30/07/2023
မင်္ဂလာဆောင်ပွဲတပွဲအတွက် စပြီးစီစဥ် စဥ်းစားကြပြီဆို ဝတ်စုံ၊ နေရာတို့လိုနီးပါး အရေးထား စဥ်းစားကြရတဲ့အရာတခုက သတို့သမီးလက်ကိုင်ပန်းပါပဲ။
လှပရမယ်။ ခမ်းနားရမယ်။ ထင်းလင်းပေါ်လွင်ရမယ်။ ဒါတွေက လက်ကိုင်ပန်းတခုရဲ့ အခြေခံဂုဏ်အင်္ဂါတွေပါပဲ။
ပန်းပွင့်တိုင်းမှာ နေရာဒေသအလိုက် သူ့အဓိပ္ပါယ်နဲ့သူ၊ သူ့ဝိသေသနဲ့သူ ဖော်ပြချက်လေးတွေ ရှိကြပါတယ်။ မင်္ဂလာမောင်နှံ အထူးသဖြင့် သတို့သမီးရဲ့ သူ့မင်္ဂလာပွဲအပေါ်မှာ ဖြစ်စေချင်တဲ့ ဒါမှမဟုတ် ထားရှိထင်မြင်တဲ့ယူဆချက်၊ အဓိပ္ပါယ်လေးတွေကို ပန်းကလေးတွေရဲ့ ဘာသာစကားကိုအသုံးပြုပြီး လက်ကိုင်ပန်းနဲ့ ဖော်ကျူးတတ်ကြပါတယ်။
ဒီလက်ကိုင်ပန်းလေးမှာ တော်ဝင်အရောင်၊ သစ္စာတရားအရောင်လို့ သတ်မှတ်ကြတဲ့ ခရမ်းလေးကိုပေါ်လွင်အောင် နှင်းဆီ၊ သစ်ခွနဲ့ ယူကလစ်ရွက်လေးတွေကိုအဓိကထားပြီး ဖန်တီးထားပါတယ်။
ပန်းကလေးတွေရဲ့ လှပ ဖြူစင်မှုကို ယူကလစ်ရဲ့အဓိပ္ပါယ်များဖြစ်တဲ့ ခွန်အားသတ္တိ၊ အကာအကွယ်နဲ့ ပြည့်စုံကုံလုံခြင်းဆိုတဲ့ အရာများနဲ့ ဝန်းရံထားတာပါ။
မင်္ဂလာပွဲရဲ့ ဒီလိုနူးညံ့တဲ့အရာတွေကိုမြင်သာစေဖို့ ပန်းလေးတွေရဲ့ဘာသာစကားကိုသုံးပြီး သတို့သမီးလေးအတွက် အလှဆုံးသောလက်ကိုင်ပန်းလေးတခုဖြစ်အောင် ဖန်တီးထားပါတယ်။
🌸အားလုံးပဲ ချစ်ရတဲ့ပန်းလေးတွေနဲ့အတူ ပျော်ရွှင်ကျပါစေနော်❤️