  • Home
  • Malaysia
  • Kuala Lumpur
To help myanmar people in Malaysia,
OFFICIAL Page
(8)
မင်္ဂလာပါ ခင်ဗျာ...
တော်ဝင် ခရီးသွားနှင့် အထွေထွေအကျိုးဆောင်မှလူကြီးမင်းကို လှိုက်လှဲစွာ ကြိုဆိုပါ၏၊
မလေးရှားနိုင်ငံအတွင်း တိကျမှန်ကန်လျှင်မြန်သောအောက်ပါဝန်ဆောင်မူ့များကိုရွှေမြန်မာများ စိတ်တိုင်းကျ စိတ်ကျေနှပ်သည်အထိ ဝန်ဆောင်မှုပေးနပါသည်၊
(C ofI) @ CI လျှောက်၍ အပေါ်လမ်းမှ
ပြန်လိုသူများအား အမြန်ဝန်ဆောင်မူ့ ပေးခြင်း
Ci အတွက် အိမ်ထောင်စုဇယား မိတ္တူ နှင့် မှတ်ပုံတင်မိတ္တူ နှင့် နောက်ခံအဖြူရောင်(Co
lor passport size) ဓါတ်ပုံ၄ ပုံလိုအပ်ပါသည်။
# Passport ရှိလျှင် အ​မြန်ရသည် ( passport ရှိသူများ CI လျှောက်စရာမလိုပါ)
(Kuala lumpur အနီးတဝှိက်မှပြန်လိုသူများကို မြန်မာသံရုံး/မလေးရှားလူ၀င်မူ့့့့့့့့့့့့့့့ကြီးကြပ်ရေး လဝကရုံး/လေဆိပ်အထိ ကားဖြစ် အကြိုအပို့,
အီပို့/ပီနန်း/ဂျိုဟိုး
အစရှိသောနယ်အဝေးမြို့များမှပြန်လိုသူများကိုklတွင်
နေထိုင်ဖို့ အခန်းစီစဉ်ပေးပါသည်
TBS Bus ကားကြီးဂိတ်ကိုလည်းလာကြိုပေးပါတယ်)
မလေးမှ မြန်မာသို့
မည်သည့်အကြောင်းကြောင်မဆိုအဆင်ပြေအောင် ဝန်ဆောင်မှုပေးနေပါသည်။
အလုပ်ပါမစ်များသက်တမ်းတိုးပေးခြင်း
(ကုမ္ပဏီဘလက်လစ်ထိ,သက်တမ်းကျော်၁၀လသေထိလက်ခံသည်။)
အလုပ်အကိုင်အခွင့်လမ်းများရှာဖွေဖန်တီးပေးခြင်း
အောက်လမ်းမှပြန်လိုသူများအတွက်လည်း
အချိန်မရွေးအခါမရွေး ဆက်သွယ်နိုင်ကြပါသည်။
# 012 2 012 786 ကို Misscall
လေးသာခေါ်ဆိုလိုက်ပါ,လူကြီးမင်းရဲ့ ဖုန်းနံပါတ်ကိုလူကြီးမင်းအချိန်ရသလောက်နားလည်သဘောပေါက်သည်အထိ
ပြန်လည်ခေါ်ဆို ရှင်းပြပေးပါမည် MissCall(or) Messageဆက်သွယ်ပေးပို့လာပါက အကြောင်းအမျိုးမျိုးကြောင့်
ဖုန်းမကိုင်ဖြစ်ခဲ့သည်ရှိသော် ပြန်လည်ခေါ်ဆိုဆက်သွယ်ပေးပါမည်။
လေးစားစွာဖြင့်
ကိုမောင်မောင် Phone,Viber,whatsApp
m.me/012 2 012 786
လေးစားစွာဖြင့်
တော်ဝင် ခရီးသွားနှင့်အထွေထွေအကျိုးဆောင်
🙏 မင်္ဂလာပါ အမျိုးတို့ 🙏𝙋𝘼𝙎𝙎𝙋𝙊𝙍𝙏 အမြန် ဝန်ဆောင်မှု့ 👉အသစ်လျောက်သူများ ( မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စုမိတ္တူ လိုအပ်တယ...
08/03/2023
🙏 မင်္ဂလာပါ အမျိုးတို့ 🙏
𝙋𝘼𝙎𝙎𝙋𝙊𝙍𝙏 အမြန် ဝန်ဆောင်မှု့
👉အသစ်လျောက်သူများ ( မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စုမိတ္တူ လိုအပ်တယ်)
👉အပျောက်လျောက်သူများ ( ပျောက်သွားသောပတ်စပို့စ့်မိတ်တူလိုပါသည် )
👉သက်တမ်းတိုး စာအုပ်မူရင်းလိုအပ်ပါသည်
👉 Pv to Pj အလဲ စာအုပ်မူရင်းလိုအပ်ပါသည်
(စာအုပ်နဲ့ပတ်သက်ပြီး အခက်ခဲလိုအပ်ချက်များရှိပါက)
ဆသရ
012-201 2786
Wasap.my/60122012786
မအားလပ်၍ဖုန်းမကိုင်မိပါကစာပို့ထားပေးပါဖုန်းပြန်လည်ခေါဆိုပေးပါမည်
#တော်ဝင်အထွေထွေအကျိုးဆောင်
#မလေးရှားသတင်းထူး
Visa နဲ့Passport ဘာကွာသလဲ .🤔🤔🙄🙄 .?Passport ဆိုတာကို နိုင်ငံကူးလက်မှတ်ရယ်လို့ မြန်မာလို ဘာသာပြန်ကြပါတယ်.။Passport ဆိုတဲ့ ...
04/03/2023
Visa နဲ့Passport ဘာကွာသလဲ .🤔🤔🙄🙄 .?
Passport ဆိုတာကို နိုင်ငံကူးလက်မှတ်ရယ်လို့ မြန်မာလို ဘာသာပြန်ကြပါတယ်.။
Passport ဆိုတဲ့ စကားလုံးလေး ဖြစ်ပေါ်လာပုံကတော့ ... ဟိုးအရင်အချိန်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ခရီးသွားလာရေးမှာ ရေကြောင်းခရီးတစ်ခုထဲကိုသာ အသုံးပြုကြရပါတယ်..။ ( လေယာဉ်ပျံတွေမှ မပေါ်သေးတာကိုး .)
အဲဒီအခါမှာ ခရီးသည်က ရောက်တဲ့နိုင်ငံမှာ အလည်အပတ်ထွက်တဲ့အခါ သင်္ဘောဆိပ်ကမ်းကို ဖြတ်ဖို့အတွက် ဆိပ်ကမ်းဖြတ်သန်းခွင့်လက်မှတ်ကို ပြရပါတယ်.။ ဖြတ်သန်းခွင့် Pass နဲ့ ဆိပ်ကမ်း Port ဆိုတဲ့ စကားလုံးလေးတွေကတစ်ဆင့် ယနေ့နိုင်ငံတိုင်းမှာ တရား၀င် အသုံးပြုနေတဲ့ Passport ရယ်လို့ဖြစ်လာတာပါ.။
နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားတိုင်း Passport လျှောက်ထားခွင့် ရှိပါတယ်.။ အဲဒါဆို Passport ရှိရုံနဲ့ နိုင်ငံခြားသွားလို့ရပြီလား ဆိုရင်တော့ ရပါပြီ..။ လေယာဉ်လက်မှတ်၀ယ်ပြီးတာနဲ့ ကြိုက်တဲ့နိုင်ငံကို သွားလို့ရပါပြီ.။ ဒါပေမယ့် သက်ဆိုင်ရာ နိုင်ငံရဲ့ လေဆိပ်အထိပဲ သွားလို့ရနိုင်မှာပါ.။ လေဆိပ်ကိုကျောလွန်ပြီး နိုင်ငံအတွင်းကို ၀င်ချင်တယ် ဆိုရင်တော့ ပြည်၀င်ခွင့် ( Visa ) လိုအပ်ပါပြီ.။
Visa လျှောက်ရာမှာ သက်ဆိုင်ရာ သံရုံးမှာ ကြိုတင်လျှောက်ထားရတဲ့ visa မျိုး ရှိသလို ဟိုဘက်နိုင်ငံရဲ့လေဆိပ်ရောက်မှ ချက်ချင်းလျှောက်လို့ရတဲ့ ဆိုက်ရောက် Visa (Visa on Arrival) ဆိုတာမျိုးလဲ ရှိပါတယ်.။ ဒါ့အပြင် visa လုံး၀ယူစရာမလိုပဲ Passport စာအုပ် ရှိရုံနဲ့ သွားလို့ရတဲ့ Visa Free နိုင်ငံတွေလဲ ရှိပါသေးတယ် 👍👍.။
မြန်မာနိုင်ငံသားတွေအတွက်ကတော့ ယခုအချိန်မှာ visa မလိုပဲ passport တစ်ခုထဲနဲ့ သွားလို့ရတဲ့ visa free နိုင်ငံပေါင်း ၁၄ နိုင်ငံရှိပါတယ်.( အောက်ပါ ပုံလေးတွေမှာ နိုင်ငံအမည်တွေကို ကြည့်ရှုနိုင်ပါတယ်. ).။
........... ကဲ .. Passport နဲ့ Visa အကြောင်းလေး ရှင်းသွားပြီ ဆိုရင် လျှောက်ထားပုံလေးတွေ ပြောပြပေးချင်ပါတယ် .။
👉 Passport လျှောက်ထားမယ် ဆိုရင် ရန်ကင်းက မြန်မာနိုင်ငံ ဗဟိုဘဏ်ရှေ့က လ၀က ရုံးမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်.။
👉 Visa လျှောက်ထားမယ် ဆိုရင်တော့ နီးစပ်ရာ Travel Agency များမှာ ကျွမ်းကျင်သူများနဲ့တိုင်ပင်ပြီး အလွယ်တကူ လျှောက်ထားနိုင်ပါတယ်။
crd
#တော်ဝင်အထွေထွေအကျိုးဆောင်
Wasap.my/60122012786
🙏 မင်္ဂလာပါ အမျိုးတို့ 🙏𝙋𝘼𝙎𝙎𝙋𝙊𝙍𝙏 အမြန် ဝန်ဆောင်မှု့ 👉အသစ်လျောက်သူများ ( မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စုမိတ္တူ လိုအပ်တယ...
03/03/2023
🙏 မင်္ဂလာပါ အမျိုးတို့ 🙏
𝙋𝘼𝙎𝙎𝙋𝙊𝙍𝙏 အမြန် ဝန်ဆောင်မှု့
👉အသစ်လျောက်သူများ ( မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စုမိတ္တူ လိုအပ်တယ်)
👉အပျောက်လျောက်သူများ ( ပျောက်သွားသောပတ်စပို့စ့်မိတ်တူလိုပါသည် )
👉သက်တမ်းတိုး စာအုပ်မူရင်းလိုအပ်ပါသည်
👉 Pv to Pj အလဲ စာအုပ်မူရင်းလိုအပ်ပါသည်
(စာအုပ်နဲ့ပတ်သက်ပြီး အခက်ခဲလိုအပ်ချက်များရှိပါက)
ဆသရ
Wasap.my/60122012786
မအားလပ်၍ဖုန်းမကိုင်မိပါကစာပို့ထားပေးပါဖုန်းပြန်လည်ခေါဆိုပေးပါမည်
#တော်ဝင်အထွေထွေအကျိုးဆောင်
#မလေးရှားသတင်းထူး
Wasap.my/60122012786
02/03/2023
မလေးရှားနဲ့ ထိုင်နှိင်ငံရောက် မြန်မာများကို နိုင်ငံကူးလက်မှတ် အသစ်လျှောက်ထားခြင်း၊ စာအုပ်သက်တမ်းတိုးခြင်း၊ စာအုပ်ပျောက်လျှောက်ခြင်း၊ pvမှpj ပြောင်းခြင်းများကို ယနေ့မှစ၍ လျှောက်ပေးနေပါပြီး။
ဆက်သွယ်ရန်
Wasap.my/60122012786
Passport PJ/PV/PE/PSအသစ်လျှောက် / သက်တမ်းတိုးများအတွက်( YANGON ရုံးတစ်ခုတည်းအတွက်သာ )1 - Passport လုပ်ဖို့အတွက်ရုံးထဲကို...
01/12/2022
Passport PJ/PV/PE/PS
အသစ်လျှောက် / သက်တမ်းတိုးများအတွက်
( YANGON ရုံးတစ်ခုတည်းအတွက်သာ )
1 - Passport လုပ်ဖို့အတွက်ရုံးထဲကိုဝင်ခွင့် Online Booking လျှောက်ထား ရန်လိုအပ်ပါတယ် ၊ အသစ် သက်တမ်းတိုး အပျောက်လျှောက် စာအုပ်နဲ့ပက် သက်တာဘာပဲလုပ်လုပ်ရုံးထဲကိုဝင်ခွင့်အတွက် Booking Appointments QR Code လိုပါတယ် Booking Qr Code ရှိမှရုံးထဲဝင်ခွင့်ပေးတာပါ
2 - ခုနောက်ပိုင်း Booking တင်ရတာအရင်လိုမလွယ်ကူတော့ဘဲပိုခက်လာ တာမလို့အရေးမကြီးဘူးဆိုရင် ၃ လကြိုအတွက်ပေးတဲ့ Booking ကိုယူပါ ၂ ပတ်ကြိုအတွက် Booking ကယူရပိုခက်တာမလို့ အရင်လိုတဲ့သူတွေကတော့ ၂ ပတ်ကြိုအတွက်ကြိုးစားယူကြည့်ပါ
3 - Booking Appointments QR Code ရပီဆိုရင် QR Code မှာပါတဲ့ ရက်စွဲအတိုင်း Passport ရုံးသွားရမှာပါ အဲ့နေ့မသွားဖြစ်လို့နောက်နေ့မှ ရုံးသွားလုပ်လို့မရပါဘူး အဲ့နေ့မသွားခဲ့ရင်ရထားတဲ့ Booking Cancel ဖြစ်သွားပါပီ
Booking ရဖို့မလွယ်တာကြောင့်သွားဖြစ်အောင်သွားပါ Booking အချိန်ကအရင်ကဆို သူ့သတ်မှတ်အချိန်အတိုင်းပေးဝင်တော့ နာရီ ဝက်လောက်ကြိုရောက်ရင် အဆင်ပြေတာမလို့သိပ်ပြသာနာမရှိပေမယ့် ခု နောက်ပိုင်း Booking အချိန်အတိုင်းမဟုတ်ပဲစောရောက်ပီတန်းစီနေတဲ့ သူတွေအရင်ဝင်လို့ရနေတာမလို့
စောစောသွားမှတစ်နေ့တည်းပီနိုင်မှာပါ ရုံးဖွင့်တာနဲ့အရင်နေ့က Bank သွင်းမမှီတဲ့သူတွေ ဦးစားပေးဝင်ပါတယ် သူတို့ပီးတာနဲ့ အရင်ရောက်နှင့်နေတဲ့သူတွေကစပီပေးဝင်တာမလို့ တစ်ရက် တည်းပီးအောင်လုပ်ချင်တဲ့သူတွေ စောနိုင်သမျှစောစောသွားပါ အရင်လို Booking သတ်မှတ်အချိန်အတိုင်း စနစ်တကျပြန်ဝင်ခွင့်ပြုရင် အားလုံး အတွက်ပိုပီအဆင်ပြေနိုင်တယ်
4 - Booking QR Code ပုံကိုဖုန်းထဲသိမ်းထားပြီးပြလို့ရသလို Print ထုတ် သွားလို့လည်းရပါတယ် ခုနောက်ပိုင်းတစ်ရက်တည်းနဲ့မပီးတာတွေရှိလို့ Print ထုတ်သွားပါ Bank သွင်းမမှီလို့တစ်ရက်တည်းနဲ့မပီးတဲ့သူတွေကို Qr Code ထုတ်ထားတဲ့စာရွက်ပေါ်မှာတံဆိပ်တုံးထုပီ လက်မှတ်ထိုးပေးလို့ Print ထုတ် သွားတာပိုကောင်းပါတယ်
5 - Passport လုပ်ဖို့လိုအပ်တဲ့ စာရွက်စာတမ်း တွေက
(အသစ် / သက်တမ်းတိုး / အပျောက်လျှောက် ) အားလုံးတူတူပါပဲ
ဘယ်အမျိုးစားပဲလုပ်လုပ် အဓိကလိုအပ်တာ
*** ( အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ ၂ စောင်
မှတ်ပုံတင် မူရင်း + မိတ္တူ ၂ စောင် )***
PV အတွက်ဆို ***( ) ***
၁၀ နှစ်အောက် ကလေးအတွက်ဆို
မွေးစာရင်း မူရင်း + မိတ္တူ ၂ စောင်
အိမ်ထောင်စုစာရင်း မူရင်း + မိတ္တူ ၂ စောင်
သက်တမ်းတိုးသမားတွေက
အပေါ်ကစာရွက်စာတမ်း *** ( ) *** အပြင်
စာအုပ်အဟောင်း + PP မှာမိမိဓါတ်ပုံပါတဲ့စာမျက်နှာ
မိတ္တူ ၂ စောင်
PJ အတွက်ဆို အပေါ်ကစာရွက်စာတမ်း *** ( ) *** အပြင်
Labour Card လိုပါတယ် ( Labour Card ကိုစာအုပ်မလုပ်ခင်ကြိုလုပ် ထားကျပါ ရုံးထဲမှာလုပ်လို့ရပေမယ့်အပြင်မှာလုပ်တာထက်စျေးပိုပေး ရပါတယ် )
Labour Card ကို နီးစပ်ရာမြို့နယ် အလုပ်သမားဦးစီးဌာနမှာ ပြည်ပအတွက်လို့ပြောပီ လျှောက်ထားလို့ရပါတယ် ၅၀၀ (သို့) ၁၀၀၀ ကျပ်
PE အတွက်ဆို အပေါ်ကစာရွက်စာတမ်း *** ( ) *** အပြင်
သက်ဆိုင်ရာကျောင်းခေါ်စာ မူရင်း + မိတ္တူ ၁ စောင်
PS အတွက်ဆို အပေါ်ကစာရွက်စာတမ်း *** ( ) *** အပြင်
ပြည်တွင်းရေကြောင်းမှ အခြေခံပင်လယ်ပြင် အသက်အန္တရာယ် လုံခြုံမှုသင်တန်းဆင်း လက်မှတ် မူရင်းနှင့် မိတ္တူ(၂)စုံ
သက်တမ်းတိုးဖြစ်ပါက မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ဟောင်း၊ သင်္ဘောသားလုပ်သက် မှတ်တမ်း(CDC)စာအုပ် မူရင်းနှင့် မိတ္တူ(၂)စုံ
6 - ရုံးထဲဝင်ဖို့အတွက်ဝင်ပေါက် ၃ နေရာ ပန်းခြံဘေး & ရန်ကင်း center ရှေ့ & စက်မှု ၁ ကြိုက်တဲ့နေရာကဝင်လို့ရပါတယ် ဝင်ပေါက်မရောက်ခင်အပြင်မှာ ရှိတဲ့ပွဲစားတွေဘာပြောပြောနားမထောင်ပါနဲ့ သူတို့ရိုက်စားခွင်လုပ်လို့ရအောင် တမင်ပြောနေတာမလို့ ဝင်ပေါက်နားမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေကိုမေးမြန်းပါ အပြင်မှာတန်းစီနေတဲ့နေရာမှာတန်းစီပီ ကိုယ့်မှာပါတဲ့ Booking Qr Code ကိုသူတို့ကိုပြလိုက်ရင် စစ်ဆေးပီပေးဝင်ပါတယ်
7 - ပထမဆုံးစစ်တဲ့ဂိတ်မှာ ဖုန်းထဲမှာအသင့် Save ထားတဲ့ ဓါတ်ပုံ (သို့) Print ထုတ်လာတဲ့ Booking Qr Code ထဲကကိုယ်ရေးအချက်လက်နဲ့ မှတ်ပုံတင်ထဲ ကကိုယ်ရေးအချက်လက်စစ်ဆေးပီးရင်အထဲကိုဝင်လို့ရပါပီ
8 - ဒုတိယဂိတ်မှာ ပါလာတဲ့ QR Code မှတ်ပုံတင် မျက်နှာ Scan ဖတ်စစ် ဆေးပီးရင်ရုံးထဲကိုဝင်လို့ရပါပီအထဲကို ဖုန်း စာရွက်စာတမ်းပါတဲ့ဖိုင် နဲ့ ပိုက်ဆံ အိတ် အသေးကလွှဲရင်ကျန်တာဘာမှပေးမယူပါဘူး ထီး ရေဘူး tissue ထုပ်က အစအကုန်အပြင်မှာထားခဲ့ရတာ
9 - ရုံးထဲစဝင်တာနဲ့ အဝင်ဝလေးမှာ ရဲအရာရှိနှစ်ယောက်ထိုင်နေပီအထဲမှာ ဖြည့်ရမယ် Form ပေးပါတယ် Form ခ ၁၀၀၀ ကျပ် တစ်ခါတစ်လေ Free Form ရပီဆိုရင်မဖြည့်ပါနဲ့အုံး လဝက ကောင်တာတွေမှာအရင်ဆုံး ယူလာတဲ့ စာရွက်စာတမ်းတွေ စစ်ဖို့တန်းစီပါ လူအရှင်းဆုံးအတန်းမှာစီပါမသေချာရင် အဲ့မှာရှိနေတဲ့ ဝန်ထမ်းတွေ ရဲအရာရှိတွေကိုမေးပါ သက်တန်းတိုးသမားတွေက Counter 1 မှာတန်းစီရပါတယ် နိုင်ငံခြားမှာ သက်တမ်းတိုးလားတဲ့သူတွေဆို Counter 12 မှာတန်းစီရပါတယ် မှတ်ပုံတင်မှာ ကရင်+ဗမာ / ဗမာရှေ့မှာ (+) ဆိုရင်သွေးနှောလို့ဆိုပီ တစ်ခြားကောင်တာတစ်ခု မှာသီးသန့်စီရပီ ဦးစီးမှူးနဲ့ ဝင်တွေ့ ရပါတယ် အဲ့အတန်းကအရှည်ဆုံးနဲ့အချိန်အကြာဆုံးပါ လဝက form စစ် ၃၀၀၀ ကျပ်ပါ သွေးနှောသမား တွေက ၃၀၀၀+ ၅၀၀၀ အားလုံးစစ်ပီးသွားရင်ခုနပေးထားတဲ့ မူရင်း+ စာရွက်စာတမ်း တစ်စုံရယ် ဘဏ်သွင်းဖို့ စာရွက်ပေးပါတယ်
ခုနောက်ပိုင်းဘဏ်သွင်းမမှီလို့တစ်ရက်တည်းနဲ့မပီးတဲ့သူတွေကိုနောက်နေ့ပြန်လာလို့လွယ်အောင် Qr Code ထုတ်ထားတဲ့စာရွက်ပေါ်မှာ ဘဏ်သွင်းမမှီကြောင်းတံဆိပ်တုံးထုပီလက်မှတ်ထိုးပေးလိုက်လို့ နောက်နေ့မှ ရုံးပြန်သွားပီစာအုပ်လုပ်ရမှာပါ
10 - လဝကပေးတဲ့ ဘဏ်ငွေသွင်းဖို့စာရွက်နဲ့အထဲမှာရှိတဲ့ မြန်မာ့စီးပွားရေး ဘဏ်မှာ ၂၅၀၀၀ ပေးသွင်းပါ ဘဏ်ဘယ်နားရှိလဲမသိရင် အထဲကဝန်ထမ်းတွေ ရဲအရာရှိတွေကိုမေးပါမကြောက်ပါနဲ့သူတို့ပြောပြတယ် ဘဏ်ငွေသွင်းပီရင် ငွေသွင်းပီးကြောင်းစာရွက်ပြန်ပေးပါတယ်အချိန်နည်းနည်းကြာတတ်လို့ ဝင် ဝင်ခြင်းမှာယူလာတဲ့ Form ကိုဖြည့်ပါ Form ဖြည့်နေတုန်း ဘဏ်က ကိုယ့်နာ မည်ခေါ်တာကိုလဲနားစွင့်ထားပါ ကိုယ့်နာမည်ခေါပီဆိုဘဏ်ကပေးတဲ့ Slip စာ ရွက်ယူ ကိုယ့်နာမည် မှတ်ပုံတင်အမှတ် မှန်မမှန်ပြန်စစ်ပါ စစ်လို့မှန်ရင် ဓါတ်ပုံ ရိုက်ဖို့သွားပါ
11- PJ လုပ်မယ့်သူတွေဆို ရေသန့်ဘူး မုန့်တွေရောင်းတဲ့ဘေးနားက မှန်ခန်း ထဲမှာ လဝက စစ်ပီးပေးလိုက်တဲ့ Form မှာတံဆိပ်တုံးထုရပါတယ် ၃၀၀၀ ပေး ရ
12 - နောက်ဆုံးအဆင့် ဓါတ်ပုံရိုက်ဖို့တန်းစီပါ Counter 16 ( Data မှား တာတွေပြင်တဲ့နေရာ) ခုနောက်ပိုင်း PV ဆိုအပေါ်ထပ် PJ ဆိုအောက်ထပ်မှာ တန်းစီရပါတယ် လူအနည်းဆုံး Counter မှာတန်းစီပါ မိတ္တူတစ်စုံ ဖြည့်ထား တဲ့ Form ဘဏ်ငွေသွင်းပီးကြောင်း Slip သူတို့ကိုပေးပါ ဓါတ်ပုံရိုက် လက်ဗွေနှိပ် မျက်စိ Scan ဖတ် Tablet ပြားပေါ်မှာလက်မှတ်ထိုး အထဲမှာ သူတို့မေးတာ ပြန်ဖြေ ပီးရင် ၅၀၀၀ သွင်း
13 - ဓါတ်ပုံရိုက်တဲ့အခန်းမှာ အရေးကြီးဆုံးက PJ သမားတွေပါ PV (သို့) PJ လို့မေးပါမယ် အလည်ပတ်သမားတွေက PV ဘဲပြောပါ အလုပ်နဲ့သွားမယ့် သူတွေက PJ လို့ပြောပါ Labour Card မလုပ်ရသေးဘူးဆိုရင် အဲ့ဒီနေရာမှာ Labour Card လုပ်ချင်ကြောင်းပြောလိုက်ပါအပြင်ထက် ဈေးပိုများပါတယ် အရင်က ၅၀၀၀ ခုက ၁၀၀၀၀ ပေးရတယ် ဖြစ်နိုင်ရင် Labour Card ကိုအပြင် မှာတစ်ခါတည်းလုပ်သွားပါ အားလုံးပီးသွားရင် Passport စာအုပ်ထုတ်ဖို့ Slip ရပါပီ
14 - Slip ရရင်သေချာလေးပြန်စစ်ပါ မစစ်မိလို့ အချက်လက်တွေမှားနေရင် စာအုပ်ထွက်လာတဲ့အခါ Slip ထဲမှာပါတဲ့အတိုင်းထွက်လာမှာပါ စာအုပ်ထွက် မှပြန်ပြင်ချင်ရင် အစနေပြန်လုပ်ရတော့မှာမလို့ အချိန်နည်းနည်းပေးပီး သေချာ လေးစစ်ပါ ဒါကြောင့် Form ဖြည့်တုန်းကကိုယ်ရေးပေးထားတဲ့ အချက်လက် တွေအားလုံး မှန်လား မှားလား နာမည် English စာလုံးပေါင်း မွေးသက္ကရာဇ် PV /PJ Male & Female တွေကအရေးကြီးဆုံးပါ မှားနေရင်ပြန်ပြောပီပြင် ခိုင်းပါ အားလုံးမှန်တယ်ဆိုရင် Slip လေးယူပီအိမ်ပြန်လို့ရပါပီ
15 - နောက် ၁၀ ရက် ကြာရင်ရုံးသွားပီကိုယ့်ရဲ့ Passport စာအုပ်ထုတ်လို့ ရပါပီ ထုတ်ရမယ့်နေ့က စနေ တနင်္ဂနွေ အစိုးရ ရုံးပိတ်များ ဆိုရင်ထုတ်မရပါ ဘူး ရုံးပိတ်ရက်ပီးနောက်နေ့ကစ ရက်ပေါင်း ၉၀ အတွင်းထုတ်လို့ရပါတယ် စာအုပ်ထုတ်ရင်ပေးထားတဲ့ Slip နဲ့ ပြပီဝင်လို့ရပါတယ် (အစောကြီးသွားရင် တန်းစီရတာမလို့ နည်းနည်းနောက်ကျမှသွားပါ ၂ နာရီ လောက်သွားရင် တန်းစီစရာမလိုပါဘူး ) Online Booking ထပ်ယူစရာမလိုပါဘူးသွားထုတ်တဲ့ အခါ Slip ရယ် မှတ်ပုံတင်မူရင်းရယ်ယူသွားပါ ၃၀၀၀ ကျပ်ပေးရ Passport စာအုပ်ရပါပီ ၊၊
ကုန်ကျငွေ
Form - ၁၀၀၀ ကျပ်
လဝက စစ် - ၃၀၀၀ ကျပ်
ဘဏ်သွင်း - ၂၅၀၀၀ ကျပ်
ဓါတ်ပုံ ရိုက် - ၅၀၀၀ ကျပ်
စာအုပ်ထုတ် - ၃၀၀၀ ကျပ်
စုစုပေါင်း = ၃၇၀၀၀ ကျပ်
Wasap.my/60122012786
မလေးရှားပြန်Ci အကြောင်းလေးနဲနဲပြောပြမယ်အမေးများလွန်းလို့သိရသလောက် Ci က၅နှစ်ကျော်ရင်ပြန်၀င်လို့ရပါပြီ အကယ်၍ကိုယ်ကပြန်လာတာ...
10/11/2022
မလေးရှားပြန်
Ci အကြောင်းလေးနဲနဲပြောပြမယ်
အမေးများလွန်းလို့
သိရသလောက် Ci က၅နှစ်ကျော်ရင်
ပြန်၀င်လို့ရပါပြီ အကယ်၍ကိုယ်က
ပြန်လာတာ၅နှစ်ကျော်နေပြီး
အ၀င်မှာလက်ဗွေငြိနေရင်
ဘယ်လိုနည်းနဲ့၀င်မလည်း ???
ဘယ်လိုဖြေရှင်းမလည်း???
နံပတ် (၁)
ဘယ်နေ့ကပြန်လာတာလည်း
ကိုယ်ပြန်လာတဲ့နေ့ကိုမှတ်မိရမယ်
ကိုယ်က၅နှစ်ကျော်နေပြီဆိုရင်
မေးတဲ့အခါတိတိကျကျပြောနိုင်ရမယ်
နံပတ်(၂)
ဘယ်လေယာဥ်နဲ့ပြန်လာတာလည်း
ကိုယ်ပြန်ခဲ့တဲ့လေကြောင်းလိုင်းနဲ့
လေယာဥ်နံပါတ်ကိုပြောပြနိုင်ရမယ်
Air Asiaနဲ့လား MAIနဲ့လား Malaysia Airlineနဲ့လား
လေယာဥ်နံပတ်AK504 AK503 စသဖြင့်ပေါ့
ဒါတွေမှတ်မိနေရမယ် မေးတဲ့အခါပြောပြနိုင်ရမယ်
နံပတ်(၃)
မိမိအသုံးပြုခဲ့တဲ့ Passportနံပါတ်
Passport ထဲကနာမည် မွေးနေ့တွေ
အာလုံးကိုမေးတဲ့အခါပြောပြနိုင်ရပါမယ်
အကယ်၍Ci နဲ့ပြန်လာပြီး ၅နှစ်ကျော်လို့
ပြန်၀င်တဲ့အချိန်မှာငြိနေပါက
အထက်ပါအချက်၃ချက်နဲ့တိကျမှန်ကန်စွာပြောပြပြီး
ရှင်းပြလို့ရပါသည်တဲ့ဗျာ
အရေးကြီးတာကတော့ ကိုယ်ကပြန်၀င်တော့မယ်ဆို
အရင်မလေးမှာရှိနေစဥ် အသုံးပြုခဲ့တဲ့
Passport ထဲကအချက်တွေနဲ့
စာအုပ်အသစ်လုပ်ရင်ပဲဖြစ်ဖြစ်
သက်တမ်းတိုးတာပဲဖြစ်ဖြစ်
အရင်နာမည် အရင်မွေးနေ့တွေအားလုံးနဲ့
အတူတူပဲဖြစ်နေရပါမယ်
ဒါတွေတူနေမှ မေးတဲ့အခါလည်း
မှန်မှန်ကန်ကန်ဖြေနိုင်ရင်တော့
အဆင်ပြေမှာပါ
အပေါ်ကအချက်တွေက
Ciပြန် ၅နှစ်ကျော်ဆို
80%လောက်သေချာပေမဲ့
20%ကတော့မိမိရဲ့ကံပါပဲ
အတိအကျတော့အာမ မခံနိုင်ပါဘူး
အနီးစပ်ဆုံးနဲ့အဖြစ်နိုင်ဆုံးတွေကို
သိရသလောက်ပြန်လည်မျှဝေပေးတာပါ
တစ်ချို့ကသူများမှတ်ပုံတင်တွေသုံးပြီး
စာအုပ်အသစ်တွေလုပ်ကြ
အသက်တွေလျှော့ပြီးလုပ်ကြ
ကိုယ်ကCi နဲ့ပြန်လာပြီး
ပြန်၀င်မယ်ဆိုရင်
အဲတာတွေကိုရှောင်ရပါမယ်
မလေးလ၀ကမှာက မျက်လုံးScan ဖတ်
လက်ဗွေနှိပ်လိုက်တာနဲ့
မိမိရဲ့Bio Dataတွေကျန်နေသေးရင်
အားလုံးပြန်ပေါ်လာမှာပါ
အဲအချိန်ကျရင် အချက်အလက်တွေလွဲနေရင်တော့
ရှင်းလို့ရမှာမဟုတ်ပဲ ဆုတ်ပြန် ဆန်ပြုတ်ပါပဲ
နောက်ဆုံးတစ်ချက်ကတော့
မလေးရှားဘက်ကအရင်သူဌေးဖြစ်ဖြစ်
အေးဂျင့်ဖြစ်ဖြစ်အကူအညီတောင်းပြီး
မိမိရဲ့ Bio Data တွေကို၅နှစ်မကျော်သေးလည်း
ပိုက်ဆံပေးပြီး ဖျက်ခိုင်းလို့ရပါသည်တဲ့ဗျာ
အကောင်းဆုံးနဲ့အသေချာဆုံးကတော့
ISC ပါပဲ သူကလည်းခုနောက်ပိုင်း
ပြန်တောင်ဖွင့်ပါ့မလားပဲမလေးရှား
Fully Open ဖြစ်တဲ့အချိန်
ISC ပြန်ဖွင့်ပါစေပဲဆုတောင်းရတော့မယ်
တစ်ခုရှိတာက မြန်မာပြည်က
အေဂျင်စီတော်တော်များများက
Ci ပြန်ဆိုအလုပ်အပ်ရင်လက်မခံချင်ကြဘူး
အကြောက်တရားကြီးမားလွန်းကြတယ်
ဒါကတော့ Ci သမားတွေနဲ့နစ်နာစရာအချက်ပါ
ူရင်းပိုစ့်တင်သူ🙏🙏🙏
Wasap.my/60122012786
အသုံးအစွဲလေး လျှော့ကြရအောင်=========မြန်မာပြည်ရဲ့ လက်ရှိ အနေအထားအရ ရှေ့လာမယ့် ရက်တွေမှာ ပြည်သူများအတွက် စားဝတ်နေရေး ပိုပ...
12/08/2022
အသုံးအစွဲလေး လျှော့ကြရအောင်
=========
မြန်မာပြည်ရဲ့ လက်ရှိ အနေအထားအရ ရှေ့လာမယ့် ရက်တွေမှာ ပြည်သူများအတွက် စားဝတ်နေရေး ပိုပြီး ခက်ခဲဖို့ ဖြစ်လာနိုင်ပါတယ်။ ဒီတော့စားဝတ်နေရေးအတွက် အဓိက အရေးကြီးတာက ငွေပေါ့။ အဲဒီငွေကို ရှာဖို့ကတော့ သမ္မာအာဇီဝအလုပ်မှန်သမျှကို လုပ်ဖို့ လိုပါ့မယ်။ ငွေရရုံနဲ့ မပြီး။ အဲဒီငွေတွေကို စုဆောင်းနိုင်ဖို့က ပိုပြီး အရေးပါတယ်။ အပို မသုံးမိဖို့ ကြိုးစားဖို့ လိုပါ့မယ်။
(ဥပမာ)
- ဖုန်းဆင်းကဒ် ၂ ခု ၃ ခု မထားပဲ၊ တခုပဲ ထားပြီး ၂ ခု ၃ ခုစာ ဖုန်းကဒ်ဖိုးကို လျှော့ချကြည့်ပါ။
- မလိုအပ်ဘဲ ဖုန်းအကြာကြီး ပြောခြင်း ရှောင်ရှားပါ။
- ဆန်ဆိုလည်း တန်ဖိုးနည်းတဲ့ ဆန်ကို ဝယ်စားပါ။
- ဟင်းသီး ဟင်းရွက်များကို နေ လှမ်းပြီး သိမ်းထားပါ။ ချဉ်ပေါင်ရွက်များကိုကျိုပြီးရေခဲသေတ္တာမှာ
သိမ်းထားပါ။
- စျေးကြီးတဲ့ အစားအသောက်များကို ဝယ်မစားပါနဲ့။
- မလိုအပ်ဘဲ မီးတွေ မဖွင့်ပါနဲ့။
- လဘက်ရည် ထွက်သောက်မယ့်အစား အထုပ်ဝယ်သောက်ပါ။
- မနေနိုင်လို့ ဆေး လိပ်သောက်သူ ဖြစ်ပါက တနေ့လျှင် ဘယ်နှစ်လိပ်သာ သောက်မည်ဟု မိမိဖာသာ ကန့်သတ်ထားပါ။
- နံက်စာကို အပြင်မှာ ဝယ်စားခြင်းထက် အိမ်မှာ ထမင်းကြမ်းစားပါ။
- အသားဟင်းကို အာလူးစသည်နဲ့ ရော ချက်စားပါ။
- အိမ်ငှါးနေသူဖြစ်ပါက လက်တလော အိမ်ထက် ‌လခနည်းသည့် အိမ်ကို ငှါးနေပါ။
- ဒီအချိန်မှာ အဝတ်အစား အသစ် မလိုအပ်ပါ။
- အပန်းဖြေခရီး ထွက်ခြင်း သီးခံပါ။
- သာရေး နာရေးများကို တတ်နိုင်သမျှ မသွားပါနဲ့။
- ဖြစ်နိုင်ရင် ကိုယ့်သားသမီးကို ကိုယ်တိုင် စာသင်ပေးပါ။ ကျူရှင် မပို့ပါနဲ့။
- ၁ လုံး၊ ၂ လုံး၊ ၃ လုံး မထိုးပါနဲ။
- ပိုက်ဆံ သုံးဖို့ ရှိလာရင် သုံးသင့် မသုံးသင့် ၃ ရက် စဉ်းစားပါ။
- ရေဆာရင် ရေကိုသာ သောက်သုံးပါ။ (အခြားဟာ မစဉ်းစားသင့်။)
စသဖြင့် စသဖြင့် စသဖြင့်။သေချာပါတယ်။
ဒီနည်းလမ်းအတိုင်း ကျင့်သုံးရင် တလ ၅ သိန်းကုန်တဲ့ အိမ်ဟာ တလ ၂သိန်းခွဲသာ ကုန်ကျပါမည်။
ရှေ့ရေး ဝန်လေးမိလို့ ရေးမိပါတယ်။
'
23/07/2022
23/07/2022
လေဆိပ်သွားရင် မျက်စိမလည်ဖို့ 📝
နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိမ်တဲ့စိတ် အနည်းနဲ့အများ ရှိကြမယ်ထင်တယ်၊ ကျွန်တော်တို့လို ခရီးခဏခဏ သွားတဲ့သူတွေတောင် ခုချိန်ထိ လေဆိပ်အတွင်း Sign တွေလိုက်ကြည့်ပြီးပဲ သွားရတာပါ။ Dubai, Doha နဲ့ Kuala Lumpur တို့လို Transit အဝင်အထွက်များတဲ့ Airport တွေဆို Terminal တစ်ခုနဲ့တစ်ခုကူးဖို့ လေဆိပ်အတွင်း Bus နဲ့ Mini Train တွေတောင် ရှိတတ်ပါသေးတယ်။ ဒါပေမယ့် နိုင်ငံတကာက လေဆိပ်တွေအားလုံးရဲ့ အဆင့်ဆင့်ဖြတ်ကျော်ပုံက အတူတူပဲမို့ အထောက်အကူဖြစ်အောင် ဒီ Content လေး ရေးပေးလိုက်ပါတယ်၊ အသုံးလိုတဲ့အခါ ထုတ်ကြည့်လို့ ရအောင်ပေါ့...။
အဆင့် (၇) ဆင့်ကို အလွတ်မှတ်ထားပါ
၁။ Check-in Counter သွားမယ်
အရင်ဆုံး ကိုယ့်လေယာဥ် ဘယ် Terminal ကစီးရမှာလဲ သိရမယ်၊ အဲ့တာကလည်း Flight Ticket ထဲ ပါမှာမို့ စိတ်ပူစရာမလိုပါ။ ထွက်ခွာဆို Departure ကိုသွားပြီး ဆိုက်ရောက်က Arrival ပါ။ Departure Terminal အတွင်း ကြိုက်တဲ့ Gate ကဝင်ပြီး အရင်ဆုံးလုပ်ရမှာ Airline Check-in Counter ရှာရပါမယ်၊ လေဆိပ်တွေမှာ အပေါက်ဝဝင်ဝင်ချင်း LED Board တွေနဲ့ ဘယ် Airline Counter ကတော့ ဘယ် Roll မှာ A, B, C စသဖြင့် ရေးထားလို့ အဲ့မှာကြည့်ပြီး Sign အတိုင်းလိုက်သွားပါ၊ ကိုယ်စီးရမယ့် Flight နံပါတ် ပြထားတဲ့ Counter တွေ့ရင် တန်းစီ Passport ပေးပြီး Luggage အပ်၊ Check-in ဝင်ပါ။ Luggage အပ်တဲ့အခါ ကွဲတတ်တာတွေပါရင် တစ်ခါတည်းပြောပါ၊ Battery ပါတဲ့ Power Bank လို ပစ္စည်းတွေကတော့ ကိုယ်နဲ့အတူ လေယာဥ်ပေါ် Hand Carry သယ်သွားပါ။ မတော်တဆပါသွားခဲ့ရင် လေယာဥ်ပေါ်ရောက်ပြီးမှ ကိုယ့်နာမည်ခေါ်ပြီး ပြန်လာထုတ်ခိုင်းလို့ အရမ်းကို အလုပ်ရှုပ်တဲ့အပြင် လေယာဥ်ပါ Delay ဖြစ်နိုင်တာမို့ အထူးဂရုစိုက်ပါ။ (ခုက Traditional နည်းပဲ ရေးထားပါတယ် Online နဲ့ Self Check-in နည်းတွေပါရေးရင် ရှည်သွားမှာမို့ ဒီလောက်ပဲမှတ်ထားရင် ရပါပြီ)
၂။ Immigration ဖြတ်မယ်
Check-in ဝင်ပြီးပြီဆို ကိုယ်လေယာဥ်စီးရမယ့် လက်မှတ် Boarding Pass ရလာပါမယ်၊ အဲ့တာရပြီးပြီဆို လူဝင်မှုကြီးကြပ်ရေး Immigration ဆိုပြီး ရဲပုံလေးနဲ့ Sign နောက်ကို သွားပါ၊ ဒါမှမဟုတ် To Gates ဆိုတာနောက် လိုက်သွားလည်း ရပါ၏၊ ကိုယ်ဒီနိုင်ငံက ထွက်ခွာသွားပြီဆိုတဲ့ တုံးထုပေးဖို့ပါပဲ စိတ်ပူစရာမလို ကြောက်စရာမလို။ ကိုယ်သွားမယ့်နိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် Visa လိုတယ်ဆို ဒီနေရာမှာ စစ်ပါတယ်၊ မြန်မာပြည်က Departure Card ဆိုတာ ဖြည့်ရလို့ Check-in Counter မှာရလာတဲ့ Card ကိုဖြည့်ပြီး Immigration မှာပေးခဲ့ပါ။
၃။ Security စစ်မယ်
Immigration ကို ဖြတ်လာပြီးရင်တော့ လေယာဥ်စီးရမယ့် Gate တွေကို မရောက်ခင် ကိုယ့်ကိုရော လေယာဥ်ပေါ်ယူသွားမယ့် Hand Carry ကိုပါ Security စစ်ပါမယ်၊ ဒီနေရာမှာ အရည်ပါတဲ့ပစ္စည်းတွေ 100ml ထက်ပိုပြီး သယ်မရပါ Skincare ဘူးကြီးတွေဆိုလည်း အကုန်ထားခဲ့ရမှာမို့ Luggage အကြီးထဲထည့်ပေးလိုက်ဖို့ မမေ့ပါနဲ့။ လိုအပ်ချက်ပေါ် မူတည်ပြီး ဖိနပ်၊ ဦးထုပ်၊ အနွေးထည်နဲ့ ခါးပတ်တွေပါ ချွတ်ခိုင်းမှာမို့ သူတို့တောင်းဆိုတဲ့အတိုင်း လုပ်ပေးပြီး အစစ်ဆေးခံပါ။
၄။ စီးရမယ့် Gate ရှာမယ်
ဒီနေရာကို ရောက်လာပြီဆို စိတ်နည်းနည်းအေးရပါပြီ... To Gates ဆိုတဲ့ ဆိုင်းဘုတ်တွေနောက် လိုက်သွားပါ၊ Boarding Pass ပေါ်က ကိုယ်စီးရမယ့် Gate နံပါတ်ကို လိုက်ရှာပြီး Boarding Time မခေါ်ခင်ထိ Duty Free Area ထဲ သွားချင်တဲ့နေရာသွားပြီး စျေးဝယ် မုန့်စား ကော်ဖီသောက်ရင်း စောင့်ဆိုင်းရုံပါပဲ။ တစ်ခုသတိထားရမှာက Last Minute မှ Gate ပြောင်းတတ်လို့ ကိုယ့် Gate ကိုတော့ အမြဲ Check နေပါနော်။
၅။ လေယာဥ်ပေါ်တက်မယ်
Boarding ခေါ်တဲ့အခါ အသံနဲ့ကြေငြာပါတယ်၊ အများအားဖြင့် Business Class က အရင်ဝင်ရပြီး Economy Class ကတော့ သူပြီးရင် ဝင်ရပါတယ်၊ လေယာဥ်အတွင်းရောက်ပြီဆို ကိုယ့်ရဲ့ Seat နံပါတ်အတိုင်း လိုက်ရှာပြီး ထိုင်ပါ။ ကိုယ် Window Seat ဆို ကိုယ့်နံပါတ်ဘေးမှာ လေယာဥ်ပြတင်းပေါက်ပုံလေး ပြထားပါလိမ့်မယ်၊ မဟုတ်ရင်တော့ ဆန့်ကျင်ဘက်ခုံပေါ့။
၆။ Immigration ဖြတ်မယ်
Landing ဖြစ်ပြီး လေယာဥ်ပေါ်က ပြန်ဆင်းရပြီဆို Arrival ဆိုတဲ့ Sign အတိုင်းလိုက်သွားပါ၊ အရင်ဆုံး Immigration ဖြတ်ရမှာအပြင် တခြားမရှိပါ၊ ကိုယ့်မှာပါတဲ့ စာရွက်စာတမ်းတွေပြ၊ Officer က တုံးထု၊ လိုအပ်တဲ့ Scan ဖတ်တာတွေလုပ် ပြီးရင် သူတို့နိုင်ငံအတွင်း ဝင်လို့ရပါပြီ။ လေဆိပ်သွားရင် သပ်သပ်ရပ်ရပ်ဝတ်စားသွားဖို့ အရေးကြီးတယ်ဆိုတာ ဒီနေရာမှာ အရမ်းစကားပြောပါတယ်၊ ကိုယ့်ကိုမသင်္ကာရင် မသင်္ကာသလို ရစ်နိုင်လို့ ကိုယ်ကကြောက်နေတဲ့ပုံ မနေသင့်ပါဘူး၊ ပုံမှန်အားဖြင့်တော့ ဒီတိုင်းတုံးထုပေးပြီး မစစ်လိုက်တာများပါတယ်၊ ကျန်တာတော့ ကိုယ့်ကံပေါ့။
၇။ Baggage Claim မယ်
နောက်ဆုံးအဆင့်ရောက်ပါပြီ၊ Immigration က ထွက်တာနဲ့ ကိုယ့်ရဲ့ Flight က ဘယ်နံပါတ်မှာ Luggage တွေ ချပေးမလဲဆိုတာ ကြည့်ရမယ့် LED Board ကို ရှာပါ။ အဲ့မှာကြည့်ပြီး အထုပ်စောင့်ယူပြီးပြီဆိုရင်တော့ လိုအပ်တဲ့ Sim Card ဝယ်၊ ကိုယ်ဆက်သွားမယ့်နေရာ ဆက်သွားနိုင်ပါပြီ။
ဒီအဆင့်တွေအားလုံးက ကျော်စရာလည်းမလိုသလို ကျော်လို့လည်း မရပါဘူး... စိတ်ချမ်းသာပြီး အရာရာ အဆင်ပြေတဲ့ ခရီးစဥ်တွေ ဖြစ်ကြပါစေခင်ဗျာ။
With Love 💕
Kyaw Soe Lwin
01/07/2022
အမျိုးတို့ရေ သတိရှိရှိနေထိုင်ကြပါ အသွားလာဆင်ခြင်ပါ မလိုအပ်လျှင်အပြင်မထွက်ပါနဲ့ အစစအရာရာအဆင်ပြေပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
20/06/2022
မြန်မာပြည်.... အလည်ပြန်ရောက်ပြီးမှ
ခွင့်ရက်ပြည့် ပြန်ချင်သူများ
OWIC card လုပ်ဖို့အတွက် ခွင့်စာ
ဘွဲ့လက်မှတ် or ကျွမ်းကျင်လက်မှတ်
ဘာဆို ဘာမှ မရှိဖြစ်နေသူများအတွက်
မိမိ သူငှေး ထံသို.. whatapp ကနေ
အခု စာရွက် ပို့လိုက်ပါ ။
သူ့ ic နံပါတ် ဖြည့် လက်မှတ် ထိုးပြီးသား..ပြန်ပို့ တာကို
print ထုတ်ပြီး သွားတင်လို့ရပါပြီ ။ အဆင်ပြေကြပါစေ ။
မလေးရှားကနေ အလည်ပြန်ကြသူများလည်း
သူငှေးဆီက..အခုလို ခွင့်စာ ..တစ်ခါတည်းယူလာခဲ့ကြပါ ။
ခွင့်ပြန်ဆိုရင်....ပြန်ရောက်ရောက်ချင်း passport copy,
passport က အဝင်တုံးထုထားတဲ့စာမျက်နှာ copy,
အလုပ်လုပ်ခွင့် permit copy, ခွင့်စာ copy,
ဘွဲ့လက်မှတ်(သို့) ကျွမ်းကျင်ထောက်ခံစာ copy နဲ့
form မှပါတဲ့ နေပြည်တော်လိပ်စာကို
Royal Express ချောပို့နဲ့ပို့။
နေ့တိုင်း Safe Migration telegram page ကိုစောင့်ကြည့်။
အချက်အလက်မစုံလင်ရင်ထပ်တောင်းလိမ့်မယ်။
စုံရင် ၁ ပါတ်အတွင်း OWIC လုပ်ခွင့်ကျလာရင်
မြောက်ဒဂုံ ပင်လုံခန်းမ မှာ OWOC smart card သွားရိုက်ရုံပဲ။
အချက်လက်မစုံရင် အေးဂျင့်တွေကို ၃ သိန်းနဲ့ အပ်ကြရတယ်။
မလေးရှားမှာ နေတာကြာပြီးကိိုယ့်လစာကိုယ်မတွက်တတ်သေးတဲ့သူတွေအတွက်ရောခုမှလာမဲ့လူသစ်တွေအတွက်ရောကိုယ့်လစာကိုယ်တွက်တတ်အောင်သင်ပ...
30/05/2022
မလေးရှားမှာ နေတာကြာပြီး
ကိိုယ့်လစာကိုယ်မတွက်တတ်သေးတဲ့သူတွေအတွက်ရော
ခုမှလာမဲ့လူသစ်တွေအတွက်ရော
ကိုယ့်လစာကိုယ်တွက်တတ်အောင်
သင်ပေးမယ်နော်
ထုံးစံအတိုင်း
#ဆယာချီးဒွေဂဒေါ့ကြော်သွားပေးဘာ
မလေးရှားကအလုပ်သမားတွေအတွက်
ခုလကုန် အခြေခံလစာ၁၅၀၀အတည်ပြုလိုက်တာကြောင့်
၁၅၀၀ ကိုပဲဦးတည်ပြီးတွက်ပြပေးမယ်နော်
၁၅၀၀ ကျော်တဲ့သူတွေကလည်း
ယခုတွက်ပြတဲ့နည်းအတိုင်း
တွက်ကြည့်လို့ရပါတယ် ဒီနိုင်ငံရဲ့Law အရ
အိုတီကိုအခြေခံလစာ၂၀၀၀ ထိပဲတွက်ပေးပါတယ်
ဆိုလိုတာက ၂၀၀၀ ကျော်သွားရင်လည်း
အိုတီကြေးက၂၀၀၀ ထက်ပိုပြီးမရတော့ပါဘူး
တစ်ချို့စက်ရုံတွေက ၂၀၀၀ကျော်လည်း
အခြေခံလစာအတိုင်းအိုတီကိုတွက်ပေးပါတယ်
ရှိတော့ရှိတယ်ရှားတယ်ပေါ့
ဒါဆို ၁၅၀၀ နဲ့ပဲတွက်ပြမယ်နော်
အလုပ်သမားတစ်ယောက်ရဲ့
၁လလုပ်ရက်က ၂၆ရက်ပါ
၁ရက်တာအတွက်အလုပ်ချိန်က
၉နာရီပါ ထမင်းစားချိန်နဲ့လက်ဖက်ရည်သောက်ချိန်
၁နာရီနားတဲ့အတွက်
အလုပ်ချိန်၈နာရီက၈နာရီကျန်တယ်(တစ်ချို့စက်ရုံတွေ၁နာရီခွဲပေးနားတာရှိသလို တစ်ချို့စက်ရုံတွေက နာရီဝက်ထမင်းစားချိန် လက်ဖက်ရည်သောက်ချ်ိန်မနက်၁၅မိနစ် ညနေ၁၅မိနစ် အမျိုးမျိုးရှိကြတယ်)
ပုံမှန်အားဖြင့် နားချိန်က၁နာရီပဲအလွယ်မှတ်ကြတာပေါ့
Sunday /Public Holiday မပါဝင်သေးပဲ
ရိုးရိုးအိုတီနဲ့ပဲလစာကိုတွက်ကြည့်ရအောင်
အခြေခံလစာက ၁၅၀၀ပေါ့
ဒါဆိုရင် ၁၅၀၀ ကို ၂၆နဲ့စားလိုက်ပါ
1500÷26=57.69( ၁ရက်တာရဲ့အခြေခံလစာအလုပ်ချိန်၈နာရီအတွက်)
57.69က အလုပ်ချိန်၈နာရီအတွက်၁ရက်တာ Basic ကြေးပေါ့
အလုပ်ချိန်၈နာရီကျော်တာနဲ့ ပုံမှန်အလုပ်ဆင်းတဲ့ရက်တွေမို့
၁နာရီကို ၁ဆခွဲရပါတယ် အဲဒီ ၁ဆခွဲကိုဘယ်လိုရသလည်းဆိုတာက
ခုန ၁ရက်တာBasic ကြေးကို အလုပ်ချိန် ၈နာရီနဲ့ပြန်စား
57.69÷8=7.21 (၁နာရီပုံမှန်လုပ်အားခ)
၁ဆခွဲဖြစ်တာကြောင့်
၁နာရီရဲ့လုပ်အားခကို 1.5နဲ့ပြန်မြှောက်ပေးရတယ်
7.21×1.5=10.82(အိုတီ၁ဆခွဲဖြစ်တာကြောင့်ပုံမှန်အလုပ်ချိန်၈နာရီကျော်တာနဲ့၁နာရီကိုဒီလောက်ရမယ်)
ဒါဆို မနက်၈ခွဲကနေ ည၈ခွဲထိဆင်းရမယ်ဆိုရင်
ပုံမှန်အလုပ်ချိန်က မနက်၈ခွဲကနေ ညနေ၅နာရီထိ
၅ခွဲကနေ၈ခွဲထိက ၁ဆခွဲအိုတီ ၃နာရီရမယ်
အလုပ်ဆင်းရက်26ရက်ဖြစ်တာကြောင့်
နေ့တိုင်း၃နာရီရမယ်ဆိုရင် 26×3=78နာရီ
78×10.82=843.96(အိုတီ၃နာရီနေ့တိုင်းဆင်းရရင်26ရက်ဆင်းရတာကြောင့် 78နာရီအတွက် ရလာမဲ့ ၁ဆခွဲက ရင်းဂစ် 843.96)
ဒါဆို အခြေခံလစာနဲ့အိုတီ၇၈နာရီ၂ခုပေါင်းလိုက်ရင်
၁လကိုလစာက
1500+843.96=2343.96
2343×460=1077780(၁၀သိန်း၇သောင်း၇ထောင်၇ရာ၈၀ကျပ်)
၁လကိုဒီလောက်ရမယ်
တနင်္ဂနွေမဟုတ်တဲ့
အစိုးရရုံးပိတ်ရက်တွေကတော့
မဆင်းရရင်အခြေခံလစာရပါတယ်
ကံကောင်းလို့ တနင်္ဂနွေ (သို့မဟုတ်) တရားဝင်အစိုးရအလုပ်ပိတ်ရက်
၁ရက်လောက်ဆင်းရရင်လစာကပိုထွက်လာမှာ
တနင်္ဂနွေနေ့၁ရက်ဆင်းရတဲ့ဝင်ငွေကိုတွက်ပြမယ်
57.69÷26=7.21(၁နာရီပုံမှန်လုပ်အားခ)
အစိုးရရုံးပိတ်ရက်တွေက ၂ဆဖြစ်တာကြောင့်
7.21×2=14.42( ၁နာရီလုပ်အားခ)
အကယ်၍ မနက်၈ခွဲကနေ ၅ခွဲထိဆင်းရရင်
အလုပ်ချိန်က ၉နာရီဖြစ်တယ် ထမင်းစားချိန်အတွက်ပါ
ထည့်တွက်ပေးတယ် ဒါကြောင့်
9×14.42=129.78 (တနင်္ဂနွေ မနက်၈ခွဲကနေ၅ခွဲထိရတဲ့လစာ)
နေ့တိုင်းအိုတီ၃နာရီရမယ်
တနင်္ဂနွေ၁ရက်ဆင်းရမယ်ဆိုရင်
လစာက
2343.96+129.78=2473.74
လက်ရှိငွေစျေးက460 ဝန်းကျင်နဲ့မြှောက်ကြည့်ရအောင်
2473×460=1137580(၁၁သိန်း၃သောင်း၇ထောင်၅ရာ၈၀ကျပ်)
ကျန်တဲ့ရက်မှန်ကြေးတို့
တခြားဘာကြေးညာကြေးတို့ပါရင် (စက်ရုံတိုင်းမတူလို့
မတွက်ပြတော့ဘူး)
လစာကဒီထက်ပိုကောင်းဖို့ပဲရှိတာပေါ့
ဒါကြောင့်ခုချိန်လာတဲ့လူသစ်တွေအတွက်လစာ
၁၀သိန်းကျော်ရမယ်ဆိုတာရောက်မဲ့
စက်ရုံနဲ့ ဆင်းရတဲ့အိုတီပေါ်မူတည်ပြီးရနိုင်ပါတယ်လို့ပြောပါရစေ
အခြေခံလစာ 1500 ကိုပဲလက်ရှိငွေစျေး
460နဲ့ဆို ၇သိန်းနီးပါးရနေပြီလေ
#မှတ်ချက်
တစ်ခုရှိတာလစာတွေတိုးသလိုပဲ
ကုန်စျေးနှုန်းကလည်းတက်နေပါပြီ
ဒါကြောင့်ပြောချင်တာက
မလေးရှားကိုရောက်လာပြီဆိုရင်
ငါ၁လကိုဒီလောက်ရှာလို့ရနေတာပဲဆိုပြီး
ဘဝမမေ့ပါနဲ့ ဘဝင်မမြင့်ပါနဲ့
အထူးသဖြင့် အသောက်အစား
လောင်းကစားတွေနဲ့မပျော်ပါးမိပါစေနဲ့
ဖြတ်လမ်းကမလိုက်ပါနဲ့
သမာအာဇီဝကျတဲ့အလုပ်နဲ့ရလာတဲ့
ငွေကိုတန်ဖိုးထားကြပါ အလုပ်ကိုမှန်မှန်ဆင်း
ကြိုးစားပြီးလုပ် စေတနာထားပြီးလုပ်
စေတနာအကျိုးတကယ်ပေးတယ်
သုံးသင့်တာကိုသုံးပါ စုသင့်တာကိုစုပါ
ပို့သင့်တာကိုပို့ပါ ကိုယ်နိုင်ငံမှာ အလုပ်တွေ
ဘယ်လိုရှားပါးပြီး ပိုက်ဆံကိုဘယ်လိုရှာရတယ်ဆိုတာ
လုံးဝမမေ့ပါနဲ့ ရည်မှန်းချက်ပန်းတိုင်တွေထားပါ
ဘဝကိုမြှင့်တင်ပါ မိသားစုကိုထောက်ပံ့ပါ
နောက်ကမိသားစုတွေကလည်း
ပို့တဲ့ငွေတွေကို စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဖြစ်အောင်
ထိန်းသိမ်းကြပါ ငါ့သားလေးပို့နေတာပဲ
ငါ့ယောကျာ်းပို့နေတာပဲ ရှာနိုင်နေတာပဲဆိုပြီး
အောက်ခြေမလွတ်ကြပါတဲ့ နိုင်ငံခြားမှာပိုက်ဆံရှာရတာလည်း
မလွယ်ပါဘူး ဖျားနာရင်တောင် ပြုစုမဲ့သူ
စောင့်ရှောက်မဲ့သူရှိရင်တောင်
ကိုယ့်သွေးသားရင်းချာတွေလောက်
ဘယ်သူကကောင်းနိုင်မှာလည်း
ဖျားနာတဲ့အချိန် ဘယ်လောက်အားငယ်ရသလည်းဆိုတာ
နိုင်ငံခြားမှာလုပ်နေသူတွေပဲသိတယ်
ကဲကဲတော်သေးပြီနော်
လက်တွေလည်းညောင်းနေပြီ
ပြောမဆုံးပေါင်တောသုံးထောင်ပဲ
𝒩𝓌𝒶𝓎 𝒪ℴ
✍️✍️✍️
29•5•2022
28 Mei 2022.မလေးရှားနိုင်ငံတွင်၊ ဧပြီလ (၁)ရက်နေ့မှစပြီး နိုင်ငံတကာလေကြောင်းလိုင်းများပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး၊အလည်ဗီဇာ...
28/05/2022
28 Mei 2022.
မလေးရှားနိုင်ငံတွင်၊ ဧပြီလ (၁)ရက်နေ့မှစပြီး နိုင်ငံတကာလေကြောင်းလိုင်းများပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး၊အလည်ဗီဇာ,Evisa,Students Visa & Medical Visa များခွင့်ပြုပေးခဲ့ရာ ယခုအပတ်မှစတင်ပြီး KLIA 1 & 2 လေဆိပ်များကို ပူထာဂျာယာ,စီအိုင်ဒီ & လဘ်စားမှုပပျောက်ရေးအဖွဲ့များပူပေါင်းပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများပြုလုပ်လျက်ရှိ၊အထောက်အထားမခိုင်လုံသည့်အလည်ဗီဇာနဲ့ဝင်လာသည့်ဧည့်သည်များကိုဖမ်းဆီးနေမှုများရှိပါတယ်၊ဘင်္ဂလားဒေ့ရှ်၊အိနိယ & ပါကစ်စတန် လူမျိုးအများဆုံးအဖမ်းခံရပြီး၊သက်ဆိုင်နိုင်ငံသို့ပြန်လည်ပို့ဆောင်နေသည်ဟုသတင်းရရှိပါသည်။
Crd, IMG malaysia
မဂ်လာပါ
21/05/2022
မဂ်လာပါ
မလေးရှားနိုင်ငံ ကွာလာလမ်ပူ - အိမ်ပြင်ထွက်နေချိန် နှာခေါင်းစည်း ဖယ်ရှားခြင်းအပြင် ကိုရိုနာဗိုင်းရပ်အတွက် ကာကွယ်ဆေးအပြည့်ထ...
27/04/2022
မလေးရှားနိုင်ငံ ကွာလာလမ်ပူ - အိမ်ပြင်ထွက်နေချိန် နှာခေါင်းစည်း ဖယ်ရှားခြင်းအပြင် ကိုရိုနာဗိုင်းရပ်အတွက် ကာကွယ်ဆေးအပြည့်ထိုးထားသော ခရီးသွားများအတွက် လိုအပ်မှုကို လျှော့ချခြင်းအပါအဝင် မေလ ၁ ရက်နေ့မှစ၍ COVID-19 ကန့်သတ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း မလေးရှားက ကြေညာခဲ့သည်။ စျေးဝယ်စင်တာများနှင့် အများသုံးသယ်ယူပို့ဆောင်ရေး အပါအဝင် အိမ်တွင်းမျက်နှာဖုံးများ ဝတ်ဆင်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီး Khairy Jamaluddin က ပြောကြားခဲ့သည်။ အပြင်မှာ နှာခေါင်းစည်းတပ်တာက ရွေးချယ်နိုင်ပေမယ့် အားပေးနေတုန်းပါပဲ” ဟု ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၇ ရက်) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။ ပြည်သူများအား ရမ်ဇာန်စျေးဆိုင်များ၊ အားကစားကွင်းများနှင့် အားကစားကွင်းများကဲ့သို့သော လူစည်ကားသောနေရာများတွင်လည်း အပြင်ဘက်တွင် နှာခေါင်းစည်းဝတ်ဆင်ရန် တိုက်တွန်းထားကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ ညဈေးများ။ Mr Khairy မှ နိုင်ငံတွင်းသို့ ခရီးသွားများအတွက် စမ်းသပ်မှု ပရိုတိုကောများ - ထွက်ခွာအကြို နှင့် ဆိုက်ရောက် စစ်ဆေးမှုများ - ကာကွယ်ဆေး အပြည့်အစုံ ထိုးထားသူများ၊ COVID-19 ကူးစက်မှုမှ ပြန်လည်ကောင်းမွန်လာသူများအား ၎င်းတို့၏ ရက်မတိုင်မီ ခြောက်ရက်မှ 60 ရက်အထိ ကျဆင်းသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ ထွက်ခွာမည့်သူများအပြင် အသက် 12 နှစ်နှင့်အောက် ခရီးသွားများဖြစ်သည်။ သို့သော်လည်း COVID-19 ကာကွယ်ဆေး အပြည့်အဝမထိုးရသေးသူများသည် အဆိုပါစစ်ဆေးမှုများကို ခံယူရမည်ဖြစ်ပြီး မဖြစ်မနေ quarantine ငါးရက်ကြာ စောင့်ကြည့်ရမည်ဖြစ်ကြောင်း Mr Khairy မှ ပြောကြားခဲ့သည်။ ခရီးသွားအာမခံသည် နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများအတွက် လိုအပ်ချက်မဟုတ်တော့ပါ။ “မလေးရှားကိုလာဖို့ ခရီးသွားအာမခံရှိဖို့ မလိုတော့ဘူး” ဟု ၎င်းက ဆိုသည်။
https://youtu.be/rWw_Gugw-34
Malaysia will broadly lift COVID-19 restrictions from Sunday (May 1), with the wearing of masks outdoors no longer mandatory. Pre-departure and on-arrival te...
မေလ ၁ ရက်နေ့မှစပီး အပြင်သွားရင် တစ်နေရာဝင်ရင် ဖုန်းနဲ့ကော စာနဲ့ကော မှတ်စရာမလိုတော့ဘူး Mask လည်းတပ်စရာမလိုတော့ဘူးလူများမျ...
27/04/2022
မေလ ၁ ရက်နေ့မှစပီး အပြင်သွားရင် တစ်နေရာဝင်ရင် ဖုန်းနဲ့ကော စာနဲ့ကော မှတ်စရာမလိုတော့ဘူး Mask လည်းတပ်စရာမလိုတော့ဘူး
လူများများရှိတဲ့နေရာပဲ mask တပ်ရမယ်
ဆေးထိူးထားသည်ဖြစ်စေ မထိုးသည်ဖြစ်စေ
ကြိုက်တဲ့နေရာ ဝင်လို့ရပီ
PV ( Visit Passport) & PJ (Job Passport)မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ လာဖို့ ရွှေမြန်မာ အများစု နိုင်ငံကူးလက်မှတ်(...
18/04/2022
PV ( Visit Passport) & PJ (Job Passport)
မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ လာဖို့ ရွှေမြန်မာ အများစု နိုင်ငံကူးလက်မှတ်(ပါတ်စ်ပို့) လျှောက်ရာဝယ် အမေးခံရဆုံး မေးခွန်းတခုမှာ Passport Type ကို PV လုပ်ရမှာလား PJ လုပ်ရမှာလား ????
PV – Visit Passport; ပြည်ပသို့အလည်အပတ်သွားလိုသူ များအတွက်PJ – Job Passport; ပြည်ပ အလုပ်အကိုင် အတွက် မလေးရှား လာဖို့ အတွက်ပဲ ဆိုရင်တော့
------------------------------------------
* PV လျောက်မယ်ဆိုရင် ကိုယ့်ဖာသာကိုယ်လျောက်လို့ရတယ်။မလေးအလည်ဗီဇာ တင်လို့ရတယ်။ မလေးရောက်ပီး ပါမစ် တင်မယ်ဆိုရင်လည်း PV နဲ့ ပါမစ် တင်လို့ရတယ်။
------------------------------------------
* PJ လျောက်မယ် ဆိုရင် yangon က Manpower Agency တခုက အာမခံ စာရွက်စာတမ်းပေးမှ စာအုပ် လျောက်လို့ရတယ်။ ရိုးရိုး ကောလင်း( A to A ) အေဂျင်စီ နဲ့ လာရင် smart card လျှောက်တာ၊ ကောလင်းကျပီး ဗီဇာ လျောက်တဲ့ အခါ PJ စာအုပ်ဖြစ်နေဖို့ လိုပါတယ်၊မြန်မာပြည် ကထွက်ဖို့ အတွက် လိုတာဖြစ်ပီး မလေးရှား ဘက်ကတော့ ပါမစ်ကပ်ပေးဖို့ကို PV , PJ မကြည့် ပါဘူး။
PJ စာအုပ်ဟာ တရားဝင် ကောလင်းနဲ့ မလေးရှား သွားဖို့ အတွက် လုပ်ရတာလို့ နားလည်လို့ ရပါတယ်။ထူးခြားတာက PJ စာအုပ်နဲ့ အလည် ဗီဇာ သွားတင်လည်း ရပေမယ့် PV စာအုပ်နဲ့ တရားဝင် ကောလင်းနဲ့ လာလို့ မရတာပါပဲ။
ဒါကြောင့် တရားဝင် ကောလင်းနဲ့ မလေးရှားလာချင်သူတွေက မှားပီး PV စာအုပ်လုပ်ထားရင် PJ type စာအုပ် ပြောင်းဖို့ လိုပါမယ်။
PV ကနေ PJ ပြောင်းဖို့ အေဂျင်စီတွေရဲ့ အာမခံ စာရွက်စာတမ်းတွေ အရင်လို မလိုတော့ ဘဲ ကိုယ့်ဖာသာ ကိုယ် လွယ်လွယ် ကူကူ ရုံးမှာ သွားလျှောက်လို့ ရပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုပါတယ်။
#ကိုမောင်မောင်
၂၀၂၂ ခုနှစ်  ဧပြီလ (၁၇) ရက်နေ့ မှစတင်၍ ပုံမှန်လေကြောင်းလိုင်း များ ပြန်လည် ပြေးဆွဲတော့မည် ဖြင့်သဖြစ် ပြည်ပလေယာဉ်များဖြင့...
06/04/2022
၂၀၂၂ ခုနှစ် ဧပြီလ (၁၇) ရက်နေ့ မှစတင်၍ ပုံမှန်လေကြောင်းလိုင်း များ ပြန်လည် ပြေးဆွဲတော့မည် ဖြင့်သဖြစ်
ပြည်ပလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြမည့် ခရီးသွားများအနေဖြင့် ( ကွာရတင်း )
Quarantine (၂၄) နာရီသာ နေရတော့မှာ ဖြစ်ပါသည်.
လေယာဉ်ဆိုက်ရောက်သည့် အချိန်ပေါ် မူတည်ပြီး ဓါတ်ခွဲစစ်ဆေးမှုကို ပြုလုပ်သွားမှာ ဖြစ်ပါသည်.
Crd
ကိုဗစ်(၁၉)ရောဂါကြောင့် ယာယီပိတ်ထားသည့် နိုင်ငံတကာလေကြောင်းခရီးစဥ်များအား ဧပြီ ၁၇ ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြုမြန်မာနို...
19/03/2022
ကိုဗစ်(၁၉)ရောဂါကြောင့် ယာယီပိတ်ထားသည့် နိုင်ငံတကာလေကြောင်းခရီးစဥ်များအား ဧပြီ ၁၇ ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြု
မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန်နှင့်မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာ၌ လွယ်ကူချောမွေ့စေရေးတို့အတွက် ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ထိန်း ချုပ်၊ကုသရေး(ဗဟို)ကော်မတီမှထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာလေကြောင်းခရီးစဉ်များ ယာယီကန့် သတ်သည့်အစီအစဉ်အား ဧပြီ ၁၆ ရက်ည ၁၁ နာရီ ၅၉ မိနစ်အထိ သတ်မှတ်ထားပြီး ဧပြီ၁၇ရက်(မြန်မာနှစ်ဆန်းတစ်ရက်) နံနက် ၁၂ နာရီမှစတင်၍ နိုင်ငံတကာလေကြောင်းခရီးစဉ်များအား ကိုဗစ်(၁၉)ရောဂါပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ သတ်မှတ်စည်းကမ်းချက်များ အ တိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ခြင်းဖြစ် သည်။
ကိုဗစ်(၁၉)ရောဂါကူးစက်ဖြစ်ပွားမှုအား ထိန်း ချုပ်နိုင်ရန် နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်ဆင်းသက်ခြင်းအား ယာယီကန့်သတ် Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ဆိုင်ရာညွှန်ကြားချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ၂၀၂၀ ပြည့်နှစ်၊မတ် ၂၉ ရက်မှစတင်ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ်၊မတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့သည်။
ကိုဗစ်(၁၉)ရောဂါ မြန်မာနိုင်ငံတွင်းကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့်တုံ့ပြန်ဆောင်ရွက်ခြင်းများအား ထိရောက်စွာဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ကူး စက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ(ခ)အရ အသက်ရှူလမ်းကြောင်းဆိုင် ရာရောဂါကူးစက်မြန်ရောဂါ(သို့)တိုင်ကြားရမည့်ကူးစက်ရောဂါအဖြစ် ၂၀၂၀ ပြည့်နှစ်၊ဖေဖော်ဝါရီ ၂၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
စာအုပ်တစ်အုပ် ရရှိထားသည် စာအုပ်ပိုင်ရှင်သိအောင် မိတ်ဆွေများအားလုံး ဝိုင်းပြီးကူညီပါ ကျေးဇူးပြုပြီး Share ပေးကြပါ၊Name: M...
11/03/2022
စာအုပ်တစ်အုပ် ရရှိထားသည် စာအုပ်ပိုင်ရှင်သိအောင် မိတ်ဆွေများအားလုံး ဝိုင်းပြီးကူညီပါ ကျေးဇူးပြုပြီး Share ပေးကြပါ၊
Name: Ma Kyi
passport number: MB.463378 စာအုပ် ပိုင်ရှင်အမြန် ဆက်သွယ်ပါ
0108384599
02/03/2022
နယ်မြို့များမှ လာမယ့်မိတ်ဆွေများ ကေအလ်မြို့တွင် နေထိုင်ဖို့စီစဉ်ထားပါတယ်။
Address
Jalan Taming Satu
Kuala Lumpur
50000
Alerts
Be the first to know and let us send you an email when တော်ဝင် ခရီးသွားနှင့် အထွေထွေအကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Videos
Share
Other Kuala Lumpur event planning services
Show All