May Floral Services

May Floral Services ချစ်တတ်သူအားလုံးအတွက် ထာ၀ရအမှတ်တရများ ဖန်တီးရာ
(9)

13/02/2024

ပန်းစည်း အမြန်လိုချင်သူများအတွက် အသင့်ပန်းစည်းများ ရပါမယ်ရှင့်

ပန်းအခြောက်တွေရော အရုပ်လေးတွေရော ပန်းစည်းပစ္စည်းတွေပါ အသင့်ရှိနေတာမို့ ကြိုမပြင်ဆင်ထားဘဲ ဒီနှစ်မှာ ပန်းစည်းလေးတွေလုပ်ပြီး လမ်းထဲမှာပဲ ရောင်းဖြစ်ပါမယ်
ပန်းအစစ်တွေတော့ ဝယ်ထားတာမရှိလို့ ပေါ့ပေါ့ပါးပါး ပန်းခြောက် ပန်းစည်းအသေးလေးတွေပဲ ရပါမယ်ရှင့်

အမှတ် ၅၇၂ က၊ မာန်ပြေ ၁၄လမ်းအနောက်၊ သာကေတ မှာရှိပါမယ်
09 78000 2931, 09 4010 333 98, 09 420 600 620
***Delivery မပို့ပါဘူးနော်

ဆင်တူယိုးမှားပုံစံလေးတွေပါ ဘယ်ပုံစံယူယူ
အသေး ၅၀၀၀ အကြီး ၁၀၀၀၀ ပါရှင်

လာမယ်ဆို ကျန်မကျန် ဖုန်းအရင်ဆက်ပေးပါရှင့်

ဒီနှစ်တော့ ပန်းစည်းလေး ပြန်စည်းဖြစ်ပြီကွ😁😁 ကိုယ့်လူကိုယ်ပြန်ရောင်းထားတယ်EPI Phone Training ဖုန်းပြင်သင်တန်း ဖုန်းပြုပြင်...
13/02/2024

ဒီနှစ်တော့ ပန်းစည်းလေး ပြန်စည်းဖြစ်ပြီကွ

😁😁 ကိုယ့်လူကိုယ်ပြန်ရောင်းထားတယ်

EPI Phone Training ဖုန်းပြင်သင်တန်း ဖုန်းပြုပြင်ရေး

သင်တန်းဆရာတွေ ဝန်ထမ်းတွေနဲ့ သင်တန်းသားတွေအတွက် Vday အမှတ်တရ ပန်းစည်းလေးတွေပါရှင့်
အကြီး ၅စည်း အသေး ၃၅စည်း မလောက်လို့နောက်ထပ် ၁၀စည်းထပ်ယူမယ်တဲ့ 😊😊

ယုံကြည်စွာ အားပေးလို့ကျေးဇူးပါရှင်

လိုအပ်သူများအတွက်
02/05/2023

လိုအပ်သူများအတွက်

၁မှ ၁၀၀၁ အထိ နှင်းဆီပန်း အဓိပ္ပါယ်ပန်းတွေရဲ့ အဓိပ္ပါယ်ဟာ အမျိုးအစားနဲ့ အရောင်ကို ကြည့်ပြီးဖွင့်ဆိုဖို့အပြင် သင်ရွေးချယ်တ...
08/02/2023

၁မှ ၁၀၀၁ အထိ နှင်းဆီပန်း အဓိပ္ပါယ်

ပန်းတွေရဲ့ အဓိပ္ပါယ်ဟာ အမျိုးအစားနဲ့ အရောင်ကို ကြည့်ပြီးဖွင့်ဆိုဖို့အပြင် သင်ရွေးချယ်တဲ့ ပန်းအရေအတွက်ကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုပါသေးတယ်။

ပန်းအရေအတွက်တွေရဲ့ အဓိပ္ပါယ်ကို သင်နားလည်စေဖို့ ပြည့်စုံတဲ့ လမ်းညွန်ချက်တစ်ခုရှိပါတယ်။ အရေအတွက်ပေါ်မူတည်ပြီး ပန်းတွေကို ဘယ်လို အဓိပ္ပါယ်ဖွင့်တယ်ဆိုတာ ၁ကနေ ၁၀၀ ထိ လမ်းညွန်ထားပါတယ်။

တစ်ပွင့်တည်းသောနှင်းဆီ- သင်ချစ်ခင်တဲ့သူတွေကို လက်ဆောင်ပေးတဲ့အခါ တစ်ပွင့်တည်းသောပန်းက မြင်မြင်ချင်း အချစ်။
နှင်းဆီ နှစ်ပွင့် ပန်းနှစ်ပွင့်ပေးမယ်ဆိုရင် လေးလေးနက်နက် ချစ်မိနေပြီ။
နှင်းဆီ သုံးပွင့် - I love you.
နှင်းဆီလေးပွင့် - တို့နှစ်ယောက်ကြား ကြားလေမသွေးနိုင်တော့ဘူး
နှင်းဆီငါးပွင့် - ကိုယ့်အတွက် တစ်စုံတစ်ယောက်ဟာ အထူးဖြစ်တယ်ဆိုတာ ပြဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ဘယ်လောက်ဂရုစိုက်ကြောင်း ပြချင်ရင် နှင်းဆီငါးပွင့်က အဓိပ္ပါယ် အပြည့်၀ဆုံးပါပဲ။

နှင်းဆီ ၆ပွင့် - ကိုယ့်ဘ၀ကို မင်းကိုပေးအပ်ချင်ပါတယ်။ သင့်အနေနဲ့ ဆက်ဆံရေး နောက်တစ်ဆင့် တက်ဖို့အတွက် ချိန်းတွေ့မယ်ဆိုရင် နှင်းဆီ၆ပွင့် ပေးပို့ခြင်းက သင့်ရဲ့ ခံစားချက်ကို ပြသဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။
နှင်းဆီ ၇ပွင့် - အရူးအမူးအချစ်
နှင်းဆီ ရှစ်ပွင့် - မိသားစု၀င်သို့မဟုတ် သူငယ်ချင်းတစ်ယောက် ခက်ခဲတဲ့ အခြေအနေရောက်နေတဲ့အခါ နှင်းဆီ ရှစ်ပွင့်က သူတို့ကို အားပေးမှု ပြသဖို့ အကောင်းဆုံးပါပဲ။
နှင်းဆီ ၉ပွင့် - ထာ၀ရတည်မြဲနေမယ့် အချစ်။ တစ်ဘ၀လုံး အတူဖြတ်သန်းသွားချင်သူ တစ်ဦးကို ပေးပါ။
နှင်းဆီ ၁၀ ပွင့် - မင်းက ပြီးပြည့်စုံတယ်။ အထူးတစ်စုံတစ်ယောက်ကို ပြောပြဖို့ ရိုးရိုးလေးနဲ့ ထိရောက်တဲ့ နည်းလမ်း။

နှင်းဆီ ၁၁ပွင့် - မင်းကကိုယ့်အတွက် ရတနာတပါးပါ။
နှင်းဆီ ၁၂ပွင့် - ကိုယ်မင်းကို ပိုင်ဆိုင်ပါရစေ။
နှင်းဆီ ၁၃ ပွင့်- ထာ၀ရတည်မြဲနေမယ့် သူငယ်ချင်း သံယောဇဉ် (သို့) အုံ့ပုန်းအချစ်
နှင်းဆီ ၁၄ပွင့်- မင်းအတွက် ဂုဏ်ယူပါတယ်။
နှင်းဆီ ၁၅ပွင့် - တစ်စုံတစ်ယောက်ကို စိတ်ဒုက္ခရောက်အောင် လုပ်မိလို့ ပြန်တောင်းပန်ချင်တဲ့အခါ နှင်းဆီ ၁၅ပွင့်ပေးပို့လိုက်ပါ။

နှင်းဆီ ၁၆ပွင့် - လမ်းခရီး သာယာပါစေ
နှင်းဆီ ၁၇ပွင့် - သင့်ဇနီးရဲ့ မွေးနေ့ ဒါမှမဟုတ် ထူးခြားတဲ့ အထိမ်းအမှတ်ကို ဂုဏ်ပြုချင်ရင်် နှင်းဆီ ၁၇ပွင့်ပေးပါ။
နှင်းဆီ၁၈ပွင့်- ရိုးသားစစ်မှန်ခြင်းရဲ့ အမှတ်အသား။ ချစ်ခင်သူတစ်ဦးကို ကျန်းမာပျော်ရွှင်ပါစေ လို့ပြောချင်တဲ့အခါ နှင်းဆီ ၁၈ပွင့်နဲ့ ပြောပြပါ။
နှင်းဆီ ၁၉ ပွင့် - မင်းရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေပါတယ်။
နှင်းဆီ ၂၀ပွင့် - ရိုးသားမှု၊ ယုံကြည်မှုရဲ့ အမှတ်အသား။

နှင်းဆီ ၂၁ ပွင့် - တစုံတစ်ယောက်ရဲ့ဘက်မှာ အတူ ရပ်တည်နေကြောင်း နှင်းဆီ ၂၁ပွင့် နဲ့ ပြသလိုက်ပါ။
နှင်းဆီ ၂၂ပွင့် - အတူရှိနေမှု နဲ့ ကံကောင်းမှု ဆိုတဲ့ အဓိပ္ပါယ်နှစ်မျိုး ပါ၀င်ပါတယ်။
နှင်းဆီ ၂၄ပွင့် - ကိုယ့်အတွေးထဲမှာ မင်းအမြဲရှိနေတယ်။
နှင်းဆီ ၂၅ပွင့် - ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူတစ်ယောက် ဖြစ်ပါစေလို့ နှင်းဆီ ၂၅ ပွင့်နဲ့ဆုတောင်းပေးပါ။
နှင်းဆီ ၂၇ပွင့် - သင့်ရဲ့ဇနီးကို ဘယ်လောက်ချစ်ကြောင်း နှင်းဆီ ၂၇ပွင့်နဲ့ ပြောပြပါ။
နှင်းဆီ ၃၀ပွင့် - ယုံကြည်မှု။

နှင်းဆီ ၃၃ပွင့်- ချစ်ခင်လေးစားမှု။
နှင်းဆီ ၃၆ပွင့် - ကိုယ့်ရဲ့ လက်တွဲဖော်ကို အတူပျော်ရွှင်ခဲ့တဲ့ အချိန်တွေ ပြန်အမှတ်ရစေဖို့ နှင်းဆီ ၃၆ပွင့်နဲ့ ပြောပြပါ။
နှင်းဆီ ၃၇ပွင့် - တစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်မိတဲ့အခါ၊ နှင်းဆီ ၃၇ပွင့်နဲ့ ဘယ်လောက်လေးနက်ကြောင်း ပြောပြပါ။
နှင်းဆီ ၄၀ပွင့် - အချစ်စစ်။ အထူးတစ်ယောက်အတွက် အချစ်စစ်ကို ပြသဖို့ နှင်းဆီ၄၀ ကိုရွေးချယ်ပါ။
နှင်းဆီ ၄၄ပွင့် - မပြောင်းလဲ၊ ခိုင်မြဲတဲ့ အချစ်ကို ပြသဖို့ နှင်းဆီ ၄၄ပွင့်နဲ့ ကတိပြုလိုက်ပါ။
နှင်းဆီ ၄၇ပွင့် - မင်းဟာကိုယ့်ရဲ့ တစ်ဦးထဲသောသူ။
နှင်းဆီ ၄၈ပွင့် - မပြောင်းလဲတဲ့အချစ်။
နှင်းဆီ ၅၀ပွင့် - ပြီးပြည့်စုံတဲ့ အချစ်။

နှင်းဆီ ၅၁ပွင့် - သင့်စိတ်ထဲမှာ တစ်ဦးထဲသာရှိတဲ့အခါ နှင်းဆီ ၅၁ပွင့်ကို ရွေးချယ်ပါ။
နှင်းဆီ ၅၆ပွင့်- နှင်းဆီ ၅၆ပွင့်ရဲ့ အဓိပ္ပါယ်ကတော့ ရိုးရိုးလေးပါပဲ။ အချစ်တဲ့။
နှင်းဆီ ၆၆ပွင့် - မင်းအတွက် ကိုယ့်အချစ်က ဘယ်တော့မှ ပြောင်းလဲတော့မှာ မဟုတ်ဘူး။
နှင်းဆီ ၇၇ပွင့် - ဒီပန်းစည်းရဲ့ အဓိပ္ပါယ်ကတော့ ယုံကြည်မှုတဲ့။ ပြီးတော့ နှင်းဆီ ၇၇ပွင့် ပေးခံရသူကို ဘ၀ရဲ့လက်တွဲဖော်အဖြစ် ယုံကြည်တယ်လို့ အဓိပ္ပါယ် ရပါတယ်။
နှင်းဆီ ၈၈ပွင့် - အနူးအညွတ် တောင်းပန်ဖို့ လိုနေတဲ့အခါ နှင်းဆီ ၈၈ပွင့်နဲ့ တောင်းပန်ပါ။
နှင်းဆီ ၉၉ ပွင့် - ကိုယ့်အတွက် အလေးထားရဆုံး လက်တွဲဖော်ကို ဘ၀ရဲ့ နောက်ဆုံးအချိန်အထိ ဆက်ချစ်သွားမယ် လို့ ပြောချင်တဲ့အခါ နှင်းဆီ ၉၉ပွင့်နဲ့ ပြောလိုက်ပါ။
နှင်းဆီ ၁၀၀ပွင့် - သစ္စာတရားရဲ့ အမှတ်အသား။

နှင်းဆီ ၁၀၁ပွင့် - ထာဝရထက် တစ်ရက်ပိုချစ်မယ်။ ကိုယ့်ဘဝမှာ မင်းကလွဲပြီး အခြားသူမရှိဘူး။
နှင်းဆီ ၁၀၈ ပွင့် - မင်းနဲ့ကိုယ် နှစ်ကိုယ်တူဘဝ တည်ဆောက်ခွင့်ပြုပါ ကိုယ့်ကို လက်ထပ်ခွင့်ပြုပါ
နှင်းဆီ ၁၁၁ ပွင့် - ထာဝရအချစ်
နှင်းဆီ ၁၄၄ ပွင့် - နေ့ရောညပါ မင်းသာကိုယ့်အချစ်
နှင်းဆီ ၃၆၅ ပွင့် - နေ့စဥ်နေ့တိုင်း မပြောင်းလဲတဲ့အချစ်နဲ့ ထာဝရချစ်နေမယ်
နှင်းဆီ ၉၉၉ ပွင့် - ငါ့အချစ်က အသက်ထက်ဆုံးတိုင်တည်မြဲနေမယ်
နှင်းဆီ ၁၀၀၀ ပွင့် - အနှစ်တထောင်မှ တကြိမ်ပွင့်တဲ့ပန်းလို မင်းလေးဟာလည်း ကိုယ့်အတွက် နောင်အနှစ်တထောင်တိုင် အတုမရှိတဲ့ ချစ်ခြင်းပါ..
နှင်းဆီ ၁၀၀၁ ပွင့် - မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့အဆုံးမရှိတဲ့ အချစ်နဲ့သစ္စာတရားက ထာဝရအတွက်ပါ

ကဲအခုတော့ ပန်းပွင့်တွေရဲ့ အဓိပ္ပါယ်ကို သင်သိသွားပါပြီ။

ဒီနှစ်တော့ May Floral Services မှာ ပန်းစည်းလေးတွေ ဖန်တီးပေးဖို့ အဆင်မပြေပေမယ့် နောက်နှစ်ထဲမှာတော့ သေချာလေးပြင်ဆင်ပြီး ပြန်လာခဲ့ပါ့မယ်နော်... 😘😘😘😘
ခုတော့ pinterest က save လာတဲ့ပုံလေးတွေနဲ့ ဘယ်ပုံစံလေးပေးရမလဲ အကြံဥာဏ်ယူလို့ရအောင် ပုံလေးတွေတင်ပေးလိုက်ပါတယ်ရှင် 😍😍😍

05/02/2023

ဒီနှစ်လည်း မင်မင်တစ်ယောက် ခေးပုစိလေးနဲ့ ပန်းစည်းဖို့အဆင်မပြေလို့ ပန်းစည်းလေးတွေ လုပ်မပေးနိုင်ပါဘူးရှင်
ဆက်သွယ်မေးမြန်းကြတဲ့ ချစ်တတ်သူအားလုံးကို အားနာပါတယ်နော် မင်မင် အလုပ်ပြန်စရင် ကြေငြာပေးပါ့မယ်ရှင်

30/07/2022

Small Basket Flower Arrangement

credit flowerri.com

29/07/2022

Pineapple Flower Arrangement

နာနတ်သီးပေါ်တဲ့အချိန်လေး ပန်းစည်းနည်းမျှဝေပေးတာပါ

https://pin.it/5CtOZAE

Credit Flowerri

28/07/2022

Mixed Flower Bouquet

floral design tutorial

credit to floralsupplies.com

ဝါမဝင်ခင် လက်မှတ်ထိုးမဲ့ မောင်နှံတို့ရှိလားPost လေးကို ကိုယ့် wall ပေါ်မှာ Public နဲ့ Share ထားရုံနဲ့ 10% Discount ရယူလိ...
23/06/2022

ဝါမဝင်ခင် လက်မှတ်ထိုးမဲ့ မောင်နှံတို့ရှိလား
Post လေးကို ကိုယ့် wall ပေါ်မှာ Public နဲ့ Share ထားရုံနဲ့ 10% Discount ရယူလိုက်ပါ

23/01/2022

ဒီနှစ် Vday Order နားပါမယ်

မင်မင့်ကျန်းမာရေးအခြေအနေအရ ခါတိုင်းလို ကိုယ်တိုင် နေ့မအား ညမနားလုပ်ဖို့ အခြေအနေမပေးတော့လို့ ဒီတနှစ်တော့ နားပါမယ်လို့ 😊😊

နှစ်တိုင်း အားပေးနေကျသူတွေကိုလည်း အားနာနာနဲ့ပဲ ကြိုတင်တောင်းပန်ပါရစေ

နောက်တနှစ်မှ ပိုပြီး လှပ လန်းဆန်းတဲ့ Design လေးတွေနဲ့ ပြန်လာခဲ့ပါမယ်နော် 😍😍

လှရက်လိုက်တာ ရခိုင်ရိုးရာအတိုင်း ဆောင်တဲ့ မင်္ဂလာ အခမ်းအနား 😍😍😍
28/12/2021

လှရက်လိုက်တာ ရခိုင်ရိုးရာအတိုင်း ဆောင်တဲ့ မင်္ဂလာ အခမ်းအနား 😍😍😍

ကြာဖူးနော် 😊😊
23/10/2021

ကြာဖူးနော် 😊😊

03/06/2021

May Floral ကို ဖုန်းတွေဆက်ပြီး အော်ဒါတွေ တင်ကြတာလည်း ကျေးဇူးတင်ပါတယ်ရှင်

အကြောင်းကြောင်းတွေကြောင့် ပန်းအလှဆင်လေးကို ဝန်ဆောင်မှု မပေးနိုင်သေးလို့ ခဏ ရပ်ထားပါရစေ

ဝန်ဆောင်မှု ပြန်ပေးနိုင်ချိန် ပြန်ကြေငြာပါ့မယ်ရှင်

26/05/2021
မင်္ဂလာ မှတ်တမ်းလေး ဝေမျှပါရစေ...May Floral ရဲ့ ဖန်တီးမှု လက်ကိုင်ပန်းနဲ့ ရင်ကပ်ပန်းMay Handmade Paradise ရဲ့ ဖန်တီးမှု ...
01/05/2021

မင်္ဂလာ မှတ်တမ်းလေး ဝေမျှပါရစေ...

May Floral ရဲ့ ဖန်တီးမှု လက်ကိုင်ပန်းနဲ့ ရင်ကပ်ပန်း
May Handmade Paradise ရဲ့ ဖန်တီးမှု
မောင်နှံစုံအမည်လေးနဲ့ ယွန်းစစ်စစ် လက်ထပ်စာချုပ်၊ ယွန်းတွေရဲ့ မူလ ပုဂံမြေရဲ့သင်္ကေတ ပုဂံမင်းသားမင်းသမီး စုံတွဲလေးနဲ့ ယွန်းသေတ္တာ၊ မောင်နှံစုံ စာလုံးတိုလေးတွေနဲ့ ယွန်းဘောပင်

ချစ်ရတဲ့ ညီမငယ်တို့ မောင်နှံအတွက် အထူးဖန်တီးမှုတွေနဲ့ မင်္ဂလာခရီးလမ်းမှာ ကူညီအားဖြည့်ခွင့်ရလို့ အရမ်းဝမ်းသာပီတိ ဖြစ်မိပါတယ်

သာယာချမ်းမြေ့တဲ့ ဘဝခရီးလမ်းမှာ အောင်မြင်ပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်

With Love
May Floral Services
May Handmade Paradise
09 420 600 620, 09 78000 2931

မင်္ဂလာ လက်ကိုင်ပန်းနဲ့ လက်ထပ်စာချုပ် တနေရာတည်းမှာ စီစဥ်ပေးနေပြီနော် လက်ထပ်စာချုပ်ပုံစံလေးတွေကို page ထဲဝင်ကြည့်လို့ရပါတ...
30/04/2021

မင်္ဂလာ လက်ကိုင်ပန်းနဲ့ လက်ထပ်စာချုပ် တနေရာတည်းမှာ စီစဥ်ပေးနေပြီနော် လက်ထပ်စာချုပ်ပုံစံလေးတွေကို page ထဲဝင်ကြည့်လို့ရပါတယ်ရှင့်

Address

No. 572(A), Man Pyae 14th Street, Ward 3, Thaketa Tsp
Yangon
11231

Alerts

Be the first to know and let us send you an email when May Floral Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to May Floral Services:

Videos

Share


Other Wedding Planning in Yangon

Show All