20/10/2021
တောထဲက P ကလေးတွေအတွက် အလှူခံချင်ပါတယ်။
ဒီအချိန်ဆို အနွေးထည်က အစ လိုအပ်နေတာမို့လို့ပါ။
တစ်ဦးကို
၅၀၀
၁၀၀၀ ပဲ ထည့်ပေးပါ။
အရေးတော်ပုံ အောင်ရမယ်။
တော်လှန်ရေးကာလအတွင်း အကျိုးဆောင်ရင
တောထဲက P ကလေးတွေအတွက် အလှူခံချင်ပါတယ်။
ဒီအချိန်ဆို အနွေးထည်က အစ လိုအပ်နေတာမို့လို့ပါ။
တစ်ဦးကို
၅၀၀
၁၀၀၀ ပဲ ထည့်ပေးပါ။
အရေးတော်ပုံ အောင်ရမယ်။
ပညာရေးမောင်နှမမိသားစု ဆရာ/ဆရာမများခင်ဗျာ
NUG/MOE မှစတင်မည့် Home Base Learning အစီအစဉ်အား မိမိတို့နှင့်နီးစပ်ရာ မိဘပြည်သူ/ကျောင်းသူကျောင်းသားများသို့ သတင်းစကားပါးမိတ်ဆက်ပေးပါရန် နှင့် မိမိတို့ကိုယ်တိုင်မှလည်း လေ့လာထားရန်ဖြစ်ပါသည်။
ပြည်သူ့အစိုးရတက်ပြီး ကျောင်းများပြန်ဖွင့်ပါက ကျောင်းသူ/ကျောင်းသားများကို Placement Test ဖြင့် စစ်ဆေးတိုင်းတာပြီး ဆက်လက်အတန်းတင်ပေးပါမည်။
သို့ဖြစ်ပါ၍ ကျောင်းသူ/ကျောင်းသားများသည်
ယခုအချိန်၌ မိမိတို့ရောက်စဲအတန်း သင်ခန်းစာများကို တတ်မြောက်ထားရမည်ဖြစ်ပါသည်။
အားလုံးဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။
💐💐💐💐💐💐💪💪💪💪💪💪🌹🌹🌹🌺🌺🌺🏵️🏵️🏵️🌼🌻
အခြေခံပညာ သင်ကြားရေးဆိုင်ရာ အထောက်အကူပြု အရင်းအမြစ်များ
အောက်ပါ link မှတဆင့်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://sway.office.com/BVcufM25VBe9TqJN?ref=Link
ဤသင်ကြားရေးဆိုင်ရာအရင်းအမြစ်များသည် Internet မရရှိသောဒေသနှင့် Internet ရရှိသော်လည်း နည်းပညာအားနည်းသော ဒေသများအတွက် ပညာရေးဆိုင်ရာ အထောက်အပံ့တစ်ခုဖြစ်စေရန်ရည်ရွယ်ပါသည်။
ဤသင်ကြားရေးဆိုင်ရာ အရင်းအမြစ်များတွင် အခြေခံပညာကျောင်းသားများ (ပထမတန်း မှ ဒဿမတန်း စနစ်ဟောင်းအထိ) သင်ခန်းစာအစုံအလင်ပါဝင်ပါသည်။
နေအိမ်အခြေပြု သင်ကြားရေးနှင့် ရပ်ရွာအခြေပြုစနစ်များကို ဦးတည်၍ ပြုလုပ်ထားခြင်းဖြစ်ပါသည်။
ကျောင်းသားတစ်ဦးအတွက် တစ်နေ့လျှင် သင်ခန်းစာအရင်းအမြစ်များမှ မိမိအတန်းအလိုက် သင်ခန်းစာ ဗီဒီယိုများကို ၂ ခုမှ ၃ ခုအထိ ကြည့်ရှုကြပါရန် တိုက်တွန်းပါသည်။
သင်ကြားရေး Video တစ်ခုလျှင် ၂ ခါမှ ၃ ခါအထိ အထပ်ထပ် အခါခါ ကြည့်ရှုလေ့လာပေးရန်တိုက်တွန်းပါသည်။
ဘာသာရပ်များကိုလည်း မျှတအောင် လေ့လာရန်လိုအပ်ပါသည်။
သင်ခန်းစာများကို ကြည့်ရှုပြီးနောက် မိမိသင်ကြားသော ပုံစံနှင့်လိုက်၍ နောက်ဆုံးတွင် ပေးထားသည့်အတိုင်း မှတ်တမ်းများပြုစုထားရန်လိုအပ်ပြီး မှတ်တမ်းများကိုလည်း စနစ်တကျသိမ်းဆည်းထားရန်လိုအပ်ပါသည်။
(မှတ်တမ်းကို နောက်ဆုံးစာမျက်နှာများတွင် ကြည့်ရှုနိုင်ပါသည်။)
မူလတန်း၏ အတန်းအလိုက် နှင့် ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ
Grade-1 (ပထမတန်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ
Grade-1 Myanmar (ပထမတန်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5m2KO528jhLAg1gnwmFpBIX
Grade-1 English (ပထမတန်း အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5mfbhMAGcLSC_aXWHxB1_Eb
Grade-1 Mathematics (ပထမတန်း သင်္ချာ)
https://youtube.com/playlist?list=PLP097oG8JQ5mehaFywLtFITE5abOZekpJ
Grade-1 Science (ပထမတန်း သိပ္ပံ)
https://youtube.com/playlist?list=PLP097oG8JQ5kIT-JHz159JmyfUIjfoI8_
Grade-1 Moral (ပထမတန်း စာရိတ္တနှင့် ပြည်သူ့နီတိ)
https://youtube.com/playlist?list=PLP097oG8JQ5mWvU8ckJkxwpffWCL8E00N
Grade-1 Life Skill (ပထမတန်း ဘဝတွက်တာကျွမ်းကျင်စရာ)
https://youtube.com/playlist?list=PLP097oG8JQ5nEZ9UWACGkG1AI2ftyiEU0
Grade-1 Social (ပထမတန်း လူမှုရေး)
https://youtube.com/playlist?list=PLP097oG8JQ5lIsIe--SDtuq6Y2nDRKuex
Grade-2 (ဒုတိယတန်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ
Grade-2 Myanmar (ဒုတိယတန်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5mZaGCbwKfrmTyd9gjhZS2l
Grade-2 English (ဒုတိယတန်း အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5kAjm5Y7iJBxLgitGea0TpA
Grade-2 Mathematics (ဒုတိယတန်း သင်္ချာ)
https://youtube.com/playlist?list=PLP097oG8JQ5lwCnXP2PDDV3RC0apATvBm
Grade-2 Science (ဒုတိယတန်း သိပ္ပံ)
https://youtube.com/playlist?list=PLP097oG8JQ5nSLp-P_6nJhiah-Af7sDyt
Grade-2 Moral (ဒုတိယတန်း စာရိတ္တနှင့် ပြည်သူ့နီတိ)
https://youtube.com/playlist?list=PLP097oG8JQ5mCmHw8IIsNrHjs0wIyVeLF
Grade-2 Life Skill (ဒုတိယတန်း ဘဝတွက်တာကျွမ်းကျင်စရာ)
https://youtube.com/playlist?list=PLP097oG8JQ5kDHeHo88T2QGFogqKl1xFz
Grade-2 Social (ဒုတိယတန်း လူမှုရေး)
https://youtube.com/playlist?list=PLP097oG8JQ5m3s84iT33jH7RS6JPUdBq5
Grade-3 (တတိယတန်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ
Grade-3 Myanmar (တတိယတန်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5kC7o3r0H89XwJJgvS3wPO_
Grade-3 English (တတိယတန်း အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5lkEndBS7M73-cQjdHlPN_e
Grade-3 Mathematics (တတိယတန်း သင်္ချာ)
https://youtube.com/playlist?list=PLP097oG8JQ5nMUGIw84Pa7QdROcXimRuF
Grade-3 Science (တတိယတန်း သိပ္ပံ)
https://youtube.com/playlist?list=PLP097oG8JQ5mNrkrDAZ_W-_WLyPVSWs3_
Grade-3 Moral (တတိယတန်း စာရိတ္တနှင့် ပြည်သူ့နီတိ)
https://youtube.com/playlist?list=PLP097oG8JQ5l11ymZSmd3_4vLVF-bMgNE
Grade-3 Life Skills (တတိယတန်း ဘဝတွက်တာကျွမ်းကျင်စရာ)
https://youtube.com/playlist?list=PLP097oG8JQ5nA1EXwPqkjBu8dT-_F0-27
Grade-3 Social (တတိယတန်း လူမှုရေး)
https://youtube.com/playlist?list=PLP097oG8JQ5lreieOLO5lZ9_Mr3aJdheL
Grade-4 (စတုတ္ထတန်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ
Grade-4 Myanmar (စတုတ္ထတန်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5lu-XJI0uB3sDynoxIv3YMH
Grade-4 English (စတုတ္ထတန်း အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5nhZhBMq0DN4LF6wCrYQj5z
Grade-4 Mathematics (စတုတ္ထတန်း သင်္ချာ)
https://youtube.com/playlist?list=PLP097oG8JQ5mTo-pKoGmco7quH5abH8h5
Grade-4 Science (စတုတ်ထတနျး သိပ်ပံ)
https://youtube.com/playlist?list=PLP097oG8JQ5ksbVRLrdqTGd0HTcfFwY11
Grade-4 Moral (စတုတ္ထတန်း စာရိတ္တနှင့် ပြည်သူ့နီတိ)
https://youtube.com/playlist?list=PLP097oG8JQ5lOPnjANroILr0LMMj21xUM
Grade-4 Life Skills (စတုတ္ထတန်း ဘဝတွက်တာကျွမ်းကျင်စရာ)
https://youtube.com/playlist?list=PLP097oG8JQ5my2YsD7FcrAb3jDAeCI63Q
Grade-4 Social (စတုတ္ထတန်း လူမှုရေး)
https://youtube.com/playlist?list=PLP097oG8JQ5m_xktB1M4XNImqIyWk2H4H
အလယ်တန်း၏ အတန်းအလိုက် နှင့် ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ
Grade-6 (ဆဌမတန်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ
Grade-6 Myanmar (ဆဌမတန်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5l9YKcvKD2TKAx7MHWe-kVR
Grade-6 English (ဆဌမတန်း အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5k3lzGbBwZ3U9mpO4SSP2Xk
Grade-6 Mathematics-1 (ဆဌမတန်း သင်္ချာ-၁)
https://youtube.com/playlist?list=PLP097oG8JQ5mAh7yIfuGbg4Sx8fs3vC0C
Grade-6 Mathematics-2 (ဆဌမတန်း သင်္ချာ-၂)
https://youtube.com/playlist?list=PLP097oG8JQ5mpSl7kb-PrSgLchpj_gsSs
Grade-6 Science (ဆဌမတန်း သိပ္ပံ)
https://youtube.com/playlist?list=PLP097oG8JQ5kpd8MXLQtmva-bHHZX73Xd
Grade-6 Geography (ဆဌမတန်း ပထဝီဝင်)
https://youtube.com/playlist?list=PLP097oG8JQ5kVACoCcOG6IG-p3tTFVBSI
Grade-6 History (ဆဌမတန်း သမိုင်း)
https://youtube.com/playlist?list=PLP097oG8JQ5kw1biIksxZlocSn556ir9Q
Grade-7 (သတ္တမတန်း စနစ်သစ်) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ
Grade-7 Myanmar (သတ္တမတန်း စနစ်သစ် မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5nczlLbe-P333BU8eHFzTzm
Grade-7 English (သတ္တမတန်း စနစ်သစ် အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5nwDILs7MPxlaGx4utR12-Y
Grade-7 Mathematics-1 (သတ္တမတန်း စနစ်သစ် သင်္ချာ-၁)
https://youtube.com/playlist?list=PLP097oG8JQ5mIz-SkXmutFlCDU4dgsPmc
Grade-7 Mathematics-2 (သတ္တမတန်း စနစ်သစ် သင်္ချာ-၂)
https://youtube.com/playlist?list=PLP097oG8JQ5li9Jcoqx1VXm2FUh7Vd5lU
Grade-7 Science (သတ္တမတန်း စနစ်သစ် သိပ္ပံ)
https://youtube.com/playlist?list=PLP097oG8JQ5mLVYU2UleGeZyFA9ZJOox6
Grade-7 Geography (သတ္တမတန်း စနစ်သစ် ပထဝီဝင်)
https://youtube.com/playlist?list=PLP097oG8JQ5lS7q_RxCaZCwNwnj7wr3f-
Grade-7 History (သတ္တမတန်း စနစ်သစ် သမိုင်း)
https://youtube.com/playlist?list=PLP097oG8JQ5ndp319dhE3MJbZWBG6zKc3
Grade-8 (သတ္တမတန်း စနစ်ဟောင်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ
Grade-8 Myanmar (သတ္တမတန်း စနစ်ဟောင်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5k6QzTpcDqZIluUe6Nj7gKJ
Grade-8 English (သတ္တမတန်း စနစ်ဟောင်း အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5nLoRUjqqP9hNvGGTBXOT33
Grade-8 Mathematics-1 (သတ္တမတန်း စနစ်ဟောင်း သင်္ချာ- ၁)
https://youtube.com/playlist?list=PLP097oG8JQ5kodo9dcOk5gOf9fcv3GiBh
Grade-8 Mathematics-2 (သတ္တမတန်း စနစ်ဟောင်း သင်္ချာ-၂)
https://youtube.com/playlist?list=PLP097oG8JQ5m5SLKYIdwBSWD8JDcjmc62
Grade-8 Science (သတ္တမတန်း စနစ်ဟောင်း သိပ္ပံ)
https://youtube.com/playlist?list=PLP097oG8JQ5mQnavcCcqIEUTqG5ocipcf
Grade-8 Geography (သတ္တမတန်း စနစ်ဟောင်း ပထဝီဝင်)
https://youtube.com/playlist?list=PLP097oG8JQ5n6kNE5NYD97xZtUuacL2PD
Grade-8 History (သတ္တမတန်း စနစ်ဟောင်း သမိုင်း)
https://youtube.com/playlist?list=PLP097oG8JQ5nHGSFaFLltDR2Xjk-4w559
Grade-9 (အဌမတန်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ
Grade-9 Myanmar (အဌမတန်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5n3vugDIA-tpKlLvUFr59Qa
Grade-9 English (အဌမတန်း အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5kpxqLs3PqpzqrctTZaISeN
Grade-9 Mathematics-1 (အဌမတန်း သင်္ချာ-၁)
https://youtube.com/playlist?list=PLP097oG8JQ5nPoGxhvxd5WenIMlB0tPaE
Grade-9 Mathematics-2 (အဌမတန်း သင်္ချာ-၂)
https://youtube.com/playlist?list=PLP097oG8JQ5kAxTmpQe8_lQ5bTTX120K-
Grade-9 Science (အဌမတန်း သိပ္ပံ)
https://youtube.com/playlist?list=PLP097oG8JQ5neafVpD7lO56xdckL_TztC
Grade-9 Geography (အဌမတန်း ပထဝီဝင်)
https://youtube.com/playlist?list=PLP097oG8JQ5l561SjM_jptcrViiyGHjjh
Grade-9 History (အဌမတန်း သမိုင်း)
https://youtube.com/playlist?list=PLP097oG8JQ5lCKYaDhDTM-ocA7-Mw-jn7
အထက်တန်း၏ အတန်းအလိုက် နှင့် ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ
Grade-10 (ဒဿမတန်း စနစ်သစ်) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ
Grade-10 Myanmar (ဒဿမတန်း စနစ်သစ် မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5luMZjXjKCJl-nfGSBCHbVs
Grade-10 English (ဒဿမတန်း စနစ်သစ် အင်္ဂလိပ်)
https://youtube.com/playlist?list=PLP097oG8JQ5nAzBFfOWrq7brggqZx_5le
Grade-10 Mathematics (ဒဿမတန်း စနစ်သစ် သင်္ချာ)
https://youtube.com/playlist?list=PLP097oG8JQ5lpmc_ngQbA1iX9ntt0aMFK
Grade-10 Physics (ဒဿမတန်း စနစ်သစ် ရူပဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5llucVGa8fwGNqpdI8lXX9s
Grade-10 Chemistry (ဒဿမတန်း စနစ်သစ် ဓာတုဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5k--cQLVqPbOc_pi_msrsMi
Grade-10 Biology (ဒဿမတန်း စနစ်သစ် ဇီဝဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5lTjnZbBwWuRl7SCg0y3om5
Grade-10 Economics (ဒဿမတန်း စနစ်သစ် ဘောဂဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5lmSrZ0DWXKGYU-cxNdZ8ej
Grade-11 (ဒဿမတန်း စနစ်ဟောင်း) ဘာသာရပ်အလိုက် သင်ခန်းစာ အရင်းအမြစ်များ
Grade-11 Myanmar (ဒဿမတန်း စနစ်ဟောင်း မြန်မာစာ)
https://youtube.com/playlist?list=PLP097oG8JQ5lFnqbIvo0mvwe4sb5h-mhJ
Grade-11 English (ဒဿမတန်း စနစ်ဟောင်း အင်္ဂလိပ်စာ)
https://youtube.com/playlist?list=PLP097oG8JQ5nFsJ0yPo_FtxGMR3lktx7b
Grade-11 Mathematics (ဒဿမတန်း စနစ်ဟောင်း သင်္ချာ)
https://youtube.com/playlist?list=PLP097oG8JQ5nyLsodedFLQefps-lDAY9e
Grade-11 Physics (ဒဿမတန်း စနစ်ဟောင်း ရူပဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5kH8PFZYKjzYt9A4DUh3Yxn
Grade-11 Chemistry (ဒဿမတန်း စနစ်ဟောင်း ဓာတုဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5kkksDgJzSG0zUlXiwVr1wA
Grade-11 Biology (ဒဿမတန်း စနစ်ဟောင်း ဇီဝဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5m2jcQ_ApvLGNdp9MhkNbii
Grade-11 Economics (ဒဿမတန်း စနစ်ဟောင်း ဘောဂဗေဒ)
https://youtube.com/playlist?list=PLP097oG8JQ5nAxO5-LY_n4MhLt7cMKfuw
ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သော သင်ကြားရေးဆိုင်ရာ မှတ်တမ်းများ
ကျောင်းသား၊ ကျောင်းသူများအတွက် နေအိမ်အခြေပြုသင်ကြားရေးဆိုင်ရာမှတ်တမ်းကို အောက်ပါ link မှတဆင့် download ရယူနိုင်ပါသည်။
https://foeimyanmar-my.sharepoint.com/:b:/g/personal/khant_thu_foeim_org/EdSCtp5QMyRFia8kcrvJX_IB-LJi0oRmwWZCSkDNsr6uWw?e=xXHV1L
ကျောင်းသား၊ ကျောင်းသူများအတွက် ရပ်ရွာအခြေပြုသင်ကြားရေးဆိုင်ရာမှတ်တမ်းကို အောက်ပါ link မှတဆင့် download ရယူနိုင်ပါသည်။
https://foeimyanmar-my.sharepoint.com/:b:/g/personal/khant_thu_foeim_org/EUJ0wtVJL0JLszvFJTjTsekBKM2yL3nExyohLjE4Ryjy1A?e=oa08w6
တစ်မီနစ်ဆက်တောင့်ခံလိုက်ရင်
------------------------------------------
ထားဝယ်ကနေ ပီနန်ကိုခိုးလှေနဲ့ တစ်ခေါက်ပဲ
လိုက်သွားဖူးတယ်။ပီနန်ဆိုတာဘယ်လိုလဲသိချင်လို့
လိုက်သွားခဲ့တာ။တစ်ခေါက်ဆိုတစ်ခေါက်ပဲ ပင်လယ်
ဓားမြနဲ့တိုးတယ်။ကျွန်တော်တို့စက်လှေက တန်တစ်
ရာကျော်စက်လှေ။ဓားမြစက်လှေက တန် ၃၀လောက်
ပဲဝန်တင်နိုင်မယ့်လှေငယ်။ငါးလှေကလေး။
ဓားမြလှေသွားနှုန်းကကျွန်တော်တို့ထက်ပိုမြန်
တယ်။ကျွန်တော်တို့လှေက စက်ကုန်ဖွင့်မှ ရေမိုင် ၁၂
မိုင်လောက်ပြေးတယ်။ဓားမြလှေကရေမိုင် ၁၅မိုင်
လောက်ပြေးတယ်။သူတို့လှေနောက်ကလိုက်လာတော့ ကျွန်တော်တို့စက်ကုန်ဖွင့်မောင်းပြေးတယ်။သူ
တို့ကလည်းစက်ကုန်ဖွင့်လိုက်တယ်။
သူတို့လှေကကျွန်တော်တို့လှေနဲ့တော်တော်လှမ်း
သေးတယ်။ကျွန်တော်တို့စမြင်တဲ့အချိန်မှာ ရေပြင်
ပေါ် ထင်းတုံးတစ်တုံးမျောနေသလောက်ပဲရှိသေးတယ်။သူတို့ကျွန်တော်တို့ကိုမီဖို့ ၂နာရီလောက်လိုက်
ရတယ်။နောက်ကနေသေနတ်တွေနဲ့လှမ်းပစ်တယ်။
79 မော်တာနဲ့ထုတယ်။မော်တာသုံးချက်မှာ နောက်
ဆုံးတစ်ချက်က ပဲ့ဖျားကအိမ်သာကိုထိတယ်။
ကျည်တွေကလှေပေါ်ကိုရောက်လာပြီ။ကျွန်တော်
တို့အမိုးပေါ်တက်ပြီး ပဲဲ့ကနေသူတို့ဘက်ခေါင်းတည်
ဝပ်နေကြတယ်။ချိတ်ပိတ်တဲ့သံပြားတွေကို တစ်ချက်
ချင်းထုတယ်။သေနတ်သံလို့ထင်အောင်တဲ့။သူတို့တောက်လျှောက်ပစ်တယ်။ကျွန်တော်တို့ကစက်အ
ရှိန်ကိုမြှင့်ထားတော့ ရုတ်တရက်ဝင်မကပ်ရဲဘူး။သေ
နတ်တွေနဲ့ပဲပစ်နေကြတယ်။
ပဲ့နင်းတစ်ယောက်ပဲ ပဲ့ကိုင်ရင်းနေရာရွှေ့လို့မရ
တာ။ကျွန်တော်တို့ကဝပ်နေကြတော့ ကျည်မထိဘူး။
ပစ်တာကတော့ဒလစပ်ပဲ။ပဲ့နင်းကိုအဓိကထားပစ်နေ
ကြတာ။ပဲ့နင်းကသူ့အခန်းကိုပိတ်ပြီး တက်ကိုဆက်ကိုင်ထားပြီး တည့်တည့်မဖြစ်အောင် ဘေးနည်းနည်းကစားပေးနေတယ်။အခန်းပိတ်ထားပေမယ့်သစ်သားကိုဖောက်ပြီး ပဲ့နင်းပေါင်ကိုလာမှန်တယ်။
ဆက်မောင်းနေရင် သူတို့ကလည်းဆက်ပစ်နေကြမှာပဲ။လှေချင်းတော့မကပ်ရဲဘူး။ကျွန်တော်တို့က
လည်းစက်ကုန်ဖွင့်ထားတော့ လှေသွားနှုန်းကမြန်နေ
တယ်။ဝင်ကပ်လိုက်ရင် လှေချင်းဆောင့်မိပြီး မှောက်
သွားနိုင်တယ်။မှောက်မယ်ဆိုရင် ငယ်တဲ့သူတို့လှေ
မှောက်မှာပဲ။ပဲ့နင်းလက်မောင်းကိုသေနတ်တစ်ချက်
မှန်သွားပြန်တယ်။
" ဒီပုံစံဆိုမလွယ်တော့ဘူး၊စက်ရှိန်လျှော့ပေးမှ
ဖြစ်တော့မယ်၊တက်ဘယ်သူကိုင်မလဲ "
ပဲ့နင်းကသူ့အောက်မှာဝပ်နေတဲ့လူတွေကိုမေးတယ်။တက်ကိုလည်း ကြိုးနဲ့အသေချည်လိုက်တော့
တယ်။တည့်တည့်မောင်းပေရော့ပဲ။တည့်တည့်မောင်းရင်တော့သူတို့ဝင်ကပ်ရဲသွားမှာပဲ။စက်ကိုအရှိန်မလျှော့ဘဲ တက်မကိုပဲတည့်တည့်အသေချည်ပြီး ပဲ့
နင်းလည်းဝပ်ရတော့တာပဲ။
ဓားမြလှေကဘေးကနေနည်းနည်းခွာပြီး လိုက်
နေတယ်။တောက်လျှောက်ပစ်နေတာဆိုတော့ အချက်ရာချီရှိနေပြီ။79နဲ့ပဲ့နင်းခန်းကိုတစ်ချက်ထုတယ်။
" စက်လျှော့စမ်း၊မလျှော့ရင်လှေပေါ်ရောက်တာနဲ့အကုန်သေပြီမှတ်တော့ "
ဓားမြတွေကလှမ်းအော်တယ်။
" အသက်ချမ်းသာပေးရင် လျှော့မယ် "
စက်လှေတာဝန်ခံကလှမ်းအော်တယ်။
" လူမလုပ်ဘူး၊ပစ္စည်းပဲယူမယ် "
ကျွန်တော်တို့စက်လှေလီဗာလျှော့ချပေးလိုက်တယ်။သူတို့လှေပေါ်တက်လာကြတယ်။သေနတ်တွေ
နဲ့ချိန်ပြီး လှေရှေ့ကုန်းပတ်ပေါ်မှာမှောက်ခိုင်းတယ်။
ပြီးတော့ကျွန်တော်တို့သယ်လာတဲ့ ရာဘာနဲ့ခဲမဖြူတွေကို သူတို့လှေထဲချခိုင်းတယ်။ဓားမြလှေထဲကစက်ဆရာကျွန်တော်တို့လှေပေါ်တက်လာတယ်။ဒီဇယ်
တွေသူ့ဆီတိုင်ကီထဲထည့်တယ်။
" လက်မတင်ကလေးပဲ၊ဆီကုန်နေပြီဗျ၊တစ်မီနစ်
စာတောင်မရှိတော့ဘူး"
ဓားမြလှေကစက်ဆရာကပြောတယ်။သူ့လှေကငါးလှေ။သူ့ကိုလည်းဓားမြတွေက လှေဓားမြတိုက်ခေါ်လာကြတာတဲ့။
တစ်မီနစ်ဆိုတဲ့စက်ဆရာစကားကကျွန်တော့နား
ထဲကမထွက်ဘူး။အဲဒီတစ်မီနစ်ကိုသာတောင့်ခံလိုက်ရင် သူတို့စက်လှေဆီကုန်ပြီ။အဲဒီတစ်မီနစ်ဟာ ကျွန်
တော်တို့အတွက်မဟုတ်ဘဲ ဓားမြတွေအတွက်ဖြစ်သွားတယ်။အဲဒီတစ်မီနစ်ကို ဓားမြလှေကသိပေမယ့်
ကျွန်တော်တို့ကမသိဘူး။အဲဒီတစ်မီနစ်အတွက်ကိုသူတို့ကြောက်အားလန့်အားနဲ့ ပစ်ခတ်နေကြတယ်ဆိုတာ
လည်းကျွန်တော်တို့မသိဘူး။
ကျွန်တော်တို့မသိလို့စက်လျှော့လိုက်တယ်။ပစ္စည်းတွေသူတို့လှေထဲချပြီးလို့ ဒီဇယ်တွေလည်းဖြည့်ပြီးတာနဲ့ ကျွန်တော်တို့စက်ကနော်ဇယ်ပိုက်တွေကိုဖြုတ်ယူသွားတယ်။ဓားမြဗိုလ်ကပြောတယ်။
" မင်းတို့ကိုအသက်ရှင်ခွင့်ပေးခဲ့မယ်၊မင်းတို့ကငါ
တို့ရဲ့အသက်သခင်တွေဖြစ်လို့ပဲ၊တစ်မီနစ်လောက်မင်းတို့ဆက်မောင်းနေရင် ငါတို့လှေပင်လယ်
ထဲမျောချင်ရာမျောပြီးသေသွားနိုင်တယ် "
တစ်မီနစ်။ကျွန်တော်တို့တစ်မီနစ်ပဲတောင့်ခံရတော့မယ်ဆိုတာမသိလို့ အရှုံးပေးလိုက်ရတယ်။
credit စိုး ဘား ဒိုင်
photo : Crd
၁၈.၉.၂၀၂၁
တစ်ဖက်က လူတွေရဲ့ အားအသာဆုံးက စစ်တိုက်တာ ဖြစ်တယ်။ တစ်သက်လုံး ဒါပဲ လုပ်လာတော့ ဒါမှ မလုပ်တတ်ရင်လည်း လဲသာသေဖို့ ရှိတယ်ပေါ့။
ဒီဘက်က အားအနည်းဆုံးကလည်း ကာကွယ်ရေး ဝန်ကြီးဌာန ဖြစ်တယ်။ ဒါကလည်း အဆန်းတော့ မဟုတ်ဘူး။ တစ်ခါမှမှ မလုပ်ဖူးတာကို။ ဘယ်တုန်းက အဲ့ဌာန အရပ်သား ကိုင်တွယ်ရဖူးလို့လဲ။
နောက် လက်နက်အင်အား ကြည့်မလား။ ဘတ်ဂျက်ဆိုရင် ကံစမ်းမဲရောင်းရငွေက ၇ သန်းရတယ်ထား။ စစ်တပ်က ရေနံနဲ့ သဘာဝဓါတ်ငွေ့ကနေ ၂၀၂၀-၂၀၂၁ အတွက် ရတဲ့ငွေက (ခန့်မှန်းချက်အရ) ဘီလီယံ ၁.၅ သန်း ရှိတယ်။ (Ref: Justice for Myanmar) အဲဒါ တစ်နှစ်စာ၊ လမ်းကြောင်းတစ်ခုတည်းက ရတာ။ ယှဥ်တွက်ကြည့်ရင် 0.46% ပဲ ရှိတယ်။
နောက်ပြီး ထောက်ပံ့ကူညီရေးကအစ အတော်ခက်ခဲလာတယ်။ လှူကြပါ လှူကြပါ ဆိုပေမဲ့ လှူရတာကိုပဲ အတော်ခက်လာတယ်။ သတိထားလာရတယ်။ သတင်းထုတ်ပြန်တယ်၊ ချိတ်ဆက်တယ် ဆိုလည်း ဒီ Fb ပလက်ဖောင်းကိုပဲ သုံးနေကြရတယ်။
စစ်အာဏာရှင်က ပေးခဲ့တဲ့ ဆိုးမွေတွေလို့ ပြောရမဲ့ အသင်းအဖွဲ့ စိတ်ဓါတ်မရှိခြင်း၊ သဘောထား သေးခြင်း၊ အလုပ်ကို Result oriented mindset နဲ့ အလုပ်မလုပ်တတ်ခြင်း စတဲ့ ပြသနာတွေနဲ့လည်း ကိုယ်တွေမှာ ရင်ဆိုင်နေရသေးတယ်။
ဆိုတော့ ဒီတိုက်ပွဲ မြန်မလား ကြာမလား စဥ်းစားသာကြည့်။
ဒါကြောင့် ဘယ်နေရာမှာ စခ ဘယ်နှကောင် ကျသွားတယ် ဆိုတာလောက်နဲ့ ဝမ်းသာမနေပါနဲ့။ ဒရုန်းနဲ့ တိုက်မှာတို့၊ GenZ တွေက နည်းပညာပိုင်း အားသာတယ်တို့နဲ့လည်း သာယာမနေကြပါနဲ့။ ကိုယ်လုပ်သင့်လုပ်နိုင်တာကို ဖိဖိစီးစီး လုပ်ကြဖို့ လိုပါတယ်။
ကိုယ့်ဆီ ငွေဝင်ပြီး သူ့ဆီ မဝင်ဖို့အတွက်
၁။ Fundraising - အလှူငွေရှာဖို့၊ လိုအပ်သူဆီ ပို့ပေးနိုင်ဖို့၊ ကိုယ့်ပြည်တွင်းက ငွေပဲ သူ့ဟာ ကိုယ့်ဆီရောက် မဟုတ်ဘဲ YouTube channel တွေ၊ နိုင်ငံခြားရောက် မြန်မာတွေဆီကနေ ငွေတွေ ဝင်လာဖို့
၂။ ထောက်ပံ့ကူညီရေး
၃။ စစ်တပ်ရဲ့ စီးပွားရေးဒေါက်တိုင်တွေကို ဖျက်ဆီးရေး
ကိုယ့်ဆီ အင်အားများပြီး သူ့ဆီ နည်းဖို့အတွက်
၁။ NUG+EAO+PDF+LDF တွေကြားထဲ ပူးပေါင်းဆောင်ရွက်မှု
၂။ စစ်ပွဲဖြစ်တဲ့အတွက် ဒီမိုကရေစီဆန်ဆန် လုပ်နေလို့ မရဘဲ Chain of command ပီပီပြင်ပြင် ရှိနေဖို့
၃။ စကစ ကို ဘက်ပေါင်းစုံကနေ ထိုးနှက်နေဖို့ (သပိတ်၊ မြို့ပြပြောက်ကျား စသဖြင့်)
၄။ တရုတ်အပါအဝင် နိုင်ငံတကာ သံတမန်ရေးရာ
၅။ စစ်သားနဲ့ ရဲ CDM
ဒါ စဥ်းစားမိသလောက် ရေးတာ။ အများစုကတော့ NUG က ဦးဆောင်ရမှာတွေ ဖြစ်နေတယ်။
ပြည်သူတွေအနေနဲ့ကတော့ -
◾ငွေလှူဖို့
◾စစ်တပ်နဲ့ စစ်တပ်ကို ကူညီနေတဲ့ ခရိုနီစီးပွားရေးတွေ သပိတ်မှောက်ဖို့
◾စကစကို ထိုးနှက်နေကြသူတွေ၊ မြေပြင်က လူငယ်တွေကို အကာအကွယ်ပေးဖို့
◾စစ်သားတွေ၊ ရဲတွေ CDM ပိုလုပ်လာအောင် ကူပေးဖို့
◾လူတိုင်းတော့ ကြောက်တာပဲဆိုပေမဲ့ ကိုယ့်ရင်ထဲက အကြောက်တရား၊ ကိုယ့်ထိမှာ စိုးတဲ့စိတ်ကလေးကို နည်းနည်းလျှော့ပြီး ပါဝင်ကူညီကြဖို့ လိုပါတယ်။
ဆဲရုံနဲ့သာ တော်လှန်ရေး အောင်မြင်မယ် ဆိုရင်တော့ ဖေဖော်ဝါရီကတည်းက ဇာတ်လမ်းပြတ်ပါတယ်။ ဆန္ဒတစ်ခုတည်းနဲ့လည်း အရာရာ မအောင်မြင်နိုင်ပါဘူး။ ဝီရိယ ရှိရမယ်။ စိတ်ဓါတ်လည်း ခိုင်မာရမယ်။ နည်းနည်းခြောက်လိုက်တာနဲ့ ကြောက်သွား၊ ကိုယ့်ထိတော့မယ် ဆိုတာနဲ့ တွန့်သွား ဖြစ်လို့ မရဘူး။ နောက်ပြီး ပညာလည်း ရှိရမယ်။ ဒီအဓိပတိ ၄ ပါး ပေါင်းစည်းမှပဲ တော်လှန်ရေးက အောင်မြင်ပါလိမ့်မယ်။
credit
ဒီပုံစံအတိုင်းဆို
မအလ မအလက
ရင်ဆိုင်ရမှာတွေ အများသားပဲကို
ဒါကို အပြီးမသတ်နိုင်သေးဘူး
ဒေါ်စု ရဲ့စနက်ကြောင့် တပ်မတော်ကို လူမျိုးလိမ်နဲ့ပတ်သက်
လို့ icj ကနေ #ဂျီနိုဆိုက်နဲ့ တရားစွဲထားတာ မကြာသေးပါဘူး
တလောကတောင် icj ကခေါ်လို့ နိုင်ငံခြားရေးဝန်ကြီးက အကြောင်းပြန်စာရေးသားပေးပို့ဖြေရှင်းခဲ့ပါတယ်..
မြန်မာစစ်တပ်က pdf အကြမ်းဖက်သမားကို ၈၈ကလို ဝုန်းလိုက်ရင် #ဂျီနိုဆိုက်ဆိုပြီးအပ်ကွက်ဖမ်းဖို့စောင့်နေတဲ့သူတွေရှိတယ် အမျိုးတို့သတိမထားမိကြလို့ မတွေးမိတာပါ.
နောက်ထပ်အရေးကြီးတစ်ချက်က #ဂျော့ဆိုးရော့ပါ သူကကိုင်လှုပ်လိုက်ရင် asean တောင်မှ ဘဏ်တွေပြိုလဲနိုင်တဲ့အထိ
ငွေကြေးမှာ ပါဝါကြီးပါတယ်.
ဒါကြောင့် နစက ကဘဏ်တွေကို
ဦးစွာထိန်းချုပ်ပြီးမှ ဆူပူဆန္ဒပြသူများကို ဖြေရှင်းခဲ့တာပါ
ဒါတောင်မှ us မှာ nld က usd 1000 သန်းသွားအပ်နှံထား
တာ ဂျိုးဘိုက်ဒင်ပြောပြမှ သိရတဲ့အခြေအနေပါ..
နောက်တစ်ချက်က oic ဆီကငွေကြေးတွေယူပြီး မြန်မာမှာ
ဗုဒ္ဓဘာသာကို အားနည်းသွားအောင်လုပ်ပေးပါမယ် ခိုးဝင်ဘင်
တွေကို လူမျိုးလိမ်အမည်နဲ့လက်ခံပေးပါ့မယ်လို့ ကတိပေးထားပြီး
oic ငွေတွေကို ရွေးကောက်ပွဲမှာပုံအောသုံးစွဲခဲ့တယ်. စစ်တပ်
အာဏာထိန်းတာကို သူလဲစောင့်ကြည့်နေမှာပါ
နောက်တစ်ချက် ူ့ciaအစိုးရကိုဖြုတ်ချပြီး စစ်တပ်က အာဏာလွှဲပြောင်းယူလိုက်တယ် ှောင်တာနယ်ကိုဖမ်းဆီးထိန်းသိမ်းထားခဲ့တယ် သူ့ရုပ်သေးအစိုးရကိုဖြုတ်ချပြီး
အာဏာထိန်းလိုက်တဲ့ နစက ကိုကျေနပ်မှာမဟုတ်ပါဘူး အခွင့်သာရင် နှိပ်ကွပ်ဖို့ အသင့်စောင့်နေတဲအထဲမှာ ဆရာကြီးပါ..
ဒီလောက်ဆိုရင် နစက ဘာကြောင့် ပျော့ပျောင်းညင်သာစွာ
ကိုင်တွယ်နေရသလဲဆိုတာ သဘောပေါက်လောက်ပါပြီ...
crd-
အာဏာသိမ်းတာ ကိုယ်နဲ့မဆိုင်ဘူးလို့ထင်နေတဲ့ တောင်သူတစ်ချို့အတွက်
မနှစ်က မိုးစပါး ရာသီမှာ ဆင်းသုခ တင်းတစ်ရာ ကို အစို ၅၅၀၀၀၀ သိန်းဈေး ရောင်းခဲ့ရတယ် အဲဒီအချိန်က မြေဩဇာ(ပုလဲ)တစ်အိပ်ကို
၂၅၀၀၀ ကျပ်ပဲရှိပါတယ် စပါးတစ်ရာရောင်းရင် မြေဩဇာ အိပ် ၂၂ အိတ် ဝယ်လို့ရခဲ့တယ်
အခု မြေဩဇာ (ပုလဲ) တစ်အိပ်ကို 60000 ကျပ်
ဖြစ်သွားပြီ စပါးဈေးကတော့ထူးထူးခြာခြားပြောင်းလဲလာမယ့်လက္ခဏာမရှိနိုင်ဘူးလေ
အဲတော့ စပါး (ဆင်းသုခ)တစ်ရာရောင်းရင် မြေဩဇာ ၉ အိပ်ပဲရတော့မှာနော် ဘယ်လိုလဲ မြင်ပီလား ခင်ဗျားစီးပွားရေး ဘယ်လောက်ထိခိုက်သွားပြီလဲ ၊၊၊၊၊
နေရင်းထိုင်ရင်းခင်ဗျားမြေဩဇာ 13 အိတ်ပျောက်သွားပြီနော်
ဒါကိုမှ မမြင်သေးဘူးဆိုရင်တော့ ခင်ဗျားမြေဩဇာဖိုးအကုန်သက်သာတဲ့နည်းပေးလိုက်မယ်
အဲဒါကတော့ ****
****/ခင်ဗျားခေါင်းထဲမှာချီးတွေနဲ့ပြည့်နေပြီဗျ
****/အဲဒီချီးတွေသာ ကော်ထုတ်ပြီးလယ်ထဲကို
ပက်ကျဲလိုက်တော့ဗျို့ ..........
credit
DSA ကျောင်းဆင်းလေးတွေ
(တရားဝင် ဆင်း မဆင်း မသိ)
…
အောက်မှာ ရဲဘော် ၄/၅ ယောက်
အရစ် တခုခု နဲ့ တပ်ကြပ် တယောက် နဲ့
အရေးပေါ် ရှေ့တန်း စုဖွဲ့မှု ထွက်ရဆိုပဲ
…
ဒီကြားထဲ စစ်ရုံး တိုင်းရုံးထိုင်
အပွင့်အခက် အရာရှိ အများစု လည်း
…
ရုံးအလုပ်ဘက်မှာ လျှော့ပြီး
အရေးပေါ် တိုက်ခိုက်ရေး
တပ်ရင်းထဲ ထိုးထဲ့တော့
…
ကိုယ့်အောက်လည်း မရှိ
အထက်က ပါးချ မဲ့ ကောင်
အရေအတွက် က တိုးလာ
ဘဝ ပျက်နေကြ လေရဲ့
…
ရဲဘော်တွေ အမိန့်ပေး
မာမာခိုင်ဖို့နေနေသာသာ
တခုခု ထွက်ပြေးမယ် ဆို
ငါကို ပစ်ပြေးစရာ မလိုဘူး
ငါလဲ မပြစ်ဖူး မှာထားသေးရ ဆိုပဲ
…
တပ်ပျက် နေတာတင်မက
ကျဆုံးမသာ မြေဩဇာပါ
များနေတာတော့ အမှန်ပဲ
…
ဘာလို့များ တနိုင်ငံလုံး နဲ့
ပြည်သူ့ လူထု မျက်နှာ မကြည့်ပဲ
လူ ၁၀ ယောက်လောက် အတ္တအတွက်
အသတ်နဲ့လဲ ကျွန်ခံနေကြပါလိမ့်
(credit / add )
နားထောင်ပါအုံး
ကြော်ငြာတွေ မကျော်ပစ်ပါနဲ့နော်
https://youtu.be/JQcTolwptt8
SPECIAL THANK TO THE ARTISTS FOR PERMISSION Artist - G***k, Julia Noe, Tharr Phyoe, Mai Mine, Jacob, Daniel Saw, Van, Zoey, Jenny, Thet Min Oo, Awmyat Thiri,...
ဟယ်လို 💘💘
အောင်သွယ်တော် fujoshi မားက တော်လှန်ရေးအတွက် အလှူခံရင်း အကျိုးဆောင်ပေးချင်ပါတယ်။
ကိုယ်စိတ်ဝင်စားနေတဲ့ ကိုကို ညီညီက straight ဖြစ်နေလို့ ရင်ဖွင့်ရခက်နေလား? 🌈🌈
ကိုယ်တိုင်သွားပြောရအောင်လဲ ကိုယ့်ကို Gay ဆိုပြီး အထင်အမြင်သေးသွားမှာ စိုးရိမ်နေလား? 🌈🌈
ကိုယ်ချစ်တဲ့သူကို ကိုယ်ခံစားနေရတဲ့ အကြောင်းအရာလေးတွေ၊ ဖွင့်ပြောချင်တဲ့ ခံစားချက်လေးတွေကို ကြားခံ တစ်ယောက်ကနေ သွားပြောပေးစေချင်လား။🌈🌈
👦🏻👦🏻
Fujoshi မားရဲ့ သားလေးတွေ အကောင့်ကနေ သွားပြောပေးမယ်နော်။
📩📩
သွားပြောရမယ့်သူနဲ့ friend မဖြစ်လို့ filter message ထဲ ရောက်သွားလဲ မြင်ရအောင် သားတို့ ပြောစေချင်တဲ့ သူငယ်ရဲ့အကောင့်က public post တစ်ခုမှာ
"messenger မှာ စာပို့ထားကြောင်း"
comment တစ်ခုရေးပေးအုံးမှာ။
🥴🥴
Lock ခတ်ထားတဲ့ profile ဆိုရင်တော့ မရဘူးပေါ့။
💌💌
ပို့ထားတဲ့ စာကို seen 👀 ဖြစ်သွားရင် ဖြစ်ဖြစ်၊
တစ်ခုခု reply💌 ပြန်လာတာ ဖြစ်ဖြစ်
screenshot ရိုက်ပြီး ပြန်ပြပေးမယ်နော်။
အောင်သွယ်အကျိုးဆောင်ခိုင်းမယ်ဆိုရင်
👉🏻ပို့ချင်တဲ့စာလေး ရေး
👉🏻စာလက်ခံမယ့်သူရဲ့ အကောင့် Link လေးကို copy လုပ်
👉🏻PP ကို ss ရိုက်ပြီး ပို့ပေးနော်။
👉🏻 ပို့တဲ့သူ နာမည်ကို မသိစေချင်ဘူး တိတ်တိတ်လေး အကြောင်းအရာ သပ်သပ်ကို သိစေချင်ရုံပဲလား၊
ပို့တဲ့သူက ဘယ်သူပါဆိုပြီးရော ပြောစေချင်လားဆိုတာ ထည့်ပြောပေးအုံးနော်။
Fujoshi မားရဲ့ သားလေးတွေ အကောင့်ကနေ တဆင့် စာလေးတွေ ပို့ပေးပါမယ်။
seen ပြသွားတာ ဖြစ်ဖြစ်
တခုခု reply ပြန်လို့ရှိရင် ဖြစ်ဖြစ် အကျိုးဆောင်ခိုင်းတဲ့သူကို ပြန်ပြပေးမယ်နော်။
အကျိုးဆောင်ခကတော့
တစ်ခါ စာပို့ခိုင်းရင် ၁၀၀၀ ကျပ်ပါ။
✊🏻✊🏻
မားတို့လဲ တော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ အလှူငွေ လှူဒါန်းချင်လို့ ဒီအကြံဉာဏ်လေး ထုတ်လိုက်ရခြင်းဖြစ်ပါတယ်။
🤐🤐
ပို့ခိုင်းတဲ့သူရဲ့ Privacy ကို လုံးဝအာမခံပါတယ်ဆိုတာ ပြောပါရစေ။
🙏🏻🙏🏻
Messenger က စာမပြန်သေးရင် စောင့်ပေးပါနော်။
မားတို့ admin တွေက ညနေလောက်ကမှ စအားတာမို့လို့ပါ။
Monday | 18:00 - 23:00 |
Tuesday | 18:00 - 23:00 |
Wednesday | 18:00 - 23:00 |
Thursday | 18:00 - 23:00 |
Friday | 18:00 - 23:00 |
Saturday | 18:00 - 23:00 |
Sunday | 18:00 - 23:00 |
Be the first to know and let us send you an email when တော်လှန်ရေး အောင်သွယ်တော် -Fujoshi မားမား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Want your business to be the top-listed Event Planning Service?