Best Notes of Yours

  • Home
  • Best Notes of Yours

Best Notes of Yours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Best Notes of Yours, Event Videographer, .

အားလူး၊ပဲသီး သုပ်လေး😋မိုးအေးအေးနဲ့ 🥗အသုပ်လေးနဲ့🫖ရေနွေးကြမ်းလေးနဲ့ဆိုရှယ်မိုက်တယ်။🥔အာလူးကိုရေနဲ့ပြုတ်ပါ အခွံနွှာလိုရမယ့်အ...
21/07/2024

အားလူး၊ပဲသီး သုပ်လေး😋
မိုးအေးအေးနဲ့ 🥗အသုပ်လေးနဲ့🫖ရေနွေးကြမ်းလေးနဲ့ဆိုရှယ်မိုက်တယ်။
🥔အာလူးကိုရေနဲ့ပြုတ်ပါ အခွံနွှာလိုရမယ့်အနေအထားဆိုရင် ဆယ်လို့ရပါပီ။‌ပဲသီးကို 10 မိနစ်ခန့်ပြုက်ပါ။ကြက်သွန်ဖြူ🧄၊ကြက်သွန်နီ🌰 ဆီသပ်ပါ။အာလူးကို လေးစိပ် စိပ်ပီး ပဲသီး၊ကုလားပဲ အကျက်မှုန့်၊ ဆား၊ဆီချက် တို့ဖြင့် သမအောင် နယ်ပါ။
အရသာအရမ်းရှိတဲ့ အသုပ်လေးရပါပီ🥗၊
---ပဲကျက်မှုန့်မထည့်ပဲ မြေပဲ🥜ထောင်းပီးထည့်ရင်လဲ ရပါတယ်နော်

12/05/2024

🌎
နိုင်ငံကြီးသား တွေတော့
စတိုင် ပြောင်းကြပြီ 🤠

📺 ဒီနေ့ ဘီဘီစီ သတင်း
ဖတ်ရင်းက
စိတ်ဝင်စား စရာ
သတင်းလေး တစ်ပုဒ်
ဖတ်ဖြစ်ပါတယ် 📻

🇬🇧အင်္ဂလန်မှာ
ဒုတိယ ကမ္ဘာစစ်
နောက်ပိုင်း ခေတ်စားတဲ့
ဘဏ်ချေးငွေ နဲ့
အိမ် ကြီးကြီး
ကား ကောင်းကောင်း တွေ
ဝယ်ပြီး နေတဲ့
လူနေမှု ပုံစံကနေ 🚘

🏠တော်သင့်သလောက်
အိမ်လေးရယ်
မရှိမဖြစ် လိုမှဝယ်တဲ့
ဂျပန်ကားလေး ကိုစီးပြီး 🚗

☮️အကြွေး မထူ လူမပူရဘဲ
ခပ်အေးအေး နေတဲ့ပုံစံကို
ပြောင်းလဲ လာပါတယ်တဲ့ ⌚️

🆒အဲ့ဒီလို ကြွားဝါရမယ့်
ကိစ္စတွေမှာ ငွေမသုံးပဲ🩴

🧮မရှိမဖြစ် တာလေးကို
စီစစ်ပြီး သုံးတာကို

📌အင်္ဂလိပ်လို
Frugal Living လို့
ခေါ်ပါတယ် ⚜️

🚫စားစရာ ဝတ်စရာ
စတာတွေမှာ
ငွေကုန်ကြေးကျ များတဲ့
ဇိမ်ခံပစ္စည်း တွေမလိုအပ်ပဲ ❌

♻️ဝါသနာအရ
ဝယ်တာကို လျှော့ပြီး
သင့်တင့် မျှတအောင်
နေတာပါ 🛍

♠️အရင်းရှင်စနစ် ရဲ့
ကျောရိုး ဖြစ်တဲ့
လောဘ အလျှောက်
အလွန်အကျွံ ဝယ်ယူ
သုံးစွဲတဲ့ အကျင့်
ကနေ ရှိတာလေး နဲ့

🧥လှအောင် ဆင်ပြီး
ရိုးရိုး ရှင်းရှင်း နဲ့
နေလာ ကြပါတယ် 👙

🏝ဒီလို နေကြည့်တော့
ဘာသွား တွေ့သလဲ
ဆိုတော့👀

🏦ဘဏ် တွေကနေ
အကြွေး ယူရတာ
အတိုး ပေးရတာ
နည်းသွားပြီး

🤷‍♂️သူတို့နိုင်ငံ
ကလူတွေ အတွက်ဆို
အသက် (၄၀) လောက်မှာ

🏌️‍♂️ငွေကြေး စုမိ
ဆောင်းမိ ဖြစ်သွားပြီး
ပင်စင်ယူ ကိုယ်ဝါသနာ ပါရာ
လုပ်ပြီးနေနိုင် သွားပါတယ် 🏂

👅ဒါ့အပြင်
အလုပ်ရဲ့ ကျေးကျွန်
လောဘရဲ့ သားကောင်
မဖြစ်တော့ပဲ 🔥

💕မိသားစု အတွက်
အရေးပါတဲ့ တစ်ဦးပေါ်
တစ်ဦး အချိန် ပိုပေး
လာနိုင်ပါတယ် 👨‍👩‍👦

🇯🇵ဂျပန် မှာဆိုလည်း
Frugal living ဟာ
အလွန် ခေတ်စားပြီး ☃️

🗑အ်ိမ်တွေမှာ
မလိုတဲ့ ပစ္စည်းတွေ
အမှိုက်သရိုက် တွေ
ကိုရှင်း ပြစ်ပြီး

🛌အိပ်ရာ ကိုတောင်
ကုတင်နဲ့ မအိပ်ပဲ
မွှေ့ရာလေး ကိုခင်းပြီး
ကြမ်းပေါ်မှာပဲ အိပ်

🚪မနက်တိုင်း
နံရံကပ် ဘီရိုထဲ
ထည့်သိမ်း ကြပါတယ်

🪥မလိုအပ်တဲ့ အရာဆို
သွားပွတ် တံထားတဲ့
ခွက်တောင် မထားပဲ🚰

🛁ရေချိုးခန်း နံရံစောင်း
မှာ စီထားတဲ့ အထိပါ 🪒

👔အဝတ်အစား
ဆိုလည်း ရှိတာကို
သပ်သပ် ရပ်ရပ်
ဝတ်ကြပြီး

⛺️စားပွဲတစ်လုံံး ထဲရှိတဲ့
ကြမ်းပြင်မှာ စုပြီး
စားကြ သောက်ကြ
စာဖတ် ကြပါတယ်📖

🏢အရင်က ချမ်းသာတာကို
ငွေကြေး ဘယ်လောက်ရှိတယ်
ဆိုတာနဲ့ တိုင်းတာ ကြပေမယ့်💷

🏖အခုခေတ် မှာတော့
ချမ်းသာတာကို
ဘယ်လောက် တင်းတိမ်ရောင့်ရဲ
နိုင်သလဲ ဆိုတာနဲ့
တိုင်းတာ ပါတယ်⌛️

💰အလို နည်းခြင်း
ဟာ ချမ်းသာခြင်း
အကြောင်း ဆိုတာကို
သူတို့တွေ သိလာ ကြပါပြီ 💡

🎏အားလုံးကျန်းမာကြပါစေ💟

Cd
#လူငယ်များအတွက့်စာကြည့်တိုက်

အဖေ့ ကို ဆရာဝန် က အသဲရောဂါ နဲ့ လုံးဝ မသေပါဘူး …ဆိုပြီး...ပေါ့ပါးကျန်းမာနေရာက... ချက်ချင်းကြီး…အသားဝါ အသဲ မှာ ရေပါဆွဲ သွာ...
16/04/2024

အဖေ့ ကို ဆရာဝန် က အသဲရောဂါ နဲ့ လုံးဝ မသေပါဘူး …ဆိုပြီး...
ပေါ့ပါးကျန်းမာနေရာက...
ချက်ချင်းကြီး…
အသားဝါ အသဲ မှာ ရေပါဆွဲ သွား ရတဲ့ …
ကျောက်ကပ်ပါထိခိုက်...သွားရတဲ့...
အကြောင်းအရင်း…

ကိုယ်တွေကို အသဲ ဆရာဝန် ကြီး က
ဗမာဆေး သောက်သလား…

အရွက်ပြုတ် တိုက်သလား…

သုံးလ အတွင်း သောက်ကိုသောက်နေတဲ့ ဆေးရှိတယ် …
အတင်းမေးတာ…

ကိုယ်တွေ လဲ...ဆရာဝန်ညွှန်းတဲ့ဆေးမှ လွဲပြီး...ဘာဆေးမှ မတိုက်ပါ …
အတွင်တွင် ငြင်း…

ဆရာဝန်ကြီး က အတင်းမေးလို့…

အိမ်က ညီမ က်ိုလှမ်းမေး သူက လဲ လုံးဝ မတိုက်မိပါဘူး ငြင်း….

ညနေ က မှ ဒီဆေးလေး အဖေ့ ခုံပေါ်မှာ တွေ့တယ်တဲ့…
ပုံလှမ်းပို့လိုက်တာ…

ဆရာဝန်ကြီး လာကြည့်တော့ ပြလ်ိုက်တာ…
အဖေ ရုတ်တရက် အဆမတန် ဖြစ်ရတဲ့ အကြောင်းအရင်း…

ဒီ တရုတ်ဆေးပါဘဲ ရှင်…
ဒီဆေး က MLMပစ္စည်းပါတဲ့ ရှင်…
ပုံစံတူ ဆေးဝါး များစွာရှိတယ်...
ခေါင်းကြည်ပြီး လန်းဆန်းတယ်ဆိုလို့..ရံဖန်ရံခါ...သောက်တာ နှစ်ဘူးရှိပြီတဲ့...
အဖေ သည် အသဲရောင်ရောဂါ အခံရှိလို့ နှစ်ဗူးမကုန်ခင်ဆေးစွမ်းပြလိုက်တာပါ...

ဆရာဝန်ကြီးက ပြောပါတယ်...ဒီဆေးတရားခံပါ...တဲ့...
MLM ဆေး ကြောင့် သူ့လူနာတွေ ဆုံးရှုံးတာ အယောက်သုံးရာ လောက်ရှိပြီ တဲ့ ရှင်…

သတိပြုစရာပါနော်…




္စည်း

🐉 #2024👶နဂါးဘေဘီ ဘာလို့ယူရမှာလဲ ⁉️🐉 နဂါးဘေဘီ - နဂါးဘေဘီ လိုချင်တယ်ဆိုပြီး ခု ဖေ့ဘုတ်ပေါ်မှာ ခနခနမြင်နေကြမယ်ထင်ပါတယ်ကလေးယ...
11/04/2024

🐉 #2024👶နဂါးဘေဘီ ဘာလို့ယူရမှာလဲ ⁉️

🐉 နဂါးဘေဘီ - နဂါးဘေဘီ လိုချင်တယ်ဆိုပြီး ခု ဖေ့ဘုတ်ပေါ်မှာ ခနခနမြင်နေကြမယ်ထင်ပါတယ်

ကလေးယူမယ့် မိခင်လောင်းတွေအနေနဲ့ ဒါဘာကိုပြောတာလဲ သိချင်နေကြမှာအမှန်ဘဲ

သိလည်း သိထားသင့်တယ်ထင်လို့ ခုပြောပြပါတော့မယ်ရှင့်

🔸🔸🔸🔸🔸🔸🔸🔸🔸🔸

🔸🔸🔸🔸🔸🔸🔸🔸🔸🔸

👇👇👇👇👇👇👇👇

ပထမစာလုံးဖြစ်တဲ့ ' နဂါး '

⛩️ တရုတ်ရိုးရာ ရာသီခွင်အရ ခုနှစ်သက္ကရာဇ်တွေကို သတ္တဝါပေါင်း 12 ကောင်နဲ့ကိုယ်စားပြုပြီး သတ်မှတ်ကြပါတယ်

မြန်မာလိုဆို တနင်္လာကျား အင်္ဂါ​ခြင်္သေ့ စသည်ဖြင့်ပေါ့နော့်

🐉 အဲ့ဒီအကောင်တွေထဲကမှ နဂါးဟာ ကြွက်, နွား, ကျား, ယုန်တို့ရဲ့ နောက်က ငါးကောင်မြောက် ရာသီခွင်ဖြစ်ပါတယ်

နံပါတ် 5 မှာရောက်နေပေမယ့် နဂါးရာသီခွင်ဟာ ကျန်တဲ့ အကောင်တွေအားလုံးထက် အကောင်းဆုံး စွမ်းအားအကြီးဆုံးဖြစ်တယ်ရှင့်🏆

🐉 နဂါးနှစ်မှာမွေးတဲ့သူတွေရဲ့ ပင်ကိုယ်အရည်အချင်းတွေက

- ဂုဏ်သိက္ခာကြီးမှု
- ရဲရင့်ပြတ်သားမှု
- ဥာဏ်ပညာကြီးမှု
- ဦးဆောင်နိုင်မှုတို့ဖြစ်ပြီး

ဒါတွေကို ကောင်းကောင်း အသုံးချနိုင်သူတွေဟာ အင်မတန်ကြီးကျယ်မြင့်မြတ်တဲ့ အောင်မြင်မှုတွေကို ရရှိတတ်ပါတယ်👑🏆

ဥပမာ အနေနဲ့ပြောရရင်

💰စီးပွားရေးလောကမှာဆို

- Alibaba - ဂျက်မား ( Jack Ma )
- Amazon - ဂျက်ဘေဇို ( jeff bezos)

👑ခေါင်းဆောင်တွေထဲမှာဆို

- ဗြိတိန်ဝန်ကြီးချုပ် - ဘိုးရစ်ဂျွန်ဆင် ( Boris Johnson)

- ရုရှားသမ္မတ - ပူတင် ( Vladimir Putin )

💃 အနုပညာရှင်တွေထဲမှာဆို

- ဘရုစ်လီ ( Bruce Lee )
- ရှာကီရာ ( Shakira )
- ရီဟားနား ( Rihana )
- အဒဲလ် ( Adele )

စသည်ဖြင့် တကယ့် ဒိတ်ဒိတ်ကြဲ နာမည်ကြီးတွေရှိပါတယ်ရှင့်😇

👉 အဲ့လိုဒိတ်ဒိတ်ကြဲတွေဖြစ်လာမယ့်သူတွေကို မွေးဖွားမယ့် နဂါးခုနှစ်ဟာ အခုလာမယ့် 𝟮𝟬𝟮𝟰 ဘဲဖြစ်ပါတယ်🤩🥳

⚠️ 12 နှစ်မှာမှ တစ်ခါလာတာနော်

ဒီလောက်ဆို နဂါးဘေဘီဆိုတာ သဘောပေါက်ကြလောက်ပါပြီ

🐉 အဲ့ဒီ နဂါးနှစ် 𝟮𝟬𝟮𝟰 မှာမွေးမယ့် ဘေဘီလေးတွေကိုခေါ်တာပါဘဲရှင်😎

ဒါကြောင့်မို့ နောက်နှစ်မှာမွေးနိုင်အောင် ခုကတည်းက ဘေဘီရအောင် ကြိုးစားဖို့ တိုက်တွန်းကြတာပါ😁

✋️သို့သော် ခနလေး မပြီးသေးဘူး

⚠️ 12 နှစ်တစ်ခါလာတယ်ဆိုတော့ ဟိုးအရင်နှစ်တွေတုန်းကဖြင့် ဒီလောက်မဟုတ်ပါဘူး ဘာလို့အခုမှ သည်းသည်းလှုပ် နေကြတာလဲလို့ မေးစရာကလည်းရှိတယ်🤔

အဲ့ဒါလေးလည်း တစ်ခါတည်း ဆက်ပြော​ပြမယ်
စာရှည်ပေမယ့် သည်းခံပေးဦးနော်

အိုကေ

ခုလာမယ့် 𝟮𝟬𝟮𝟰 က ရိုးရိုးနဂါးနှစ်မဟုတ်ဖူး ❌

🔥 အနှစ် 𝟲𝟬 နေမှ တစ်ခါလာတဲ့ ထူးရှယ် နဂါးနှစ်ပါတဲ့ရှင် 😱

⛩️ ဟိုး အပေါ်မှာတုန်းက တရုတ်ရာသီခွင်အရ ဂြိုလ်ခွင် 12 ကောင် - 12 နှစ် ကလင်ဒါ ရှိတယ်ဆိုတာ​သိခဲ့ပြီ

⛩️ သူ့ထက်ပိုကြီးတဲ့ နှစ် 𝟲𝟬 ကလင်ဒါဆိုတာလည်းရှိတယ်ရှင့်

✳️အဲ့ဒါကတော့ သတ္တဝါ 12 ကောင်ကို တရုတ်အယူအဆ ဓါတ်ကြီးငါးပါးဖြစ်တဲ့ မီး,ရေ,လေ,မြေ,သတ္တု စတာတွေနဲ့ယှဥ်ပြီးပေါင်းစပ်သတ်မှတ်တာပါဘဲ

ဓါတ်ကြီးတစ်ခုကို 12 နှစ်ရှိမယ့်သဘောပေ့ါ

👉 အခုလာမယ့် 𝟮𝟬𝟮𝟰 နဂါးနှစ်ကတော့ သစ်သားဓါတ်မှာကျရောက်တဲ့ သစ်သားနဂါးနှစ် 𝗬𝗲𝗮𝗿 𝗼𝗳 𝘁𝗵𝗲 𝗪𝗼𝗼𝗱 𝗗𝗿𝗮𝗴𝗼𝗻 ဖြစ်ပါတယ်ရှင့်🀄️🐉

🐉 သူက အပေါ်မှာပြောခဲ့တဲ့ နဂါးတို့ရဲ့ ပင်ကိုယ်အရည်အသွေးတွေအပြင် သစ်သားဓါတ် ကိုယ်စားပြုတဲ့

- နူးညံ့ကြင်နာမှု
- ရက်ရောမှု
- သဘောထားကြီးမြတ်မှု
- လိုက်လျောညီထွေနေတတ်မှု စတဲ့ စိတ်ထားမျိုးတွေကိုပါ ရှိစေပါတယ်ရှင့်🥰

🀄️ဒါကြောင့်မို့ နောက်လာမယ့် 𝟮𝟬𝟮𝟰 ဟာနှစ်ပေါင်း 𝟲𝟬 မှာ တစ်ခါလာမယ့် 𝗬𝗲𝗮𝗿 𝗼𝗳 𝘁𝗵𝗲 𝗪𝗼𝗼𝗱 𝗗𝗿𝗮𝗴𝗼𝗻 ဖြစ်တယ် 💯✅

🔥 အင်မတန်ထူးခြားတဲ့ လူစွမ်းကောင်း ဘေဘီလေးတွေမွေးဖို့ အချိန်အခါ အကောင်းဆုံးဖြစ်တယ်လို့ ယူဆနိုင်ပါတယ်ရှင်👶🥳

အဲ့တော့ စာဖတ်နေတဲ့ မေမေတို့လည်း ဘေဘီလေးယူဖို့ အစီအစဥ်ရှိရင် ခုကတည်းက စပါယ်ရှယ်ကြိုးစားနော်☺️

2 လပိုင်းအထိ အချိန်ရတယ်

💪 ရအောင်ယူပါရှင့် 💪

⬇️⬇️⬇️⬇️⬇️⬇️⬇️

🤰 ရပြီးသွားတဲ့ မေမေလောင်းတို့ကိုတော့ Congratulation ပါနော်



06/04/2024

ရှမ်းသင်္ကြန်သီချင်းလေးပါ😍😍😍

#မြန်မာသင်္ကြန်
#ရှမ်းသင်္ကြန်သီချင်း

25/03/2024

မြန်မာ့ အမျိုးသမီးဝတ်စားဆင်ယင်မှု
ချစ်စရာလေးတွေ😍
အ့တုန်းက နီနီကိုလူသိပ်မသိကြသေးဘူး






15/01/2024

ငွေရှိမှ လူရာဝင်တယ်
ငွေရှိမှ တင့်တယ်တယ်
ငွေဆိုတာ Second God ပါပဲ
ခုလို အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးထဲမှာ
ယောက်ျားဖြစ်ဖြစ်၊မိန်းမဖြစ်ဖြစ် ကိုယ်ပိုင်ဝင် အနည်းဆုံးတခုစီတော့ ရှိသင့်ပါတယ်
မိသားစုတခုမှာ ‌ဝင်ငွေအများဆုံးရှာနိုင်သူက ဦးစားပေးခံရတယ် တနည်းအားဖြင့် ပြောရရင် အာဏာရှိတယ်
မိဘတွေ အသက်ကြီးလာပီဆိုရင်လဲ သားသမီးတွေကို ကိုယ်မသေခင်ကတည်းက အမွေ ခွဲမပေးသင့်ပါဘူး။ကိုယ်နာမကျန်းဖြစ်တဲ့အခါ ဘေးမာ ပြုစုမယ့်သူရှိဖို့လိုပါတယ်။ ဘလောက်ပဲ "မိဘကျေးဇူး မြင့်မိုရ်ဦး" လို့ဆိုပါစေ အမွေပေးစရာ မရှိတဲ့မိဘ နားကို ဘယ်သားသမီးမှ မကပ်ချင်ပါဘူး။ပြောရရင်တော့ နားခါးလိမ့်မယ် ဒါက ခုခေတ်ရဲ့ "အမှန်တရား" တွေပါပဲ
ဦးဂျမ်းပြောပြထားတဲ့ ငွေရဲ့ အရေးပါပုံ ကိုလဲ တချက်နားထောင်ကြည့်ပါ



12/01/2024

အိမ်ထောင်သက်မြဲရခြင်း အကြောင်းအရင်း👇
ဝှီးမန်းအစ် အောလဝေးရိုက်🫡

04/01/2024

မြန်မာလူမျိုးအတော်များများဟာ အယုံလွယ်တက်ကြ၊ အားနာတက်ကြပါဆယ်။ဒီအချက်ဟာ သူတစ်ပါးလှည့်စားလို့ရသွားတဲ့ မိမိရဲ့အားနည်းချက်ဖြစ်သွားတယ်။တစ်ကြိမ်ကနေ နှစ်ကြိမ်၊ နှစ်ကြိမ်ကနေသုံးကြိမ် ဆိုရင် ကိုယ် "အ" တာဖြစ်သွားပါပီ။
ဒါကြောင့် မိမိရဲ့ဆုံးရှုံးမှုကို သင်ခန်းစာအဖြစ်ပြန်လည်အသုံးချတက်ပါစေ။
အထက်ပါအ‌ေကြာင်းအရာနှင့်ပတ်သက်ပီး ဦးအောင်က သူ့ရဲ့အတွေ့အကြုံလေးကို ပြောပြထားပါတယ်

#အောင်သမာဓိ
#ဦးအောင်

ဆောင်းရာသီမနက်ခင်းအေးအေးလေးမာ မုန့်ပေါင်းပူပူလေးစားကြပါအူး😋အညာဒေသမှာပဲရနိုင်သော ပဲမုန့်ပေါင်း၊ထန်းလျက်မုန့်ပေါင်း၊အကြော်...
03/01/2024

ဆောင်းရာသီမနက်ခင်းအေးအေးလေးမာ မုန့်ပေါင်းပူပူလေးစားကြပါအူး😋
အညာဒေသမှာပဲရနိုင်သော ပဲမုန့်ပေါင်း၊ထန်းလျက်မုန့်ပေါင်း၊အကြော်စုံ ပူပူလေး
#မုန့်ပေါင်း
#အကြော်စုံ
#အညာဒေသ

28/12/2023

ကိုရီးယားအတွင်းရေးမှူးသားရဲ့ ကျောင်းတွင်းအကြမ်းဖက်မှုသတင်းတွေဖုံးဖို့ မင်းသားထိုးကျွေးခံရတယ်လို့ သတင်းများထွက်ပေါ်😮
Korea Actor တွေက တကမ္ဘာလုံး အ‌ေပါ်မာ လွမ်းမိုးမှုရှိတာကြောင့် ဒီသတင်းဟာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်



Breaking New 🚨ဒီကနေ့ "Parasite" movie ထဲကမင်းသား Lee Sun Kyun သေဆုံး ပီးခဲ့ရက်ပိုင်းက သူ့ကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပတ...
27/12/2023

Breaking New 🚨
ဒီကနေ့ "Parasite" movie ထဲကမင်းသား Lee Sun Kyun သေဆုံး
ပီးခဲ့ရက်ပိုင်းက သူ့ကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပတ်သက်ပီး ရဲက သုံးခါ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ယခုသေဆုံးခြင်းကတော့ Su***de လုပ်တယ်သိရပါတယ်။သေဆုံးချိန်မှာ Lee ဟာ အသက် 48 နှစ်ဖြစ်ပါတယ်။မင်းသားဟာ နာမည်ကျော် Parasite movie မှာ Screen Actors Guild Award ဆုရရှိထားသူဖြစ်ပါတယ်။



24/12/2023

နေဝင်း - 1ဂိုး
ဝေဠုကျော် - 2 ဂိုး
ဝိန့်စိန် - 6 ဂိုး

11/12/2023

အချစ်ဆုံးနှစ်ယောက်😍😍😍
Miss Grand International NiNi &
Miss Grand Myanmar Thae Hsu Nyein

မြန်မာနိုင်ငံရဲ့ Lee Min Ho ကလုန်းနဲ့ Song Joong Ki ကလုန်းမြန်မာကောင်လေးတွေကလဲ တမျိုးစီ အရမ်းချောတယ်နော်😱မန့်မှာလဲပုံလေး...
07/12/2023

မြန်မာနိုင်ငံရဲ့ Lee Min Ho ကလုန်းနဲ့ Song Joong Ki ကလုန်း
မြန်မာကောင်လေးတွေကလဲ တမျိုးစီ အရမ်းချောတယ်နော်😱
မန့်မှာလဲပုံလေးတွေရှိသေးတယ် တကယ်ဆင်တာနော်😍😍😍

11နှစ်ကြာအောင်တွဲခဲ့တဲ့ သူတို့လဲပြက်တာပါပဲKath လေးကိုသနားပါတယ်Kathတင်ထားတဲ့ IG post 👇https://instagram.com/bernardokath?...
30/11/2023

11နှစ်ကြာအောင်တွဲခဲ့တဲ့ သူတို့လဲပြက်တာပါပဲ
Kath လေးကိုသနားပါတယ်
Kathတင်ထားတဲ့ IG post 👇
https://instagram.com/bernardokath?igshid=OGQ5ZDc2ODk2ZA==
Bernardo and Daniel Padilla

29/11/2023

တနင်္သာရီတိုင်း၊ ညောင်ဦးဖီးကျွန်းရဲ့ တန်ဆောင်တိုင်

ကလောမြို့ တန်ဆောင်တိုင်
29/11/2023

ကလောမြို့ တန်ဆောင်တိုင်

Address


Website

Alerts

Be the first to know and let us send you an email when Best Notes of Yours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share