Pyae Minn - Myat Minn

Pyae Minn - Myat Minn ချစ်သောအနုပညာ....
မြန်မာ့ ရုပ်ရှင် နှင့် ဂီတ၊ စာပေ ကိုနှစ်သက်သော
ကျွန်တော်။။။။���

The Teacher -2 ရဲ့ Rainbow - Event 🏳️‍🌈 လေးDirector Nyo Min Lwin  ဆိုတာ အသစ်အဆန်း တွေ နဲ့ ထူးခြား ပြီး စွန့်ဦးတီထွင်တတ် ...
06/02/2025

The Teacher -2 ရဲ့ Rainbow - Event 🏳️‍🌈 လေး

Director Nyo Min Lwin ဆိုတာ အသစ်အဆန်း တွေ နဲ့
ထူးခြား ပြီး စွန့်ဦးတီထွင်တတ် သူ ဆို တဲ့ အတိုင်း ....

ကျွန်တော် တို့ လို LGBTQIA+🏳️‍🌈 တွေ အတွက် ထူးထူး ခြား ခြား လေး စီစဉ် ပေး ခဲ့တယ်။

ခွဲခြားဆက်ဆံမူ့ အလျှင်းမရှိဘဲ နွေး‌နွေးထွေးထွေး ဆက်ဆံ ပေး ခဲ့တယ်။

မြန်မာနိုင်ငံ ရဲ့ ပထဆုံး ကျွန်တော် ကြည့် ဘူး တဲ့ မေထုန်ရာသီဖွား မှာ ကတည်း က တစ်နိုင်ငံ လုံး ဝိုက်း ဘလိန်း ခံ ပြီး ဖြစ်အောင် ရုံတင် ခဲ့တာ ကို ကြည့်ခြင်း အား ဖြင့် LGBTQIA+🏳️‍🌈 ကို ဘယ်လို Support လည်း ဆိုတာ မေး စရာ မလိုအောင် လေးစား ပြီးသားပါ။

Night School Production နဲ့ Director Nyo Min Lwin
နောက်ထပ် ရုံတင်မည့် ရုပ်ရှင်တိုင်း မှာ LGBTQIA+🏳️‍🌈
တွေ ထဲက အခက်အခဲ ဖြစ်နေသူတွေ ကို ကူညီပေးနိုင် ဖို့ အတွက် Foundation ပါ အကောင် အထည် ဖော် ပါမယ် ဆိုတဲ့ ရည် ရွယ် ချက် ကို ‌အတော်လေး လေးစားမိပါတယ်။

မျက်လှည့်စရာ နှင့်တူ သော ဒါရိုက်တာ ဆိုတဲ့ အတိုင်း
ရုပ် ရှင်တွေ မှာ ပဟေဠိ ဖွတ်ရင်း ကြည့်ရူ့ တဲ့ သူတွေ ကို စိတ် လူပ်ရှားအောင် လုပ်တတ်တာ က ဒါရိုက်တာ ညိုမင်းလွင် ရဲ့ ဘယ်သူနဲ့ မှမတူ တဲ့ ပင်တိုင် ကာရိုက်တာတစ်ခုပါ။

ကျွန်တော် တို့ကလည်း စပ်စု တတ်သူ 😂ပီပီ ရုပ်ရှင် တစ်ကား ကို စကြည့် ပြီဆိုတာ နဲ့ မဆုံးသေးခင် နီးစပ်ရာ စဉ်းစား ပြီး အဖြေ ရှာ လေ့ ရှိပါတယ် ....
ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ဇာတ်ကား တိုင်း လိုလို စဉ်း စားလိုက်ရင် လွဲနေတတ်ပါတယ်။

The Teacher -2 ကြည့် ရင် ဇာတ် သိမ်း ကို ကိုယ်တိုင် အရင် မှန်း ကြည့်ပါ 😀ဇာတ် သိမ်း ကို မှန်း လို့ မရ နိုင်ဘူး လို့ ကျွန်တော် အာမခံပါတယ်။

နောက်တစ်ချက် ကြိုက်တာ က ရုပ်ရှင်တိုင်း မှာ သုံးတတ်တဲ့ Dialogue တွေ ပါပဲ ....အများအမြင်မှာ စကား‌လုံး တွေ ကမြင့်နေတယ် လို့ ထင်ကောင်း ထင်နေပေမယ့် ...
‌ဘဝ နဲ့ ထပ်တူ ကျတဲ့ Dialogue တွေပါပဲ။

ရုပ်ရှင်ကြည့်ရင်း မှတ်မိမယ့် Dialogue တစ်ကြောင်း လောက် ကို Note မှာ မှတ်ထား ကြည့်လိုက်ပါ ။
တစ်ချိန်ချိန် မှာ အသုံး ဝင်နေတတ်ပါတယ်။
ကျွန်တော်ဆို ဒသန တွေ ကြိုက်တဲ့ ...မှတ်တတ်တဲ့ သူမို့လား မသိ ပါဘူး .... စကားလုံးတိုင်းက ထိနေတော့တာပဲ 😀❤️🎥

Actors တွေ ရဲ့ ကာရိုက်တာ စီးမျောမူ့နဲ့ အသက်ဝင်မူ့ကတော့ Review မှာ စပွိုင်း မိမှာ စိုး လို့ ဖော့ရေး ထား တယ် ဆို တာ ပိတ်ကား ပေါ်မှာကြည့်ရင် သေချာပေါက် သိပါလိမ့်မယ်။

မနက်ဖြန် ရုံတင် ပြီမို့ .... သရုပ်ဆောင် အသစ်လေး တွေ ရဲ့ ကြိုးစားမူ့ ကို သိချင် ရင် ပဲ ဖြစ်ဖြစ် ...ဝေဖန် အကြံပြုလို ၍ပဲ ဖြစ်ဖြစ် သေချာ ပေါက် ကြည့် ကြဖို့ မေတ္တာ ဖြင့် တိုက် တွန်း လျက် ......

နောက်တစ်ကြိမ် ကြည့်ခွင့်ပေးလို့ ကျေးဇူးပါ ဗျာ ။။။

ချစ်ခြင်း များစွာဖြင့်
Pyae Minn

သရဲကား ရုပ်ရှင်ဇာတ်ကား ကြီး ဝါရင့် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ကိုနေတိုး ၊ ကိုကျော်ကျော် ဗိုလ် တို့ ခေါင်း ဆောင် အဖြစ် ပါဝင်...
05/02/2025

သရဲကား ရုပ်ရှင်ဇာတ်ကား ကြီး

ဝါရင့် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ကိုနေတိုး ၊ ကိုကျော်ကျော် ဗိုလ် တို့ ခေါင်း ဆောင် အဖြစ် ပါဝင်ထား တဲ့ ရုပ်ရှင်....

ကို ဒီ ရဲ့ ဇာတ်လမ်း ၊ဇာတ်အိမ်တည်ထားလေးဆန်းတယ်
ရုပ်ရှင် ထဲ မှာ သရဲ အစစ် နဲ့ သရဲကား ပြန်ရိုက် တာ လေး ကို ဖန်တီး ထားတာ ။

Opening Scene လေး မှာ ကိုမိုးမိုး ရဲ့ သရဲ ရှာ တဲ့ Scene နဲ့ ဖွင့် ထား တာ လေး လှတယ် ...
ကြောက် လိုက်ရယ် လိုက်ပေါ့ .... 😂🎥

ကိုနေတိုး

ဘာလို့ သရဲ ဖြစ်သွားလဲ ၊ဘယ်အစွဲ တွေ ကြောင့် မကျွတ် ဘဲ ဖြစ်နေရတာ လဲ ဆိုတာ ကိုတော့ ပိတ်ကား ပေါ် မှာ ရူ့ စား မှသာ အဆင်ပြေပါလိမ့်မယ်

ဝါရင့် သရုပ်ဆောင် ဖြစ်တဲ့ အတွက် ဒီ လောက် Acting မျိုးကို တော့ ကိုနေတိုး အတွက် တကယ် အေးဆေး လုပ်နိုင်ပါတယ် ။

Sad & Happy နဲ့ Ending Scene လေး ကတော့ တကယ်မိုက်ပါတယ်။
တစ်ကား လုံး ဖြူဖြူ ကြီး ကြည့်ရတာ ကလွဲ ပြီး
ထူးထူးခြားခြား ခြောက်တဲ့ Scene တွေ ဆို လည်း
ကြောက် ဖို့ကောင်းနေရော ။

ကိုကျော်ကျော်ဗိုလ်

ဒါရိုက်ရင် ... အစစ်တွေ ပေး ပြီး အကယ်ဒမီယူ မယ့် ဒါရိုက်တာ ရင် 😂

ဟာသပိုင် ပြီးသား ဖြစ်တဲ့ အတွက် ကိုနေတိုး နဲ့ နှင်းဆီ အဖွဲ့ မှာ ကတည်းက အတွဲ ညီပြီးသာ မို့ အတိုင် အဖောက်ညီညီ နဲ့ ရယ်ရပါတယ်။

ဒါရိုက်တာ ရင် နဲ့ ထုပ်လုပ်သူကျော့ သရဲ အစစ် နဲ့ ဘယ်လို သဘော တူ ညီချက်တွေယူ ပြီး
လိုးဘက်ဂျက် နဲ့ ရုပ်ရှင်ကား ကြီး ဘယ်လို ထွက် လာ မလဲ ဆိုတာ ကို ပိတ်ကားပေါ်မှာ ကိုယ်တိုင်ခွီ ပြီး ရူ့ စား ရင် အကောင်းဆုံးပါ။

‌လီလီ ကျော်ခိုင်

ရုပ်ရှင်ထဲက ချစ်စရာ ကောင်း တဲ့ မင်းသမီးလေး ...
အသားအရည် ၊ အရပ် ၊ Style ကအစ ချစ်စရာ ကောင်း နေရော။

ကိုနေတိုး နဲ့ အပြိုင် Scene တွေ မှာဆို ဝါရင့် တွေနဲ့ အပြိုင် မကျန် ခဲ့ အောင် သရုပ်ဆောင် နိုင်ပါတယ်။

မင်းသမီး ဖြစ်ချင် တဲ့ အေမီကို တစ်ယောက် အနုပညာ ခရီး လမ်း မှာ ကြုံရတတ်တဲ့ အတား အဆီး တွေ ၊စိန်ခေါ် မူ့ တွေ အချို့ ကို ပါ ပါးပါး လေး ပြသွားပါတယ်။

ထည့်ရေးနေရင် စပွိုင်း လုပ်သလို ဖြစ်မှာ စိုးလို့ မင်းသမီးအေမီကို ကိုလဲ ပိတ်ကားပေါ်မှာ ရူ့စားပါလို့ ။

ဝေလာရီ

ကိုကြံ့ နဲ့ အပြိုင်နော် ....ကိုတောင် အံ့အားသင့်မိတယ်။ လှလှပပလေး နဲ့ Smart ကျ နေတဲ့ ဝေလာ ရီ
ဆိုတာ ပျောက်သွားတယ်။

အိမ်ထောင် ရှင်မ ၊ အလယ်လတ်တန်းစား ၊ ယောကျာ်း ဖြစ်သူ ရဲ့ ပါရမီ ကို ဖြည့် ဆည်း ပေး တဲ့
အိမ်ထောင်ရှင်မလေး ကို ဖြစ်လို့ ။

ရုပ်ရှင်၊ Series ဝေလာရီ ခေတ် လို့တောင် ပြောရမလားဘဲ ... လုပ်လည်း လုပ်နိုင်တယ် ...တာဝန်လည ကျေတယ် ။

ကိုယ့်ညီမလေး ၂၀၂၅မှာ ခေါင်းဆောင်မင်းသမီး အနေနဲ့ အကယ် ဒမီ ရတဲ့ အထိ ကြိုးစား ခွင့်တွေ အများ ကြီး ရရှိပါ‌စေ။

ခြူးစစ်ဟန် ၊မိုးပွင့်ဖြူ

အတွဲ ညီညီ နဲ့ ရန်ဖြသ်ဖော် ရန်ဖြစ် ဘက် မင်းသမီး နှစ်ယောက် အဖြစ် ပီ ပြင်ပါတယ်။

ကျရာ ကာရိုက်တာ ကို အကောင်း ဆုံးလုပ်နိုင်ပြီး
တာဝန်ကျေကြပါတယ်။

တစ်ယောက်စီဝင်ပူး တဲ့Sceneဆိုရယ်နေရတယ်😂

ဦးခင်လိူင် ရဲ့ အကယ်ဒမီရှော့ တွေက တော့ အခွီရဆုံးပါပဲ။

ဟာသပိုင်သူ ဖြစ်တဲ့ အတွက် ဘယ်လိုရယ်စရာ အကွက် တွေ ထုပ်ထား လဲ ။

မင်းသားခင်လိူင် အကယ်ဒမီရော ရမှာလား ဆိုတာ တော့ ပီတ်ကား ပေါ် မှာ ရူ့စားကြပါ။

ကိုဂျိုကာ ၊ ကိုကေညီ တို့နဲ့ အတူ ပါဝင် သမျှ သရုပ်ဆောင် အားလုံးက လည်း တာဝန်ကျေကျေ နဲ့ အားဖြည့် ထားကြပါတယ်။

Location ကတော့ မြနှင်း ဆီခြံ ကို သုံး ထား တဲ့ အတွက် သဘင်သည်မြနှင်းဆီ ကိုတောင် သတိရမိတယ်။ ။

Editing, Sound System, Makeup, Special Effects တွေ လည်း သူနေရာ နဲ့ သူကောင်း ကြပါတယ်။

Congratulations 👏 🎉 သရဲကား Teams

ချစ်ခြင်း များ စွာဖြင့်
Pyae Minn

🎥The Teacher -2  #နည်းနည်းရှည်ပါရစေ။Congratulations 👏🎉 Director Nyo Min Lwin 🎥များပြားလှတဲ့ သရုပ်ဆောင် တွေ ကို ဇာတ် ကောင...
03/02/2025

🎥The Teacher -2 #နည်းနည်းရှည်ပါရစေ။

Congratulations 👏🎉 Director Nyo Min Lwin 🎥

များပြားလှတဲ့ သရုပ်ဆောင် တွေ ကို ဇာတ် ကောင် မျှ အောင် ပေး ပြီး လုပ်ကွက်လေး တွေရအောင် ဖန်တီး နိုင်တဲ့ အတွက်ရယ် ...

အမြဲရင်ခုန်အောင် မျက်လှည့်ဆန်တဲ့ ပြကွက်တွေ အတွက်ရယ် ....

နောက်ဆုံး Message တစ်ခု ကို ထိထိ မိမိ ရအောင် ထည့်ပေး နိုင်တဲ့ အတွက်ရယ် ...

Congratulations 👏🎉🎥ပါ လို့ ....
ပထမဆုံး ပြောပါရစေ။

ဆရာမဒေါ်မြယာ

The Teacher 1မှာထက် ပညာသာပါပါ သရုပ်ဆောင် ချက်တွေ တွေ့ရတယ်။

ဆရာမ တစ်ယောက် ရဲ့ တပည့်တွေ အပေါ် ထား ရှိအပ် တဲ့ တာဝန်တွေ ကျောင်းအပေါ် ကောင်း စေချင်တဲ့ အတွက် အမိုက်ခံ ပြီး ရင်ဆိုင်ရတာ တွေ ....

လက်တွေ့ ဘဝ နဲ့ ယှဉ် ကြည့်တဲ့ အခါ ဆရာတစ်ယောက် ရဲ့ တပည့် တွေ အပေါ် ခွင့်လွတ် တတ်မူ့တွေ ....

အရေး ကြီးတဲ့ ဆုံးဖြတ် ချက်တွေ ချတဲ့ အခါ အလှည့် မကျော် ဘဲ Respect ရှိရှိ ကျောင်းအုပ် ကြီး ကို ပြန် လွဲ ပေး တာ တွေ ....ကလေးတွေကို တစ်ခြားသူတွေ ဆုံးမတာ ထက် ကိုယ့်ကို ကိုယ် အပစ်တင် တတ် တဲ့ ဂရုဏာ ဒေါသလေး တွေ ကအစ အပြင် က အချို့သော ဆရာမစစ်စသ် တွေ နဲ့ ထပ်တူ ကျနေပါတယ်။

ကျောင်းသင်ခန်းစာတွေကို လက်တွေ့ဘဝ ထဲထည့် ပြီး
ထုပ်ဖော် ရတာ ကြိုက်တယ် ဆိုတာ လေး ထိလိုက်တာ ...

ဆယ်ကျော်သက်က Scene လေး တွေ ချစ်စရာ ကောင်း ပြီး လှလိုက်တာ ၊ ကြိုက်လိုက်တာ ။။။❤️

Congratulations 👏 🎉 ဆရာမ ဒေါ်မြယာ

ကျောင်းအုပ်ကြီး ဦးသုခ

ကျွန်တော် ကြိုက်တယ် သရုပ်ဆောင်တသ်ယောက် အနေနဲ့ ဝါရင့် ပီသတယ်။ ကာရိုက်တာ သေသပ်တယ်။

ကျောင်းကို ချစ်တဲ့ ဆရာ ၊ ညီဖြစ်သူ ဗျော ကို ချစ်တဲ့ အကို .... တာဝန်ကျေတဲ့ သရုပ်ဆောင် ။

အလောင် Mood ကို Mention ပေး ပြီးသရုပ်ဆောင်နေပေမယ့် နောက်ကွယ်က စိုးရိမ်မူ့တွေ ကို မျက်လုံးက ဖော်ပြနေတာ ကြည့်နေရင်း ခံစားမိစေတယ်။
(တော်ရုံ အဲ့လို Mood မရနိုင်ပါဘူး ....)

Dialogue တွေက ထိမိနေပြီး မှတ်သား စရာ ၊သင်ခန်းစာယူစရာ ၊ပညာသားပါလိုက်တာ ။

နောကထပ်နောက်ထပ် ထပ်ကြည့် ရင်း Dialogue တွေ Note အနေနဲ့ မှတ် သား ထား ရမယ်။

ဆရာမ ဒေါ်ပပဝင်း

ဒေါ်မြယာ နဲ့ အတူ သေတူရှင်ဘက် ... အရူတ်တွေ ကို တာ ဝန်သိသိ နဲ့ ကူရှင်းတတ်တဲ့သူ ....

Character နဲ့ ကိုက်ညီ တဲ့ အပြင် Dialogue ချော် သွား တာ မျိုး လုံးဝမတွေ့ ရဘူး ။

ကြည့်ရတာ မိတ်ကပ် အပိုအလို မရှိ Colour အလိုက် အရမ်း လင်းသွားတာ ဖြူသွား တာ မျိုး မရှိဘဲ ပါးပါး လေး နဲ့ သဘာဝနဲ့ ထပ်တူ ကျတဲ့ ကာရိုက်တာ လေး ။
အချို့ Scene တွေ ဆို မိတ်ကပ်တောင်ပါရဲ့ လား ထင်မိတဲ့ အထိ သဘာဝ ကျပါတယ်။

တစ်ခု ပါပဲ အချို့ Scene လေး မှာ မလို အပ်ဘဲ Acting နည်းနည်းလေး လျော့ပြီး မျက်လုံး အရမ်း ကစား တာ လေး သတိ ထား မိလိုက်တယ်။But မပြောရင်သိမှာတောင် မဟုတ် လောက်ပါဘူး။

ကျွန်တော် ကြိုက်တဲ့ ကာ ရိုက်တာ ထဲတစ်ခုပါ ။

Congratulations 👏 🎉 Myat Pwint Phyu

မဉ္ဇူသာ

စစလာလာ တော့ ဒီကောင်မလေး မျက်နှာပေး က ဘယ်လို လဲ ဆို ပြီး မေး ခွန်း ထုပ်နေမိတယ်။

နောက်တော့ အော် ဒါ့ကြောင့် ဒီခို မျက်နှာ ပေး ဖြစ်နေတာ ကို ဆို ပြီး တစ်ဆက်တည်း သဘောပေါက်မိတယိ။

ငယ်သလောက် တော်လိုက်တာ ။ အထူးသဖြင့် Eye Control နဲ့ Face Expression လက်ဖျား ခါလောက် အောင် တော် ပါပေတယ် ......

ဝင်ပူးကပ်တဲ့ နေရာ မှာ မူလအသံပါပျောက် အောင် အသံ ကိုပါ ချိန်းပစ်တာ ရှယ်မိုက်။

ခေါင်းဆောင်မင်းသမီး တန်း ဝင်နေပါပြီ ... လုပ်ကွက်ရသလောက် ရသမျှ Scene တိုင်း ကို ပညာသားပါပါ လုံးဝ အသုံး ချနိုင်ခဲ့တယ်။

ကြိုက်လိုက်တာ ရေးနေရင်းတောင် သရုပ်ဆောင်ချက်တွေ မြင်နေတုန်း ....
Congratulations 👏 🎉 Nyi Ma Lay May Bel ❤️

ဆရာ ဦးဘလင်းသာ

The Teacher 1 ထက် ပို လုပ်ကွက်ရတယ်။ စာသင်တာ လေး ပါ ပါလိုက်သေးတယ်။
ကြည့်နေရင်း သင်နေတဲ့ ဆရာကို Crush ချင်စရာ 😂❤️

ကျောင်းမှာ ခြောက်လှန့် နေတဲ့ သရဲမ ဒေါ်မိုးမခ ရဲ့ ပြသနာ ကို ဖြေ ရှင်း ချင်နေတဲ့ ဆရာ လေး .....

အပွင့်လင်းဆုံးပြောရရင် စကားပြောလိုက်တိုင်း မျက်လုံး က တွဲတွဲ ပါလာတတ် တာ လေး နဲ့ အရမ်းချော နေတာ လေး က အား နည်းချက် လို ဖြစ်နေတယ် ❤️

သူရဲ့ ကာရိုက်တာက The Teacher ကစခဲ့ လို့လား မသိ အံကိုက် ကွက်တိပဲ ... ရှေ့က ချစ်သောအတာ ၊ အောင်မြတ်သာ နဲ့ Series တွဲ တစ်ခု မှာ ကြည့်ရတုန်းကလဲ
ဦး ဘလင်းသာ ရဲ့ အိုက်တင်တွေ အရမ်း စိုးမိုးနေတာ တွေ့ရတယ် ကာရိုက်တာ ကို မခွါချ နိုင်သေးဘူး❤️

နောက်ထပ် ရုပ်ရှင် တွေ မှာ ဦးဘလင်းသာ မဟုတ် တဲ့ June 9 Aung ကို မြင်ချင်နေပါပြီ ။ ချစ်လို့ ပြောတာ နော်
The Teacher မှာတော့ ဆရာဦးဘလင်းသာ က Perfect ပါပဲ။

ဒေါ်မေဝင့်ဝါ

ဗီလိန် ပေါက်စ ကနေ ဝါရင့် ဗီလိန် ဖြစ်ဖိူ့ အလားအလာ အရှိဆုံး အလိုက်ဖက်ဆုံးပါပဲ။

မျက်နှာအမူအယာ ၊ ခနဲ့ပုံ ၊ရွဲ့ပုံ ၊ မျက်နှာပေး လုံးဝ မိုက်သော ပဲ ... ကျေနပ်လိုက်တာ။

အယုံ အကြည်မရှိတဲ့ ဆရာမ ကို မှ ရွေးပြီး ဝင်ပူး တဲ့ Scene ဆို အတော်လေး ကြိုးစားခဲ့ ရမယ်ထင်တယ်။
အသက်ပါနေရော။

ဒေါ်မြယာနဲ့ ထိပ်တိုက်ဆုံ ပြီး ခနဲ့ တဲ့ Scene ...The Teacher 1တုန်းက လို "ဟင့်အင်း "ဆိုတဲ့ မျက်နှာ ပေး လေး ကို မျော် လင့်ခဲ့တာ ။

ဘာပဲ ဖြစ်ဖြစ် ဒေါ်မေဝင့်ဝါ တာဝန်ကျေခဲ့ပါတယ်။
Congratulations 👏 🎉 Nyi Ma Lay Win Lei Shwe Yee

ဆရာမ ဒေါ် ခင်ဖြူခင်

သူ့အသံကလေ ကျွန်တော် ၁၀တန်းတုန်းက ဂီတ သင်ပေးတဲ့ဆရာမရဲ့ လေယူလေ သိမ်းနဲ့ တစ်ထပ်တည်းပဲ။

The Teacher 2 မှာ ကျရာ ကာ ရိုက်တာ ကို အကောင်း ဆုံး လုပ်နိုင်ခဲ့ တယ်။

ဦးဆောင်ပြီး အကြားအမြက်ဆရာ မနဲ့ ကျောင်းအကြောင်း ကို မေး ပြီး ဒွိဟ ဖြစ်နေတဲ့ အချန် နှာဖူးကြော ၊မျက်လုံး ၊မျက်နှာ အမူအယာ တွေ နဲ့ သံသယနဲ့ စိုးရိမ် စိတ် ပေါင်း ဖတ် ထား သလို အသက်ဝင်လှပါတယ်။

တာဝန်ကျေသော ပါပဲ။
Congratulations 👏 🎉 Nyi Ma Lay Hnin Wutt Ye

ဆရာမ ဒေါ်သိင်္ဂီနွယ်

လှနေဖို့ မလိုဘူး သဘာဝကျ ပြီး ကာရိုက်တာ မိအောင် သရုပ်ဆောင်နိုင်ဖို့ ပဲ ဆိုတာ သက်သေ ပြသွား သလိုပါပဲ။

The Teacher 1 ထက် ပို ပြီး လုပ် ကွက်ရတယ် ။
Scene တိုင်း လိုလို မှာ လဲ ဆရာမစစ်စစ် ပီပီ တာဝန် ကျေ လွန်း ပါတယ် ။

ကျောင်း အပေါ် စိုးရိမ်စိတ် ၊လူစား လဲမယ် ဆိုတဲ့ အပေါ် ထိတ်လန့် စိတ် တွေ ကို အထူး ပေါ် လွင်အောင် သရုပ်ဆောင် နိုင်တာ သတိ ထား မိတယ်။

The Teacher 3မှာလဲ လုပ်ကွက်ရပြီး ထိထိမိမိ သရုပ်ဆောင် နိုင်ဖို့ မျှော်လင့်မိပါတယ်။

Congratulations 👏 🎉 Nyi Ma Lay Eaint Julie Mon

ဆရာ ဦးမင်းအိမ်

ရူပါနဲ့ ထိန်းထားသော ကျောင်း ရဲ့ ဝါရင့်ဆရာ ကြီး ..
သရုပ်ဆောင် တဲ့နေရာမှာ အတွေ့ အကြုံ ၊သဘာ ဆိုတာ
အရေး ကြီးတယ် ဆိုတာ ကို ဦးမင်း အိမ်က ပြပေး လိုက် သလို ပါပဲ။

ပါရတဲ့ Scene အရ Scene တိုင်း လိုလို မှာ လုပ် ကွက် မရတဲ့ ကြားက ကြည့်တဲ့ သူ သတိထား မိအောင် သရုပ်ဆောင် တတ် တာ ကလည်း ပညာပါပဲ။

အထူးသဖြင့် အများ နဲ့ အဆုံ Scene တိုင်း မှာ ဦးမင်း အိမ်ရဲ့ အိုက်တင် တွေက စကားမပြောရင်တောင် သတိထား မိနေစေပါတယ်။

Congratulations 👏 🎉 Bro Nay Win Aung

ကျော့

လုံးဝ သရုပ်ဆောင်မဟုတ်သော သရုပ်ဆောက် အသစ်
ရုံးစာရေး မလေး အဖြစ် ကျော့ ....

အသက်ငယ် တဲ့ အပြင် စိတ်ကစား တတ်တဲ့ ပုံစံလေး နဲ့ သရဲ ဝင်ပူး ကပ်တဲ့ Scene The Teacher 1 က Tailar Thway ကိုတောင် သတိရမိစေတယ်။

Congratulations 👏 🎉 Kyawt

မိုးမခ

တာဝန်ကျေလိုက်တာ ...အခြားသူ လုပ်ပြီး သား ကာ ရိုက်တာ ကို အနုပညာ ကို ချပြခွင့် ရဖို့ အတွင် သက်သက်

မငြင်း ဘဲ အကောင်း ဆုံး ကြိုးစား ခဲ့တာ တကယ်လေးစား ပြီး အသိအမှတ်ပြုစရာ ပါ။

ပထမဝင် ပူးတဲ့ Scene မှာ မိတ်ကပ် လိုအပ် ချက် တသ် Scene လေး ပဲ ရှိလိုက်ပေမယ့်
ကျန်တဲ့ Scean တွေ အားလုံး မိုက်။။။။

Congratulations 👏 🎉 Ama SU Shine

‌အောင်ကောင်းမြတ် ၊ ရဲရင့်ထွန်း၊ ငမွှေ သီး လေးယောက်

မော်နီတာ -အတန်း ခေါင်းဆောင် (ဘယ်သူမှမနိုင်သူ)ခင်ရတနာစိုး 😀 ကျော်ကြီး😂

သူတို့တွေ ရဲ့ အတန်း မှာ ဆရာ မရှိချိန် အမည် မှတ်တာ လေးတွေ ၊
ဆေးလိပ် (ဖတ်ကြမ်း)ခိုးသောက်‌တာ လေး တွေ ၊
အမြင်မကြည် တဲ့ ဆရာမ ဆို ပညာ ပြချင်တာ လေးတွေ၊

ကျောင်းသူ အသစ်ဆိုတာနဲ့ စချင်၊နောက်ချင် ၊လက်တည့်စမ်း ချင် ကြတာ တွေ က လက်တွေ့နဲ့ လုံးဝ ထပ်တူ ကျနေရော ။

သဘာဝနဲ့ ထပ်တူ ကျပါတယ် ဆိုမှ တော့ သရုပ်ဆောင်ကောင်း လား ပြောစရာ ပင်မလို ။
ကျောင်းသားဘဝ ကို လွမ်းမိ ❤️🎥

Congratulations 👏 🎉 All Students

အမေ ၊ဦး ညီနန္ဒ တို့ အပြင် Dialogue မပါတဲ့ မြိုနယ်ပညာရေး မှူး U Oaker Aung Naing တောင် မျက်နှာ အမူ အယာ နဲ အသက်ဝင်အောင် သရုပ်ဆောင် နိုင် ခဲ့ပြီး

ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေ အား လုံး Teams တစ်ခုလုံး ရဲ့ ကြိုးစား မူ့ကြောင့် The Teacher 2 ကလက်ရာ မြောက် ပြီး ကြည့် သင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်နေခဲ့ပါတယ်။

Story & Script ဘယ်လောက် ကောင်း လဲဆိုရင် The Teacher 2 က Next Academy ဖြစ်သွား လောက်တဲ့ အထိပါပဲ။

DOP လည်း Colour စိုစို လေး သုံးထား တဲ့ အတွက် ကြည့်ရတာ Location ကျဉ်း တာ တောင် အသက်ဝင်လှပါတယ်။

Editing တကယ်ကောင်းပါတယ် ဝင်ပူး တဲ့ Scene တွေဆို ကပ်လိုက်ခွါလိုက် နဲ့ Scene တသ်ခု နဲ့ တစ်ခု ဟာ မသွား အောင် ဆက်ထားတာ တကယ်ကောင်းပါတယ်။

Audio System အသံပိုင်းက လဲ ဆူညံ နေတာ မျိုး မလိုအပ်ဘဲ နောက်ခံ အသံတွေ သုံးထား တာ မျိုး မဟုတ် ....တစ်ကားလုံး ရဲ့ ဇာတ်လမ်း ဇာတ် ကွက်အလိုက် ငြိမ်တစ်ခါ လူပ်တလည့် သုံးထားတာ ရှယ်မိုက်။



အချို့ Scene တစ်ခု နဲ့ တစ်ခု ကူးချိန် ရိုက်ထား တာ အချိန် မညီ တဲ့ အတွက် Colour အနည်းငယ် မငြိမ်တာလေး တွေ တော့ တွေ့ရပါတယ်။
But ကြိုးစားထားတာ တွေ နဲ့ယှဥ် မပြောပ လောက်ပါဘူး သတိထား ကြည့်မှ သိရတာ လောက်ပါ။

The Teacher 1 နဲ့ အချို့ တလေ ယူ ထားတာ လေး တွေ မိုက်တယ်။ ကျောင်းသားဟောင်းတွေ အဖြစ်အပျက်တွေ ကို လိုတာ ထက် ပိုပြီး မဆွဲ ဆန့်ပဲ လိုရင်းရောက်အောင်
Mention ပေး ထား တာလေး တွေ ကောင်တယ်။

Problem Solving , Lessons Learning, တွေ ကို သင်ခန်းစာ ယူ လို့ရပါတယ်။

ကျွန်တော် ရုံမချမချင်း ထပ်ကြည့် ဖြစ်ဦးမည့် ရုပ်ရှင်တစ်ကားပါ။

Congratulations 👏 ❤️ The Teacher Teams
Congratulations 👏 🎉 Night School Production
Congratulations 👏 🎉 Sein Htay Production

Photo By Lovely Nyi Ma Lay Suu Myat Noe

ချစ်ခြင်းများစွာဖြင့်
Pyae Minn

Thank For Invitation to me ❤️🎥🎉The Teacher 2 Teams ညနေဆုံကြမယ်🎥❤️
03/02/2025

Thank For Invitation to me ❤️🎥🎉
The Teacher 2 Teams
ညနေဆုံကြမယ်🎥❤️

Thank For Invitation to me 🎉🎥❤️The Teacher 2 Teams 🎉❤️ ညနေဆုံကြမယ်🎥🎥🎥
03/02/2025

Thank For Invitation to me 🎉🎥❤️
The Teacher 2 Teams 🎉❤️
ညနေဆုံကြမယ်🎥🎥🎥

February 7တွင် ပူးတွဲ တင်မည့် .... ဆရာမ -၂ ရုပ်ရှင်ဇာတ်ကားကြီး နှင့် သရဲကား ရုပ်ရှင်ဇာတ်ကား ကြီး ..... တစ်ကားက ဝါရင့် သရ...
03/02/2025

February 7တွင် ပူးတွဲ တင်မည့် ....

ဆရာမ -၂ ရုပ်ရှင်ဇာတ်ကားကြီး နှင့်
သရဲကား ရုပ်ရှင်ဇာတ်ကား ကြီး .....

တစ်ကားက ဝါရင့် သရုပ်ဆောင်တွေ အများ ကြီး နဲ့ ကြောက် လိုက် ခွီ လိုက် သရဲကား ....
ကိုနေတိုး၊ ကိုကျော်ကျော်ဗိုလ် တို့ လို ဝါရင့် Actors တွေ အပြိုင်ကြဲ ထားတဲ့ကား ....

တစ်ကားက သရုပ်ဆောင် အသစ်တွေ နဲ့ ပွဲဦးထွက်မှာ အောင်မြင်မူ့ အကြီးကြီးရရှိထား ပြီး ဇာတ်လမ်း၊ ဇာတ် အိမ် ပုံစံ တစ်မျိုး နဲ့ အကြိုကြည့်ပြီးတဲ့ ဝါရင့် အနုပညာ‌ရှင်တွေ ရဲ့ ချီး ကျူး ခြင်း ခံရတဲ့ကား ....

ပူးတွဲအောင်မြင်မူ့တွေရရှိကြပါစေ။။။🎥👏

🎥အပြိုင်တင်နေကြတဲ့ ...ရှယ်ယောက္ခများရုပ်ရှင်ဇာတ်ကားကြီး နှင့် နှင်းပွင့်စေရာ ရုပ်ရှင်ဇာတ်ကားကြီး... #ပူးတ‌ွဲအောင်မြင်မူ့...
02/02/2025

🎥အပြိုင်တင်နေကြတဲ့ ...
ရှယ်ယောက္ခများရုပ်ရှင်ဇာတ်ကားကြီး နှင့်
နှင်းပွင့်စေရာ ရုပ်ရှင်ဇာတ်ကားကြီး...

#ပူးတ‌ွဲအောင်မြင်မူ့ရရှိကြပါစေ။

ACC Log ကျတာက Posts တွေ တစ်ရက်ထဲ ထပ်ကာ ထပ်ကာ တင်တာ ရယ် ၊ SS တွေရယ်၊ ငွေ ပြေစာတွေ ရယ်ကြောင့်ပါ။ Post တွေ အများကြီးတင်တတ်တ...
02/02/2025

ACC Log ကျတာက Posts တွေ တစ်ရက်ထဲ ထပ်ကာ ထပ်ကာ တင်တာ ရယ် ၊ SS တွေရယ်၊ ငွေ ပြေစာတွေ ရယ်ကြောင့်ပါ။

Post တွေ အများကြီးတင်တတ်တဲ့ သူတွေ အနေနဲ့ Pages လေး သီးသန့်ဖွင့်ပြီး တင်ရင် အကောင်းဆုံးပါပဲ။

-Review/_180_ကျသွားတဲ့ အကောင့်တွေမှာ ရက်ပိုင်းအတွင်းဖြစ်စေ
တစ်နေ့တည်း တစ်ချိန်တည်းမှာဖြစ်စေ

-၂ကြိမ်ဆက်တိုက်ကျသွားတာမျိုးဆိုတာ
ပြန်ရဖို့ အတော်ခဲယဥ်း ပါတယ်နော်

-ဘာကြောင့်၂ကြိမ်ဆက်တိုက် ကျသွားရလဲ မိတ်ဆွေတို့ ပြစ်ချက်ကြီးမားလို့ မဟုတ်ပါ ..

-မိတ်ဆွေလက်ရှိအသုံးပြုနေစဥ်အတွင်းမှာမိမိ မထင်မှတ်ထားပဲ တင်လိုက်မိတဲ့ Post/မိမိ Share လိုက်မိတဲ့ Post တွေကနေ တစ်ဆင့်အချိန်ကာလ တစ်ခအနေနဲ့ Fb_Team ကမမြင်လို့ မဖျက်မိတာလဲ ဖြစ်ကောင်းဖြစ်နိုင်မယ်

-Team က စီစစ်ပြီး ဖျက်ပြီဆိုရင်အဲ့ တင်ထားသမျှ Post / Share မှန်သမျှအတန်းလိုက်ကို ချပစ်တော့တာပါပဲ

-တစ်နေ့တည်း တစ်ချိန်တည်း ( Or )ရက်ပိုင်းလေး အတွင်း မှာပဲ ၂ကြိမ် / ၃ကြိမ်Review/_180 ဆက်တိုက်ကို ထိတော့တာပါပဲ။အဲ့လို ဆက်တိုက် ချပစ်ခံရပြီဆိုရင်မိတ်ဆွေ အကောင့်က ပြန်ရနိုင်ခြေ အရမ်းနည်းသွားပါပြီနော်။သာမန် ဒုတိယကြိမ် လပိုင်းခြားပြီးကျတဲ့ အကောင့်တွေတောင် ပြန်ရဖို့ အားနည်းတာ...
ယခုလို ၂ကြိမ် ၃ကြိမ်ကို နေ့ခြင်း / ရက်ခြင်းကျပြီဆိုလျှင် ဖြစ်နိုင်ခြေ နည်းသွားပါပြီ( လုံးဝ မရတော့ဘူးလို့လဲ မဆိုလိုပါ )
100 % မှာ 10% သာ ဖြစ်နိုင်ပါမယ်...

၂ကြိမ် / ၃ ကြိမ် ဆက်တိုက်ပူးတွဲကျရင်
ပထမ ကြိမ်တွက်သာ ဖြေရှင်းနိုင်ယုံနှင့်aမရပါ
ဒုတိယကြိမ်ပါ ပူးတွဲ ကျနေတာမို့
အတော်လဲ ဂရုစိုက်ရသလို အတော်လဲ ဖြစ်နိုင်ခြေနည်းပါတယ်နော် နားလည်ကြစေချင်လို့ပါ ။

ချစ်ခြင်းများစွာ ဖြင့် New ACC လေး ကို လက်ခံ ပေး ကြတဲ့ အနုပညာရှင်၊ အတတ်ပညာရှင် တွေ ...အရမ်းချစ်စရာ ကောင်းကြတဲ့ မိတ်ဆွေ အဟောင်း တွေ ၊မိတ်ဆွေ အသစ်တွေ ၊ အချစ်ရဆုံးတွေ ကို ကျေးဇူး အထူး တင်ပါတယ်။

ချစ်ခြင်းများစွာဖြင့် ..
Pyae Minn - Myat Minn

Address

U OakTama Street
Yangon
1/278

Alerts

Be the first to know and let us send you an email when Pyae Minn - Myat Minn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share