08/02/2024
သူခိုးဓါးပြထက်ကိုဆိုးလွန်းလို့ ဘာနဲ့နိူင်းပြောရမလဲ မသိအောင်ပါပဲ
ကျတော်က စိမ့်စိမ့်မွှေးဆိုတဲ့ နာမည်နဲ့ လက်ဖက်ခြောက် / ဝိုင် ဖြန့်ချိရေးလုပ်ငန်းကို လက်ရှိလုပ်ကိုင်နေပါတယ် Online မှာလည်း ဖုန်းနံပါတ်တွေနဲ့ ကြော်ငြာတင်ပါတယ်
ဖြစ်ပုံက ဒီလိုပါ
နို၀င်ဘာ လ ကုန်ပိုင်းလောက် ဖုန်း ၀င်လာပါတယ်
(-----) Delivery service က သူ့နာမည် ဗညားကျော်ပါ လို့မိတ်ဆက်ပြီး
သူတို့ Deli က ဘယ်လို ၀န်ဆောင်မူ ပေးကြောင်း စျေးနူန်းသက်သာကြောင်း နဲ့ အလုပ်ချိတ်ဆက်လုပ်ဖို့ မိတ်ဆက်ပါတယ်
ကျတော်လည်း စမ်းပြီးလုပ်ချင်ကြောင်း ဘယ်လို လုပ်ရမလဲမေးတော့ သူကကျတော့်လုပ်ငန်းအကြောင်းအသေးစိပ်မေးလာပါတယ်
ပြီးတော့ စာချုပ်လုပ်ရမယ် လျှောက်လွှာတင်ရမယ်ပေါ့ နယ်ကမလို့ Online ကနေ App နဲ့ တင်လို့ရကြောင်းပြောပြီး Link တခု ပို့ပေးပါတယ်
အဲ့ဒါကို Down ပြီး ဖုန်းနံပါတ်နဲ့ ၀င် လိုအပ်တာဖြည့်ပြီး သူ့ကို ပြန်ဆက်သွယ်ပါပေါ့
ကျတော်လည်း ချက်ချင်းပဲ သူပြောသလို လုပ်လိုက်ပါတယ်
App ကိုDown ပြီးပြီးချင်း open လုပ်တဲ့အခါ ခုတင်ထားတဲ့ ပုံထဲကအတိုင်း ပါဆယ်ပို့နေတဲ့ ကာတွန့် ရုပ်လေး ပေါ်လာပါတယ် ထပ်နှိပ်တဲ့အခါ permission တောင်းတဲ့ Allowed/Accept တွေ ဆက်နှိပ်ပြီး ၀င်ရပါတယ်
ပြီးတော့ သူ့ကို ကျတော် ဖုန်းဆက်ပါတယ် သူက လိုအပ်တာ အကုန် ပြည့်စုံကြောင်းနဲ့ သူတို့ဖက်မှ စာရင်းတင်ထားပြီလို့ပြောပြီး နောက်ရက် ဆက်သွယ်ပါ့မယ်ပြောပါတယ် ကျတော့်ဖုန်းကိုလည်း Viber သုံးလား မေးပါတယ်
အဲ့ညမှာ ပဲ Viber ကနေ V call ခေါ်လာပါတယ်
မနက်ဖြန်ကို အကို့ဖုန်းကို Code ပို့ပြီး အတည်ပြုပါလိမ့်မယ် လို့ပြောပါတယ် သူပြောတဲ့အတိုင်းပဲ နောက်ရက်မှာ ကျတော့်ဖုန်းကို Sms ၀င်လာပါတယ် ချက်ချင်းပဲ သူက ဖုန်းဆက်ပြီး Code တောင်းပါတယ် ပြီးတော့ ရပြီပေါ့ အလုပ်ချိတ်ဆက်လုပ်ဖို့ ok ပါပြီ တဲ့ ဒါနဲ့ အကို့ဖုန်းနံပါတ်က K pay/ Wave pay မပေါ်ဘူး ပြောပါတယ် ပစ္စည်းပို့ပြီး ငွေလွဲတဲ့အခါ
သုံးမယ့်နံပါတ် Register လုပ်ဖို့လိုကြောင်း ပြောပြီး K pay /wave pay နံပါတ် တောင်းပါတယ်
ကိုယ်အသုံးပြုတဲ့ K pay /wave ကိုလည်း Wallet မှာ စာရင်းတင်တဲ့အခါ အတည်ပြုကုဒ် ပို့ပါမယ် အဲ့ကုဒ် ပြန်ပြောပါ ပြောတော့ ကျတော် တချက်စဥ်းစားပါသေးတယ်
တကယ် Code ပို့လာတဲ့အခါ k pay / wave က ပို့တာမျိုးမဟုတ်ဘဲ တခြားLink က ပို့တာ ဖြစ်တဲ့အတွက် ကျတော်လည်း စိတ်ချစွာနဲ့ပဲ သူတို့ပို့တဲ့ code ကို ပြန်ပြောလိုက်ပါတယ်
ဒီလိုနဲ့ နောက်တရက် နေ့ခင်းပိုင်းလောက်မှာ ကျတော့ wave / k pay ထဲကို ငွေလွဲတွေ ၀င်လာပါတယ် 35500 ks amount ဆတူ ၆ ခု ဆက်တိုက်၀င်လာပါတယ် ခနအကြာမှာ
ဖုန်းဆက်လာပါတယ်
ငွေလွဲမှားမိကြောင်း ပြန်လွဲပေးပါ သူက ဝန်ထမ်းအသစ်မို့ပါ တရစပ် မနားပဲ ဖုန်းပြောပါတယ်
ကျတော့်အနေနဲ့ကလည်း အဲ့လောက်အထွေအထူး စဥ်းစားမနေပါဘူး သူများမှားလွဲတဲ့ငွေကိုလည်း မလိုချင်ကြောင်းပြောပြီး ပြန်လွဲပေးလိုက်ပါတယ်
နောက်ရက်မှာလည်း အဲ့လို တခါ ထပ်ဖြစ်ပါသေးတယ်
အဲ့လိုနဲ့ ၅ရက် ၆ရက် အကြာမှာ မနက် ၈ နာရီ ကစလို့ ညနေအထိ ဖုန်းစိမ်းတွေ တရစပ်၀င်လာပြီး ကိုဗညားကျော်လား /ကမ္ဘာကျော်လား မေးပြီးOnline ချေးငွေကပါ
အကြွေးဆပ်ပါ ချေးငွေဆပ်ပါ ဖုန်းတွေ တောက်လျှောက်၀င်ပါတယ်
ကျတော်လည်း သူတို့မေးတဲ့ နာမည်မဟုတ်ကြောင်း မယူထားကြောင်း မသိကြောင်းပြောတော့ ဆဲပါတယ် မကြားဝံ့မနာသာ စကားတွေနဲ့ ဆက်တိုက် ဖုန်းခေါ်ဆဲပါတယ် ယောက်ျားသံ မိန်းမသံအစုံပါပဲ ခင်များအကောင့်ကို ငွေလွဲထားတယ် ဘယ်ရက်က ဘာညာ ပြောတော့ ကျတော်လည်း ဟုတ်ပါတယ် အဲ့ရက်ကငွေလွဲတွေ ၀င်လာတယ် ဒါပေမယ့် ငွေလွဲမှားတယ် ဖုန်းဆက်လို့ ချက်ချင်းပြန်လွဲပေးကြောင်း ရှင်းပြပါတယ် ဒါကို လုံး၀ လက်မခံဘဲ ကျတော့်နာမည် တပ်တပ်ပြီး ဆဲပါတယ်
ဖုန်းတွေကို မနားတမ်းဆက်တိုက်ခေါ်ခေါ်လာတာ နံပါတ်အမျိုးမျိုးနဲ့ပါ
ကျတော်ရှင်းပြတာကို နားမထောင်ဘဲ သူတို့ပြောချင်ရာပြောပြီး အဖေတွေ အမေတွေကိုင်တုပ်ဆဲတော့
ကျတော်လည်း ဖုန်းတွေကို မကိုင်တော့ပါဘူး
ဆက်တိုက်ဆိုသလိုဆက်ပါတယ် ကိုယ်တိုင်က စျေးသည်မလို့ Customer တွေဖုန်းဖြစ်မှာစိုးလို့ ကိုင်လိုက်တိုင်း အဆဲခံရပါတယ်
၂ရက်၃ရက် မြောက်တဲ့နေ့မှာ
ကျတော့် အသိတွေ ဖုန်းဆက်လာပါတယ် ကျတော့်ကို ငြူစူ အပြစ်တင်ကြပါတယ် နင် online မှာ ငွေချေးတာ ငါတို့ ဖုန်းနံပါတ် ဘာလို့ပေးတာလဲ ဆိုပြီး ကျတော်လည်း ကြောင်ပြီး ဆွံ့အ သွားပါတယ်
ဆက်တိုက်ဆိုသလို ကျတော့်မိတ်ဆွေတွေ တယောက်ပြီးတယောက်ဆက်လာပြီး အဲ့လိုပဲ ပြောပါတယ် ကျတော်ပြန်စဥ်းစားကြည့်တယ်
သူတို့ဖုန်းဆက်တဲ့အခါ နင်အကြွေးမပေးရင် contact ဆက်မယ် ဆဲမယ် ပြောတာ သတိထားမိပါတယ်
နောက်ဆုံး သိလိုက်ရတာ
ကျတော့်ကို ပေးတဲ့ link ကို down မိလိုက်ရာက ကျတော့်ဖုန်းကို hark သွားပါပဲ
ဖုန်းထဲက call log/sms/photo/videoကအစ app တွေ google acc တွေပါမကျန် hark သွားတာပါ
ကျတော့်ကို ပထမဆုံး ဖုန်းဆက်လာတဲ့ သူကို ဆက်တော့ အစက ကိုင်ပါတယ် အူ လည်လည်ဖြေပြီး နောက် ဆက်လို့မရတော့ပါဘူး
Deli ရုံးကို ဖုန်းဆက်စုံစမ်းတော့လည်း အဲ့နာမည်နဲ့ ၀န်ထမ်း မရှိကြောင်း သိရပါတယ်
အဲ့လိုနဲ့ပဲ နေ့စဥ်ရက်ဆက် ကျတော့ဆီ ဖုန်းဆက်ဆဲ ကျတော့်ဖုန်း contact ထဲကလူတွေလိုက်ဆက်ဆဲနေတော့
ကျတော်လည်း အရှက်ရ သိက္ခာကျပါတယ်
ကျတော်လည်း အဲ့ငွေ ပေးမယ် အခုလုပ်ရပ်တွေရပ်ပါ ပြီးတော့ acc တွေ ဖျက်ပေးပါ clear လုပ်ပေးပါ သဘောတူပြီး ငွေ ၂၄၀၀၀၀ ကျော်လွဲပေးလိုက်ရပါတယ် ကျတော်လည်းဖုန်းကို reset ချ
နားအေးသွားတော့ ကျတော် သက်ပြင်းချလို့ရသွားပါတယ်
၂ ရက်ပဲ ကြာလိုက်ပါတယ်
Viber ကနေ V call ခေါ်တုန်းက ပုံSsရယ်
ကျတော့် ဖုန်းထဲကပုံတွေ မှတ်ပုံတင်တွေ လာပြပြီး ၁၀ သိန်းကျော် ဆပ်ပေးရမယ် မပေးရင် ပုံတွေကို လိုင်းပေါ်တင်မယ် ခြိမ်းခြောက် ငွေတောင်းပါတယ်
ကျတော်လည်း ထပ်မပေးနိုင်တော့ ဒီနေ့အထိ ကျတော့်ဖုန်း contact ထဲကသူတွေကို နေ့တိုင်း ဖုန်းဆက်ဆဲ လိုက်နှောင့်ယှက်နေပါတယ်
ဒါတင်မကပါဘူး
Fb မှာ ကျတော့် နာမည် ဖုန်းနံပါတ် မှတ်ပုံတင်အမှတ် ပါတင်ပြီး
ဒီကောင် ဒလန်ပါ
pdf ပါဆိုပြီး group ပေါင်းစုံမှာလိုက်တင်ပါသေးတယ်
ကျတော်လိုက်စုံစမ်းကြည့်တော့ online မှာ ကျတော့်လို အဖြစ်မျိုး လူများစွာ ခံနေရပါတယ် သူတို့က အုပ်စုဖွဲ့ပြီး မလိမ့်တပတ် လုပ်စားနေကြတာပါ တရားမ၀င် online ချေးငွေ လုပ်ပြီး ချေးတဲ့သူအနေနဲ့က ငွေလွဲမှားတဲ့ပုံစံနဲ့ ပြန်တောင်းယူပြီး ချေးပေးတဲ့အဖွဲ့က ငွေလက်ခံ အကောင့်K pay / wave ပိုင်ရှင်တွေကို နာမည်တပ်ပြီးလိုက်ဆဲ အရှက်ခွဲပါတယ် သူတို့က တဖွဲ့တည်းသား တွေပါ
သူတို့အဖွဲ့ က အများကြီးးမှ တကယ့်ကို အများကြီး ရှိပါတယ် တိုက်ခန်းတခန်းမှာ လူစုပြီး Computer တွေနဲ့ ဖုန်းတွေ လိုက် hark ပြီး လုပ်စားနေတယ်လို့သိရပါတယ် အများကြီးထဲကမှ
ကျတော် စုံစမ်းသိရတဲ့ လိပ်စာကတော့
** ရန်ကုန်သံလျင် star city အိမ်ယာ တိုက်အမှတ် b5 , 8လွှာ ** ပါ
ဆူးလေ ၃၉ လမ်း တိုက်ပြာ မှာလည်း တဖွဲ့ရှိတယ်လို့သိရပါတယ်
သန်လျင်က လိပ်စာ အတိအကျပါ
ကျတော့်လို အများဒုက္ခမရောက်အောင် လူတွေသိအောင် ကူညီ share ပေးကြပါလို့ မေတ္တာ ရပ်ခံပါတယ်
ဖုန်းနံပါတ်တွေကတော့...
09400728973
09751648730
09880917770
09765495979
09753448859
09890858406
09665698595
09890101724
09671137094
09776849076
09880917774
09776849076
09793185124
09458932135
09667547702
09797331910
09421427819
09780110581
09403683539
09664108029
09880917773
09880915380
09421430436
09765495873
09765495965
09783469861
09789128778
09979303471
09671591110
09403908717
09698518820
09661542482
09251337690
09421470808
09765495871
09880917770
09880915382
09690335222
09755933166
09420677094
09698506181
09441544437
09665301891
09403908717
09683251480
09880915380
09880915379
09975191138
09698556014
09888317892
09698556014
09441543880
09895714273
09441544437
09796078611
09420677094
09440895049
09441543729
09753448859
09755190358
09955917420
09797037250
09665061785
09403684741
09441800057
09441544090
ဒီလောက်ထိအောင် များတဲ့ ဖုန်းနံပါတ်တွေပါ
ဆရာတော်တပါး တင်ထားတဲ့ link ကိုလည်း ၀င်ကြည့်ပေးပါ👇👇👇
https://m.facebook.com/story.php?story_fbid=1673892183088033&id=100014018011541&mibextid=Nif5oz