02/04/2024
ခေါင်ရမ်းပန်း
ကမ္ဘာပေါ်မှာလာပွင့်တဲ့နတ်ပန်းကိုပြပါဆိုရင်
" ခေါင်ရမ်းပန်း ကိုလက်ညှိုးထိုးပြရလိမ့်မယ်။
ခေါင်ရမ်းပန်းနဲ့ပတ်သက်ပြီး
ကျွန်တော်တို့လူမျိုးဟာအစွဲကြီးခဲ့ကြတယ် ၊
ဒါဟာအသုဘပန်း ၊
အလောင်းတွေမှာပန်ရတာမကောင်းတဲ့ပန်း ၊
အမင်္ဂလာပန်းလို့သမုတ်ပြီး
ဒီပန်းတွေကိုတွေ့ရရင်ကို
စိတ်ထဲမှာအဆင်မပြေကြတာတွေ ၊
ထိမိတို့မိရမှာကိုတောင်လက်ရွံ့ကြတဲ့အထိ
လူအတော်များများမလိုလားတဲ့ပန်းဖြစ်နေခဲ့တယ်။
တတ်သလောက်ဘိုလိုမှုတ်ရရင်
ခေါင်ရမ်းပန်းတွေဟာ
Negative Energy Wave တွေကို
ပြန်ဆင့်ခေါ်နိုင်တဲ့ပန်းအမျိုးအစားပဲ
နားလည်လွယ်အောင်ပြောရရင်
ကုန်ဆုံးသွားတဲ့စွမ်းအင်တွေပြန်ဖြည့်တဲ့ပန်း ။
ကိုယ့်မှာမရှိတော့တာတွေကို
ရှိအောင်ပြန်လုပ်ပေးနိုင်တဲ့ပန်းပဲ ။
ဥပမာဆိုရရင်အမျိုးသမီးတစ်ယောက်ကအရွယ်ရောက်လို့မှသီးချိန်တန်မသီး
ပွင့်ချိန်တန်မပွင့်ဖြစ်ရင် ခေါင်ရမ်းပန်းကိုပန်ပြီး
အချစ်သီချင်းမြူးမြူးလေးတွေဆိုပေးမယ်ဆိုရင်
ချစ်တဲ့ကြိုက်တဲ့အမျိုးသားတွေ
တစ်ပုံကြီးပေါ်လာတော့တာပဲ ။
#ဒီလိုပဲအရွယ်လွန်တဲ့အပျိုကြီးတွေလည်းအိမ်ထောင်ကျကိုကျတယ် ၊
ဆိုမယ့်သီချင်းရွေးသာထားပြီး
ခေါင်ရမ်းပန်းသာရှာထားပေတော့ ။😁
#ငွေကြေးခက်ခဲတဲ့မိသားစုတွေမှာဆိုရင်လည်း
ခေါင်ရမ်းပန်းပင်စိုက်ထားရုံနဲ့ခေါင်ရမ်းပန်းက
သူ့ပတ်ဝန်းကျင်မှာရှိသင့်ရှိထိုက်ပြီး
လိုအပ်နေတာတွေဖြည့်ပေးတဲ့အစွမ်းရှိလို့
ငွေကြေးအဆင်ပြေလာမယ်။
အဲ့ဒီလိုပဲလင်ကပစ်ပစ် မယားကပစ်ပစ်
အဲ့လိုလူတွေခေါင်ရမ်းပန်းပန်ပြီး
၅ ရက်လောက်သာညအိပ်လိုက်
ရောက်ရာအရပ်ကနေအိမ်ရောက်လာလိမ့်မယ်။
#အဲ့ဒီလိုရှိရင်းစွဲကနေဆုံးရှုံးသွားတဲ့အရာတွေကို
ပြန်ဆွဲယူနိုင်တဲ့အစွမ်းရှိလို့ရှေးအခါက
သေသွားတဲ့မသာတွေကို ပါးစပ်ထဲမတ်စေ့ထည့် ၊
ခေါင်ရမ်းပန်းပန်ပေးပြီးမန်းမှုတ်လိုက်တာနဲ့
မသာကသူ့ဟာသူကူးတို့ဆိပ်ထိသွား ၊
တစ်ဖက်ကမ်းထိ
ကိုယ့်ဘာသာလှေလှော်ပြီးသွားသေတယ်
"ကိုယ့်မသာကိုယ်ချ"ဆိုတဲ့စကား
အဲ့မှာစတယ်ထင်တာပါပဲ။
ဒါတင်ပဲလားဆိုတော့
အကယ်၍ မိမိဟာ
ဆံပင်ကျွတ်ခြင်း၊ဆံပင်ပါးခြင်း၊
ဆံပင်မသန်ခြင်းနှင့် ဦးရေပြားပေါ်၌
ဘောက်စွဲကပ်ခြင်းများ ဖြစ်နေတယ်ဆိုရင် ခေါင်ရမ်းပန်း(သို့) ဆည်းလည်းပန်း
(Chinese Hibiscus)အပွင့်ကို
အုန်းဆီ(Coconut Oil)ဖြင့်
ဆီကျန်သည့်တိုင်အောင် ကြော်ချက်ပါ။
(ဆီကျန်သည့်တိုင်အောင်ဆိုတာက
ပန်းပွင့် အိုးကပ်၊ ဂျိုးကပ်ပြီး
ညိုမဲသွားသည်အထိ ကြော်ခိုင်းတာပါ)
ပီးနောက် အေအးခံပါ။
အအေးခံပြီးပါက ကျန်ရှိတဲ့ဆီကို စစ်ယူပြီး
ပုလင်းတစ်လုံးထဲ၌ သိမ်းဆည်း၍
ညအိမ်ယာမဝင်မှီ မိမိ၏ ဆံပင်နဲ့ဦးရေးပြားထဲ
စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါက
ဆံပင်ပေါက်ခြင်း၊ ဆံပင်သန်ခြင်းနှင့်
ဦးရေပြား ဘောက်စွဲကပ်ခြင်းများ
ကင်းစင်ပပျောက်လာပါလိမ့်မယ်။
အဲ့ဒီလိုမသာချခြင်း ၊
အသုဘတွေမှာသာသုံးသည့်
အမင်္ဂလာပန်းမဟုတ်ကြောင်းလေးပြောရင်း
( ၇ ) ရက်သားသမီးတို့ ဉာဏ်ပွင့်သလို
လိုရင်လိုသလိုအသုံးပြုနိုင်စေရန်
ရေးသားပေးလိုက်ပါတယ် ။
မယုံရင်လက်တွေ့လုပ်ကြည့်ပါ
Credit