25/02/2024
Tulipပန်းကို သဘောကျတဲ့သူလေးတွေ
"သိထားသင့်တယ်"နော်
🌷🌷🌷
ဒီနေ့ Topic လေးက TULIP ရဲ့ colour တွေက ဘယ်လိုသဘောဆောင်လဲဆိုတာပြောပြပေးသွားပါမယ်ရှင်
𝘞𝘩𝘪𝘵𝘦 𝘛𝘶𝘭𝘪𝘱
ခွင့်လွှတ်ခြင်း ၊ ကိုယ့်ရဲ့စစ်မှန်တဲ့သဘောထားနဲ့ ဖြူစင်ခြင်းကို ဖော်ပြလို့ရပါတယ်
𝘙𝘦𝘥 𝘛𝘶𝘭𝘪𝘱
-"မင်းကိုပဲ ထာဝရချစ်နေပါမယ်" လို့ ချစ်ကြောင်း ၊ သဘောကျကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ဝန်ခံချင်တဲ့အခါ Red Tulip လေးတွေက ကူညီပေးပါလိမ့်မယ်
𝘠𝘦𝘭𝘭𝘰𝘸 𝘛𝘶𝘭𝘪𝘱
-အဝါဆိုတာ ပျော်ရွှင်ခြင်းကိုယ်စားပြု အရောင်လေးပါ။ဒါ့အပြင် သူငယ်ချင်း(သို့)ချစ်သူ ၂ ယောက်ကြား ပြန်ပြေလည်ချင်တဲ့အခါတွေမှာ Yellow Tulip လေး ပေးနိုင်ပါတယ်နော်
𝘗𝘪𝘯𝘬 𝘛𝘶𝘭𝘪𝘱
-ပန်းရောင်ဆိုတာနဲ့ မိန်းကလေးတွေနဲ့ပိုလိုက်ဖက်တယ်ဆိုတာ ပြေးမြင်မိကြမှာပါကိုယ့်ကောင်မလေးက ကိုယ့်အတွက်
" Perfect lover "ဖြစ်ကြောင်း ကြူးချင်ရင်တော့ Pink Tulip လေးက အသင့်တော်ဆုံးပါပဲ
𝘖𝘳𝘢𝘯𝘨𝘦 𝘛𝘶𝘭𝘪𝘱
-"မင်းလေးက ငါ့ဖို့အလွန်စွဲမက်စရာကောင်းတာပဲ" လို့ ကိုယ့်ရဲ့ crush ၊ချစ်သူရည်းစာကို Orange Tulip လေးတိတ်တခိုးလက်ဆောင်ပေးပြီး attention ယူလိုက်ပါနော်
𝘗𝘶𝘳𝘱𝘭𝘦 𝘛𝘶𝘭𝘪𝘱
-purple လေးကတော့ ထာဝရအဆုံးမသတ်နိုင်တဲ့ချစ်ခြင်းနဲ့ချစ်မိကြောင်းကို ဖော်ပြချင်သူတွေဖို့ ပေးသင့်တဲ့ Tulipအရောင်လေးပါ
အားလုံးပဲ Tulip ရဲ့ colour အကြောင်းဖတ်ရင်း "ကျူးပြီးပလစ်ခံရတာကနေ ရှောင်ကွင်းနိုင်ကြပါစေ" နော်🤭🌷