AMK,page

30/11/2024

28/10/2024

တွန်းလည်းတွန်းတယ်ဟိုက်လည်းဟိုက်တယ်🏍️🏍️

အမြဲဆုံးနေကြ                                                              #นครปฐม  #ဘုရားကြီး
22/08/2024

အမြဲဆုံးနေကြ #นครปฐม #ဘုရားကြီး

12/07/2024
 #ဥယျာဉ်မှုးတွေကပန်းလေးအမြဲပွင့်လန်းနိုင်ဖို့အမြဲဂရုစိုက်ကြတယ် #ကိုယ်လည်းအဲ့လိုပဲမင်းလေးပျော်ရွှင်ဖို့အနားမှာအမြဲနေခွင့်...
22/06/2024

#ဥယျာဉ်မှုးတွေကပန်းလေးအမြဲပွင့်လန်းနိုင်ဖို့အမြဲဂရုစိုက်ကြတယ် #ကိုယ်လည်းအဲ့လိုပဲမင်းလေးပျော်ရွှင်ဖို့အနားမှာအမြဲနေခွင့်ရချင်တာ

04/04/2024
31/03/2024

စနေညက သင်္ကြန်ကြရင် တစ်ကြောင်းဟိုက်ဖို့ ညီကိုတွေနဲ့တိုင်ပင်နေ🏍️🏍️🏍️https://www.youtube.com/

🏃🏃🏃🏃🏃
17/03/2024

🏃🏃🏃🏃🏃

18/01/2024

#

17/01/2024

ပုံမှန်အားဖြင့် Food Blog တွေ၊ စားသောက်ပြတဲ့ ဗီဒီယိုတွေ ကြည့်လေ့ မရှိဘူး။ အစာတွေပဲ နင်းကန်စားပြနေတာမို့ မကြည့်တာပါ။ ဒါပေမဲ့ YouTube မှာတော့ ကျနော့်ကြည့်ဖြစ်တဲ့ Food Blogger တယောက် ရှိတယ်။ သူ့နာမည်က အက်ဒန်(Adam) တဲ့။ သူက အမေရိကန် စားဖိုမှူး တယောက်။ ထိုင်းမှာနေတယ်။ ထိုင်းနိုင်ငံ တဝှမ်း သွားလာပြီး အစားအစာ မျိုးစုံတွေ အကြောင်း ရိုက်ပြတယ်၊ ရှင်းပြတယ်။ သူ့ချန်နယ်က OTR food & history လို့ ခေါ်တယ်။ သူ့ကို စပြီး ကြည့်ဖြစ်တာ မနှစ်က ဘန်ကောက်က မြန်မာအစားအစာနဲ့ မြန်မာဆိုင်တွေ အကြောင်း ရိုက်ပြထားတဲ့ ဗီဒီယိုလေးကြောင့်ပါ။
သူက အစားအစာ အကြောင်း ရှင်းပြရုံတင် မကဘူး။ နိုင်ငံ သမိုင်းနောက်ခံတွေပါ ပါတယ်။ မြန်မာနိုင်ငံအကြောင်းဆိုရင် သူရိုက်ပြသွားလေးက အတော်ကောင်းတယ်။ ဘာကြောင့် မြန်မာအစားအစာ မကျော်ကြားရသလဲ။ မြန်မာပြည်မှာ ဘာတွေ ဖြစ်နေသလဲ စသဖြင့်ပေါ့။ အဲလို နှံစပ်တဲ့ Food Blogger မျိုး ရှားတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်လောက်က သူ့ရဲ့ ဗီဒီယို အသစ်လေးတခု ကြည့်ဖြစ်တယ်။ ဆန်ခရဘူရီ နားက မြန်မာပြည်ကနေ ထိုင်းကို ပြေးလာတဲ့ မွန်၊ကရင် တွေ အကြောင်း။ သူ့ဗီဒီယို နာမည်က "No Man's Land" တဲ့။ "အစွန့်ပစ်ခံတို့၏မြေ" လို့ အဓိပ္ပာယ် ရမှာပေါ့။ ထိုင်းနိုင်ငံထဲမှာ တရားမဝင် နေကြသူတွေ နေရတဲ့ နေရာတွေ ကို ရည်ရွယ်ထားတယ် ထင်ပါတယ်။ သူအဓိက သွားပြီး ရိုက်ခဲ့တာ ဆန်ခရဘူရီမြို့ ဘုရားသုံးဆူ အနားတဝိုက်ပေါ့။
သူရိုက်ပြတာတွေ ကြည့်ပြီး သူလည်း ကျေးဇူးတင်တယ်။ ကိုယ့်ဘာသာလည်း ရှက်မိတယ်။ ဒါတွေ ငါဘာလို့ မသိတာလဲ ဆိုပြီးတော့ပေါ့။ သူက ထိုင်းရောက်လာတဲ့ မွန်သမိုင်းတွေလည်း ရှင်းပြတယ်။ မွန်စကားပဲ ပြောတဲ့ မွန်လူမျိုးတွေ အဲဒီနားတဝိုက်မှာ မနည်းမနော နေကြတာပဲ။ သူတို့ကို "ဗမာ" လို့ လူတွေက ထင်ရင် မကြိုက်ကြောင်းလည်း မွန်စားသောက်ဆိုင် ပိုင်ရှင် အကိုကြီးက ရှင်းပြတယ်။ မွန်ကို မွန်လို့ သိစေချင်တယ်၊ ဗမာကို ဗမာ လို့ သိစေချင်တယ်၊ မြန်မာပြည်ကလာလည်း မွန် ပါပဲ တဲ့။
နောက်ပြီး သူက ကရင်လူမျိုးတွေ အလုပ်လုပ်တဲ့ ရာဘာခြံတွေကို ရောက်သွားတယ်။ အဲဒီရာဘာခြံတွေမှာ မိသားစုတွေနဲ့ နေကြတယ်။ အဲဒီမိသားစုက ကလေးတွေ ကျောင်းတက်ဖို့ အသွား ၂နာရီ၊ အပြန် ၂နာရီ လမ်းလျှောက်ကြရတယ်တဲ့။ စဥ်းစား ကြည့်နော်။ ပညာသင်ဖို့ အတွက် တနေ့ကို ၄နာရီ လမ်းလျှောက်ကြရတာ။ ကိုယ်ဆိုရင်တော့ နေ့တိုင်း ကျောင်းပြေးမလားပဲ။ သူတို့ အနေအထားက ဒီလို ကျောင်း‌ကို တက်လို့ အတန်းတွေ မြင့်လာရင် ထိုင်းအစိုးရ ထုတ်ပေးတဲ့ စာရွက်ရဖို့ အခွင့်အလမ်း ရှိလာတယ်။ အဲဒီကျောင်းကပြီးလို့ တချို့ဆို တက္ကသိုလ်အထိ ဆက်တက်နိုင်ကြတယ်။
သူတို့ သွားတက်တဲ့ ကျောင်းက "Children of the Forest" (သစ်တော၏ကလေးငယ်များ) လို့ ခေါ်တယ်။ ကျောင်းကို ထောင်တဲ့သူက မန်ချက်စတာက အင်္ဂလိပ်လူမျိုး ဒန်နီယယ်လ် ဟော့ဆန့်(Daniel Hopson)။ သူက အဲဒီကျောင်းကို ထောင်ခဲ့တာ အနှစ်နှစ်ဆယ်လောက်ရှိပြီ။ သူက အသက်၂၀ ဝန်းကျင်လောက်မှာ ထိုင်းကို လာလည်ရင်းနဲ့ ဒီလို လက်မှတ် မရှိ၊ ပညာမသင်ရတဲ့ ကလေးတွေ တွေ့ပြီး ကျောင်းဖွင့်ဖို့ စိတ်ကူးရတယ်။ မြေဝယ်တယ်၊ တဲလေးတွေ ဆောက်ပြီး စာ‌သင်ပေးခဲ့တယ်။ အခုတော့ ကျောင်းလေးကနေ ကျောင်းကြီး ဖြစ်လာပြီ။
သူကျောင်းက အခမဲ့ တက်ရတဲ့ အပြင် မနက်စာနဲ့ နေ့လည်စာလည်း ကျွေးတယ်။ ၂နာရီလောက် လမ်းလျှောက်လာရတဲ့ ကလေးတွေ အစာမကျွေးဘဲ ဘယ်လို စာသင်ပေးလို့ ဖြစ်မလဲ။ သူကျောင်းက လေးနှစ်သားလောက်ကနေ ၁၆နှစ်သားလောက် အထိ စာ‌သင်ပေးတယ်။ ကျောင်းလေးက အတော်ကို ပြည့်ပြည့်စုံစုံပါပဲ။ ဒန်နီယယ်လ်ရဲ့ မိဘတွေကလည်း သက်ကြီး ပင်စင်ယူပြီး အင်္ဂလန်ကနေ အဲဒီကျောင်းမှာ လာနေကြတယ်။ သူတို့ သားရဲ့ ကျောင်းကို ဝိုင်းကူပေးကြတယ်။
ကျောင်းလေးမှာ ဆရာ၊ ဆရာမတွေ လည်း အတော်များတယ်။ ဆရာမလေး တယောက် ဆိုရင် ဒီကျောင်းမှာ ရှစ်နှစ်သမီးက နေ စတက်တယ်။ ပြီးတော့ တက္ကသိုလ် တက်တယ်။ တက္ကသိုလ် ပြီးတော့ ဒီ‌ကျောင်းလေးမှာ ပြန်လာပြီး အလုပ်လုပ်တယ်။ အက်ဒန်က ဒန်နီယယ်လ် ကို မေးတယ်။ "မင်းဒီမှာ ဒီလိုနေရတာ အနစ်နာခံနေရတယ် လို့ မထင်ဘူးလား"တဲ့။ ဒန်နီယယ်လ် က "အဲလိုတော့ တခါမှ မတွေးဖူးဘူး။ အခုလို ကလေးတွေ တိုးတက်နေရတာ မြင်တော့ မနက်ဆို အိပ်ရာထဖို့ သိပ်လွယ်တာ။ မြို့ကြီးမှာ ရုံးအလုပ်လုပ်နေရရင် တော့ အဲလို လွယ်မယ် မထင်ဘူး" တဲ့။ သူ့အကြောင်း ကြည့်ရတာ အတော့်ကို အတုယူဖို့ ကောင်းပါတယ်။ လောကကြီးမှာ ဒီလို လူတွေလည်း ရှိပါသေးလား လို့ တွေးပြီး ကျေနပ်မိတယ်။ သူ့ကျောင်းလေးကိုလည်း နိုင်သလောက် လှူလိုက်တယ်။
အဲလို ပရိုဂရမ်လေးတွေ ကြည့်ရတာ တန်တယ်။ အစားအသောက်တွေ ပါးစပ်ထဲ အတင်းသွင်းပြီး စားပြနေတဲ့ food bloggerတွေထက် စာရင် ပေါ့။ အစားအသောက် အကြောင်း၊ နောက်ခံ သမိုင်း နဲ့ လက်ရှိအခြေအနေတွေ အကြောင်းတခါတည်း စုံစုံလင်လင် သိသွားရတယ်။ ကြည့်ပျော်တာလေးမို့လို့ ညွှန်းလိုက်ပါတယ်။
_____________________
AKMoe 2024/01/16
(စိတ်ဝင်စားရင်တော့ ကော်မန့်မှာ လင့်တွေ ပေးထားတယ်။ )

03/12/2023
28/11/2023

တန်ဆောင်မုန်းလပြည့် လွယ်ကထွန်ပွဲတော်

ချိုးကလေးကူတိုင်းသာ🎼🎼🎼 ဆိုင်ရှေ့အမြဲလာနေကြချိုးကလေးနှစ်ကောင် ကျန်တစ်ကောင်က ခြေဖဝါးတစ်ဖက်မရှိရှာဘူး.........................
06/11/2023

ချိုးကလေးကူတိုင်းသာ🎼🎼🎼 ဆိုင်ရှေ့အမြဲလာနေကြချိုးကလေးနှစ်ကောင် ကျန်တစ်ကောင်က ခြေဖဝါးတစ်ဖက်မရှိရှာဘူး........................

Address


Telephone

+66992363806

Website

Alerts

Be the first to know and let us send you an email when AMK,page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share