True Info

True Info Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from True Info, Party Entertainment Service, Mandalay-Myothar Road, Myanmar, .
(4)

ဗြိတိန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူနဲ့စတင် စမ်းသပ်ဗြိတိန်၊အောက်စဖို့ဒ်တက္ကသိုလ်က ဆေးသုတေသီအဖွဲ့ဟာ ကာယကံရှင်ရဲ့ဆန္ဒအရ ဆေးထ...
24/04/2020

ဗြိတိန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူနဲ့စတင် စမ်းသပ်

ဗြိတိန်၊အောက်စဖို့ဒ်တက္ကသိုလ်က ဆေးသုတေသီအဖွဲ့ဟာ ကာယကံရှင်ရဲ့ဆန္ဒအရ ဆေးထိုးဖို့ သဘောတူတဲ့သူနှစ်ဦးကို ကာကွယ်ဆေး စတင် ထိုးနှံစမ်းသပ်ခဲ့ပါတယ်။

စမ်းသပ်ထိုးနှံခဲ့သူထဲကတစ်ဦးဖြစ်တဲ့ အယ်လီစာဂရန်နာတိုကတော့ သူဟာ သိပ္ပံပညာရှင်ဖြစ်ပြီး သိပ္ပံနည်းကျစမ်းသပ်တဲ့လုပ်ငန်းစဉ်တစ်ခုမှာ တက်နိုင်သလောက် ပါဝင်ကူညီချင်တယ်လို့ ဘီဘီစီကိုပြောကြားခဲ့ပါတယ်။

ဒီကာကွယ်ဆေးကို အောက်စဖို့ဒ်တက္ကသိုလ်အဖွဲ့တစ်ဖွဲ့က သုံးလအကြာမှာ စမ်းသပ်ဖော်စပ်ခဲ့တာဖြစ်ပြီး ဒီသုတေသနလုပ်ငန်းစဉ်ကို Jenner Institute က ကာကွယ်ဆေးပညာရှင် ဆာရာဂီးဘတ်လ်က ဦးဆောင်တာဖြစ်ပါတယ်။

မစ္စဆာရာက ဒီကာကွယ်ဆေးဟာ လူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကနေ တားဆီးပေးနိုင်ပြီး ကာကွယ်ဆေး တကယ်အလုပ်လုပ်မယ်လို့ ၈၀ ရာခိုင်နှုန်းယုံကြည်မှုရှိကြောင်း ပြောပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ကိုဗစ်၁၉ #ကိုရိုနာဗိုင်းရပ်စ် #ဗြိတိန် #ရန်ကုန် #ဝူဟန်ဗိုင်းရပ်စ် #ကမ္ဘာ့ကပ်ရောဂါ #တရုတ် #ဝူဟန် #ကိုရိုနာ #ဗိုင်းရပ်စ် #ကာကွယ်ဆေး

ယနေ့အထိ တပ်မတော်အတွင်း COVID-19 ရောဂါကူးစက်ခံရသူ၊ ရောဂါပိုးတွေ့ရှိသူမရှိ (မရှိ)သေးဘဲ  - Hospital Quarantine စောင့်ကြည့်သ...
18/04/2020

ယနေ့အထိ တပ်မတော်အတွင်း COVID-19 ရောဂါကူးစက်ခံရသူ၊ ရောဂါပိုးတွေ့ရှိသူမရှိ (မရှိ)သေးဘဲ

- Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား(၁၁)ဦး၊ မှီခို(၇) ဦး၊
- Home Quarantine စောင့်ကြည့်သူ၊ တပ်မတော်သား(၂၀၇)ဦး၊ မှီခို(၁၀၈)ဦး
- Facility Quarantine စောင့်ကြည့်သူ တပ်မတော်သား(၅၆)ဦး၊ မှီခို(၇၆)ဦးဖြစ်ပြီး

- Facility Quarantine စောင့်ကြည့်ရန်အတွက် ရန်ကုန် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြည်သူ (၁၅၃)ဦး၊
- နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ပြည်သူ (၄၀၃)ဦး၊
- ရွှေညောင် တည်းခိုရေးစခန်းတွင် (၂၆)ဦး၊
- ကျိုင်းတုံမြို့ရှိ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းတွင်(၁)ဦး
- စုစုပေါင်း ပြည်သူ(၅၈၃)ဦးတို့ ဖြစ်ကြောင်းနှင့်
၎င်းတို့အားလုံး၏ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း။
(တပ်မတော်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးမှ ကောက်နှုတ်ချက်)

Source: http://www.cincds.gov.mm/node/7136

တပ်မတော်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ

ကမ္ဘာတစ်ဝန်းတွင် ဧပြီ ၁၇ ရက်အထိ COVID-19 အတည်ပြုလူနာစာရင်းပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)ဖော်ပြပါ စာရင်းများသည် တစ်ကမ္ဘာလုံး...
17/04/2020

ကမ္ဘာတစ်ဝန်းတွင် ဧပြီ ၁၇ ရက်အထိ COVID-19 အတည်ပြုလူနာစာရင်း

ပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ဖော်ပြပါ စာရင်းများသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ဖြစ်ပွားသည့်အတည်ပြုလူနာ အရေအတွက်ကို ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာဌာနမှ ဧပြီ ၁၇ ရက် ဂရင်းနစ်စံတော်ချိန် ၁၀၀၀ တွင် နောက်ဆုံးကောက်ယူထားခြင်းဖြစ်သည်။

နိုင်ငံအမည် အတည်ပြုလူနာ

တစ်ကမ္ဘာလုံး - ၂,၁၆၇,၉၅၅ ဦး

အမေရိကန် - ၆၇၁,၄၂၅ ဦး

စပိန် - ၁၈၄,၉၄၈ ဦး

အီတလီ - ၁၆၈,၉၄၁ ဦး

ပြင်သစ် - ၁၄၇,၁၀၁ ဦး

ဂျာမနီ - ၁၃၈,၁၃၅ ဦး

ဗြိတိန် - ၁၀၄,၁၅၀ ဦး

အီရန် - ၇၇,၉၉၅ ဦး

တူရကီ - ၇၄,၁၉၃ ဦး

ဘယ်လ်ဂျီယံ - ၃၆,၁၃၈ ဦး

တရုတ် - ၈၄,၁၅၁ ဦး

(အဆိုပါ စာရင်းများအား ဆင်ဟွာသတင်းဌာန၏ စက်ရုပ်မှ ပြုစုထားခြင်း ဖြစ်ပါသည်။) (Xinhua)
-------------------------------
(Zawgyi Version)
ကမ္ဘာတစ်ဝန်းတွင် ဧပြီ ၁၇ ရက်အထိ COVID-19 အတည်ပြုလူနာစာရင်း

ပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ဖော်ပြပါ စာရင်းများသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ဖြစ်ပွားသည့်အတည်ပြုလူနာ အရေအတွက်ကို ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာဌာနမှ ဧပြီ ၁၇ ရက် ဂရင်းနစ်စံတော်ချိန် ၁၀၀၀ တွင် နောက်ဆုံးကောက်ယူထားခြင်းဖြစ်သည်။

နိုင်ငံအမည် အတည်ပြုလူနာ

တစ်ကမ္ဘာလုံး - ၂,၁၆၇,၉၅၅ ဦး

အမေရိကန် - ၆၇၁,၄၂၅ ဦး

စပိန် - ၁၈၄,၉၄၈ ဦး

အီတလီ - ၁၆၈,၉၄၁ ဦး

ပြင်သစ် - ၁၄၇,၁၀၁ ဦး

ဂျာမနီ - ၁၃၈,၁၃၅ ဦး

ဗြိတိန် - ၁၀၄,၁၅၀ ဦး

အီရန် - ၇၇,၉၉၅ ဦး

တူရကီ - ၇၄,၁၉၃ ဦး

ဘယ်လ်ဂျီယံ - ၃၆,၁၃၈ ဦး

တရုတ် - ၈၄,၁၅၁ ဦး

(အဆိုပါ စာရင်းများအား ဆင်ဟွာသတင်းဌာန၏ စက်ရုပ်မှ ပြုစုထားခြင်း ဖြစ်ပါသည်။) (Xinhua)

တရုတ်နိုင်ငံမှ ပြည်တော်ပြန် ၆၀ ဦး ထပ်မံရောက်ရှိလာ •••••••••••••••••••••ဧပြီ ၁၆တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား...
16/04/2020

တရုတ်နိုင်ငံမှ ပြည်တော်ပြန် ၆၀ ဦး ထပ်မံရောက်ရှိလာ
•••••••••••••••••••••

ဧပြီ ၁၆
တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား ၆၀ ဦး မြစ်ကြီးနားမြို့သို့ ထပ်မံရောက်ရှိပြီဖြစ်ကြောင်းမြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဝင်းကပြောသည်။

''အခုက ကား၆စီးတော့ရောက်ပြီ နောက်ထပ်၇စီးကျန်သေးတယ်'' ဟု ဦးသန်းဝင်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ကချင်ပြည်နယ် တရုတ်နယ်စပ်ဂိတ်မှ
ပထမအသုပ်အနေဖြင့် ယနေ့ ဧပြီ ၁၆ ရက်နေတွင်တရုတ်နိုင်ငံမှပြန်လာသူ မြန်မာနိုင်ငံသား ၁၂၆ ဦးအနက် ၆၀ဦး ရောက်ရှိလာခြင်းဖြစ်သည်။

ကျန်ရှိသည့် အယောက် ၆၆ဦး ယနေ့ ညတွင် ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
Ah Je
Photo -Ah Je

Zawgyi
တရုတ်နိုင်ငံမှ ပြည်တော်ပြန် ၆၀ ဦး ထပ်မံရောက်ရှိလာ
•••••••••••••••••••••

ဧပြီ ၁၆
တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား ၆၀ ဦး မြစ်ကြီးနားမြို့သို့ ထပ်မံရောက်ရှိပြီဖြစ်ကြောင်းမြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဝင်းကပြောသည်။

''အခုက ကား၆စီးတော့ရောက်ပြီ နောက်ထပ်၇စီးကျန်သေးတယ်'' ဟု ဦးသန်းဝင်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ကချင်ပြည်နယ် တရုတ်နယ်စပ်ဂိတ်မှ
ပထမအသုပ်အနေဖြင့် ယနေ့ ဧပြီ ၁၆ ရက်နေတွင်တ ရုတ်နိုင်ငံမှပြန်လာသူ မြန်မာနိုင်ငံသား ၁၂၆ ဦးအနက် ၆၀ဦး ရောက်ရှိလာခြင်းဖြစ်သည်။

ကျန်ရှိသည့် အယောက် ၆၆ဦး ယနေ့ ညတွင် ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
Ah Je
Photo -Ah Je

 #ထပ်တိုး_၁၁_ဦး #စုစုပေါင်း_၈၅_ယောက်ရှိပြီ #ပိုကြောက်ဖို့ကောင်းလာပြီ #ကိုယ်ဖြစ်တာထက်_ကိုယ့်မိသားစု_ကိုယ့်ကြောင့်_ဝေဒနာခံ...
16/04/2020

#ထပ်တိုး_၁၁_ဦး

#စုစုပေါင်း_၈၅_ယောက်ရှိပြီ

#ပိုကြောက်ဖို့ကောင်းလာပြီ

#ကိုယ်ဖြစ်တာထက်_ကိုယ့်မိသားစု_ကိုယ့်ကြောင့်_ဝေဒနာခံစားရတာ_မြင်ချင်ရင်_အပြင်သာထွက်ကြပါ

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၅-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၄၀၀) ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ပါသည်။

၂။ အဆိုပါ ဓာတ်ခွဲနမူနာများအနက် (၁၂၈) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်းကို (၁၅-၄-၂၀၂၀) ရက်နေ့၊ ည (၈) နာရီ သတင်းတွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၃) နာရီအချိန် ထုတ်ပြန်ချက်အရ ကျန်ရှိသည့် (၂၇၂) ဦး၏ ဓာတ်ခွဲနမူနာများအနက် ဇယား (၁) ၌ ဖော်ပြထားသော (၁၁) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရပြီး ကျန် (၂၆၁) ဦး၏ ဓာတ်ခွဲနမူနာ များတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါ။

၎။ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၅) ဦးရှိပြီ ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) ဦးအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပို့၍ ကုသမှုပေးသွားမည်ဖြစ်ပါသည်။

COVID-19 ကပ်ရောဂါကို အခွင့်ကောင်းယူပြီး ပင်လယ်ပြင်မှာ တရုတ် အင်အားချဲ့နေ(Zawgyi/Unicode)အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ...
16/04/2020

COVID-19 ကပ်ရောဂါကို အခွင့်ကောင်းယူပြီး ပင်လယ်ပြင်မှာ တရုတ် အင်အားချဲ့နေ

(Zawgyi/Unicode)

အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်အတွင်း ဗီယက်နမ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ ရေပြင်မှာ ဧပြီလအစောပိုင်းက ဗီယက်နမ် ငါးဖမ်းလှေတစ်စင်းကို တိုက်ပြီး နှစ်မြှုပ်ခဲ့တဲ့ တရုတ်သင်္ဘော Haiyang Dizhi အဲဒီ ရေပြင်ထဲ ပြန်ရောက်လာခဲ့ပြန်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ COVID-19 ကပ်ရောဂါကို လူတွေ အာရုံစိုက်နေတာကို အခွင့်အကောင်းယူပြီး ပင်လယ်ပြင်မှာ အင်အား ချဲ့ထွင်နေတာတွေ လုပ်နေမှာကို စိုးရိမ်ပူပန်စိတ်တွေ ပြန်ပြီး ထွက်ပေါ်လာစေခဲ့ပါတယ်။

Haiyang Dizhi သင်္ဘောဟာ ဗီယက်နမ်ရဲ့ အထူး စီးပွားရေး ရေပိုင်နက်ဇုံထဲ အင်္ဂါနေ့ ညနေပိုင်းက ပြန်ရောက်လာတာ ဖြစ်တယ်လို့ Maritime Traffic အဖွဲ့က ပြောပါတယ်။

အခုလို ပြန်ရောက်လာတာကြောင့် ဧပြီလ ၂ ရက်နေ့က ငါးဖမ်း သင်္ဘော နှစ်မြှုပ်ခံရတဲ့ ဗီယက်နမ် နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား တင်းမာ မှုတွေ ပြန်ပြီး မြင့်တက်လာစေမယ့် အန္တရာယ် ပိုများ လာစေပါတယ်။ Haiyang Dizhi သင်္ဘောတိုက်လို့ နစ်မြုပ်သွားတဲ့ ဗီယက်နမ်း ငါးဖမ်း သင်္ဘောမှာ ငါးဖမ်းသမား ၆ ယောက်ပါရှိပေမဲ့ အားလုံး အသက်မသေဘဲ လွတ်မြောက်ခဲ့တာပါ။

အဲဒီ အဖြစ်အပျက်ကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus က ကြေညာချက်ထုတ်ပြန်ပြီး တရုတ်နိုင်ငံဟာ COVID-19 ကိစ္စက နေ အာရုံလွှဲပြောင်းဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခဲ့ပါသေးတယ်။

COVID-19 ကြောင့် တရုတ်နိုင်ငံသားတွေ သေဆုံးရတာတွေ၊ စီးပွားရေး ကျဆင်းတာတွေနဲ့ ဂုဏ်သတင်း ထိခိုက်တာတွေ ရှိနေပေမဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့ အင်အား တောင့်တင်းခိုင်မာတာကို ပြသချင် နေတယ်လို့ လေ့လာအကဲဖြတ်သူတွေက သုံးသပ်ပါတယ်။
.................

COVID-19 ကပ်ရောဂါကို အခွင့်ကောင်းယူပြီး ပင်လယ်ပြင်မှာ တရုတ် အင်အားချဲ့နေ

(Unicode)

အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်အတွင်း ဗီယက်နမ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ ရေပြင်မှာ ဧပြီလအစောပိုင်းက ဗီယက်နမ် ငါးဖမ်းလှေတစ်စင်းကို တိုက်ပြီး နှစ်မြှုပ်ခဲ့တဲ့ တရုတ်သင်္ဘော Haiyang Dizhi အဲဒီ ရေပြင်ထဲ ပြန်ရောက်လာခဲ့ပြန်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ COVID-19 ကပ်ရောဂါကို လူတွေ အာရုံစိုက်နေတာကို အခွင့်အကောင်းယူပြီး ပင်လယ်ပြင်မှာ အင်အား ချဲ့ထွင်နေတာတွေ လုပ်နေမှာကို စိုးရိမ်ပူပန်စိတ်တွေ ပြန်ပြီး ထွက်ပေါ်လာစေခဲ့ပါတယ်။

Haiyang Dizhi သင်္ဘောဟာ ဗီယက်နမ်ရဲ့ အထူး စီးပွားရေး ရေပိုင်နက်ဇုံထဲ အင်္ဂါနေ့ ညနေပိုင်းက ပြန်ရောက်လာတာ ဖြစ်တယ်လို့ Maritime Traffic အဖွဲ့က ပြောပါတယ်။

အခုလို ပြန်ရောက်လာတာကြောင့် ဧပြီလ ၂ ရက်နေ့က ငါးဖမ်း သင်္ဘော နှစ်မြှုပ်ခံရတဲ့ ဗီယက်နမ် နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား တင်းမာ မှုတွေ ပြန်ပြီး မြင့်တက်လာစေမယ့် အန္တရာယ် ပိုများ လာစေပါတယ်။ Haiyang Dizhi သင်္ဘောတိုက်လို့ နစ်မြုပ်သွားတဲ့ ဗီယက်နမ်း ငါးဖမ်း သင်္ဘောမှာ ငါးဖမ်းသမား ၆ ယောက်ပါရှိပေမဲ့ အားလုံး အသက်မသေဘဲ လွတ်မြောက်ခဲ့တာပါ။

အဲဒီ အဖြစ်အပျက်ကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus က ကြေညာချက်ထုတ်ပြန်ပြီး တရုတ်နိုင်ငံဟာ COVID-19 ကိစ္စက နေ အာရုံလွှဲပြောင်းဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခဲ့ပါသေးတယ်။

COVID-19 ကြောင့် တရုတ်နိုင်ငံသားတွေ သေဆုံးရတာတွေ၊ စီးပွားရေး ကျဆင်းတာတွေနဲ့ ဂုဏ်သတင်း ထိခိုက်တာတွေ ရှိနေပေမဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့ အင်အား တောင့်တင်းခိုင်မာတာကို ပြသချင် နေတယ်လို့ လေ့လာအကဲဖြတ်သူတွေက သုံးသပ်ပါတယ် ။

ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးအခြေအနေ( ဧပြီ ၁၅၊ ၂၀၂၀ ညနေ ၄ နာရီ)
15/04/2020

ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးအခြေအနေ
( ဧပြီ ၁၅၊ ၂၀၂၀ ညနေ ၄ နာရီ)

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး စက်တင်ဘာလတွင် စတင် ရရှိနိုင်မည် အင်္ဂလန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး...
12/04/2020

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး စက်တင်ဘာလတွင် စတင် ရရှိနိုင်မည်

အင်္ဂလန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပြည်သူများအနေဖြင့် စက်တင်ဘာလတွင် ရရှိနိုင်မည်ဖြစ်ကြောင်း၊ အောက်စ်ဖို့ထ် တက္ကသိုလ်မှ ပါမောက္ခတ ဆာရာ ဂေးလ်ဘာ့ထ် ဦးဆောင်သော သုတေသီအဖွဲ့သည် ကာကွယ်ဆေး ထုတ်လုပ်ရန်ကြိုးပမ်းလျှက်ရှိကြောင်း၊ ကာကွယ်ဆေးနမူနာကို လူသားများနှင့် မကြာမီ သတင်းပတ်များအတွင်း စတင်စမ်းသပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ဆိုသည်။

၎င်း ကာကွယ်ဆေးသည် အောင်မြင်မှုရစေရန် ၈၀ ရာခိုင်နှုန်းသေချာသလောက်ရှိနေပြီဖြစ်ကြောင်း နှင့် ၎င်းတို့အဖွဲ့၏ အခြားသော လုပ်ဆောင်ချက်များအပေါ် အခြေခံ၍ ပါမောက္ခဂေးလ်ဘာ့ထ်က ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ပါမောက္ခ ဆာရာဂေးလ်ဘာ့ထ် က “အခု ပြောတဲ့အကြောင်းအရာဟာ ထင်ကြေးသက်သက်တင်မဟုတ်ပါဘူး အချိန်တွေ တဖြည်းဖြည်းကြာလာတာနဲ့အမျှ ကျွန်မတို့ စုဆောင်းရရှိထားတဲ့အချက်အလက်အများစုအပေါ်အခြေခံ ပြောကြားခြင်းဖြစ်ပါတယ်”ဟုဆိုသည်။ အဆိုပါ ကာကွယ်ဆေးသာအမှန်တကယ် အသုံးပြုနိုင်တော့မည်ဆိုပါက အရေအတွက် သန်းပေါင်းများစွာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ဆိုသည်။ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူပေါင်း ၁ သိန်းကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

-----------------------
(Zawgyi Version)

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး စက်တင်ဘာလတွင် စတင် ရရှိနိုင်မည်

အင်္ဂလန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပြည်သူများအနေဖြင့် စက်တင်ဘာလတွင် ရရှိနိုင်မည်ဖြစ်ကြောင်း၊ အောက်စ်ဖို့ထ် တက္ကသိုလ်မှ ပါမောက္ခတ ဆာရာ ဂေးလ်ဘာ့ထ် ဦးဆောင်သော သုတေသီအဖွဲ့သည် ကာကွယ်ဆေး ထုတ်လုပ်ရန်ကြိုးပမ်းလျှက်ရှိကြောင်း၊ ကာကွယ်ဆေးနမူနာကို လူသားများနှင့် မကြာမီ သတင်းပတ်များအတွင်း စတင်စမ်းသပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ဆိုသည်။

၎င်း ကာကွယ်ဆေးသည် အောင်မြင်မှုရစေရန် ၈၀ ရာခိုင်နှုန်းသေချာသလောက်ရှိနေပြီဖြစ်ကြောင်း နှင့် ၎င်းတို့အဖွဲ့၏ အခြားသော လုပ်ဆောင်ချက်များအပေါ် အခြေခံ၍ ပါမောက္ခဂေးလ်ဘာ့ထ်က ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ပါမောက္ခ ဆာရာဂေးလ်ဘာ့ထ် က “အခု ပြောတဲ့အကြောင်းအရာဟာ ထင်ကြေးသက်သက်တင်မဟုတ်ပါဘူး အချိန်တွေ တဖြည်းဖြည်းကြာလာတာနဲ့အမျှ ကျွန်မတို့ စုဆောင်းရရှိထားတဲ့အချက်အလက်အများစုအပေါ်အခြေခံ ပြောကြားခြင်းဖြစ်ပါတယ်”ဟုဆိုသည်။ အဆိုပါ ကာကွယ်ဆေးသာအမှန်တကယ် အသုံးပြုနိုင်တော့မည်ဆိုပါက အရေအတွက် သန်းပေါင်းများစွာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ဆိုသည်။ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူပေါင်း ၁ သိန်းကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

သင်္ကြန်အကြိုနေ့ လားရှိုးမြို့ဈေးတွေမှာ လူစည်ကားပြီး ကျန်းမာရေးလိုက်နာမှု အားနည်း~~~~~■ ဧပြီလ ၁၂ရက်နေ့ သင်္ကြန်အကြိုနေ့ ဒီကေ...
12/04/2020

သင်္ကြန်အကြိုနေ့ လားရှိုးမြို့ဈေးတွေမှာ လူစည်ကားပြီး ကျန်းမာရေးလိုက်နာမှု အားနည်း
~~~~~
■ ဧပြီလ ၁၂ရက်နေ့ သင်္ကြန်အကြိုနေ့ ဒီကနေ့ မနက်ပိုင်း လားရှိုးမြို့ ဈေးတွေမှာ သင်္ကြန်ကြိုဖို့အတွက် ရိုးရာအတာအိုးနဲ့ ဘုရားပန်းရောင်း ဝယ်ယူသူတွေနဲ့ အထူးစည်ကားနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကျေးရွာတွေမှာ အခါတိုင်းနှစ်လို ရိုးရာအတာအိုးလုပ်သူတွေ နည်းသွားသလို လာရောက် ရောင်းချသူ အရင်နှစ်ကလောက် မများဘူးလို့ ဈေးသည်တွေက ပြောပါတယ်။

အရင်နှစ်က အတာအိုးတစ်လုံးကို အိုးအနေအထားနဲ့ ပန်းပါဝင်မှုအပေါ် မူတည်ပြီး ငါးရာကနေ နှစ်ထောင်လောက် ဈေးပေးရပေမယ့် ဒီနှစ်မှာတော့ တစ်ထောင်ကနေစပြီး နှစ်ထောင့်ငါးရာ၊ သုံးထောင်အထိ ဈေးပေး ဝယ်နေကြရပါတယ်။

ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမလုပ်ကြဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေ တပ်ကြဖို့ ညွှန်ကြားထားပေမယ့် ဈေးတွေမှာ လူတွေ ပုံမှန်စည်ကားနေပြီး သုံးပေအကွာကနေ စနစ်တကျ ရောင်းချတာမရှိသလို နှာခေါင်းစည်းတပ်ပြီး သွားလာသူ ဈေးရောင်းချသူတွေ နည်းတာကို တွေ့ရပါတယ်။
- Unicode
~~~~~~~~~~~~~~~

သင်္ကြန်အကြိုနေ့ လားရှိုးမြို့ဈေးတွေမှာ လူစည်ကားပြီး ကျန်းမာရေးလိုက်နာမှု အားနည်း
~~~~~
■ ဧပြီလ ၁၂ရက်နေ့ သင်္ကြန်အကြိုနေ့ ဒီကနေ့ မနက်ပိုင်း လားရှိုးမြို့ ဈေးတွေမှာ သင်္ကြန်ကြိုဖို့အတွက် ရိုးရာအတာအိုးနဲ့ ဘုရားပန်းရောင်း ဝယ်ယူသူတွေနဲ့ အထူးစည်ကားနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကျေးရွာတွေမှာ အခါတိုင်းနှစ်လို ရိုးရာအတာအိုးလုပ်သူတွေ နည်းသွားသလို လာရောက် ရောင်းချသူ အရင်နှစ်ကလောက် မများဘူးလို့ ဈေးသည်တွေက ပြောပါတယ်။

အရင်နှစ်က အတာအိုးတစ်လုံးကို အိုးအနေအထားနဲ့ ပန်းပါဝင်မှုအပေါ် မူတည်ပြီး ငါးရာကနေ နှစ်ထောင်လောက် ဈေးပေးရပေမယ့် ဒီနှစ်မှာတော့ တစ်ထောင်ကနေစပြီး နှစ်ထောင့်ငါးရာ၊ သုံးထောင်အထိ ဈေးပေး ဝယ်နေကြရပါတယ်။

ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမလုပ်ကြဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေ တပ်ကြဖို့ ညွှန်ကြားထားပေမယ့် ဈေးတွေမှာ လူတွေ ပုံမှန်စည်ကားနေပြီး သုံးပေအကွာကနေ စနစ်တကျ ရောင်းချတာမရှိသလို နှာခေါင်းစည်းတပ်ပြီး သွားလာသူ ဈေးရောင်းချသူတွေ နည်းတာကို တွေ့ရပါတယ်။
- Zawgyi
~~~~~~~~~~~~~~~

ဓာတ်ပုံ - ကံသာ/ RFA

'လူနာနံပါတ် ၀၃၄၊ ၀၃၅၊ ၀၃၆ နှင့် ၀၃၇  တို့လေးဦး သွားရောက်ခဲ့သည့် ဘာသာရေးအခမ်းအနားကိုမူ စုံစမ်းနေဆဲဟု အင်းစိန်မြို့နယ် ရန်...
12/04/2020

'လူနာနံပါတ် ၀၃၄၊ ၀၃၅၊ ၀၃၆ နှင့် ၀၃၇ တို့လေးဦး သွားရောက်ခဲ့သည့် ဘာသာရေးအခမ်းအနားကိုမူ စုံစမ်းနေဆဲဟု အင်းစိန်မြို့နယ် ရန်ကုန်တိုင်းလွှတ်တော်အမတ်ကဆိုသည်'

ဧပြီ ၁၁ ဓာတ်ခွဲစစ်ဆေးမှုတွင် ကိုဗစ်နိုင်တင်းလူနာ ၁၀ ဦးထပ်တွေ့၊ ရောဂါပိုးရှိသူ ၃၈ ဦးထိရောက်ရှိ
-------------------
ကိုဗစ်နိုင်တင်းရောဂါ ဓာတ်ခွဲစစ်ဆေးမှု အရေအတွက်တိုးမြှင့် စစ်ဆေးလိုက်သည့် ဧပြီ ၁၁ တွင် ရောဂါပိုးရှိသူ ၁၀ ဦးအထိရှိခဲ့ပြီး ယနေ့နံနက် ၂ နာရီအထိထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါပိုးရှိသူ ၃၈ ဦးအထိရှိပြီဖြစ်သည်။

ဧပြီ ၁၁ ရက်တွင် စောင့်ကြည့်လူနာ ၂၃၀ ဦး၏ ဓာတ်ခွဲနမူနာများကို ရယူစစ်ဆေးခဲ့ရာတွင် ၁၀ ဦး၌ရောဂါပိုးတွေ့ရှိရပြီး ကျန် ၂၂၀ တွင်ရောဂါပိုးမတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဧပြီ ၁၁ ည ၈ နာရီတွင် ၁၆၇ ဦး၏ ဓာတ်ခွဲစစ်‌ဆေးမှုရလဒ်ကို ထုတ်ပြန်ခဲ့ပြီး ၁၆၄ ဦးတွင် ရောဂါပိုးမရှိဘဲ ၃ ဦးတွင်သာ ကိုဗစ်နိုင်တင်းရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန် ၆၃ ဦး၏ဓာတ်ခွဲအဖြေကို ယနေ့နံနက် ၂ နာရီတွင် ဆက်လက်ထုတ်ပြန်ရာ ၇ ဦးတွင်ရောဂါပိုး တွေ့ရှိရခြင်းဖြစ်သည်။

ယနေ့နံနက်ထုတ်ပြန်သည့် ကိုဗစ်နိုင်တင်းလူနာသစ် ၇ ဦးစလုံးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီး နှစ်ဦးဖြစ်သည်။

လှည်းကူးမြို့နေ အသက် ၃၈ နှစ်အရွယ် အမျိုးသားလူနာမှာ လွန်ခဲ့သည့် သုံးလက တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ရာ မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများတွင် တရုတ်နိုင်ငံမှ ပြန်လာသူတစ်ဦးကို ပထမဆုံးတွေ့ရှိခြင်းဖြစ်သည်။

ထပ်မံတွေ့ရှိသော ကိုဗစ်နိုင်တင်း လူနာများတွင် အသက်အငယ်ဆုံးမှာ ၂၀ နှစ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ ၇၈ နှစ်ဖြစ်သည်။

ထပ်မံဖြည့်စွက်ချက်
---------
လူနာနံပါတ် ၀၃၄၊ ၀၃၅၊ ၀၃၆ နှင့် ၀၃၇ တို့လေးဦးမှာ နိုင်ငံခြားသားများ ပါဝင်သော ဘာသာရေးအခမ်းအနားတစ်ခုသို့ အတူတက်ရောက်ခဲ့သည့် ရာဇဝင်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါလူနာများနေထိုင်သည့် အင်းစိန်မြို့နယ်၊ ရပ်ကွက်နှစ်ခုရှိလမ်းများကို အသွားအလာကန့်သတ်မည်ဖြစ်ပြီး လမ်းအမည်နှင့် ရပ်ကွက်အမည်များကိုမူ အသွားအလာကန့်သတ်ပြီးမှသာ ပြောမည်ဟု အင်းစိန်မြို့နယ်မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် ကပြောသည်။

“ကျွန်တော်တို့ အခုမှစပြီး ပြင်ဆင်ကြတုန်းခင်ဗျ ဒီမနက်မှသိကြတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့အားလုံး အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေကြပါတယ်” ဟု ၎င်းကဆိုသည်။

အင်းစိန်ဆေးရုံကြီးမှ လူနာအားလုံးကို ဝေဘာဂီဆေးရုံကြီးသို့ လွှဲပြောင်းပြီးဖြစ်ကြောင်း၊ လူနာနံပါတ် ၀၃၄၊ ၀၃၅၊ ၀၃၆ နှင့် ၀၃၇ တို့လေးဦး သွားရောက်ခဲ့သည့် ဘာသာရေးအခမ်းအနားကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။

စန္ဒာဉာဏ်/Myanmar Now

ပြည်မြို့က မေ့ဆေးဆရာဝန်မကြီး COVID - 19 ကူးစက်ခံရ
11/04/2020

ပြည်မြို့က မေ့ဆေးဆရာဝန်မကြီး COVID - 19 ကူးစက်ခံရ

ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးအခြေအနေ(ဧပြီ ၁၀၊ ၂၀၂၀ နေ့လယ် ၁၂ နာရီ)
10/04/2020

ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးအခြေအနေ
(ဧပြီ ၁၀၊ ၂၀၂၀ နေ့လယ် ၁၂ နာရီ)

ယနေ့ နေ့လယ် ၁၂ ခွဲ အချိန်ထိ။
08/04/2020

ယနေ့ နေ့လယ် ၁၂ ခွဲ အချိန်ထိ။

ကိုရိုနာဗိုင်းရပ်စ် လူနာအမှတ် ၁၇ ကွယ်လွန်~~~~~~■ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ လူနာ အမှတ် ၁၇ ဖြစ်တဲ့ ပဲခူးတိုင်း ပြည်ခ...
08/04/2020

ကိုရိုနာဗိုင်းရပ်စ် လူနာအမှတ် ၁၇ ကွယ်လွန်
~~~~~~
■ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ လူနာ အမှတ် ၁၇ ဖြစ်တဲ့ ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဒီမနက် သေဆုံးသွားပြီလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။

ကျန်းမာရေးဌာန အရာရှိတစ်ဦးကလည်း လူနာဟာ ဒီနေ့မနက် ၃:၄၀ အချိန်က ပြည်ဆေးရုံမှာ ကွယ်လွန်ခဲ့တာလို့ ပြောပါတယ်။

“ကိုဗစ်19 ကြောင့် သွေးဆိပ်တက်ခြင်းနှင့် ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါကြောင့် သေဆုံးရခြင်းဖြစ်ပါသည်” လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ခင်ကြီးက သူ့ Facebook စာမျက်နှာမှာ ရေးထားပါတယ်။

လူနာအမှတ် ၁၇ ဟာ ရောဂါအခြေအနေဆိုးတာကြောင့် ပြည်ဆေးရုံ အထူးကြပ်မတ်ဆောင်မှာ နှစ်ရက်လောက် ကုသမှုခံယူခဲ့သူပါ။

သူဟာ လူနာအမှတ် ၁၅ ဖြစ်တဲ့ သူ့ဇနီးသည်ဆီကနေ ကူးစက်ခံရတာလို့ သိရပါတယ်။

အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ဦး ရှိလာပါပြီ။

ပထမဆုံး သေဆုံးသူကတော့ ရန်ကုန် မင်္ဂလာတောင်ညွှန်မြို့နယ်က အသက် ၆၉နှစ်အရွယ် လူနာအမှတ် ၅ ဖြစ်ပြီး ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူစဉ် မတ်လ ၃၁ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။
- Unicode
~~~~~~~~~~~~~~~

ကိုရိုနာဗိုင်းရပ်စ် လူနာအမှတ် ၁၇ ကွယ်လွန်
~~~~~~
■ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ လူနာ အမှတ် ၁၇ ဖြစ်တဲ့ ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဒီမနက် သေဆုံးသွားပြီလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။

ကျန်းမာရေးဌာန အရာရှိတစ်ဦးကလည်း လူနာဟာ ဒီနေ့မနက် ၃:၄၀ အချိန်က ပြည်ဆေးရုံမှာ ကွယ်လွန်ခဲ့တာလို့ ပြောပါတယ်။

“ကိုဗစ်19 ကြောင့် သွေးဆိပ်တက်ခြင်းနှင့် ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါကြောင့် သေဆုံးရခြင်းဖြစ်ပါသည်” လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ခင်ကြီးက သူ့ Facebook စာမျက်နှာမှာ ရေးထားပါတယ်။

လူနာအမှတ် ၁၇ ဟာ ရောဂါအခြေအနေဆိုးတာကြောင့် ပြည်ဆေးရုံ အထူးကြပ်မတ်ဆောင်မှာ နှစ်ရက်လောက် ကုသမှုခံယူခဲ့သူပါ။

သူဟာ လူနာအမှတ် ၁၅ ဖြစ်တဲ့ သူ့ဇနီးသည်ဆီကနေ ကူးစက်ခံရတာလို့ သိရပါတယ်။

အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ဦး ရှိလာပါပြီ။

ပထမဆုံး သေဆုံးသူကတော့ ရန်ကုန် မင်္ဂလာတောင်ညွှန်မြို့နယ်က အသက် ၆၉နှစ်အရွယ် လူနာအမှတ် ၅ ဖြစ်ပြီး ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူစဉ် မတ်လ ၃၁ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။
- Zawgyi
~~~~~~~~~~~~~~~

Photo: CCTV

(ပြည်ဆေးရုံမှာတက်နေတဲ့ Case-17 လူနာကို ၂၀၂၀ ဧပြီ ၆ ရက်နေ့ကတွေ့ရစဉ်)

ကြို့ ပင်ကောက်မြို့ မှ Covid သံသယလူနာဟုတ်မဟုတ် မေးမြန်းစစ်ဆေးမိတဲ့ ရာအိမ်မှုးမိသားစု ကို အုပ်စုလိုက်ဓါးနဲ့ ဝင်ခုတ်လို့ တစ...
07/04/2020

ကြို့ ပင်ကောက်မြို့ မှ Covid သံသယလူနာဟုတ်မဟုတ် မေးမြန်းစစ်ဆေးမိတဲ့ ရာအိမ်မှုးမိသားစု ကို အုပ်စုလိုက်ဓါးနဲ့ ဝင်ခုတ်လို့ တစ်ဦးသေရ

သတ်သူတရားခံက်ု ယခုအချိန်ထိရဲမှ မဖမ်းဆီးသေး

💢ကြို့ ပင်ကောက်မြို့ မရဲစခန်း( ပ) ၅၃၈ /၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/ ၁၁၄💢

⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️

Covidလူနာဟုတ်မဟုတ်မေးတဲ့ရာအိမ်မှုးမိသားစုကို
ဓားနဲ့ခုတ်လို့သေရတယ်-ယုတ်မာချက်ဗျာ
အနိုင်ကျင့်လူသတ်မှုမှာ သတ်သူမောင်အေးကို
ဘာ့ကြောင့်မဖမ်းတာလည်းဆိုတာမြို့လူထုက
မေးနေကြပါပြီ---ငွေရှိရင် လူသတ်လို့ရပါလား
ငွေချမ်းသာသူက လူမိုက်ဆန်ဆန်သတ်လိုက်တဲ့

ကြို့ပင်ကောက်မှာအကြီးအကျယ်ဖြစ်တဲ့လူသတ်မှုက
Covid19သံသယရှိနိုင်တယ်ဆိုပြီးသတင်းပေးလို့
ရန်ဖြစ်ရာမှအစပြုပြီး ငွေချမ်းသာသူမောင်အေးအဖွဲ့က
ရာအိမ်မှုးအိမ်သို့အုပ်စုလိုက်ဝင်ပြီးဓားများနဲ့ခုတ်ရာမှ
ရာအိမ်မှုး၏မိသားစုဝင်တစ်ဦးသေဆုံးပြီး
နှစ်ဦးမှာဒဏ်ရာများ များပြားစွာရရှိသွားတဲ့ဖြစ်ရပ်
တစ်ခုမှာ

၅-၄-၂၀၂၀ ည၇နာရီအချိန်က
ဖြစ်ပွားခဲ့ပါတယ်လို့သိရှိရပါတယ်-
ကြို့ပင်ကောက်မြို့ ရွာမမြောက်ရပ်ကွက်
ကံညီနောင်လမ်းရှိ ရာအိမ်မှုးဦးဘာဘူလေးအိမ်မှာ
ဖြစ်ပွားခဲ့သည်-ဖြစ်ပွားရသည့်အကြောင်းအရင်းမှာ
၎-၄-၂၀၂၀နေ့ ညနေပိုင်းတွင်ကြို့ပင်ကောက်အနောက်မြောက်ရပ်ကွက် အနောက်လမ်းမတော်လမ်းတွင်နေထိုင်သူဦးမောင်အေးပိုင်ဆိုင်သော သုခစံတည်းခိုခန်းမှမန်နေဂျာသည်ကိုယ်ပူ ချောင်းဆိုးသဖြင့်
၎င်းတည်းခိုခန်းအနီးရှိဆေးဆိုင်တွင်ဆေးဝယ်ရာမှ
ဆေးဆိုင်ပိုင်ရှင်မှcovid သံသယရှိသဖြင့်
ရာအိမ်မှုဦးဘာဘူလေးထံအကြောင်း
ကြားခဲ့ရာဦးဘာဘူးလေးမှတည်းခိုခန်းသို့လာရောက်
စစ်ဆေးခဲ့သည်ကိုတည်းခိုခန်းပိုင်ရှင်ဦးမောင်အေးမှ
အငြိုးထားကာ၎င်း၏လူမိုက်တစ်ပည့်အဖွဲ့၂၀ဦးခန့်ကို
ခေါ်ပြီး ဓားရှည်များကိုင်ဆောင်၍၅-၄-၂၀၂၀နေ့ည၇နာရီအချိန်ခန့်တွင်ရာအိမ်မှုးဦးဘာဘူလေးအိမ်သို့သွားရောက်၍ရာအိမ်မှုးဦးဘာဘူလေးနှင့်
မိသားစုများကိုဓားနဲ့ခုတ်ရာရာအိမ်မှုးဦးဘာဘူလေး နှင့်ဇနီးနဲ့သမီးမှထွက်ပြေးလွတ်မြောက်သွားပြီးရာအိမ်မှုး၏ခယ်မနှင့်တူဖြစ်သူတို့မှာဒဏ်ရာရရှိပြီးတူဖြစ်သူမှာပွဲချင်းပြီးသေဆုံးခဲ့ပါသဖြင့်ကြို့ပင်ကောက်ရဲစခန်းသို့ ရာအိမ်မှုးဦးဘာဘူလေးကတိုင်ကြားသဖြင့်စခန်းမှအမှုဖွင့်ပြီးစစ်ဆေးသော်လည်းလူသတ်သူခေါင်းဆောင်ဦးမောင်အေးနှင့်အဖွဲ့ကိုဖမ်းဆီးခြင်းမပြုလုပ်နိုင်သေးပါကြောင်းသိရှိရပါသည်

-Nay pyi taw hot news agencyအဖွဲ့မှကွင်းဆင်းမေးမြန်းရာလူသတ်သူတည်းခိုခန်းပိုင်ရှင်ဦးမောင်အေးမှာငွေချမ်းသာပြီးလူမိုက်တစ်ပည့်များ များစွာမွေးထားကြောင်း-မြို့ခံများမှပြောပြချက်အရ
ကြို့ပင်ကောက်မြို့တွင် တည်းခိုခန်းနှင့်
လောင်းကစားလုပ်ငန်းလုပ်သူဖြစ်ကြောင်းသိရှိရပါသည်-
ဖြစ်စဉ်အမှန်ကိုအသေးစိတ်သိလိုပါက
ကြို့ပင်ကောက်မြိ့ ရွာမရပ်ကွက်ရာအိမ်မှုး ထံ
ဆက်သွယ်မေးမြန်းနိုင်ကြပါကြောင်း

Nay pyi taw hot news agency
🇲🇲အမှန်တရားဘက်တော်သားများအုပ်စု

ကိုဗစ်စောင့်ကြည့်စခန်းမှာ လွှတ်တော်ကိုယ်စားလှယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တုတ်နဲ့ရိုက်================ဧပြီ(၇)ရက်၊ ၂၀၂၀။...
07/04/2020

ကိုဗစ်စောင့်ကြည့်စခန်းမှာ လွှတ်တော်ကိုယ်စားလှယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တုတ်နဲ့ရိုက်
================
ဧပြီ(၇)ရက်၊ ၂၀၂၀။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာ အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က တုတ်နဲ့ရိုက်လို့ နဖူး၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေရရှိသွားပြီး နတ်သံကွင်း နယ်မြေရဲစခန်းမှာ အပြန်အလှန် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဧပြီလ(၅)ရက်နေ့တုန်းက စောင့်ကြည့်လူနာတွေထားတဲ့နေရာနားမှာ အုပ်ချုပ်ရေးမှူးက ကိုယ်စားလှယ်နဲ့အဖွဲ့ကို ဆဲဆိုနေတာကြောင့် ဒေသခံတွေက ကိုယ်စားလှယ်ကို သွားရောက်တိုင်ကြားခဲ့ပြီး နယ်မြေရဲစခန်းမှာ (ပ)၁၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ(၂၉၄)နဲ့အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။

နောက်နေ့ဧပြီလ(၆)ရက်နေ့မှာတော့ စောင့်ကြည့်လူနာထားတဲ့နေရာမှာ ကိုယ်စားလှယ်နဲ့ ဝန်ထမ်းနှစ်ယောက် ရှိနေချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်နဲ့ဝင်လာပြီး ကိုယ်စားလှယ်ကို တုတ်နဲ့ရိုက်ခဲ့တာကြောင့် ဓာတ်ဗူး၊ စာအုပ်နဲ့ကာပြီး အုပ်ချုပ်ရေးမှူးနဲ့ ကိုယ်စားလှယ်တို့ လုံးထွေးနေချိန် ကိုယ်စားလှယ်က အုပ်ချုပ်ရေးမှူးပါလာတဲ့ တုတ်ကိုယူပြီး ရိုက်လိုက်တာလို့ သိရပါတယ်။

“ဆဲလို့အမှုဖွင့်တာပေါ့။ အုပ်ချုပ်ရေးမှူးဖြစ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးကို ခွင့်တောင်းရတာပေါ့။ ပြီးတော့ နောက် နေ့မနက်မှာပဲ အမှုဖွင့်လိုက်တာ။ ဖွင့်ပြီးတော့ နေ့လည်ခင်းမှာ သူမကျေနပ်လို့ ကျွန်တော်ကို မူးနေပြီးလာရိုက် တာပေါ့။ ကျွန်တော့်ကို အဓိကထားဆဲတာပေါ့။ ဆေးလာဖျန်းတာကို မကျေနပ်လို့နေမှာပေါ့။ အုပ်ချုပ်ရေးမှူး တစ်ယောက်က လမ်းမှာအဲဒီလိုဆဲလို့မရဘူးလေ။”လို့ ကိုယ်စားလှယ် ဦးဇော်မင်းဦး(ခ) ဦးတင်ဆန်းဦးက O Media ကို ပြောပါတယ်။

အဲဒီလိုရိုက်လိုက်တာကြောင့် အုပ်ချုပ်ရေးမှူးမှာ ဦးခေါင်း(၅)ချက်ချုပ်ဒဏ်ရာ၊ (၄)ချက်ချုပ်ဒဏ်ရာ (၂)ချက် အပြင် ဖူးယောင်ဒဏ်ရာတွေလည်း ရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက O Media ကိုပြောပါတယ်။

“ကျွန်တော်က Covid-19 နေရာမှာ မြို့နယ်ဌာနဆိုင်ရာကြီးကြပ်မှုကော်မတီဖွဲ့ထားတယ်။ အဲဒီမှာ အနီးကပ် တာဝန်ယူလုပ်ရတာပေါ့။ အဲဒီမှာ ကော်မတီတွေရော၊ ရဲ၊ မီးသတ်တွေကို လက်ညိုးတစ်ထိုးထိုးနဲ့ ဟောက်လိုက် ဘာလိုက်လုပ်နေတော့ ကျွန်တော်က မင်းကိုတာဝန်ပေးနေတာမဟုတ်ဘူး။ ဒီမှာတာဝန်ရှိလို့လုပ်နေ တာထက် လူတိုင်းအသက်နဲ့ချည်းပဲ။ သေမှာကြောက်တယ်၊ ကူးမှာကြောက်တယ်။ ဒါပေမဲ့ စိတ်ရင်းနဲ့ ကလေးတွေလုပ်ကိုင် ချင်အောင် မင်းမလာရင်ပိုကောင်းတယ်။ မင်းလာရင် ကလေးတွေကမလုပ်ချင်တော့ဘူး။ ကိုယ့်ကိုယ်ကိုသိပေါ့ကွာ လို့ပြောလိုက်တယ်။ အုပ်ချုပ်ရေးစောက်ဆင့်နဲ့ဆိုတာမျိုးနဲ့ လာနှိုင်းတာ။” လို့ အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က O Media ကို ပြောပါတယ်။

ဒါကြောင့် အုပ်ချုပ်ရေးမှူးကလည်း ကိုယ်စားလှယ်ကရောဘာအဆင့်လဲလို့ပြောဆိုတာကို ကိုယ်စားလှယ်က ရဲစခန်းမှာ မူးယစ်ရမ်းကား ဆဲဆိုတယ်ဆိုပြီး အမှုဖွင့်ခဲ့လို့ မေးဖို့အဝင်၊ အမေးမခံဘဲ ကိုယ်စား လှယ်ကအရင် သံတုတ်နဲ့ရိုက်လိုက်တာလို့ ဆိုပါတယ်။

ဒဏ်ရာရတာကြောင့် အုပ်ချုပ်ရေးမှူးကို ကျောက်ကြီးမြို့နယ်ဆေးရုံကနေ ဒဏ်ရာတွေကို ချုပ်ပေးလိုက်ပြီး နောက် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီး၊ ဦးနှောက်နဲ့အာရုံကြောဌာနကို လွှဲပြောင်းလိုက်လို့ ကုသမှုခံယူ နေတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် အုပ်ချုပ်ရေးမှူးကို ကိုယ်စားလှယ်က ဝတ္တရားနှောင့်ယှက်မှု၊ အရေးပေါ်စီမံချက်ဥပဒေ၊ ကျူးကျော်မှုတွေအပါအဝင် ပုဒ်မ(၅)မျိုးလောက်နဲ့ အမှုဖွင့်ထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

အုပ်ချုပ်ရေးမှူးကလည်း ရာဇသတ်ကြီးပုဒ်မ(၂၉၄)နဲ့ အမှုပြန်လည်ဖွင့်လှစ်ထားတယ်လို့ နတ်သံကွင်းနယ် မြေရဲစခန်းက သိရပါတယ်။

(Zawgyi)

ကိုဗစ်စောင့်ကြည့်စခန်းမှာ လွှတ်တော်ကိုယ်စားလှယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တုတ်နဲ့ရိုက်
================
ဧပြီ(၇)ရက်၊ ၂၀၂၀။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာ အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က တုတ်နဲ့ရိုက်လို့ နဖူး၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေရရှိသွားပြီး နတ်သံကွင်း နယ်မြေရဲစခန်းမှာ အပြန်အလှန် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဧပြီလ(၅)ရက်နေ့တုန်းက စောင့်ကြည့်လူနာတွေထားတဲ့နေရာနားမှာ အုပ်ချုပ်ရေးမှူးက ကိုယ်စားလှယ်နဲ့အဖွဲ့ကို ဆဲဆိုနေတာကြောင့် ဒေသခံတွေက ကိုယ်စားလှယ်ကို သွားရောက်တိုင်ကြားခဲ့ပြီး နယ်မြေရဲစခန်းမှာ (ပ)၁၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ(၂၉၄)နဲ့အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။

နောက်နေ့ဧပြီလ(၆)ရက်နေ့မှာတော့ စောင့်ကြည့်လူနာထားတဲ့နေရာမှာ ကိုယ်စားလှယ်နဲ့ ဝန်ထမ်းနှစ်ယောက် ရှိနေချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်နဲ့ဝင်လာပြီး ကိုယ်စားလှယ်ကို တုတ်နဲ့ရိုက်ခဲ့တာကြောင့် ဓာတ်ဗူး၊ စာအုပ်နဲ့ကာပြီး အုပ်ချုပ်ရေးမှူးနဲ့ ကိုယ်စားလှယ်တို့ လုံးထွေးနေချိန် ကိုယ်စားလှယ်က အုပ်ချုပ်ရေးမှူးပါလာတဲ့ တုတ်ကိုယူပြီး ရိုက်လိုက်တာလို့ သိရပါတယ်။

“ဆဲလို့အမှုဖွင့်တာပေါ့။ အုပ်ချုပ်ရေးမှူးဖြစ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးကို ခွင့်တောင်းရတာပေါ့။ ပြီးတော့ နောက် နေ့မနက်မှာပဲ အမှုဖွင့်လိုက်တာ။ ဖွင့်ပြီးတော့ နေ့လည်ခင်းမှာ သူမကျေနပ်လို့ ကျွန်တော်ကို မူးနေပြီးလာရိုက် တာပေါ့။ ကျွန်တော့်ကို အဓိကထားဆဲတာပေါ့။ ဆေးလာဖျန်းတာကို မကျေနပ်လို့နေမှာပေါ့။ အုပ်ချုပ်ရေးမှူး တစ်ယောက်က လမ်းမှာအဲဒီလိုဆဲလို့မရဘူးလေ။”လို့ ကိုယ်စားလှယ် ဦးဇော်မင်းဦး(ခ) ဦးတင်ဆန်းဦးက
O Media ကို ပြောပါတယ်။

အဲဒီလိုရိုက်လိုက်တာကြောင့် အုပ်ချုပ်ရေးမှူးမှာ ဦးခေါင်း(၅)ချက်ချုပ်ဒဏ်ရာ၊ (၄)ချက်ချုပ်ဒဏ်ရာ (၂)ချက် အပြင် ဖူးယောင်ဒဏ်ရာတွေလည်း ရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက O Media ကိုပြောပါတယ်။

“ကျွန်တော်က Covid-19 နေရာမှာ မြို့နယ်ဌာနဆိုင်ရာကြီးကြပ်မှုကော်မတီဖွဲ့ထားတယ်။ အဲဒီမှာ အနီးကပ် တာဝန်ယူလုပ်ရတာပေါ့။ အဲဒီမှာ ကော်မတီတွေရော၊ ရဲ၊ မီးသတ်တွေကို လက်ညိုးတစ်ထိုးထိုးနဲ့ ဟောက်လိုက် ဘာလိုက်လုပ်နေတော့ ကျွန်တော်က မင်းကိုတာဝန်ပေးနေတာမဟုတ်ဘူး။ ဒီမှာတာဝန်ရှိလို့လုပ်နေ တာထက် လူတိုင်းအသက်နဲ့ချည်းပဲ။ သေမှာကြောက်တယ်၊ ကူးမှာကြောက်တယ်။ ဒါပေမဲ့ စိတ်ရင်းနဲ့ ကလေးတွေလုပ်ကိုင် ချင်အောင် မင်းမလာရင်ပိုကောင်းတယ်။ မင်းလာရင် ကလေးတွေကမလုပ်ချင်တော့ဘူး။ ကိုယ့်ကိုယ်ကိုသိပေါ့ကွာ လို့ပြောလိုက်တယ်။ အုပ်ချုပ်ရေးစောက်ဆင့်နဲ့ဆိုတာမျိုးနဲ့ လာနှိုင်းတာ။” လို့ အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က O Media ကို ပြောပါတယ်။

ဒါကြောင့် အုပ်ချုပ်ရေးမှူးကလည်း ကိုယ်စားလှယ်ကရောဘာအဆင့်လဲလို့ပြောဆိုတာကို ကိုယ်စားလှယ်က ရဲစခန်းမှာ မူးယစ်ရမ်းကား ဆဲဆိုတယ်ဆိုပြီး အမှုဖွင့်ခဲ့လို့ မေးဖို့အဝင်၊ အမေးမခံဘဲ ကိုယ်စား လှယ်ကအရင် သံတုတ်နဲ့ရိုက်လိုက်တာလို့ ဆိုပါတယ်။

ဒဏ်ရာရတာကြောင့် အုပ်ချုပ်ရေးမှူးကို ကျောက်ကြီးမြို့နယ်ဆေးရုံကနေ ဒဏ်ရာတွေကို ချုပ်ပေးလိုက်ပြီး နောက် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီး၊ ဦးနှောက်နဲ့အာရုံကြောဌာနကို လွှဲပြောင်းလိုက်လို့ ကုသမှုခံယူ နေတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် အုပ်ချုပ်ရေးမှူးကို ကိုယ်စားလှယ်က ဝတ္တရားနှောင့်ယှက်မှု၊ အရေးပေါ်စီမံချက်ဥပဒေ၊ ကျူးကျော်မှုတွေအပါအဝင် ပုဒ်မ(၅)မျိုးလောက်နဲ့ အမှုဖွင့်ထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

အုပ်ချုပ်ရေးမှူးကလည်း ရာဇသတ်ကြီးပုဒ်မ(၂၉၄)နဲ့ အမှုပြန်လည်ဖွင့်လှစ်ထားတယ်လို့ နတ်သံကွင်းနယ် မြေရဲစခန်းက သိရပါတယ်။

ကိုဗစ်လက္ခဏာပိုဆိုးလာသည့် ဗြိတိန်ဝန်ကြီးချုပ်ကို အထူးကုသဆောင်သို့ပို့၊ တာဝန်များကို နိုင်ငံခြားရေးဝန်ကြီးကို ခေတ္တလွှဲထားလန...
07/04/2020

ကိုဗစ်လက္ခဏာပိုဆိုးလာသည့် ဗြိတိန်ဝန်ကြီးချုပ်ကို အထူးကုသဆောင်သို့ပို့၊ တာဝန်များကို နိုင်ငံခြားရေးဝန်ကြီးကို ခေတ္တလွှဲထား

လန်ဒန်၊ ဧပြီ ၇

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဆေးရုံတင်ထားရသည့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ရောဂါပိုပြင်းထန်လာသည့်အတွက် အထူးကြပ်မတ်ကုသဆောင်သို့ ပို့ထားရကြောင်း သူ၏ရုံးက ထုတ်ပြန်သည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြသည်။

မစ္စတာဂျွန်ဆင်သည် လိုအပ်ပါက သူ၏တာဝန်များကို ခေတ္တတာဝန်ယူထားပေးရန် နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ် ရက်ဘ်ကို ပြောဆိုထားသည်ဟုလည်း ဘီဘီစီက ရေးသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တွေ့ရှိသည်မှာ ဆယ်ရက်ကျော်ရှိပြီဖြစ်သည့် အသက် ၅၅ နှစ်အရွယ် ဝန်ကြီးချုပ်သည် ရောဂါလက္ခဏာများ ပြင်းထန်လာသည့်အတွက် ဧပြီလ ၅ ရက်နေ့ ညပိုင်းက ဆေးရုံတက်ခဲ့ရခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဂျွန်ဆင်၏ ကျန်းမာရေးအခြေအနေကို ဘုရင်မကြီး အဲလိဇဘတ်ထံသို့ အမှတ် ၁၀ (ဒေါင်းနင်းလမ်း အမှတ် ၁၀ ဝန်ကြီးချုပ်ရုံး) က အသိပေးအကြောင်းကြားလျက်ရှိသည်ဟုလည်း ဘက်ကင်ဟန် နန်းတော်က ထုတ်ပြန်သည်။

ဘောရစ်ဂျွန်ဆင်သည် အထူးကုသဆောင်သို့ မရောက်ခင် မနေ့(ဧပြီလ ၆ ရက်) က ညနေပိုင်းကတည်းက အောက်ဆီဂျင်ပိုက် တပ်ထားရခြင်းဖြစ်သော်လည်း ဘီဘီစီက နောက်ဆုံးထုတ်ပြန်သည့် သတင်းအရ အသက်ရှူစက် (ventilator) မတပ်ရသေးပေ။

ဝန်ကြီးချုပ်သည် လန်ဒန်မြို့ စိန့်သောမတ်စ်ဆေးရုံမှ ဆရာဝန်များ၏ ကုသမှုအောက်တွင် ရှိနေကြောင်း အမှတ် ၁၀ ဒေါင်းနင်းလမ်းက ထုတ်ပြန်သည်။

COVID – 19 ရေးရာ နေ့စဉ်ပုံမှန်အစည်းအဝေးကို ဥက္ကဌအဖြစ်တာဝန်ယူသွားမည့် နိုင်ငံခြားရေးဝန်ကြီး ရော့ဘ်ကမူ ဝန်ကြီးချုပ်နောက်တွင် မယုံကြည်နိုင်လောက်အောင် အားကောင်းသန်မာသည့် အသင်းအဖွဲ့စိတ်ဓာတ် ရှိထားသည်ဟု ဆိုသည်။

ထို့ပြင် သူနှင့် သူ၏လုပ်ဖော်ကိုက်ဖက်များသည် မစ္စတာဂျွန်ဆင် လမ်းညွှန်ပေးခဲ့သည့် အကောင်အထည်ဖော်ရေး အစီအစဉ်များကို ဖြစ်သမျှမြန်မြန် ပြီးမြောက်အောင် အသေအချာ လုပ်ဆောင်နေကြသည်ဟုလည်း ဒိုမီနစ် ရက်ဘ် က ထပ်မံပြောဆိုခဲ့သည်။

Photo Credit - Reuters



ကိုဗစ်လက္ခဏာပိုဆိုးလာသည့် ဗြိတိန်ဝန်ကြီးချုပ်ကို အထူးကုသဆောင်သို့ပို့၊ တာဝန်များကို နိုင်ငံခြားရေးဝန်ကြီးကို ခေတ္တလွှဲထား

လန်ဒန်၊ ဧပြီ ၇

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဆေးရုံတင်ထားရသည့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ရောဂါပိုပြင်းထန်လာသည့်အတွက် အထူးကြပ်မတ်ကုသဆောင်သို့ ပို့ထားရကြောင်း သူ၏ရုံးက ထုတ်ပြန်သည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြသည်။

မစ္စတာဂျွန်ဆင်သည် လိုအပ်ပါက သူ၏တာဝန်များကို ခေတ္တတာဝန်ယူထားပေးရန် နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ် ရက်ဘ်ကို ပြောဆိုထားသည်ဟုလည်း ဘီဘီစီက ရေးသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တွေ့ရှိသည်မှာ ဆယ်ရက်ကျော်ရှိပြီဖြစ်သည့် အသက် ၅၅ နှစ်အရွယ် ဝန်ကြီးချုပ်သည် ရောဂါလက္ခဏာများ ပြင်းထန်လာသည့်အတွက် ဧပြီလ ၅ ရက်နေ့ ညပိုင်းက ဆေးရုံတက်ခဲ့ရခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဂျွန်ဆင်၏ ကျန်းမာရေးအခြေအနေကို ဘုရင်မကြီး အဲလိဇဘတ်ထံသို့ အမှတ် ၁၀ (ဒေါင်းနင်းလမ်း အမှတ် ၁၀ ဝန်ကြီးချုပ်ရုံး) က အသိပေးအကြောင်းကြားလျက်ရှိသည်ဟုလည်း ဘက်ကင်ဟန် နန်းတော်က ထုတ်ပြန်သည်။

ဘောရစ်ဂျွန်ဆင်သည် အထူးကုသဆောင်သို့ မရောက်ခင် မနေ့(ဧပြီလ ၆ ရက်) က ညနေပိုင်းကတည်းက အောက်ဆီဂျင်ပိုက် တပ်ထားရခြင်းဖြစ်သော်လည်း ဘီဘီစီက နောက်ဆုံးထုတ်ပြန်သည့် သတင်းအရ အသက်ရှူစက် (ventilator) မတပ်ရသေးပေ။

ဝန်ကြီးချုပ်သည် လန်ဒန်မြို့ စိန့်သောမတ်စ်ဆေးရုံမှ ဆရာဝန်များ၏ ကုသမှုအောက်တွင် ရှိနေကြောင်း အမှတ် ၁၀ ဒေါင်းနင်းလမ်းက ထုတ်ပြန်သည်။

COVID – 19 ရေးရာ နေ့စဉ်ပုံမှန်အစည်းအဝေးကို ဥက္ကဌအဖြစ်တာဝန်ယူသွားမည့် နိုင်ငံခြားရေးဝန်ကြီး ရော့ဘ်ကမူ ဝန်ကြီးချုပ်နောက်တွင် မယုံကြည်နိုင်လောက်အောင် အားကောင်းသန်မာသည့် အသင်းအဖွဲ့စိတ်ဓာတ် ရှိထားသည်ဟု ဆိုသည်။

ထို့ပြင် သူနှင့် သူ၏လုပ်ဖော်ကိုက်ဖက်များသည် မစ္စတာဂျွန်ဆင် လမ်းညွှန်ပေးခဲ့သည့် အကောင်အထည်ဖော်ရေး အစီအစဉ်များကို ဖြစ်သမျှမြန်မြန် ပြီးမြောက်အောင် အသေအချာ လုပ်ဆောင်နေကြသည်ဟုလည်း ဒိုမီနစ် ရက်ဘ် က ထပ်မံပြောဆိုခဲ့သည်။

Photo Credit - Reuters

သာမန်ပြည်သူများအနေဖြင့် ရိုးရိုး အဝတ်မျက်နှာဖုံးများနှင့် အိမ်လုပ်မျက်နှာဖုံးများကိုသာ သုံးစွဲကြပါရန် ကမ္ဘာ့ကျန်းမာရေးအဖွ...
06/04/2020

သာမန်ပြည်သူများအနေဖြင့် ရိုးရိုး အဝတ်မျက်နှာဖုံးများနှင့် အိမ်လုပ်မျက်နှာဖုံးများကိုသာ သုံးစွဲကြပါရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောင်းလဲပြင်ဆင်ထုတ်ပြန်

ဧရာဝတီသတင်း
၎ ဧပြီလ ၂၀၂၀

ပြည်သူလူထုက မျက်နှာဖုံး နာခေါင်းစီးများ ဝတ်ဆင်ကြရန် သတ်မှတ်သည့် သို့မဟုတ် အားပေးသည့် အစိုးရများ၏ ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောလိုက်သည်။ Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ယခင် အကြံပြုချက်များမှ အဓိက အပြောင်းအလဲတခု ဖြစ်သည်။

WHO က ထပ်မံ၍ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများကို ဆေးဘက်ဆိုင်ရာပညာရှင်များအတွက် အရံအနေဖြင့် ထားသင့်ပြီး လူထုက အဝတ်ဖြင့် ပြုလုပ်ထားသော သို့မဟုတ် အိမ်လုပ်မျက်နှာဖုံးများကို အသုံးပြုသင့်ကြောင်း ပြောသည်။

လူအများကြားတွင် ရှိနေသည့်အချိန်၌ သူတို့၏ နှာခေါင်းနှင့် ပါးစပ်များကို ဖုံးအုပ် ထားရန် ပြည်သူများကို ညွှန်ကြားသည့် ဥရောပအစိုးရများ ပိုများလာခြင်းနှင့်အတူ ပိုမို၍ သိပ္ပံနည်းကျသည့် သုတေသန အချက်အလက်များအရ ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှုကို တားဆီးရာတွင် မျက်နှာဖုံးများဝတ်ခြင်းက အပေါင်းလက္ခဏာ အကျိုးသက်ရောက်မှုများကို ညွှန်ပြလာသည့်အချိန်တွင် WHO ၏ ရပ်တည်ချက် အသစ်ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ရပ်ရွာအသိုင်းအဝိုင်းအဆင့်မှာ နှာခေါင်းစီး မျက်နှာဖုံးများ၊ အိမ်လုပ်နဲ့ အဝတ်နှာခေါင်းစီးများ အသုံးပြုခြင်းက ဒီရောဂါအပေါ် အလုံးစုံ ပြည့်စုံတဲ့ တုန့်ပြန်မှုကို အထောက်အကူပြုနိုင်တဲ့ အခြေအနေတွေ ကျနော်တို့ သေချာပေါက်တွေ့ရနိုင်ပါတယ်” ဟု WHO ကျန်းမာရေးအရေးပေါ်အစီအစဉ်၏ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ Michael Ryan က ဧပြီလ ၃ ရက်နေ့ တွင် ပြောကြားခဲ့သည်။

“နှာခေါင်းစီးများ ဝတ်ဆင်ခြင်းကြောင့် ရောဂါကူးစက်ခံရထားသူများက အခြားသူများကို ကူးစက်တဲ့နှုန်း လျှော့ချနိုင်တဲ့ အခြေအနေတွေ ရှိနိုင်ပါတယ်။ နှာခေါင်းစီးတွေ အသုံးပြုတဲ့ ချဉ်းကပ်မှုကို ဆောင်ရွက်ဖို့ ဆန္ဒရှိတဲ့ အစိုးရတွေနဲ့ ဒီရောဂါကို ထိန်းချုပ်ဖို့ ကျယ်ပြန့် ပြည့်စုံတဲ့ ဗျူဟာရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ဒါကို ထည့်သွင်းထားတဲ့ အစိုးရတွေကိုလည်း ကျနော်တို့က ထောက်ခံသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ Michael Ryan က ပြောသည်။

“ကျယ်ပြန့် ပြည့်စုံသော ဗျူဟာ”ဟု WHO က ဆိုလိုသည်မှာ လက်ဆေးခြင်းကို အားပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာအရ ခပ်ခွာခွာ နေခြင်းနှင့် လျင်မြန်စွာ စစ်ဆေး အတည်ပြုပြီး ရောဂါကူးစက်ခံရထားသူများကို သီးခြားခွဲ၍ ထားရှိခြင်း တို့ကဲ့သို့ ဆောင်ရွက်ချက်များ ဖြစ်သည်။

နှာခေါင်းစီးများ အသုံးပြုခြင်းကို အားပေးရန် WHO က ကြာမြင့်စွာကတည်းက စိုးရိမ်မှုခဲ့သည်၊ အကန့်အသတ်ဖြင့်သာ ရှိနေသည့် ထောက်ပံ့မှုတွင် ပြတ်လပ်ခြင်းများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။

“ခွဲစိတ်ခန်းနဲ့ ဆေးဖက်ဆိုင်ရာသုံး မျက်နှာဖုံးတွေနဲ့ N95 လိုမျိုး နှာခေါင်းစီး မျက်နှာဖုံးများက ဆေးကုသရေး စနစ်များအတွက် ဖြစ်ပြီး အဲဒါတွေကို ရှေ့တန်းအတွက် အသုံးပြုသင့်ပါတယ်” ဟု ဒေါက်တာ Michael Ryan က ပြောသည်။ ကျွမ်းကျင်သူ အဖွဲ့တဖွဲ့က မျက်နှာဖုံးများ အသုံးပြုခြင်းကို လေ့လာဆန်းစစ်နေပြီး သုတေသနစာတမ်း တခုချင်းစီတိုင်းကို ကြည့်ရှုသွားမည်ဟု သူက ထပ်ပြောသည်။

ဧရာဝတီသတင်းဌာန

Address

Mandalay-Myothar Road, Myanmar
Burma

Website

Alerts

Be the first to know and let us send you an email when True Info posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share