02/05/2023
"ကဆုန်ညောင်ရေသွန်းပွဲတော် ရုံးပိတ်ရက် အသိပေးခြင်း"
(၂၀၂၃) ပြည့်နှစ်၊ မေလ (၃) ရက်နေ့ ဗုဒ္ဓဟူးနေ့သည် "ကဆုန်လပြည့် - ဗုဒ္ဓနေ့ (ညောင်ရေသွန်းပွဲတော်)နေ့" အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် Silver King Travel & Tour ရုံးပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။
ညောင်ရေသွန်းပွဲသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘာသာရေး ဓလေ့ပွဲတော်တစ်ခု ဖြစ်သည်။ ညောင်ရေသွန်းပွဲကို ဂိမှာနဟု ဆိုအပ်သော နွေဥတု၏ နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြသည်။ ထိုနေ့တွင်မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ကဆုန်လပြည့် ဗုဒ္ဓနေ့မှအစပြု၍ မြန်မာပြည်သူအပေါင်း ကုသိုလ်ဒါနများ ဆတိုးပြုနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။🙏🙏🙏
King Travel & Tour