Khon Cho's Floral sharing

  • Home
  • Khon Cho's Floral sharing

Khon Cho's Floral sharing ဘုရားပန်း ကိုယ်တိုင်ပူ​ဇော်တာ​လေး​တွေနဲ့ မြင်ဆရာတို့ရဲ့ ပူ​ဇော်တာ​လေး​တွေ sharing လုပ်​ပေးပါရ​စေရှင့်

01/01/2024

နှစ်ဦး နှစ်သစ်ရဲ့ပထမဆုံး​နေ့ တရား sharing ကုသိုလ်🙏

ပြင်လို့ရတဲ့ ရုပ်ကို ပြင်ကြသလို ပြင်လို့ရတဲ့ စိတ် ပြင်လို့ရတဲ့ ကံကိုလဲ ပြင်ကြရ​အောင်🍀🍀🍀

​နေ့စဥ်ကုသိုလ်​လေးရ​အောင် ဒီတရား​လေးနာကြည့်ပါ🙏

1.1.2024 Monday💜💜💜

05/11/2023

🌺🙏🌺🙏🌺

21/10/2023

မင်္ဂလာ နံနက်ခင်းပါ.....💜💜🌺🌺💚💚

​အေးချမ်းကြပါ​စေ......
video credit.....

30/09/2023

တော်သလင်း လပြည့်ည ပူ​ဇော်မှု​လေးပါ🙏🙏🙏

05/09/2023

video credit🌺🌺🌺

မနက်ဖန် ၁ရက်​​နေ့ ဝါဆိုလပြည့်​နေ့က​​နေစပီး ၀ါတွင်း၃လ ရက်​ပေါင်း၉၀ အဓိဌာန် ၀င်ကြရ​အောင်​​နော် 🙏🙏🙏🙏🙏2023 အတွက် ဝါတွင်း (၃)...
31/07/2023

မနက်ဖန် ၁ရက်​​နေ့ ဝါဆိုလပြည့်​နေ့က​​နေစပီး ၀ါတွင်း၃လ ရက်​ပေါင်း၉၀ အဓိဌာန် ၀င်ကြရ​အောင်​​နော် 🙏🙏🙏🙏🙏

2023 အတွက် ဝါတွင်း (၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့
ကိုးနဝင်းပုတီးစိပ်နည်းလေး
ဝါဆိုလပြည့်နေ့မှ
သီတင်းကျွတ်လပြည့်နေ့ထိဖြစ်ပါတယ်

သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်ရှင့်

စိပ်ရမယ့် နေ့ရက်များ
__________________________
၉ပါးစလုံးကို
နေ့တိုင်းတစ်ပတ်စီပါ

အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်

1 . 8 . 2023.မှ
9 . 8 . 2023.အထိ
__________________________

အရဟံ သိဒ္ဓိ (၉)ပတ်

10 . 8 . 2023. မှ
18 . 8. 2023.အထိ
__________________________

သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်

19 . 8 . 2023. မှ
27 . 8 . 2023. အထိ
________________________

ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်

28 .8 . 2023 . မှ
5 . 9 . 2023.နေ့အထိ
________________________

သုဂတော သိဒ္ဓိ (၉)ပတ်

6 . 9 . 2023 . မှ
14 . 9 . 2023 . နေ့အထိ
__________________________

လောကဝိဒူ သိဒ္ဓိ (၉)ပတ်

15 . 9 . 2023 . မှ
23 . 9 . 2023 . နေ့အထိ
__________________________

အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်

24 . 9 . 2023 . မှ
2 . 10 . 2023 . နေ့အထိ
__________________________

သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်

3 . 10 . 2023 . မှ
11 . 10 . 2023 . အထိ
__________________________

ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်

12 . 10. 2023.မှ
20 . 10 . 2023 . အထိ

_________________________

ဘဂဝါ သိဒ္ဓိ (၉)ပတ်

21 . 10 . 2023.မှ
29 . 10. 2023 . အထိ
__________________________

မူရင်းရေးသားသူအား လေးစားစွာ crd ပေးပါတယ်ရှင့်

မနက်ဖန် ၀ါဆိုလပြည့်​နေ့ အခါသမယမှာ တိုးတက်ကြီးပွား ဆန် ဆီ ​ဆေး ဆား ​လေးလှူဖို့မ​မေ့ကြနဲ့ဦး​နော်🙏ဆန်၊ ဆီ၊ ဆေး၊ ဆား အလှူ🙏ပ...
31/07/2023

မနက်ဖန် ၀ါဆိုလပြည့်​နေ့ အခါသမယမှာ

တိုးတက်ကြီးပွား ဆန် ဆီ ​ဆေး ဆား ​လေးလှူဖို့မ​မေ့ကြနဲ့ဦး​နော်

🙏ဆန်၊ ဆီ၊ ဆေး၊ ဆား အလှူ🙏

ပုလင်းရှိရင်ပုလင်း၊ မရှိရင်ပန်းကန်လုံးတစ်ခုစီမှာ ဆန်၊ဆီ၊ ​ဆေး ဆား ထည့်ပြီး

🙏ဘုရားကို လပြည့်နေ့ မနက် ၅:၄၅ မှာ အဖုံးဖွင့်ပြီး လှူရပါတယ်။

🍁တကယ်လို့ မနက် ၅:၄၅ မမှီခဲ့ရင် မနက် ၉:၀၀
တစ်ကြိမ် ကပ်လို့ရပါတယ်။
🍁ကပ်ထားတာတွေ ၁၂ ကျော်ရင်ပြန်လည်ချီးမြှင့်​ပေးပါဘုရားဆိုပြီး ဘုန်းကြီး၊ မယ်သီလရှင်တွေကို ပြန်လှူလို့ရသလို ကိုယ့်ဘာသာသုံးလည်းရပါတယ်ရှင်

🙏တစ်လမှတစ်ခါဖြစ်လို့ လှူဖြစ်​အောင်လှူ​စေချင်ပါတယ်​နော်

🍁ချစ်ရသူအားလုံး ကံ​တွေ​ကောင်း လာဘ်​တွေရွှင်ကြပါ​စေ​နော်
Crd.

28/07/2023

video credit...
from tik tok

19/07/2023

🙏🙏🙏🙏🙏

မင်မင် သူငယ်ချင်း ​မွေး​နေ့ အတွက် သူငယ်ချင်းအိမ်မှာ ပူ​​ဇော်ဖြစ်တာ​လေးပါ 🙏🙏🙏🙏🙏🌺🌿🌺
19/07/2023

မင်မင် သူငယ်ချင်း ​မွေး​နေ့ အတွက် သူငယ်ချင်းအိမ်မှာ ပူ​​ဇော်ဖြစ်တာ​လေးပါ 🙏🙏🙏🙏🙏🌺🌿🌺

18/07/2023

အရာရာဟာ ခဏတာပါ ကြုံချင်တာ​တွေလဲ ကြုံချင်မှ ကြုံမယ် မကြုံချင်တာ​တွေလဲ ကြုံရမည် အဆင်​ပြေတဲ့ကာလ​တွေ ရှိသလို အဆင်မ​ပြေတဲ့ကာလ​တွေလဲ ရှိလာအုံးမယ် ဘ၀ဆိုတာ တသမတ်တည်းသွား​နေတာမဟုတ်လို့ စိတ်ဓါတ်ကြံ့ခိုင်​နေဖို့ လိုပါတယ် စိတ်ဓါတ်ကြံ့ခိုင်​နေဖို့အတွက် အချိန်တိုင်းကို ​အေးမဲ့ပုံစံမျိုးနဲ့​နေတတ်ရမယ် နှလုံးသွင်းတတ်ရမယ် ကြည့်တတ်ရမယ် နား​ထောင်တတ်ရတယ် ဘယ်အရာမျိုးကို မြင်မြင် ​မေတ္တာစိတ်နဲ့ကြည့်ရင် အရာအားလုံး က​အေးချမ်း​နေတယ် အရာအားလုံး​ပေါ်မှာလဲ ​မေတ္တာစိတ်နဲ့ကြည့်ရင် နား​လည်​ပေးနိုင်တယ် ခွင့်လွတ်​ပေးနိုင်တယ် ဥ​ပေက္ခ္ာပြုနိုင်တယ် အချိန်တိုင်းကို တတ်ဖိုးရှိတဲ့အချိန်​လေး​တွေ ဖြစ်​အောင်​နေပါ ​ဒေါသဖြစ်မဲ့အစား ​မေတ္တာကို အစားထိုးပါ ​အေး​အောင်​​နေပါ အသက်ရှင်တဲ့အချိန်တိုင်းကို တန်ဖိုးထားပါ သတိ​လေးနဲ့ ​နေပါ ကိုယ်သွားမဲ့လမ်းကို ကိုယ်​ဖောက်တတ်​ဖို့အ​ရေးကြီးတယ် ဒီအချိန်က ကိုယ်ပိုင်တဲ့အချိန် သူများပိုင်တဲ့အချိန်မဟုတ်ဘူး ကိုယ်ပိုင်တဲ့အချိန်ကို ဖြူ​အောင် လုပ်လို့လဲ ရသလို ညစ်​အောင်လဲ လုပ်လို့ရတယ် ကိူယ့်စိတ်က အဓိကပဲ ကိုယ့်နှလုံးသွင်းက အဓိကပဲ ဘယ်လိုအရာမျိုးကို မှ တပ်မက်ခုံမင်ပီး မလုပ်မိ​စေနဲ့ မ​ပြောမိ​စေနဲ့ ဘယ်အရာမှ မမြဲဘူး ထာ၀ရ မှန်မ​နေကြဘူး ​ဖောက်ပြန်​နေကြတာ အသက်ရှင်​နေတဲ့ကာလတိုင်းမှာ အကုသိုလ်နဲ့ မရှင်သန်ပါနဲ့ ကိုယ့်​ကြောင့် ​လောက က သာယာ​နေရမယ် လှပ​နေရမယ် ကိုယ့်​ကြောင့် ​လောက မညစ်​ထေးသွား​စေရဘူး ကုသိုလ်နဲ့သာ ထုံ​သောအချိန်​​တွေ ဖြစ်​နေပါ​စေ

🙏🙏🙏​နေတတ်ရင်​အေးတယ် တရား​တော်မှ🙏🙏🙏

သံမ္ဗုဒ္ဓေဂါထာတော်  ဒီနေ့တော့ အားလုံးနီးပါးရွတ်ဆိုကြတဲ့      သံမ္ဗုဒ္ဓေဂါထာတော်ကို     နေ့စဉ်ဘ၀လုပ်ငန်းကိစ္စများတွင်လည်း...
17/07/2023

သံမ္ဗုဒ္ဓေဂါထာတော်

ဒီနေ့တော့ အားလုံးနီးပါးရွတ်ဆိုကြတဲ့
သံမ္ဗုဒ္ဓေဂါထာတော်ကို
နေ့စဉ်ဘ၀လုပ်ငန်းကိစ္စများတွင်လည်း
ရွတ်ဆိုနိုင်ကြောင်းကို ပြောပြပေးချင်ပါတယ်။

သံမ္ဗုဒ္ဓေဂါထာအကျိုးကျေးဇူးများ ဖော်ပြ၍ပင်မကုန်နိုင်ပါဘူး။
🙏🙏🙏🙏🙏

အဲ့ထဲကမှ တချို့တ၀က်ကိုဖော်ပြပေးလိုက်ပါတယ်နော်


အိပ်ရာထလျှင်
သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ပါ။
တနေ့တာလုံး လုပ်ဆောင်သမျှအဆင်ပြေပါလိမ့်မယ်။

ခေါင်းလျှော်လျှင်
သမ္ဗုဒ္ဓေဂါထာကို (၁ဝ)ခေါက်ရွတ်ပါ။
ကံအညံ့တွေပျောက်ကာ လာဘ်လာဘပွင့်စေပါတယ်။

ထမင်းစားလျှင်
သမ္ဗုဒ္ဓေဂါထာကို (၃)ခေါက်ရွတ်ပါ။
ကျန်းမာရေး ကောင်းစေပါတယ်။

ဆီလိမ်းလျှင်
သမ္ဗုဒ္ဓေဂါထာကို (၅)ခေါက်ရွတ်ပါ။
ဘုန်းတန်ခိုး တိုးတက်ကာ၊ လာဘ်လာဘတွေပွင့်လန်းစေပါတယ်။

လှေစီးလျှင်
သမ္ဗုဒ္ဓေဂါထာကို (၈)ခေါက်ရွတ်ပါ။
အန္တရာယ်ကင်းကာ လိုရာခရီးကိုချောမွေ့စာရောက်စေပါတယ်။

နံ့သာလိမ်းခြင်း ၊ ပန်းပန်ခြင်း၌
သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ပါ။
ပီယ၊ လာဘ ကောင်းစေပါတယ်။
မျက်နှာမြင်ချစ်ခင်စေပါတယ်။

အိပ်ရာဝင်လျှင်
သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ပါ။
ကောင်းသောအိမ်မက် မက်ကာ
ချမ်းသာစွာအိပ်စက်စေပါတယ်။

ရန်သူနှင့် တွေ့လျှင်
သမ္ဗုဒ္ဓေဂါထာကို (၁၁)ခေါက်ရွတ်ပါ။
အန္တရာယ်ဟူသမျှ ရှောင်ကွင်းသွားစေပါတယ်။

မီးမဖွားနိုင်လျှင်
သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်၍ရေမန်းတိုက်ပါ ။
လွယ်ကူချောမွေ့စွာ မီးဖွားနိုင်စေပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံရလျှင်
သမ္ဗုဒ္ဓေဂါထာကို ( ၁ဝဝဝ )တစ်ထောင်ရွတ်ပါ။
အချုပ်အနှောင်မှ လွတ်ကင်းစေပါတယ်။

ခရီးသွားလျှင် ပန်းကို
သမ္ဗုဒ္ဓေဂါထာ (၂)ခေါက်ရွတ်၍ ယူဆောင်ပါ
ခရီးတလျှောက်လုံး ဘေးကင်းစေတယ်။

ဒီလိုအပျိုးကျေးဇူးတွေများပြားလှတဲ့
သမ္ဗုဒ္ဓေဂါထာကိုနေ့စဉ်ရွတ်ဖတ်မည်ဆိုလျှင်........

မိမိဘဝ၌ ရေပြည့်အိုးပမာတိုးတက်လျက်ရှိမည်။
မိမိဘဝ၌ မညှိုးသောပန်းကဲ့သို့ရှိမည်။
မိမိဘဝ၌ ကောင်းကင်မှလမင်းကြီးပမာတင့်တယ်လျက်ရှိမည်

ဟု

ရှေးဆရာတော်ကြီးများရေးသားသော "လင်္ကာ"ထဲမှာ
မှတ်သားဖူးလို့ ပြန်လည်မျှ​ဝေခြင်းဖြစ်ပါတယ်နော်

Crd #

ဂုဏ်တော်ကိုးပါး အနက်အဓိပ္ပါယ် 💕🙏💕  🙏
15/07/2023

ဂုဏ်တော်ကိုးပါး အနက်အဓိပ္ပါယ် 💕🙏💕

🙏

၁။ ပန်း ဘာကြောင့် ကပ်ရသလဲ?🌼၂။ ပန်းအိုး ဘယ်နှအိုး ထားသင့်သလဲ?🌼၁။ ဂေါတမ မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်မှ...
15/07/2023

၁။ ပန်း ဘာကြောင့် ကပ်ရသလဲ?🌼
၂။ ပန်းအိုး ဘယ်နှအိုး ထားသင့်သလဲ?🌼

၁။ ဂေါတမ မြတ်စွာဘုရားရှင်
ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်မှာ
သီတင်းသုံးတော်မူစဉ်
ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူအများ
ဘုရားဖူးတရားနာလာကြကုန်၏။

🌼ခရီးကပန်း
လမ်းကကြမ်းသောကြောင့်
ချွေးသီးချွေးပေါက် အသွယ်သွယ်
ဖုန်အလိမ်းလိမ်းနှင့်ပေါ့။
တချို့မှာချွေးနံ့တထောင်းထောင်းနှင့်
ဘုရားရှင်သီတင်းသုံးရာ
ဂန္ဓကုဋီတိုက်တော်တခုလုံး
အနံ့သက်တွေကမကောင်း။

🌼ဒါကို သတိပြုမိတဲ့
ညီတော်အရှင်အာနန္ဒာစသော
ရဟန်းရှင်လူတွေက ဘုရားနဲ့
တရားနာပရိသတ်အကြားမှာ
ပန်းနံ့သာတွေကို ထားခဲ့ကြတယ်။

🌼ဘုရားပန်းတွေကြောင့်
ပရိသတ်တွေဆီက ချွေးနံ့တွေ
ဘုရားဆီမရောက်တော့ဘူးပေါ့။
တရားနာပရိသတ်တွေလည်း
ပန်းနံ့လေးတွေရ ပန်းတွေကိုမြင်ပြီး
အမောတွေပြေ
စိတ်တွေကြည်လင်လာတယ်။

🌼တရားနာရတာလည်း
အရင်ကထက်
ကြည်ကြည်နူးနူးရှိလာတယ်
ထိုအချိန်မှစ၍
ဘုရားပန်းလှူတဲ့ဓလေ့က
စတင်လာတယ်။

🌼ပန်းပန်တာမဟုတ်တဲ့အတွက်
မာလာဂန္ဓ ဝိလေပနဆိုတဲ့
သီလနဲ့လည်း ငြိစွန်းမှုမရှိတော့ဘူး
အပြစ်ကင်းတယ်။

၂။ ပန်းအိုးဘယ်နှအိုး
ထားရမလဲဆိုတဲ့ အမေးမှာ
နံပါတ် ၁ အဖြေက
သက်သေဖြစ်တယ်။
ဘယ်နှအိုးထားထား
အပြစ်မရှိဘူး။
မိမိတို့ရဲ့ ဘုရား‌ေကျာင်း‌ေဆာင်နဲ့
လိုက်ဖက်သလိုထားနိုင်တယ်။

🌼၁ အိုး ၃ အိုး စသည်ဖြင့်
မဂဏန်းထားမှ
၂ အိုး ၄ အိုး စသည်ဖြင့်
စုံဂဏန်းထားမှဟု
ဘုရားဟောမရှိခဲ့ဘူး။

🌼စုံမခွဲပြီးလှူဒါန်းတာက
ဗုဒ္ဓဘာသာရဲ့ အယူအဆမဟုတ်။
မိမိရဲ့ဘုရား‌ေကျာင်း‌ေဆာင်အနေအထားက
ဘယ်နှအိုးထားမှ
တင့်တယ်မယ်ဆိုတာကို
ချင့်ချိန်တတ်ဖို့အရေးကြီးသည်။

🌼တချို့က ယတြာတွေ
အဓိဋ္ဌာန်တွေကြောင့်
အရေအတွက်အမျိုးမျိုးလှူကြတယ်။
ဘယ်လိုပဲလှူလှူ ကုသိုလ်ကကုသိုလ်ပဲ။
ဘုရားပန်းတွေလန်းတော့
ဘုရား‌ေကျာင်‌း‌ေဆာင်လည်း
မင်္ဂလာကျက်သရေတိုးတာပေါ့။

🌼တရားချစ်ခင်
စိတ်ကောင်းဝင်ကြကုန်သော
သူတော်စင် ပရိသတ်အပေါင်း
ကပ်သုံးပါးနှင့်ဝေး၍
အမြတ်ဆုံးတရားနှင့်အေးပါစေ။
ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာ
လန်းဖြာကြပါစေ။

Via....Peace Rose

Credit.

15/07/2023

video credit🙏🙏🙏

ကိုယ်နှစ်သက်ရာ အရဟံ စတဲ့ ဂုဏ်တော်တစ်ခုခုကိုဖြစ်စေသမ္ဗုဒ္ဓေစတဲ့ ဘုရားရှိခိုးဂါထာတစ်ခုခုကိုဖြစ်စေပရိတ် ပဋ္ဌာန်း ဓမ္မစကြာ တ...
15/07/2023

ကိုယ်နှစ်သက်ရာ

အရဟံ စတဲ့ ဂုဏ်တော်တစ်ခုခုကိုဖြစ်စေ

သမ္ဗုဒ္ဓေစတဲ့ ဘုရားရှိခိုးဂါထာတစ်ခုခုကိုဖြစ်စေ

ပရိတ် ပဋ္ဌာန်း ဓမ္မစကြာ တစ်ခုခုကိုဖြစ်စေ

နေ့စဉ် ရွတ်ဖတ်ပူဇော်နေမယ်ဆိုရင်

ကံပွင့် လာဘ်ပွင့် စန်းပွင့်ပြီး အန္တရာယ်ကင်းတယ်။

အချိန် နာရီ မမှန်လည်း ပြဿနာမရှိဘူး။

ပုဆိုး ဘောင်းဘီ ယောဂီဝတ်စုံ စသဖြင့် ဝတ်စုံရွေးစရာလည်း မလိုဘူး။

ဘာပုတီး ညာပုတီးစသဖြင့် ပုတီးရွေးနေစရာလည်း မလိုဘူး။ ကိုယ့်ရှိတဲ့ ပုတီးနဲ့ စိပ်လို့ရတယ်။ ပုတီးမပါလည်း ရတယ်။

ဘုရားခန်းမှလည်း မဟုတ်ဘူး။ သွားလာ လုပ်ကိုင် အိပ်ယာထဲလဲလျောင်း အီးပါ သေးပေါက်ရင်းလည်း ရွတ်ဖတ်ပူဇော် ပွားများလို့ ရတယ်။

နတ်မပင့်လည်း ရတယ်။

အမျှဝေတာကတော့ လုပ်ပါ။ အမျှဝေဖို့ မေ့သွားလည်း ပြဿနာမရှိဘူး။

အချိန်မရလို့ တိုတိုတုတ်တုတ် အမျှဝေချင်ရင်

ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဘာဇေမ လို့ ရွတ်ဆိုလိုက်ရင် အမျှဝေပြီး ဖြစ်ပါတယ်။

လိုရင်းက နေ့စဉ် ရက်မပျက်လေး လုပ်သွားဖို့ပါပဲ။

သုံးရောင်ခြယ်စက်ဝိုင်းပုံပန်းပလ္လင်🙏🏻🙏🏻🙏🏻ထိုးနည်းအဆင့်ဆင့်ပါတင်ထားပေးပါတယ်ရှင့်........ဖော့-၁၀တုံးလက်ကီးဖြူ-၁၅၀လကျကီးဝါ-...
13/07/2023

သုံးရောင်ခြယ်စက်ဝိုင်းပုံပန်းပလ္လင်🙏🏻🙏🏻🙏🏻
ထိုးနည်းအဆင့်ဆင့်ပါတင်ထားပေးပါတယ်ရှင့်........
ဖော့-၁၀တုံး
လက်ကီးဖြူ-၁၅၀
လကျကီးဝါ-၁၅၀
နှင်းဆီ-၂၀၀
ကြာချိန်-၄နာရီ(ည၈:၀၀-၁၂:၀၀)ထိ


#ဝါသနာအရင်းခံစိတ်အေးချမ်းမှုအစစ်အမှန်
#ကပ်သုံးပါးမှအမြန်ကင်းဝေးကြပါစေ
https://m.facebook.com/story.php?story_fbid=931374990704831&id=531630360679298&sfnsn=mo&mibextid=6aamW6

အဝိုင်းပုံ လမင်းပန်းပလ္လင်ထိုးနည်းအဆင့်ဆင့်ပါရှင့်....ဖော့-၆တုံးဂန္ဓမာဖြူ အပွင့်အသေး၄၀၀ပူဇော်ချင်သူများအတွက်🙏  #ဝါသနာအရင...
13/07/2023

အဝိုင်းပုံ လမင်းပန်းပလ္လင်ထိုးနည်းအဆင့်ဆင့်ပါရှင့်....
ဖော့-၆တုံး
ဂန္ဓမာဖြူ အပွင့်အသေး၄၀၀

ပူဇော်ချင်သူများအတွက်🙏

#ဝါသနာအရင်းခံစိတ်အေးချမ်းမှုအစစ်အမှန်
#ကပ်သုံးပါးမှအမြန်ကင်းဝေးကြပါစေ
https://m.facebook.com/story.php?story_fbid=929179040924426&id=531630360679298&sfnsn=mo&mibextid=6aamW6

ကိုယ့်စိတ်ကိုယ်စစ်နည်း-----------------*-----------------သိချင်တဲ့  စိတ်လေး ဖြစ်ပေါ်သေးလားနားထောင်ချင်တဲ့  စိတ်လေး ဖြစ်သ...
10/07/2023

ကိုယ့်စိတ်ကိုယ်စစ်နည်း
-----------------*-----------------

သိချင်တဲ့ စိတ်လေး ဖြစ်ပေါ်သေးလား
နားထောင်ချင်တဲ့ စိတ်လေး ဖြစ်သေးလား
ကြားချင်တဲ့ စိတ်လေး ဖြစ်ပေါ်သေးလား

ကြည့်ချင် မြင်ချင်တဲ့ စိတ်လေး ဖြစ်ပေါ်သေးလား

နမ်းချင်တဲ့ စိတ်လေး ဖြစ်ပေါ်သေးလား
ထိချင်တယ် ဆိုတဲ့ စိတ်လေး ဖြစ်သေးလား

စားချင်တယ်ဆိုတဲ့ စိတ်လေး ဖြစ်သေးလား
အိပ်ချင်တဲ့ စိတ်လေး ဖြစ်ပေါ်သေးလား
ဟိုနား ဒီနား သွားချင်တဲ့ စိတ်လေး ဖြစ်သေးလား

ဒီစိတ်ကလေးတွေ ပြန်ရှူ့တယ် မဖြစ်ပေါ်ဘူး
စိတ်ကလေးမဖြစ်ပေါ်တော့ လွတ်မလားလို့

တစ်ခါစိတ်က ထွက်ပေါက် ရှာပြန်တယ်
ပြန်ပြီးတော့ ဗဟိဒ္ဓကို

အာရုံကြောင့်ပျက်တဲ့ ရုပ်ကို ပြန်ရှူ့လိုက်တယ်

ဪ ... မမြင်ချင်ပေမဲ့လည်းမနေရ မြင်နေရတယ်
မကြည့်ချင်ပေမဲ့လည်း မနေရ ကြည့်နေရတယ်
မသိချင်ပေမဲ့လည်း မနေရ သိနေရတယ်

ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက်နဲ့
ဖြစ် ပျက် နေတဲ့ အနိစ္စသဘော
ခံစားနေရတာက ဒုက္ခသဘော

မမြင်ချင် ပေမဲ့ မြင်နေရတာ သူ့ သဘောပါလား
လွတ်သေးသလား မလွတ်သေးပါဘူး ....။

အဲဒီလို .... စိတ်ကိုရှူ့တော့ စိတ်က ဘယ်လို
ဖြစ်လာသလည်း ဟော ..... စိတ်က ဝိဇ္ဇာ

အကြောင်းတရား အကျိုးတရား ဖြစ်နေတဲ့ဥစ္စာ
မသိစိတ် ..... မရှိတဲ့တရားကို ငါ တွေ့နေရပါလား
ရှိတာကိုမသ်ဘဲနဲ့ မရှိတာကို ငါ ရှူ့နေတာဟာ
အာရုံကြောင့်ဖြစ်တဲ့ ဥစ္စာဘဲ ...။

စိတ်ကအနိစ္စ စိတ်ကဒုက္ခ စိတ်ကအနတ္တ ဆိုတာ
မသိဘဲနဲ့ သညာသိ ငါ ရှူ့နေတာ ...။

အနိစ်စသညာ ဒုက်ခသညာ အနတ်တသညာ
သညာတွေ့ပြီး မရှိတဲ့ရုပ်ကို အရှိ ထင်ပြီး
ငါ ရှူ့နေတာပါလား .... ။

အနိစ္စသညာ ဒုက္ခသညာ အနတ္တသညာ တွေ ပါလား

ရုပ် နာမ် ကလေးအပေါ် စိတ်ကလေးဖြစ်ပြီး
မြင်တာ မြင်ကာ မရပ်ပဲ
ကြားတာ ကြားကာ မရပ်ပဲ

မြင်တဲ့သဘော ကြားတဲ့သဘော သိတဲ့သဘော
သဘောတရားတွေသာ ရှိနေတဲ့ တရားတွေပါလား

ငါ ကနေပြီးတော့ အနိစ္စထင်ချက် အနတ္တထင်ချက်
သညာတွေပါလား ဆိုပြီးတော့

အဲဒီ မြင်တဲ့အပေါ်မှာ သညာ လွတ်ပြီးတော့
အကြောင်းသညာ ပယ်လိုက်တယ် ....။

သဘာဝရုပ် သဘောအပေါ်မှာ
သညာ စေတသိတ် ပယ်လိုက်တယ် ....။

မြင်တာ မြင်တဲ့သဘောလေးသိတော့ ရပ်လိုက်တယ်

အဲဒီတော့မှ ဒိဌိ ပြုတ်သွားတယ်

သညာတွေကို ရှူ့လိုက်တော့ သဘောပဲရှိတော့တယ်
ဘာမှ မရှိတော့ဘူး ....။

ကျေးဇူးတော်ရှင်
မူလသဲအင်းဂူဆရာတော်ဘုရားကြီး
အရှင်ဥူးဥက္ကဌ 🙏🙏🙏

★JG (Jay Gyi)

https://www.facebook.com/108883631790659/posts/150449507634071/

https://www.facebook.com/groups/490203222102998/permalink/779283376528313/

09/07/2023

ပန်းထိုး​ဖော့အစို သုံးနည်း​လေး​ပြောပြ​ပေးမယ်​နော်🥰

​ဖော့ကို ​ရေ အရင်စိမ်ရပါမယ် ​ရေဗုံးထဲကို ​ရေထဲ့ပီး ​ရေ​ပေါ် တင်ထားလိုက်ပါ အကုန်နစ်သွားရင်ဆယ် လို့ရပါပီ (​ရေထဲကို ​ဖော့တုံး မနှစ်ရပါဘူး​နော် ​ရေ၀င်တာ မညီ ဖြစ်တတ်လို့ပါ)
​အောက်က video က ပန်းအိုးထဲ ​ဖော့ ထဲ့ဖို့ ​ဖော့ လှီးပြထား​​ပေးတာပါ
အဆင်​ပြေကြပါ​စေရှင့်🥰🥰🥰

Khon Cho's Floral sharing

ပန်းအိုး ထိုးဖိုး အဓိက မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းက ​ဖော့အစိုပါ​နော်လိုအပ်တဲ့ ပစ္စည်း​လေး​တွေက၁ ​. ​ဖော့ အစို၂ . ပန်းညှပ် ...
09/07/2023

ပန်းအိုး ထိုးဖိုး အဓိက မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းက ​ဖော့အစိုပါ​နော်
လိုအပ်တဲ့ ပစ္စည်း​လေး​တွေက
၁ ​. ​ဖော့ အစို
၂ . ပန်းညှပ် ကပ်​ကြေး
၃. နှင်းဆီ ဆူး​ကြွေတံ
၄. ​အောက်ခံခွက် (​လေး​ထောင့်/ အ၀ိုင်း ) ပန်းအိုးနဲ့ထိုးရင် မလိုပါဘူး​နော် ပန်းအ၀ိုင်း ထိုးရင် လိုအပ်ပါတယ်
Khon Cho's Floral sharing

09/07/2023

ပန်းစေတီထိုး နည်း video​လေး sharing လုပ်ပေးလိုက်ပါပြီရှင့်🌸🌸🌺🌺🙏🙏🙏

လိုအပ်သောပစ္စည်းများမှာ-
(၁)ရေစိုဖော့ (၃)ခု
(၂)ဂန္ဓမာပန်း (၄)စည်း
(၃)ပင်္နးကန်ပြား
(၄)ပန်းညပ်ကပ်ကြေး
တို့ ပဲဖြစ်ပါတယ်

မြင်သူအပေါင်း ပန်းလိုမွေး ရေလိုအေးချမ်းကြပါစေ




https://fb.watch/lFZhk5a45r/?mibextid=6aamW6

Address


Website

Alerts

Be the first to know and let us send you an email when Khon Cho's Floral sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share