03/02/2021
ကျွန်ုပ်တို့သည်
မြန်မာနိုင်ငံတွင်ပညာသင်ကြားနေသောကျောင်းသားများအနေဖြင့်လည်းကောင်း
မြန်မာနိုင်ငံတွင်ဝါသနာအရင်းခံ၍ဖျော်ဖြေတင်ဆက်သောသီချင်းဖန်တီးပြုလုပ်သူအနုပညာသမားများအနေဖြင့်လည်းကောင်း
မြန်မာနိုင်ငံတွင်နေထိုင်လျက်ရှိသောပြည်သူများအနေဖြင့်လည်းကောင်း
ပြည်သူ့ဆန္ဒအလျောက်တရားနည်းလမ်းမျှတစွာဖြင့်ရွေးကောက်အနိုင်ရလာသောပြည်သူ့အစိုးရသည်သာအတည်ဖြစ်ကြောင်းထောက်ခံပါသည်။
သို့ဖြစ်ပါ၍
Civil Disobedience Movement တွင်ပါဝင်ကြသောအနယ်နယ်အရပ်ရပ်မှနယ်ပယ်အသီးသီးမှပြည်သူ့ဝန်ထမ်းများနှင့်အတူတကွလေးစားစွာရပ်တည်သွားမည်ဖြစ်ပြီး
တိုင်းပြည်ကိုတရားမဝင်စွာသိမ်းပိုက်အုပ်ချုပ်အာဏာသိမ်းသောစစ်အာဏာရှင်စနစ်ကိုလုံးဝဆန့်ကျင်သွားပါမည်။
အာဏာရှင်စနစ် အလိုမရှိ။
အာဏာရှင်စနစ် ကျဆုံးပါစေ။
အာဏာရှင်စနစ် ကျဆုံးရမည်။