Phyo Garden

Phyo Garden Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyo Garden, Florist, .
(1)

ပန်းမျိုးစေ့လေးတွေ မှာယူလို့ရပါပြီ။ 🔺ပန်းမျိုးစေ့တစ်ထုပ်  3,000 Ks 🔺(10)ထုပ်ဝယ် တစ်ထုပ်လက်ဆောင်ပါ။ 🔺အားဆေး တစ်ထုပ် 1,500...
24/06/2024

ပန်းမျိုးစေ့လေးတွေ မှာယူလို့ရပါပြီ။

🔺ပန်းမျိုးစေ့တစ်ထုပ် 3,000 Ks
🔺(10)ထုပ်ဝယ် တစ်ထုပ်လက်ဆောင်ပါ။

🔺အားဆေး တစ်ထုပ် 1,500 Ks

(4)ထုပ်ကစပြီး ပို့ပေးပါတယ်။

စိုက်ပျိုးနည်းကိုလည်း ပြောပြပေးပါတယ််။ မျိုးစေ့ပေါက်နှုန်း အာမခံပါတယ်။

ပန်းမျိုးစေ့များအားလုံး ယိုးဒယားမျိုးပါ။

Original packaging, Germination, Exp Date ပါဝင်တဲ့ မျိုးစေ့အရေအတွက် အထုပ်တိုင်းမှာ ပါဝင်ပါတယ်ရှင့်။

မြို့ပေါင်း (200)ကျော်ကို အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါတယ်။

အရောက်ပို့ ဝန်ဆောင်မှု မရတဲ့မြို့များ ငွေကြိုလွှဲစနစ်နဲ့ ဂိတ်တင်ပေးပါတယ်ရှင်။

🌿 မျိုးစေ့ကနေ အညှောက်ပေါက်လာမဲ့ ဖြစ်စဉ်မှာဆိုရင် မှန်ကန်တဲ့ အပူချိန်၊ အစိုဓာတ်ပမာဏနဲ့ အောက်ဆီဂျင်တို့ကို လိုအပ်တာဖြစ်ပါတ...
04/06/2024

🌿 မျိုးစေ့ကနေ အညှောက်ပေါက်လာမဲ့ ဖြစ်စဉ်မှာဆိုရင် မှန်ကန်တဲ့ အပူချိန်၊ အစိုဓာတ်ပမာဏနဲ့ အောက်ဆီဂျင်တို့ကို လိုအပ်တာဖြစ်ပါတယ်။
=============

အပင်တွေ အစာချက်လုပ်နိုင်ဖို့ဆိုရင် အလင်းရောင် လိုအပ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပြီးသားပါ။ သို့ပေမဲ့ အညွန့်လေးတွေ အရွက်လေးတွေ မထွက်ပေါ်လာခင် အစေ့အဆန် အနေအထားမှာဆိုရင်ကော အလင်းရောင် လိုအပ်ပါသလား။ ဘယ်လို မျိုးစေ့တွေက အပင်ပေါက်ဖို့အတွက် အလင်းရောင်လိုအပ်ပါသလဲဆိုတာနဲ့ ဘာကြောင့်လဲဆိုတာ ယခုဆောင်းပါးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

မျိုးစေ့ကနေ အညှောက်ပေါက်လာမဲ့ ဖြစ်စဉ်မှာဆိုရင် မှန်ကန်တဲ့ အပူချိန်၊ အစိုဓာတ်ပမာဏနဲ့ အောက်ဆီဂျင်တို့ကို လိုအပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့အများစု မသိကြတာက အချို့သောမျိုးစေ့တွေဟာ အပင်ပေါက်လာဖို့အတွက် အလင်းရောင်ပါ လိုအပ်တယ်ဆိုတာပါပဲ။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

ပုံမှန်အားဖြင့်ဆိုရင် မျိုးစေ့အများစုဟာ အညှောက်ပေါက်ဖို့ရာအတွက် အလင်းရောင် မလိုအပ်ဘဲ အချို့ကတော့ မှောင်မိုက်တဲ့ အခြေအနေတွေကိုတောင် လိုအပ်ကြတာဖြစ်ပါတယ်။
သို့ပေမဲ့လည်း အချို့သောမျိုးစေ့တွေကတော့ ငုပ်လျှိုးတဲ့အ​ခြေအနေ (dormancy) ကို ချိုးဖျက်ဖို့ရာအတွက် အလင်းရောင်ကို လိုအပ်ကြတာဖြစ်ပြီး အလင်းရောင်မရရှိခဲ့ရင် အပင်မပေါက်နိုင်ကြတာ ဖြစ်ပါတယ်။

အရွယ်အစားကြီးမားတဲ့ မျိုးစေ့တွေဆိုရင် အပင်ပေါက်ဖို့အတွက် အလင်းရောင်မလိုအပ်ကြသလို အချို့ကတော့ မှောင်မိုက်တဲ့ အခြေအနေများကိုပါ လိုအပ်ကြတာ ဖြစ်ပါတယ်။
သေးငယ်တဲ့မျိုးစေ့တွေကတော့ သူတို့မှာ လိုအပ်တဲ့စွမ်းအင် မပါဝင်တာကြောင့် အလင်းရောင်လိုအပ်ကြတာ ဖြစ်ပါတယ်။ သေးငယ်တဲ့မျိုးစေ့လေးတွေဟာဆိုရင် ငုပ်လျှိုးတဲ့အခြေအနေကို ချိုးဖျက်ဖို့ရာအတွက် နေရောင်ခြည်မှ စွမ်းအင်ကို လိုအပ်ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ နက်ရှိုင်းတဲ့မြေဆီလွှာကို ထိုးဖောက်ပြီး အလင်းရောင်ရှိတဲ့နေရာကို သွားရောက်နိုင်ဖို့ရာ သူတို့မှာ စွမ်းအင်အလုံအလောက် မပါဝင်တာကြောင့် ဖြစ်ပါတယ်။ အလင်းရောင်နဲ့ ထိတွေ့တဲ့အခါ မျိုးစေ့ရဲ့ ငုပ်လျှိုးမှုကို ထိန်းသိမ်းပေးထားတဲ့ abscisic acid ထုတ်လုပ်မှုကို ဟန့်တားကာ အပင်ပေါက်လာနိုင်စေတဲ့ gibberellins ဟော်မုန်းကို ထုတ်လွှတ်ပေးတာ ဖြစ်ပါတယ်။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

🌿 အပင်တွေကို မျိုးစေ့ကနေ စတင်စိုက်ပျိုးခြင်းဟာ ရိုးရှင်းတဲ့နည်းလမ်းတစ်ခု ဖြစ်ပေမဲ့လည်း ကျွန်တော်တို့ စိုက်ပျိုးမယ့်မျိုးစေ့နဲ့ပတ်သတ်လို့ လိုအပ်တဲ့အခြေအနေတွေကို သိရှိထားဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ အပင်စိုက်ပျိုးသူ အများစုဟာဆိုရင် ကြွေပန်း (begonias)၊ ရေမွှေးပန်း (geraniums) နဲ့ နှဲပန်း (petunias) ကဲ့သို့သော အပင်မျိုးစိတ်တွေဟာ အပင်ပေါက်ဖို့အတွက် အလင်းရောင်လိုအပ်ပြီး ၎င်းတို့ကို မြေဆီလွှာနဲ့ ဖုံးအုပ်ထားခြင်းဖြင့် အပင်ပေါက်ခြင်းကို ဟန့်တားနိုင်ကြောင်း သတိမပြုကြတာမျိုး ဖြစ်တတ်ပါတယ်။

ယေဘုယျအားဖြင့်တော့ မျိုးစေ့တွေကို စိုက်ပျိုးတဲ့အခါမှာ မျိုးစေ့အထူ (seed thickness) ရဲ့ သုံးဆ ပိုနက်တဲ့ အနေအထားမှာ စိုက်ပျိုးသင့်တယ်ဆိုပြီး မျိုးစေ့စိုက်ပျိုးနည်းဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက် ရှိတာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ပဲစေ့တွေလို အရွယ်အစားကြီးတဲ့ မျိုးစေ့တွေဆိုရင် တစ်လက်မကနေ သုံးလက်မအထိ အနက်မှာ စိုက်ပျိုးသင့်ပြီး မုန်လာဥနီကဲ့သို့ သေးငယ်တဲ့မျိုးစေ့တွေဆိုရင်တော့ မြေပြန်လည်ဖုံးအုပ်ပေးတယ် ဆိုရုံလောက်သာ ခပ်ပါးပါး ဖုံးအုပ်ထားသင့်တာ ဖြစ်ပါတယ်။

မျိုးစေ့အထုပ်တွေကို ဝယ်ယူအသုံးပြုတယ်ဆိုရင်တော့ ၎င်းတို့ရဲ့ ညွှန်ကြားချက်အတိုင်း မျိုးစေ့တွေကို အနက်ဘယ်လောက်မှာ စိုက်ပျိုးရမယ်ဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ မျိုးစေ့တွေကို မိမိဘာသာခန့်မှန်းခြေနဲ့ ခပ်နက်နက်စိုက်မိမယ်ဆိုရင် မြေဆီလွှာရဲ့ အပေါ်ယံမျက်နှာပြင်ကို ထိုးထွက်လာနိုင်ဖို့အတွက် သိုလှောင်ထားတဲ့စွမ်းအင် လုံလုံလောက်လောက် မရှိနိုင်တာကြောင့် သီးနှံအမျိုးကိုအစားလိုက်ပြီး အကြံပြုထားတဲ့အတိုင်း မျိုးစေ့များကို စိုက်ပျိုးသင့်တာ ဖြစ်ပါတယ်။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

🌿 အချို့သော မျိုးစေ့တွေဟာ ၎င်းတို့ရဲ့ အနားယူငုပ်လျှိုးတဲ့ကာလကို ခြေဖျက်ပြီး အပင်မပေါက်မီ ၎င်းတို့အား အလင်းရောင်နဲ့ထိတွေ့ပေးဖို့ လိုအပ်တာဖြစ်ပါတယ်။ ဒီလိုမျိုးစေ့တွေဟာဆိုရင် ၎င်းတို့အတွက် လိုအပ်တဲ့အလင်းရောင် ရရှိတာနဲ့ အပင်ပေါက်နိုင်တာ ဖြစ်ပါတယ်။ ဘောလုံးပန်း (Platycodon grandiflorus) ကဲ့သို့သော ကိုယ်တိုင်မျိုးစေ့ချတဲ့ ပန်းပင်တွေဆိုရင် ၎င်းတို့ရဲ့ မျိုးစေ့တွေကို မြေကြီးပေါ်မှာ ချလိုက်ပြီးနောက် ၎င်းတို့ ကျရောက်သွားတဲ့နေရာ မိခင်အပင်ရဲ့အနီးဝန်းကျင်မှာပဲ အပင်ပြန်ပေါက်ကြတာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ အလင်းရောင်ရရှိခြင်း အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ အခြားသောအကြောင်းအရာတွေကို ပြန်လည်တုံ့ပြန်ခြင်းအားဖြင့် အပင်ပေါက်လာကြတာ ဖြစ်ပါတယ်။

✅ အပင်ပေါက်ဖို့အတွက် အလင်းလိုအပ်သော မျိုးစေ့များ

အလင်းရောင်နဲ့ ထိတွေ့လိုက်တဲ့အခါ ကောင်းမွန်စွာနဲ့ အပင်ပေါက်လာနိုင်တဲ့ မျိုးစေ့ အမျိုးအစားများစွာရှိပါတယ်။ အဆိုပါ မျိုးစေ့တွေကို သတိမပြုမိဘဲ မြေသားထူထူ ဖုံးအုပ်ပေးထားခဲ့ပါက ပတ်ဝန်းကျင်အခြေအနေတွေ ကောင်းမွန်လာသည့်တိုင်အောင် မြုံနေတတ်ပြီး အပင်ပေါက်နိုင်မှာ မဟုတ်ပါဘူး။ အဆိုပါ မျိုးစေ့တွေကို မြေမဖုံးသင့်ဘူးလို့ဆိုပေမယ့်လည်း မြေခပ်ပါးပါးတော့ ဖုံးပေးထားသင့်ပြီး အပင်ပေါက်လာနိုင်ဖို့အတွက် အစိုဓာတ်လည်း ရှိနေဖို့လိုအပ်ပါတယ်။ မျိုးစေ့ကနေ အပင်ပေါက်လာဖို့အတွက် အလင်းရောင်လိုအပ်တဲ့ အပင်အမျိုးအစားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ကတူးဖို (Ageratum)၊ ဘောလုံးပန်း၊ စမုန်ဖြူ၊ ၁၂ ရာသီပန်း၊ စမုန်စပါး၊ ရို့စ်မေရီ၊ ကြွေပန်း၊ ကတ္တီပါရွက်လှ၊ ရေမွှေးပန်း၊ ဆလတ်၊ နံနံပင်၊ မုန်လာဥနီ၊ ဆူးပန်းပင်၊ ဒေစီပန်း (Osteospermum)၊ နှဲပန်း၊ ကျားပါးစပ်ပန်း။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

✅ အလင်းရောင်နဲ့ ထိတွေ့သည်ဖြစ်စေ မထိတွေ့သည်ဖြစ်စေ အပင်ပေါက်နိုင်သော မျိုးစေ့များ

မျိုးစေ့အများစုကတော့ မြေဆီလွှာမဖုံးထားဘဲနဲ့လည်း အပင်ပေါက်နိုင်တာဖြစ်ပြီး ၎င်းအခြေအနေဟာ အပင်ပေါက်ဖို့အတွက် အလင်းရောင်ကို မရှိမဖြစ် လိုအပ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အချို့သော မျိုးစေ့တွေကတော့ အလင်းရောင်ထိတွေ့မှုကို လျစ်လျူရှုနိုင်ပြီး ၎င်းတို့ရဲ့ အောက်ခြေ (သို့မဟုတ်) အပေါ်ကနေ မြေဆီလွှာဖုံးအုပ်ပေးထားခြင်းဖြင့် အပင်ပေါက်နိုင်တာ ဖြစ်ပါတယ်။ ဇကွဲပန်း (alyssum) နဲ့ ရွှေဒင်္ဂါးပန်း (cosmos) ကဲ့သို့သော ပန်းပင်တွေရဲ့ မျိုးစေ့တွေဆိုရင် အလင်းရောင်နဲ့ မထိတွေ့ခဲ့ရင်တောင်မှ ၎င်းတို့ကိုယ်တိုင် အပင်ပေါက်လာနိုင်တာဖြစ်ပါတယ်။ အဆိုပါ အပင်အမျိုးအစားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဇကွဲပန်း (သို့မဟုတ်) ပေါက်ပေါက်ဆုပ်ပန်း၊ မေမြို့ပန်း၊ ဒန်းပန်း၊ ဂေါ်ဖီ၊ သခွားသီး၊ ဇော်မွှားပန်း၊ ခရမ်းသီး၊ ထပ်တရာပန်း၊ ဖရဲသီး၊ ငရုတ်ကောင်း၊ သခွားမွှေး၊ ခရမ်းချဉ်၊ ဒေါင်းဖန်ဝါပန်း တို့ပဲ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ အပင်တွေရဲ့ မျိုးစေ့တွေဟာ မြေဖုံးအုပ်ပေးဖို့ မလိုအပ်ပေမယ့်လည်း အကြံပြုထားတဲ့ မြေအတိမ်အနက်မှာ စိုက်ပျိုးမယ်ဆိုရင်တော့ မျိုးစေ့တွေကို အစိုဓာတ်ရရှိစေပြီး ငှက်တွေရဲ့ ကောက်ယူစားသောက်ခြင်းဘေးကနေ ကင်းဝေးစေကာ မျိုးစေ့တွေကနေ အပင်လေးတွေ ကောင်းမွန်စွာကြီးထွားလာစေမှာ ဖြစ်ပါတယ်။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

🌿 အပင်ပေါက်လာဖို့ရာ အရေးကြီးတဲ့ အပူချိန်နဲ့ အစိုဓာတ်

မျိုးစေ့တွေကို မြေမျက်နှာပြင်ပေါ်မှာ ချစိုက်ခြင်းဟာ လွယ်ကူတယ်ဆိုပေမယ့်လည်း ၎င်းတို့ကို နေရောင်ခြည် အမြဲထိတွေ့နေတဲ့အခါမှာ အပင်ပေါက်နိုင်ဖို့ ခက်ခဲပါတယ်။ မျိုးစေ့အများစု အပင်ပေါက်လာဖို့အတွက် သင့်တော်တဲ့ အပူချိန်ကတော့ ၂၁ - ၂၄ ဒီဂရီစင်တီဂရိတ်အတွင်းပဲ ဖြစ်ပါတယ်။ ထို့အပြင် မျိုးစေ့တွေဟာ သင့်တော်တဲ့ အစိုဓာတ်မပြတ်ရရှိနေဖို့လည်း လိုအပ်ပါတယ်။ တိရစ္ဆာန်များဖျက်ဆီးခြင်း၊ လေတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာခြင်းစတဲ့ အခြေအနေတွေကြောင့်လည်း မျိုးစေ့တွေရဲ့ အပင်ပေါက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ထို့ကြောင့် မျိုးစေ့တွေကို ပျိုးဗန်း (သို့မဟုတ်) အိုးတွေနဲ့စိုက်ပျိုးထားပါက ၎င်းတို့ကို ပလပ်စတစ်အကြည်နဲ့ ဖုံးအုပ်ပေးနိုင်ပါတယ်။ ဒါဆိုရင် မျိုးစေ့တွေဟာ နေရောင်ခြည်နှင့် ထိတွေ့နေရဆဲဖြစ်ပေမဲ့လည်း အစိုဓာတ်ကို လျှင်လျှင်မြန်မြန်နဲ့ ဆုံးရှုံးသွားနိုင်မှာ မဟုတ်ပါဘူး။

ထို့အပြင် ပျိုးခင်းတွေမှာ တိုက်ရိုက်ကြဲချတဲ့ မျိုးစေ့တွေအတွက်ဆိုရင်တော့ ရေကိုထိန်းထားနိုင်တဲ့ ဂုဏ်သတ္တိရှိသော သဘာဝပစ္စည်းဖြစ်တဲ့ တီကျစ်စာ၊ မြေဆွေးစတာတွေကို မျိုးစေ့တွေရဲ့အပေါ်ကနေ အလွှာခပ်ပါးပါးနဲ့ ဖုံးအုပ်ပေးထားလို့ ရပါတယ်။

၎င်းတို့ဟာ မျိုးစေ့တွေနဲ့ မြေဆီလွှာကို စိုစွတ်မှုရှိနေစေဖို့ အစိုဓာတ်ကိုအလုံအလောက် ထိန်းသိမ်းထားနိုင်သလို မြေဆီလွှာမှာ အလင်းရောင်နဲ့ လေဝင်လေထွက် ကောင်းစေဖို့အတွက်လည်း အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် မျိုးစေ့ကနေ စတင်စိုက်ပျိုးတဲ့အခါ သင့်တော်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖန်တီးပေးထားခြင်းဖြင့် ကောင်းမွန်စွာ အပင်ပေါက်လာပြီး ရှင်သန်ကြီးထွားလာမှာ ဖြစ်ပါတယ်။

ရေးသားသူ - ဇင်ထူးနိုင်

"အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်"

ပွင့်ကုန်ကြပြီတဲ့ရှင်😍
27/05/2024

ပွင့်ကုန်ကြပြီတဲ့ရှင်😍

ပန်းမျိုးစေ့လေးတွေ မှာယူလို့ရပါပြီ။  #ပစ္စည်းပြတ်နေတာလေးတွေလည်းပြန်ရပါပြီရှင်။ ပန်းမျိုးစေ့များအားလုံး ယိုးဒယားမျိုးပါ။ ...
15/05/2024

ပန်းမျိုးစေ့လေးတွေ မှာယူလို့ရပါပြီ။
#ပစ္စည်းပြတ်နေတာလေးတွေလည်းပြန်ရပါပြီရှင်။

ပန်းမျိုးစေ့များအားလုံး ယိုးဒယားမျိုးပါ။

ပုံလေးတွေအောက်မှာ အရေအတွက်နဲ့ မျိုးစေ့ပေါက်နှုန်းရေးပေးထားပါတယ်။

Original packaging, Germination, Exp Date ပါဝင်တဲ့ မျိုးစေ့အရေအတွက် အထုပ်တိုင်းမှာ ပါဝင်ပါတယ်ရှင့်။

(4)ထုပ်ကစပြီး ပို့ပေးပါတယ်။

🔺ပန်းမျိုးစေ့တစ်ထုပ် 3,000 Ks
🔺(10)ထုပ်ဝယ် တစ်ထုပ်လက်ဆောင်ပါ။

စိုက်ပျိုးနည်းလည်း ပြောပြပေးပါတယ်ရှင်။

🔺အားဆေး တစ်ထုပ် 1,500 Ks

မြို့ပေါင်း (200)ကျော်ကို အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါတယ်။
အရောက်ပို့ ဝန်ဆောင်မှု မရတဲ့မြို့များ ငွေကြိုလွှဲစနစ်နဲ့ ဂိတ်တင်ပေးပါတယ်ရှင်။

🌸 ကြာပန်း_စိုက်ပျိုးနည်း 🌸🌸 ရေလောင်းစရာမလိုပဲ အချိန်မှန်ပွင့်ပေးနေတဲ့ ရနံ့လဲမွှေး ချစ်စရာလဲကောင်းတဲ့ အိမ့်ကျက်သရေဆောင် က...
20/03/2024

🌸 ကြာပန်း_စိုက်ပျိုးနည်း 🌸

🌸 ရေလောင်းစရာမလိုပဲ အချိန်မှန်ပွင့်ပေးနေတဲ့ ရနံ့လဲမွှေး ချစ်စရာလဲကောင်းတဲ့ အိမ့်ကျက်သရေဆောင် ကြာပန်းလေးတွေကို ချစ်မြတ်နိုးသူတွေအတွက် ကြာပင်စိုက်နည်းလေးပါ။

🌸.ကြာပင်လေးတွေကို ရေကန်ထဲတွင်မက ကွန်ကရစ်ကန်သို့မဟုတ်မြေပန်းအိုးအကြီး အပြင် မိမိအိမ်မှာပိုနေတဲ့ ရေဇလုံခပ်ကျယ်ကျယ်ကဲ့သို့သော အဆင်ပြေရာ တခုခုထဲမှာ စိုက်ပျိုးနိုင်ပါတယ်။

🌸 ပထမ ဦးစွာ နွာချေးအဆွေး နဲ့ သစ်ရွက်ဆွေးကို အိုး သို့မဟုတ် ကွန်ကရစ်ကန်အောက်ခြေမှာခံပေးပါ။ ပြီးနောက် ပုံထဲကလို ကန်အောက်ခြေကို နုံး သို့မဟုတ် မြေ ဖြည့်ရပါမယ်။ရနိုင်ရင်တော့မြစ်နုံးအကောင်းဆုံးပါ။မြစ်နုံးကိုအသုံးပြုခြင်းဖြင့် ရေကိုကြည်လင်စေပါတယ်။
မြောင်းဆယ်ထားတဲ့ မြေမဲမဲတွေ အခြောက်ခံထည့်လည်း ကောင်းပါတယ်။မိမိရနိုင်သော အသုံးပြုမည့်မြေသည် ဖြစ်နိုင်ပါက ဇကာချပြီးသား မြေအမှုန့်ဖြစ်ရပါမယ်။အောက်ခြေမှာအခုလို မြေခံပြီးရင်တော့ ရေဖြည့်ပါ။

🌸 အိုးအမြင့်၏ (၃)ပုံပုံ (၁)ပုံသည် မြေထု ဖြစ်ရမှာဖြစ်ပြီး ကျန်(၃)ပုံပုံ (၂)ပုံသည်ရေဖြစ်ရပါမယ်။

🌸 ကြာပင်ရဲ့ အမြစ်ကို မြေထဲမြုပ်ပြီး အရွက်ကို ရေပေါ်ပေါ်အောင်ထား ပြီး စိုက်ရပါမယ်။ ရေအမြင့်ဟာ ကြာပင်ရဲ့ပင်စည် အမြင့်နဲ့ လိုက်လျောညီထွေရှိရပါမယ်။အပင်သည်ရေထဲမှာ စုံးစုံးမြုပ်မနေရပါဘူး။ လိုသလိုရေလျှော့သင့်ရင်လျှော့ရပါမယ်။ ပင်စည် ရှည်နေရင်တော့ခွေထားလို့ ရပေမဲ့တိုနေရင် ရေလျှော့ပေးပါ။

🌸 စတင်စိုက်ပျိုးမည့် ကြာပင်သည် အိုးအမြင့်ထက် အရိုးရှည်နေပါက ကြာရိုးကို ရေထဲတွင်သာရှိနေစေရန် ရေထဲတွင်ခွေ၍စိမ်ထားပြီး အရွက်ကို ရေမျက်နှာပြင်ပေါ်တွင်ဖော်ထားရပါမည်။အကယ်၍ ကြာရိုးသည် ရေပေါ်ပေါ်နေပါက လေနှင့်နေကြောင့် ခြောက်သွေ့သွားပြီး အပင်နာပြီး တက်နှုန်းနှေးတတ်ပါသည်။စိုက်ခါစ အပင်မှာပါလာတဲ့အရွက်များကြွပြီးနောက်ထပ် အသစ်ထွက်လာတဲ့အခါ ရေlevelနဲ့ အနေတော် အမြင့်ထပ်ထွက်လာပါလိမ့်မယ်။

🌸 အရေးအကြီးဆုံးက နေရောင်မရရင် မပွင့်တဲ့အပြင် သေတောင်သေတတ်ပါတယ်။ နေပူထဲမှာထားသောကြောင့် ရေညှိများပေါက်တတ်ပါသည်။ ရေညှိများ ပေါက်ပြီး အလှပျက်လောက်အောင်ဖြစ်လာလျှင်သော်လည်းကောင်း ခရုများရှိလျှင်သော်လည်းကောင်း ထုံးအနဲငယ် (ကွန်ကရစ်ကန်တကန်စာအတွက် လက်တဆုပ်ခန့်)ထဲ့သင့်ပါသည်။ ထုံးများလွန်းလျှင်လဲအပင်သေတတ်ပါတယ်။

🌸 ခြင်ပေါက်ပွားမှုကိုကာကွယ်နိုင်ရန် လောက်လန်းစား သည့်ဒေါင်းငါးလေးများကြာကန်အတွင်းမွေးမြူနိုင်ပါတယ်။

🌸 ကြာပင်သည် မြေအာဟာရနဲလာပါက အပွင့်သေးပြီး အရွက်သေးလာနိုင်သဖြင့်တစ်နှစ်လျှင် တစ်ကြိမ်ခန့် ကြာကန်အတွင်းမှ မြေကိုလဲ ပေး သင့်ပါတယ်။

🌸 ရေကန်အကျယ်မှာ ကြာစိုက်သည့်အခါ ကြာပင်ကို စားသုံးတတ်တဲ့ အပင်စားသတ္တဝါများဖြစ်တဲ့ ရောင်စုံငါးကြင်း၊ မြက်စားငါးကြင်း၊ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်းတို့အပြင် လိတ်၊ ခရု၊ ဘဲငန်း စသည့် တိရိစ္ဆာန်များအားကြာကန်တွင်မွေးမြူခြင်းမှရှောင်ကြဉ်ရပါမယ်။

🌸 တစ်ချို့မျိုးက အမြစ်ကနေ တစ်ချို့က အရွက်ကနေ အတက်သစ်အပင်သစ်ပွားပါတယ်။ တချို့ကတော့ အစေ့ကနေထပ်ပွားပါတယ်။ အဲ့အခါကျတော့အပင်သစ် ထပ်ပွားလို့ရပါပြီ။

🌸 ကြာပန်းလှလှလေးတွေပွင့်နိုင်ဖို့ မြေအာဟာရရယ်၊ နေရောင်ခြည်ကောင်းကောင်းရယ် ရှိပြီး သူ့ကို ကိုက်ဖြတ်စားသောက်မယ့် ရန်သူတော်တွေမရှိဖို့ပဲလိုပါတယ်။ မိုးများလွန်းတဲ့နေရာဒေသမှာဆိုရင်တော့ မိုးရေစက်တွေကြောင့်အရွက်တွေစုတ်တတ်လို့ မိုးရေတိုက်ရိုက်မထိအောင်ကာကွယ်ပေးသင့်ပါတယ်။

🌸 ဝါသနာရှင်များ ကြာချစ်သူများ အတွက် စိုက်နည်းလေးကို စိုက်ခဲ့တဲ့အတွေ့အကြုံကိုအခြေခံပြီး သိသလောက်ရေးသားလိုက်ပါတယ်။

Crd-Dr.အုန်းမြင့်

Picture -Credit

♦အိုးများဖြင့် သီးပင်၊စားပင် ဖြစ်ထွန်းအောင် စိုက်နည်း အခြေခံ (၅)ချက် ♦ဒီနေ့တော့ အပင်စိုက်ရတာလဲ ဝါသနာပါတယ်။ စိုက်ပျိုးမြေ...
20/03/2024

♦အိုးများဖြင့် သီးပင်၊စားပင် ဖြစ်ထွန်းအောင် စိုက်နည်း အခြေခံ (၅)ချက် ♦

ဒီနေ့တော့ အပင်စိုက်ရတာလဲ ဝါသနာပါတယ်။ စိုက်ပျိုးမြေနေရာကလဲ အခက်အခဲရှိတဲ့သူတွေအတွက် အိုးနဲ့စိုက်နည်းလေးတွေကို ပြောပြပေးချင်ပါတယ်။
အပင်တိုင်းကို အိုးထဲထည့်စိုက်လို့ရသလားဆိုရင်တော့ "ဟုတ်ကဲ့" ရပါတယ်လို့ပဲ ဖြေရမှာပါ။ ပန်းပင်သေးသေးလေးကစလို့ ငှက်ပျောပင်၊ သရက်ပင်တွေအထိ အိုးတွေခွက်တွေထဲမှာစိုက်လို့ရပါတယ်။
ဒါဖြင့်ရင် ဘယ်လိုစိုက်ရမလဲ ဘယ်နေမှာထားရမလဲဆိုတာတွေ ပြောပြပေးသွားပါမယ်။
၁။ ဘယ်နေရာမှာထားမလဲ
ခေါင်မိုးထပ်မှာစိုက်မယ်ဆို တစ်နေလုံးနေရောင်ရမှာလား။ ဝရန်တာမှာထားမှာလား။
ဘယ်အချိန်တွေဆို အရိပ်ရသလဲ။ ဘယ်အချိန်ဆိုနေရောင် စရပြီလဲ.. စသည်ဖြင့် အပင်အိုးလေးတွေထားမယ့်နေရာရဲ့ နေရောင်ခြည်ရရှိမှုကို သိထားဖို့လိုပါမယ်။
ဒါမှသာ သင့်တော်တဲ့ အပင်အမျိုးအစားတွေရွေးချယ်နိုင်မှာပါ။
ဥပမာ - နေရောင်ခြည်ကြိုက်တဲ့ အပင်မျိုးဆို အနည်းဆုံး ၆ နာရီလောက် နေရောင်ရမှ အဆင်ပြေပါမယ်။
ဒီလိုအပင်မျိုးဆိုရင်တော့ တောင်အရပ်ကို မျက်နှာမူတဲ့နေရာတွေ၊ အနောက်အရပ်ကိုမျက်နှာမူတဲ့နေရာတွေမှာ ထားသင့်ပါတယ်။
နေ့လည် ၁၁ နာရီလောက်ဆို နေရောင်စရပြီဆိုတဲ့နေရာမျိုးပေါ့။ နေရောင်ကြိုက်အပင်တွေအတွက် မနက်နေ ရနိုင်ရင်တော့ အကောင်းဆုံးပါ။
အရိပ်ကြိုက်တဲ့ အပင်တွေကိုတော့ မနက်ခင်းနေလေးပဲရပြီး နေလည်ပိုင်း၊ညနေပိုင်းအရိပ်ရတဲ့နေရာမျိုးလေးမှာ ရွေးချယ်ထားပေးရပါမယ်။
၂။ အိုးကောင်းကောင်းရွေးရမယ်
အပင်ထည့်စိုက်ဖို့ အိုး၊ ခွက်၊ စသည်ဖြင့် ရွေးချယ်တဲ့ အခါမှာတော့ ပလပ်စတစ်ကိုရွေးမလား၊ မြေအိုးကိုရွေးမလား ၊ကြွေအိုးလား၊
ဘိလပ်မြေနဲ့လုပ်မလား စသည်ဖြင့် ရွေးချယ်နိုင်ပါတယ်။ အိမ်အသုံးအဆောင်တွေထဲက စွန့်ပစ်ထည့်စရာတွေကို ပြန်လည်အသုံးပြုခြင်းကလည်း အမြင်တစ်မျိုးနဲ့ လှပစေမှာဖြစ်ပါတယ်။
အိုးအမျိုးအစားကို စိတ်ကြိုက်အသုံးပြုနိုင်ပေမယ့် လိုက်နာရမယ့် အချက်ကတော့
-အပင်အရွယ်အစားအလိုက် လုံလောက်တဲ့နေရာအနေအထားပေးနိုင်ရပါမယ်။
ကိုယ့်အခန်းလေးက တအားကြပ်နေရင် မနေတတ်သလို အပင်လေးတွေလည်း အခန်းကျဉ်းကျဉ်းလေးထဲမှာဆို မပျော်ဘူးပေါ့။
-ထည့်စရာ အိုး၊ ခွက်တွေမှာ ရေထွက်ပေါက်ပါရပါမယ်။ ရေထွက်ပေါက်ရဲ့ အပေါ်မှာ အုတ်ကျိုးခဲတွေလို မညီမညာ မျက်နှာပြင်ရှိတဲ့ အမာတွေလည်းတင်ပေးရပါမယ်။
ရေစီးဆင်းမှုကောင်းအောင် ဒီလိုလေးခံပြီးမှာသာမြေဆွေးထည့်သင့်ပါတယ်။ (အိမ်သုံး ပစ္စည်းအဟောင်းတွေကို ပြန်လည်အသုံးချတဲ့အခါ သတ္ထုတွေ၊
ဒန်တွေဖြစ်ရင်တော့ အပူစုပ်ယူနိုင်တဲ့ ပစ္စည်းတွေဖြစ်လို့ နေရောင်အောက်အမြဲထားမယ့် အပင်တွေအတွက် အဆင်မပြေနိုင်ပါဘူး။)
၃။ မြေဆွေးကို ရအောင်ရှာပါ
မြေကျယ်ကျယ်မရှိလို့ အိုးတွေနဲ့စိုက်တဲ့အခါ အိုးထဲထည့်ရမယ့် မြေကို မြေသားဖြစ်ပြီးရော ထည့်မရပါဘူး။ ဒါကအထူးသတိထားရမယ့် တစ်ချက်ပါ။
အိုးထဲကမြေသားအကုန်လုံးက အရည်အသွေးမြင့်တဲ့မြေသားတွေဖြစ်နေမှသာ မြေပမာဏနည်းနည်းနဲ့ စိုက်ပျိုးထားတဲ့အပင်က ကောင်းကောင်းရှင်သန်နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် သဘာဝမြေဆွေးတွေ၊ စပ်မြေတွေအသုံးပြုရပါမယ်။ဒါမှသာ အာဟာရတွေကျွေးတဲ့အခါ အပင်က အပြည့်အဝစုပ်ယူနိုင်ပြီး အိုးထဲမှာ ကောင်းကောင်း ကြီးထွား၊ သီး၊ပွင့် နိုင်မှာဖြစ်ပါတယ်။
အိုးထဲထည့်မယ့်မြေက အင်မတန်အရေးကြီးတာမို့ သေချာလေးရွေးချယ်ပြီးထည့်ပါနော်။
၄။ ရေဘယ်လိုလောင်းရမလဲ
အိုးထဲမှာစိုက်ရင်မြေပြင်လို အစိုဓာတ်များများမရှိတဲ့အတွက် ခဏခဏရေလောင်းပေးဖို့တော့လိုပါလိမ့်မယ်။ အိုးထဲကမြေတွေခြောက်နေလားဆိုတာ သတိထားကြည့်ပြီး ရေလောင်းပေးပါ။
နွေဘက်လို အပူချိန်မြင့်တဲ့ရက်တွေမှာ ပိုပြီး ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။
မြေသားမကောင်းဘဲ ရေတွေအိုင်နေအောင်လောင်းမိရင်တော့ အပင်အမြစ်တွေပုပ်ပြီးသေတတ်တာကိုလည်း သတိပြုရပါမယ်။
ပန်းအိုထဲကမြေသား၊ ထည့်စရာအိုးရဲ့ရေထွက်ပေါက်ပါမှုတွေက ရေလောင်းရတဲ့ အကြိမ်ရေကို တိုက်ရိုက်ဆက်စပ်နေပါလိမ့်မယ်။
၅။ အာဟာရကျွေးခြင်း
ထည့်စရာခွက်ထဲမှာစိုက်တာဖြစ်လို့ မြေပြင်လို အာဟာရရရှိနိုင်မှုက သဘာဝအတိုင်းမရနိုင်ပါဘူး။
ဥယျာဉ်မှုးကျွေးသလောက်ကိုပဲ စားရမှာဖြစ်လို့ မြေခံမှာ ဖြေးဖြေးချင်း စားလို့ရမယ့် ရိက္ခာတွေဖြစ်တဲ့ ဖော့စဖောရပ်၊ ပိုတက်ရှ်လိုမြေသြဇာတွေကို ထည့်ပေးရမှာဖြစ်ပါတယ်။
မြေသြဇာကို အရည်ပုံစံနဲ့လည်း အိုးထဲကိုဖြည့်ပေးသင့်ပါတယ်။
ဒီအချက်လေးတွေကတော့ အိုးနဲ့ အပင်စိုက်စစိုက်မယ့် ဥယျာဉ်မှူးတွေအတွက် မဖြစ်မနေသိထားရမယ့် အခြေခံအချက်လေးတွေပဲဖြစ်ပါတယ်။

Credit-မူရင်းရေးသားသူ
အပင်အမျိုးအစားအလိုက် ပြုစုနည်းတွေ၊ အာဟာရကျွေးနည်းတွေကို ဆက်လက်လေ့လာပြီး ဂရုစိုက်မယ်ဆို အိုးတွေနဲ့စိုက်တဲ့ ဥယျာဉ်လေးကို အောင်အောင်မြင်မြင်ရရှိနိုင်ပါမယ်။

ပန်းမျိုးစေ့လေးတွေ မှာယူလို့ရပါပြီ။  #ပစ္စည်းပြတ်နေတာလေးတွေလည်းပြန်ရပါပြီရှင်။ ပန်းမျိုးစေ့များအားလုံး ယိုးဒယားမျိုးပါ။ ...
04/02/2024

ပန်းမျိုးစေ့လေးတွေ မှာယူလို့ရပါပြီ။
#ပစ္စည်းပြတ်နေတာလေးတွေလည်းပြန်ရပါပြီရှင်။

ပန်းမျိုးစေ့များအားလုံး ယိုးဒယားမျိုးပါ။

Original packaging, Germination, Exp Date ပါဝင်တဲ့ မျိုးစေ့အရေအတွက် အထုပ်တိုင်းမှာ ရေးပေးထားပါတယ်။

(4)ထုပ်ကစပြီး ပို့ပေးပါတယ်။

🔺ပန်းမျိုးစေ့တစ်ထုပ် 3,000 Ks
🔺(10)ထုပ်ဝယ် တစ်ထုပ်လက်ဆောင်ပါ။

စိုက်ပျိုးနည်းလည်း ပြောပြပေးပါတယ်ရှင်။

🔺အားဆေး တစ်ထုပ် 1,500 Ks

မြို့ပေါင်း (200)ကျော်ကို အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါတယ်။
အရောက်ပို့ ဝန်ဆောင်မှု မရတဲ့မြို့များ ငွေကြိုလွှဲစနစ်နဲ့ ဂိတ်တင်ပေးပါတယ်ရှင်။

အိမ်မှာပွင့်နေပြီ … ထပ်ပြီးစိုက်ချင်လို့ပါတဲ့ 😍ကျေးဇူးတင်ပါတယ်ရှင်…
02/02/2024

အိမ်မှာပွင့်နေပြီ …
ထပ်ပြီးစိုက်ချင်လို့ပါတဲ့ 😍
ကျေးဇူးတင်ပါတယ်ရှင်…

ဆောင်းရာသီစိုက်ပျိုးဖို့အတွက် ပန်းမျိုးစေ့လေးတွေ မှာယူလို့ရပါပြီရှင်။ ပန်းမျိုးစေ့များအားလုံး ယိုးဒယားမျိုးပါ။ Original ...
16/01/2024

ဆောင်းရာသီစိုက်ပျိုးဖို့အတွက် ပန်းမျိုးစေ့လေးတွေ မှာယူလို့ရပါပြီရှင်။

ပန်းမျိုးစေ့များအားလုံး ယိုးဒယားမျိုးပါ။

Original packaging, Germination, Exp Date ပါဝင်တဲ့ မျိုးစေ့အရေအတွက် အထုပ်တိုင်းမှာ ရေးပေးထားပါတယ်။

(4)ထုပ်ကစပြီး ပို့ပေးပါတယ်။

🔺ပန်းမျိုးစေ့တစ်ထုပ် 3,000 Ks
🔺(10)ထုပ်ဝယ် တစ်ထုပ်လက်ဆောင်ပါ။

စိုက်ပျိုးနည်းလည်း ပြောပြပေးပါတယ်ရှင်။

🔺အားဆေး တစ်ထုပ် 1,500 Ks

မြို့ပေါင်း (200)ကျော်ကို အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါတယ်။
အရောက်ပို့ ဝန်ဆောင်မှု မရတဲ့မြို့များ ငွေကြိုလွှဲစနစ်နဲ့ ဂိတ်တင်ပေးပါတယ်ရှင်။

Admin တို့ဆီက မျိုးစေ့လေးတွေပါ….. ကျေးဇူးတင်ပါတယ် ခင်ဗျာ ☺️
18/12/2023

Admin တို့ဆီက မျိုးစေ့လေးတွေပါ…..
ကျေးဇူးတင်ပါတယ် ခင်ဗျာ ☺️

မင်္ဂလာပါ🙏ပန်းမျိုးစေ့လေးတွေကို မှာယူလို့ ရပါပြီ။ ယိုးဒယားမျိုး ပန်းမျိုးစေ့တွေပါ။ အထုပ်တိုင်းမှာ Exp date, Germination ...
04/12/2023

မင်္ဂလာပါ🙏

ပန်းမျိုးစေ့လေးတွေကို မှာယူလို့ ရပါပြီ။ ယိုးဒယားမျိုး ပန်းမျိုးစေ့တွေပါ။

အထုပ်တိုင်းမှာ Exp date, Germination ပါဝင်တဲ့ မျိုးစေ့ အရေအတွက်ပါပါတယ်။

မြို့ပေါင်း (200)ကျော်ကို အိမ်ရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်ရှင်။

💢ပန်းမျိုးစေ့ တစ်ထုပ် 3,000 Ks

💢အားဆေး တစ်ထုပ် 1500 Ks

💢(4)ထုပ်က စပြီးပို့ပေးပါတယ်

ပန်းမျိုးစေ့ (10)ထုပ်ဝယ် တစ်ထုပ်လက်ဆောင်ပါ။

မျိုးစေ့ပေါက်နှုန်းနဲ့ ပါဝင်တဲ့အစေ့ အရေအတွက်ကို ပုံလေးတွေအောက်မှာ ရေးပေးထားပါတယ်။

အချို့အစေ့လေးတွေကတော့ သေးငယ်တဲ့အတွက် အရေအတွက် ရေလို့မရပါဘူးရှင်။ 😘

Page Messenger မှာ လိပ်စာ ဖုန်းနံပါတ်လေးပေးပြီး မှာယူလို့ ရပါပြီ။

အိမ်ရောက်မှ ငွေချေရတဲ့ စနစ်ဖြစ်တာကြောင့် မိမိမှာထားတဲ့ ပစ္စည်းလေးတွေ တာဝန်ယူပြီးလက်ခံပေးပါဦးရှင်။

ကျေးဇူးတင်ပါတယ်ရှင်။ 🙏

မင်္ဂလာပါ🙏ပန်းမျိုးစေ့လေးတွေကို မှာယူလို့ ရပါပြီ။ ပစ္စည်းပြတ်နေတာလေးတွေလည်း ပြန်ရောက်လာပါပြီနော်။ ယိုးဒယားမျိုး ပန်းမျို...
06/11/2023

မင်္ဂလာပါ🙏

ပန်းမျိုးစေ့လေးတွေကို မှာယူလို့ ရပါပြီ။ ပစ္စည်းပြတ်နေတာလေးတွေလည်း ပြန်ရောက်လာပါပြီနော်။

ယိုးဒယားမျိုး ပန်းမျိုးစေ့တွေပါ။

အထုပ်တိုင်းမှာ Exp date, Germination ပါဝင်တဲ့ မျိုးစေ့ အရေအတွက်ပါပါတယ်။

💢ပန်းမျိုးစေ့ တစ်ထုပ် 3,000 Ks

💢အားဆေး တစ်ထုပ် 1500 Ks

*(4)ထုပ်က စပို့ပေးပါတယ်*
ပန်းမျိုးစေ့ (10)ထုပ်ဝယ် တစ်ထုပ်လက်ဆောင်ပါ။

မြို့ပေါင်း (200)ကျော်ကို အိမ်ရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်ရှင်။

မျိုးစေ့ပေါက်နှုန်းနဲ့ ပါဝင်တဲ့အစေ့ အရေအတွက်ကို ပုံလေးတွေအောက်မှာ ရေးပေးထားပါတယ်။

အချို့အစေ့လေးတွေကတော့ သေးငယ်တဲ့အတွက် အရေအတွက် ရေလို့မရပါဘူးရှင်။ 😘

Page Messenger မှာ လိပ်စာ ဖုန်းနံပါတ်လေးပေးပြီး မှာယူလို့ ရပါပြီ။

အိမ်ရောက်မှ ငွေချေရတဲ့ စနစ်ဖြစ်တာကြောင့် မိမိမှာထားတဲ့ ပစ္စည်းလေးတွေ တာဝန်ယူပြီးလက်ခံပေးပါဦးရှင်။

ကျေးဇူးတင်ပါတယ်ရှင်။ 🙏

Double Hollyhock မျိုးစေ့တစ်ထုပ် 3,000 Ks Germination 80%80 seeds *(4)ထုပ်က စပို့ပေးပါတယ်* (10)ထုပ်ဝယ် တစ်ထုပ် လက်ဆောင်ပ...
26/10/2023

Double Hollyhock

မျိုးစေ့တစ်ထုပ် 3,000 Ks
Germination 80%
80 seeds

*(4)ထုပ်က စပို့ပေးပါတယ်*

(10)ထုပ်ဝယ် တစ်ထုပ် လက်ဆောင်ပါ။

မင်္ဂလာပါ🙏ပန်းမျိုးစေ့လေးတွေကို မှာယူလို့ ရပါပြီ။ ယိုးဒယားမျိုး ပန်းမျိုးစေ့တွေပါ။ အထုပ်တိုင်းမှာ exp date, Germination ...
15/10/2023

မင်္ဂလာပါ🙏

ပန်းမျိုးစေ့လေးတွေကို မှာယူလို့ ရပါပြီ။ ယိုးဒယားမျိုး ပန်းမျိုးစေ့တွေပါ။

အထုပ်တိုင်းမှာ exp date, Germination ပါဝင်တဲ့ မျိုးစေ့ အရေအတွက်ပါပါတယ်။

💢ပန်းမျိုးစေ့ တစ်ထုပ် 3,000 Ks ပါ။ (4)ထုပ်က စပြီးပို့ပေးပါတယ်။

အသီး၊ အပွင့်၊ အပင်အားဆေးလည်း ရပါတယ်။

💢အားဆေး တစ်ထုပ် 1500 Ks

💢ပန်းမျိုးစေ့ (10)ထုပ်ဝယ် တစ်ထုပ်လက်ဆောင်ပါ။ 💢

မြို့ပေါင်း (190)ကျော်ကို အိမ်ရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်ရှင်။

မျိုးစေ့ပေါက်နှုန်းနဲ့ ပါဝင်တဲ့အစေ့ အရေအတွက်ကို ပုံလေးတွေအောက်မှာ ရေးပေးထားပါတယ်။

အချို့အစေ့လေးတွေကတော့ သေးငယ်တဲ့အတွက် အရေအတွက် ရေလို့မရပါဘူးရှင်။ 😘

Page Messenger မှာ လိပ်စာ ဖုန်းနံပါတ်လေးပေးပြီး မှာယူလို့ ရပါပြီ။

အိမ်ရောက်မှ ငွေချေရတဲ့ စနစ်ဖြစ်တာကြောင့် မိမိမှာထားတဲ့ ပစ္စည်းလေးတွေ တာဝန်ယူပြီးလက်ခံပေးပါဦးရှင်။

ကျေးဇူးတင်ပါတယ်ရှင်။ 🙏

မင်္ဂလာပါ🙏Phyo Garden Page မှ စားပင်မျိုးစေ့လေးတွေကိုမှာယူလို့ ရပါပြီ။ ယိုးဒယားမျိုး စားပင်မျိုးစေ့တွေပါ။မျိုးစေ့ တစ်ထုပ...
22/09/2023

မင်္ဂလာပါ🙏
Phyo Garden Page မှ စားပင်မျိုးစေ့လေးတွေကို
မှာယူလို့ ရပါပြီ။

ယိုးဒယားမျိုး စားပင်မျိုးစေ့တွေပါ။

မျိုးစေ့ တစ်ထုပ် 1500 Ks ပါ

*10,000 * ဖိုးက စပြီး မြို့ပေါင်း (190)ကျော်ကို အိမ်ရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်။

အခြားပန်းမျိုးစေ့များနဲ့ အတူမှာယူလို့ ရပါတယ်။

Page Messenger မှာ လိပ်စာ ဖုန်းနံပါတ်လေးပေးပြီး
မှာပေးပါ ခင်ဗျာ။

အိမ်ရောက်မှ ငွေချေရတဲ့ စနစ်ဖြစ်တာကြောင့် မိမိမှာထားတဲ့ ပစ္စည်းလေးတွေကိုတော့ တာဝန်ယူပြီး
လက်ခံပေးပါ။

ကျေးဇူးတင်ပါတယ် ခင်ဗျာ 🙏

မင်္ဂလာပါ🙏Phyo Garden Page မှ ပန်းမျိုးစေ့လေးတွေကို မှာယူလို့ ရပါပြီ။ ယိုးဒယားမျိုး ပန်းမျိုးစေ့တွေပါ။မျိုးစေ့ တစ်ထုပ် 3...
14/09/2023

မင်္ဂလာပါ🙏
Phyo Garden Page မှ ပန်းမျိုးစေ့လေးတွေကို မှာယူလို့ ရပါပြီ။

ယိုးဒယားမျိုး ပန်းမျိုးစေ့တွေပါ။

မျိုးစေ့ တစ်ထုပ် 3,000 Ks ပါ။ (4)ထုပ်က စပြီးပို့ပေးပါတယ်။

အသီး၊ အပွင့်၊ အပင်အားဆေး (13)ပတ်လည် တစ်ထုပ် 1,500 ကျပ်။

မြို့ပေါင်း (190)ကျော်ကို အိမ်ရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်ရှင်။

မျိုးစေ့ပေါက်နှုန်းနဲ့ ပါဝင်တဲ့အစေ့ အရေအတွက်ကို ပုံလေးတွေအောက်မှာ ရေးပေးထားပါတယ်။

အချို့အစေ့လေးတွေကတော့ သေးငယ်တဲ့အတွက် အရေအတွက် ရေလို့မရပါဘူးရှင်။ 😘

Lotus seeds
Celosia mix seeds
Sunflower
Cosmos mix
Vera Lavender
Gaillardia
Tetra mix
Carnation mix
Dianthus mix

Page Messenger မှာ လိပ်စာ ဖုန်းနံပါတ်လေးပေးပြီး မှာယူလို့ ရပါပြီ။

အိမ်ရောက်မှ ငွေချေရတဲ့ စနစ်ဖြစ်တာကြောင့် မိမိမှာထားတဲ့ ပစ္စည်းလေးတွေ တာဝန်ယူပြီးလက်ခံပေးပါဦးရှင်။

ကျေးဇူးတင်ပါတယ်ရှင်။ 🙏

Lotus seeds ပဒုမ္မာကြာမျိုးစေ့ တစ်ထုပ် 3,000 Ks Germination 8% 10 Seeds ယိုးဒယားမျိုး Original Packaging ပါ… အဖြူ၊ ပန်းရ...
14/09/2023

Lotus seeds

ပဒုမ္မာကြာမျိုးစေ့ တစ်ထုပ် 3,000 Ks

Germination 8%
10 Seeds

ယိုးဒယားမျိုး Original Packaging ပါ…
အဖြူ၊ ပန်းရောင် (2)ရောင် အရောပါရှင်။

ကြာမျိုးစေ့ထိပ်လေးများကို ရေမစိမ်ခင်မှာ အညှောင့်ထွက်ရလွယ်ကူအောင် …
ကျောက်ပြား သို့မဟုတ် မာကြောသော အရာဝတ္တု တစ်ခုခုဖြင့် ပွတ်တိုက်ပေးရပါမယ်နော်။

Celosia mix seeds တစ်ထုပ် 3,000 Ks Germination 8% ယိုးဒယားမျိုး Original Packaging ပါ… နေရာ၊ ဒေသ၊ ရာသီဥတုမရွေး စိုက်ပျို...
14/09/2023

Celosia mix seeds

တစ်ထုပ် 3,000 Ks

Germination 8%

ယိုးဒယားမျိုး Original Packaging ပါ…
နေရာ၊ ဒေသ၊ ရာသီဥတုမရွေး စိုက်ပျိုးလို့ရပါတယ်။

မင်္ဂလာပါ🙏Phyo Garden Page မှ ပန်းမျိုးစေ့လေးတွေကို မှာယူလို့ ရပါပြီ။ ယိုးဒယားမျိုး ပန်းမျိုးစေ့တွေပါ။မျိုးစေ့ တစ်ထုပ် 3...
01/09/2023

မင်္ဂလာပါ🙏
Phyo Garden Page မှ ပန်းမျိုးစေ့လေးတွေကို မှာယူလို့ ရပါပြီ။

ယိုးဒယားမျိုး ပန်းမျိုးစေ့တွေပါ။

မျိုးစေ့ တစ်ထုပ် 3,000 Ks ပါ။ (4)ထုပ်က စပြီးပို့ပေးပါတယ်။

မြို့ပေါင်း (190)ကျော်ကို အိမ်ရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်ရှင်။

မျိုးစေ့ပေါက်နှုန်းနဲ့ ပါဝင်တဲ့အစေ့ အရေအတွက်ကို ပုံလေးတွေအောက်မှာ ရေးပေးထားပါတယ်။

အချို့အစေ့လေးတွေကတော့ သေးငယ်တဲ့အတွက် အရေအတွက် ရေလို့မရပါဘူးရှင်။ 😘

Sunflower
Cosmos
Vera Lavender
Gaillardia
Tetra mix
Carnation mix
Dianthus mix

Page Messenger မှာ လိပ်စာ ဖုန်းနံပါတ်လေးပေးပြီး မှာယူလို့ ရပါပြီ။

အိမ်ရောက်မှ ငွေချေရတဲ့ စနစ်ဖြစ်တာကြောင့် မိမိမှာထားတဲ့ ပစ္စည်းလေးတွေ တာဝန်ယူပြီးလက်ခံပေးပါဦးရှင်။

ကျေးဇူးတင်ပါတယ်ရှင်။ 🙏

Cosmos mix seeds မျိုးစေ့ တစ်ထုပ် 3,000 ks Germination 70%150 seeds
31/08/2023

Cosmos mix seeds

မျိုးစေ့ တစ်ထုပ် 3,000 ks

Germination 70%
150 seeds

Tetra mix seeds မျိုးစေ့ တစ်ထုပ် 3,000 Ks Germination      70% ပန်းမျိုးစေ့လေးတွေကို မြေဆွေးနဲ့ပဲ ပျိုးပါ။ စပျိုးကာစမှာ ...
31/08/2023

Tetra mix seeds

မျိုးစေ့ တစ်ထုပ် 3,000 Ks
Germination 70%

ပန်းမျိုးစေ့လေးတွေကို မြေဆွေးနဲ့ပဲ ပျိုးပါ။
စပျိုးကာစမှာ အရိပ်ထဲထားပေးပါ။
ရွက်ဆစ် 3/4 ရွက်ထွက်တဲ့ အခါမှသာ အပြင်ထုတ်ပေးပါရှင်။

မင်္ဂလာပါ🙏Phyo Garden Page မှ ပန်းမျိုးစေ့လေးတွေကို မှာယူလို့ ရပါပြီ။ ယိုးဒယားမျိုး ပန်းမျိုးစေ့တွေပါ။ မြို့ပေါင်း (190)...
19/08/2023

မင်္ဂလာပါ🙏
Phyo Garden Page မှ ပန်းမျိုးစေ့လေးတွေကို မှာယူလို့ ရပါပြီ။

ယိုးဒယားမျိုး ပန်းမျိုးစေ့တွေပါ။

မြို့ပေါင်း (190)ကျော်ကို အိမ်ရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်ရှင်။

အနည်းဆုံး (10,000)ဖိုး မှာယူပေးပါရှင်။

မျိုးစေ့ပေါက်နှုန်းနဲ့ ပါဝင်တဲ့အစေ့ အရေအတွက်၊ စျေးနှုန်းလေးတွေကို ပုံလေးတွေအောက်မှာ ရေးပေးထားပါတယ်။

အချို့အစေ့လေးတွေကတော့ သေးငယ်တဲ့အတွက် အရေအတွက် ရေလို့မရပါဘူးရှင်။ 😘

Page Messenger မှာ လိပ်စာ ဖုန်းနံပါတ်လေးပေးပြီး မှာယူလို့ ရပါပြီ။

အိမ်ရောက်မှ ငွေချေရတဲ့ စနစ်ဖြစ်တာကြောင့် မိမိမှာထားတဲ့ ပစ္စည်းလေးတွေ တာဝန်ယူပြီးလက်ခံပေးပါဦးရှင်။

ကျေးဇူးတင်ပါတယ်ရှင်။ 🙏


Cleome seeds Germination 70%Seeds 0.5 g တစ်ထုပ် 3,000 Ks
19/08/2023

Cleome seeds

Germination 70%
Seeds 0.5 g

တစ်ထုပ် 3,000 Ks

Address


Website

Alerts

Be the first to know and let us send you an email when Phyo Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share