Nan Moe Moe Aung

  • Home
  • Nan Moe Moe Aung

Nan Moe Moe Aung Florist & Gift shop service💛

ဦးပြောင်ကြီးရေ😍😍ရောင်းစားလို့ရပြီးကုန်ချောထုပ်ပြီးသရက်ရွက်အရမ်းကို အံ့ဩမိ ပါသည်  ဖတ်ကြည့်ကြပါအုံးးကျနော်တို့ နိုင်ငံမှာ...
10/06/2022

ဦးပြောင်ကြီးရေ😍😍ရောင်းစားလို့ရပြီးကုန်ချောထုပ်ပြီးသရက်ရွက်
အရမ်းကို အံ့ဩမိ ပါသည် ဖတ်ကြည့်ကြပါအုံးး
ကျနော်တို့ နိုင်ငံမှာပေါများလှတဲ့
သရက်ရွက်( Mango Leave ) ကို အမေရိကန်
နိုင်ငံမှာ ၂အောင်စ ကို 13$ နဲ့ရောင်းနေတာ
တွေ့ရတော့ ဘာတွေကောင်းလဲဆို google
ခေါက်ကြည့်လိုက်ပါတယ် ။
သူများတွေရောင်းနေတာ ကုန်ချောအဆင့်တောင်မဟုတ်ပါဖူးနော် ။
သူများရောင်းတာထိုင်ဝယ်စားနေရမယ် ခေတ်
လဲ မဟုတ်တော့ပါဖူး ။
သရက်သီးအရွက်ဟာ သရက်သီးထက် အဟာရ
ပိုများနေပါတယ် ။
ဗီတာမင် အေ ဘီ စီနဲ့ antioxidant တွေကြွယ်
ဝပါတယ် ။
သရက်ရွက်ကို ဆေးဘက်ဆိုင်ရာမှာ ရေနဲ့ပြုတ်၍
ဖြစ်စေ အရွက်ကိုအမှုန့်ပြုလုပ်ဖြစ်စေ အသုံးပြုနိုင်သလို အရှေ့တောင်အာရှမှာချက်ပြုတ်စားသောက်ကြပါတယ် ။
ဆေးဘက်ဆိုင်ရာအနေဖြင့် ဆီးချိုရောဂါကို
ထိန်းညိဖို့သောက်သုံးကြပါတယ် ။
ဒါအပြင် သွေးတိုးရောဂါ ထိန်းညိပေးပါတယ် စိတ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကုသနိုင်ပါတယ် ။
အကျိတ်တွေနဲ့ ကင်ဆာရောဂါကြီးထွားမှုကို
လျော့ချပေးပါတယ် ။
သည်းခြေမှာ ကျောက်တည်ခြင်းကို ခြေဖျက်
နိုင်ပါတယ်။
အစာအိမ်ရောဂါတွေသွေးဝမ်းသွားရောဂါတွေ
ကုသနိုင်ပါတယ်။
ကြို့ထိုးတဲ့ ရောဂါအတွက်ဆို သရွက်ရွက်ခြောက်ကိုမီးရှို့ပီး ရှူပေးရင်ပျောက်ကင်းပါတယ်။
မီးလောင်ဒဏ်ရာတွေမှာ အသုံးပြုနိုင်ပါတယ်
နားကိုက်ရောဂါကုသနိုင်ပါတယ် ။
ကိုယ်အလေးချိန်ကို လျော့ချနိုင်ပါတယ်
သုံးစွဲနည်းအသေးစိတ်ကို google မှာ
mango leave benefit ဆိုပီး ရှာနိုင်ပါတယ်
အလျင်းသင့်ရင် ဘာသာပြန်ပြီးဖော်ပြပေး
ပါအုန်းမယ်
Credit
မူရင်းတင်သူ
အလွန်ဆေးဖက်ဝင်သော သရက်ရွက်
ဒီနေ့မျှဝေပေးမဲ့အကြောင်းအရာကတော့ သရက်ရွက် ကိုစားသုံးရာတွင်ရရှိမဲ့ ကျွမ်းကျင်သူများ အထောက်အထားဖြင့် ထင်ပြထားသော ကောင်းကျိုး၊ ဆိုးကျိုးနှင့် စားသုံးနည်းပဲဖြစ်ပါတယ်။
သရက်ရွက်သည် Vitamin A, B နဲ့ C ကြွယ်ဝ ပြီး potassium, magnesium ဓာတ်လဲပါဝင်သောကြောင့် ကျန်းမာရေးအတွက်အလွန်အထောက်ကူပြု၍ ဆေးဖက်ဝင်ကြောင်းတင်ပြချင်ပါသည်။
သရက်ရွက် နှင့် ကျန်းမာရေး-
1. သရက်ရွက်တွင် anthocyanidins ဆိုသောဓာတ်ပါသောကြောင့် သရက်ရွက်ကို ရေနွေးတွင် တစ်ညအကြာစိမ်၍ ရလာသောအရေကို သောက်သုံးခြင်းဖြင့် အစပျိုးနေသောသွေးချို ရောဂါသက်သာစေရန်ကူညီပေးသည်။
2. သရက်ရွက်သည် သွေးတိုးခြင်းကိုလဲသက်သာစေပါသည်။
3. သရက်ရွက်ကို ရေချိုးသောကြွေဇလုံထဲထည့်၍ ရေချိုးခြင်းသည် စိုးရိမ်ပူပန်မှု/anxiety ကိုလဲ လျော့အောင်ကူညီပေးပါသည်။
4. ကျောက်ကပ်ကျောက်တည် ခြင်းနှင့် သည်းခြေအိပ်ကျောက်တည် ခြင်းများဖြစ်ပါက သရက်ရွက်ကို အမှုန့်ကြိတ်ပြီး ရေနွေးထဲတစ်ညထား၍ နေ့တိုင်းသောက်လျှင် ကျောက်များကျေစေပြီး ပျောက်စေပါတယ်ရှင့်။
5. သရက်ရွက်များများကို ပြုပ်၍ ပျားရည်အနည်းငယ်ဖြင့် သောက်လျှင် အသံပျောက်ခြင်း၊ အအေးမိ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ပန်းနာရင်ကြပ် တို့ကိုပျောက်စေပါသည်။
6. သရက်ရွက် တွင် adiponectin ပါသောကြောင့် အဆီပိုများကျပြီး ဝိတ်ထိန်းရာတွင်အထောက်ကူပြုပါသည်။
7. သရက်ရွက်သည် ကင်ဆာ ကာကွဲပေးသည်။
သရက်ရွက် စားသုံးနည်း-
1. Blender/ကြိတ်စက်ထဲသို့ သရက်ရွက် အမှုန့်ကို ရေ ဖြင့် သောက်ခြင်း။ ရေချိုး ကန်ထဲထည့်၍ ချိုးခြင်း။
2. သရက်ရွက် ၁၀-၁၅ ရွက်ကို ရေ 150ml တွင်ပြုတ်၍ ရေနွေးကြမ်းအဖြစ် သောက်နိုင်ပါသည်။
3. နောက်ဆုံးနည်းကတော့ မြန်မာတွေအကြိုက် တို့စရာအနေဖြင့် လတ်လတ်ဆတ်ဆတ် စားနိုင်သည်။
သရက်ရွက် ၏ဆိုးကျိုး-
သရက်ရွက်တွင် ဆိုးကျိုးအကြီးကျယ်မရှိပါ။ စားသုံးရန် အန္တရာယ်ကင်းသည်ဟု ဆိုထားပါသည်။

Credit

31/05/2022

#အရင်ကထက်ပိုဂရုစိုက်ပီး သွားလာကြပါနော်။

ယခုအချိန်အခါ 📢📣📣

သတိနဲ့သွားလာပါ🚷
ရပ်ပြီး ဖုန်းမပြောပါနဲ့📵
ရွှေဆွဲကြိုး ရွှေ မဝတ်ပါနဲ့❌
မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့🚷
ရှောင်သင့်တာကို ရှောင်သွားပါ🚫
ပိုက်ဆံအိတ် အိတ် မလွယ်ထားပါနဲ့❌
​ပိုက်ဆံ ကို ရင်ထဲမှာပဲထားပါ😍
မလိုအပ်ဘဲမှတ်ပုံတင် အပြင်ယူမသွားပါနဲ့❌
ဆိုင်ကယ် ကလစ် စကိုဖီး စီးရင် သတိထားပါ🚳
ကားငှားစီးရမယ်ဆို အသိTaxiပဲ ခေါ်ငှားစီးပါ💯
သွားလာရင်း နောက်ကြည့်မှန်ကို ခဏခဏ ကြည့်ပါ⭕
လူသုံးယောက်လောက် အနားကပ်လာရင် မြန်မြန်ပြေး🏃

ဘယ်မြို့မှာနေနေ သတိထားသွားကြပါ🛑🚨🛑

မေတ္တာဖြင့်သတိပေးခြင်းမျှသာ

ရင်သားကင်ဆာနှင့်ညဉ့်နက်စာအမျိုးသမီးများ ညစာကိုနောက်ကျစားခြင်းနဲ့ ညဉ့်နက်မှာသွားရည်စာစားခြင်းများက ရင်သားကင်ဆာဖြစ်ဖို့အခွ...
31/05/2022

ရင်သားကင်ဆာနှင့်ညဉ့်နက်စာ

အမျိုးသမီးများ ညစာကိုနောက်ကျစားခြင်းနဲ့ ညဉ့်နက်မှာ
သွားရည်စာစားခြင်းများက ရင်သားကင်ဆာဖြစ်ဖို့
အခွင့်အရေးအန္တရာယ်ကို လက်ယပ်ခေါ်နေတာနဲ့တူတယ်လို့
အမေရိကန်ရှိ San Diego School of Medicine မှလေ့လာသူ
Catherine Marinac ကဆိုထားပါတယ်။

၎င်းရဲ့တွေ့ရှိချက်က ညစာစားပြီးချိန်မှ နောက်တနေ့ နံနက်ခင်းစာစားချိန်အထိ အချိန်ကြာကြာ အစာမစားလေ ဂလူးကို့စ်သကြား
ကင်ဆာရောဂါကိုဖြစ်စေတဲ့သွေးထဲရှိဓါတ် ပမာဏလျော့ကျလေဆိုတာပါပဲ။

The longer the period they spent without food, the more stable their blood sugar.

ဒီလိုပြုမူနေထိုင်ခြင်းက အာဟာရ(သို့)ကယ်လိုရီကို ရှုပ်ထွေးနေ
အောင် တွက်ချက်စားသောက်နေရတာထက် လူထုကျန်းမာရေး
အတွက် ပိုမိုအကျိုးရှိတယ်လို့ဆိုတယ်။

အခြားအချိန်တွေမှာဘယ်လောက်စားစား ညစာစားပြီးနောက်အစာမစားချိန် ၃ နာရီတိုးတိုင်း သွေးထဲရှိဂလူးကို့စ်သကြားဓါတ် ၄%
လျော့ကျတယ်။

Each three-hour increase in night-time fasting was associated with a 4 per cent lower blood glucose level, regardless of how much the women ate at other times.

ကျွမ်းကျင်သူများရဲ့ယူဆချက်အရ သွေးထဲရှိသကြားဓါတ်တည်ငြိမ်မှုဟာရင်သားကင်ဖြစ်စေတတ်တဲ့ ဟော်မုန်းခွဲထွက်မှုအန္တရာယ်ကို
လျော့ပါးစေတယ်လို့ဆိုတယ်။

This may be because glucose provides fuel for rapidly dividing cancer cells. And insulin – the hormone that is pumped into the blood to remove excess glucose – is also thought to stimulate the growth of the disease.

အမျိုးသမီး ၂၂၁၂ ယောက်ကိုလေ့လာပြီးရေးသားတဲ့ဒီစာတန်းကို Philadelphia မှာပြုလုပ်တဲ့The American Associstion for Cancer Research's နှစ်ပါတ်လည်အ
စည်းအဝေးမှာတင်ပြခဲ့ပြီးThe journal Cancer Epidemiology မှာလည်းဖေါ်ပြခဲ့တယ်။
အမျိုးသမီးတိုင်း အောက်ပါအချက်အလက်များကို ကိုယ်တိုင်စစ်ဆေးသင့်တယ်။

-Monthly self-exams(ရင်သားကို လစဉ်ကိုယ်တိုင်လက်ဖြင့်ပွတ်သပ်စစ်ဆေးပါ)
-Attention to breastchanges(ရင်သားပုံစံပြောင်းလဲမှုကို ဂရုပြုမိပါစေ)
-Medical exam(ဆေးမှန်မှန်စစ်ပါ)
-Annual mammograms at age 40(အသက် ၄၀ ကျော်ရင် နှစ်စဉ် mammogram ရိုက်ပါ)

ရင်သားကင်ဆာအကြိတ်ဖုဟာ ယေဘူယျအားဖြင့်မာကြောခြင်း၊
နာကြင်မှုကင်းမဲ့ခြင်း၊ ရွေ့လျားမှုမရှိခြင်း စတဲ့သဘာဝရှိပါတယ်။
Cancerous lumps are more likely to be hard, painless, and unmovable.
ရင်သားမှာအောက်ပါထူးခြားချက်များတွေ့ရှိလာပါက ဆရာဝန်ပြသစစ်ဆေးပါ။

Credit ပေးပါတယ်မူရင်းရေးသားသူအား

လွယ်ကူရိုးရှင်းပြီးတော့ အိမ်မှာအလွယ်တကူ​ လိုက်လုပ်ကြည့်လို့ရတယ်နော်😍Photo crd
07/02/2022

လွယ်ကူရိုးရှင်းပြီးတော့ အိမ်မှာအလွယ်တကူ​ လိုက်လုပ်ကြည့်လို့ရတယ်နော်😍
Photo crd

👤အာရုံကြောအားနည်းနေတဲ့လက္ခဏာ (၇) မျိုးအာရုံကြောအားနည်းရင်ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ ? #ထုံကျဉ်တာခြေတွေ၊လက်တွေ ထုံကျဉ်တာဖ...
05/02/2022

👤အာရုံကြောအားနည်းနေတဲ့လက္ခဏာ (၇) မျိုး
အာရုံကြောအားနည်းရင်ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ ?
#ထုံကျဉ်တာ
ခြေတွေ၊လက်တွေ ထုံကျဉ်တာဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်းမဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာနေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။Crohn’sရောဂါ သို့မဟုတ် တခြားအူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
#ပိုချမ်းတတ်တာ
အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓါတ်လောက်ကို အခုမှအရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆိုသွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓါတ်မလုံလောက်လို့သွေးနီဥတွေ နည်းတာဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေအေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။
ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်တာ
စိတ်ဓါတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေကB12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။
#အားနည်းတာ
လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်းတာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။
#နှလုံးခုန်မြန်တာ
နှလုံးခုန်မြန်တာလည်း အာရုံကြောအားနည်းတဲ့လက္ခဏာထဲမှာပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။B12 ချို့တဲ့တယ်ဆိုရင်သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့တခြားပြင်းထန်တဲ့ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။
#ပါးစပ်အနာ
သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေဖြစ်လာတယ်ဆိုရင်B12 အားနည်းတာ၊သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်နေနိုင်ပါတယ်။
#ဗိုက်ပြဿနာ
ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေထိုးသင့်ထိုးရပါမည်။
စေတနာဖြင့်..
ကျန်းမာကြပါစေ 🙏hanumanbychitno hanumanထိုင်းရိုးရာတိုင်းရင်းဆေး

ထမင်းပေါင်းအိုးနဲ့ချက်တိုင်းသိုးလွယ်လို့ထမင်းမသိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလေးဗဟုသုတအဖြစ် ထပ်ဆင့်ဝေမျှပေးပါရစေ 🧡👇🏻😋က...
05/02/2022

ထမင်းပေါင်းအိုးနဲ့ချက်တိုင်းသိုးလွယ်လို့ထမင်းမသိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလေးဗဟုသုတအဖြစ် ထပ်ဆင့်ဝေမျှပေးပါရစေ 🧡👇🏻😋
ကိုယ့်အတွေ့အကြုံလေးကိုsharingလုပ်ပေးပါရစေကိုယ်လည်းအဲ့ဒုက္ခကိုတော်တော်ခံစားခဲ့ရတာ ဘယ်လောက်ဆိုးသလဲဆိုမနက်ပိုင်းချက်ထားတဲ့ထမင်းကိုညနေမမှောင်ခင်အပြေအလွှားစားမှမှီတယ်မဟုတ်ရင်စားခါနီးကျထမင်းကသိုးရော ထမင်းကြိုက်တဲ့လူဆိုတော့ ထိုင်ငိုချင်စိတ်ပါပေါက်တာအဲ့လိုဖြစ်ပေါင်းများလို့ခေါင်းဆွဲပြုတ်နဲ့ညားရတာအခါခါပါပဲ
ထမင်းမသိုးဖို့ဆိုရင် ကိုယ်သိသလောက်ကတော့ဆန်ဆေးရင်ဆန်ကိုသေချာပြောင်အောင်ဆေးရမယ်ပြီးရင်ထည့်ချက်မယ့်ရေကလည်းသန့်ရမယ်ပြီးရင်အိုးကလည်းသန့်ရမယ်လို့ အမြဲမှတ်ထားပါတယ်
ခဏခဏသိုးတဲ့အိုးကိုအရင်ဆုံးရေထည့်ပြီးပွက်ပွက်ဆူနေအောင်တည်ပြီးပိုးသတ်ပါတယ်ပြီးရင်အဲ့ရေနွေးကိုသွန်ပြီးအိုကို‌အခြောက်ခံပြီးဆားနဲ့နာနာတိုက်ပါတယ်ကိုယ်တော့နာရီဝက်လောက်ကိုထိုင်‌တိုက်တာအိုးမှာရှိတဲ့ဂျေးတွေကဆားနဲ့အတူပါသွားပြီးဆားကမဲညစ်ညစ်အရောင်ပြောင်းသွားလိမ့်မယ်ကိုယ်စိတ်ကျေနပ်လောက်တဲ့အနေအထားရောက်ရင်ပန်ကန်ဆေးအစိမ်းဖတ်ထဲဆပ်ပြာထည့်ပြီးသေချာပွတ်ဆေးလိုက်ပါအဲ့ဒါဆိုရင်မသိုးတော့တဲ့အိုးဖြစ်သွားပါလိမ့်မယ်ကိုယ်တော့အဲ့လိုလုပ်ပြီးကတည်းကထမင်းမသိုးတော့တာနှစ်ရက်လောက်ထားလဲထမင်းကနဂိုအတိုင်းလေးပဲတစ်ခါတလေနှစ်ညအိပ်တွေဘာတွေတောင်ဖြစ်ကုန်တာဒါတောင်မသိုးတော့ဘူး
အားလုံးလည်းအဆင်ပြေကြပါစေရှင့်ကိုယ်အဆင်ပြေတဲ့နည်းလေးကိုပြန်မျှဝေပေးတာပါရှင်စာရှည်သွားရင်sorryပါ
Credit @ Khin San WaiCredit photos

ဆားကြမ်းလေးနင်းတာပါပဲ...ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆိုတစ်လလောက် အသုံးပြုလို့ရပါတယ်....နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီ...
01/09/2021

ဆားကြမ်းလေးနင်းတာပါပဲ...
ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆို
တစ်လလောက် အသုံးပြုလို့ရပါတယ်....

နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီး တိုင်း
ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။

ညဘက် နင်းပုံနင်းနည်းကတော့ … ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ…။
(ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ…။
နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်က…ချွေးများ ထွက်လာတာ တွေ့ရပါမယ်…။
မိနစ် ၃၀ -၄၀ – ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့…မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ…
ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ…
ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ…
ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်…။
အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်း..
ခြေကွဲခြင်း မရှိ… ဆံပင် မကျွတ်တော့ပဲ…
နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်. ကျန်းမာခြင်းကိုရရှိစေမှာပါ။

-mudra ပြောပြတဲ့
နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး

(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။

(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကိုလည်းအကျိုးပြုသည်။

(၃) ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်သည်။

(၄)အထိုင်များသူ..ကားမောင်းများသူများအတွက် အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများမှ ကာကွယ်နိုင်သည်။

(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။

(၆)ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေသည်။

(၇) ခေါင်းကိုက် မျက်ရိုးကိုက် မျက်ရည်ကျသူများ မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်သည်။

(၈) သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်သည်။

(၉) အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှကာကွယ်နိုင်သည်။

ဆားနင်းခြင်းကို နံနက်အိပ်ယာထ.. ညအိပ်ယာဝင် နှစ်ကြိမ်ပြုလုပ်နိုင်သည်။ ခွက်တွင် ဆားနှစ်ပိဿာ အနည်းဆုံးထည့်ရပါမည်။ ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။ တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။
ဆားနင်း၍ ကုမရသောခေါင်းကိုက်ရောဂါ၊ခါးနာရောဂါများပျောက်ကင်းနိုင်ပါတယ်။

ပျော်ရွှင်ချမ်းမြေ့ပြီး အပူကင်းပါစေ...
credit

ကျန်းမာရေးနှင့် ညီညွတ်သော မနက်စာ(၅)မျိုးအိမ်တွင် အလွယ်တကူ လုပ်စားနိုင်သော ကျန်းမာရေးနှင့် ညီညွတ်သည့် မနက်စာ (၅) မျိုး၁) ...
01/09/2021

ကျန်းမာရေးနှင့် ညီညွတ်သော မနက်စာ(၅)မျိုး
အိမ်တွင် အလွယ်တကူ လုပ်စားနိုင်သော ကျန်းမာရေးနှင့် ညီညွတ်သည့် မနက်စာ (၅) မျိုး

၁) ပေါင်မုန့်မီးကင် + ကြက်ဥကြော် + ပန်းသီး (၁) လုံး + အဆီထုတ်နွားနို့ (သို့) ကော်ဖီ

၂) ပဲပြုတ်ထမင်းဆီဆမ်း + ကြက်ဥကြော် + နဂါးမောက်သီး တစ်ခြမ်း + အဆီထုတ်နွားနို့ (သို့) ကော်ဖီ

၃) အုတ်ဂျုံ + အဆီထုတ်နွားနို့ + ကြက်ဥပြုတ် (၁) လုံး + ပန်းသစ်တော် တစ်ခြမ်း + အဆီထုတ်နွားနို့ (သို့) ကော်ဖီ

၄) ကြက်ဥထမင်းကြော် + ပန်းသီး (၁) လုံး + အဆီထုတ်နွားနို့ (သို့) ကော်ဖီ

၅) တူနာဆန်းဝှစ်ချ် + စပျစ်သီး (၁၀) လုံး + အဆီထုတ်နွားနို့ (သို့) ကော်ဖီ တို့ဖြစ်ပါသည်။

ဒေါက်တာ ဟန်နီစုနိုင်

အာဟာရ အထူးကုဆရာဝန်
latest articles
Crd

UV way လေးအကြောင်းသိသမျှပြောပြမယ်🍓🍓 🌷🌷UV way က skinsecondlayerထဲထိဝင်ရောက်နိုင်ပြီး အရေပြား အပေါ်ယံလွှာကိုပျက်စီးစေပြီး ...
02/10/2020

UV way လေးအကြောင်းသိသမျှပြောပြမယ်🍓🍓

🌷🌷UV way က skinsecondlayerထဲထိဝင်ရောက်နိုင်ပြီး အရေပြား အပေါ်ယံလွှာကိုပျက်စီးစေပြီး အရေးအကြောင်း တင်းတိတ် မှဲ့ခြောက်များကိုဖြစ်ပေါ်စေပါတယ်

🌷🌷အဲ့ဒါ ကြောင့် sun cream ဆိုတာလည်း မဖြစ်မနေ လိုအပ်တဲ့အရာတခု ပါ

🌷🌷ပျိုမေတို့အတွက် မဖြစ်မနေလိုအပ်တဲ့ (SPF level 30)က ကိုယ်သုံးနေတဲ့creampuffထဲမှာပါမယ်ဆိုရင် ပြီးပြည့်စုံ ပြီလို့ သတ်မှတ်ကြမလား

🌷🌷အဲ့ လိုcreampuffမျိုးမှလိုချင် ဆိုရင် Angel's secret လေးရှိနေပြီနော် ပါးပါးလေး ပဲ ပုတ်လိုက်ပါ နေရောင်ခြည် ကို ကာကွယ် ပြီး ပြီးပြည့်စုံ တဲ့ အလှတရား ရစေမှာပါ

🍓🍓Angel's Secret collagen powder 🍓🍓
Crd
Price 24500(instock)
ပိုခ freeပါရှင့်🙂

 ❗အမေရိကန် ဒေါ်လာကကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးလို့ထင်ခဲ့တာ😱 #အမှန်တကယ် တော့ အမေရိကန်ဒေါ်လာကကမ္ဘာ့တန်ဖိုးအမြင့်ဆုံးငွေ...
07/09/2020

❗အမေရိကန် ဒေါ်လာက
ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးလို့ထင်ခဲ့တာ😱
#အမှန်တကယ် တော့ အမေရိကန်ဒေါ်လာက
ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးငွေကြေးစာရင်းမှာဆို
နံပါတ် 9နေရာမှာသာရှိနေပါတယ်😳
#ဘယ်ငွေကြေးက တန်ဖိုးအမြင့်ဆုံးလဲဆိုတာသိချင်ရင် ဝင်showသွား👇👇
#ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးတွေကို
ဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်💜
Crd

လူအများစု မစားဖြစ်ပဲ ထွေးထုတ်နေမိတဲ့စပျစ်သီးအစေ့လေးတွေအကြောင်း🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇စပျစ်သီး အစေ့ရဲ့ အရသာက ခါးသက်သက်စားရတာကလည်း ...
20/08/2020

လူအများစု မစားဖြစ်ပဲ ထွေးထုတ်နေမိတဲ့
စပျစ်သီးအစေ့လေးတွေအကြောင်း
🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇

🍇စပျစ်သီး အစေ့ရဲ့ အရသာက ခါးသက်သက်
စားရတာကလည်း မာဆတ်ဆတ်နဲ့ဆိုတော့
စပျစ်သီးစားတိုင်း ထွေးထုတ်ပစ်လိုက်တာ များပါတယ်။

🍇ဒါပေမယ့် လူတွေမသိတဲ့အချက်တစ်ခုက
စပျစ်သီးက သူရဲ့အစွမ်းသတ္တိတွေ
အကုန်လုံးကို အစေ့ထဲမှာ သိမ်းဆည်းထားတာပါ။

🍇စပျစ်သီးအစေ့ထဲမှာပါတဲ့ အစွမ်းသတ္တိတွေကိုသာ သိခဲ့မယ်ဆိုရင်
အရင်က ထွေးထုတ်ခဲ့မိတဲ့ စပျစ်သီးစေ့လေးတွေကို နှမြောမိမှာ သေချာပါတယ်။

🍇နိုင်ငံတကာမှာလည်း စပျစ်သီးအစေ့ရဲ့ အဆီအနှစ်ကို ထုတ်ယူပြီး ဆေးဝါးအဖြစ် ထုတ်လုပ်ရောင်းချ နေတာမျိုးလည်းရှိပါတယ်။

🍇စပျစ်သီးအစေ့ထဲမှာ အရမ်းကို အစွမ်းထက်တဲ့ အင်တီအောက်ဆီးဒင့် တစ်မျိုးပါဝင်ပါတယ်။

🍇အဲ့ဒီ ဓာတ်တိုးဆန့်ကျင်ပစ္စည်းရဲ့ အစွမ်းကြောင့် အရွယ်တင်နုပျိုစေပြီး အသားအရေကို ကြည်လင်လှပစေပါတယ်။

🍇ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ်မှာ ပျက်စီးသွားတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးပါတယ်။

🍇ဆံချည်မျှင်သွေးကြောလေးတွေအထိ သွေးလည်ပတ်မှုကောင်းစေလို့ ခန္ဓာကိုယ်ကို ကျန်းမာလန်းဆန်းစေပါတယ်။

🍇သွေးထဲက မကောင်းတဲ့ အဆီတွေကို လျော့ကျစေလို့ နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

🍇Omega 3 Fatty Acid တွေလည်း ပါဝင်လို့ ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။

🍇မျက်စိကျန်းမာရေးအတွက် လိုအပ်တဲ့ VitaminA လည်းပါဝင်တယ်။
VitaminE လည်းပါဝင်လို့ အသားအရည်နဲ့ ဆံသားကို စိုပြည်လှပစေတယ်။

🍇Collagen ထုတ်လုပ်မှုကို တိုးတက်စေလို့ အသားအရည်ကို တင်းရင်းစိုပြည်လှပစေတယ်။

🍇အရေးပြားဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေလို့ ထိခိုက်ဒဏ်ရာများကို လျင်မြန်စွာ သက်သာပျောက်ကင်း စေပါတယ်။

🍇အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်ဓာတ်တွေကို ရှင်းထုတ်ပေးနိုင်တယ်။

Ref: healthline
Crd

မမို့ ကလေး ၃ယောက်မွေးထားပြီးလဲ ကိုယ်လုံးလေး လှပနေတုံးပဲ😍😍Mkထွက်တဲ့ MGအဆီကျဖျော်ရည်လေးကြောင့်ပါ❤️မှတ်ချက် အဆီများနေရင် ဝန...
14/08/2020

မမို့ ကလေး ၃ယောက်မွေးထားပြီးလဲ
ကိုယ်လုံးလေး လှပနေတုံးပဲ😍😍
Mkထွက်တဲ့ MGအဆီကျဖျော်ရည်လေးကြောင့်ပါ❤️

မှတ်ချက် အဆီများနေရင် ဝနေရင်
MGအဆီကျဖျော်ရည်လေးကို သတိရလိုက်ပါ
မမို့က လက်တွေ့ချပြထားတာနော်💜😍😍
Crd

 #အဆီဖုတွေထပ်မပေါက်တော့အောင် ဘာတွေ လုပ်သင့်လဲ ? ဒီအချက်သေးသေးလေးတွေကို လိုက်နာကြည့်ပါ ၁. ရေများများသောက်ပါ.၂. ဝမ်းမချုပ်...
12/08/2020

#အဆီဖုတွေထပ်မပေါက်တော့အောင်

ဘာတွေ လုပ်သင့်လဲ ?

ဒီအချက်သေးသေးလေးတွေကို လိုက်နာကြည့်ပါ

၁. ရေများများသောက်ပါ.

၂. ဝမ်းမချုပ်စေပါနဲ့

၃. အဆင်ပြေနေတဲ့ Skincare ကို ခဏခဏ မပြောင်းချင်ပါနဲ့

၄. တစ်ပတ်တစ်ခါ ခေါင်းအုံးစွပ်လေး လဲပေးပါ

၅. ဖုန်း screen ကို အရက်ပြန်လေးနဲ့ တစ်နေ့တစ်ခါ သန့်ရှင်းပေးပါ

၆. မျက်နှာ ကို လက်နဲ့ ခဏခဏ မထိပါနဲ့

၇. မိတ်ကပ် ဖျက်ဖို့ မပျင်းပါနဲ့ ( မိတ်ကပ်ဖျက်ဆေးဖြင့်)

၈. အလွန် ငန်,စပ်,ချို သောအစာတွေ ရှောင်ပါ,ခေါက်ဆွဲခြောက်ရှောင်ပါ

၉. ဆံပင် စည်းထားပါ

၁၀. Skincare မလိမ်းဘဲ မိတ်ကပ် လုံးဝ မလိမ်းပါနဲ့

၁၁. အိပ်ရေးမပျက်စေပါနဲ့

ပြောချင်တာက အဆီဖုတွေ ဝက်ခြံတွေ မပေါက်ဖို့အတွက်ဆိုရင် Skincare ချည်း လုပ်ယူနေလို့မရပါဘူး. လူနေမှုဘဝ ပါပြောင်းလဲပစ်ရပါမယ်. အစားအသောက်,အနေအထိုင်, အဓိက ကျန်းမာရေးလိုက်စားဖို့ သိပ်ကို အရေးကြီးတာပါ.

အခု ရေးပေးတဲ့ အချက်တွေကိုလည်း လိုက်နာ, အစားအသောက်လည်းရှောင်, Skincare လေး သေချာမှန်မှန် လုပ်ပေးမယ်ဆိုရင် အဖုတွေ ကင်းတဲ့ မျက်နှာ ကို မကြာခင် ပိုင်ဆိုင်ရမှာပါ...

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

#အဆီဖုနှင့်ပတ်သက်သမျှ

crd Dr Aye Min Htoo

ကျွန်တော်တို့တွေ အားလုံးဟာ ကိုယ်ဆီမျှော်မှန်းထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီကို အသီးသီးလျှောက်လှမ်းနေကြတာ ဖြစ်တယ်........
12/08/2020

ကျွန်တော်တို့တွေ အားလုံးဟာ ကိုယ်ဆီမျှော်မှန်းထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီကို အသီးသီးလျှောက်လှမ်းနေကြတာ ဖြစ်တယ်......

ဒါ့ကြောင့် ကျွန်တော်တို့အားလုံးဟာ အချိန်နဲ့အမျှ ရည်မှန်းချက်တွေကို ပုံဖော်နေကြတာ ဖြစ်တယ်....

အချိန်ဟာတန်ဖိုးရှိတယ်ဆိုရင် လူတွေတစ်နေ့တစ်နေ့ လုပ်ဆောင်နေကျတာ ဘာကြောင့်လဲ???

ငွေရချင်လို့ပဲဖြစ်စေ၊ အောင်မြင်မှုရချင်လို့ပဲဖြစ်စေ၊ စိတ်ချမ်းသာချင်လို့ပဲဖြစ်စေ အချိန်တွေကိုအသုံးပြုပြီ လုပ်ဆောင်နေကျတာပဲ ဖြစ်တယ်...

ဒါ့ကြောင့် ကျွန်တော်တို့တွေ လိုချင်တာကို ရယူနိုင်တာဟာ (time) အချိန်ဆိုတဲ့ တန်ဖိုးကြီးသော အရာရှိလို့ဖြစ်ပါတယ်....

➡အချိန်ရှိတုန်းကြိုးစားပါ
(အသက် ၆၀ ရောက်မှ ပြိုင်ကားစီးရတာထက် အသက် ၃၀ မှာ ပြိုင်ကားစီးနိုင်တာက ပိုပြီးလိုက်ဖက်ပါတယ်)

➡အချိန်တွေကို မဖြုန်းပါနဲ့
(ငွေ ၁ ထောင် ဖြုန်းလိုက်ရင် ပြန်ရှာလို့ရပါတယ်၊ အချိန် ၁ စက္ကန့် ဖြုန်းလိုက်ရင် ပြန်ရှာလို့မရပါဘူး)

➡အချိန်တွေကို တန်ဖိုးထားပါ
(ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး အချိန်ကို ဖြတ်သန်းလိုက်ရင်​တော့ အသက်ကြီးရင် နောင်တအကြီးကျယ်ရမှာ အသေအချာပါ)

➡အချိန်ကို စီမံခန့်ခွဲပါ (time plan)
(Time plan မရှိတဲ့သူဟာ မနက်မိုးလင်းတာနဲ့စပြီး အချိန်တွေကို ဖြုန်းမှန်းမသိဖြုန်းနေမိတော့ပါတယ်)

10/07/2020

ဒီနေ့ ဗဟုသုတရစရာအနေနဲ ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့
"တိုနာ (Toner)သုံးနည်း " ဖြစ်ပါတယ်

အရင်ကဆိုရင် toner ကို လုံးဝ မလိုအပ်ဘူး ထင်ခဲ့တာ
အရည်လိုပဲ ဘာမှ ထူးခြားမှူမရှိဘူး ပေါ့
တကယ် skin care သုံးပြီး တကယ်လေ့လာကြည့်တော့ မှာ အသားအရေ ထိန်းသိမ်းမှူ အပိုင်းမှာ toner က အခြေခံအကျဆုံးထဲ က တစ်ခု ဆိုတာ သိလာရတယ်
နေ့ဘက် မိတ်ကပ် လိမ်းတဲ့ အခါ toner လိုအပ်သလို
ညဘက် အိပ်ခါ နီး အားဖြည့်ရည်တွေ မသုံးခင် toner ဆိုတာ မဖြစ်မနေ သုံးသင့်တဲ့ အရာမျိုးဆိုတာ လုံးဝ နားလည် လာရတယ်
သုံးနည်း လေးပါ ပြန်copy ပေးထားပါတယ် နော်

တိုနာလိမ်းနည်း

အမေး။......တိုနာကလေ မျက်လုံးတဝိုက်နဲ့ မေးစေ့တဝိုက်ချန် သုံးရတယ်ဆိုတာ ဟုတ်ပါသလား ဆရာ..

အဖြေ။......

တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်။ သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။ တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။ တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုးမွား၊အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာဖြစ်တယ်။

ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။ အနေတော်လောက်ထည့်ပြီး သုံးရတယ်။ ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။

သတိပြုရမှာက တိုနာသုံးပြီး တခြားskin care ချက်ချင်းမသုံးပါနဲ့။ အနည်းဆုံးခြောက်အောင် တစ်မိနစ်ထားပြီးမှ တခြားskin care ဆက်သုံးရမယ်။

Credit - ဒေါက်တာ အေးမင်းထူး

အလှအပ အတွက် ဗဟုသုတ ရစရာ အကြောင်းအရာလေးတွေကို အလျဉ်းသင့်သလို ဝေမျှပေးနေတဲ့ Fairy Mandalay Page လေးကို Like လုပ်ထားပေးပါနော်
ကိုယ့်အကောင့်ထဲမှ အလှအပ ကြိုက်နှစ်သက်သူလေးတွေအတွက်လည်း share သွားပေးလိုက်ပါဦးနော်

MK ဆပ်ပြာလေးတွေ ၅ တုံးက စပြီး ကိုယ်စားလှယ် ယူလို့ရပြီနော် အတုံး ၁၀၀ပြည့်တာနဲ့ ရွှေဆွဲကြိုး တစ်ကုံး Bonus ပေးတာပါအတုံး ၅၀...
06/07/2020

MK ဆပ်ပြာလေးတွေ ၅ တုံးက စပြီး
ကိုယ်စားလှယ် ယူလို့ရပြီနော်
အတုံး ၁၀၀ပြည့်တာနဲ့ ရွှေဆွဲကြိုး တစ်ကုံး Bonus ပေးတာပါ

အတုံး ၅၀၀ ပြည့် ရွှေဆွဲကြိုး ၅ ကုံး အပြင်
ငွေသား Bonus (50000) ထပ်ရသေးတာနော် ✅

၁ တုံး 7500
၅ တုံး 6000 (ကိုယ်စားလှယ် စျေးနဲ့စရ)
၁၀ တုံး 5500
၅၀ တုံး 5000
၁၀၀ တုံး 4700 (ရွှေဆွဲကြိုးတစ်ကုံးရ)
ကဲ အမြတ်လည်းရ ရွှေလည်းရ ⭐
စိတ်ဝင်စားသူများ cb (or) 09779965007

MKထုတ် GM အဆီဖျော်ရည်လေးတစ်ခု သောက်ရုံနဲ့ အဆီတွေ ကျ ရုံအပြင် တစ်ခြား ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ သစ်သီး သစ်ရွက် အဆီ အနှ...
05/07/2020

MKထုတ် GM အဆီဖျော်ရည်လေး

တစ်ခု သောက်ရုံနဲ့

အဆီတွေ ကျ ရုံအပြင်

တစ်ခြား ကျန်းမာရေးအတွက်ကောင်းမွန်တဲ့

သစ်သီး သစ်ရွက် အဆီ အနှစ် အမှုန့်တွေ

ပါဝင်တာ သင်သိပီးပါပြီလား?

Powder
Powder
Poweder
fiber
Tea Extract
Seed Husk
powder
tea extract
A Acetate
B 12

တွေ အပြင် အခြား အဆီကျထုတ်ကုန်တွေထက်

(အာဖာဖာ) ခေါ် လူဆန်ပဲ ပင်လို့ ခေါ်တဲ့
အရွက် ရဲ့အမှုန့်တွေ ပါဝင်တာကြောင့်
သွေးထဲမှာ အဆီဓာတ်များသူတွေ
အဝလွန်သူတွေ နှလုံးသွေးကြော ကျဉ်းသူတွေ
ဆီးချို သွေးချိုသမားတွေ အတွက်ပါ
ဆေးဖက်ဝင်ပါတယ်နော်

Cambogia လို့ခေါ်တဲ့
မင်းဂွတ်သီး အနွယ်ဝင် တဲ့ အသီးအနှစ်တွေ
ပါဝင်တာကြောင့် body မှာရှိတဲ့ အဆီဖြစ်စေတဲ့
အင်ဇိုင်းကို Hydroxycittic Acid (HCA) ဓာတ်က
တားဆီးပေးတဲ့ အပြင် အဆီထပ်မတက်အောင်
ကူညီပေးပါတယ်

တစ်ဗူး (10ထုပ်) 19500
သုံးဗူး 56700

ပါဝင်ပစ္စည်းတွေ နဲ့တင် အရမ်းရမ်း တန်နေပါပြီ
ချစ်တို့ရေ 💜

Crd
With Love MK
Nan Moe Moe Aung
09779965007

MK ဆပ်ပြာလေးတွေ ၅ တုံးက စပြီး ကိုယ်စားလှယ် ယူလို့ရပြီနော် အတုံး ၁၀၀ပြည့်တာနဲ့ ရွှေဆွဲကြိုး တစ်ကုံး Bonus ပေးတာပါအတုံး ၅၀...
04/07/2020

MK ဆပ်ပြာလေးတွေ ၅ တုံးက စပြီး
ကိုယ်စားလှယ် ယူလို့ရပြီနော်
အတုံး ၁၀၀ပြည့်တာနဲ့ ရွှေဆွဲကြိုး တစ်ကုံး Bonus ပေးတာပါ

အတုံး ၅၀၀ ပြည့် ရွှေဆွဲကြိုး ၅ ကုံး အပြင်
ငွေသား Bonus (50000) ထပ်ရသေးတာနော် ✅

၁ တုံး 7500
၅ တုံး 6000 (ကိုယ်စားလှယ် စျေးနဲ့စရ)
၁၀ တုံး 5500
၅၀ တုံး 5000
၁၀၀ တုံး 4700 (ရွှေဆွဲကြိုးတစ်ကုံးရ)
ကဲ အမြတ်လည်းရ ရွှေလည်းရ ⭐
စိတ်ဝင်စားသူများ cb (or) 09779965007

With love Mk

ဆီလီကွန်ထည့်ဖို့ ဘန်ကောက်ထိသွားစရာမလိုတော့ဘူးနော်😁Mk အကိတ်ရှိနေပြီ💗တခဲ 8500ထိုင်းမြန်မာ FDAရရှိပြီးWith love MKNan Moe M...
03/07/2020

ဆီလီကွန်ထည့်ဖို့ ဘန်ကောက်ထိသွားစရာမလိုတော့ဘူးနော်😁
Mk အကိတ်ရှိနေပြီ💗
တခဲ 8500
ထိုင်းမြန်မာ FDAရရှိပြီး
With love MK
Nan Moe Moe Aung
09779965007

Mk. မျက်နှာပေါင်းတင် ဆပ်ပြာMk. သားဖြူပေါင်းတင် ဆပ်ပြာ👨‍💼ယောက်ျားလေးရော..🙎‍♀️ မိန်းကလေးတွေရော..... 👨‍👦‍👦ကလေးတွေက အစသုံးရတ...
02/07/2020

Mk. မျက်နှာပေါင်းတင် ဆပ်ပြာ
Mk. သားဖြူပေါင်းတင် ဆပ်ပြာ
👨‍💼ယောက်ျားလေးရော..
🙎‍♀️ မိန်းကလေးတွေရော.....
👨‍👦‍👦ကလေးတွေက အစသုံးရတယ်နော်.....😘

🌹 ငွေလည်းအများကြီးမကုန်ဘူး.....
🌹 ဆေးသောက်ရမှာကိုလည်း ကြောက်စရာမလိုဘူး....
🌹 5 မီးနစ်အချိန်ပေးရုံနဲ့ အသားလေးဖြူလာမယ်...
🌹 Side effect လည်းမရှိတဲ့ ..,
👉👉MK အသားဖြူ ဆပ်ပြာလေးဘဲပေါ့😊😊😊
👉👉သူရဲ့ အားသာချက်ကတော့ အသားဖြူရုံ မကဘဲ.....
🌹🌹အသားရေခြောက်သွေ့ခြင်း အမာရွတ်ယားယံချင်းများကို သိသာစွာ ပျောက်ကင်းစေသည်။
3 မိနစ် မှ 5 မိနစ်ထိ ပေါင်းတင်ပေးပါ..
အသားရေကိုလဲ တဖြည်းဖြည်းဖြူလာစေသည်😘

🌹MK soap ဆိုတာ သဘာဝအသီးအနှံဖြစ်တဲ့ စပျစ်ကနေထုတ် လုပ်ထားတာပါ side effect မရှိဘူး❌❌
တိုက်လိုက်ရင်လည်းစပျစ်နံလေးကိုမွှေးနေတာပဲ🍇🍇

👉👉စျေးနူန်းလေးကလည်းကြည်လိုက်အုံးနော်
👉👉လူတိုင်းအဆင်ပြေတဲ့ စျေးလေးဆိုတော့....
👉👉ဘာလိုအုံးမှာလဲ
💰💰MK ကိုယ်တိုက် အသားဖြူ ဆပ်ပြာ တစ်တုံး 7500ks

(1) မျက်နှစ်သစ်ဆပ်ပြာ ဘာအတွက်ကောင်းလဲဆိုတော့
ဝက်ခြံ❎တင်းတိတ်❎ဆားဝက်ခြံ❎မဲခြောက်❎အဆီဖု❎မာရွတ်❎ဆီပြန်ချင်းများကို သိသိသာသာ ပျောက်ကင်းစေသည်။✅✅
3 မီနစ် မှ 5 မီနစ်ထိပေါင်းတင်ပေးပါ။

👉ဆက်သွယ်မှာယူလိုပါက
☎09779965007💬cbကနေလဲမှာယူနိုင်ပါတယ်ရှင့်

မြန်မာပြည်အနံ့ပို့ပေးပါတယ်

👉5တုံးယူကိုယ်စလှယ်စျေးနဲ့စရပါပြီနော်💓
မြို့မြို့နယ်နယ်ကကိုယ်စလှယ်ဝင်လိုသူများအားလုံးကိုဖိတ်ခေါ်ပါတယ်ရှင့်💞💞
Crd

ရှားစောင်းလက်ပပ် မသုံးသင့်တဲ့ ဝက်ခြံ...(မှတ်ချက် - ဝက်ခြံသမားတိုင်း ရှားစောင်းလက်ပပ်မသုံးသင့်ပါဘူး။ အထူးသဖြင့် ပြည်ဖု ရှ...
01/07/2020

ရှားစောင်းလက်ပပ် မသုံးသင့်တဲ့ ဝက်ခြံ...

(မှတ်ချက် - ဝက်ခြံသမားတိုင်း ရှားစောင်းလက်ပပ်မသုံးသင့်ပါဘူး။ အထူးသဖြင့် ပြည်ဖု ရှိတဲ့ဝက်ခြံတွေမှာ ရှားစောင်းလက်ပပ်ရှောင်သင့်တယ်။ ထို့အတူ ဒီလိုဝက်ခြံမှာ ရှားစောင်းလက်ပပ် ဗူးစိမ်းတွေလည်း ရှောင်သင့်တယ်)

Crd👉 Dr.အေးမင်းထူး
၂.၄.၁၉
Photo crd

Address


Website

Alerts

Be the first to know and let us send you an email when Nan Moe Moe Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share