Social Nest Yangon

  • Home
  • Social Nest Yangon

Social Nest Yangon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Social Nest Yangon, Event Planner, .

ပြီးခဲ့တဲ့အပတ် စ​နေ​နေ့ ၁၁ရက် က Social Nest Yangon ရဲ့ သုံးပွဲ​မြောက်ဖြစ်​တဲ့ Behind The Scene: Content Creators' Chapte...
20/02/2023

ပြီးခဲ့တဲ့အပတ် စ​နေ​နေ့ ၁၁ရက် က Social Nest Yangon ရဲ့ သုံးပွဲ​မြောက်ဖြစ်​တဲ့ Behind The Scene: Content Creators' Chapter ပွဲလေး အောင်မြင်စွာပြီးမြောက်ခဲ့ပြီး ပွဲကို speakers အဖြစ် တက်​ရောက်ပါဝင်အား​ဖြည့်​ပေးခဲ့တဲ့ Piyawasa မှ Ma Thandar Nyunt Wai, 360beatz မှ Ko Oak Kar Chan Min, Caster Wai Wai, JAZ3 One Minute Recipe, APM, IngyiN RR, Htoo,The Wanderlust and Toly Moly တို့အာလုံးကို​ကျေးဇူးအထူးတင်ရှိပါတယ်။
Venueအတွက် အဆင်ပြေချောမွေ့အောင် ပါဝင်ကူညီပြီး ဆောင်ရွက်ပေးတဲ့
The Bash Yangon ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
Media partner အဖြစ်ပါဝင်​ပေးပါ​​သော Akhayar - Lifestyle ကိုလည်း​ကျေးဇူးတင်ရှိပါတယ်။
ပွဲကို တက်​ရောက်​ခဲ့သူအားလုံးလည်း အ​တွေ့အကြုံအခွင့်အလမ်းများ မိတ်​ဆွေအသစ်များ အများကြီးရရှိသွားကြမယ်လို့ယုံကြည်ပါတယ်။
​နောက်လ နောက်လတွေမှာလည်း ဘယ်လိုစိတ်ဝင်စားစရာပွဲ​​လေး​တွေလာဦးမလဲဆိုတာသိရ​အောင် page ​လေးကို like and follow လုပ်ထားကြပါဦး​နော်..

အားလုံးပဲ မနက်ဖြန်မှာ Social Nest Yangon ရဲ့ Behind The Scene: Content Creators' Chapters ပွဲလေး ရှိတယ်ဆိုတာ မမေ့ကြနဲ့နေ...
10/02/2023

အားလုံးပဲ မနက်ဖြန်မှာ Social Nest Yangon ရဲ့ Behind The Scene: Content Creators' Chapters ပွဲလေး ရှိတယ်ဆိုတာ မမေ့ကြနဲ့နော်။
မနက်ဖြန်နေ့လည် ၂း၃၀ ကနေ ညနေ ၅နာရီ အထိ The Bash Yangon မှာ Content creation နဲ့ ပတ်သက်ပြီး speakers တွေနဲ့ ဆွေးနွေးရင်း Networking လည်း လုပ်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ Business Cards လေးတွေလည်း ယူလာခဲ့ဖို့ မမေ့ပါနဲ့ဦး။

Time - 2:30 pm to 5:00 pm
Location - The Bash Yangon (Address - No.144, Dhamazedi Road, Bahan Township, Rooftop)

*Entry Fee ကတော့ Free ပါခင်ဗျ
Register မလုပ်ရသေးတဲ့ သူတွေကတော့ အခုပဲ Link လေးထဲဝင်ပြီး register လုပ်လိုက်တော့နော်။
Link: https://forms.gle/ReikEorxJqHm5VDg6
Free entry ဖြစ်တာကြောင့် အစားအစာများကိုတော့ ကိုယ်တိုင်ဝယ်ယူစားသုံးရမယ့်စနစ်ဖြစ်ပါတယ် ခင်ဗျာ။

ဒီ​နေ့မိတ်ဆက်​ပေးမှာက​တော့ Social Nest Yangon ရဲ့ Behind The Scene: Content Creators’ Chapters ပွဲမှာပါဝင်​ပေးမည့် Moder...
09/02/2023

ဒီ​နေ့မိတ်ဆက်​ပေးမှာက​တော့ Social Nest Yangon ရဲ့ Behind The Scene: Content Creators’ Chapters ပွဲမှာပါဝင်​ပေးမည့် Moderator နဲ့ Panelists ​တွေပဲဖြစ်ပါတယ်။ Moderator Caster Wai Wai နှင့် Food Blogger Toly Moly, Travel Blogger Dr. Htoo Ko Ko (Htoo, The Wanderlust) အပြင် ရေပန်းစားတဲ့ Streamerတွေဖြစ်တဲ့ APM နဲ့ IngyiN RR တို့ပဲဖြစ်ပါတယ်သူတို့ တစ်​ယောက်ချင်းစီရဲ့ ကိုယ်​ရေးအကျဥ်းကိုအောက်မှာ ဖတ်ရှုပေးပါဦးနော်။

ပွဲလေးကို လေ့လာ ချင်တယ် ဆိုရင်တော့ အောက်က Link မှာ ခုပဲRegister လုပ်ပြီး event ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
ဒီ event လေးမှာတော့ Akhayar - Lifestyle မှ Media partner အဖြစ် ပါဝင်ကူညီပံ့ပိုးပေးထားပါတယ် ။
Register link :https://forms.gle/htjeNYntaRAUw2by8
Date: 11.2.2023
Time: 2:30 pm to 5:00 pm
Entry fees: Free
Location: The Bash Yangon

Social Nest Yangon က ဒီလမှာတော့  စိတ်ဝင်စားစရာကောင်းတဲ့ topic တခုဖြစ်တဲ့ “Behind The Scene: Content Creators’ Chapter” လ...
08/02/2023

Social Nest Yangon က ဒီလမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ topic တခုဖြစ်တဲ့ “Behind The Scene: Content Creators’ Chapter” လို့ အမည်ပေးထားတဲ့ ပွဲလေးကို စီစဉ်ထားပါတယ်

နယ်ပယ်အသီးသီး ကBlogger တွေ၊ Streamers တွေ Artists တွေက သူတို့ရဲ့ အတွေ့အကြုံ ကို ဆွေးနွေးပြောပြပေးသွားရုံမက
Advertising Industry မှာ လုပ်ကိုင်နေတဲ့ Talent Manager တွေနဲ့ YouTube Specialist တွေက ဒီနယ်ပယ်တွေမှာ အလုပ်လုပ် ရတဲ့အခါမှာ သူတို့ရဲ့ အတွေးအခေါ်တွေ ၊ ကျွမ်းကျင်မှုတွေ ၊ Tips and Tricks လေးတွေကို မျှဝေသွားမယ့် networking event လေးတစ်ခုပဲဖြစ်ပါတယ်
ပွဲလေးကို စိတ်ဝင်စားရင်တော့အောက်က Link မှာ ခုပဲRegister လုပ်ပြီး event ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
ဒီ event လေးမှာတော့ Akhayar - Lifestyle မှ Media partner အဖြစ် ပါဝင်ကူညီပံ့ပိုးပေးထားပါတယ် ။

Register link :https://forms.gle/htjeNYntaRAUw2by8
Date: 11.2.2023
Time: 2:30 to 5:00
Entry fees: Free
Location: The Bash Yangon

ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Social Nest Yangon ရဲ့ Behind The Scene: Content Creators’ Chapters ပွဲလေးကတော့ Speakers တွေက ...
08/02/2023

ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Social Nest Yangon ရဲ့ Behind The Scene: Content Creators’ Chapters ပွဲလေးကတော့ Speakers တွေက တစ်ဦးချင်း သူတို့အတွေ့အကြုံတွေကို ဖလှယ်မယ့်အပြင် Panel Discussion လေးတစ်ခုလဲထည့်စီစဉ်ထားပါတယ်။

ဒီ Panel Discussion လေးမှာတော့ လူငယ်တွေစိတ်ဝင်စားမယ့် Topic တွေကို Moderator Wai Wai နှင့်အတူ Food Blogger Toly Moly, Travel Blogger Dr. Htoo Ko Ko (Htoo, The Wanderlust) အပြင် ရေပန်းစားတဲ့ Streamerတွေဖြစ်တဲ့ APM နဲ့ IngyiN RR တို့ကလဲ ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်

ပွဲလေးကို လေ့လာ ချင်တယ် ဆိုရင်တော့ အောက်က Link မှာ ခုပဲRegister လုပ်ပြီး event ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
ဒီ event လေးမှာတော့ Akhayar - Lifestyle မှ Media partner အဖြစ် ပါဝင်ကူညီပံ့ပိုးပေးထားပါတယ် ။

Register link :https://forms.gle/htjeNYntaRAUw2by8
Date: 11.2.2023
Time: 2:30 pm to 5:00 pm
Entry fees: Free
Location: The Bash Yangon

နောက်ထပ် မိတ်ဆက်ပေးမယ့် သူကတော့ Oakkar Chan Min ပါ Oakkar ကတော့ 360beatz Music Agency မှာ YouTube Channel & Internationa...
08/02/2023

နောက်ထပ် မိတ်ဆက်ပေးမယ့် သူကတော့ Oakkar Chan Min ပါ
Oakkar ကတော့ 360beatz Music Agency မှာ YouTube Channel & International Digital Streaming ပိုင်းနဲ့ ပတ်သက်ပြီး Youtube Specialist အနေနဲ့ လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်
2017 ကတည်းက music industry ကိုဝင်ရောက်ခဲ့ပြီး YouTube ပိုင်း ကို အဓိကထားလုပ်ကိုင်နေသူတစ်ဦးလဲဖြစ်ပါတယ်
Oakkar အနေနဲ့ artist အယောက်၁၀၀ ကျော်ရဲ့ YouTube channel တွေကို handle ပေးခဲ့ဖူးတဲ့သူလဲဖြစ်ပါတယ်.

ဒီပွဲလေးမှာတော့ YouTube channel တွေမှာ YouTube Subscriber တွေ နဲ့ View ပိုင်း တွေ SEO ပိုင်းတွေနဲ့ပတ်သက်ပြီး ကို ဝေမျှပေးသွားမှာမို့

လေ့လာ ချင်တယ် ဆိုရင်တော့ အောက်က Link မှာ ခုပဲRegister လုပ်ပြီး event ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
ဒီ event လေးမှာတော့ Akhayar - Lifestyle မှ Media partner အဖြစ် ပါဝင်ကူညီပံ့ပိုးပေးထားပါတယ် ။

Register link :https://forms.gle/htjeNYntaRAUw2by8
Date: 11.2.2023
Time: 2:30 pm to 5:00 pm
Entry fees: Free
Location: The Bash Yangon

Social Nest Yangon မှ ကျင်းပတဲ့ Behind The Scene: Content Creators’ Chapters က မိတ်ဆက်ပေးချင်တဲ့ Speaker မThandar Nyunt ...
08/02/2023

Social Nest Yangon မှ ကျင်းပတဲ့ Behind The Scene: Content Creators’ Chapters က မိတ်ဆက်ပေးချင်တဲ့ Speaker မThandar Nyunt Win ဟာဆိုရင်တော့ အခုလက်ရှိမှာ Account Manager ရာထူးနဲ့ Piyawasa Talent Management အေဂျင်စီမှာ Client Service အပိုင်းနဲ့ Talent Management အပိုင်းမှာ ဝင်ရောက်လုပ်ကိုင်နေပါတယ်။

Advertising Agency လောကမှာ ၇ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီးတော့ Influencer Marketing နယ်ပယ်နဲ့ ပတ်သတ်ပြီး အတွေအကြုံရှိပြီး လူသိများတဲ့ Brands တွေ အတွက် Influencers တွေနဲ့ပူးပေါင်းပြီ marketing campaign များကို ဖန်တီးလုပ်ဆောင်နေတာဖြစ်ပါတယ်။ Content Creation ပိုင်းနဲ့ပတ်သတ်ပြီး လည်းလုံလောက်တဲ့ အတွေ့အကြုံရှိပြီး content နယ်ပယ်ထဲမှာဆိုရင်လည်း နှစ်အတော်ကြာ content ideas ကောင်းတွေကို ဖန်တီးနိုင်ခဲ့သူဖြစ်ပါတယ်။

မသန္တာညွန့်ဝင်းကတော့ သူ့ရဲ့ လုပ်ငန်းသဘောသဘဝနဲ့ အတွေ့အကြုံတွေကိုဝေမျှမှာဖြစ်လို့
ပွဲလေးကို လေ့လာ ချင်တယ် ဆိုရင်တော့ အောက်က Link မှာ ခုပဲRegister လုပ်ပြီး event ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
ဒီ event လေးမှာတော့ Akhayar - Lifestyle မှ Media partner အဖြစ် ပါဝင်ကူညီပံ့ပိုးပေးထားပါတယ် ။

Register link :https://forms.gle/htjeNYntaRAUw2by8
Date: 11.2.2023
Time: 2:30 pm to 5:00 pm
Entry fees: Free
Location: The Bash Yangon

ဒီတစ်ခေါက် Social Nest Yangon မှ ကျင်းပတဲ့ Behind The Scene: Content Creators’ Chapters က မိတ်ဆက်ပေးချင်တဲ့ Speakers ကတေ...
08/02/2023

ဒီတစ်ခေါက် Social Nest Yangon မှ ကျင်းပတဲ့ Behind The Scene: Content Creators’ Chapters က မိတ်ဆက်ပေးချင်တဲ့ Speakers ကတော့ Jaz3 ပဲဖြစ်ပါတယ်
Jaz3 ဟာ အသက် 23 ရှိပြီဖြစ်တဲ့ singer, songwriter,music producer, dancer, amateur chef တစ်ဦးဖြစ်ပြီး စွယ်စုံရ content creator တစ်ဦးလဲဖြစ်ပါတယ်။ သူ့ရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်သွင်ပြင်နဲ့အတူ ပရိတ်သတ်တွေရဲ့နှလုံးသားတွေ ကိုဖမ်းစားထားနိုင်ပြီး တက်တက်ကြွကြွရှိတဲ့ ကကွက်တွေ ၊ vocal အမိုက်စားတွေနဲ့ အတူ ပရိတ်သတ်အခိုင်အမာရရှိထားသူတစ်ဦးလဲဖြစ်ပါတယ်။ လက်တလောမှာ သူ့ရဲ့ Hit music တွေ ဖန်တီးမှု မရှိသေးဘူးဆိုပေမယ့် နောက်လာမယ့် ပိုပြီး Entertain ဖြစ်တဲ့ content တွေနဲ့အတူ သူ့ရဲ့ Fashion တွေနဲ့ ဟင်းချက်လက်ရာ တွေကို အမြဲဆန်းသစ်နေတာကို မြင်တွေ့ နေရသူလဲဖြစ်ပါတယ်။

ဒီပွဲလေးကို လေ့လာ ချင်တယ် ဆိုရင်တော့ အောက်က Link မှာ ခုပဲRegister လုပ်ပြီး event ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
ဒီ event လေးမှာတော့ Akhayar - Lifestyle မှ Media partner အဖြစ် ပါဝင်ကူညီပံ့ပိုးပေးထားပါတယ် ။

Register link :https://forms.gle/htjeNYntaRAUw2by8
Date: 11.2.2023
Time: 2:30 pm to 5:00 pm
Entry fees: Free
Location: The Bash Yangon

Social Nest Yangon မှ Creation ပိုင်းကိုစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် နောက်ထပ် Event လေးတစ်ခုကို စီစဥ်ထားပါတယ်။ဒီတစ်ခါမှာတ...
02/02/2023

Social Nest Yangon မှ Creation ပိုင်းကိုစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် နောက်ထပ် Event လေးတစ်ခုကို စီစဥ်ထားပါတယ်။
ဒီတစ်ခါမှာတော့ လူငယ်တွေ နဲ့ လူတော်တော်များများ ကြိုက်လောက်မယ့် စိတ်ဝင်စားမယ့် Event ဖြစ်မှာတော့ အသေအချာပါပဲ။ Event ကိုတော့ “Behind The Scene: Content Creators’ Chapter” လို့ အမည်ပေးထားပြီးတော့ နယ်ပယ်အသီးသီး က Talent တွေ ၊ Talent Manager တွေနဲ့ YouTube Specialist တွေက ဒီနယ်ပယ်တွေမှာ အလုပ်လုပ် ရတဲ့အခါမှာ သူတို့ရဲ့ အတွေးအခေါ်တွေ ၊ ကျွမ်းကျင်မှုတွေ ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။
ခုလို Social Network ခေတ်ကြီးထဲ မှာ Content creation ပိုင်းတွေနဲ့ပတ်သတ်ပြီးလူငယ်တွေသာမကပဲ လူတော်တော်များများကပါ စိတ်ဝင်စားနေကြတဲ့ Career တစ်ခုဖြစ်နေပါတယ်။ အထူးသဖြင့် လူတွေစိတ်ဝင်စားအမေးများတဲ့ မေးခွန်းတွေဖြစ်တဲ့ creation တွေနဲ့ positive impact ရ​အောင်ဘယ်လို လုပ်မလဲဆိုတာတွေရယ် source of income တွေက ဘာတွေလဲ ဆိုတာတွေ Sharing လုပ်သွားမှာဖြစ်ပါတယ်။
Talent manager တွေအနေနဲ့လဲ ဘယ်လိုအချက်အလက်တွေနဲ့ ကိုက်ညီတဲ့လူတွေကို ရှာဖွေနေလဲ ဆိုတာမျိုးလဲ ပြောပြပေးသွားပေးသွားမှာဖြစ်တဲ့အတွက်
ကိုယ်စိတ်ဝင်စားရာ ဝါသနာပါရာ အလုပ်နဲ့ပတ်သတ်ပြီး အလုပ်အကိုင် အတွေ့အကြုံတွေ ၊ အခွင့်အလမ်းတွေ ၊ ဘယ်လိုစတင်ရမလဲဆိုတာတွေ ကိုဝင်ရောက် ဆွေးနွေးမေးမြန်း ချင်တယ် ဆိုတော့ တတ်ရောက်သင့်တဲ့ Event လေးတစ်ခုပါပဲ။
ဒီတစ်​ခေါက်ပွဲ​လေးမှာ ထူးထူးခြားခြားအနေနဲ့ panel discussion ကို နယ်ပယ်အသီးသီးမှ content creatorsများမှ ​ဆွေးနွေး​ပေးမှာဖြစ်ပါတယ်။ ဒီ event လေးမှာ လူငယ်တွေသာမကပဲနဲ့ စိတ်ပါဝင်စားတဲ့လူ ဘယ်သူမဆို တက်ရောက် လေ့လာနိုင်ပါတယ်။
Topic တွေအနေနဲ့ကလဲ bloggerတွေနဲ့ brandတွေဘယ်လိုအလုပ်လုပ်ကြသလဲ၊
social mediaတွေပေါ်က adsတွေ YouTubeပေါ်ကadsတွေကနေ incomeရအောင်ဘယ်လိုလုပ်ကြသလဲ၊
Blogger တွေအနေနဲ့လဲ လူတွေစိတ်ဝင်စား​အောင် blogတွေကို ချပြနိုင်အောင် အသစ်တွေအမြဲမပြတ်ဖန်တီးပြီး bloggerတစ်ယောက်အနေနဲ့ ဘယ်လိုရပ်တည်မလဲဆိုတာတွေအပြင်၊ ၊ YouTube channelတစ်ခုကို ဘယ်လိုကောင်းကောင်းကိုင်တွယ်ကြမလဲ ဆိုတာတွေပါ မျှဝေပေးသွားမှာဖြစ်လို့ ကိုယ်တိုင်လာ​ရောက်​လေ့လာ ချင်တယ် ဆိုရင်တော့ အောက်က Link မှာ ခုပဲRegister လုပ်ပြီး event ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
ဒီ event လေးမှာတော့ Akhayar - Lifestyle မှ Media partner အဖြစ် ပါဝင်ကူညီပံ့ပိုးပေးထားပါတယ် ။
Register link :https://forms.gle/htjeNYntaRAUw2by8
Date: 11.2.2023
Time: 2:30 to 5:00
Entry fees: Free
Location: The Bash Yangon

ပြီးခဲ့တဲ့ 'Life of entrepreneurs after 2020' ပွဲမှာပါဝင်အားဖြည့်​ပေးခဲ့တဲ့ speakers များဖြစ်ကြ​သော Ko Hmung Pi, Ma Emma...
27/01/2023

ပြီးခဲ့တဲ့ 'Life of entrepreneurs after 2020' ပွဲမှာပါဝင်အားဖြည့်​ပေးခဲ့တဲ့ speakers များဖြစ်ကြ​သော Ko Hmung Pi, Ma Emma, Ma Gloria Eint Myet Thwai and Ko Kyaw Zin Hted တို့အားလုံးကို​ကျေးဇူးတင်ပါတယ်။
Venueအတွက် အဆင်ပြေချောမွေ့အောင် ပါဝင်ကူညီပြီး လက်ခံဆောင်ရွက်ပေးတဲ့ Flamingo Bar ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
တက်​ရောက်​ပါဝင်ခဲ့သူအားလုံးကလည်း ပွဲအတွင်းမှာ အ​တွေ့အကြုံအခွင့်အလမ်းများ မိတ်​ဆွေအသစ်များ အများကြီးရရှိသွားကြမယ်လို့ယုံကြည်ပါတယ်။

​နောက်လ နောက်လတွေမှာလည်း ဘယ်လိုစိတ်ဝင်စားစရာပွဲ​​လေး​တွေလာဦးမလဲဆိုတာသိရ​အောင် page ​လေးကို like and follow လုပ်ထားကြပါဦး​နော်..

အားလုံးပဲ မေ့နေမှာစိုးလို့ remind လုပ်ပါရစေ ။ ဒီနေ့ ညနေ ၆နာရီ Flamingo bar မှာ Life of entrepreneurs Social networking ပ...
16/01/2023

အားလုံးပဲ မေ့နေမှာစိုးလို့ remind လုပ်ပါရစေ ။ ဒီနေ့ ညနေ ၆နာရီ Flamingo bar မှာ Life of entrepreneurs Social networking ပွဲလေးရှိတယ်နော်။
ဒီနေ့ည Life of entrepreneurs ရဲ့အစီအစဥ်လေးကတော့ Pecha Kucha event night လေးဖြစ်ပါတယ်။ Event လေးမှာ တူတူ ဘီယာ သောက်ရင်းနဲ့ Discuss လုပ်လို့ရအောင် လာခဲ့ဖို့ဖိတ်ခေါ် ပါရစေ။

Event night လေးရဲ့ Agenda လေးကိုတော့အောက်ကပေးထားတဲ့ ပုံလေးမှာကြည့်လို့ရပါတယ်။

Time - 6pm to 8pm
Location- Flamingo Bar (Address - No.276A , Waizayantar Road , Chiri - Japanesee Restaurant အပေါ်ဆုံးထပ်)
https://maps.app.goo.gl/4cPFqjR8gA1DWh1A9?g_st=ic

Entry Fee ကတော့ Free ပါခင်ဗျ

ကိုယ်သုံးဆောင်တဲ့ အစားအစာများကိုတော့ ကိုယ်တိုင် ဝယ်ယူစားသုံးရမယ့်စနစ်ဖြစ်ပါတယ် ခင်ဗျာ

ကဲ ဒါဆိုရင်တော့ ဒီနေ့ည တွေ့ကြမယ်နော်။

အခုနောက်ဆုံးမိတ်ဆက်​ပေးမည့် သူကတော့ ယခုဈေးကွက်ထဲမှာရှိနေတဲ့ Brand များအတွက် marketing campaigns များဖြစ်ပေါ်လာစေရန်ကူညီဆ...
14/01/2023

အခုနောက်ဆုံးမိတ်ဆက်​ပေးမည့် သူကတော့ ယခုဈေးကွက်ထဲမှာရှိနေတဲ့ Brand များအတွက် marketing campaigns များဖြစ်ပေါ်လာစေရန်ကူညီဆောင်ရွက်ပေးနေသော rangoon.tech ရဲ့တွဲဖက်တည်ထောင်သူအဖြစ်ဆောင်ရွက်လျက်ရှိသော ကိုကျော်ဇင်ထက်ပဲဖြစ်ပါတယ်။

ကိုကျော်ဇင်ထက် ဟာ၂၀၂၀ မတိုင်ခင်ခုနှစ်တွေမှာလဲ Startup တွေ Innovation Challenge တွေနဲ့ ရင်းနှီးပြီးသားသူတစ်ဦးဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသားဘဝမှာ အတန်းဖော်တွေနဲ့ အတူ“Team Innovatory” ဆိုတဲ့ အဖွဲ့ကိုတည်ထောင်ပြီး
၎င်းအဖွဲ့နဲ့အတူ Challenge တွေဝင်ပြိုင်ခဲ့ပြီးဆုတွေရရှိခဲ့ပါတယ်။
2018ခုနှစ်မှာလဲ“Lankyone (လမ်းကြုံ) “ နာမည်ဖြင့် Ridesharing လုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့သေးသလို WMM ဟုခေါ်သော Waste management startup မှာလဲ COO အဖြစ် ပါဝင်ခဲ့ပါသေးတယ်။
ထို့နောက်မှာတော့ 2019 မှာ Seedstars Entrepreneurship Academy ပရိုဂရမ်တွင်ပါဝင်ခွင့်ရရှိခဲ့ပြီးစားသုံးသူနှင့်ရောင်းချသူအကြား ပိုအဆင်ပြေစေရန် AR system ကိုအခြေခံထားသည့် “rangoon.tech” ကိုစတင်တည်ထောင်ခဲ့ပါတယ်။

Date - January 16th 2023
Time -6PM to 8PM
Location - Flamingo Bar (Address - No.276A , Waizayantar Road , Chiri - Japanesee Restaurant အပေါ်ဆုံးထပ်)
Entry - Free
Register here - https://forms.gle/7b2g9vJjgPXxFhcS9

အခုတစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့ BB Food Myanmar Ltd ကိုတည်ထောင်သူ Ms Gloria Eint Myet Thwai ဖြစ်ပါတယ်။ သူမက မြန်မာနိုင်...
14/01/2023

အခုတစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့ BB Food Myanmar Ltd ကိုတည်ထောင်သူ Ms Gloria Eint Myet Thwai ဖြစ်ပါတယ်။ သူမက မြန်မာနိုင်ငံရဲ့ပထမဆုံး အာဟာရပြည့်ဝတဲ့သဘာဝကော်လဂျင်ကြက်ပေါင်းရည်ကို 2020ခုနှစ်မှာ သူမရဲ့အဖွဲ့သားတွေနဲ့အတူ ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ကို ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ သူမအနေနဲ့ဒီလုပ်ငန်းလေးကိုစတင်ဖြစ်ခဲ့တာကတော့ သူမရဲ့အမေကျန်းမာရေးအတွက် အာဟာရပြည့်ဝပြီး ခုခံအားကောင်းမွန်အောင် နေ့စဉ်စားသောက်လို့လဲရအောင် ဘယ်လိုစီစဉ်ပေးရမလဲလို့ စဉ်းစားရင်း ဖြစ်ပေါ်လာခဲ့တာပါ။ မှန်ကန်သောအစားအသောက်ကိုစားသောက်ခြင်းက ရေရှည်ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေလိမ့်မယ်လို့ သူမကတော့ ယုံကြည်ပါတယ်။

Date - January 16th 2023
Time -6PM to 8PM
Location - Flamingo Bar (Address - No.276A , Waizayantar Road , Chiri - Japanesee Restaurant အပေါ်ဆုံးထပ်)
Entry - Free
Register here - https://forms.gle/7b2g9vJjgPXxFhcS9

ယခု မိတ်ဆက်ပေးမယ့် Ms.Emma ကတော့ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်မှု၊ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့နဲ့ပတ်သတ်တဲ့ အလု...
14/01/2023

ယခု မိတ်ဆက်ပေးမယ့် Ms.Emma ကတော့ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်မှု၊ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့နဲ့ပတ်သတ်တဲ့ အလုပ်တွေလုပ်ကိုင်နေတဲ့ Professional တစ်ဦးဖြစ်ပါတယ်။

Ms. Emma ကတော့ ပြည်တွင်း လုပ်ငန်းတွေရဲ့ ပြည်တွင်း ပြည်ပ ကုန်သွယ်မှု ကို တိုးတက်အောင် ဆောင်ရွက်ပေးနေပြီး Social enterprises တွေ start up လုပ်ငန်းတွေ နဲ့ Women leadership အတွက် community တိုးတက်အောင် ကြိုးစားလုပ်ကိုင်ပေးနေသူတစ်ဦးလဲဖြစ်ပါတယ်။

သူမဟာ ပြည်တွင်း stakeholders တွေတင်မကလဲ နိုင်ငံတကာမှ stakeholders များနဲ့အတူ လုပ်တွဲ လုပ်ကိုင်နေသူတစ်ဦးလဲဖြစ်ပါတယ်

Date - January 16th 2023
Time -6PM to 8PM
Location - Flamingo Bar (Address - No.276A , Waizayantar Road , Chiri - Japanesee Restaurant အပေါ်ဆုံးထပ်)
Entry - Free
Register here - https://forms.gle/7b2g9vJjgPXxFhcS9

ဒီ​နေ့မိတ်ဆက်​ပေးချင်တဲ့ speaker က​တော့ The Lab က ကိုမှုန်ပီး ပဲဖြစ်ပါတယ်။သူသည် မြန်မာနိုင်ငံရှိ အ​သေးစား၊ အငယ်စားနှင့် ...
13/01/2023

ဒီ​နေ့မိတ်ဆက်​ပေးချင်တဲ့ speaker က​တော့ The Lab က ကိုမှုန်ပီး ပဲဖြစ်ပါတယ်။
သူသည် မြန်မာနိုင်ငံရှိ အ​သေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား​ရေးလုပ်ငန်းများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် အသိပညာများတိုးတက်​စေရန် ကူညီ​ပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ SME လုပ်ငန်းများဖွံဖြိုးတိုးတက်​ရေးကဏ္ဍအတွက် ၅နှစ်​ကျော် လုပ်ကိုင်ခဲ့​​သောမှတ်​ကျောက်​ကောင်းများရှိပါသည်။ British Council Myanmar၊ GIZ Myanmar နှင့် International Labour Organization ကဲ့သို့​သော နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်​ရေး​အေဂျင်စီများအတွက် အတိုင်ပင်ခံအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ သူ၏ အသိပညာများကိုမျှ​​ဝေရန်၊ တစ်ဦးချင်း ဖွံ့ဖြိုးတိုးတက်​စေရန်နှင့် မြန်မာနိုင်ငံတွင်အပြုသ​ဘော​ဆောင်​သော သက်ရောက်မှုများကို ကူညီ​ပေးသည့်လုပ်ငန်းများနှင့်ပတ်သတ်၍ ဝါသနာပါသူတစ်ဦးလည်းဖြစ်ပါသည်။

Date - January 16th 2023
Time -6PM to 8PM
Location - Flamingo Bar (Address - No.276A , Waizayantar Road , Chiri - Japanesee Restaurant အပေါ်ဆုံးထပ်)
Entry - Free
Register here - https://forms.gle/7b2g9vJjgPXxFhcS9

Social Nest Yangon - Pecha Kucha Event Night ရဲ့ Life of entrepreneurs after 2020 ​ခေါင်းစဥ်​အောက်က​နေ ​ဆွေး​နွေး​ပေးမည်...
12/01/2023

Social Nest Yangon - Pecha Kucha Event Night ရဲ့ Life of entrepreneurs after 2020 ​ခေါင်းစဥ်​အောက်က​နေ ​ဆွေး​နွေး​ပေးမည့် speaker list ထွက်လာပါပြီ!
1. Ko Hmung Pi (The Lab)
2. Ma Emma Nang Han Tun ( Entrepreneurship, Trade, Private Sector Development)
3. Ma Gloria Eint Myet Thwai (BB Food Myanmar Ltd )
4. Ko Kyaw Zin Htet (Rangoon Tech) တို့ပဲဖြစ်ပါတယ်!
၂၀၂၀ ခုနှစ်လွန်မှာ စိန်ခေါ်မှုပေါင်းစုံကြုံနေရတဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဘယ်လိုမျိုးတွေ ရပ်တည်နေကြသလဲ? Professional တစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေ၊ အမှတ်တရတွေက ဘာတွေဖြစ်မလဲဆိုတာတွေကို မကြာခင်မှာ နားထောင်ရတော့မှာပါ။
​Profile အပြည့်အစုံတွေကိုလည်း မကြာခင်မှာတင်ပေးမှာမို့လို့ ဒီ event အတွက် register လုပ်ရင်း stay tuned!

Date - January 16th 2023
Time -6PM to 8PM
Location - Flamingo Bar (Address - No.276A , Waizayantar Road , Chiri - Japanesee Restaurant အပေါ်ဆုံးထပ်)
Entry - Free
Register here - https://forms.gle/7b2g9vJjgPXxFhcS9

လုပ်ငန်းနဲ့ပတ်သတ်ပြီး တစ်ခုထက်ပိုတဲ့အတွေးအမြင်ကောင်းတွေရရှိစေရန်၊ မိမိရဲ့ Social Network ပိုမိုကျယ်ပြန့်လာစေရန် နဲ့ လုပ်...
12/01/2023

လုပ်ငန်းနဲ့ပတ်သတ်ပြီး တစ်ခုထက်ပိုတဲ့အတွေးအမြင်ကောင်းတွေရရှိစေရန်၊ မိမိရဲ့ Social Network ပိုမိုကျယ်ပြန့်လာစေရန် နဲ့ လုပ်ငန်းရှင်အချင်းချင်းအတွေ့အကြုံတွေဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ပြီး Social Nest Yangon က Life of Entrepreneurs After 2020 ဆိုတဲ့ Networking event လေးစီစဥ်ထားပါတယ်။
အခုမှလုပ်ငန်းစလုပ်ဖို့ကြိုးစားနေတဲ့သူတွေ နဲ့ မိမိရဲ့လုပ်ငန်းကို ပိုပြီးမြှင့်တင်ချင်တဲ့ လုပ်ငန်းရှင်တွေသာမက လက်ရှိအလုပ်လုပ်နေတဲ့ Employee တွေလဲတက်ရောက်လေ့လာ Networking လုပ်နိုင်ပါတယ်။
ဒီပွဲမှာအခြား ပွဲတွေနဲ့မတူပဲ f&b , tech တို့ investment တို့ နဲ့ပတ်သတ်တဲ့အကြောင်းတွေ ဆွေးနွေးသွားမှာဖြစ်ပါတယ်။လုပ်ငန်းရှင်အချင်းချင်းလည်း အတွေ့အကြုံတွေ၊ အခက်အခဲ တွေကို ဖလှယ်နိုင်မှာဖြစ်ပါတယ်။
“Networking event တွေကပျင်းဖို့ကောင်းတယ်” ဆိုတဲ့ လူတွေကိုလဲ သတင်းကောင်းတစ်ခုပြောပြချင်တာကဒီ Event မှာက တခြားပွဲတွေလိုမဟုတ်ပဲ လိုမျိုး လုပ်ငန်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများကို စိတ်ဝင်စားစရာကောင်းအောင် Knowledge Sharing လုပ် ပေးမယ့် Speaker လေးတွေပါဝင်မှာလဲဖြစ်ပါတယ်။ အရမ်း Heavy ဖြစ်တဲ့ Networking event မျိူးမဟုတ်ပဲ ဘီယာသောက်ရင်း ပေါ့ပေါ့ပါးပါး နဲ့ အတွေ့အကြုံတွေဖလှယ်ပြီး အေးအေးဆေးဆေး စကားပြောလို့ရမယ့် ပွဲလေးဖြစ်ပါတယ်။
Free event လေးဖြစ်လို့ အစားအသောက်တွေကိုတော့ ကိုယ့်ပါကိုဝယ်ယူသုံးဆောင်ပေးရပါမယ် ခင်ဗျာ။
စိတ်ဝင်စားလို့ တက်ရောက်ချင်တဲ့လူတွေက ဒီအောက်က Link လေးမှာ ခုချက်ချင်းပဲ Register လုပ်လိုက်တော့နော်။
Register here - https://forms.gle/7b2g9vJjgPXxFhcS9

Event- Life of Entrepreneurs After 2020
Date - January 16th 2023
Time -6PM to 8PM
Location - Flamingo Bar (Address - No.276A , Waizayantar Road , Chiri - Japanesee Restaurant အပေါ်ဆုံးထပ်)
Entry - Free

Special thanks to each and every one who joined our first edition of Social Nest Yangon. Also a big thanks to the guest ...
01/12/2022

Special thanks to each and every one who joined our first edition of Social Nest Yangon.

Also a big thanks to the guest speaker Min's Beauty Book and the artists Milly and Khun Ye' . And last but not least, thank you loads Union Bar and Grill for the venue partnership.

Wish you all a sweet December full of warmth!

Stay tuned for next editions 🤘

Event တစ်ခုခုသွားရင် သောက်တယ် စားတယ် စကားတွေပြောမယ် သီချင်းဆိုတာရှိရင် နားထောင်ပြီး ပြန်မယ် ဘယ်လိုပဲလုပ်လုပ် နောက်မနက်တွ...
15/11/2022

Event တစ်ခုခုသွားရင် သောက်တယ် စားတယ် စကားတွေပြောမယ် သီချင်းဆိုတာရှိရင် နားထောင်ပြီး ပြန်မယ် ဘယ်လိုပဲလုပ်လုပ် နောက်မနက်တွေကျ အရင်လိုပဲ သံသရာတစ်ခုထဲ ကိုယ့်ကိုယ်ကိုပစ်ထည့်ပြီး ပြန်ရုန်းကန်ကြရတာပဲ ...
ကျွန်တော်တို့တွေ နေ့စဉ်ရှင်သန်ချင်တဲ့ လူနေမှုပုံစံ ကိုယ်‌ဖြတ်သန်းချင်တဲ့နေ့စဉ်ဘဝ ဒီအရာတွေကို စိတ်ကူးနေရင်းပဲ လက်တွေ့ဘဝမှာကျ ပြသာနာတွေ လောင်ရတာတွေ အရှုပ်တွေနဲ့ လုံးချာလည် လိုက်နေကြပြန်ရော ...
ကျွန်တော်က အဲ့လိုပဲ သံသရာမလည်နေချင်ဘူး အခုချိန်မှာ အရင်လောက် အလုပ်လုပ်လို့မကောင်းရင်တောင် ကိုယ်တကယ်ဖြတ်သန်းချင်တဲ့ နေ့စဉ်ဘဝကို ဖြည်းဖြည်းချင်း ကြိုးစားယူကြည့်ချင်တယ် ...
အကူအညီကတော့ နေရာတိုင်းမှာ ရှိမြဲပါပဲ အခု Social Nest Yangon ကို စလုပ်ဖြစ်တာကလည်း အချင်းချင်းပိုသိလာကြရင် နားလည်မှုတွေပိုရမယ် အတွေးအမြင်ရှုထောင့်တွေ ပိုမြင်လာမယ် လက်ခံမယ် ကိုယ့်အတွက်အသုံးဝင်တာဆို ယူထားမယ် ဒီလိုမျိုး ရည်ရွယ်တာပေါ့ ....
ဒီနေ့ည Social Nest Yangon ရဲ့ ပထမဆုံး edition event ရှိမယ် အပေါ်ကကျွန်တော်ပြောခဲ့သလိုပဲ ဒါက လာမယ် စားသောက် သီချင်းနားထောင်ပြီး ဘာမှမထူးပဲပြန်သွားမယ် အဲ့လိုမျိုးမဟုတ်ပဲ လတိုင်း ကျွန်တော်တို့သယ်ပိုးထားရတဲ့ စိတ်ရောလူပါ ညစ်နွမ်းနေမှုကြီးကို တတ်နိုင်သလောက် detox လုပ်ပေးချင်တယ်ဗျာ ...
အဲ့တော့ လာခံစားကြည့်ပါ ဘာရမလဲ ဘာတွေထပ်ဖြည့်ရမလဲ ကျွန်တော်တို့ကို ပြောပါ
ဒီနေ့ Social Nest Yangon ညမှာ ဆုံကြမယ်ဗျာ ....

Date : 15 Nov 2022
Time : 6 PM - 10 PM
Conversation : 6:30 PM - 7:30 PM
Guest Speaker : Min's Beauty Book
Topic : " How To Let Go Your Work Pressure "
Live Music : 7:30 PM - 8:30 PM
Bands : S Milly Hmue and Khun Ye'
Networking : 8:30 PM - 10 PM
Entry Fee : 12,000 MMK (plus welcome drink)
Location : Union Bar and Grill ( Corner of Strand Road & 42 Street , Botahtaung Township )

Event detail : https://fb.me/e/2r2MjI4ZI

Conversation time ပြီးရင် မိတ်ဆွေသစ် တွေ ဖွဲ့ရင်း ရောက်တတ်ရာရာစကားတွေပြောရင်း နဲ့ Artist တွေ ဖြစ်တဲ့ S Milly Hmue ၊ Khun...
11/11/2022

Conversation time ပြီးရင် မိတ်ဆွေသစ် တွေ ဖွဲ့ရင်း ရောက်တတ်ရာရာစကားတွေပြောရင်း နဲ့ Artist တွေ ဖြစ်တဲ့ S Milly Hmue ၊ Khun Ye' တို့ရဲ့ music performance နဲ့ အတူ အ ကောင်းဆုံး တစ်နေ့တာ တစ်ခုကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်

Join us !

Pre-Ticket အတွက် page messenger မှာ Kpay နဲ့ ကြိုတင်ဝယ်ယူနိုင်ပါပြီ
Walk-in Ticket များကိုလည်း ည ၇ ခွဲ တံခါးမပိတ်ခင်အထိရောင်းချပေးသွားမှာပါ

Event agenda detail : https://fb.me/e/2r2MjI4ZI

" ကျွန်တော်တို့က အသက်ရှင်နေသမျှကာလပတ်လုံးမှာကျွန်တော်တို့ရဲ့Needs တွေကို ဖြေရှင်းဖို့အတွက်အလုပ်တွေလုပ်နေရဦးမှာဖြစ်တဲ့အတ...
11/11/2022

" ကျွန်တော်တို့က အသက်ရှင်နေသမျှကာလပတ်လုံးမှာ
ကျွန်တော်တို့ရဲ့Needs တွေကို ဖြေရှင်းဖို့အတွက်
အလုပ်တွေလုပ်နေရဦးမှာဖြစ်တဲ့အတွက်
လုပ်ငန်းခွင်ဆက်ဆံရေး လုပ်ငန်းခွင်ဖိအားတွေနဲ့
ကြုံတွေ့နေရဦးမှာဖြစ်ပါတယ် ကျွန်တော့်ရဲ့ segmentမှာ
လာရောက်နားထောင်မယ့်သူတွေထဲမှာ လုပ်ငန်းခွင်မျိုးစုံ နယ်ပယ်မျိုးစုံက လူတွေပါနိုင်တယ် ဒီလူတွေမှာမျိုးစုံသော လုပ်ငန်းခွင်ဖိအားတွေရှိပါလိမ့်မယ် အလုပ်ရှင်ပဲဖြစ်စေ အလုပ်သမား ဝန်ထမ်းပဲဖြစ်စေ စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်စေ

- လုပ်ငန်းခွင် area အမျိုးမျိုးမှာ ကြုံရဆုံရတဲ့ ဆက်ဆံရေးတွေကြောင့် ရလာတဲ့ဖိအားတွေ

- ကိုယ့်ရဲ့တစ်ကိုယ်ရည် mental balance မဖြစ်တော့လို့
ရလာတဲ့ ဖိအားတွေဖြစ်စေ

- လုပ်ငန်းခွင်နဲ့ကိုယ့်ရဲ့တကိုယ်ရည်ကိစ္စတွေကို ကွဲပြားစွာမဖြေရှင်းတတ်တဲ့အတွက်ရလာတဲ့ဖိအားမျိုးတွေ

- စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို

ကျွန်တော့်ရဲ့conversation time မှာ ဖြေရှင်းနည်းတွေအပြင် ဒီပြဿနာတွေက ဘယ်ကနေ စဖြစ်လာတယ်ဆိုတဲ့ အကြောင်းရင်းတွေကိုပါ ကိုယ့်ဟာကိုယ်
analyze လုပ်သွားနိုင်အောင် ကျွန်တော်ကဦးဆောင်ပြောကြားပေးသွားပါမယ် Audienceတွေရဲ့ အတွေ့အကြုံတွေ
point of view တွေကို ကျွန်တော်တို့အတူနားထောင်ရင်း
sharingလေးတွေလုပ်သွားကြပါမယ်ဗျ "

ဒါကတော့ " How To Let Go Your Daily Work Pressure " ဆိုတဲ့ Topic နဲ့ဆက်စပ်ပြီး 15 November ( Coming Tuesday) မှာ Social Nest Yangon ကို လာမယ့်လူတွေအတွက် Min's Beauty Book (Min Thant)က သူဘာတွေဝေမျှပေးသွားမလဲဆိုတဲ့ note လေးပါ

Pre-Ticket အတွက် page messenger မှာ Kpay နဲ့ ကြိုတင်ဝယ်ယူနိုင်ပါပြီ

Walk-in Ticket များကိုလည်း ည ၇ ခွဲ တံခါးမပိတ်ခင်အထိရောင်းချပေးသွားမှာပါ

Event agenda detail : https://fb.me/e/2r2MjI4ZI

ဘဝအတွက်ခက်ခဲတဲ့အချိန်တွေမှာ ရှာနေတဲ့ အဖြေတစ်စုံတစ်ခုကို Social Nest Yangon  မှာရှာတွေ့ နိုင်ပါလိမ့်မယ်။ နယ်ပယ်ပေါင်းစုံက...
09/11/2022

ဘဝအတွက်ခက်ခဲတဲ့အချိန်တွေမှာ ရှာနေတဲ့ အဖြေတစ်စုံတစ်ခုကို Social Nest Yangon မှာရှာတွေ့ နိုင်ပါလိမ့်မယ်။ နယ်ပယ်ပေါင်းစုံက လူအများနှင့်တွေ့ဆုံရန်၊ သူငယ်ချင်းအသစ်တွေ ဖွဲ့ နိုင်ဖို့ ရန်၊ ပံ့ပိုးကူညီမှုများရှာဖွေနိုင်ရန်၊ စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ဝါသနာများရယ် အပြုသဘောဆောင်သောခံစားချက်များတိုးပွားလာစေရန်နှင့် ပိုမိုသာယာသောဂီတအငွေ့အသက်များရရှိနိုင်ဖို့ Social Nest Yangon ကိုသာ လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Whatever you’re looking to do like finding an answer for life or whatever in these hard times, joining social nest yangon might help to meet people, make friends, find support, grow positive vibes, and explore many interests in a more musically relaxed atmosphere.

Social Nest Yangon ဆိုတာ မတူညီတဲ့နယ်ပယ်အသီးသီးက လူအချင်းချင်း ပိုပြီး ရင်းနှီးကျွမ်းဝင်လာစေဖို့ တစ်ယောက်နဲ့တစ်ယောက်  လစ်...
08/11/2022

Social Nest Yangon ဆိုတာ မတူညီတဲ့နယ်ပယ်အသီးသီးက လူအချင်းချင်း ပိုပြီး ရင်းနှီးကျွမ်းဝင်လာစေဖို့ တစ်ယောက်နဲ့တစ်ယောက် လစ်ဟာနေတဲ့ connecting dot လေးတွေကို ချိတ်ဆက်မိစေဖို့ ရည်ရွယ်ဖန်တီးထားပါတယ်
‌နွေးထွေးရင်းနှီးတဲ့ပတ်ဝန်းကျင်မှာ တစ်လတာ ပင်ပန်းလာသမျှပြေပျောက်‌စေဖို့နဲ့ နောက်တစ်လအတွက် စိတ်ကြည်လင်စွာ ရင်ဆိုင်နိုင်အောင် ပွဲရဲ့အစီအစဉ်တွေကို တစ်လနဲ့တစ်လ မတူညီတဲ့ ပုံစံ မတူညီတဲ့နေရာတွေမှာ ပြုလုပ်ပေးသွားဖို့ရှိပါတယ်

အထီးကျန်ခက်ခဲရတဲ့ဝေဒနာကို လူတိုင်းခံစားဖူးကြမှာပါ .... ဒါပေမယ့် မတူညီတဲ့နယ်ပယ်အသီးသီးမှာ မိတ်ဆွေတွေရှိနေမယ်ဆိုရင် ကျွန်တော်တို့ အချင်းချင်း ဖေးမကူညီသွားနိုင်ပါတယ်

November ရဲ့ Social Nest Yangon မှာ ဘာတွေပါမလဲဆိုရင် ....

Conversation စကားဝိုင်းအတွက်
Professional coach/counceller Min's Beauty Book (Min Thant) နဲ့အတူ " How to Let Go Your Work Pressure " ဆိုတဲ့ topic အောက်မှာ ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးကြမယ်

ပြီးရင် S Milly Hmue နဲ့ Khun Ye' ရဲ့ Live Music ကို ခံစားကြမယ်

နောက်ဆုံးအချိန်ကတော့ ကျွန်တော်တို့အချင်းချင်း စကားပြောနိုင်ကြဖို့ အချိန်ပါပါမယ်

Date : 15 November 2022
Door Open : 6 PM
Door closing : 7:30 PM
Conversation time : 6:30 PM - 7:30 PM
Live Music time : 7:30 PM - 8:30 PM
Networking time : 8:30 PM - 10:30 PM
Entry Fee : 12000 MMK (welcome drink)
Location : Union Bar and Grill
(Corner of Strand Road & 42 Street, Botahtaung Township)

Pre -Ticket ဝယ်ယူလိုပါက page messenger မှာ ဝယ်ယူနိုင်ပါပြီခင်ဗျ
Walk-in Ticket လည်း ည ၇ ခွဲမပိတ်ခင်အထိ ရောင်းပေးသွားမှာပါ

Address


Website

Alerts

Be the first to know and let us send you an email when Social Nest Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Social Nest Yangon:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share