08/02/2024
Valentines’ Day ရောက်တော့မယ်ဆိုတော့ မြတ်နိုးရတဲ့သူ့ကို ဘာပေးရမလဲ စပြီး ခေါင်းစားနေကြပြီမလား👀
Valentines’ Day လက်ဆောင်ဆိုတာနဲ့ ပန်းလေးတွေကို ထိပ်ဆုံးက ပြေးမြင်မိကြမယ်ထင်တယ် အဲ့တာကြောင့် ဒီနေ့ မင်မင်က Valentines’ Day မှာ ပေးသင့်တဲ့ ပန်းလေးတွေ တချို့ကို sharing လုပ်ပေးမယ်နော်🤫
1. နှင်းဆီပန်းလေးတွေကတော့ အမြဲတမ်း ထိပ်ဆုံးမှာပါပဲနော် အနီရဲရဲနှင်းဆီ နဲ့ ပန်းရောင် နှင်းဆီလေးတွေကတော့ အပေးသင့်ဆုံးပါပဲ ကိုယ်ကတကယ်လို့ ကိုယ့် relationship ကို ပို deep ဖြစ်ချင်တယ်ဆိုရင်တော့ လိမ္မော်ရောင်နှင်းဆီလေးကိုရွေးသင့်ပါတယ်😜 ဒါပေမဲ့ အဝါရောင်နှင်းဆီက relationship ကို ရပ်ချင်ပြီလို့ အဓိပ္ပာယ်ရလို့ V day မှာ ပေးသင့်တဲ့အရောင်တော့ မဟုတ်ပါဘူး🤨 နှင်းဆီနီနီရဲရဲကို ၂၄ ပွင့်ပေးပြီး ၂၄ နာရီလုံး ကိုယ့်ကိုသတိရနေပါလို့ ပြောဖို့ အဆင်သင့်ဖြစ်နေကြပြီလား ဟိဟိ😝
2. ကိုယ်က သူများနဲ့ မတူပဲ တမူထူးခြားတာလေးမှ သဘောကျရင် သစ်ခွပန်း ပန်းစည်းလေး ပေးလို့ရပါတယ် အရောင်ကော ဒီဇိုင်းကော unique ဖြစ်မှ ကြိုက်တဲ့သူတွေဆို သဘောကျမှာ အသေအချာပါပဲ🥳
3. လူတိုင်းနီးပါး သဘောကျတဲ့ Tulip လေးတွေလည်း ပေးလို့ရပါတယ်နော် တစ်ခုရှိတာ tulip လေးတွေက စျေးနည်းနည်းများပြီးဆော့ ကြိုမှာရတဲ့ပန်းလေးတွေဖြစ်တာမလို့ tulip ပေးချင်တယ်ဆို အခုထဲက ကြိုပြင်ဆင်ထားကြပါတော့နော်🤍
4. နောက်တစ်ခုကတော့ မင်မင် နှင်းဆီထပ် ပိစိလေးပိုသဘောကျရတဲ့ Ranunculus ပါ နှင်းဆီပဲပေးရတာ ရိုးနေပြီဆို Ranunculus လေးပြောင်းပေးကြည့်နော်🥰
5. အပွင့်နည်းနည်းနဲ့ ကျားမ မရွေး ပေးလို့လှတဲ့ နောက်ထပ်ပန်းလေးကတော့ နေကြာပန်းပါရှင် မင်ရတစ်ယောက်ထဲကိုပဲ အအြဲအရိပ်တကြည့်ကြည့်နဲ့ မြတ်နိုးနေပါတယ်ဆိုပြီး romantic ဆန်ဆန်လေး ပေးလို့ရပါတယ်နော် ဟဲဟဲ🤪
ကဲ ဒီလောက်ဆို V day မှာ ပေးဖို့လက်ဆောင်ရွေးနေတာ idea တစ်ချို့ ရလောက်ပြီထင်ပါတယ် ချစ်ကြသူတိုင်း သက်ဆုံးတိုင်ပျော်ပျော်ရွှင်ရွှင်နဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါစေနော်🥰