Wai Mar- Orchid

  • Home
  • Wai Mar- Orchid

Wai Mar- Orchid Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wai Mar- Orchid, Florist, .

နွေးဦးကံ့ကော်ပန်းလေးတွေ ဘုရားကပ်လှူ🙏
16/03/2024

နွေးဦးကံ့ကော်ပန်းလေးတွေ ဘုရားကပ်လှူ🙏

စိန်ပန်း​လေး​တွေမြင်​တော့  အတိတ်တချို့ကို ပြန်လွမ်းမိတယ်..
20/05/2023

စိန်ပန်း​လေး​တွေမြင်​တော့ အတိတ်တချို့ကို ပြန်လွမ်းမိတယ်..

လိပ်ပြာ အနက်​လေး..🖤🖤🖤🖤🖤🖤🖤Photo credit
29/03/2023

လိပ်ပြာ အနက်​လေး..
🖤🖤🖤🖤🖤🖤🖤

Photo credit

နွေဦးမှာ ပွင့်တဲ့“Cherokee Rose (ခေါ် ) နှင်းဆီကံ့ကော်” 🤍ပျိုးပင်၀ယ်ယူလိုပါက တစ်ပင် ၁၀၀၀၀ပါရှင့်
20/02/2023

နွေဦးမှာ ပွင့်တဲ့
“Cherokee Rose (ခေါ် ) နှင်းဆီကံ့ကော်” 🤍

ပျိုးပင်၀ယ်ယူလိုပါက တစ်ပင် ၁၀၀၀၀ပါရှင့်

သထုံမြို့သို့ပို့ရန်ပါရှင့်🙏
20/12/2022

သထုံမြို့သို့ပို့ရန်ပါရှင့်🙏

တစ်ပင် ၁၅၀၀,၃၀၀၀ ပါရှင့်။ကြိုက်ရာယူ  ၁၀ပင်၀ယ် ၂ပင်လက်​ဆောင်ပါ​နော်😍
03/12/2022

တစ်ပင် ၁၅၀၀,၃၀၀၀ ပါရှင့်။

ကြိုက်ရာယူ ၁၀ပင်၀ယ် ၂ပင်လက်​ဆောင်ပါ​နော်😍

အမြစ်ပွားဆေး (အမြစ်သန်ဆေး ) အမြစ်ပွားဆေးကိုဘယ်နေရာတွေမှာသုံးဘဲဆိုရင် အကိုင်းကူး!အကိုင်းဆက် ! အပင်အမြစ်အားဆေးအဖြစ်လည်းသုံ...
26/11/2022

အမြစ်ပွားဆေး (အမြစ်သန်ဆေး )

အမြစ်ပွားဆေးကိုဘယ်နေရာတွေမှာသုံးဘဲဆိုရင် အကိုင်းကူး!
အကိုင်းဆက် ! အပင်အမြစ်အားဆေးအဖြစ်လည်းသုံးနိုင်ပါတယ်
စိုက်ခင်းနဲ့သစ်ပင်တွေကိုလည်းအားဆေးမြေသြဇာအနေနဲ့သုံးနိုင်ပါတယ်

အမြစ်ပွားဆေးလုပ်ရတာလွယ်ပါတယ်လိုအပ်သောပစ္စည်းများ

(1)စိမ်းစားငပိ(ပုစွန်ငါးပိ ! မြိတ်ငပိခေါ် ဂွေးငပိပါ) ထမင်းစားဇွန်းတစ်စွန်း
(2)M150 အချိုရည်တစ်ပုလင်း(မရှိပါက shark ! ကျွဲရိုင်း )
တခုခုဆိုလည်းအဆင်ပြေပါတယ်
(3) ဟင်းချက်အချိုမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်း

အဲတာဆိုရင် ငါးပိတစ်ဇွန်းရယ် M150အချိုရည်တစ်ပုလင်းရယ်
အချိုမှုန့်တစ်ဇွန်းရယ် ခွက်တစ်လုံးထဲမှာအားလုံးရောမွှေပါမယ်
မြစ်ပွားဆေးရပါပြီခင်ဗျ

အသုံးပြုပုံကတော့ !!!!!!!!!!!!
အကိုင်းကူး ! အကိုင်းဆက်ရာမှာသုံးမယ်ဆိုရင်တော့ အထက်ဖော်ပြပါရောသမွှေပြီးရလာတဲ့အရည်ထမင်းစားတစ်ဇွန်းကိုရေတစ်လီတာလောက်နဲ့စပ်လိုက်ရင်တော့အသုံးပြုနိုင်ပါပြီ

စိုက်ခင်း ဒါမှမဟုတ် အပင်ကို အမြစ်သန်အားဆေးအနေနဲ့သုံးချင်ရင်တော့ အထက်ပါဖျော်စပ်ပြီးရလာတဲ့အရည်ထမင်းစားတစ်ဇွန်းကိုရေငါးလီတာနှုန်းနဲ့ရောပြီးလောင်းနိုင်ပါတယ်

အသုံးပြုပုံကတော့တစ်ယောက်နဲ့တစ်ယောက်မတူတော့
ကိုယ်သုံးတာပေါ်မူတည်ပြီးအချိန်အဆ ညှိပြီးသုံးနိုင်ပါတယ်
အပင်အားလုံးအတွက်အသုံးပြုနိုင်ပါတယ်
အဆင်ပြေကြပါစေ!!!!!!!!!!!!!!!!!!
နောက်ပိုင်းမှာ အပင်တော်တော်များများမှာအသုံးပြုပြသွားပါမယ်
mmm credit by win myint

နှင်းဆီ​တွေ လှ​နေပါပြီရှင့်။တစ်ပင် ၃၅၀၀၁၀ ပင် ၃၀,၀၀၀ ပါရှင့်။09401637341
15/11/2022

နှင်းဆီ​တွေ လှ​နေပါပြီရှင့်။
တစ်ပင် ၃၅၀၀
၁၀ ပင် ၃၀,၀၀၀ ပါရှင့်။
09401637341

မင်းဘူးအိမ်မှာ ဒန်ဒို​တွေ​ရောက်​နေပါတယ်ရှင့်။တစ်ပင် ၅၅၀၀မ​ကွေး မင်းဘူး အိမ်​ရောက်​ငွေ​ချေရမည်။09401637341
14/11/2022

မင်းဘူးအိမ်မှာ ဒန်ဒို​တွေ​ရောက်​နေပါတယ်ရှင့်။
တစ်ပင် ၅၅၀၀

မ​ကွေး မင်းဘူး အိမ်​ရောက်​ငွေ​ချေရမည်။
09401637341

တန်း​ဆောင်မုန်းလပြည့်​နေ့အခါသမယ၌အားလုံးကျန်းမာချမ်းသာ လိုရာပြည့်ဝကြပါ​စေ
07/11/2022

တန်း​ဆောင်မုန်းလပြည့်​နေ့အခါသမယ၌အားလုံးကျန်းမာချမ်းသာ လိုရာပြည့်ဝကြပါ​စေ

07/11/2022

ပန်းချစ်သူများရှင့်

​အညာ​မြေပဲဆီစစ်စစ်မှာယူလိုပါက
မင်မင်ဆီမှာ ၁ပိသာ ၁၀၀၀၀ ဖြင့် ၀ယ်ယူအား​ပေးနိုင်ပါတယ်ရှင့်။

​မြေပဲ​စျေးကျချိန်​လေးမလို့ ယခု​စျေးဖြင့်ရတာပါရှင့်။

09401637341
ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။
မင်းဘူးမြို့။

31/10/2022
 #နွားချေးနွားချေးသည် နိုက်ထရိုဂျင်ဓာတ်များစွာပါပြီးအပင်ရဲ့ အရွက်ပိုင်းကို အားပေးပါတယ်ဒီဓာတ်ကိုအဓိကထားပြီး လိုချင်တယ်ဆို...
31/10/2022

#နွားချေး

နွားချေးသည် နိုက်ထရိုဂျင်ဓာတ်များစွာပါပြီး
အပင်ရဲ့ အရွက်ပိုင်းကို အားပေးပါတယ်

ဒီဓာတ်ကိုအဓိကထားပြီး လိုချင်တယ်ဆိုရင်
နွားချေး အစိုကိုသုံးမှ နွားချေးမှာပါတဲ့ နိုက်ထရိုဂျင်ဓာတ်ကို ရရှိစေမှာဖြစ်ပါတယ်

#အစိုသုံးပါက ဖြစ်ပေါ်စေနိုင်တဲ့အားနည်းချက်ကတော့ အပင်ရဲ့ အမြစ်အပူလောင်ခြင်းနဲ့ ပိုး ပြသနာဘဲဖြစ်ပါတယ်

ရေစိမ်ပြီး ရေဖျန်းသုံးခြင်းနဲ့ ပါးပါးဖြူးပြီးသုံးခြင်း
မြေနဲ့ရောမွေပြီး သုံးခြင်းဖြစ် ပိုထိရောက်စေပါတယ်

#အခြောက်သုံးပါက
နိုက်ထရိုဂျင်ဓာတ် များစွာရော့နည်းသွားစေမှာဖြစ်ပါတယ်

သို့ပေမယ့် နွားချေးမှာပါတဲ့ မကောင်းတဲ့ဘတ်တီးရီးယားတွေကင်းစင်မယ်

ပိုးဖြစ်နိုင်မှူ့ကင်းစေမယ်
အပူလောင်မှူ့တွေကင်းစေမှာဖြစ်ပါတယ်

နိုက်ထရိုဂျင် မရှိသလောက်ဖြစ်ပေမယ့် အခြားအဟာရတွေကျန်ရှိစေပါတယ်

အလားတူ ချေးခြောက်အဖက်များမှာ မြေသြဇာဖြစ်စေပြီး

မြေကိုပွစေသည့်အပြင် မြေမှ အခြားအဟာရများ အစိုဓာတ်ကိုပါ ထောက်ပံ့ ထိန်းသိမ်းနိုင်စေမှာ ဖြစ်ပါတယ်

နွားချေးကိုနှပ်သုံးခြင်း ရေစိမ်သုံးခြင်း
မြေဆွေးနှင့်ရောသုံးခြင်း အသုံးပြုနိုင်ပါတယ်

Minthikeစိုက်ပျိုးရေးအသိပညာ

Credit - Minthike

30/10/2022
30/10/2022
29/10/2022

နှင်းဆီပန်းတွေကို ဘာလုပ်ဖို့အတွက် သုံးလို့ရလဲ။
“နှင်းဆီပန်းမမ” ရဲ့ ကြီးပွားရေးလမ်းစဉ်ကို အတူတူကြည့်လိုက်ကြပါစို့။
credit

အိမ်နောက်ဖေး စျေးဆိုင်တည်ပါဒေါက်တာဝဏ္ဏထွန်း -------------------------------------------------------------------------   ...
15/10/2022

အိမ်နောက်ဖေး စျေးဆိုင်တည်ပါ
ဒေါက်တာဝဏ္ဏထွန်း
-------------------------------------------------------------------------

အိမ်ခြံဝင်းအတွင်းသီးနှံများတစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းနှင့် ဥယျာဉ်ခြံများအား ဝါသနာအရ ပြုစုစောင့်ရှောက်ခြင်းသည် လူသားများ၏ကျန်းမာရေးနှင့် စိတ်ပျော်ရွှင် မှုအတွက် များစွာအထောက်အပံ့ပြုကြောင်း သိရှိလာကြပြီဖြစ်သည်။ ထို့ပြင် အိမ်နောက်ဖေးစျေးဆိုင်တည်ဆိုသည့်ဆိုရိုးအတိုင်း ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် မိသားစု ၏ အစားအစာများအတွက် ကုန်ကျစရိတ်ကို များစွာလျှော့ချနိုင်ပါသည်။ ကိုယ်တိုင် စိုက်ပျိုးခြင်းဖြင့် လတ်ဆတ်သည့်သီးနှံများအား ဘေးကင်းစွာစားသုံးရခြင်း ဆိုသည့် ကောင်းချီးပေးမှုကိုလည်း မိသားစုဝင်များအားလုံး ရရှိလာမည်ဖြစ်သည်။

လူသားများကျန်းမာရေးအတွက် အာဟာရများစွာကြွယ်ဝသည့် အစားအစာမျိုးစုံ နေ့စဉ်စားသုံးပေးရန်လိုအပ်သည်။ သို့မှသာ ခန္တာကိုယ်ဖွံ့ဖြိုးကြံ့ခိုင်ခြင်း၊ ရောဂါကပ်ဆိုး များမှ ကျော်လွှားနိုင်ခြင်း၊ မိသားစုနှင့်အများကောင်းကျိုးအတွက် စွမ်းဆောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။ ထို့ကြောင့်အဆိုပါအစားအစာများအား လိုအပ်သည့်အချိန်တွင် အလွယ်တကူလက်လှမ်းမီစွာရရှိနိုင်ရန်လိုအပ်သကဲ့သို့၊ ကုန်ကျ စရိတ် သက်သာခြင်းနှင့် အစားအစာများ၌ ဓါတုဆေးအကြွင်းအကျန်များနှင့် အီကို လိုင်းကဲ့သို့ ရောဂါဖြစ်စေသည့် အဏုဇီဝများဖြင့် ညစ်ညမ်းနေခြင်းကဲ့သို့သော ဘေးအန္တရာယ်များ ကင်းရှင်းနေစေရန်လည်း အရေးကြီးပါသည်။

ထို့ကြောင့် ဟင်းသီးဟင်းရွက်ကဲ့သို့သောသီးနှံများအား စိုက်ပျိုးထုတ်လုပ်ရာတွင် ဂရုတစိုက်မဆောင်ရွက်ပါက စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်၊ သိုလှောင်ချိန်၊ ထုတ်ပိုး ချိန်၊ ပို့ဆောင်ချိန်နှင့် စားသုံးသူများလက်ဝယ်ရောက်ရှိသည့်အချိန်အထိ လူသားတို့ ၏ကျန်းမာရေးကိုထိခိုက်နိုင်သော ညစ်ညမ်းမှုနှင့် အဆိပ်သင့်မှုများ ဖြစ်ပေါ်လေ့ရှိပါ သည်။ ထို့ပြင်သယ်ယူပို့ဆောင်စဉ် စနစ်မကျခြင်း၊ ခရီးဝေးကွာလွန်းခြင်းနှင့် ရာသီ ဥတုအခြေအနေတို့ကြောင့် လတ်ဆတ်မှုမရှိတော့ဘဲ အာဟာရဓါတ်များစွာ ဆုံးရှုံးရလေ့ ရှိပါသည်။ ထို့ကြောင့် မိမိတို့၌အိမ်ခြံဝင်းအတွင်း မြေလွတ်များရှိပါက သီးနှံများအား တပိုင်တနိုင်စိုက်ပျိုးခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူးများကို ခံစားရရှိနိုင်မည် ဖြစ်ပါသည်။

က။ စိတ်ချမ်းမြေ့ကြည်နူးခြင်း၊ ပီတိဖြစ်ခြင်း၊ စိတ်ကျေနပ်မှုရှိခြင်းစသည်ဖြင့် စိတ်ပိုင်း ဆိုင်ရာ တိုးတက်မှုဖြစ်စေခြင်း၊ စိတ်ဖိအားများခြင်းနှင့် အထီးကျန်မှုကို ဖြေဖျောက် ပေးနိုင်ခြင်း၊
ခ။ မီးဖိုချောင်ကုန်ကျစရိတ်လျော့နည်းစေခြင်း၊
ဂ။ မိသားစုဝင်ငွေရရှိစေခြင်း၊
ဃ။ လတ်လတ်ဆတ်ဆတ်ခူးဆွတ်စားသုံးရ၍ ဘေးကင်း၍ အာဟာရများ ပိုမိုရရှိခြင်း၊
င။ မိသားစုအားလပ်ချိန်တွင် ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် ရင်းနှီးချစ်ခင်မှု၊ နွေးထွေးမှု၊ ဆက်ဆံရေးတိုးတက်လာစေခြင်း၊
စ။ ပိုလျှံသည့် သီးနှံများကို အိမ်နီးချင်းများနှင့် ဝေမျှစားသုံးနိုင်ခြင်းဖြင့် ကောင်းမွန်သည့် အသိုက်အဝန်းတစ်ခုဖန်တီးနိုင်ခြင်း၊
ဆ။ မိမိစိုက်ပျိုးသည့်သီးနှံနှင့်ပက်သက်၍ ရပ်ရွာအတွင်း အတွေ့အကြုံများ ဖလှယ်နိုင် ခြင်းနှင့် လူမှုရေးဝင်ဆန့်လာခြင်း။

ယေဘူယျအားဖြင့် သီးနှံများစီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် အိမ်ခြံဝင်းအတွင်း စိုက်ပျိုးခြင်းအား အောက်ပါအချက်များဖြင့် ခွဲခြားနိုင်သည်။
-စိုက်ခင်းသည်အိမ်အနီးတွင်ရှိရမည်။ စိုက်ခင်းသည် အိမ်နောက်ဖေးတွင်ရှိလျှင် အိမ်သာ၊ အမှိုက်ပုံ၊ နွားတင်းကုတ်စသည့် သီးနှံများအား ညစ်ညမ်းစေနိုင်သည့် နေရာများနှင့် ဝေးကွာရမည်။
-မြေဧရိယာအားဖြင့် တစ်ဧကထက် နည်းရမည်။
-သီးနှံတစ်ခုထက် ပို၍စိုက်ပျိုးရမည်။
-ရာသီအလိုက် သီးနှံပင်များ ဖြစ်ရမည်။
-မိသားစုလုပ်အားဖြင့် ဆောင်ရွက်လေ့ရှိရမည်။
-စက်ကိရိယာများသုံးရန်မလိုဘဲ မိသားစုဝင်များ၏ ခွန်အားဖြင့်သာ ဆောင်ရွက်ရမည်။ ပေါက်တူး၊ တူရွင်း၊ ထွန်ခြစ်တို့ကိုသာ သုံးလေ့ရှိရမည်။
-အိမ်အတွက်သုံးသည့် ရေကိုသာ စိုက်ခင်းတွင်အသုံးပြုသည်။
အိမ်ခြံဝင်းအတွင်း သီးနှံများစိုက်ပျိုးရာတွင် ယေဘူယျလိုက်နာသင့်သည့် အခြား အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
-စိုက်ပျိုးမြေသည် ရေကောင်းစွာ ထုတ်နိုင်၊ သွင်းနိုင်သောမြေဖြစ်သင့်သည်။
-မိသားစုဝင်များဖြတ်သန်းသွားလာသည့် မာကျောသည့်လမ်းမြေ၊ ရေဝပ်နေသည့်မြေ၊ အဆိပ်သင့်စေနိုင်သည့်မြေများမဖြစ်စေရပါ။
-သဲနုန်းမြေသည် ရေထုတ်ရလွယ်ကူပြီး အလွယ်တကူလုပ်ကိုင်နိုင်သဖြင့် အကောင်းဆုံး ဖြစ်သည်။
-သီးနှံပင်ကြီးထွားမှုကောင်းရန်နှင့် အရည်အသွေးကောင်းထွက်ကုန်ရရှိစေရန် ရေသွင်း/ ဖျန်းပေးရမည်။ အဓိကရေအရင်းအမြစ်အဖြစ် မိုးရေ၊တွင်းရေနှင့် ကန်ရေတို့ကို အသုံးပြုနိုင်သည်။
-အပင်များအတွက် နေရောင်ခြည်လုံလောက်သည့် နေရာဖြစ်ရမည်။ နေရောင်ခြည် အပြည့်အဝ၊ တိုက်ရိုက် (သို့) တစ်စိတ်တစ်ပိုင်း ရရှိရမည်။ အလင်းရောင်၊ အာဟာရ ဓါတ်များနှင့် ရေများကို သီးနှံပင်များအစား လုယူစားသုံးနိုင်သည့် အပင်ကြီးများနှင့် အလွန်နီးကပ်သည့် နေရာကို မရွေးချယ်ရ။
-အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်များစိုက်ပျိုးပါက လေကာပင်များ (သို့) ခြံစည်းရိုး အကာများ ပြုလုပ်ထားသင့်သည်။
အကယ်၍ အိမ်ခြံဝင်းအတွင်း စိုက်ပျိုးမြေဧရိယာအနည်းငယ်သာရှိပါက

ဟင်းသီး ဟင်းရွက်များကို ပျိုးအိတ်၊ ပျိုးခွက်များဖြင့် စိုက်ပျိုးခြင်း၊ အဆင့်လိုက်စိုက်ပျိုးခြင်း၊ အာဟာရရည်ဖြင့်စိုက်ပျိုးခြင်းစသည့်နည်းလမ်းများဖြင့်လည်းစိုက်ပျိုးနိုင်သည်။ စိုက်ပျိုး ရာတွင်လည်း တိုက်ရိုက်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစသည်ဖြင့် သီးနှံအလိုက် သင့်တော်သည့် နည်းစနစ်များဖြင့် စိုက်ပျိုးရမည်။

စိုက်ပျိုးမည့်ဟင်းသီးဟင်းရွက်များအား ရွေးချယ်ရာတွင် မိသားစုအတွက် အမှန် တကယ်လိုအပ်သော ကျန်းမာရေးနှင့်ညီညွှတ်ပြီး သန့်ရှင်းလတ်ဆတ်သော အာဟာရ ဓါတ်ပြည့်ဝသည့် အမျိုးအစားများကို ရွေးချယ်စိုက်ပျိုးသင့်သည်။ စိုက်ပျိုးသင့်သည့် ဟင်းသီးဟင်းရွက်အမျိုးအစားများမှာ-
(က) ရွက်စားဟင်းသီးဟင်းရွက်များ (ဟင်းနုနွယ်၊ ကန်စွန်း၊ ဆလတ်၊ မုန်ညင်း)
(ခ) အပွင့်စား ဟင်းသီးဟင်းရွက်များ (ပန်းမုန်လာ၊ ဘရိုကိုလီ)
(ဂ) အသီးစားဟင်းသီးဟင်းရွက်များ ( ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ငရုတ်သီး)
(ဃ) အမြစ်/ဥစားသီးနှံများ (မုန်လာဥ၊ ခါကြက်ဥ)
(င) ပင်စည်စားဟင်းသီးဟင်းရွက်များ ( အာလူး၊ ဆလတ်ရိုး)
ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရာတွင် ပိုးမွှားရောဂါကျရောက်မှုကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် သီးနှံအလှည့်ကျစိုက်ပျိုးခြင်း၊ သီးနှံရောနှော စိုက်ပျိုးခြင်း၊ မိတ်ဖက်အပင်များနှင့် ယှဉ်တွဲစိုက်ပျိုးခြင်း၊ ထောင်ချောက်ပင် စိုက်ပျိုးခြင်း (ဥပမာ ဂေါ်ဖီထုပ်နှင့် မုန်ညင်း)၊ ဖျက်ပိုး ကျရောက်မှုမှကာကွယ်ရန် ပိုးမွှားရောဂါတွန်းလှန် သတ္တိရှိသည့် အပင်များ (ပင်စိမ်း၊ စပါးလင်၊ ချစ်တီးပန်းပင်)များကို စိုက်ခင်း ပတ်လည်တွင် စိုက်ပျိုးခြင်း စသည့်နည်းစနစ်များဖြင့် ဆောင်ရွက်ပါ။ထို့ပြင် အပင်ထွက် ပိုး/ရောဂါသတ်ဆေးများ(ဥပမာ တမာပိုးသတ်ဆေး) ကိုအသုံးပြု၍၊ ရောဂါဒဏ်ခံနိုင်ရည် ရှိသည့် သီးနှံမျိုးများကို စိုက်ပျိုးပါ။
သဘာဝမြေသြဇာများကို အိမ်ခြံဝင်း၊ စိုက်ခင်းနှင့် စားဖိုဆောင်စွန့်ပစ် ပစ္စည်းများ ဖြင့် ပြုလုပ်ပါ။ ငါးအမိုင်နိုအက်ဆစ်၊ အသီးအချဉ်ဖောက်ရည်၊ ဒေသတွင်း အကျိုးပြု အဏုဇီဝပိုးများဖြင့်ပြုလုပ်သည့်မြေဆွေးများကို ပြုလုပ်ထည့်သွင်းပါ၊ တီကောင်များ မွေးမြူ၍ တီကျစ်စာများမြေဆွေးများပြုလုပ်ထည့်သွင်းပါ။ သို့သော် တိရစ္ဆာန်စွန့်ပစ် ပစ္စည်းများနှင့် မြေဆွေးများကို ကောင်းစွာ ဆွေးမြည့်ချိန်မှသာ စိုက်ခင်းအတွင်း ထည့်သွင်းအသုံးပြုပါ။
အိမ်ခြံဝင်းအတွင်း စိုက်ပျိုးနိုင်သည့် မြေနေရာများတွင်လည်းကောင်း၊ မြေနေရာ အနည်းငယ်သာရှိသော နေရာများတွင်လည်း ပျိုးအိတ်၊ ပျိုးအိုးများဖြင့်စိုက်ပျိုးခြင်းကို ဖော်ပြပါနည်းလမ်းများအတိုင်း မိသားစုနှင့်အတူ စိုက်ပျိုးခြင်းဖြင့် ဘေးအန္တရာယ် ကင်းရှင်းပြီး အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်မည် ဖြစ်ပါသည်။
ယခုအခါတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ဖြစ်ပွားနေသည့် Covid-19 ကဲ့သို့သော ကပ်ရောဂါများအား ကာကွယ်နိုင်ရေးအတွက် အသားငါးနှင့် ဟင်းသီးဟင်းရွက်များကို ခန္ဓာကိုယ်ခုခံအားကောင်းစေရန် မျှမျှတတ စားသုံးရန် လိုအပ်သည်။
ထို့ကြောင့် အိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင်ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များကို လိုအပ်သည့် အချိန်တွင် လိုအပ်သလောက် အလွယ်တကူလတ်လတ်ဆတ်ဆတ် ခူးယူစားသုံးနိုင်ခြင်း၊ အကြိမ်ကြမ် ခူးဆွတ်စားသောက်နိုင်ခြင်း၊ စားဖိုဆောင်ကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားကျန်းမာရေးနှင့် ညီညွှတ်ခြင်း၊ မိမိ၏စိုက်ခင်းကို အစဉ်တစိုက် ကြည့်ရှု၍ စိတ်ကြည်လင် ရွှင်လန်း ပီတိခံစားရခြင်းတို့ကြောင့် အိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းကို မိသားစုတိုင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

🤎🤎🤎🤎🤎
12/10/2022

🤎🤎🤎🤎🤎

ပန်းချစ်သူ မင်မင် customer ​ ​ကျေးဇူးရှင်​များအား ရို​သေစွာကန်​တော့အပ်ပါတယ်။
09/10/2022

ပန်းချစ်သူ မင်မင် customer ​ ​ကျေးဇူးရှင်​များအား ရို​သေစွာ
ကန်​တော့အပ်ပါတယ်။

နှင်းဆီပန်း စိုက်နည်း။မူရင်းရေးသားသူအား creditပေးပါသည်။နှင်းဆီအကြောင်းနှင့် နှင်းဆီစိုက်ပျိုးနည်း နှင်းဆီအမျိုးအစားစုစည်...
30/09/2022

နှင်းဆီပန်း စိုက်နည်း။

မူရင်းရေးသားသူအား creditပေးပါသည်။

နှင်းဆီအကြောင်းနှင့် နှင်းဆီစိုက်ပျိုးနည်း နှင်းဆီအမျိုးအစားစုစည်းမှု
*************************************************
နှင်းဆီဆိုတဲ့စကားဟာ အမျိုးသမီးဘက်ကိုအားသန်တဲ့အမျိုးအစားမို့ အမျိုးများရဲ့
အသဲစွဲပန်းအမျိုးအစားဖြစ်ပါတယ်။ ရာထောင်မကသောအမျိုးအစားတွေရှိနေပေမယ့်
လို့ သူ့ရဲ့ရနံ့လေးကတော့ တစ်မျိုးပဲရှိပါတယ်။ နှင်းဆီရနံ့ပေါ့လေ။ ရနံ့ကတော့ရေပန်း
သိပ်မစားပေမယ့် သူ့ရဲ့ပင်ကို ပွင့်ဖတ်၊ ပွင့်လွှာကတော့ သူတကာတို့ရဲ့အသဲစွဲဖြစ်ပါ
တယ်။.ဒါကြောင့်မို့ အလှဆင်တဲ့နေရာမှာ နှင်းဆီးပန်းကတော့ မပါမဖြစ် ထိပ်ဆုံးမှာ
နေရာရထားပါတယ်။ သူ့ရဲ့ပင်ကိုယ်အလှကြောင့်မို့လို့ အမျိုးအစားအလိုက် စျေးအမျိုး
မျိုးတင်ကစားပြီး စျေးကွက်စီးပွားရေးမှာ ရောင်းချရပါတယ်။ အပင်ရယ် အပွင့်ရယ် ရေ
ရှည်ခံတဲ့အမျိုးအစားမဟုတ်ပေမယ့် သူ့ရဲ့စွဲဆောင်မှုရှိလှတဲ့ သူ့ရဲ့ပွင့်လွှာတည်ဆောက်
ပုံကြောင့် အများစုက သူ့ကိုကြိုက်ကြသလိုမျိုး နေရာတိုင်း အိမ်တိုင်းလိုလို ပန်းခြံတိုင်း
လိုလိုမှာ အလှအဖြစ်စိုက်ထားကြတာများပါတယ်။ အများစုကတော့ အလှအဖြစ်အတွက်
ဆိုရင်တော့ အိုးနဲ့ပဲစိုက်ကြတာများပါတယ်။ ကိုင်းအရင့်ကိုကူးပြီး စိုက်ရတာလည်လွယ်
ပါတယ်။ ဒါပေမယ့် သူ့ကိုတော့ ဂရုစိုက်ပေးရမယ့်အမျိုးအစားပါ။ မြေပုပ်မြေဆွေး
နွားချေး စာသည်ရောထားသည့် မြေပုပ်မြေဆွေးကိုကြိုက်နှစ်သက်သလိုမျိုး ပုံမှန်လည်း
ရေလောင်းပေးရ မကြာခဏဆိုသလို မြေကိုလည်းဆွပေးရပါတယ်။
သူကို့ တစ်ခါစိုက်ပေးရုံဖြင့် ဂရုစိုက်နိုင်သည့်အလျှောက် သက်ရှည်ပင်မျိုးလည်းဖြစ်ပါ
တယ်။ သူ့ရဲ့အပွင့်ကတော့ သူ့ရဲ့အတက်အားလျော်စွာ ပွင့်လာပါတယ်။ ဆိုတော့
ပွင့်ချိန်ကုန်သည့်အခါ သူ့ရဲ့ကိုင်းအရင့်ကိုလည်း ညှပ်ထုတ်ပေးရပါတယ်။
နှင်းဆီရဲ့ အတက်ထွက်ချိန် ရွက်နုထွက်ချိန်ကတော့ ရာသိဥတု နေရာဒေသအားလျော်
စွာ အများစု ဖေဖေါ်ဝါရီလ.နှင့်မတ်လဖြစ်ပါတယ်။ ဧပြီလဆိုရင်တော့ အဖူးတွေစုံသ
လောက် အပွင့်တွေလည်းပွင့်လာပါတယ်။ ဒါကတော့ ကျနော်ရဲကိုတွေ့သက်သက်သာ
ဖြစ်ပါတယ်။

နည်းစနစ်ကျကျနနနဲ့စိုက်ပျိုးချင်တယ်ဆိုရင်တော့ အောက်ပါ (MMO -အင်ဂျင်နီယာ
ဖိုရမ်နဲ့. Win Thaw Nyein) ဖေစ်ဘုတ်စာမျက်နှာမှာလည်း အသေးစိပ်စိုက်ပျိုးနည်းကို
တင်ပြပေးထားပါတယ်။

#နှင်းဆီပင်ကို စိုက်ပျိုးရန်ရွေးချယ်ခြင်း

ပန်းအလှစိုက်ပျိုးဖို့ စိတ်၀င်စားပြီဆိုတာနဲ့ နှင်းဆီပင်ဟာ စိုက်ပျိုးရေးသမားတွေအတွက် ပထမဆုံးရွေးချယ်ချင်တဲ့ အပင်ပါ။ ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့အဆင်းအလှနှင့် တော်၀င်နန်းဆန်တဲ့ အပွင့်သဏ္ဍာန်၊ သင်းပျံ့ရစ်မူးဖွယ်ကောင်းတဲ့ ရနံ့မွှေးပျံ့မှုတွေက အခြားအပင်တွေထက် ဆွဲဆောင်အား ပိုကောင်းနေတာကိုး။ အဲဒီလိုဆွဲဆောင်နိုင်တဲ့သူ့ကို စိုက်ပျိုးမယ် ဆိုရင်တော့ အထူးသတိထားရမဲ့ အချက်တွေကိုလည်း မေ့မနေသင့်ပါဘူး။ အရေးအကြီးဆုံးက အအေးပိုင်းဒေသတွေမှာ ရာသီဥတု ကြမ်းတမ်းတဲ့ အပြောင်းအလဲဒါဏ်ကို ကြံကြံခံနိုင်ဖို့ပါပဲ။ အအေးပိုင်း အပူချိန်တွေရဲ့ အနိမ့်ဆုံး အပူချိန်ဟာ အပင်ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ အပူချိန်ဖြစ်ရမယ်။

မိုးခေါင်ရာသီဥတုဖြစ်နေပေမဲ့၊ စိုစွတ်မှုမြင့်မားပြီး အားနည်းတဲ့ မြေဆီလွှာတွေကို နှင်းဆီပင်တွေ ပိုမိုနှစ်သက်တတ်ပါတယ်။ အဲဒီအခြေအနေတွေမှာဆို အောင်မြင်ဖို့ ပိုများပြီး သာမန်ဂရုစိုက်မှုထက် လျှော့နည်းတတ်ပါတယ်တဲ့။ ဘယ်လိုဖြစ်ဖြစ်ပါ နှင်းဆီပင်စိုက်တော့မယ်ဆိုရင် စိုက်ပျိုးရေးမြတ်နိုးတဲ့ တနည်း နှင်းဆီကိုချစ်ကြတဲ့ နှင်းဆီသခင်တွေ မြို့နယ်အတော်များများမှာ အဖွဲ့လေး သဘောမျိုး ရှိနေတတ်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ နှင်းဆီစိုက်ပျိုးတဲ့ အတွေ့အကြုံများစွာရှိတော့ ခုမှစိုက်ပျိုးမဲ့သူတွေကို အကူအညီတွေ အကြံဥာဏ်တွေ စိတ်အားတတ်ကြွစွာ ပေးတတ်ပါတယ်။
ဒါနဲ့ နှင်းဆီပင်ကို အမျိုးအစား (၂) မျိုးရနိုင်ပါတယ်။ မြစ်ပွားအပင်(bare-root) အဖြစ်တစ်မျိုး၊ ပန်းအိုးနှင့် ပျိုးပင်(in containers) အဖြစ်တစ်မျိုး ရောင်းချတတ်ကြပါတယ်။

မြစ်ပွားပင်တွေကတော့ အမြုံပင်တွေလိုပါပဲ။ သူတို့မှာ အကိုင်းပဲရှိပြီး အရွက်မပါပါဘူး။ အမြစ်ကတော့ မြေကြီးနှင့် ထားပါတယ်။ ပျိုးခြံတွေမှာ လူအများစု သဘောကျတတ်တာတော့ မြစ်ပွားပင်ကိုပါပဲ။ ဘာကြောင့်လည်းဆိုတော့ မြစ်ပွားပင်တွေက သာမန်အားဖြင့် ရောင်းချရတာနှင့် ပို့ဆောင်သယ်ယူတာ အဆင်ပြေပြီး စိုက်ပျိုးရမဲ့ အချိန် (နွေဦးရာသီဖြစ်ဖြစ်၊ ဆောင်းဦးရာသီဖြစ်ဖြစ်) နဲ့ သင့်လျှော်လို့ပါ။ နောက်တစ်ချက်က မြစ်ပွားပင်(bear-root) တွေကို ချက်ချင်းမစိုက်နိုင်သေးရင်လည်း အပူချိန် (၅၀)ဒီဂရီအောက်ရှိတဲ့ နေရာမှာ သိမ်းထားလို့ရနိုင်ပါတယ်။ အဲဒီလိုလုပ်ထားတဲ့အတွက် သူ့ရဲ့ သန္ဓေမပျက်စီးနိုင်ပါဘူး။ နောက်တစ်ချက်က စွတ်စိုထိုင်းမှိုင်းတဲ့နေရာမှာ ထားရင်လည်း မသေနိုင်ပါဘူး။
ပန်းအိုးနှင့်ပျိုးထားတဲ့ အပင်တွေကတော့ ထုံးစံအားဖြင့် မြစ်ပွားပင်တွေထက် စျေးကြီးပြီး ရနိုင်တာမှာလည်း အကန့်အသတ်ရှိပါတယ်။ အပင် ကျန်းမာသန်စွမ်းစွာ ကြီးထွားဖို့ရာလည်း ဂရုစိုက်ရပါတယ်။ နောက် အပင်ရဲ့ အမြစ်တွေဟာ ပန်းအိုးအပေါ်တတ်လာရင်ပဲဖြစ်စေ။ ပန်းအိုးအောက်ကနေထိုးထွက်နေရင်ပဲဖြစ်စေ အဲဒီအပင်ဟာ အဲဒီပန်းအိုးအတွက် အရမ်းရှည်နေတတ်ပါတယ်။ ယေဘုယျအားဖြင့် ပန်းအိုး နှင်းဆီပျိုးပင်တွေကို နွေဦးရာသီတွေနှင့် နွေရာသီအလယ်ပိုင်းတွေမှာ ဒါမှမဟုတ် ဆောင်းရာသီ အဦးအစတွေမှာ စိုက်ပျိုးနိုင်ပါတယ်။
မြန်မာနိုင်ငံမှာဆို ပူနွေးစိုစွတ်တဲ့သမပိုင်းတွေမှာ စိုက်ရင်အဆင်ပြေနိုင်ပါတယ်။

#မြေဆီလွှာ ပြင်ဆင်ခြင်း

နှင်းဆီပင်တွေဟာ မြေဆီလွှာမျိုးစုံမှာ ရှင်သန်နိုင်ပါတယ်။ အဲ...လိုအပ်တာက ရေဆင်းကောင်းဖို့နဲ့ အရမ်းမခြောက်သွေ့အောင် လုပ်ဆောင်ပေးဖို့ပါ။ နှင်းဆီစိုက်ပျိုးတဲ့မြေထဲမှာ အော်ဂဲနစ်ပစ္စည်း(မြေသြဇာ) တွေများစွာ ပါ၀င်နေရပါမယ်။ အဲဒီပစ္စည်းတွေဟာ မြေဆီလွှာအတွက် အဟာရပြည့်ဝနေစေပြီး အပင်ရဲ့ အမြစ်တွေ မြေကြီးကို လွယ်ကူစွာ ထိုးဖောက်နိုင်အောင် ထောက်ပံ့ပေးရမှာပါ။ နောက် မြေကြီးကို ပျော့ပြဲမနေဘဲ ရေကိုထိန်းသိမ်းထားနိုင်အောင် အကူအညီပေးဖို့ပါ။ နှင်းဆီပင်ရဲ့ အမြစ်တွေဟာ အရမ်းခြောက်လွန်းရင် မကောင်းသလို၊ ရေတွေ အရမ်းစိုစွက်ပြီးမြေဆီလွှာ နုညံ့ပျော့ပြဲလွန်း နေရင်လည်း မကောင်းပါဘူး။

နှင်းဆီပင် စိုက်ပျိုးဖို့ ပျိုးပင်အများကြီးမမှာယူခင်မှာ အကောင်းဆုံးအကြံပေးချင်တာက ဓါတ်ခွဲခန်းမှာ မြေဆီစမ်းသပ်မှု ပြုလုပ်သင့်တာပါ။ မြေဆီစမ်းသပ်ခြင်းက ကုန်ကျစာရိတ်ပိုသက်သာစေသလို ဓါတ်ခွဲခန်းက နှင်းဆီစိုက်ပျိုးခြင်းအတွက် လိုအပ်မယ့် မြေရရှိဖို့ ဓါတ်မြေသြဇာရောစပ်ခြင်းကို ချိန်ညှို ပေးနိုင်ပါလိမ့်မယ်။ (နှင်းဆီပင်တွေဟာ အက်ဆစ်ဓါတ် အနည်းငယ်ကဲသော မြေဆီလွှာကို ပိုမိုနှစ်သက်ကြပါတယ်။)

သာမန်အားဖြင့် သင်စိုက်ပျိုးမယ့် မြေဆီလွှာဟာ ကောင်းမွန်နေတယ်ဆိုရင် ဘယ်လိုအော်ဂဲနစ်ပစ္စည်းဖြစ်စေ နှင်းဆီပင်အတွက် ပိုမိုကောင်းမွန်စေမယ်ဆို ထည့်နိုင်ပါတယ်။ နှင်းဆီဂုရု (Rosarians; as rose experts are called) ရိုစာရီးယန်းတွေက အကောင်းဆုံး ဥယျာဉ်မြေဆီရောစပ်နည်းတွေ အကြံပေးပါလိမ့်မယ်။

အော်ဂဲနစ်ပစ္စည်းနှင့်ညီမျှတဲ့ ပမာဏရရှိအောင် မြေသြဇာ၊ သစ်ဆွေးမြေ၊ မြေဆွေး၊ ရေညှိုမြေဆွေး အစရှိတဲ့ ပစ္စည်းတွေနှင့် အတူ သဲမြေ (၁၀) ရာခိုင်နှုန်းကို ရောစပ်ပေးရပါတယ်။ သဲမြေထည့်တာကတော့ ရေဆင်းကောင်းအောင် ထည့်ပေးရတာပါ။ အားနည်းတဲ့ မြေဆီလွှာတွေမှာ ဖြည့်ထည့်မှု ပမာဏပိုမိုပါတယ်။ ဒါမှမဟုတ်ရင်လည်း ၁၆လက်မမှ ၂၀လက်မအထိရှိတဲ့ မြေလွှာ ခင်းပေးပြီး အဲဒီပေါ်မှာ မြေဆွေးတွေ ထည့်ပေးပြီးစိုက်ပျိုးနိုင်ပါသေးတယ်။ အဲဒီနောက်မှာတော့ နှင်းဆီပင်တွေကို သီးခြားစီ စိုက်နိုင်ဖို့ ခုနက မြေတွေ ပြင်ဆင်ဖြည့်သွင်းထားတဲ့ မြေလွှာမှာ အပင်စိုက်ဖို့ ကျင်းတူးရပါတော့မယ်။ ကျင်းကို ခပ်ကြီးကြီးလေး တူးပေးသင့်ပါတယ်။ (၁၈)လက်မ ပတ်လည် အကျယ်၊ အနက် လောက်ထားသင့်ပြီး လိုအပ်သလို အဆင်ပြေအောင် ပြင်ဆင် တူးသင့်ပါတယ်။ အထူးသဖြင့် ဖြည့်မြေတူးထားတာ နည်းရင် အန္တရယ်များပါတယ်။ မူလမြေဆီလွှာ အားနည်းတဲ့နေရာတွေမှာ အမြစ်တွေဟာ အပြင်ကမြေဆီကို မထိုးဖောက်နိုင်မှာကြောင့်ပါပဲ။ ဘယ်နှင်းဆီအမျိုးအစားက မူလလက်ခံမြေနှင့် အဆင်ပြေသလဲဆိုတာကို ဒေသခံနှင်းဆီစိုက်ပျိုးရေးသမားတွေနှင့် ပြောဆိုဆွေးနွေးသင့်ပါတယ်။ အကောင်းဆုံးအကြံပေးချင်တာကတော့ နှင်းဆီရှင်သန်ကြီးထွားနိုင်မဲ့ အချက်တွေကို မစိုက်ပျိုးခင် စိတ်ကျေနပ်မှုရသည်ထိအောင် ရှာဖွေလေ့လာရမှာပါ။

နောက် အရေးအကြီးဆုံး မဖြစ်မနေလုပ်ဆောင်သင့်တဲ့ အချက်ကတော့ ရေဆင်းကောင်းခြင်းပါ။ စိုက်ပျိုးမဲ့ မြေဟာ ရေဆင်းကောင်းမကောင်း စမ်းသပ်မယ်ဆိုရင် (၁)ပေပတ်လည် ကျင်းတစ်ကျင်းတူးလိုက်ပြီး ရေအပြည့်ဖြည့်ထားပေးပါ။ တစ်နာရီအတွင်း ရေအကုန်ခန်းမသွားဘူးဆိုရင် ရေဆင်းကောင်းအောင်လုပ်ဆောင်ပေးဖို့ လိုအပ်ပါမယ်။ ရေနည်းနည်းပဲကျန်တယ်ဆိုရင်တော့ ဓါတုပစ္စည်းအနည်းထည့်ပေးပြီးဖြေရှင်းနိုင်ပါတယ်။ အများကြီးကျန်နေတယ်ဆိုရင်တော့ အမြစ်ပတ်၀န်းကျင်နေရာ တစ်ဝုိက်မှာ ရေဆင်းပိုက် တပ်ဆင်ပေးထားဖို့ လိုအပ်ပါလိမ့်မယ်။

အခုလောက်ဆို ရင် မြေဆီလွှာအတွက်အတော်လေး အချက်အလက်စုံလင်သွားလောက်ပါပီ။ ဘယ်လိုဖြစ်ဖြစ်ပါ တကယ်စိုက်ပျိုးချိန်မှာ အတွေ့အကြုံရှိတဲ့ စိုက်ပျိုးရေးသမားတွေကတော့ အကောင်းဆုံး အကြံဥာဏ်ပေးနိုင်မှာပါပဲ။

#စိုက်ပျိုးခြင်း

နှင်းဆီပင်များဟာ စိုက်ပျိုးရတာ လွယ်ကူတဲ့ အပင်တွေပါပဲ။ အဲ အနည်းငယ်ရှုပ်ထွေးစေတာက နှင်းဆီပင်ရဲ့ ဖူးပွင့်လာမဲ့ အကိုင်းအခက်တွေ ဘယ်ဘက်ကို ရှင်သန်ကြီးထွားစေမလဲဆိုတာပါပဲ။ များစွာသောနာမည်ကြီးထင်ရှားတဲ့ နှင်းဆီပင်အမျိုးအစားတွေဟာ သူတို့ဘာသာကြီးထွားတာထက် တခြားအမှီတစ်ခုပေါ်မှာ မှီပြီး ကြီးထွားတတ်ပါတယ်။ နှင်းဆီပင်တွေကို သူ့တို့ပင်စည်မှာပဲသူ့ဘာသာ ကြီးထွားစေချင်ယင်တော့ ကွင်းပြင်ထဲမှာ အမြင့်ညီညီထားပြီး စိုက်ပျိုးခြင်းပါပဲ။ အများအားဖြင့် အပင်ရဲ့ အခြေမှာတော့ ဆွဲဆောင်နိုင်မှု လျှော့ကျသွားမှာဖြစ်ပါတယ်။

#မြစ်ပွားနှင်းဆ်ီပင်BARE-ROOT ROSES) စိုက်ပျိုးခြင်း

၁။ အမြစ်တွေကိုနာရီအနည်းငယ် ရေဆွတ်ပေးပါ။(အချိန်အကြာကြီးမထားပါနဲ့)။ အဲဒီနောက် ကျိုးပဲ့ပြီးမကောင်းတော့တဲ့ အကိုင်းအလတ်တွေကို ဖြတ်တောက်ပေးပါ။

၂။ မြေခင်းအလှလုပ်ထားတဲ့ မြေနေရာမှာ ဖြစ်နေပါစေ သင့်တော်ကြီးမားတဲ့ မြေကျင်းတူးပေးပါ။ ကျင်းအောက်ခြေမှာ အပင်ရဲ့ပင်စည်ကိုင်းနေရာကို မြေပေါ်မှာ သေချာထား နိုင်လောက်တဲ့အထိ မြေစာခဲများကို စုပုံပေးပါ။

၃။ အမြစ်တွေကို မြေစာခဲပုံပေါ်မှာ ဖြန့်တင်ပေးလိုက်ပါ။ ကျင်းမှာထည့်ဖို့ အရမ်းရှည်လွန်းနေလျှင် အနည်းငယ်ဖြတ်တောက်လိုက်ပါ။ အမြစ်တစ်လျှောက်မှာရှိတဲ့ မြေကို လေမခိုအောင်ဂရုတစိုက်ပြုလုပ်ပြီး ကျင်းတစ်၀က် ပြည့်တဲ့ အထိဖြည့်ပေးပါ။

၄။ အမြစ်တွေနှင့်မြေကြီးတွေ ရေရွဲရွဲစိုအောင် လောင်ပေးပါ။ နောက် ရေကို စီးထွက်သွားစေပြီး မြေကြီးထည့်ပေးပါ။ နောက်ရေထပ်လောင်းပါ။

၅။ မြေကြီးကို ၈လက်မမှာ ၁၂လက်မအထိ ကိုင်းများဖုံးအောင် မို့မောက်စုပုံပေးထားရပါမယ်။ ဒါမှသာ နေဒါဏ်လေဒါဏ်မှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ရှည်လျှားလွန်းတဲ့ အခက်အလက် အသစ်တွေကို ဖြည်းဖြည်းညင်းသာစွာ ဆေးကြောပြီး အပင်ခြေမှာ ဖို့ထားတဲ့ မြေကြီးများမှ လွတ်ကင်းအာင် ပြုလုပ်ထားပေးရပါမယ်။

၆။ အဲဒီနောက် ပင်စည်ခေါက်တွေမခြောက်သွေ့အောင် ပြုလုပ်ထားပေးရပါမယ်။ မြေဆွေးခဲတွေ၊ မြေစိုင်ခဲတွေက ရေငွေ့ပြန်တာကို ထိန်းသိမ်းထားပေးနိုင်ပါတယ်။ ရေညှိုမြေဆွေးများကို အပင်ကျင်းရဲ့ပတ်လည်မှာ ၁လက်မနီးပါးအထူအထိ ထည့်ပေးခြင်းကလည်း ရေမခြောက်အောင် ထိန်းထားပေးနိုင်ပါတယ်။

#ပန်းအိုးနှင်းဆီပင် (CONTAINER- GROWN ROSES)ကိုစိုက်ပျိုးခြင်း

၁။ မစိုက်ခင် ပန်းအိုးထဲကမြေများကို စွတ်စိုအောင် လုပ်ပါ။ မြေကြီးမှာ စွတ်စို(ပျော့ပြဲနေအောင် ရွဲရွဲမစိုသင့်ပါ) လာလျှင် ပန်းအိုးကို လှီးထုတ်ခြင်း ခွဲခြင်းပြုလုပ်ပေးပါ။ အမြစ်အုံကို ဖြစ်နိုင်သမျှ မထိခိုက်မိအောင်ဂရုစိုက်ပါ။ တတ်နိုင်သမျှ အနည်းဆုံးထိခိုက်မှုသာ ဖြစ်အောင်ဂရုစိုက်ရမည်။ အမြစ်များစွာမှာ ပန်းအိုးမျက်နှာပြင်တွင် တွယ်ကပ်နေတတ်သဖြင့် ဖြည်းညှင်းစွာသာ အမြစ်ရှုပ်ထွေးများကို ဖယ်ရှားပေးပါ။

၂။ မြေကျင်းထဲသို့ ဂရုတစိုက်နေရာချထားပေးပါ။ ရှုပ်ထွေးနေသော မြစ်မွှာများကို ဖြန့်ကာ နေရာချပေးပါ။ အထူးသဖြင့် အပင်၏ အမြစ်အုံကို ပြန်မထွေးအောင် ဂရုပြုရပါမယ်။ အမြစ်အုံအောက်၌ ပင်စည်အကိုင်း အနေအထားမှန်ကန်သည်အထိရအောင် မြေသားများဖြန့်ခင်း စီစဉ်ပေးပါ။

၃။ ကျန်တဲ့ အချက်များမှာ မြစ်ပွားပင်စိုက်သကဲ့သို့ အတူတူပင်ဖြစ်ပါတယ်။ သတိထားရမှာက ပန်းအိုးနှင်းဆီပင်များဟာ ကျိုးပျက်သော အမြုံပင်များရှိတတ်သဖြင့် မြေပေါ်မှာ မြေကြီး မို့မောက်စုပုံခြင်း လုပ်ဖို့မလိုအပ်ပါဘူး။

#ဂရုစိုက်ခြင်းနှင့် မြေဆီသြဇာကျွေးခြင်း

သစ်ပင်တစ်ပင်စိုက်ခြင်းကလည်း ချစ်စရာအိမ်မွေးတရိစ္ဆာန်ေ လးတွေမွေးရသလိုပါပဲ။ သူ့ကို ဂရုတစိုက်ပြုစုပေးဖို့၊ လိုအပ်ချိန်မှာ ရေလောင်း၊ မြေဆီကျွေးစတာတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ နှင်းဆီပင်တွေကတော့ ဂရုစိုက်မှုအထူးလိုအပ်တဲ့ အပင်တွေပါပဲ။
ဘာကြောင့်ဆိုတော့ နှင်းဆီတွေဟာ မြေဆီအလွန်စားပြီး အင်မတန်ဆာလောင်တတ်တဲ့ အပင်တစ်မျိုးဖြစ်နေလို့ပါ။ တနည်းပြောရရင် လိုအပ်ချက်တွေ အင်မတန်များတဲ့ အပင်ပေါ့ဗျာ။ သူ့ကိုစိုက်ထားတဲ့မြေဟာ ဗွက်ထနေအောင် စိုစွတ်ဖို့ မလိုအပ်ပေမဲ့ အစိုဓါတ်အမြဲရှိနေဖို့ လိုအပ်နေတတ်ပါတယ်။
ရေလောင်းတဲ့အခါမှာလည်း မြေအောက် (စိုက်ပျိုးအပင်ရဲ့ အမြစ်ဇုံတည်ရှိတဲ့) ၁၆လက်မ ၁၇လက်မလောက်အထိ စွတ်စိုနေအောင်လောင်းရမှာပါ။ ကိုယ်စိုက်ပျိုးချင်တဲ့ မြေမှာ ရေဘယ်လောက်လိုအပ်သလဲ စမ်းသပ်ချင်ယင်တော့ အဆင်ပြေနိုင်တဲ့ (ရေဆွဲပုံး၊ ရေပိုက်၊ ရေမွှားရေပန်း စသည်ဖြင့်) နည်းစနစ်တစ်ခုခုနဲ့ လုံလောက်နိုင်ပြီလို့ ထင်တဲ့ အထိရေလောင်းပေးပါ။ အဲဒီနောက် လောင်းလိုက်တဲ့ ရေ ဘယ်အတိုင်းအတာအထိ မြေကြီးထဲ အမှန်တကယ် စိမ့်၀င်နိုင်သလဲဆိုတာ မြေကြီး ကိုတူးကြည့်ပြီး သိနိုင်ပါတယ်။ လိုအပ်တယ်ဆိုရင် ထပ်ပြီးလောင်းဖို့ ချင့်ချိန်ရတော့မှာပေါ့။ လက်တွေ့အပင်လောင်းပြီဆိုရင်တော့ အပင်ရဲ့ အနီးတဝုိက်နားမှာ ၃လက်မလောက် ကျင်းလေးတူးလိုက်ပါ။ နောက်ရေလောင်းပြီးနောက် အဲဒီအနက်အထိ စွတ်စိုနေရင် စောင့်နေလိုက်ပါ နောက် ခြောက်သွားပြီဆိုမှ ခုနက မစိုက်ခင် တိုင်းတာပြီးဆုံးဖြတ်ထားတဲ့ ပမာဏထိ လောင်းပေးလိုက်ပါ။ အဲဒီနည်းကတော့ လက်တွေ့ရေလောင်းရာမှာ လိုအပ်သလောက် ပမာဏရရှိအောင် ခန့်မှန်းနိုင်တဲ့ အကောင်းဆုံးနည်းစနစ်တစ်ခုပါ။
နောက်အပင်ရဲ့ အခြေအနေကိုကြည့်ပြီး လိုအပ်တဲ့မြေသြဇာ ကို အချိန်ဇယားနှင့် ကျွေးပေးရမှာပါ။ ဥယျာဉ်မှူးအများစုဟာ အဲဒီဇယားကို အတော်လေး ဂရုတစိုက်လိုက်နာကြပါတယ်။ နောက် မြေသြဇာကိုလည်း အရည်ဖြစ်စေ၊ အစေ့အလုံးဖြစ်စေ၊ ဒါမှမဟုတ် နှင်းဆီအတွက် အထူးဖော်စပ်ထားတဲ့ ပစ္စည်းဖြစ်စေ ရွေးချယ်ရမှာပါ။

နွေဦးရာသီအစောပိုင်းမှာ ကိုင်းခွဲထွက်လာတတ်တဲ့ နှင်းဆီမျိုးပွား အသစ်တွေ၊ နှင်းဆီအပင်အိုကြီးတွေ နှင့် နွယ်တတ်သွားတဲ့ နှင်းဆီပင်တွေကို မြေသြဇာပြည့်ပြည်၀၀ သီးသန်း ကျွေးနိုင်ပါတယ်။ မူလမြေဆီမှာ မြေသြဇာဓါတ်ပြည့်ဝနေလျှင်တော့ မြေသြဇာ(Fertilizers) ထပ်မကျွေးပဲ ရှင်သန်နိုင်ပါတယ်။ ပထမအကြိမ် ဖူးပွင့်ပြီး နောက်တစ်ကြိမ် ဖူးပွင့်ဖို့အတွက်တော့ မြေသြဇာ(Fertilizers)ထပ်ကျွေးရပါမယ်။

မော်ဒန်နှင်းဆီပင်တွေကတော့ ကြီးထွားနေချိန်အတွင်း ပုံမှန်ကျွေးနေဖို့လိုပါတယ်။ နှင်းဆီပင်သစ်ကလေးတွေကို စိုက်ပျိုးပြီး တစ်လလောက်ထိ မြေသြဇာ ကျွေးရပါမယ်။ အကိုင်းတွေမှာ အရွက်သစ်ကလေးတွေ ထွက်လာချိန်မှာ ကျိုးပဲ့ ခြောက်သွေ့နေတဲ့ အကိုင်းအခက်များကိုဖြတ်တောက် ၊ပေါင်းသင်ရှင်းလင်းပြီး ချိန်ကတည်းကစပြီး မြေသြဇာကို ၆ပတ် မှ ၈ပတ် (သို့) ၃ ပတ်မှ ၅ပတ် ကြာတဲ့ အချိန်တိုင်းမှာ ပုံမှန် ကျွေးပေးသင့်ပါတယ်။ စိုက်ပျိုးသူအနေနဲ့
အပင်ရဲ့ အခြေအနေကို ကြည့်ပြီး အကောင်းဆုံးဖြစ်အောင် သင့်တော်သလို ကျွေးရမှာပါ။

အအေးကဲဆောင်းရာသီတွေမှာ စိုက်ပျိုးသူတွေကတော့ ပထမဆုံးဆီးနှင်း (နှင်းဦး) မကျခင် ၆ပတ်လောက် အလိုကတည်းက နိုက်ထရိုဂျက်(Nitrogen) ပါတဲ့ မြေသြဇာ ကျွေးတာကို ရပ်ထား သင့်ပါတယ်။ နိုက်ထရိုဂျင်ဟာ အအေးပိုင်းမှာ နုညံ့တဲ့ အညွန့်အတတ်တွေကြီးထွားမှုကို ပျက်စီးစေတတ်လို့ပါ။ ဖော့စပါးရပ်(Phosphrous)
နှင့် ပိုတတ်စီယမ်(Potassium) ကိုတော့ အမြစ်နှင့် အညွှန့်အတက်တွေ သန်မာအောင် ဆောင်းရာသီမှာ ဆက်ကျွေးနိုင်ပါတယ်.။

#ထိန်းသိမ်းစောင့်ရှောက်ခြင်း

နောက်ပိုင်းမှာတော့ နှင်းဆီပွင့်အောင်စောင့်ရပါတော့မယ်။ နေ့စဉ်နံနက်ပိုင်းတွေမှာ ပုံမှန်ရေလောင်းပေးသင့်ပါတယ်။ နောက် အကိုင်းများ ခြောက်လာလျှင်သော်လည်းကောင်း၊ မသန်မာသော အကိုင်းများကို လည်းကောင်း၊ အပင်ပွားများ သေသွားလျှင်သော်လည်းကောင်း ရှင်းလင်းခုတ်ထွင်ပစ်ရပါမယ်။ ကတ်ကျေး ကဲ့သို့ဖြတ်တောက်ကိရိယာကို ထက်ရှအောင် ပြုလုပ်ထားသင့်ပါတယ်။ ပင်စည်ကြီးတာတွေ ဖြတ်တောက်ဖို့အတွက် (purning saw) ပေါင်းရှင်းလွှသေးသေးတစ်လက်လည်း ဆောင်ထားသင့်ပါတယ်။ ဖြတ်တောက်ပြီးသော အကိုင်းများကို အကောင်များတတ်ခြင်း၊ နှင်းဆီ ပိုးကျခြင်းများမှ ကာကွယ်ရန် အရက်ပျံဆွတ်ဖြန်းပေးထားသင့်ပါတယ်။
အကိုင်းဖြတ်တောက်ခြင်းကို နှစ်စဉ် အပွင့် ခူးပြီးမှာ ပြုလုပ်သင့်ပါတယ်။
အပင်ခြုံကို ကန်လန့်ဖြတ်နေသော အကိုင်းများကိုလည်း ဖြတ်တောက်သင့်တယ်။ ထိုကိုင်းများကိုရှင်းခြင်းဖြင့် အပင်ခြုံအတွင်း လေနှင့်နေ ဖြတ်သန်းဖို့ ကောင်းစွာ နေရာရစေမှာပါ။
ဖြတ်တောက်ရာမှာလည်း အတိမဖြတ်ပဲ စွေစောင်းစောင်းကို အပင်ရဲ့ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး ဖြတ်တောက်ပေးပါ။ ဒါမှာသာ နောက်ပိုင်းထွက်လာမည့် အကိုင်းအသစ်တွေဟာ အပင်အလယ်မှာပဲ စုနေပါလိမ့်မယ်။ အရမ်းရှည်လွန်းတဲ့ အကိုင်းတွေကို သုံးပုံ တစ်ပုံလောက်အထိ ပိုင်းဖြတ်သင့်ပါတယ်။ အပွင့်ပွင့်ခါနီးတဲ့အခါ အပွင်းနား ကပ်နေတဲ့ အရွက်ဟာ အလက်ငါးလက်ခွဲနေတဲ့ အရွက်ပါ။ အကယ်၍ နှင်းဆီနွယ်ပင်အဖြစ် စိုက်မယ်ဆိုရင် သေချာ ဖြတ်ပိုင်းတတ်ဖို့ လိုအပ်ပါတယ်။ တကယ်ကျွမ်းကျင်တဲ့ သူနဲ့တိုင်ပင်ပြီး ပြုလုပ်ပေးသင့်ပါတယ်။

နှင်းဆီပင်တွေဟာ ပိုးမွားတွေကို အလွန်ဆွဲဆောင်နိုင်တဲ့ အပင်မျိုးပါ။ ပိုးကျခြင်း ပျက်စီးခြင်းမှာ ကာကွယ်နိုင်အောင် ပြုလုပ်ပေးသင့်တာတွေက
-နံနက်တိုင်း ရေလောင်းပေးပါ။ ဒါမှာသာ အရွက်တွေ အကိုင်းတွေ တစ်နေကုန်ခြောက်သွေ့ပြီး မှိုတတ်ခြင်းမှ ကာကွယ်နိုင်မှာပါ။
-ခြောက်သွေ့နေတဲ့ အရွက်တွေ အကိုင်းတွေ၊ မှိုတတ်နေတာတွေ တွေ့တာ နဲ့ ချက်ချင်းဖယ်ရှားပေးပါ။
-ဆောင်းတွင်းမှာဆိုလျှင် ရော်ရွက်တွေကိုဖယ်ရှားပေးပါ။
-ပေါင်းရှင်းကိုင်းဖြတ်ပြီးလျှင် ရွက်သစ်၊ ကိုင်းသစ်များမထွက်ခင် (lime-sulfure) ကဲ့သို့သော အရည်များကို အင်းဆက်ပိုးတွေ ဥမဥအောင်နှင့် အကိုင်းတွေ ရောဂါမဖြစ်အောင် ကာကွယ်တဲ့ အနေနဲ့ ဖြန်းပေးသင့်ပါတယ်။
ဒါတွေကတော့ အကြမ်းဖျင်းစောင့်ရှောက်သင့်တဲ့ အချက်တွေပါခင်ဗျာ။
တကယ်စိုက်ပျိုးခဲ့ ရင်တော့ ကျွမ်းကျင်တဲ့သူတွေနှင့် တိုင်ပင်ပြီး စိုက်ပျိုးသင့်ပါတယ်။


✅စိန်တံချူ အနီ ၁ပင်8500စိန်တံချူလိမ္မော်၁ပင်5500မှာယူလိုပါက401637341 သို့မှာယူလိုက်ပါရှင့်။မန်းလေးမှနယ်စုံကားဂိတ်ထိပို့ပ...
08/09/2022

✅စိန်တံချူ အနီ ၁ပင်8500
စိန်တံချူလိမ္မော်၁ပင်5500
မှာယူလိုပါက401637341 သို့မှာယူလိုက်ပါရှင့်။
မန်းလေးမှနယ်စုံကားဂိတ်ထိပို့ပါသည်။

စိမ်းချို သရက် အခြေဆက်ကိုင်းကူး နှစ်ချင်းသီး ✅၂ပေကျော်ဆိုဒ် ၁ပင် 8500✅၄ပေကျော် ကိုင်းခွများများ ၁ပင် 15,000မှာယူလိုပါက09...
08/09/2022

စိမ်းချို သရက်
အခြေဆက်ကိုင်းကူး နှစ်ချင်းသီး
✅၂ပေကျော်ဆိုဒ် ၁ပင် 8500
✅၄ပေကျော် ကိုင်းခွများများ ၁ပင် 15,000
မှာယူလိုပါက09401637341သို့မှာယူနိုင်ပါတယ်ရှင့် ။
မန်းလေးမှ နယ်စုံကားဂိတ်ထိပို့သည်

လှပ​နေမှု🥰
30/08/2022

လှပ​နေမှု🥰

အသစ်၀င်လာပြန်ပြီရှင့်။ပန်းပါ/ အိုးပါ/ ကြိုးပါ တစ်ပင် ၃၅၀၀ ပါရှင့်။09401637341
30/07/2022

အသစ်၀င်လာပြန်ပြီရှင့်။

ပန်းပါ/ အိုးပါ/ ကြိုးပါ တစ်ပင် ၃၅၀၀ ပါရှင့်။

09401637341

24/07/2022

ခြံစည်းရိုး အလှဆင်

သနပ်ခါး စစ်စစ် ရမယ်ရှင့်။အရမ်း​မွှေးတာ အာမခံတယ်​နော်ခြံထွက်အပင်ပါရှင့်။၁၅နှစ် ၂၀နှစ် သက်ရှည်အပင်ကြီးက ခုတ်ထားတဲ့အပင်ပါ။0...
25/06/2022

သနပ်ခါး စစ်စစ် ရမယ်ရှင့်။အရမ်း​မွှေးတာ အာမခံတယ်​နော်

ခြံထွက်အပင်ပါရှင့်။

၁၅နှစ် ၂၀နှစ် သက်ရှည်အပင်ကြီးက ခုတ်ထားတဲ့အပင်ပါ။

09401637341

မင်းဘူးမြို့။

တစ်တုံး ၁၅၀၀ , ၂၀၀၀ ,၃၀၀၀ အစားစားရှိတယ်ရှင့်။

100% စစ်တယ် ​မွှေးတယ်ရှင့်

မ​ကောင်း ​ငွေပြန်အမ်းပါမည်။

မင်မင်တို့ရွာခြံက ထွက်တဲ့အပင်ပါ​နော် ။

သနပ်ခါးစစ်စစ် အရမ်း​မွှေးတယ် 100% အာမခံပါတယ်ရှင့်။၁၅၀၀,၂၀၀၀,၂၅၀၀ အစားစားရှိတယ်ရှင့်။
23/06/2022

သနပ်ခါးစစ်စစ် အရမ်း​မွှေးတယ်
100% အာမခံပါတယ်ရှင့်။

၁၅၀၀,၂၀၀၀,၂၅၀၀ အစားစားရှိတယ်ရှင့်။

ဆောင်တော်ကူးပင်လေးတွေလိုသလောက်ရပါပီရှင့်။တစ်ပင် 3500 ပါ အများစျေးလဲရှိပါတယ်ရှင့်။လိုအပ်ပါက 09401637341သို့ မှာယူနိုင်ပါတ...
18/06/2022

ဆောင်တော်ကူးပင်လေးတွေလိုသလောက်ရပါပီရှင့်။

တစ်ပင် 3500 ပါ အများစျေးလဲရှိပါတယ်ရှင့်။

လိုအပ်ပါက 09401637341သို့ မှာယူနိုင်ပါတယ်ရှင့်
မန်းလေး မှ နယ်စုံပို့ပေးပါတယ်ရှင့်။

အက်စကို ဗန်ဒါ တစ်ပင် 15000  ကျပ်အဆန်းကြိုက်တဲ့ customer များအတွက်အပင်သးသေးလေးတစ်ထွာဘဲ ရှိပါတယ်ရှင့်နှစ်ပင်ပူးလေးပါအိမ်တွ...
13/06/2022

အက်စကို ဗန်ဒါ
တစ်ပင် 15000 ကျပ်

အဆန်းကြိုက်တဲ့ customer များအတွက်

အပင်သးသေးလေး
တစ်ထွာဘဲ ရှိပါတယ်ရှင့်
နှစ်ပင်ပူးလေးပါ
အိမ်တွင်းထားလို့ရပါတယ်
ချစ်စရာပွစိလေးပါ

ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေပါရှင့်

ဆိုင်လာဝယ်လဲရပါတယ်ရှင့် (38 ရပ်ကွက် မြောက်ဒဂုံ ပါရှင့်)
📞09401637341

တခြားမြို့ငွေကြိုလွှဲရပါမယ်ရှင့်
%ပေးရန်မလိုပါဘူးရှင့်

Mar

အရောင်ဆန်းစုသူများအတွက်ပါရှင့်ဒန်ဒိုနှင်းဆီ ၊ ဒန်ဒိုအဝါတစ်ပင် 6000ချစ်စရာ အဆန်းလေးတွေပါနော်ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေ...
12/06/2022

အရောင်ဆန်းစုသူများအတွက်ပါရှင့်

ဒန်ဒိုနှင်းဆီ ၊ ဒန်ဒိုအဝါ
တစ်ပင် 6000

ချစ်စရာ အဆန်းလေးတွေပါနော်

ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေပါရှင့်

ဆိုင်လာဝယ်လဲရပါတယ်ရှင့် (38 ရပ်ကွက် မြောက်ဒဂုံ ပါရှင့်)
📞09401637341

တခြားမြို့ငွေကြိုလွှဲရပါမယ်ရှင့်
%ပေးရန်မလိုပါဘူးရှင့်

Mar

Address


Website

Alerts

Be the first to know and let us send you an email when Wai Mar- Orchid posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share