Shwe Pwint Hlwar Mingalar Services

Shwe Pwint Hlwar Mingalar Services Myanmar Traditional Mingalar Services

စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာဆို ရွှေပွင့်လွှာရှိပါတယ်...ဘိသိက်မင်္ဂလာဆိုတာနဲ့ ရွှေပွင့်လွှာမှာ ပစ္စည်းအစုံရှိတယ်လို့ ပြေ...
12/10/2024

စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာဆို ရွှေပွင့်လွှာရှိပါတယ်...

ဘိသိက်မင်္ဂလာဆိုတာနဲ့ ရွှေပွင့်လွှာမှာ ပစ္စည်းအစုံရှိတယ်လို့ ပြောနိုင်အောင်ကို ကြိုးစားဖြည့်ဆည်းထားတာမို့ ဖုန်းလေးသာဆက်လိုက်ပါနော် ...

ဝါတွင်းသုံးလလုံး 10% discount ပေးထားတာ Promotion ကာလကုန်ဆုံးဖို့ ၄ရက်သာလိုပါတော့တယ်လို့ 🥰

ရွှေပွင့်လွှာ ဘိသိက်မင်္ဂလာဝန်ဆောင်မှု
Ph...09965099541, 09740819829
ရန်ကုန်မြို့။

လူတိုင်းက ရင်းနှီးမြှပ်နှံမှုတစ်ခု လုပ်ကြပြီဆို ဒီလုပ်ငန်းလေး လည်ပတ်နိုင်ဖို့အတွက် ကိုယ့်လုပ်ငန်း ကိုယ့်ပစ္စည်းက ဘယ်လိုက...
05/10/2024

လူတိုင်းက ရင်းနှီးမြှပ်နှံမှုတစ်ခု လုပ်ကြပြီဆို ဒီလုပ်ငန်းလေး လည်ပတ်နိုင်ဖို့အတွက် ကိုယ့်လုပ်ငန်း ကိုယ့်ပစ္စည်းက ဘယ်လိုကောင်းမွန်ကြောင်း လူတွေသိဖို့ ကြော်ငြာကြရပါတယ်...

ကြော်ငြာရင်းနဲ့ လုပ်ငန်းလေး လည်ပတ်လာတဲ့အခါ ကြော်ငြာနေရုံနဲ့ မပြီးတော့ပါဘူး .. လုပ်ရပ်နဲ့ သက်သေပြဖို့ လိုအပ်လာပါတော့တယ်...

ရွှေပွင့်လွှာ အနေနှင့် ကြော်ငြာတွေလည်း အများကြီးရေးခဲ့ဖူးသလို လက်တွေ့မှာလည်း လုပ်ရပ်နဲ့ သက်သေပြခဲ့ပြီးပါပြီနော်...

စကားတစ်ခွန်း ၊ ကတိတစ်လုံးကို တည်အောင်ကြိုးစားခဲ့သလို ပစ္စည်းလေးတွေဆိုလည်း ဂရုတစိုက်နဲ့ ခမ်းနားစွာ ဝန်ဆောင်မှုပေးနိုင်ဖို့ အမြဲကြိုးစားခဲ့ပါတယ်... တာဝန်အပြင် စေတနာတွေကိုပါ အဆစ်ထည့်ပေးခဲ့ပါတယ်🥰

ယနေ့ခေတ်အခါကြီးမှာ ကြိုးစားရပ်တည်နေရချိန် စကားတတ်တိုင်း လိုရာဆွဲပြောပီး ကြော်ငြာတာပါပဲလို့ မထင်စေချင်ပါဘူးရှင်...

ရွှေပွင့်လွှာ ဘိသိက်မင်္ဂလာဝန်ဆောင်မှုက သူ့လုပ်ငန်းလေးကို ကောင်းသည်ထက်ကောင်းအောင် ကိုယ်အား ဥာဏ်အား ရှိသမျှ အမြဲ update ဖြစ်အောင် ပြင်ဆင်ရင်း မင်္ဂလာရှင်များအတွက် အသင့်ရှိနေပါတယ် ...

ကလေးပဲ ကင်ပွန်းတပ်မလား
ရှင်ပြုနားသပဲ ကျင်းပလိုလား
စုလျားရစ်ပတ် ထိမ်းမြားလိုပါလား

လိုအပ်လာတဲ့အခါ ဘိသိက်မင်္ဂလာဆို ရွှေပွင့်လွှာကို သတိရပါလို့ ...

ရွှေပွင့်လွှာ ဘိသိက်မင်္ဂလာဝန်ဆောင်မှု
Ph...09965099541, 09740819829
ရန်ကုန်မြို့။

ရွှေသလွန်လေးကို ငွေရောင်ပစ္စည်းလေးနဲ့လား...သလွန်ဖြူလေးကို ရွှေရောင်ပစ္စည်းလေးနဲ့လား ...🎶Lady ကြိုက်တာပြော 🥰😘ရွှေသလွန်လေး...
04/10/2024

ရွှေသလွန်လေးကို ငွေရောင်ပစ္စည်းလေးနဲ့လား...

သလွန်ဖြူလေးကို ရွှေရောင်ပစ္စည်းလေးနဲ့လား ...

🎶Lady ကြိုက်တာပြော 🥰😘

ရွှေသလွန်လေးကို ရွှေရောင်ပစ္စည်းလေးနဲ့လား ...

သလွန်ဖြူလေးကို ငွေရောင်ပစ္စည်းလေးနဲ့လား ...

🎶Lady ကြိုက်တာပြော 🥰😘

🎵မင်းအတွက်အကုန်ရတယ် ဘယ်အချိန် ဘယ်နေရာမှာဆုံကြမလဲ 🎶

လေဒီကြိုက်တာပြောဆိုတဲ့ ကိုကြီးတို့ ဘယ်နေရာမှာဆုံကြမလဲဆို ရွှေပွင့်လွှာ မှာ ဆုံလို့ရပါတယ်နော်လို့...

ရွှေပွင့်လွှာ ဘိသိက်မင်္ဂလာဝန်ဆောင်မှု
Ph...09965099541, 09740819829
ရန်ကုန်မြို့။

အိမ်ထောင်ရေး နည်းနည်းတော့ ထူးဆန်းသလိုပဲအိမ်ထောင်ကျတဲ့သူအများစုဟာမယူရသေးတဲ့သူတွေကိုမယူနဲ့ အိမ်ထောင်ပြုတာ မကောင်းဘူးလို့ လ...
03/10/2024

အိမ်ထောင်ရေး နည်းနည်းတော့ ထူးဆန်းသလိုပဲ
အိမ်ထောင်ကျတဲ့သူအများစုဟာ
မယူရသေးတဲ့သူတွေကို
မယူနဲ့ အိမ်ထောင်ပြုတာ မကောင်းဘူးလို့ လမ်းညွှန်ဆုံးမကြတယ်
အိမ်ထောင်ကျတဲ့သူ
အယောက် ၁၀၀ မှာ
အယောက် ၈၀ လောက်ဟာ
မပျော်ရွှင်ရပါဘူး
စိတ်ပင်ပန်းမှုဒဏ်တွေကို ခံကြရပါတယ်
အဲ့ဒီလူတွေကို မေးကြည့်မိတယ်
အမတို့ယူထားတဲ့ယောကျာ်းတွေက
အမတို့မချစ်ပဲနဲ့ အိမ်က ဇွတ်ပေးစားလို့ ယူထားတာလားလို့
ဘယ်ဟုတ်ပါ့မလဲ . . .တချို့က ချစ်သူသက်တမ်း ၁၀ ကျော်မှ လက်ထပ်ထားတာ . . .တချို့က ချစ်သူသက်တမ်း ၈ နှစ် . . .တချို့က ၄ နှစ် . ..
တချို့ဆို အိမ်က သဘောမတူတာတောင် သိပ်ချစ်လွန်းလို့ဆိုပြီး
ခိုပြေးခဲ့ကြတာ . . .
သိပ်ချစ်လွန်းလို့ လက်ထပ်ကြပြီးမှ
ဘာကြောင် မပျော်ရွှင်နိုင်ရတာလဲ . . .
ကိုယ်ချစ်တဲ့သူနဲ့ ပေါင်းဖက်ရတာ ဘာကြောင့် စိတ်ပင်ပန်းမှုတွေ ပိုများ
စိတ်ညစ်မှုတွေ ပိုများနေရတာလဲ . . . .
အိမ်ထောင်ရေး တဲ့ စကားလုံးလေးက သုံးလုံးတည်း . . .
တကယ်တည်ဆောက်တဲ့အခါမှာ
ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်ဖို့ လိုအပ်ချက်တွေ အများကြီးပဲ
ဘယ်အရာတွေ အဓိကလိုအပ်မလဲဆိုတော့
ငွေကြေး
နားလည်မှု
အပြန်အလှန်တန်ဖိုးထားမှု
ဖေးမမှု
ကူညီမှု
သိတတ်မှု
အများကြီးပါပဲ . . . .လိုအပ်ချက်တွေပေါ့ . . .


-ဂျူး #သုတရသစာပေ

ရှင်ပြု နားသ အလှူပွဲများအတွက်ဆို ဘိသိက်အခမ်းအနားအပြင်အဆင်နှင့် ဘုရားဦးခိုက်၊ရှင်လောင်းလှည့် ၊ နတ်ပြခြင်း တို့ပါမကျန် အသေ...
29/09/2024

ရှင်ပြု နားသ အလှူပွဲများအတွက်ဆို ဘိသိက်အခမ်းအနားအပြင်အဆင်နှင့် ဘုရားဦးခိုက်၊ရှင်လောင်းလှည့် ၊ နတ်ပြခြင်း တို့ပါမကျန် အသေးစိတ်စုံလင်စွာဖြင့် အလှူ့ရှင်တို့ စိတ်မပင်ပန်း လူမပင်ပန်းရစေဘဲ တစ်နေရာတည်းမှာ ပြည့်စုံစွာ စီစဥ်ပေးတာ ရွှေပွင့်လွှာ ပါရှင်...

မင်္ဂလာစည်ကြီးတီးလို့ ထမင်းရေချောင်းစီးကာ

ကုသိုလ်အသံတို့ ဘဝဂ်သို့ထိလှိုင်

အလှူပွဲကြီး ခြိမ့်ခြိမ့်သဲနိုင်ဖို့

ရွှေပွင့်လွှာကို သတိရပါလို့...

ရွှေပွင့်လွှာ ဘိသိက်မဂ်လာဝန်ဆောင်မှု
Ph...09965099541, 09740819829
ရန်ကုန်မြို့။

🥰🥰🥰  ရွှေပွင့်လွှာရဲ့                                ❤️ 10% Discount ❤️အစီအစဥ်လေး ကုန်ဆုံးဖို့ ရက်အနည်းငယ်ပဲ ကျန်ပါတော့တ...
28/09/2024

🥰🥰🥰 ရွှေပွင့်လွှာရဲ့

❤️ 10% Discount ❤️

အစီအစဥ်လေး ကုန်ဆုံးဖို့ ရက်အနည်းငယ်ပဲ ကျန်ပါတော့တယ်နော် ....

❤️ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အတွင်း အပ်နှံလျှင် ရွှေပွင့်လွှာ၏ စုလျားရစ်ပတ်ဘိသိက်အခမ်းအနားအပြင်အဆင်ကို 10% လျော့ချပေးမှာပါနော်...

အချိန်အကြာကြီး လျော့ပေးထားတာ ချစ်သောတို့ကို ချစ်လို့ 🥰🥰🥰

🥰တစ်သက်မှ တစ်မင်္ဂလာကို ရွှေပွင့်လွှာ၏ ဘိသိက်အခမ်းအနားနှင့် နန်းဆန်ကြပါစို့ ...🥰

ရွှေပွင့်လွှာ ဘိသိက်မင်္ဂလာဝန်ဆောင်မှု
Ph...09965099541, 09740819829
ရန်ကုန်မြို့။

ချာလီချက်ပလင်က သူ့ပရိသတ်ကိုဟာသတခု ပြောပြတယ်။ပရိသတ်က ဝါးလုံးကွဲ ရယ်မောကြတယ်။အဲဒီဟာသကိုပဲချာလီကဒုတိယအကြိမ်ထပ်ပြောတယ် သိပ်မ...
27/09/2024

ချာလီချက်ပလင်က သူ့ပရိသတ်ကို
ဟာသတခု ပြောပြတယ်။

ပရိသတ်က ဝါးလုံးကွဲ
ရယ်မောကြတယ်။

အဲဒီဟာသကိုပဲချာလီက
ဒုတိယအကြိမ်
ထပ်ပြောတယ် သိပ်မရယ်ကြတော့ဘူး။

တတိယအကြိမ် ထပ်ပြောတယ်
လုံးဝ မရယ်ကြတော့ဘူး။

ဒီတော့မှ ချာလီက
"ခင်ဗျားတို့က ဟာသတခုကို အကြိမ်ကြိမ်ရယ်ပေးဖို့
ဆန္ဒမရှိပေမယ့် ဘာလို့များ ဒုက္ခတခုကိုအကြိမ်ကြိမ်
ပူဆွေးနေရတာလဲ" တဲ့။

တွေးခေါ်တတ်တဲ့ဦးနှောက်ရယ်
ရှင်သန်ခွင့်ရယ် ရှိနေသမျှ
ကျနော်တို့ ဘယ်တော့မှ မရှုံးဘူး။

"ရှုံးတယ်ဆိုတာ
ကိုယ်က အရှုံးပေးမှ ရှုံးတာပါ"တဲ့
ဘဝက အဲဒီလို ပြဋ္ဌာန်းထားတယ်။

ဒီနေ့ မင်္ဂလသုတ်ရွတ်ရင်း မင်္ဂလာသုတ်ဖြစ်ပေါ်လာပုံကို ဖတ်ကြည့်မိတာ ဘုရားရှင်ခေတ်ကလည်း အငြင်းပွားခဲ့ပါလားလို့ သိခဲ့ရတော့ အ...
24/09/2024

ဒီနေ့ မင်္ဂလသုတ်ရွတ်ရင်း မင်္ဂလာသုတ်ဖြစ်ပေါ်လာပုံကို ဖတ်ကြည့်မိတာ ဘုရားရှင်ခေတ်ကလည်း အငြင်းပွားခဲ့ပါလားလို့ သိခဲ့ရတော့ အံ့သြမိပါသည် ။ ကိုယ်တွေပဲငြင်းတတ်တာလို့ ထင်ထားတာလေ 😆

မြတ်စွာဘုရား မင်္ဂလာတရား မဟောကြားမီအချိန်က လောက၌နှစ်လိုဖွယ်အကောင်းဟု အသိအမှတ်ပြုထားသောအာရုံများရှိခဲ့ရာ...

အချို့က မျက်စိဖြင့် မြင်ရသော နှစ်သက်ဖွယ် အဆင်းအာရုံကို မင်္ဂလာဟု ဆို၍

အချို့ကမူ နားဖြင့်ကြားရသော နှစ်သက်ဖွယ်အသံကို မင်္ဂလာဟုဆိုပြီး

အချို့ကသော် နှာခေါင်း ၊ လျှာ ၊ ကိုယ်တို့ဖြင့် တွေ့ရသော နှစ်သက်ဖွယ် အနံ့ ၊ အရသာ ၊ အတွေ့များကို မင်္ဂလာဟု အငြင်းပွားကြပါသတဲ့...

တစ်ဦးအယူအဆကို တစ်ဦးကလက်မခံ ၊ နားလည်အောင်မပြောနိုင်ကြဘဲ ငြင်းခုန်မစဲ ပြဿနာမပြေဘဲ ဖြစ်နေပါတော့တယ်။

ထိုမင်္ဂလာပြဿနာမှာ လူ၌သာမက နတ်ဗြဟ္မာများသို့ပင် ဂယက်ရိုက်ကာ မင်္ဂလာကို စဥ်းစားကြရင်း နတ်တွေတောင် သုံးမျိုးကွဲခဲ့ပါသတဲ့ ။

၁၂နှစ်ကြာအောင် ထိုပြဿနာမပြေဘဲရှိခဲ့ရာ ဘုရားရှင်အား သိကြားမင်းမှ လျှောက်တင်တော့မှ ယခုမင်္ဂလာတရားတော်ကို ဟောကြားတော်မူခဲ့ပါတယ်တဲ့...

မင်္ဂလသုတ်ကို ရွတ်ဖတ်ခြင်းဖြင့် အ,မင်္ဂလာများ၊ အနိဋ္ဌာရုံများ ၊ အတိတ်ဆိုး ၊ နိမိတ်ဆိုး ၊ အသံဆိုး ၊ ဂြိုဟ်ဆိုး ၊ ကံဇာတာဆိုးများ ကြုံကြိုက်ခြင်း ၊ နှောင့်ယှက်ခံရခြင်း တို့မှ ကင်းဝေးစေပါတယ်...

ဆွမ်းလှူမင်္ဂလာ ၊ အိမ်တက်မင်္ဂလာ ၊ လက်ထပ်မင်္ဂလာ ၊ မွေးနေ့မင်္ဂလာ ကျင်းပချိန်များတွင် ရွတ်သင့်ပါသည် လို့ ဖတ်မှတ်လေ့လာခဲ့ရပါသည်။

ဟိုအရင်ကလိုငြင်းမယ်ဆို ကိုယ်က မျက်စိဖြင့်မြင်ရသောနှစ်သက်ဖွယ်အဆင်းအာရုံကို မင်္ဂလာ လို့ ဆိုကြမည့်အဖွဲ့ထဲ ပါကောင်းပါမလား မသိဘူးပေါ့နော်...

မျက်စိဖြင့်မြင်ရသော နှစ်သက်ဖွယ်အဆင်းအာရုံ ဘိသိက်အခမ်းအနား တို့ဖြင့် ဝန်ဆောင်မှုပေးပါသော ရွှေပွင့်လွှာ ဘိသိက်မင်္ဂလာဝန်ဆောင်မှုက မင်္ဂလသုတ်ကို ရွတ်ဖတ်ပူဇော်ရင်း မင်္ဂလာရှင်တို့နှင့် ဆုံတွေ့ရတာ မင်္ဂလာရှိလိုက်ပါဘိလို့ ...

ကိုယ်လိုရာ ကိုယ်ဆွဲတွေးရင်း ကျေနပ်မိပါသော 🥰

ရွှေပွင့်လွှာ ဘိသိက်မဂ်လာဝန်ဆောင်မှု
Ph...09965099541, 09740819829
ရန်ကုန်မြို့။

အလှူ့ရှင်များသာမက ကျမတို့လို ဝန်ဆောင်မှုပေးသူများပါ ကြည်နူးပီတိဖြစ်ရသော ဒီလိုအလှူပွဲကြီး ကျင်းပမယ်ဆို ကျက်သရေရှိလှသော မြ...
11/09/2024

အလှူ့ရှင်များသာမက ကျမတို့လို ဝန်ဆောင်မှုပေးသူများပါ ကြည်နူးပီတိဖြစ်ရသော ဒီလိုအလှူပွဲကြီး ကျင်းပမယ်ဆို ကျက်သရေရှိလှသော မြန်မာမှုအပြင်အဆင်များနှင့် ရွှေပွင့်လွှာဘိသိက်မင်္ဂလာဝန်ဆောင်မှုကို သတိရပါနော် ....

ရွှေပွင့်လွှာ ဘိသိက်မင်္ဂလာဝန်ဆောင်မှု
Ph...09965099541, 09740819829
ရန်ကုန်မြို့။

03/09/2024

သမီးလေးတယောက်တည်းရှိသော ဖေဖေမေမေတို့အတွက် ရွှေပွင့်လွှာ၏ နားသအလှူတော်မင်္ဂလာအပြင်အဆင်လေးပါရှင်..

ရွှေပွင့်လွှာ ဘိသိက်မင်္ဂလာဝန်ဆောင်မှု

Ph...09965099541, 09740819829ရန်ကုန်မြို့။

နည်းနည်းနဲ့ကောင်းကောင်းမိန်းက​လေးတစ်​​ယောက်​က အဘွားအိုကို ​မေးတယ်​၊"ဘဝမှာ သူငယ်ချင်းဆိုတာ တကယ်လိုသလား အဘွား"အဘွားအိုက ပြ...
28/08/2024

နည်းနည်းနဲ့ကောင်းကောင်း

မိန်းက​လေးတစ်​​ယောက်​က အဘွားအိုကို ​မေးတယ်​၊
"ဘဝမှာ သူငယ်ချင်းဆိုတာ တကယ်လိုသလား အဘွား"

အဘွားအိုက ပြန်ဖြေတယ်၊
"လိုတာပေါ့။ ဘဝခရီးဟာ တကယ်ကို ကြမ်းပါတယ်။ မင်းအနားမှာ မင်းကို အကဲဖြတ်ဝေဖန်ခြင်းမပြုဘဲ နာရီပေါင်းများစွာ စကားအတူပြောလို့ရတဲ့ လူတစ်ယောက် ရှိသင့်တယ်၊ သူ့ပုခုံးပေါ်မှာ မင်းငိုလို့ရမယ်၊ မင်းကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးမယ့်သူမျိုးပေါ့။ မင်းနားမှာ ဘယ်သူမှမရှိချိန်မှာ သူက ရှိပေးနေလိမ့်မယ်။ သူက မင်းနဲ့အတူ ပျော်စရာတွေကို မျှဝေယူမယ့်သူ၊ အခက်အခဲတွေကို ကျော်လွှားဖို့ ကူညီပေးမည့်သူပေါ့။"

မိန်းကလေးက မေးတယ်၊
"မိတ်ဆွေအတုက ရန်သူထက် အန္တရာယ်ပိုများတာ အမှန်ပဲလား။"

အဘွားအိုက ပြန်ဖြေတယ်၊
"ဒါပေါ့။ မင်းရဲ့ရန်သူ ဘယ်သူလဲဆိုတာ မင်းသိတော့ မင်းက သူတို့ကို အနားကပ်ခွင့်မပေးဘူး။ ဒါပေမယ့် သူငယ်ချင်းအတုဟာ ဟန်ဆောင်ပြီး မင်းရဲ့ယုံကြည်မှုကိုရအောင်ယူတဲ့သူ။ မင်းရဲ့အားနည်းချက်တွေ၊ မင်းရဲ့လျှို့ဝှက်ချက်တွေနဲ့ မင်းအိပ်မက်တွေကို သူတို့က သိအောင်လုပ်တယ်။ ဘယ်ခလုတ်ကို နှိပ်ရမလဲ၊ နောက်ကျောကို ဘယ်လို ဓားနဲ့ထိုးရမလဲ သူတို့သိတယ်။

မိန်းကလေးကမေးတယ်၊
"မိတ်ဆွေအတုတွေ အနားမှာမရှိအောင် ဘယ်လိုလုပ်ရမလဲရှင့်"

အဘွားအိုက ခဏလောက် ရပ်လိုက်ပြီး မေးတယ်၊
"ဥယျာဉ်ငယ်လေးနဲ့ တောအုပ်ကိုယှဉ်လိုက်ရင် မြွေနဲ့ ကင်းမြီးကောက်တွေ ဘယ်မှာပိုရှိမလဲ"

ကောင်မလေးက ပြန်ဖြေတယ်၊
"တောအုပ်ထဲမှာ ပိုရှိပါတယ်။"

အဘွားအိုက ပြုံးပြီး ပြောတယ်၊
"ဒါပေါ့၊ မင်းသူငယ်ချင်း အသိုင်းအဝိုင်းကို ဥယျာဉ်ငယ်လေးတစ်ခုလို သေးသေးလေးထားလိုက်တဲ့အခါ မြွေတွေနဲ့ ကင်းမြီးကောက်တွေ၊ ကြွက်တွေကိုတောင်မှ သိပ်စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ မင်း ပေါင်းသင်းတဲ့လူ နည်းလေလေ၊ မင်း ဖြေရှင်းရမယ့် ပြဿနာ နည်းလေလေပဲ။ အဘွား ငယ်ငယ်တုန်းက သူငယ်ချင်းတွေ အများကြီး ရှိခဲ့ပေမယ့် အသက်ကြီးလာ အတွေ့အကြုံ ရင့်ကျက် လာတာနဲ့အမျှ သူငယ်ချင်း အသိုင်းအဝိုင်း သေးသွားပါတယ်။ အပေါင်းအသင်း နဲ့ ပတ်သက်လာရင် အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးတယ်ဆိုတာ သိလာတယ်။ လူတိုင်းဟာ ကိုယ့်မိတ်ဆွေပဲလို့ မှတ်ထင်မထားလေနဲ့။ မင်းမှာ အသိအကျွမ်းများစွာရှိကောင်းရှိနိုင်သော်လည်း သူငယ်ချင်းအစစ်ဆိုတာ မင်း ချစ်မြတ်နိုးပြီး ယုံကြည်စိတ်ချရသော လူအနည်းငယ်မျှသာပါပဲ။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆွေ အတုအယောင်ထောင်ချောက်ထဲသို့ မကျရောက်စေရန် ကာကွယ်ဖို့ အကောင်းဆုံးနည်းကတော့ ကိုယ့်အသိုင်းအဝိုင်းရဲ့အရွယ်လေးကို ပိုသတိထားတတ်ဖို့ပါပဲ။

KEEP YOUR CIRCLE SMALL

A young girl asked an elderly woman:
"Do I really need friends in life?"

The elderly woman responded:
"Yes. Life is truly very rough. There should be someone by your side with whom you can talk for hours without feeling that they would judge you; on whose shoulders you can cry, one who will give you emotional support. When no one will be there for you, they should be there. One who should help you share the good times and overcome the difficult ones."

The young girl asked:
"Is it true that a fake friend is more dangerous than an enemy?"

The elderly woman responded:
"Yes. It's because you know who your enemy is and you're not going to let them get close to you. But a false friend is pretending while getting your trust. They find out your vulnerabilities, your secrets and your dreams. They know which button to press and how to stab you in the back."

The young girl asked:
"How do I avoid being surrounded by fake friends?"

The elderly woman paused for a short moment, then asked,
"Between a small garden and a forest, which one has more snakes and scorpions?"

The young girl responded:
"The forest, sure!"

The elderly woman smiled, and then said:
"Good! When you keep your circle of friends small like a small garden, the less snakes and scorpions you have to worry about, even rats. The fewer people you hang out with, the fewer problems you have to deal with. When I was young, I had a very big group of friends. But as I grew old and wise with experience, my circle of friends became smaller. I realised that quality outweighs quantity when it comes to friendship. Don’t fool yourself by holding onto the illusion that everyone is your friend. You may have numerous acquaintances, but real friends will always be just a few people you love and trust. The best way to prevent yourself from falling into the fake friend trap is by being more mindful about the size of your circle."

English text crd - Chima
Picture crd - Pixabay
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

အစစ အရာရာ ကျပ်တည်းနေတဲ့ခေတ်ကြီးမှာ အချစ် မေတ္တာအရေးကိုတော့ ချောင်လည်စေချင်မိပါတယ် ...ချောင်လည်စေချင်တယ်ဆိုတဲ့ စကားရပ်မှာ...
26/08/2024

အစစ အရာရာ ကျပ်တည်းနေတဲ့ခေတ်ကြီးမှာ အချစ် မေတ္တာအရေးကိုတော့ ချောင်လည်စေချင်မိပါတယ် ...

ချောင်လည်စေချင်တယ်ဆိုတဲ့ စကားရပ်မှာ အခုတွေ့ ၊ အခုကြိုက် ၊ အခုအိပ် ဆိုတဲ့ ကိစ္စရပ်များကို ဆိုလိုတာ မဟုတ်ပါ။

အချစ်ဆိုတဲ့အရာက တဏှာနဲ့ ဆင်တူယိုးမှား ရှိတတ်တာမို့ပါ...

နှာဘူးကောင်တွေကလည်း ချစ်တာပါ လို့ ယုတ်ယုတ်မာမာ ခုထုံးလုပ်တတ်တာမို့ အချစ်စစ်ကို ဘယ်လိုရှာရမလဲလို့ အတွေးများစရာပါ...

မြန်မာအမျိုးသားများကလည်း ကိုယ်အတည်တကျ လက်ထပ်ချင်စိတ်မရှိပါပဲ သူများသမီးပျိုကို မကျူးလွန်ဘူးဆိုတဲ့ အမျိုးကောင်းသားတို့ရဲ့စောင့်ထိန်းနိုင်စွမ်းလိုအပ်သလို

မြန်မာအမျိုးသမီးလေးများကလည်း စောင့်ထိန်းရမည့် အသိတရားတို့ကို ရင်ဝယ်စွဲမြဲထားနိုင်ရင်

အချစ်စစ်လို့ မတင်စားနိုင်ရင်တောင် ရိုးမြေကျအတည်တကျနေထိုင်ချင်စိတ်ရှိသောသူ၊ချစ်တတ်သူအချင်းချင်း ဆုံတွေ့နိုင်မယ်လို့ ယူဆမိပါတယ်...

သူနဲ့သာဆိုရင် ဘာတွေပဲကြုံလာ ကြုံလာ ရင်ဆိုင်ကျော်ဖြတ်နိုင်တာ အချစ်ရဲ့ အားအင်ပါပဲ ...

ကမ္ဘာကြီးနှစ်ခြမ်းကွဲရင်တောင် မင်းရှိတဲ့ဘက်ခြမ်းမှာပဲ ကိုယ်နေမယ် ဆိုတဲ့ အားအင်မျိုးပေါ့...

ဖူးစာဆိုတာ ဦးရာလူ မဟုတ်ပါဘူး ..တွေးစရာလူပါ 🥰

✍️ ရွှေပွင့်လွှာ ဘိသိက်မင်္ဂလာဝန်ဆောင်မှု

စုလျားရစ်ပတ်လက်ထပ်ခြင်း ဆိုတာ မြန်မာ့ယဥ်ကျေးမှုဆိုင်ရာ အခမ်းအနားလို့ ဆိုလျှင် မမှားပါဘူး ... ရှေးမြန်မာဘုရင်များလက်ထက်တည...
22/08/2024

စုလျားရစ်ပတ်လက်ထပ်ခြင်း ဆိုတာ မြန်မာ့ယဥ်ကျေးမှုဆိုင်ရာ အခမ်းအနားလို့ ဆိုလျှင် မမှားပါဘူး ... ရှေးမြန်မာဘုရင်များလက်ထက်တည်းက ကျင့်သုံးခဲ့ကြပါတယ် .. တခြားသူတို့ရဲ့ရိုးရာနဲ့ဆင်တူတယ် လို့ ပြောရင်လည်း ပြောကြပါလိမ့်မယ်..မွန်မြတ်သောအမူအကျင့်မို့ လိုက်နာကျင့်သုံးကြတာချင်း တူတာ ဖြစ်နိုင်ပါတယ်...

ကိုယ့်မြန်မာနိုင်ငံမှာ ရှေးခေတ်လက်ထက်ကတည်းက ဘိသိက်အခမ်းအနားတွေအကြောင်းကို လေ့လာထုတ်နုတ်ပြီး မှတ်တမ်းတင်ထားခဲ့တဲ့ စာအုပ်တွေက ယနေ့ထိ တွေ့နိုင်ပါသေးတယ်... ဒီလိုစာအုပ်တွေ ဘာကြောင့်ပြုစုခဲ့ကြလဲ ဆိုပီး တွေးရင် ဒီအလေ့အထ အမူအကျင့်တွေကို နောင်တစ်ခေတ်မှာ ပျောက်ပျက်သွားမှာ စိုးရိမ်လို့ ရှေးလူကြီးတွေက ခေတ်အစဥ်အဆက် ထိန်းသိမ်းစေချင်လို့ဖြစ်မယ်လို့ ယူဆမိပါတယ်...

ကျမတို့တွေရဲ့ခေတ် ယနေ့ခေတ်အခါမှာ တမြို့နဲ့တမြို့ရဲ့ ယဥ်ကျေးမှုမပြောနဲ့ တနိုင်ငံနှင့်တနိုင်ငံ ယဥ်ကျေးမှု ၊ နည်းပညာတွေ ၊ အသုံးအဆောင်ပစ္စည်းတွေ စိမ့်ဝင်စီးဆင်းလွယ်နေပါပီ ...

နည်းပညာတွေ ၊အသုံးအဆောင်တွေ စိမ့်ဝင်လာခြင်းက ပိုမိုခေတ်မီတိုးတက်လာခြင်းလို့ သတ်မှတ်နိုင်ပေမဲ့ သူများယဥ်ကျေးမှုတွေ စိမ့်ဝင်လာခြင်းက တနိုင်ငံနှင့်တနိုင်ငံ အပြုသဘောနှင့် အသိအမှတ်ပြုခြင်းသာဖြစ်သင့်ပါတယ်...

ရင်ထဲ အသဲထဲက နှစ်သက်လက်ခံခြင်းမျိုး မဖြစ်သင့်ပါဘူး ..ကိုယ့်ရဲ့အရေးကြီးသောအခမ်းအနားတိုင်းမှာ ကိုယ့်မြန်မာယဥ်ကျေးမှုကို ဂုဏ်ယူစွာ ကျင်းပစေချင်မိပါသည်။

ခေတ်ကာလအရ မြန်မာမှုအခမ်းအနားတွေက ကျင်းပရင် ငွေပိုကုန်တယ်လို့ ပြောရင် ..

ဟုတ်ပါတယ် .အနည်းငယ်တော့ပိုကုန်ပါတယ်.. တန်ဖိုးထားသင့်တဲ့အရာလို့တွေးရင် ဒီပမာဏလောက်က ထည့်တွေးစရာလိုမယ် မထင်ပါဘူး...

မပျောက်ကွယ်သင့်သောအရာတွေကို တန်ဖိုးထားထိန်းသိမ်းရင်း ခေတ်မီကြပါစို့ရှင် ....

✍️ ရွှေပွင့်လွှာဘိသိက်မင်္ဂလာဝန်ဆောင်မှု

မောင်လေးနဲ့ ညီမလေးရေ ဓာတ်ပုံအတွက် ဂုဏ်ယူစွာဖော်ပြခွင့်ပေးပါရှင့် ...

❤️ချစ်ခြင်းတစ်စုံရဲ့ 80 /20 ❤️၈၀% လောက် နားလည်မှုရှိရင် တယောက်နှင့် တယောက် ကောင်းမွန်သော relationship တခုတည်ဆောက်ဖို့ ဖြ...
21/08/2024

❤️ချစ်ခြင်းတစ်စုံရဲ့ 80 /20 ❤️

၈၀% လောက် နားလည်မှုရှိရင် တယောက်နှင့် တယောက် ကောင်းမွန်သော relationship တခုတည်ဆောက်ဖို့ ဖြစ်နိုင်ပါတယ်..

ကျန် ၂၀% ကတော့ ကိုယ်ပိုင်ခံစားမှု၊ ကိုယ်ရဲ့အတ္တ အပြင် လူမှုဝန်းကျင်ကသတ်မှတ်ချက်တချို့လည်း ပါနိုင်ပါတယ်...အဲဒီ ၂၀% ကို အကောင်းအတိုင်းလေး ရှိနေဖို့ လိုပါတယ်...

ဥပမာ .. ကိုယ့်လက်တွဲဖော်ကို ရိုက်နှက်တာ ၊ အိမ်ထောင်ရေးဖောက်ပြန်တာ စသဖြင့်ပေါ့.. ဒီလိုကိစ္စမျိုးတွေက ပတ်ဝန်းကျင်က လက်မခံကြသလို လက်တွဲဖော်က နားလည်ပေးတယ်ဆိုရင်​တောင်မှပဲ ကြည်ဖြူတဲ့စိတ်နဲ့တော့ မဟုတ်တာအသေအချာပါပဲ .. တခုလပ်မဖြစ်ချင်လို့ ၊ ကလေးမျက်နှာ ထောက်တာတို့ ဒါမျိုးပေါ့ ...

ဒီဆက်ဆံရေးမှာ အဖုအထစ်တခု ၊ နာကျင်မှုတခု တော့ရှိသွားပါပီ ..စင်းလုံးချောမဟုတ်တော့ပါဘူး...

အမျိုးသားကလည်း အမျိုးသမီးရဲ့ နားလည်ပေးနိုင်စွမ်း ၈၀% ဘောင်အတွင်းမှာပဲ ညှိနှိုင်းနေနိုင်ရမည်ဖြစ်သလို ...

အမျိုးသမီးကလည်း အမျိုးသားရဲ့ နားလည်ပေးနိုင်စွမ်း ၈၀% ထဲကနေပဲ ဆိုးနွဲ့ဖို့ လိုမယ်ထင်ပါတယ်...

လူတယောက်နဲ့တယောက် ခွင့်လွှတ်နိုင်တဲ့အချက် ၊ သဘောမကျနိုင်တဲ့အချက် တွေက သူဖြတ်သန်းလာတဲ့ ဘဝအခြေအနေအရ မတူညီနိုင်ပါဘူး...

ကိုယ့်လက်တွဲဖော်ရဲ့ Serious 20% ကို ရှာဖွေနိုင်ပြီး သာယာအောင်မြင်တဲ့ဘဝ ကို တည်ဆောက်နိုင်ကြပါစေ...

✍️ ရွှေပွင့်လွှာ ဘိသိက်မင်္ဂလာ ဝန်ဆောင်မှု

ဖြူစင်သောခမ်းနားမှုလေးတွေနဲ့ အချစ်ကမ္ဘာလေးကို တည်ဆောက်ကြပါစို့ ...ကြင်စဦးတို့ရဲ့ အချစ်ခရီးအစကို အဖြူရောင်ဘိသိက်အခမ်းအနား...
20/08/2024

ဖြူစင်သောခမ်းနားမှုလေးတွေနဲ့ အချစ်ကမ္ဘာလေးကို တည်ဆောက်ကြပါစို့ ...

ကြင်စဦးတို့ရဲ့ အချစ်ခရီးအစကို အဖြူရောင်ဘိသိက်အခမ်းအနားလေးနဲ့ဆိုပြီး စိတ်ကူးလေးရှိမယ်ဆို ရွှေပွင့်လွှာကို သတိရပါလို့ 🥰

ဝါမထွက်ခင်အချိန်အထိ Discount လေးလည်း ရှိတာမို့ မြန်မြန်သာလှမ်းခဲ့နော်...

ရွှေပွင့်လွှာ ဘိသိက်မင်္ဂလာဝန်ဆောင်မှု
Ph...09965099541, 09740819829
ရန်ကုန်မြို့။

ရှင်ပြု နားသ အလှူပွဲကြီး ပေးမည် ဆိုလျှင် ရွှေပွင့်လွှာ၏ မြန်မာမှု ဘိသိက်အခမ်းအနားအပြင်အဆင်တို့ကို မမေ့လိုက်နဲ့နော်...မြန...
14/08/2024

ရှင်ပြု နားသ အလှူပွဲကြီး ပေးမည် ဆိုလျှင် ရွှေပွင့်လွှာ၏ မြန်မာမှု ဘိသိက်အခမ်းအနားအပြင်အဆင်တို့ကို မမေ့လိုက်နဲ့နော်...

မြန်မာမှုများနှင့် ခမ်းနားကြပါစို့ 🥰

ရွှေပွင့်လွှာ ဘိသိက်မင်္ဂလာဝန်ဆောင်မှု
Ph...09965099541, 09740819829
ရန်ကုန်မြို့။

ချစ်သူတွေ ၊ မိတ်ဆွေသူငယ်ချင်းတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေ ဆိုတာ စိတ်တူကိုယ်တူသာဆိုရင် ဘယ်လို အခက်အခဲကိုမဆို ရင်ဆိုင်နိုင်ပါ...
06/08/2024

ချစ်သူတွေ ၊ မိတ်ဆွေသူငယ်ချင်းတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေ ဆိုတာ စိတ်တူကိုယ်တူသာဆိုရင် ဘယ်လို အခက်အခဲကိုမဆို ရင်ဆိုင်နိုင်ပါတယ် ...

စီးပွားရေး မှာ ဝန်ဆောင်မှုလုပ်ငန်းဆိုရင် ဦးနှောက်နဲ့တွက်ချက်လုပ်ကိုင်တာထက် နှလုံးသားနဲ့ခံစားပြီး ဝန်ဆောင်မှု ပေးပါမှ အဆင်ပြေမယ်လို့ ယုံကြည်မိပါတယ်...

မင်္ဂလာရှိရှိ ပြုမူနေထိုင်ဖို့ ဆိုရင်ရော လူသားတိုင်း မနှစ်သက်သူဆိုတာ မရှိနိုင်ဘူးထင်ပါတယ်နော် ...

ဒါကြောင့် သင့်ရဲ့ မင်္ဂလာရှိသောအခမ်းအနားတိုင်းမှာ နှလုံးသားနဲ့ခံစားပြီး ဝန်ဆောင်မှုပေးတဲ့ ရွှေပွင့်လွှာကို သတိရပေးပါရှင်...

🥰စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာ ကျင်းပမလား ..

❤ ကောင်းကျိုးအဖြာဖြာဖြင့် မင်္ဂလာကျက်သရေ နှင့် ပြည့်စုံလွန်းလှပါတယ်.

🥰နာမကရဏ ကင်ပွန်းတပ် ပုခက်တင်မင်္ဂလာ ကျင်းပလိုပါလား ...

❤အတိုင်းထက်အလွန်ကို ကောင်းလွန်းတာပေါ့...
သားသားမီးမီးတို့ရဲ့ အနာဂတ်မှာ မည်သည့်ကံဇာတာဖြင့် ရောက်ရှိလာသည်ဆိုတာ မမှန်းဆနိုင်သောကြောင့် အမိအဖတို့က ဦးဆောင်၍ အသေအချာကံဇာတာ ဖြိုးမောက်စေဖို့ ကံကိုဆက်ပေးကာ တောင်းဆုမင်္ဂလာပြုတဲ့ပွဲပါပဲ...

🥰 သာသနာ့ဒါယိကာ သာသနာ့ဒါယိကာမ အဖြစ်ခံယူကြရဖို့ မိမိရင်မှဖြစ်သောသားကိုဖြစ်စေ ၊ သူတပါးရင်မှဖြစ်သောသားကိုဖြစ်စေ သားကိုရှင်ပြု ၊ သမီးကိုနားသမင်္ဂလာ ပြုကြဖို့ အလှူမင်္ဂလာပွဲလေး ကျင်းပလိုပါလား...

❤ မြင့်မြတ်သောအလှူပွဲကြီးဆိုတာ ဒွိဟဖြစ်စရာလိုမယ်မထင်ပါဘူးရှင်...
သိကြား ၊ ဗြဟ္မာ ၊ နတ်ဒေဝါအပေါင်းမှ ဦးဆောင်၍ မြတ်စွာဘုရားရှင်အား နတ်လမ်းတစ်လျှောက် ဆီမီးထွန်းညှိပူဇော်ကာ ငွေခရုအောင်သံချီ၍ ကမ္ဗလာနီ ပဒုမ္မာကြာပွင့်ချပ်ခင်းထားသော ရွှေပလ္လင်နှင့် ရွှေညောင်စောင်းပါဝင်သော ရွှေပွင့်လွှာမှ ဘိသိက်အပြင်အဆင်တို့ဖြင့် ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲကြီးအား ကျင်းပနိုင်ပါပြီ...

❤ မည်သည့်ပွဲအတွက်မဆို ကိုယ့်ရဲ့ပွဲကဲ့သို့ခံစားနားလည်ပေးပြီး စေတနာတွေအပြည့်နှင့် ဝန်ဆောင်မှုပေးပါသော ရွှေပွင့်လွှာပါ ❤

ရွှေပွင့်လွှာ ဘိသိက်မင်္ဂလာဝန်ဆောင်မှု
Ph...09965099541, 09740819829
ရန်ကုန်မြို့။

Ph...09965099541, 09740819829
ရန်ကုန်မြို့။

Address

Sanchaung
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09965099541

Website

Alerts

Be the first to know and let us send you an email when Shwe Pwint Hlwar Mingalar Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Wedding planning in Yangon

Show All