OnlyMe

OnlyMe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from OnlyMe, Performance & Event Venue, .

09/02/2023

အရှင်ဘုရား
တစ်ဘ၀လုံးအတွက်မှ မဟုတ်ရင်
ဆုံခွင့်ကို မပေးပါနဲ့ ...
တပည့်ဝောာ် သံယောဇဉ် ကြီးတတ်လို့ပါ ။

အကြည်တော်
#ဏွယ်ဏီဝင်း

09/02/2023

ရာသီ အကူးအပြောင်းမှာ တိမ်တွေလည်း
ဖျားကြတယ်
ပင်လယ်လည်း နာဖျားတယ် ...
ဂရုစိုက်ပါ အချစ်ရယ် မင်းဘေးမှာ
ငါ ရှိတာ မဟုတ်

ဆန်းကျော်စွာဝင်း.
#ဏွယ်ဏီဝင်း

09/02/2023

ဆိုက်ကပ်လာတဲ့ လှေလေးပဲ ဖြစ်ချင်တယ်
ချန်ထားခံရတဲ့ ဆိပ်ကမ်း မဖြစ်ချင်ဘူး ...

လွမ်းတက်တယ် ... ကိုယ်က ။

CRD.စိုးသူရ.
#ဏွယ်ဏီဝင်း

09/02/2023

နွေဦးက ငြင်းတဲ့ ဆေးလိပ်မီးလို
ဘဝက ပျော်စရာ မကျန်တော့ဘူး

မင်းနဲ့ စာမေးပွဲဟာ
ခိုးချစ်နေတာပဲ ကောင်းတယ်

သေဖဲမှန်း ကြိုသိရင် မဆွဲဘူး။

#ဆန်းကျော်စွာဝင်း
#ဏွယ်ဏီဝင်း

05/04/2022

ဘဝဆိုတာ...!!
ယူထားတာ တွေပြန်ပေးဖို့နဲ့
ပေးထားတာတွေ ပြန်ယူဖို့
ရောက်လာကျတာပဲ" 😅

NNW🖤
ဏွယ်ဏီဝင်း

03/04/2022

အမေကပြောတယ်..။
မင်းကို တကယ်ချစ်တဲ့သူက
မင်းကို စိတ်ညစ်အောင်မလုပ်ဘူးတဲ့ ။

အဲ့ဒီစကားကို ကြားရပြီးကတည်းက
လူတစ်ယောက်က လိုတာထက်ပိုပြီး
ကိုယ့်ကို စိတ်ညစ်စေရင်..
ဒီလူဟာ ကိုယ့်ကို တကယ် မချစ်တာပါလားဆိုတဲ့
အသိကလေးပါ ဒွန်တွဲပြီး ဝင်လာတယ်..။

ကိုယ့်ကို ချစ်တဲ့သူတစ်ယောက်က
သူ့အတွက်နဲ့ ကိုယ့်က်ို စိတ်ညစ်ရအောင် မလုပ်ဘူး။
စိတ်ညစ်အောင်လည်း မထားဘူး..။

ကိုယ့်ကို မျက်ရည်ကျစေတဲ့သူဟာ
ကိုယ်ချစ်ရတဲ့သူဖြစ်ပြီး..
ကိုယ့်မျက်ရည်ကို နားလည်တာကတော့
ကိုယ့်ကို ချစ်တဲ့သူပဲပေါ့..။

လူတစ်ယောက်က ကိုယ့်ကို ချစ်တယ်ပြောပြီး
နေ့စဉ်နှင့်အမျှ ဒူးနဲ့မျက်ရည်သုတ်ရအောင် လုပ်နေရင်
သူပြောတဲ့ ချစ်တယ်ဆိုတာဟာ အလကားပဲ။

တကယ်ချစ်ရင် ပျော်အောင်ထား..။
လူတစ်ယောက်ကို
ကိုယ့်ကြောင့် အမြဲပျော်ရွှင်အောင်လုပ်ပေး..။
ဒါမျိုးမှ တကယ်ချစ်တာ ..။

စိတ်ညစ်စရာတွေ လာပေးတဲ့သူက တကယ်ချစ်တာလား ၊
ကိုယ့်ကို အမြဲပျော်အောင်ထားတဲ့သူက
တကယ်ချစ်တာလားဆိုတာ ခင်ဗျားလည်း သိမှာပါ။

အမေက အဖေ့ကို ဘာလို့ရွေးချယ်ခဲ့လဲဆိုတော့
အမေက အဖေ့​ကြောင့်တစ်ခါမှ စိတ်မညစ်ခဲ့ရဖူးဘူးလို့ ဖြေတယ်။

တကယ်တော့လေ လူတစ်ယောက်ရဲ့ ချစ်တယ်ဆိုတာဟာ ကိုယ့်ကို ပျော်ရွှင်အောင်ထားတတ်ခြင်းပဲ။
နောက်ပြီး တကယ်ချစ်တဲ့သူတွေက အပြောထက် လုပ်ရပ်တွေနဲ့ပဲ သက်သေပြတတ်ကြတယ် ။
🖤
#ဏွယ်ဏီဝင်း

03/04/2022

"လူစည်ကားတဲ့ အရပ်မှာ မနေချင်လို့"
"သူရင်ခွင်ထဲကနေ အပြီးပိုင်"
ထွက်ခွာလာခဲ့တယ်••😌
ဏွယ်ဏီဝင်း 🖤

22/03/2022

သူကိုယ့်ကို ဘယ်လောက်ချစ်လဲဆိုတာ❤️

သိချင်ရင် တလှည့်ပိန်ပြီး💃တလှည့်ဝကြည့်ပါလား🐷

အချစ်တွေပြောင်းမသွားဘူဆိုရင်

သူကိုယ့်ကို တကယ်ချစ်နေလို့ပဲ😘😉
🖤
#ဏွယ်ဏီဝင်း

19/02/2022

18/02/2022
18/02/2022

အချစ်ခံရတာအချင်းချင်းတူနေရင်တောင်
💖အချစ်ဆုံးပဲဖြစ်ပါရစေ💖😁

ဘဝမှာ ဘယ်တော့မှမကြိုးစားသင့်တဲ့
အရာတစ်ခုရှိတယ်..။

အဲ့တာအချစ်ခံရဖို့ပဲ..

ဘာလို့လဲဆိုတော့ ၊
လူဆိုတာ သူချစ်ချင်တဲ့သူကိုကျ ၊
ဘယ်လောက်ဆိုးဆိုး ၊ ချစ်နေတတ်ပြီး..

မချစ်ချင်တဲ့သူများကျတော့ ၊
ဘယ်လောက်ပဲ ကောင်းပေးပေး
မချစ်လာနိုင်တတ်တာမျိုး..။

ဆိုးလို့မချစ်တာ ကောင်းလို့ချစ်တာဆိုတာ
အလကားအကြောင်းပြချက်တွေပဲ..။

မချစ်တဲ့လူက မင်းဘယ်လောက်ကြိုးစားနေနေ ပြန်မချစ်လာနိုင်သလို..

တကယ်ချစ်တဲ့လူကျလဲ ၊
မြူတမှုန်စာတောင် ကြိုးစားပြနေစရာမလိုပဲ
ချစ်ကိုချစ်တယ်..။

အဓိကက ၊ အချစ်ခံရတယ်၊ မခံရဘူး ဆိုတာလဲ
မင်းရဲ့ကံပဲ..။

𝐜𝐫𝐝 ။ 📬

ချစ်တတ်ဖို့လိုတယ်_________________________ချစ်တာကတော့ လူတိုင်းချစ်တတ်တယ် ဒီအချစ်ဆိုတဲ့ အရာလေးတစ်ခုကို လူတိုင်းမထိန်းသိမ်...
17/02/2022

ချစ်တတ်ဖို့လိုတယ်
_________________________
ချစ်တာကတော့ လူတိုင်းချစ်တတ်တယ် ဒီအချစ်ဆိုတဲ့ အရာလေးတစ်ခုကို လူတိုင်းမထိန်းသိမ်းနိူင်ပါဘူး။ ချစ်တယ်ဆိုတဲ့စကားက လွယ်ပါတယ် ဒါပေမယ့် တည်ဆောက်ဖို့ ခက်ခဲတယ်။

ဘဝမှာ အချစ်မရှိလို့ ဘဝကြီးမပျက်သွားပါဘူး ဒါပေမယ့် အချစ်ကြောင့်သာ လူတွေရဲ့ဘဝတွေပျက်စီးသွားတာပါ။ ဘာကြောင့်လဲဆိုတော့ ပိုချစ်တဲ့သူက ပိုအနစ်နာခံရပြီး
မျှော်လင့်ချက်တွေ ပြည့်ခါနီးမှ ရိုက်ချိုးခံလိုက်ရတာတွေအများကြီးပါ။

ချစ်ပါ လိုတာထက် မပိုပါနဲ့ဆိုတာထက်
သူ့ဘက်ကိုယ့်ဘက် မျှတနေဖို့လိုပါတယ်
သူချစ်၊ကိုယ်ချစ်ထက် လူစိတ်မရှိတဲ့ သူနဲ့တွေ့သွားရင် ချစ်တာတွေ မေတ္တာတွေထက် ကိုယ့်ဘဝပါပျက်စီးသွားနိူင်ပါတယ်။

ချစ်ပါ နားလည်မှုမျှတစွာ...
ချစ်ပါ လေးစားမှုမျှတစွာ...
ချစ်ပါ ကိုယ်ချင်းစာနာမှုမျှတစွာ...
ချစ်ပါ ကြင်နာခြင်းတွေမျှတစွာ...
ချစ်ပါ သံသယကင်းကင်းနဲ့ ယုံကြည်မှုတွေမျှတစွာ....
လိုအပ်တာတွေ ရှိတဲ့အခါ ဖြည်းတွေးနားလည်ပေးပြီးချစ်ပါ...
သူတင်းနေလည်း ကိုယ်ကလျော့ပါ...
ကိုယ်တင်းလည်း သူကလျော့ပေးပါ...
ဘဝက ထင်သလောက်မလွယ်တဲ့အခါ
အဆင်မပြေမှုတွေကြား အပြန်အလှန်ဖေးမပြီး တစ်ဦးကိုတစ်ဦး နားလည်မှုကိုယ်စီနဲ့
သည်းခံခြင်းတွေမျှတွေးပေးပါ။

တစ်ဘဝစာ လက်တွဲသွားဖို့
အချစ် မပါလို့မရဘူး...
နားလည်မှု မပါ လို့မရဘူး...
ယုံကြည်မှု မပါလို့မရဘူး...
လေးစားမှု မပါလို့မရဘူး...
ကိုယ်ချင်းစာနာမှု မပါလို့မရဘူး...
သည်းခံခြင်း ခွင့်လွှတ်ခြင်း မပါလို့မရဘူး..

ဖြစ်နိူင်ရင် အချစ်ဆိုတာ နက်ရှိုင်းတယ်
လေးနက်တယ် အဓိပ္ပယ်အများကြီးရှိပါတယ် သို့ပေမယ့် ပေါ့ပျက်ပျက်တွေးသူတွေအတွက်ကတော့ အချစ်ဆိုသည်မှာ ပေါ့ပျက်ပျက်ပဲ ဖြစ်နေမှာပါ။

တစ်ဘဝစာ တစ်သက်လုံး လက်တွဲဖို့ရည်ရွယ်ထားရင် တစ်ခဏနဲ့ မသာယာပါနဲ့
စဉ်းစားပါ၊ဆုံးဖြတ်ပါ ဦးနှောက် မသုံးတဲ့အချစ်ရေးက ရည်ရှည်မမြဲသလို အချစ်မရှိတဲ့ အချစ်ရေးကလည်း မမြဲပါဘူး အဓိက က နားလည်မှုရှိရင် အတိတ်ဆိုတာမရှိဘူး
ကိုယ့်လက်ထဲရောက်ရင် ကိုယ်တန်ဖိုးထားသလောက် တန်ဖိုးရှိတယ်ဆိုတာပါပဲ။
ချစ်တတ်ဖို့ပဲ လိုပါတယ်။

လေးစားစွာဖြင့်
#မေဆု(ရာမညမြေ)

စာပေ
https://www.facebook.com/profile.php?id=100044674532900

'ညရဲ့  ညွတ်ကွင်း'*********************ည...အ​မှောင်​တွေက လင်းလက်​နေတဲ့ လမင်းကို လာဘ်ထိုးခဲ့ကြ​မျှော်လင့်ချက်တို့ ဆိတ်သုဥ်...
31/01/2022

'ညရဲ့ ညွတ်ကွင်း'
*********************
ည...
အ​မှောင်​တွေက လင်းလက်​နေတဲ့
လမင်းကို လာဘ်ထိုးခဲ့ကြ
​မျှော်လင့်ချက်တို့ ဆိတ်သုဥ်းကွယ်​ပျောက်ချိန် ။

ခင်ဗျားပုံ​တွေ နံရံအပြည့်ကပ်ထားတဲ့
ခပ်စုတ်စုတ်အခန်း​လေးထဲက-
ညစ်​ထေး​ထေးစားပွဲခုံ​ပေါ်မှာ တင်ထားတဲ့
ဝီစကီတစ်လုံး ပြီး​တော့
ဖန်ခွက်အလွတ်တစ်လုံးရယ်
မုတ်ဆိတ်​မွေးဗရပျစ် ခပ်ရှုပ်ရှုပ်ဆံပင်​တွေနဲ့
ထိုင်​နေတဲ့ ကျွန်​တော်ရယ်
ဘယ်လိုမှ ပသာဒ မဖြစ်တဲ့ မြင်ကွင်းမျိုး​​ပေါ့ ။

အ​ရောင်မတူတဲ့ အရည်​တွေကို
ခွက်အလွတ်ထဲ အပြည့်ငှဲ့ပြီး ​
ကောက်​​မော့လိုက်တယ် ၊
​ခပ်အက်အက်ခင်ဗျားရယ်သံ​တွေ​
ခင်ဗျားအမုန်း​တွေပါလို့လား မသိ
ခါးသက်ရမဲ့အစား ချိုမြိန်​နေတယ် ။

ဥပါဒါန်​ကြောင့် ဥပါဒ်​ရောက်ရတယ်ဆိုရင်​တောင်
အဲ့ဥပါဒ်​တွေကို ကျွန်​တော်ရူးသွပ်စွာ ခုံမင်မိခဲ့ ။

ဟုတ်တယ်
ကျွန်​တော်က ခင်ဗျားနဲ့ပတ်သက်လာရင်
အစွန်း​ရောက်ဝါဒီ
နီးရပြီဆို နှစ်ကိုယ့်တစ်စိတ်
​ဝေးရရင်လည်း ​ရေဆုံး​မြေဆုံးပဲ ။

ခပ်​ထွေ​​ထွေလေးဖြစ်လာပြီဆို
အရင်ဆုံး သတိရမိတာ ခင်ဗျားကို
ကျွန်​တော်မရှိလည်း ဘယ်သူ​တွေနဲ့
အဆင်​ပြေ​နေလဲ​ပေါ့ ။

လူတစ်ကိုယ် စိတ်နှစ်မျိုးနဲ့
ဖြတ်သန်းခဲ့ရတဲ့ ညနက်​တွေထဲ
ဘယ် လ မှ ကျွန်​တော့်အတွက် မထွက်ခဲ့ ၊
စိတ်အရှိတိုင်း ပစ်​ပေါက်လိုက်တဲ့
သက်မဲ့ဖန်ခွက်​က​လေးသာ
တစ်စစီ ကွဲထွက်​ပေးခဲ့ရ ။

မေတ္တာက ​ရောင်ပြန်ဟပ်တယ်ဆို
ကျွန်​တော်နဲ့ကျမှ ​ဘောင်ခတ်ခံလိုက်ရတာလား ။

ရပါတယ်
အချိုပဲ​ပေး​ပေး အခါး​ပဲပေး​ပေး
​ဝေးပြီးသား ကျွန်​တော့်အတွက်
​နောက်ထပ်နာကျင်စရာ​တွေ မရှိ​​​တော့ ။

ညတစ်ညရဲ့ ညွတ်ကွင်း​အောက်မှာ
​ပိတ်​လှောင်မိ​နေတဲ့ ကျွန်​တော့်နှလုံးသားက
ကယ်ပါ ယူပါ အသံတစာစာနဲ့
အော်ဟစ်ညည်းတွားရင်း ။

တိမ်လွင့်​​ဝေး

တွဲသောလက်တွေမြဲစေဖို့ဆိုရင် [002]Can A Relationship be Fixed? ပျက်စီးသွားတဲ့ Relationship တစ်ခုဟာပြင်လို့ရလား?Sometimes ...
18/05/2021

တွဲသောလက်တွေမြဲစေဖို့ဆိုရင် [002]

Can A Relationship be Fixed?
ပျက်စီးသွားတဲ့ Relationship တစ်ခုဟာပြင်လို့ရလား?

Sometimes Yes and Mostly No.
But Rarely worth it.

ကျွန်တော့်ဆီ လာလာပြီး
"အစ်ကိုယ် ညီမရဲ့ ဒီ Relationship Problem
ကိုဘယ်လိုဖြေရှင်းရမလဲ? လို့မေးရင်
ဘာနဲ့သွားတူလဲဆိုတော့
"အစ်ကိုယ် ညီမ တူတစ်ချောင်းနဲ့
ခေါက်ဆွဲဘယ်လိုစားရမလဲ?" လို့မေးနေတာနဲ့တူတယ်

တူဆိုကတည်းက နှစ်ချောင်းပါမှ တူဖြစ်တာမဟုတ်လား?
"တူတစ်ချောင်း"ဆိုတာ တွေးကြည့်ရင် ရှိလို့လား?
"တူတစ်ချောင်း"ဆိုတာ တကယ်တော့
ဒုတ်ချောင်းတစ်ချောင်းပါပဲ

Relationship ပြဿနာဆိုတာလဲ ဒီအတိုင်းပဲ
It's a TWO PEOPLE problem ပါ
လူနှစ်ယောက်ဖန်တီးလာတဲ့ Problem ကို
လူတစ်ယောက်ကလိုက်ဖြေရှင်းလို့မရပါဘူး
လူနှစ်ယောက်ဖြေရှင်းမှပဲရမှာပါ

တချို့ဒီနေရာမှာ လာပြီးကန့်လန့်တိုက်ကြတယ်
"ဟင် ပြဿနာကသူကစတာလေ
သူ့ကြောင့်ဒီ ပြဿနာဖြစ်တာလေ၊
သူကမရိုးသားတာ၊ သူကသစ္စာစဖောက်တာ"
ဒီလို Mindset နဲ့ဆို ဆက်မဖက်ပါနဲ့ အချိန်ကုန်ပါတယ်
Your* Relationship can't be fixed.

သူ့ကြောင့်၊ငါ့ကြောင့် ဆိုပြီးလက်ညှိုးထိုးနေသ၍
TWO PEOPLE Problem ကို ဘယ်လိုဖြေရှင်းချင်တာလဲ?
ထားပါတော့ သူကပဲ စပြီးမှားခဲ့တယ်ဆိုရင်တောင်
Relationship မှာ လူနှစ်ယောက်ပါဝင်နေပြီဆိုကတည်းက
His Problem က Her Problem ပါ
Her Problem ကလဲ His Problem ပါပဲ
ဒီ You,Me နင်၊ငါ Him,Her သူ၊သူမ
Mindset ကနေ မရုံးထွက်နိုင်သ၍
"We"ဆိုတဲ့ "ငါတို့.." ဆိုတဲ့ နာမ်စားကိုပြောင်းမသုံးနိုင်သေးသ၍
"ခင်ဗျားတို့ ရဲ့ ပြဿနာ"ကို ဖြေရှင်းဖို့ဆိုတာ ဝေလာဝေးပါပဲ

ဒီတော့ အဲ့ထဲက "သူ"၊ "သူမ" တစ်ယောက်ယောက်ကလာပြီး
"အစ်ကိုယ် ဘယ်လိုဖြေရှင်းရမလဲ?"ဆို‌တော့
ဘယ်က ဘယ်လိုပြန်ပြောရမှာလဲတောင်မသိတော့ဘူးပေါ့
တကယ်ဖြေရှင်းချင်ရင် "ခင်ဗျားတို့"လာခဲ့ပါပေါ့
"ခင်ဗျားတို့ထဲက တစ်ယောက်ရဲ့ပြဿနာဟာ
ခင်ဗျားတို့ရဲ့ပြဿနာပဲမဟုတ်လား?"လို့

ဒါကြောင့် Relationship တွေမှာ
"We" "ငါတို့" ဆိုတဲ့ Stage ကို တစ်နှစ်နှစ်နှစ်အတွင်း
တည်ဆောက်ရင် တည်ဆောက်မတည်ဆောက်နိုင်ရင်
ဘာမှအချိန်ပေးမနေပါနဲ့ Foundation
မခိုင်တဲ့အဆောက်အဦးတစ်ခုလိုပဲ
လောကဒဏ် တချက်ရိုက်လိုက်တာနဲ့
"ဝုန်း"ကနဲပျိုလဲသွားမှာပါပဲ

ဒါကြောင့် Relationship တစ်ခုကို
Fixချင်တယ်ဆိုရင်

First Requirement အနေနဲ့
နင်၊ ငါ Mindset ကိုအရင်ပြောင်းရတယ်
အခုဒီ ဖြစ်နေတဲ့ပြဿနာတွေဟာ
ငါတစ်ယောက်ထဲဖြေရှင်းလို့မရဘဲ
ငါတို့နှစ်ယောက်*ဖြေရှင်းမှရမယ့်
ပြဿနာလို့အရင်ဆုံးမြင်နိုင်ရလိမ့်မယ်

ဒါကြောင့် ရုပ်ရှင်တွေထဲက Marriage Counseling Scene
တွေမှာကြည့်ကြည့်ပါ တစ်ဖက်မှာက counselor
တဖက်မှာက ထိုင်ခုံနှစ်ခုနဲ့ တစ်ခုံမှာယောက်ျား၊
တစ်ခုံမှာမိန်းမ နှစ်ယောက်စလုံးရှိနေမှ
Marriage* Counseling လို့ခေါ်တာပါ
တစ်ယောက်ထဲဆိုရင် Therapy or Coaching လို့ခေါ်မှာပေါ့
(ဘာတွေကွာလဲဆိုတာတော့ နောက်မှပဲရှင်းပြတော့မယ်)

Second Requirement အနေနဲ့ကတော့
Hope ပါ မျှော်လင့်ချက်ပေါ့
ဒီလမ်းရဲ့အဆုံးမှာ ကိုယ်သွားချင်တဲ့နေရာရှိတယ်
ဆိုတာကို ယုံကြည်မှဒီလမ်းက
ဘယ်လောက်ကြမ်းတမ်းကြမ်းတမ်း
ဆက်သွားဖို့ ခွန်အားရှိမှာပါ
ဒီတော့ Can Our* Relationship be Fixed?
လို့မေးရင် ကာယကံရှင်နှစ်ယောက်စလုံးက "Yes" ဆိုတဲ့
မျှော်လင့်ချက်နဲ့ ယုံကြည်မှု ရှိနေမှအဆင်ပြေလိမ့်မယ်

Third Requirement ကတော့ Effort ပါ
"နှစ်ယောက်စလုံးပြင်ရမှန်းလဲ သိတယ်"
"ပြင်လို့ရကြောင်းလဲ၊ ရမှန်းလဲ ယုံကြည်တယ်မျှော်လင့်ချက်ရှိတယ်"
ဒါပေမယ့် ဒီ ပြဿနာတွေအပေါ်မှာ
ဘာမှလဲ ထိရောက်တဲ့ ကြိုးစားအားထုပ်မှုမရှိဘူးဆိုရင်
zero က zero ပါပဲ

Forth Requirement ကတော့ Time/Patience ပါ
ပစ္စည်းတစ်ခုဟာ ဘယ်လောက်ကြာကြာပျက်နေပါစေ
ချက်ချင်းလိုအပ်တာကောက်လဲလိုက်၊ပြင်လိုက်ရင်
ပြန်ကောင်းသွားပါလိမ့်မယ်
ဒါပေမယ့် Relationship ကြတော့ အဲ့လိုမဟုတ်ပါဘူး
ဘာဖြစ်လို့လဲဆိုတော့ "လူ"ဆိုတဲ့ Complex Being တွေပါနေလို့ပဲ
ဒါတောင် တစ်ယောက်ထဲမဟုတ်ဘူး နှစ်ယောက်တောင်
နောက်ဒီလို ရှုပ်ထွေးတဲ့ လူနှစ်ယောက်ကစတဲ့ ပြဿနာဆိုတော့
ဘယ်လောက်တောင် ရှုပ်ထွေးလိုက်လိမ့်မလဲ?
အဲ့တော့ Effort တင်မကပဲ Time and Patience ဆိုတဲ့
အချိန်နဲ့ သည်းခံနိုင်မှုပါလိုလာတယ်

Fifth Requirement ကတော့ How? ပါ
ဒါကတော့ အရှုပ်ဆုံးနဲ့ အခက်ဆုံးနဲ့ အရေးကြီးဆုံးအရာပေါ့

နားလည်အောင်ပြောရမယ်ဆိုရင်
ဟင်းတစ်ခွက်ကိုချက်တာနဲ့သွားတူတယ်
Requirement တွေ Ingredient တွေပြည့်စုံတာနဲ့
ဟင်းတစ်ခွက်ပြီးမသွားပါဘူး၊
ဘယ် Ingredient ကိုဘယ်လိုအရင်ပြင်ထားရမလဲ?
ဘယ် Ingredient ကိုမီးဘယ်လောက်ထားကြော်ရမလဲ?
ဘယ် Ingredient ကိုဘယ်ချိန်မှာထည့်ရမလဲ?
စတဲ့ Step by Step Techniques တွေ
Guidances တွေ ပေါ့

ဒီတော့ We ဆိုပြီး Mindset ပြောင်းသွားရုံနဲ့မရဘူး
ယုံကြည်နေရုံမျှော်လင့်နေရုံနဲ့ ထိုင် Hope နေရုံနဲ့လဲမရဘူး
Effort တွေဇွတ်အတင်းလျှောက်ထည့်နေရုံနဲ့လဲမရဘူး
Effort တွေမှန်မှန်ကန်ကန်ထည့်ရင်တောင် Result ရဖို့
က အချိန်ကြာဦးမယ်၊ ရုပ်လုံးပေါ်လာအောင် သည်းခံရဦးမယ်
ဒီတော့ 1-4 ကြည့်လိုက်ရင် အဆင်ပြေသပါပဲ
ဒါပေမယ့် Main Component ဖြစ်တဲ့ Plan ပျောက်နေတယ်

ဘာကို မျှော်လင့်ရမှာလဲ? ဘယ်နေရာတွေမှာ Effort ထည့်ရမှာလဲ?
Result ကိုဘယ်လိုတိုင်းမှာလဲ? သည်းခံတာ၊စောင့်တာကဟုတ်ပါပြီ
ဘယ်လောက်ထိ သည်းခံရမှာလဲ? ဘယ်လောက်ထိစောင့်ရမှာလဲ?
ဒါတွေရဲ့အဖြေက How? ပါပဲ? ဒါကြောင့်
နောက်ဆုံးမှလိုအပ်တဲ့အရာဖြစ်နေပေမယ့် အခက်ဆုံးအရာဖြစ်နေတယ်
ဘာဖြစ်လို့လဲဆိုတော့ ပါဝင်တဲ့လူတွေကလဲမတူပါဘူး၊
သူတို့တစ်ဦးတစ်ယောက်ချင်းဆီရဲ့အမြင်တွေ၊ တန်ဖိုးတွေလဲမတူပါဘူး
ဒီလူနှစ်ယောက်တွဲဆီက ပေါက်ဖွားလာတဲ့ Relationship
ပြဿနာတွေကလဲ မတူပါဘူး၊ ဒီတော့...
How To Fix A Relationship? ဆိုပြီး
Relationship Problem တိုင်းအတွက်
Step by Step Universal Solution ဆိုပြီးရေးလို့မရပါဘူး
မဟုတ်ရင် Counselor တွေ ထမင်းငတ်ကုန်ကြမှာပေါ့

ဒါကြောင့် ကျွန်တော့်ကို
Can A Relationship Be Fixed ?လို့မေးရင်

Sometimes Yes and Mostly No.
But Rarely worth it. လို့ဖြေတယ်

Sometimes Yes ဆိုတာက
ပြင်လို့ရပါတယ် ဒါပေမယ့် အခုဖတ်လာခဲ့တဲ့အတိုင်းပဲ
တောင်းဆိုမှုတွေ Requirement တွေ၊
ပေးဆပ်မှုတွေ အရမ်းများလွန်းတယ်
ဒါတွေပြည့်စုံပြီဆိုတာတောင်မှ How ဆိုတဲ့နေရာမှာ
များသောအားဖြင့် Professional Help မရှိရင်
ဆန္ဒတွေပျင်းပြနေပေမယ့်လဲ လည်ထွက်နေကြတယ်
ဒါပေမယ့် တချို့ကတချို့ကတော့ အဆင်ပြေသွားကြတယ်
ဒီတော့ Sometimes Yes ပေါ့
So YES! Relationship can be fixed ပါ
But sometimes ပေါ့

ကျန်တဲ့သူတွေကတော့ Requirementတွေ
ဘာတစ်ခုမှ establish မလုပ်နိုင်ဘဲနဲ့
တစ်ယောက်နဲ့ တစ်ယောက်လက်ညှိုးတွေထိုး၊
ပြဿနာတွေကြောင့် အသည်းတွေကွဲ၊နာကျင်နေရင်း
Fix ဖို့တောင်မစဉ်းစားမိကြပါဘူး၊
ဒီစာတောင် အဆုံးထိဖတ်ဖို့ အားမထုပ်တဲ့
လူတစ်စုတောင်ရှိလိမ့်မယ် ဘယ်လိုလို့
ဒီလောက် Complicated ဖြစ်တဲ့အရာကြီးကို
Fix မှာလဲ? ဒါကြောင့် Mostly No လို့
တကယ် Fix နိုင်သွားတာက ရှားပါတယ်

But rarely worth it ဆိုတာကတော့
Fix ရတာမတန်တဲ့ Relationship တွေများပါတယ်
ဖုန်းတစ်လုံးကိုပြင်ရသလိုပေါ့ ဒီဖုန်းမှန်ကွဲသွားလို့
ရေဝင်သွားလို့ ပြင်ချင်တယ်ဘယ်လောက်လဲဆိုရင်
ပြင်ရတဲ့ ကုန်ကျစရိတ်က ဖုန်းအသစ်တစ်လုံးနဲ့မကွာတော့ဘူး
ဒီတော့ ပြင်မနေတော့ပဲ ပိုပြီးသစ်တဲ့ ကောင်းတဲ့ ဖုန်းကိုပဲ
ပိုက်ဆံစုပြီးဝယ်တော့မှာပေါ့ ?

နောက်ဆုံး တကယ်အပွင့်လင်းဆုံးကိုပြောရရင်
Relationship ကို Fix လုပ်ချင်တဲ့သူတွေ
ရာခိုင်နှုန်းတော်တော်များများ ကိုကြည့်ရင်
သူတို့တစ်ယောက်ပဲ Fix ချင်နေကြတာများပါတယ်
သူတို့အနှစ်နှစ်ကာလက ပေးဆပ်ခဲ့တဲ့ဟာတွေ
နောက်ဆုံးမှာ ဘာမှမဖြစ်ထွန်းသွားမှာ တစ်ယောက်ထဲ
စိုးရိမ်နေကြသူ၊ ပူပင်နေကြသူတွေများပါတယ်
(ဒါဟာဟိုနေ့ကရေးတဲ့ Sunk Cost Fallacy ပါပဲ)
ဒီလူမှ တန်ဖိုးမထားရင်၊သူ့ကိုတန်ဖိုးထားမယ့်သူမရှိတော့မှာ
ဒီ Relationship မှအဆင်မပြေရင် အပျိုကြီးဖြစ်တော့မှာ
စသဖြင့် All or None တွေပေါ့
တဖက်ကဖြင့် Fix ဖို့နေနေသာသာ Problem
တစ်ခုလို့တောင်တွေးပုံမရဘူး၊ Fix မယ် Fix မယ်ဆိုပြီး
ပါးစပ်ပိတ်သွားအောင် Lip Service ပေး
အချိန်ဆွဲလို့ရသမျှဆွဲနေတဲ့သူတွေလဲ တစ်ပုံကြီးပါဘဲ

ဒီတော့ Relationship ကို Fix ချင်နေတယ်
Fix ဖို့ဆန္ဒရှိတယ်ဆိုရင် တဖက်ပါဝင်တဲ့သူကို ပေးဖတ်ခိုင်းကြည့်ပါ
ဘယ်လိုတုန့်ပြန်သလဲပေါ့? သူတုန့်ပြန်တဲ့ပုံစံက
ဒီ Relationship ကို Fix လို့ရမရ အဖြေပေးပါလိမ့်မယ်

ထုံးစံအတိုင်းပါပဲ
တွဲသောလက်တွေမြဲပါစေပေါ့ ဒါပေမယ့်
မတန်တဲ့လက်တွေတော့ ဆွဲမထားပါနဲ့ ညောင်းလွန်းတယ်

P.S စာပါပိုစ်
မိန်းကလေးတိုင်းနားလည်ထားရမယ့် Sunk Cost Fallacy
https://www.facebook.com/nkzhmdy/posts/10216756954011797

Crd

18/05/2021

ဟိုနေရာဗုံးပေါက်
ဒီနေရာဗုံးပေါက်နဲ့
ex ကိုတော့စိတ်ပူမိသား
မပါသွားမှာစိုးလို့ 🙂🙂

18/05/2021

ချစ်နေရင် ဖွင့်ပြောလိုက်ပါ
ပြီးမှ ငြင်းတာခံလိုက်
အဓိကက သူသိသွားဖို့ဘဲ😂
NNW🖤

18/05/2021

မညာပါနဲ့ မင်းချစ်တာ
သူသိသလို...
သူမချစ်တာလည်း
မင်းသိတယ်မဟုတ်လား 🥺

13/05/2021

ကိုယ်နဲ့ Ship မယ့်သူက
တော်ရုံတန်ရုံကုသိုလ်ကံနဲ့မရပါဘူး

ကံတော်တော်ဆိုးမှပါ😆
NNW🖤

12/05/2021

ခေတ်ကာလကြီးက မကောင်းတော့
ကိုယ့်မှာ စုမိ ဆောင်းမိတာ ဆိုလို့
ဖုန်းထဲက VPN တွေပဲ ရှိတယ် 😅

Depression

12/05/2021

ဘယ်တော့မှ.အောက်ကျမခံပါနဲ့...🙂🙂

မတော်လို့ကျခဲ့ရင်လဲပြန်ကောက်စား.ပါ..😇😇

အကျီ်နဲ့သုတ်ပီး🙂🙂🙂

C r d

12/05/2021

အမေက မွေးတယ်
အဖေက ကျွေးတယ်

ဟို သူတောင်းစား$ပုက
စိတ်ရော လူရော ဒုက္ခပေးတယ်

12/05/2021

တခါတလေကျရင် အရမ်းသိချင်လာတဲ့
အကြောင်းတခုရှိတယ်

ငါ ဘယ်သူနဲ့ ညားမှာလဲဆိုတာ :”)😅
NNW🖤

တွဲသောလက်တွေမြဲစေဖို့ဆိုရင်[001]ကိုယ်တန်ဖိုးထားတဲ့အရာကိုသူတန်ဖိုးမထားတော့ရင် ကိုယ်ဟာသူ့အတွက် အလိုလိုနေရင်း တန်ဖိုးမရှိတဲ...
11/05/2021

တွဲသောလက်တွေမြဲစေဖို့ဆိုရင်[001]

ကိုယ်တန်ဖိုးထားတဲ့အရာကို
သူတန်ဖိုးမထားတော့ရင်
ကိုယ်ဟာသူ့အတွက် အလိုလိုနေရင်း
တန်ဖိုးမရှိတဲ့သူဖြစ်သွားတယ်

ဘာဖြစ်လို့ ဒီအသေးအမွှားလေတွေပဲပြောနေတာလဲ?
ဘာဖြစ်လို့ ဒီအကြောင်းတွေကိုပဲတွေးနေတာလဲ?
ဘာဖြစ်လို့ ဒါကိုဒီလောက်ပေးဝယ်ရတာလဲ?
ဘာဖြစ်လို့ ဒါတွေနဲ့အချိန်ကုန်နေတာလဲ?

ကိုယ့်အနေနဲ့ ကိုယ်တန်ဖိုးထားတယ်ဆိုတဲ့အရာတွေကို
သူ့ရှေ့မှာ ပြလိုက်မိရင်၊ပြောလိုက်မိရင်ကိုပဲ
အပြစ်တစ်ခုခုကိုလုပ်ထားသလို
ကောခံရမှာ၊ဆူခံရမှာကိုကြောက်သလိုလို
ကိုယ့်ကို Judge လုပ်နေမှာ၊မလေးစားတော့မှာ
စိုးရိမ်သလိုလိုခံစားမိနေပြီဆိုရင်
သေချာတယ် Relationshipက
မွန်းကျပ်လာတယ်၊ စစတွဲတုန်းကလို
လွှတ်လပ်မှုတွေ၊ နားလည်မှုတွေ
လက်ခံမှုတွေ မရှိတော့ဘူး၊

သူနဲ့တွေ့တိုင်းတွေ့တိုင်း
သူနဲ့စကားပြောတိုင်းပြောတိုင်း
စာမေးပွဲတစ်ခုကို ဖြေနေရသလိုပဲ
တစ်ခုခုမှားတာနဲ့ မကောင်းတဲ့
Consequence ရလဒ်တစ်ခုခု
တချိန်ချိန်မှာ ထွက်လာမှာကိုပဲ
ကြောက်နေရတယ်

ဒီလိုမဟုတ်ဘဲ ကိုယ့်ကိုသူတန်ဖိုးထားအောင်
သူတန်ဖိုးထားတဲ့အရာတွေကိုပဲ လုပ်ပြနေရင်
သူ့အနေနဲ့ Appreciate လုပ်ရမယ့်အစား
"ဒီလိုပဲ ဖြစ်ရမှာပဲ"ဆိုပြီး Norm တစ်ခုအနေနဲ့ပဲ
ထားလိုက်တော့တယ် ကိုယ်ဘက်မှာတော့
ဘယ်လောက်ပေးဆပ်လိုက်ရတာဆိုတာ
သူ့ဘက်က နားလည်ပုံမရတော့ဘူး
ဒီလိုကျတော့လဲ ကိုယ်ပဲကြိပ်ပြီးခံစားရပြန်တယ်

တန်ဖိုးမထားတဲ့အတွက် လေးစားမှုမရှိတော့ဘူး၊
လေးစားမှုမရှိတဲ့အတွက် ယုံကြည်မှုမရှိတော့ဘူး
မယုံကြည်တော့တဲ့အတွက် ချုပ်ချယ်လာတယ်၊

ချုပ်ချယ်လို့ရရင် ချုပ်ချယ်ခံရတဲ့သူက မပျော်ရွှင်ပဲ
Rs မတည်မငြိမ်ဖြစ်လာတယ်

ချုပ်ချယ်လို့မရရင် Control မရှိတော့ရင်
Rs ပေါ် မျှော်လင့်ချက်မဲ့လာတယ်
ကြိုးစားချင်စိတ်တွေ၊ အိပ်မက်တွေယိုင်နဲ့လာတယ်

ဒါကြောင့် Relationship တစ်ခုမှာ
တန်ဖိုးဆိုတာအရေးကြီးတယ်
အတတ်နိုင်ဆုံး တန်ဖိုးထားတာချင်းတူတဲ့သူကို
ရွေးချယ်စေချင်တယ်

မတူခဲ့ရင်တောင်မှ သူတန်ဖိုးထားတဲ့အရာကို
ကိုယ်တန်ဖိုးထားနိုင်အောင်ကြိုးစားသင့်တယ်
သူ့လို ညီတူညီမျှတန်ဖိုးထားနိုင်အောင်
မကြိုးစားနိုင်ရင်တောင်မှ သူဘာလို့တန်ဖိုးထားလဲဆိုတာကို
နားလည်လက်ခံပေးဖို့တော့ မဖြစ်မနေကြိုးစားရလိမ့်မယ်

တွဲသောလက်တွေမြဲပါစေ ...


P.S တန်ဖိုးနဲ့ပက်သက်ပြီး

https://www.facebook.com/nkzhmdy/posts/10216395919586162
https://m.facebook.com/story.php?story_fbid=10216545399603069&id=1100796855

11/05/2021

မိန်းကလေး ဆိုတာ
ချွဲတတ်ရင်ချွဲ မချွဲတတ်ရင်

ဆဲသာဆဲ ညီမလေး... 😁
😂NNW🖤

11/05/2021

မင်းရှိတယ်ဆိုတဲ့အသိနဲ့
ငြင်းလိုက်တဲ့သူတွေမှအများကြီးပဲ

မင်းဆိုတာဘယ်သူလဲမမေးနဲ့ငါလည်းမသိဘူး😋🙂🥀
NNW🖤

08/05/2021

အစကတော့ EXကိုပဲကြည့်မရတာ
ခုတော့ ပု တဲ့လူမြင်လိုက်တိုင်း
မျက်လုံးထဲမှာ ကန့်လန့်ဖြစ်နေတယ်🔥

ဝီ ဟိတ် စောက်ပု :::

SAI 🏴

07/05/2021

လှတဲ့သူတေပုံတေရိုက်တင်နေတာ
ရုပ်ဆိုးတဲ့ငါ့ကို လှောင်နေသလိုပဲ
အဲဒါအမေ့ကြောင့် ?
NNW🖤

07/05/2021

ဒီနေ့ကစပြီး
KNU ကို သဘောကျလို့
ကရင်နာမည် ချိန်းလိုက်ပါပြီ
"စောတအားဆဲ"

Crd

29/04/2021

( ꈍᴗꈍ)ပိုသူလှူ လိုသူယူ !?
( ꈍᴗꈍ)ရည်းစားအပိုရှိတဲ့သူတေ
( ꈍᴗꈍ)အတုယူသင့်တယ်
( ꈍᴗꈍ)( ꈍᴗꈍ)( ꈍᴗꈍ)
( ꈍᴗꈍ)NNW🖤
( ꈍᴗꈍ)( ꈍᴗꈍ)

20/04/2021

ကျနော်တို့က လူငယ်တွေပါနော်
အိမ်မက်တွေရှိပါတယ်
ရည်းစားနဲ့အတူတူ
ပုဂံသွားရအုံးမယ် '(သိဖို့😂
NNW🖤

17/04/2021

ငါပိုင်တဲ့ ငါ့ကောင်လေးလုယူသွားတဲ့
ကောင်မရယ်
လူသန်း၅၀ကျော်ပိုင်တာကို
လုယူထားတဲ့သူတေရယ်မြန်မြန်သေပါစေ
NNW🖤

12/04/2021

Facebookမှာ စကားလက်လွန်ထားသူများ
Profile ကို Ex ပုံ တင်ထားပါ
Cover ကို Ex ပုံ တင်ထားပါ
အနည်းဆုံးတော့ သူတို့အရင်အဖမ်းခံရမှာ

11/04/2021

အိမ်ကလူတွေက ဖုန်းကြည့်ပြီးရီနေရင်
ရည်းစားရှိတယ်တဲ့
သောက်ကျိူးနည်း logic :))
NNW🖤

10/04/2021

အင်္ကျီ အမဲ mask အမဲ ပဲလား
အသားမဲတဲ့သူတွေရော
ဒဏ်ကြေးမဆောင်ရဘူးလား

09/04/2021

ခုအချိန် wifi.တေကလဲ
ရည်းစားထားရသလိုပဲ
ဘယ်နေ့ပြတ်မလဲပဲတွေးနေရတာ
FEEL.ကိုမလာဘူး
Overthinking
ဖြစ်နေရတာမောတယ်
NNW🖤

08/04/2021

profile.photo.ချိန်းလိုက်လို့
လှလိုက်တာ အချစ်ခလေး အသည်းလေး လို့များ
မန့်ကြမလားထင်ထားတာ?
အသားမည်းတဲ့ပတ္တမြားခဲလေး-တဲ့
‌ဘယ်ကသေနာကောင်လဲသိပု။
NNW🖤

07/04/2021

$ကောင်တေရွံလို့
လမ်းပေါ်ထွက်အော်တာ
အဲ့$.$.ကောင်တေနဲ့မမိပဲ အိမ်ကမိသွားလို့
အခုအိမ်အပြင်ထွက်ခွင့်ပိတ်ခံရ
NNW🖤

07/04/2021

အထူးဝမ်းနည်း
ကြေကွဲရပါတယ်‌ကလေးရယ်။
[- Body-5-total-11-]
NNW🖤

06/04/2021

နိုင်ငံရေးမကောင်းတဲ့ထဲ
မင်းက ပစ်ထားနိုင်သေးတယ်နော်🙂🙂

Shu💔🥀
NNW😭

Address


Website

Alerts

Be the first to know and let us send you an email when OnlyMe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share