်မာနိုင်ငံလို စိုက်ပျိုးမွေးမြူရေးကို အဓိကစီးပွားရေးအဖြစ် ဆောင် ရွက်ပြီး၊ တစ်ဖက်မှာ လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိတဲ့နိုင်ငံတစ်နိုင်ငံအတွက် Agrovoltaics ဟာ ကြီးမားတဲ့ အခွင့်အလမ်း ဖြစ်နိုင်ပါတယ်။
စိုက်ပျိုးမွေးမြူသူတွေ၊ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ၊ လျှပ်စစ်ဓာတ်အား သုံးစွဲသူတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးပေးဆောင်ရွက်နေသူတွေအနေနဲ့ အဲဒီ အခွင့်အလမ်းတွေက ဘာတွေလဲ ဆိုတာကို စုပေါင်း လေ့လာသုံးသပ်ကြဖို့ လိုအပ်ပါလိမ့်မယ်။ လေ့လာသုံးသပ်တွေ့ရှိချက်ပေါ်မူတည်ပြီး ဖော်ထုတ် ရရှိလာတဲ့ အခွင့်အလမ်းတွေကို မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း မဖြစ်မနေ လိုအပ် လာမှာ ဖြစ်ပါတယ်။
[ဒီဆောင်းပါးဟာ Agrovoltaics ဆိုတဲ့ စကားလုံးကို မြန်မာ့စိုက်ပျိုးမွေးမြူသူတွေနဲ့ မိတ်ဆက်ပေးခြင်းမျှ သာ ဖြစ်ပြီး၊ သက်ဆိုင်ရာကျွမ်းကျင်သူတွေက မြန်မာနိုင်ငံနဲ့ ကိုက်ညီမှု ရှိ၊ မရှိ နဲ့၊ ကိုက်ညီမှု ရှိ ရင် ဘယ်လို အ ကောင် အထည်ဖော်အသုံးချသင့်တယ်ဆိုတာတွေကို ဆက်လက် ဆွေးနွေးနိုင်စေဖို့ အစပျိုးခြင်းမျှသာ ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။]

♦📣ရန်ကုန်မြို့မှာကျင်းပမဲ့ ပထမဆုံးအကြိမ် ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ကားပြပွဲ REEV Myanmar 2023♦📣  ‌မဟာရန်ကုန်မြို့ မှာ ပ...
08/08/2023

♦📣ရန်ကုန်မြို့မှာကျင်းပမဲ့ ပထမဆုံးအကြိမ် ဆိုလာစွမ်းအင်နှင့် လျှပ်စစ်ကားပြပွဲ REEV Myanmar 2023♦📣 ‌

မဟာရန်ကုန်မြို့ မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (နေ‌ရောင်ခြည်စွမ်းအင် နှင့်ဆက်စပ်ပစ္စည်း) နှင့် လျှပ်စစ်ကား EV များကို ကိုယ်တိုင်လာ‌ရောက် ကြည့်ရှုရင်း ပညာရှင်များရဲ့ ဟောပြောဆွေးနွေးပွဲများကို အခမဲ့ လာရောက် ကြည့်ရှု နားထောင်နိုင်မဲ့အခွင့်အ‌ရေးကြီးကို လက်လွတ်မခံပဲ လာ‌ရောက်လေ့လာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်

🔰 ပြပွဲကြီးကိုအဓိက ကူညီပံ့ပိုးပေးတဲ့ Main Sponsor ကတော့ Dagon Group ရဲ့
🔶Global Star Co.,Ltd (Huawei Fusion Solar) 🔶 Dagon Property
🔶 MAEX - Myanmar Agro Exchange Public Ltd တို့မှ ကူညီပံ့ပိုးပေးထားတာပဲဖြစ်ပါတယ် 🔰 Diamond Sponsor အဖြစ်
🔷Shwe Gabar Electronic & Solar Energy - Golden World One Stop Energy Solution မှ ပံပိုးကူညီပေးထားတာပါတယ်ဖြစ်ပါတယ်ခင်ဗျ

🔰ဒါ့ အပြင် Gold Sponsor အဖြစ်
♦ Stanol Myanmar
♦ Sun Power
♦ G Link Electro Trading Co.,Ltd တို့မှ အားဖြည့်ပါဝင်ပေးထားပါတယ်ခင်ဗျ
🔌⚡ Renewable Energy & EV Show 2023 -REEV Myanmar ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (ဆိုလာ၊ လေအားလျှပ်စစ်) နှင့် လျှပ်စစ်ကား (EV) ပြပွဲကြီးကို အိမ် ခြံမြေ ပြပွဲများနှင့်အတူကျင်းပသွားမှာဖြစ်လို့ လာ‌ရောက်လေ့လာခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်ဗျ ♦ ပြပွဲကြီးတွင်ဝင်‌ရောက်ပြသလိုသူ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအနေဖြင့် ပြခန်းများကို ကြိုတင် ရယူပြီးဝင်ရောက်ပြသနိုင်ကြောင်း သတင်းကောင်းပါးအပ် ပါတယ်ခင်ဗျ 🗓 🗓 ပြပွဲနေ့ရက် - သြဂုတ် လ ၁၈ရက် မှ ၂၀ ရက်နေ့ထိ 🕙🕦 ပြပွဲ အချိန် - မနက် ၁၀ နာရီ မှ ညနေ ၅နာရီထိ 🏢🏢 ပြပွဲနေရာ - အင်းယားလိတ်ဟိုတယ် ဝင်းအတွင်းက Yangon Convention Center-YCC (ရန်ကုန်ကွန်ဗန်းရှင်းစင်တာ) ကမ္ဘာ အေးဘုရားလမ်း ၁၀၆မှတ်တိုင်အနီးမှာဖြစ်ပါတယ်ဗျ ပြ ပွဲ အကြောင်းပိုမိုသိရှိလိုပါက 📞09 421889565 ☎ 0943125185 သို့ဆက်သွယ်စုံစမ်းမေမြန်းနိုင်ပါတယ်ခင်ဗျ

ချစ်ခင်​လေးစားရပါ​သော မိတ်​ဆွေများခင်ဗျားမိမိတို့ ​နေအိမ်မှာ ဆိုလာတပ်ဆင်ဖို့ စဥ်းစား​နေပါသလားဒါမှမဟုတ် စက်ရုံမှာ စွမ်းအင...
06/08/2023

ချစ်ခင်​လေးစားရပါ​သော မိတ်​ဆွေများခင်ဗျား
မိမိတို့ ​နေအိမ်မှာ ဆိုလာတပ်ဆင်ဖို့ စဥ်းစား​နေပါသလား
ဒါမှမဟုတ် စက်ရုံမှာ စွမ်းအင်ပြသနာ ​ပြေလည်ဖို့
Renewable Energy သုံးဖို့ စီစဥ်​နေပါသလား
ဘယ်​လောက်ကျသင့်မယ်
ဘယ်ပစ္စည်း​တွေက ကိုယ့်အတွက် ပိုသင့်​တော်မယ်
ဘယ်ကုမ္ပဏီ​တွေနဲ့ တပ်ဆင်သင့်တယ် ဆိုတာ​တွေအတွက် စဥ်းစား​နေပါသလား
မြန်မာနိုင်ငံမှာ လက်ရှိ ဆိုလာစနစ်မှာ ​ရှေ့ဆုံးက ဦး​ဆောင်​နေတဲ့ ပြည်တွင်း ပြည်ပက ကုမ္ပဏီကြီး​တွေက ဝင်​ရောက်ပြသမယ့်
Renewable Energy & EV Show
ကို လာ​ရောက်​လေ့လာပြီး စိတ်တိုင်းကျ ​မေးမြန်းစုံစမ်းကာ ပြပွဲအတွင်း အထူး​စျေးနှုန်း​တွေနဲ့
ဝယ်ယူ တပ်ဆင်နိုင်ကြပါ​ကြောင်း သတင်း​ကောင်း ပါးလိုက်ပါတယ်။
ဝါရင့် အင်ဂျင်နီယာကြီးတွေ ပညာရှင်​ကြီးတွေကလည်း ​ဆွေး​နွေး​ဟော​ပြောမှာ ဖြစ်လို့ တစ်ခါတည်း တိုင်ပင်​ဆွေး​နွေးနိုင်မှာလည်း ဖြစ်ပါတယ်။
ဒါ​ကြောင့် ပြပွဲကြီးကို လာ​ရောက်​လေ့လာဖို့ ဖိတ်​ခေါ်လိုက်ရပါတယ်။
Date : 18-20 August 2023
Time: 10 am - 5 pm
Venue: Yangon Convention Center
Inya Lake Hotel Compound, Yangon.

GEAPP to Aid Myanmar with 100 Solar Projects, Unlocking $60 Mn Solar Investment By Saur News BureauThe Global Energy All...
03/08/2023

GEAPP to Aid Myanmar with 100 Solar Projects, Unlocking $60 Mn Solar Investment By Saur News Bureau
The Global Energy Alliance for People and Planet (GEAPP) has revealed that it will lend support to S...

Read more at:

The Global Energy Alliance for People and Planet (GEAPP) has revealed that it will lend support to Smart Power Myanmar's over the period of the next three years to enable it to focus on transforming access to affordable and clean energy for Myanmar’s businesses in the agricultural value chain.

အ​မေရိကန် နဲ့ ဆိုလာအ​မေရိကန်မှာ ဆိုလာစွမ်းအင်ဟာ အလွန်မြန်တဲ့နှုန်းနဲ့ တိုးတက်​နေပါတယ်။ Solar Energy Industries Associati...
29/07/2023

အ​မေရိကန် နဲ့ ဆိုလာ
အ​မေရိကန်မှာ ဆိုလာစွမ်းအင်ဟာ အလွန်မြန်တဲ့နှုန်းနဲ့ တိုးတက်​နေပါတယ်။ Solar Energy Industries Association(SEIA) ရဲ့ စာရင်း​တွေအရ အ​မေရိကန်မှာ ဆိုလာတပ်ဆင်ထားမှု အားက ၂၀၂၂ နှစ်မှာ မဂ္ဂါ၀ပ် ၁၃၅,၇၉၀ ရှိပြီး အဲဒီ ပမာဏဟာ အိမ်​ပေါင်း ၂၄ သန်းကို လျှပ်စစ်​ပေးနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ဆိုလာနှင့် အခြားစွမ်းအင်ဆိုင်ရာပြပွဲကြီးရန်ကုန်မြို့ YCC ခန်းမမှာ ၁၈-၂၀ သြဂုတ် ၂၀၂၃ မှာ ​ဆ...
14/07/2023

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ဆိုလာနှင့် အခြားစွမ်းအင်ဆိုင်ရာပြပွဲကြီး
ရန်ကုန်မြို့ YCC ခန်းမမှာ ၁၈-၂၀ သြဂုတ် ၂၀၂၃ မှာ ​ဆွေး​နွေး​ဟော​ပြောပွဲ​တွေနဲ့အတူ ကျင်းပမှာ ဖြစ်ပါတယ်။
ဆိုလာနဲ့ ပတ်သက်တဲ့ ပစ္စည်း​တွေ ဝန်​ဆောင်မှု​တွေကို တစ်​နေရာတည်း တစ်စုတစ်​ဝေးတည်းမှာ ​လေ့လာဝယ်ယူဖို့ ကြွ​ရောက်ပါရန် ​လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။
ပြခန်းဝင်​ရောက်ပြသ​ရောင်းချလိုတဲ့ ကုမ္ပဏီများ အခန်းအနည်းငယ်သာ ကျန်​တော့တာဖြစ်လို့ အမြန်ဆုံး စာရင်း​ပေးသွင်း​နေရာရယူကြဖို့ နှိုး​ဆော်သတိ​ပေးလိုက်ရပါတယ်။
ပြခန်း​နေရာအတွက် ဆက်သွယ်ရန်
09 421889565, 09 43125185

သင့် အိမ်မှာ ဆိုလာတပ်ဖို့ စဥ်းစား​နေပြီလား...ဘယ် Solar Panel က ပို​ကောင်းတယ်ဘယ် ဘက်ထရီက ပို​ကောင်းတယ်ဘယ် အင်ဗာတာက ပို​ကေ...
02/07/2023

သင့် အိမ်မှာ ဆိုလာတပ်ဖို့ စဥ်းစား​နေပြီလား...
ဘယ် Solar Panel က ပို​ကောင်းတယ်
ဘယ် ဘက်ထရီက ပို​ကောင်းတယ်
ဘယ် အင်ဗာတာက ပို​ကောင်းတယ် ...
Load က ဘယ်​လောက်ရှိလို့
Watt ဘယ်​လောက်လိုမယ်
ဘယ်သူ​တွေကို တပ်ဆင်ခိုင်းမယ်
ဘယ်​လောက် ကျသင့်မယ်...
ဒါ​တွေကို ​လေ့လာဖို့
၂၀၂၃ သြဂုတ်လ ၁၈-၂၀ ရက်​နေ့အထိ
ရန်ကုန်မြို့ YCC ခန်းမမှာ ကျင်းပမယ့်
Renewable Energy and EV Myanmar 2023
ပြပွဲကို လာ​ရောက်​လေ့လာကြဖို့
​လေးစားစွာ ဖိတ်​ခေါ်ပါတယ်။
ပြပွဲနဲ့ ပတ်သက်လို့ ပိုမို သိရှိလိုပါက ဖုန်း
၀၉ ၄၃၁၂၅၁၈၅ , ၀၉ ၄၂၁၈၈၉၅၆၅ တို့ကို
ဆက်သွယ်​မေးမြန်းနိုင်ပါတယ် ခင်ဗျား...

Address

Myanmar Centre Business Suites(1206, F12), Myanmar Centre Tower 2. No. 192, Kaba Aye Pagoda Road, Bahan Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959443059422

Website

Alerts

Be the first to know and let us send you an email when Renewable Energy & EV Show posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Renewable Energy & EV Show:

Videos

Share

Category



You may also like