Myanmar Bus Ticket

  • Home
  • Myanmar Bus Ticket

Myanmar Bus Ticket အဝေးပြေးကားလက်မှတ်များကို မူရင်းဂိ

30/09/2021
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ
07/02/2021

လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ

လောကကြီးက မကောင်းဘူး မကောင်းဘူးဆိုပြီး သွားပြီးအရွဲ့မတိုက်နဲ့ .. မင်းအရွဲ့တိုက်လို့ လောကကြီးက ဘာမှဖြစ်မသွားဘူး .. 👉 မင်း...
07/02/2021

လောကကြီးက မကောင်းဘူး မကောင်းဘူးဆိုပြီး
သွားပြီးအရွဲ့မတိုက်နဲ့ ..
မင်းအရွဲ့တိုက်လို့ လောကကြီးက ဘာမှဖြစ်မသွားဘူး ..
👉 မင်းဘဲ .. စောင်းငန်းစောင်းငန်းဖြစ်သွားမှာ 😊

ဆရာကီုးဦးအောင်သင်း

အချိန်လွန်မှ နောင်တရတတ်တဲ့ အချက်တွေကကိုယ်သွားချင်တဲ့နေရာလေးတွေမသွားဖြစ်ခဲ့တာ !!ကိုယ်လုပ်ချင်တဲ့အလုပ်လေးတွေမလုပ်ဖြစ်ခဲ့တာ...
06/02/2021

အချိန်လွန်မှ နောင်တရတတ်တဲ့ အချက်တွေက

ကိုယ်သွားချင်တဲ့
နေရာလေးတွေမသွားဖြစ်ခဲ့တာ !!

ကိုယ်လုပ်ချင်တဲ့
အလုပ်လေးတွေမလုပ်ဖြစ်ခဲ့တာ !!

ကိုယ်ရဲ့ရှင်သန်မှုလေးကို
အမှတ်ရစရာအဖြစ်မဖန်တီးဖြစ်ခဲ့တာ !!

ကိုယ်စားချင်တဲ့
အစားအသောက်လေးတွေမစားဖြစ်ခဲ့တာ !!

ကိုယ်ချစ်တဲ့သူတွေကို
ကျေးဇူးတင်ကြောင်းမပြောဖြစ်ခဲ့တာ !!

တချို့အချက်တွေကတော့
အခုကတည်းကနောင်တရနေတဲ့သူတွေ
ရှိမယ်ထင်ပါတယ် !!

#လွှမ်းရစ်ဖူး((Hlwan Yit Phoo))

ရက်စက်တယ် ညိုမ !အောင်နက်နဲ့က သူငယ်ချင်းတွေပါဆိုလို့စောဒကမတက်  ဒေါသမဖက်ဘဲစိုတဲ့လက် မခြောက်စေဖို့ ခွင့်လွှတ်ပေးခဲ့တာအခုတော...
05/02/2021

ရက်စက်တယ် ညိုမ !
အောင်နက်နဲ့က သူငယ်ချင်းတွေပါဆိုလို့
စောဒကမတက် ဒေါသမဖက်ဘဲ
စိုတဲ့လက် မခြောက်စေဖို့ ခွင့်လွှတ်ပေးခဲ့တာ
အခုတော့ . . .ခေါင်းထက်မှာ ဂျိုပေါက်သွား
ခွေးဘဝကနေ နွားဖြစ်ပါပေါ့လားဟယ် !

အောင်နက်နဲ့ တွဲနေကတည်းက
မွဲနေတဲ့ခွေး ပြာပုံမတိုးလောက်ဘူး အထင်နဲ့
ကြင်နာခြင်းအသင်္ချေ မေတ္တာတွေအနန္တ
ငါ့မှာတော့ ချစ်လိုက်ရတာ
နင်ပြောတော့ သူငယ်ချင်းတဲ့လား ?
မသိချင် မကြားချင်လို့
စိန်ပန်းပင်အောက် ဝပ်လျားမှောက်အိပ်
နင့်စိတ်နဲ့ နာကျင်နေလည်း အပြစ်မမြင်
ချစ်လင်ဟာ ငါပါလားလို့ တွေးရင်း
သံသရာမြစ်မှာ အဖန်တစ်ရာ နစ်စေဦးတော့
ချစ်တဲ့စိတ်တစ်ခုနဲ့
ခေါင်းမော့ ကျေအေးပေးခဲ့တယ်..
လယ်ကွင်းထဲမှာ ကြွက်ဖမ်း
နောက်ဖေးလမ်းက အရိုးတွေကအစ
အိမ်ရှင်အကြိုက် ဟောင်ပေးရင်း ရလာတဲ့
ထမင်းဟင်းကျန်တွေ အဆုံး
နင်ဆာလောင်ရင် ငါ့အသဲနှလုံးကို နှုတ်ကျွေးဖို့ထိ စိတ်ကူးပြီး ချစ်ခဲ့ရတာပါ ညိုမ !

ရက်စက်တယ် ညိုမ
အခု ဘယ်လိုလုပ်ကြမလဲ ?
ငါနဲ့မတူ ငါ့ရန်သူ လုပ်လို့လည်းမရ
နင်မွေးခဲ့တဲ့ ကလေးတွေဟာ
ငါ့သားသမီးတွေပါလို့ ကျိန်ပြောလည်း မယုံ
လွှမ်းခြုံစောင့်ကြည့်နေတဲ့ ပတ်ဝန်းကျင်ကြား
ဘယ်လိုအင်အားနဲ့ ရပ်တည်သွားရမလဲ
စိတ်ဆင်းရဲတယ် ညိုမရယ်..

3 in 1 နေရအောင် ကော်ဖီမစ်လဲ မဟုတ်
မင်းတို့အဖေဟာ အောင်နက်ပါလို့ ပြောပြီး
တစ်သက်စာ ငါက လုပ်ကျွေးနေရမှာလား
တံခါးနဲ့သာ ဆောင့်ပစ်ချင်ပါရဲ့ ငါ့မျက်နှာ..

အောင်နက်နဲ့ယူဖို့ ကွာရှင်းပေးရအောင်လည်းသူများနဲ့ညားတဲ့ ရည်းစားမဟုတ်
လင်ကြီးငုပ်တုတ်နဲ့ ဖောက်ပြန်ခဲ့ကြတာ
လူသာဆိုရင် တရားစွဲပစ်ချင်ပါရဲ့
ဒါပေမယ့် . . . သစ္စာမမဲ့ရက်ပါဘူး
ချစ်လျာသက်ဦး ညိုမရယ်..

ငါနင့်ကို ယူခဲ့တာ တစ်ဘဝစာ မျှော်လင့်ရင်း
အမှိုက်ကျင်းကနေ လူ့ဘုံဆီထိ
ဘယ်သူ့မှ မယုံကြည် သစ္စာရှိရှိနဲ့
နှစ်ယောက်အတူ လက်တွဲကြမယ်လို့ စိတ်ကူးခဲ့တာ အခုတော့ သစ္စာတရားက
အောင်နက်ဆီမှာ လမ်းဆုံးခဲ့ပြီ !
နင် ရက်စက်တယ် ညိုမ
ငါ့ကို မေ့လိုက်ပါ ညိုမ
အောင်နက် နဲ့ တွဲနေတာ တွေ့ကတည်းက
ဟောဒီရင်ဘတ်ကြီးက ဆွေ့ဆွေ့ခုန်နေတာ
တော်သလင်းလက စတဲ့ ဇာတ်လမ်း
ပြာသိုလမှ လက်သည် လာမရှာနဲ့..

လူမဟုတ်ပေမယ့်
အပူရုပ်နဲ့ ခံစားတတ်တယ်
ကျောခိုင်းတတ်တယ်..
အနာဂတ်ဆိုတာ
ဓါတ်တိုင်အောက်
ဝပ်လျားမှောက်နေရုံနဲ့ မပြီးဘူး
ရပ်တည်မှုတစ်ခုအတွက်
ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရတယ်..

ငါ ရှာကျွေးခဲ့တဲ့ အသားတစ်မြုံက
သူရှာပေးခဲ့တဲ့ အရိုးတစ်ကိုက်စာလောက်
နင် ရင်မခုန်စေခဲ့တာ ငါရင်နာတယ်
နင့်ကို စိတ်နာတယ် ညိုမ..♥ ♥

Credit Wai Yan Phyo

ဘုရားက ငါ့ကို ကိုးကွယ်လို့မဟောဘူးဗုဒ္ဓကို ကိုးကွယ်လို့ပြောတာ။ဗုဒ္ဓဆိုတာ သိသူ ၊သိတဲ့ပုဂ္ဂိုလ်ကို ကိုးကွယ်မှ မသိတာတွေ သိလာ...
05/02/2021

ဘုရားက ငါ့ကို ကိုးကွယ်လို့မဟောဘူး
ဗုဒ္ဓကို ကိုးကွယ်လို့ပြောတာ။
ဗုဒ္ဓဆိုတာ သိသူ ၊
သိတဲ့ပုဂ္ဂိုလ်ကို ကိုးကွယ်မှ မသိတာတွေ သိလာမှာပေါ့။
မသိသူကို ကိုးကွယ်လို့ ဘာလုပ်မှာလဲ။

( ကိုးကွယ်ခြင်း၏ အမြင့်ဆုံးရည်မှန်းချက် တရားတော် )
#ပါမောက္ခချုပ်မိတ်ဆက်စာအုပ်မှ

❛ ဂရု မစိုက်နဲ့ ❜❒❒❒❒❒❒❒❒❒❒☛ မင်းမှန်နေပေမဲ့ မင်းကိုမှားတဲ့လို့ပြောနေကြတဲ့               လူတွေကို ❛ ဂရုမစိုက်နဲ့ ❜﹏﹏﹏﹏﹏﹏...
04/02/2021

❛ ဂရု မစိုက်နဲ့ ❜
❒❒❒❒❒❒❒❒❒❒

☛ မင်းမှန်နေပေမဲ့ မင်းကိုမှားတဲ့လို့ပြောနေကြတဲ့

လူတွေကို ❛ ဂရုမစိုက်နဲ့ ❜
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏

☛ ကိုယ့်မှာရှိတဲ့အခက်အခဲ့တွေ ကိုယ်ပဲသိတာ

သူတို့သိမှာမဟုတ်ဘူး ရှင်းပြဖို့လည်းမလိုဘူး

❛ ဂရုမစိုက်နဲ့ ❜
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏

☛ မင်းဆုံးဖြတ်ချက်တွေအကြောင်း မင်းအသိဆုံး

တခြားလူတွေရဲ့ မေးခွန်းပေါ်အဖြေပေးနေစရာ

မလိုဘူး 'ဂရုမစိုက်နဲ့
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏

☛ မင်းဘယ်လောက်ပဲသစ္စာရှိရှိနေပေး

မင်းကိုမယုံကြည် တဲ့သူအတွက်

ငါ့ကိုယုံပါ လို့ ပြောစရာမလိုဘူး ဂရုမစိုက်နဲ့
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏

☛ မင်းဘယ်လောက်ပဲချစ်ပေးချစ်ပေး

မင်းအချစ်ကိုအလေးမထားတဲ့လူအတွက်

ချစ်နေစရာမလိုဘူး ဂရုမစိုက်နဲ့
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏
☛ တခြားလူတွေမင်းယုံကြည်ဖို့ထက်

မင်းကိုယ်မင်းယုံ့ကြည်ဖို့လိုတယ်
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏

☛ တခြားလူတွေ ရဲ့ အထင်အမြင်တွေကို

ဂရုစိုက်ဖို့ထက် မင်းကိုယ်မင်း ဂရုစိုက်ဖို့လိုတယ်
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏

ကိုယ့်လမ်းကိုလျှောက်✔
ကိုယ့်ကိုယ်ကို ဂရုစိုက်✔
ကိုယ့်ကိုယ်ကို တန်ဖိုးထား✔
ကိုယ့်ကိုယ်ကို ချစ်✔
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏

📚 စာပေချစ်သူများအားလုံး အစဉ်လေးစားလျှက်🤝

သည်းခံခြင်းဖြင့် ဘဝကိုအောင်မြင်သူများဖြစ်ကြပါစေ။
04/02/2021

သည်းခံခြင်းဖြင့် ဘဝကိုအောင်မြင်သူများဖြစ်ကြပါစေ။

 #ကျွန်မရဲ့အတွေး #ကျွန်မကမျက်နှာထား မာချင်မာနေပေမယ့်စိတ်သဘောထားက နူးညံ့ပျော့ပြောင်းလွန်းတာကိုလူတချို့က မသိကြဘူးလေ #ကျွန်...
03/02/2021

#ကျွန်မရဲ့အတွေး

#ကျွန်မက
မျက်နှာထား မာချင်မာနေပေမယ့်
စိတ်သဘောထားက နူးညံ့ပျော့ပြောင်းလွန်းတာကိုလူတချို့က မသိကြဘူးလေ

#ကျွန်မက
သိမ်သိမ်မွေ့မွေ့စကားပြောမတတ်သူမို့
မချောမွေ့သောစကားလုံးတွေမှာ
မုသားတွေမပါမှန်း လူတချို့က
မသိကြဘူးလေ

#ကျွန်မက
သမားရိုးကျဘဝမှာ ကျင်လည်နေရတော့ ဟိတ်ဟန်မရှိတဲ့
ကျွန်မသွင်ပြင်ဟာ အဂတိကင်းစင်မှန်း
လူတချို့ကို နားမလည်ကြပြန်ဘူးလေ

#ကျွန်မက
အတက်အကျကြမ်းတဲ့ ဘဝကိုလျှောက်လှမ်း‌ေနရသူမို့
ဘဝကိုအလေးအနက်မထားတတ်တဲ့လူတွေကိုတွေ့ ရင်
အလိုလို စိတ်တိုင်းမကျဖြစ်မိတဲ့ ကျွန်မကို လူတချို့က နားလည်မှု လွဲကြပြန်တယ်လေ

#ကျွန်မက
အပိုစကားလည်း မပြောတတ်ဘူး
သူများအကြောင်းလည်း စိတ်မဝင်စားတတ်သူမို့
အတင်းစကားတွေနှင့် ပျော်မွေ့နေသူ တချို့အတွက်
ကျွန်မဟာ လူထူးလူဆန်းသဖွယ် ဖြစ်လာခဲ့တယ်လေ

#ကျွန်မက
ရှိရင် ရှိတယ် မရှိရင် မရှိဘူး
ခတ်ပြတ်ပြတ် ပြောတတ်သူမို့
လူတချို့ရဲ့ပါးစပ်ဖြားမှာ
ကျွန်မဟာ လူ့ငမွဲတယောက်ပမာဖြစ်လာခဲ့တယ်လေ

#ကျွန်မက
ဟန်ဆောင်လည်း မကောင်းဘူး
မုသားစကားထက် ဘုဘောက်သာပြောတတ်ပြန်တော့
လူတချို့ကမောက်မာတတ်သူလို့
ရိုးစွပ်ချင်ကြပြန်တယ်

#ကျွန်မက
အပေါ်ယံ ဟန်ဆောင်အပြုံးထက်
ကိုယ့်ရင်တွင်းကလာတဲ့ စာနာစိတ်ဖြင့်
စေတနာထားပြီး ကူညီပေးတတ်သော်လည်း
ဟန်ဆောင်မှုနဲ့ကျင့်သားရနေတဲ့လူတချို့ကမမြင်တတ် တော့ဘူးလေ

#တခါတေလမှာ
ကျွန်မ တွေးမိတာလေးရှိတယ်
ဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ
တချို့အရာတွေကို ဦးနှောက်ထဲမထည့်သင့်သလို
တချို့လူတွေကိုလည်းရင်ဘတ်ထဲ
မထည့်သင့်ဘူးဆိုတာကို
ကျွန်မ အလိုလို နားလည်သဘောပေါက်လာပါတယ်လေ

ဒေါက်တာ မသိင်္ဂီ ( ရန်ကုန်တက္ကသိုလ် )

ပုတီးတွေစိပ် ဘုရားစာတွေ ရွတ်ဖတ်နေပြီး စိတ်က တစ်ခြားရောက်နေတော့ ဘာကုသိုလ်မှ မရဘူးလို့တော့ မပြောကြပါနဲ့။ပုတီးဘဲ စိပ်နိုင်လ...
03/02/2021

ပုတီးတွေစိပ် ဘုရားစာတွေ ရွတ်ဖတ်နေပြီး စိတ်က တစ်ခြားရောက်နေတော့ ဘာကုသိုလ်မှ မရဘူးလို့တော့ မပြောကြပါနဲ့။

ပုတီးဘဲ စိပ်နိုင်လား စိပ်ပါ...

ပရိတ်တွေ ပဋ္ဌာန်းတွေရော ရွတ်နိုင်သေးလား ရွတ်ပါ..

တရားပါထိုင်နိုင်သေးလား ထိုင်လိုက်ပါဦး
အလွန်ကိုကောင်းပါတယ်။

တရားလေးလည်း နာပါဦး သီးသန့်မနာနိုင်ဘူးလား။

မျက်နှာသစ် သွားတိုက်ချိန် အစာစားချိန်
အိမ်အလုပ်လုပ်နေတဲ့အချိန် ဖုန်းလေးနဲ့ဖွင့်ထားပြီး နာကြည့်ပါ။

နောက်ဆို တရားသံလေးမှ မကြားရရင် မနေနိုင် ဖြစ်လာပါလိမ့်မယ်။

ဘာမှမလုပ်ဘဲနဲ့ နေတာထက်စာရင် ပါးစပ်က ဘုရား တရားသံထွက်နေတာ မကောင်းဘူးလား။

သူများကို ဆဲနေတာမဟုတ်တဲ့အတွက် အလိုလို ကုသိုလ်ရနေတာပါ။

စိတ်ကတော့ လွင့်နေမှာဘဲ မလွင့်အောင် တစ်ဖြေးဖြေးကျင့်ယူပါ။

ဘုရားစာတွေ ဗရွတ် ဗရွတ် ရွတ်လို့ ထီပေါက်လား ဆိုတော့ မပေါက်ပါဘူးမြတ်စွာဘုရားဟာလည်း တန်ခိုးရှင်မဟုတ်ပါဘူး။

ဒါပေမဲ့ ဘာရလဲ ဆိုတော့ စိတ်စွမ်းအင် မြင့်တက်လာတာပါကောင်းမှုကိုပြုလုပ်နေတယ်ဆိုတဲ့စိတ်ကြောင့်
ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာပြီး ဘဝမှာနေပျော်လာပါတယ်။

မကောင်းတာလုပ်ဖို့ တွန့်ဆုတ်လာလို့ ကုသိုလ် အလိုလိုရလာတယ်။

ဘာလေးလုပ်လုပ် အောင်မြင်လာတဲ့အခါ ငါ့ရဲ့ ကောင်းမှုကြောင့်ဆိုတဲ့ ပီတိရလာသလို မအောင်မြင်သေးရင်လည်း စိတ်မှာ ဖြေသိမ့်လာနိုင်ပြီး ရောင့်ရဲလာတဲ့စိတ်ကြောင့် ဘဝဟာ နေပျော်လာမှာပါ။

အတိတ်ရဲ့ကံကြွေးကို နားလည်နိုင်ပြီး ဘဝရဲ့အေးချမ်းမှုကိုရပါတယ်။

ဘဝရဲ့အေးချမ်းမှုဟာ ဥစ္စာပစ္စည်းထက် တန်ဖိုးရှိပါတယ်။

ဘဝရဲ့အေးချမ်းမှုကိုရဖို့ ကောင်းမှုမှန်သမျှ လုပ်တဲ့နေရာမှာ လူတန်းစားအမျိုးမျိုး ဖြတ်သန်းရတဲ့ဘဝအဖုံဖုံကြောင့် ပြုလုပ်ပုံ ပြုလုပ်နည်းပူဇော်ပုံ ပူဇော်နည်းတွေ ကွာတဲ့အခါ ကွာနေမယ်။

အသိတွေ ကွာတန်သလောက် ကွာနေမယ်။

ဒါပေမဲ့ ဦးတည်ချက်က အကုသိုလ်မလုပ်ဖြစ်တော့ဘဲ ကုသိုလ်ရနေဖို့ပါပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Credit to original...

ခက်တာကကိုယ်ရည်းစား‌ကကျောင်းနေဖက်မဟုတ်ဘူး။
02/02/2021

ခက်တာကကိုယ်ရည်းစား‌က
ကျောင်းနေဖက်မဟုတ်ဘူး။

နိုင်ကွက် မဖြစ်စေနဲ့
02/02/2021

နိုင်ကွက် မဖြစ်စေနဲ့

ဂျက်မားက ပြောဖူးတယ်။ မိတ်ဆွေရင်းချာတွေဆွေမျိုးတွေကို ဈေးရောင်းတဲ့အခါ ဘယ်လောက်ပဲ လျှော့ရောင်းရောင်း တန်ဖိုးထားမှာမဟုတ်ဘဲ ...
01/02/2021

ဂျက်မားက ပြောဖူးတယ်။ မိတ်ဆွေရင်းချာတွေ
ဆွေမျိုးတွေကို ဈေးရောင်းတဲ့အခါ ဘယ်လောက်ပဲ လျှော့ရောင်းရောင်း တန်ဖိုးထားမှာမဟုတ်ဘဲ ခင်ဗျား သူတို့ရဲ့ ပိုက်ဆံကိုလိုချင်တယ်လို့ ပဲမြင်မှာဖြစ်တယ်။
ခင်ဗျားရဲ့ ရင်းနှီးထားတဲ့ ငွေ အချိန် အင်အား တွေကို သူတို့ အလေးထားမှာမဟုတ်ဘဲ ခင်ဗျားထက်စာရင် အခြားသူစိမ်းတစ်ယောက်က သူတို့အပေါ် အမြတ်ထုတ်သွားတာကို ပိုလို့လိုလားတယ်။
သူတို့နဲ့ ရင်းနှီးသူရဲ့ စီးပွားရေးကို အားပေးမယ်ဆိုတာထက် သူတို့စိတ်ထဲမှာ ခင်ဗျားသူတို့ဆီက အမြတ်ဘယ်လောက်ရသွားပြီလဲပဲ တွေးနေမှာဖြစ်တယ်။
ဒါဟာ လူမွဲတွေရဲ့ စိတ်နေစိတ်ထားလို့ ပြောချင်တယ်။

ချမ်းသာတဲ့သူတွေဘာလို့ချမ်းသာလဲဆိုတာ ကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ သူတို့ရဲ့ အသိုင်းအဝိုင်းက လူတွေကို ပံ့ပိုးလိုစိတ်ရှိတယ်။
မိတ်ဆွေတွေရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ပေးခြင်းအားဖြင့် သူတို့ပေးတာထက် ပိုတဲ့အကျိုးကိုပြန်ရတယ်။
ကိုယ့်ကြောင့်စီးပွားဖြစ်သွားတဲ့ မိတ်ဆွေတွေက ကိုယ့်ကို ပြန်လည်ပံ့ပိုးပေးနိုင်လို့ ခင်ဗျားနဲ့အတူ ခင်ဗျားရဲ့အသိုင်းအဝိုင်း ဟာ စီးပွားဖြစ်ထွန်းတိုးတက်လာလိမ့်မယ်။
ဒီသဘောတရားကို နားလည်ရင် ခင်ဗျား ချမ်းသာလာမှာပဲ။

အဲဒီတော့ ဈေးရောင်းတဲ့အခါမှာ ခင်ဗျားရဲ့ ပထမဆုံးဖောက်သည်တွေက သူစိမ်းတွေပဲ ဖြစ်မှာပဲ။
မိတ်ဆွေတွေက သူတို့ကို ဈေးလာရောင်းတော့မှာပဲ ဆိုပြီး ခင်ဗျားကို ရှောင်လိမ့်မယ်။
အမျိုးတွေကို ဈေးသွားရောင်းတဲ့အခါ ခင်ဗျားကို အထင်အမြင်သေးသလို ပြုမှူဆက်ဆံလိမ့်မယ်။

ဒါပေမယ့် တစ်နေ့ ခင်ဗျား စီးပွားဖြစ်အောင်မြင်တဲ့အခါ
ညစာစားပွဲတွေ ပွဲလမ်းသဘင်တွေ လုပ်တဲ့အခါ
သူစိမ်းတွေထက် ဆွေမျိုးမိတ်ဆွေရင်းချာတွေ စားသောက်တာတွေ ပျော်မြူးတာတွေ အတွက် ခင်ဗျားပိုက်ဆံရှင်းပေးနေရတာကို တွေ့ရလိမ့်မယ်။


#

တကယ့် " မေတ္တာဆိုတာအင်မတန်ဖြူ စင်တဲ့ စိတ်နှလုံးဖြစ်တယ်။"မေတ္တာ"ဆိုတာ စိတ်ထဲမှာထားရမယ့်မွန်မြတ်တဲ့ စိတ်နေသဘောထား တစ်ခုပဲ။...
01/02/2021

တကယ့် " မေတ္တာဆိုတာ
အင်မတန်ဖြူ စင်တဲ့ စိတ်နှလုံးဖြစ်တယ်။
"မေတ္တာ"ဆိုတာ စိတ်ထဲမှာထားရမယ့်
မွန်မြတ်တဲ့ စိတ်နေသဘောထား တစ်ခုပဲ။

ကိုယ့်ပတ်ဝန်းကျင်မှာ
သိသူဖြစ်စေ၊မသိသူဖြစ်စေ
နောက်ဆုံးမှာ …………
ကိုယ့်ကို ရန်လုပ်မယ့်
ပုဂ္ဂိုလ်ဖြစ်စေဦးတော့
အကျိုးစီးပွားကို လိုလားတယ်၊

သူဒုက္ခ မရောက်ပါစေနဲ့ဆိုတဲ့ စိတ်
ထားလို့ ရှိရင် ဒါ မေတ္တာလို့ခေါ်တာပဲ။
အဲဒီ "မေတ္တာ"ဟာ အလွန်မွန်မြတ်တယ်လို့
"ဗြဟ္မဝိဟာရ" မြင့်မြတ်တဲ့ နေထိုင်မှုလို့ မြတ်စွာဘုရားဟောတယ်။

#ပါမောက္ခချုပ်ဆရာတော်ကြီး
Credit မူရင်းပိုစ့်တင်သူအား အလေးအနက်ပြုပါသည်

ဈေးအပေါဆုံးနဲ့ ဈေးအချိုဆုံးဖြစ်ချင်ဖြစ်မယ်ဒါပေမယ့် တန်ဘိုးကတော့ အရမ်းကြီးတယ်အဲ့ဒါ "ကတိ" ပဲ
31/01/2021

ဈေးအပေါဆုံးနဲ့ ဈေးအချိုဆုံး
ဖြစ်ချင်ဖြစ်မယ်
ဒါပေမယ့်
တန်ဘိုးကတော့ အရမ်းကြီးတယ်
အဲ့ဒါ "ကတိ" ပဲ

မာနကြီးသွားတာ မဟုတ်ပါဘူးလူတွေကို ရွေးပြီး ဆက်ဆံတတ်လာတာပါ။ဘဝင်မြင့်သွားတာ မဟုတ်ပါဘူးနေရာတကာ ရောထွေးပြီး မနေတတ်တော့တာပါ။အမ...
31/01/2021

မာနကြီးသွားတာ မဟုတ်ပါဘူး
လူတွေကို ရွေးပြီး ဆက်ဆံတတ်လာတာပါ။

ဘဝင်မြင့်သွားတာ မဟုတ်ပါဘူး
နေရာတကာ ရောထွေးပြီး မနေတတ်တော့တာပါ။

အမြဲချေမိုးနေတာ မဟုတ်ပါဘူး
အရာရာတိုင်းမှာ ဦးနှောက်ကဦးဆောင်သွားတာပါ။

အားမနာတတ်တာ မဟုတ်ပါဘူး
ပြောမှပြီးမယ့်ကိစ္စတွေဆို တစ်ခါပဲအမုန်းခံလိုက်တာပါ။

တိတ်ဆိတ်သွားတာ မဟုတ်ပါဘူး
တစ်ယောက်တည်းနေရတာ အကြိုက်တွေ့သွားတာပါ။

စေတနာမရှိတာ မဟုတ်ပါဘူး
ကူညီဆိုတဲ့ စကားလုံးကို နေရာတကာမှာ
အသုံးမပြုတော့တာပါ ။

ပြောင်းလဲသွားတာ မဟုတ်ပါဘူး
အပြုံးတွေကို နေရာတကျသုံးတတ်လာတာပါ ။

ရင့်ကျက်နေတာ မဟုတ်ပါဘူး
အရာရာတိုင်းကို နားလည်ပေးဖို့ကြိုးစားနေဆဲပါ။

တည်ငြိမ်နေတာ မဟုတ်ပါဘူး
ရောင့်ရဲတတ်ဖို့ ကိုယ့်ဘာကိုယ်သင်ယူနေတာပါ။

ဒီလောက်ပါပဲ
အများကြီး မပြောင်းလဲသေးပါဘူး။

#လွှမ်းရစ်ဖူး((Hlwan Yit Phoo))

စာဖတ်ကြည့်ပါ                 ***🌸*🌸***🍂ဘဝအကြောင်းမသိသေးရင်  -  အလုပ်လုပ်ကြည့်ပါ။💰ငွေအကြောင်းမသိသေးရင်  - ပြန်မရနိုင်မယ့်...
31/01/2021

စာဖတ်ကြည့်ပါ
***🌸*🌸***

🍂ဘဝအကြောင်းမသိသေးရင်
- အလုပ်လုပ်ကြည့်ပါ။

💰ငွေအကြောင်းမသိသေးရင်
- ပြန်မရနိုင်မယ့်သူကို‌ချေးကြည့်ပါ။

💣ဒုက္ခအကြောင်းမသိသေးရင်
- အပင်ပန်းခံကြည့်ပါ။

⚱️လောကအကြောင်းမသိသေးရင်
- လူမျိုးစုံနဲ့ပေါင်းကြည့်ပါ။

🍂ဘာတစ်ခုမှမသိသေးရင်
📖-စာအုပ်တွေဖတ်ကြည့်ပါ။

📚စာအုပ်တွေထဲက စာတွေ က
သင့်အတွက်အထောက်အကူဖြစ်မှာပါ။

✍️မူရင်းရေးသားသူ
🦋Original writer

ကိုယ့်အပေါ် မကောင်းကြံသူတိုင်းကို  ဘာတစ်ခုမှ မတုန့်ပြန်မိစေနဲ့ဘာ့ကြောင့်လဲဆိုတော့လူတချို့ကအကြံပက်စက်တယ်သူတို့အမှားကို ကိ...
31/01/2021

ကိုယ့်အပေါ် မကောင်းကြံသူတိုင်းကို
ဘာတစ်ခုမှ မတုန့်ပြန်မိစေနဲ့
ဘာ့ကြောင့်လဲဆိုတော့
လူတချို့က
အကြံပက်စက်တယ်
သူတို့အမှားကို ကိုယ့်အများအဖြစ်
အသွင်ပြောင်းပစ်တတ်လို့ပါ

ဖခင် နာမည် ပြောလိုက်တာနဲ့ကိုယ့်သားသမီးကိုလေးစားချစ်ခင်နေဖို့အတွက်ဖခင်ရဲ့ သိက္ခာက ကြီးနေရမယ်
30/01/2021

ဖခင် နာမည် ပြောလိုက်တာနဲ့
ကိုယ့်သားသမီးကို
လေးစားချစ်ခင်နေဖို့အတွက်
ဖခင်ရဲ့ သိက္ခာက ကြီးနေရမယ်

👉"ခေတ်ကို အလွဲသုံးစားမလုပ်နဲ့"👈 ရင်ဖုံးအင်္ကျီနဲ့ ထဘီဝတ်ရင် ပုံတုံးကြီးလို့ ပြောကြတဲ့ခေတ်မှာ.. Clubမတက် Night Out မထွက်ရ...
30/01/2021

👉"ခေတ်ကို အလွဲသုံးစားမလုပ်နဲ့"👈

ရင်ဖုံးအင်္ကျီနဲ့ ထဘီဝတ်ရင်
ပုံတုံးကြီးလို့ ပြောကြတဲ့ခေတ်မှာ..
Clubမတက် Night Out
မထွက်ရင် ခေတ်မမှီတော့ဘူး။

အရွယ်ရောက်လို့ အသိပညာ
အတတ်ပညာ အပြိုင်အဆိုင်သင်ယူတာထက်..
ရည်းစားထည်လဲ တွဲဖို့
အာရုံစိုက်လာကြတယ်။

အမှားကြားထဲကနေ
ရုန်းထွက်နိုင်အောင်ကြိုးစားဖို့ထက်..
သူများယောင်တိုင်း လိုက်ယောင်လာကြတယ်။

ပစ္စည်း တစ်ခုကို အသင့်အတင့်နဲ့
ဝယ်ယူသုံးစွဲတာထက်..
Brand တွေပဲ ကိုင်တယ်ဆိုပြီး
ကြွားဝါချင်လာကြတယ်။

ရိုးရာဓလေ့ကို ထိန်းသိမ်းမယ့်အစား
ယဉ်ကျေးမှုကိုပါ ဖျက်စီးလာကြတယ်။

စကားနည်းတဲ့သူကို နုံအတယ်လို့
လှောင်ပြောင်ကြရင်း ..
အရေမရ အဖတ်မရပြောတဲ့သူတွေကို
အထင်ကြီးလာကြတယ်။

ပိုက်ဆံရှိမှ ဂုဏ်ရှိတယ်ထင်ပြီး
ချို့တဲ့သူတွေကို နှိမ်ချိုးလာကြတယ်။

သမာသမတ်ကျအောင် နေထိုင်နိုင်ဖို့ထက်..
နေရာရအောင် တစ်ကိုယ်ကောင်း
ဆန်လာကြတယ်။

ခေတ်မှီတာနဲ့ ခေတ်ဆန်တာကို
အသုံးချပြီး ပျက်စီးချင်တိုင်း
ပျက်စီးလာကြတယ်။

ဘာကြောင့် တစ်လွဲအယူအဆတွေကို
သံမှိုရိုက်သလို စွဲနေကြတာလဲ..??

ကိုယ့်ယဉ်ကျေးမှုနဲ့ သူများယဉ်ကျေးမှုကိုဘာလို့
အလဲအထပ် လုပ်ချင်ကြတာလဲ..??

အရာအားလုံးက
အတိုင်း အတာတစ်ခုဆိုတာရှိတယ်..
အဲ့ဒီ့အတိုင်း အတာထက်
ကျော်လွန်သွားရင်
မူလ ပကတိ အရာတွေက
ကွယ်ပျောက်သွားနိုင်တယ်။

လူတိုင်းက ကိုယ့်ကံနဲ့
ကိုယ့်အကြောင်းဆိုပေမယ့်
အရာအားလုံးကို ကံကိုပဲပုံချလို့မရဘူး။
ကိုယ့်ရဲ့ နေထိုင်မှုနဲ့
လုပ်ရည်ကိုင်ရည်ပေါ်မူတည် ပြီး
ကံကောင်းတယ် ကံဆိုးတယ်ဆိုတာဖြစ်လာတာ။
ကိုယ့်ဘက်က ပေါ့ပျက်ပျက်နဲ့
နေချင်သလိုနေ သွားချင်သလိုသွား
ဘယ်အရာကိုမှအလေးမထားပဲနေရင်တော့
ကံတရားက မျက်နှာသာပေးမှာမဟုတ်ဘူး။

ဒါကြောင့် ခေတ်ကိုလည်း အလွဲသုံးစားမလုပ်နဲ့။
ကံတရားကိုလည်း ပုံမချနဲ့။
လူတိုင်းကိုလည်း အထင်မသေးနဲ့။
ယဉ်ကျေးမှုကိုလည်း မကွယ်ပျောက်စေနဲ့။
ကြွားဝါချင်တဲ့ စိတ်ကိုလည်း မခိုလှုံစေနဲ...။

💌 by .. ✍️

စာပေ ပေါင်းအိုးကြီး

နေရာတကာ ကလေးမဆန်ပါနဲ့မိဘတွေမရှိတော့တဲ့နောက်လောကဓံက ရေတစ်ပေါက်တောင်တိုက်မှာမဟုတ်ဘူး
30/01/2021

နေရာတကာ ကလေးမဆန်ပါနဲ့
မိဘတွေမရှိတော့တဲ့နောက်
လောကဓံက ရေတစ်ပေါက်တောင်
တိုက်မှာမဟုတ်ဘူး

ကိုယ့်ကိုယ်ကို အမြဲတမ်း စိတ်တိုင်းကျပါရဲ့လား
29/01/2021

ကိုယ့်ကိုယ်ကို အမြဲတမ်း
စိတ်တိုင်းကျပါရဲ့လား

ရေရှိရင် ကြာပွားမယ်သီလ ရှိရင် သမာဓိများမယ်
29/01/2021

ရေရှိရင် ကြာပွားမယ်
သီလ ရှိရင် သမာဓိများမယ်

ကျန်းမာရေး မကောင်းခြင်းကအရာရာကို ဆုံးရှုံးစေတယ်ဒါကြောင့် ကျန်းမာရေး ဂရုစိုက်ပါ🙎‍♀️ ဟိုတစ်ယောက် 😍
28/01/2021

ကျန်းမာရေး မကောင်းခြင်းက
အရာရာကို ဆုံးရှုံးစေတယ်
ဒါကြောင့် ကျန်းမာရေး ဂရုစိုက်ပါ
🙎‍♀️ ဟိုတစ်ယောက် 😍

ဘဝတစ်ခုကို တည်ဆောက်တဲ့အခါရင်ဆိုင်မှုဆိုတာမရှိခဲ့ရင်တိုးတက်မှုဆိုတာရှိမလာဘူး
28/01/2021

ဘဝတစ်ခုကို
တည်ဆောက်တဲ့အခါ
ရင်ဆိုင်မှုဆိုတာ
မရှိခဲ့ရင်
တိုးတက်မှုဆိုတာ
ရှိမလာဘူး

ဘာမှမလုပ်ဘဲနဲ့တော့ ဘာမှရလာမှာ မဟုတ်ဘူးနော်
27/01/2021

ဘာမှမလုပ်ဘဲနဲ့တော့
ဘာမှရလာမှာ မဟုတ်ဘူးနော်

ဂုဏ်သိက္ခာရှိသော ဘဝခရီးလမ်း
27/01/2021

ဂုဏ်သိက္ခာရှိသော ဘဝခရီးလမ်း

အသက်ရှည်ရှည်နေလိုလျှင်
26/01/2021

အသက်ရှည်ရှည်နေလိုလျှင်

ရုပ်လှတိုင်း စိတ်လှကြပါစေ
26/01/2021

ရုပ်လှတိုင်း စိတ်လှကြပါစေ

🌺က ရု ဏာ    =======     ကရုဏာ ဆိုတာ နှစ်မျိုးရှိတယ်။     "တစ်ခါတုန်းက ဆရာတော် ဦးဗုဓ်နဲ့ပတ်သက်တဲ့အကြောင်းတစ်ခု။   ဆရာတော...
25/01/2021

🌺က ရု ဏာ
=======

ကရုဏာ ဆိုတာ နှစ်မျိုးရှိတယ်။
"တစ်ခါတုန်းက ဆရာတော် ဦးဗုဓ်နဲ့ပတ်သက်တဲ့
အကြောင်းတစ်ခု။

ဆရာတော်ဦးဗုဓ်ရဲ့မယ်တော်ကြီးက ဆင်းရဲတယ်။
ဆရာတော်ဦးဗုဓ်က နန်းမတော်မယ်နုက လှူထားတဲ့
အုတ်ကျောင်းကြီးမှာနေတာ။ အောင်မြေဘုံစံအုတ်
ကျောင်းကြီးဆိုတာ အင်းဝဘက်မှာ အခုအချိန်ထိရှိ
တယ်။

အဲဒီအုတ်ကျောင်းကြီးမှာ ကျောင်းထိုင်နေတဲ့ ဆရာတော်ဦးဗုဓ်ထံ သူ့မယ်တော်ကြီးက တစ်နေ့
တော့ရောက်လာတယ်။မယ်တော်ကြီးကဆင်းရဲလွန်း
လို့သူ့ကိုထောက့်ပံ့ဖို့ လာလျှောက်တာ။ . တဘက်
အနွမ်းလေးတစ်ခု သူ့ပုခုံးပေါ်တင်ပြီးလာတယ်။ ဝတ်ချပြီး "အရှင်ဘုရား တပည့်တော်မ ဆင်းရဲလွန်း
လို့ တစ်ခုခုချီးမြှင့်ပါ"လို့တောင်းတာ။ ဆရာတော်ဦး
ဗုဓ်က ဘာပြောတုန်းဆိုရင် "အဲဒီတဘက်ကလေးကို
လှူခဲ့"ဆိုပြီး တဘက်ကို အလှူခံလိုက်သေးတယ်။ ဘာ
မျှမပေးလိုက်တဲ့အပြင် အဲဒီ ပခုံးပေါ်မှာတင်ထားတဲ့
တဘက်အနွမ်းလေးကို အလှူခံလိုက်တယ်။

ဆရာတော်ဦးဗုဓ်က ဘာဖြစ်လို့ဒီလိုလုပ်ရတာ
တုန်းဆိုရင် သူတစ်ခုခုပေးလိုက်လို့ရှိရင် ဒကာမကြီး
မှာ ကုသိုလ်မရဘူး။ သူ့ရဲ့ တဘက်အနွမ်းလေး လှူ
လိုက်လို့ရှိရင် ကုသိုလ်ရတယ်။ သံသရာထိအောင် ဒါ
နကုသိုလ်အကျိုး သူခံစားရမယ်။ ပစ္စည်းပေးလိုက်
တာက ဒီဘဝ ဒီပစ္စည်းလေးမပျက်ခင်ထိပဲ သူရမှာ။
ခုနက တဘက်ကလေးကိုလှူလိုက်ရတဲ့ ကုသိုလ်
ကြောင့် ဘဝပေါင်းများစွာ အကျိုးရမယ်။ အဲဒီလို
ကရုဏာထားပုံချင်း မတူဘူး။

သာမန်ကြည့်မယ်ဆိုရင် မယ်တော်ကြီး ဒီလောက်
ဆင်းရဲတာအဝတ်ကောင်းလေးရှာပြီးတော့ပေးလိုက်
ရောပေါ့လို့ အောက်မေ့မယ်။ သို့သော် ဆရာတော်
ဦးဗုဓ်က ဒီဘဝတင် မကြည့်ဘူး၊ သံသရာကိုကြည့်
တယ်။ ဒါကြောင့် သူ့ပုခုံးပေါ်ပါတဲ့ တဘက်အနွမ်းက
လေးကို အလှူခံလိုက်တာတဲ့။ အဲဒီလို ကြားဖူးတယ်။

🙏🏵(ပါချုပ်)ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ
📕နယ်လှည့်ဟောကြားမြတ်တရား အတွဲ(၄)မှ
💫ခေ ပ ဒူ တ

တီကောင် နှင့် လူ
23/01/2021

တီကောင် နှင့် လူ

ပေါက်စီရောင်းတဲ့ တရုတ်တယောက်ရဲ့ဘေးမှာ နောက်ထပ် တရုတ်ဆယ်ယောက်ပေါက်စီသွားရောင်းလဲ ပထမရောက်နေတဲ့တရုတ်က ကျေကျေနပ်နပ်လက်ခံတယ်...
22/01/2021

ပေါက်စီရောင်းတဲ့ တရုတ်တယောက်ရဲ့
ဘေးမှာ နောက်ထပ် တရုတ်ဆယ်ယောက်
ပေါက်စီသွားရောင်းလဲ ပထမရောက်နေတဲ့
တရုတ်က ကျေကျေနပ်နပ်လက်ခံတယ်။

အကျိုးဆက်ကတော့ ၊ အဲ့နေရာဟာ
ပေါက်စီတန်းဖြစ်သွားပြီးပေါက်စီကြိုက်နှစ်သက်သူတွေ လာရောက်ရွေးချယ်စားသောက်ကြတဲ့ နေရာဖြစ်သွားတော့တာပါဘဲ။

ပလာတာရောင်းတဲ့ကုလားလဲ ထို့အတူပါဘဲ။
သူတို့ရောက်ပြီး မကြာမီ ကုလားတန်းဖြစ်ပြီး ပလာတာအမျိုးမျိုး ရတဲ့ စားသောက်ဆိုင်ကြီးတွေ ဘေးချင်းယှဉ်ပြီး ပေါ်လာကြတယ်။ ( အတုယူစရာ )

မုန့်ဟင်းခါးဆိုင်ဖွင့်တဲ့ မြန်မာဆိုင်ဘေးမှာ
နောက်ထပ်မုန့်ဟင်းခါးဆိုင် ထပ်ဖွင့်လို့ကတော့
ရန်သူတွေဖြစ်ပြီး အပြုတ်တိုက်ကြတော့တာပါဘဲ။

ကျနော်တို့လူမျိုးတွေရဲ့ အားနည်းချက်က
မြန်မာတယောက်ကြီးပွားသွားတာ မြင်ရမှာကို
သိစိတ်/မသိစိတ်က သိပ်ကြောက်တတ်တာပါဘဲ။

မိတ်ဆွေအချင်းချင်းတောင် မနာလိုစိတ်ကြီးပြီး
အချင်းချင်းလက်တွဲခေါ်ဖို့ အင်မတန်ဝန်လေးတတ်ကြတယ်။

နောက်ပြီး နှိမ့်ကျနေလို့ကတော့ ဝိုင်းဆွဲတင်မယ့်အစား
စိတ်ကနေတောင် ကျိတ်ပျော်နေတတ်ကြတယ်။

အရက်အတူသောက် တဲ့အခါ ၊ ဘိန်းအတူရှူ တဲ့အခါ ၊
ဖဲအတူရိုက် တဲ့အခါ အင်မတန်စည်းလုံးပေမယ့် ……

ကောင်းတာ တူတူလုပ်ဖို့တော့
အင်မတန်ခက်ခဲတဲ့ လူမျိုးခင်ဗျာ။ ( ပြုပြင်ရမယ့်အရာ )

အာဆီယံနဲ့ ယှဉ်ပြိုင်ရတော့မယ့်
အချိန်မျိုး ရောက်လာပါပြီ။

သူများတွေချမ်းသာတာကိုချည်း ၊ ထိုင်ဆဲမနေဘဲ မိမိတို့ရဲ့ စိတ်ဓာတ်လေးတွေကိုပါ ၊
မြန်မြန်ဆန်ဆန်ပြင်သင့်ပြီ လို့ထင်ပါတယ်။

Credit မူရင်းရေသားသူ

ထားရမည့် သဘောထား....လူတစ်ယောက်ကို မုန်းမိနေပြီဆို...ပထမဆုံး မေတ္တာထားကြည့်ရတယ်၊မရရင် ကရုဏာထားကြည့်ရတယ်၊မရသေးရင် သူ့ကံနဲ့...
22/01/2021

ထားရမည့် သဘောထား....

လူတစ်ယောက်ကို
မုန်းမိနေပြီဆို...

ပထမဆုံး
မေတ္တာထားကြည့်ရတယ်၊

မရရင်
ကရုဏာထားကြည့်ရတယ်၊

မရသေးရင်
သူ့ကံနဲ့သူလာတာပဲ လို့
ဥပေက္ခာထားကြည့်ရတယ်။

မရရင်
"လောကမှာ ငါဖြစ်ချင်တိုင်းဖြစ်နေတာမှ
မဟုတ်တာ..." လို့ သဘောထားရတယ်။

ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🙏🙏🙏
Credit Dhamma

စာသားလေးကအရမ်းတန်ဖိုးရှိလို့ပါ
21/01/2021

စာသားလေးကအရမ်းတန်ဖိုးရှိလို့ပါ

🌺စေတနာကိုမြန်မာလူမျိုးတွေက~ငါကစေတနာနဲ့ပြောတာပါဆိုပြီးအကောင်းဖက်ကပဲအသုံးများပါတယ်~   စေတနာဆိုတိုင်းအကောင်းမထင်နဲ့နော်~"လေ...
21/01/2021

🌺စေတနာကိုမြန်မာ
လူမျိုးတွေက~ငါက
စေတနာနဲ့ပြောတာပါ
ဆိုပြီးအကောင်းဖက်
ကပဲအသုံးများပါတယ်~
စေတနာဆိုတိုင်း
အကောင်းမထင်နဲ့နော်~
"လောဘ"နဲ့တွဲလာရင်
အကောင်းမဟုတ်ဘူး~
"ဒေါသ"နဲ့တွဲလာရင်
အကောင်းမဟုတ်ဘူး~
"မောဟ"နဲ့တွဲလာရင်
အကောင်းမဟုတ်ဘူး~
"အလောဘ"နဲ့တွဲလာ
မှအကောင်း~
"အဒေါသ"နဲ့တွဲလာ
မှအကောင်း~
"အမောဟ"နဲ့တွဲလာ
မှအကောင်း~
ကောင်းတာတွေနဲ့
တွဲမှအကောင်းဖြစ်
တယ်~
သူ့ချည်းပဲအကောင်း
အဆိုးပြောလုိ့မရဘူး
တဲ့~🌺

ရင့်ကျက်သွားတဲ့အခါ=================🍁အပိုစကားတွေထက်လိုအပ်သလောက်ဘဲပြောတက်တာကိုသဘောကျလာတယ်🍁လုပ်သင့်တဲ့အလုပ်တွေလုပ်ရင်းအချိန...
20/01/2021

ရင့်ကျက်သွားတဲ့အခါ
=================

🍁အပိုစကားတွေထက်
လိုအပ်သလောက်ဘဲ
ပြောတက်တာကိုသဘောကျလာတယ်

🍁လုပ်သင့်တဲ့အလုပ်တွေလုပ်ရင်း
အချိန်ပိုတွေ အရင်လိုမများတော့ဘူး

🍁ခေါ်ထူးမေးဖြေဆက်ဆံရေးတွေနဲ့
ကိုယ့်အပေါ်မကောင်းဘူးထင်တဲ့လူတွေကို
ဝေးဝေးကရှောင်တက်လာတယ်

🍁ပျော်စရာတွေများပေမယ့်
အရင်လိုသိပ်ပြီး မပြုံးဖြစ်တော့ဘူး

🍁ကြုံလာရတဲ့ပြဿနာတွေကိုလဲ
ခေါင်းအေးအေးထားပြီး
ရင်ဆိုင်ဖြေရှင်းနိုင်လာတယ်

🍁သောကဖြစ်စရာတွေကို
အကြာကြီးတွေးမနေတော့ဘူး
စိတ်အေးချမ်းဖို့ဘဲအဓိကထားပြီးနေတက်လာတယ်

🍁အတွေ့အကြုံတွေများလာတာနဲ့အမျှ
အရင်ကထက်စာတွေပိုဖတ်ဖြစ်လာတယ်

🍁ကိုယ်ချည်းဘဲအဆင်ပြေဖို့ထက်
ကိုယ်ဘေးကလူတွေအဆင်ပြေဖို့
ပိုပြီးဂရုစိုက်တက်လာတယ်

🍁ဒုက္ခတွေ ရင်ဆိုင်ရတိုင်းလဲ
တစ်နေ့ပြီးသွားမှာပါ ဆိုတဲ့စိတ်နဲ့
ကြိုးစားဖြေတွေးတက်လာပြီး

🍁နာကျင်စရာအကြောင်းတွေကို
အရင်ထက်ပိုပြီး မြိုသိပ်နိုင်လာတယ်

🍁ကိုယ့်အပေါ်အမြင်မကြည်တဲ့သူတွေကို
အရင်လိုတုန့်ပြန်မနေတော့ဘူး
ဥပေက္ခာစိတ်နဲ့သီးခံတက်လာတယ်

🍁ချစ်ခြင်းမုန်းခြင်းတွေကိုလဲ
မျှမျှတတ ခံစားတက်လာပြီး
အရင်လိုအစွဲအလမ်းတွေသိပ်မဖြစ်တော့ဘူး

🍁ကိုယ်တကယ်လိုအပ်တာနဲ့
လိုချင်တက်မတ်စိတ်ဖြစ်မိတဲ့အရာ
ဘယ်အရာကအရေးကြီးသလဲလို့
တွေးဖြစ်လာတယ်

🍁အကောင်း နဲ့အဆိုးကို
တည်တည်ငြိမ်ငြိမ်နဲ့
ခွဲခြားနိုင်လာတယ်

🍁လောကထဲက
တွေ့ကြုံ ဆုံကွဲ အဖြစ်အပျက်တွေနဲ့
ကိုယ်ကျော်ဖြတ်လာရတဲ့
အနေအထားတွေကသာ ကိုယ့်စိတ်ကိုရင့်မာစေခဲ့တာ
ကံတရားရဲ့အနိမ့်အမြင့်အတိုင်းဘဲ
လိုက်ပါနိုင်ဖို့ကြိုးစားရင်း
ဘဝ ဟာအရင်ထက်ပိုပြီးနေသာထိုင်သာရှိလာတယ်။
YMT

်😊" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"😊-----------------------------------------"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲရှိတာပေါ့ ရှိပေမယ့်လည်...
20/01/2021

်😊" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"😊
-----------------------------------------

"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...
ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''

"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...
မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''

"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း...
လူတကာကို လှပ်ပြပြီးပြောပြမနေတော့တာက ပညာပဲ''

"လူပဲ ခံစားချက်ကတော့
အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်''

"ဖေါ်ပြလို့ မထူးဘူးဆိုရင်
ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''

"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့...
သိကြမှာ မဟုတ်ဘူး''

"ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်
ကိုယ်ခံစားရတာ သူတို့က
ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''

"ဝမ်းနည်းတိုင်း ငိုပြနေရင်
ကိုယ်အားပျော့တာပဲ လူသိတယ်
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ''

"လူဖြစ်လာပေမယ့်လည်း
ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး
အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်''

"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း
တော်တော်လေးကို ခက်တာ''

"တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ
လောကအလယ်...
ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်''။

-Original Writer

နေတက်အောင်နေ~~~~~~~~သူတို့ မင်းအနားက ထွက်သွားလို့တစ်ယောက်ထဲကျန်ခဲ့ရတယ်ဆိုပြီး ဝမ်း နည် နေ တာ လားသူတို့အနားမှာရှိ့တော့ရော...
19/01/2021

နေတက်အောင်နေ
~~~~~~~~
သူတို့ မင်းအနားက ထွက်သွားလို့
တစ်ယောက်ထဲကျန်ခဲ့ရတယ်ဆိုပြီး
ဝမ်း နည် နေ တာ လား

သူတို့အနားမှာရှိ့တော့ရော မင်းအပေါ်မှာ
မင်း ကောင်းပေးသလောက်
သူတို့ပြန်ကောင်းပေးခဲ့လို့လား

မင်းအပေါ်မကောင်းတဲ့သူတွေနဲ့
အ တူ နေ ရ တာ နဲ့ စာ ရင်
တစ်ယောက်ထဲနေရတာက ပိုပြီးလွတ်လက်တယ်."

သူတို့ မင်းကို မချစ်တော့လို့ ခံစားနေရတာလား
တော်စမ်းပါကွာ...အချစ်က ဘဝမဟုတ်ဘူး

သူတို့ ပါစပ်က ချစ်ပါတယ်ဆိုတဲ့
စကားလေးတစ်ခွန်းကြားရဖို့အရေး
မင်းဘဝမှာ ဘာတွေဘယ်လောက်ထိ့
ပေးဆပ်ခဲ့ရပြီးပြီလဲ.....

မြဲမြဲ မှတ်ထားပါ လူတချို့ဟာ....
မင်းကိုအသုံးချလို့ဝသွားပြီးဆိုရင်
မင်းကဘဲ သူတို့အပေါ်မှာ
အမှားကြီးကျူးလွန်ခဲ့သလိုမျိုးပုံစံတွေနဲ့
မင်းအနားက
တဖြေးဖြေး ထွက်ခွာသွ့ားကြလိမ့်မယ်....

စဉ်းစားပါ....?

တစ်ကြိမ်လောက် ပျော်ရွှင်ရဖို့အရေး
အကြိမ်တရာမက ငိုကြွေးပေးခဲ့ရတာတွေ
မ မေ့ သေး ဘူး လား..

တစ်ခါလောက် အချစ်ခံရဖို့အရေး
အခါတရာမက မျက်စောင်းအထိုးခံခဲ့ရတာတွေ
မ မေ့ သေး ဘူး လား..

ခနလောက် ဘဝထဲအလည်လာဖူးရုံနဲ့
သံသရာထိ့ မင်းနဲ့အတူရှိ့ပေးမယ်လို့ထင်နေလား

ကိုယ်က ဘယ်လောက်ချစ်ချစ်
သူ ပစ် ချင် ပစ် မှာ ဘဲ
သူက ကိုယ်မှမဟုတ်တာ"
====

မနေချင်လို့ ထွက်သွားတဲ့သူတွေကို
အတင်း လိုက်မတားနဲ့"

မလာချင်လို့ ပြန်မလာတဲ့သူတွေကို
အတင်း လိုက်မခေါ်နဲ့"

ကို့ကိုယ် မရှိ့စေချင်တဲ့ ဘဝထဲကို
အရှက်မရှိ့အတင်း လိုက်မတိုးဝင်နဲ့"

ကိုယ်ဆက်တဲ့ဖုန်းလေးတောင်
မကိုင်ချင်တော့တဲ့ သူတွေကို
မဆက်သွယ်ပါနဲ့တော့"

ကိုယ့်စီမှာမပျော်ဘူး ထင်တဲ့သူတွေကို
လွတ်လက်ခွင့်ပေးလိုက်ပါ"

သူနေသလို........
ကိုယ်နေနိင်အောင်ကြိုးစားပါ"

သူတောင်နေနိင်သေးတာဘဲ
အဲ့ဒါကို ကိုယ်က
မနေနိင် မထိုင်နိင်ဖြစ်နေရင်

ဒီလူ ငါဒီလိုလုပလွဲ ရတာဘဲ
ဆိုပြီး ပိုနိင်စားလာလိမ့်မယ်.....

သူတပါးကို ဂရုစိုက်လွန်းပြီး
ကို့ကိုကိုယ် ဂရုစိုက်ဖို့
မေ့နေတာမျိုးတွေ ရပ်သင့်ပြီး

ရှေ့ဆက်လျှောက်လှမ်းရမယ် ဘဝတွေမှာ
ကို့အတွက် ကိုယ်ရှိ့နေဖို့လိုအပ်တယ်
မဟုတ်လား........?
=====

ဖြေပါကွား.........

သူသာ မင်းကိုတကယ်ချစ်ရင်
မင်းနဲ့ဝေးရမဲ့လမ်းကို ဘယ်ရွေးမလဲ...?

ဖူးစာမှားကြီးကို စွဲလန်းနေလို့လဲ
နာကျင်သူ ကိုဘဲ ဖြစ်နေမှာလေး

တစ်ချိန်ချိန်မှာ မင်းအတွက်
စစ်မှန်တဲ့ဖူးစာဆိုတာ
ရှိ့လာနိင်သေးတာဘဲ

ဒါကြောင့်.........
ဆက်ရန်ရှိ့သေးတဲ့ ဘဝရဲ့
လက်ကျန်အချိန်လေးတွေမှာ

ကိုယ့်အပေါ်တကယ်ချစ်တဲ့သူတွေအတွက်ဘဲ
ကိုယ်ရဲ့ ပေးဆပ်မူ့တွေ့ချရင်းပါ....

Address


Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+66943244566

Website

Alerts

Be the first to know and let us send you an email when Myanmar Bus Ticket posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share