United Bond KPICT - NUG

  • Home
  • United Bond KPICT - NUG

United Bond KPICT - NUG A JOINT PROJECT OF KPICT AND NUG FOR KACHIN AND MYANMAR HUMANITARIAN ASSISTENCE.

03/09/2024
02/08/2024

ငွေတိုက်စာချုပ် (United Bond) များမှာ မထုတ်ဖြစ်သေးသူများအတွက် အလိုအလျောက်ထပ်မံသက်တမ်းတိုးပြီးဖြစ်
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

စစ်အာဏာရှင်ပြုတ်ကျရေးလှုပ်ရှားမှုတွေအတွက် အထူးအထောက်အကူပြုနေဆဲဖြစ်တဲ့ ငွေတိုက်စာချုပ်များရဲ့သက်တမ်းက ၂ နှစ်ဖြစ်လို့ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့ပြီလို့ အများက ယူဆထားကြပါတယ်။ ဒီအတွက် တချို့က ငွေတိုက်စာချုပ်တွေကို အချိန်မီမထုတ်ရင် ဆုံးရှုံးသွားမယ်ထင်ပြီး ပြန်လည်ထုတ်ယူဖို့ ကြိုးပမ်းကြတာကိုလည်း တွေ့ရပါတယ်။ ငွေတိုက်စာချုပ်များကို တော်လှန်ရေးကာလမပြီးပြန်သေးခင်မှာ အလိုအလျောက် ထပ်မံသက်တမ်း ၁ နှစ်တိုး‌ပေးထားတာဖြစ်လို့ အခုချိန်မှာမထုတ်ရင်ဆုံးရှုံးမှာကို စိတ်ပူစရာမလိုကြောင်း အာမခံလိုပါတယ်။ ဒီငွေတွေဟာ တော်လှန်ရေးအောင်မြင်မှုကို မီးထိုးပေးတဲ့ လောင်စာများဖြစ်လို့ တော်လှန်ရေးပြီးချိန်မှာ ပိုမိုတန်ဖိုးရှိနေပြီဖြစ်တဲ့ငွေများကို ထုတ်ယူခြင်းဖြင့် သားရွှေအိုးထမ်းကိန်းကို မြင်ရမှာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အရှိန်အဟုန်နဲ့ အောင်ပွဲဆင်နေချိန်မှာ တော်လှန်ရေးခါးဆက်မပြတ်စေဖို့ EOD ရှယ်ယာများကို ထပ်မံဝယ်ယူအားဖြည့်ပြီးကူညီခြင်းကလည်း စစ်ဖိနပ်အောက်မှ ပြည်သူများလွတ်မြောက်ရေးကို ပိုပြီးမြန်ဆန်စေမှာဖြစ်လို့ “လသာတုန်းဗိုင်းငင်”၊ “နေသာတုန်းစပါးလှန်း” ဆိုသလို အခွင့်အရေးရခိုက်မှာ ငွေအားတတ်နိုင်သူများကလည်း ငွေအားနဲ့ ဝိုင်းဝန်းပြီးဆက်လက်ပံ့ပိုးပေးပြီး ကျန်ရှိနေသေးတဲ့ EOD ရှယ်ယာများဝယ်ယူထောက်ပို့ကြဖို့ တိုက်တွန်းလိုပါတယ်။

#အောင်ပွဲမြန်ဖို့ဘွန်းဝယ်စို့

26/01/2024

Kachin Political Interim Coordination Team (KPICT) မှတာဝန်ယူရောင်းချခဲ့သော ငွေတိုက်စာချုပ်များမှ ၂ နှစ်သက်တမ်းစေ့ရောက်သောငွေတိုက်စာချုပ်များကို ငွေတိုက်စာချုပ်တန်ဖိုးငွေဖြင့် ပြန်လည်ရွေးနုတ်ရန် အစီအစဉ်ရှိသည့် ငွေတိုက်စာချုပ်ပိုင်ရှင်များအနေဖြင့် KPICT ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ ၊ Online (email, KPICT Page messenger ) မှဖြစ်စေ ဆက်သွယ်ထုတ်ယူနိုင်ပါပြီဖြစ်ကြောင်း လေးစားစွာအသိပေးကြေညာအပ်ပါသည်၊၊

KPICT ကတာဝန်ယူရောင်းချခဲ့သော ငွေတိုက်စာချုပ်များကို တော်လှန်ရေးအောင်လိုစိတ်ဖြင့် ရဲဝံ့ယုံကြည်စွာ ဝယ်ယူရင်းနှီးမြှုပ်နှံ ထားကြသော တော်လှန်ပြည်သူတဦးချင်း၊ တယောက်ချင်းစီကို အထူးပင် ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် ။


Email :[email protected]

25/01/2024

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာ့မြေပေါ်မှ အကြမ်းဖက်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းပျောက်ကွယ်ရန်ကြိုးပမ်းရာတွင် လိုအပ်သော တော်လှန်ရေးဘဏ္ဍာရန်ပုံငွေအား ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ရှေးရှုကာ နို၀င်ဘာလ ၂၂ ရက် ၂၀၂၁ခုနှစ် မှစတင်၍ အထူးငွေတိုက်စာချုပ်များအား ပြည်သူလူထုထံသို့ ဖြန့်ဝေရောင်းချခဲ့ပါသည်။

အဆိုပါ ငွေတိုက်စာချုပ်များအား ရောင်းချခြင်းလုပ်ငန်းစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ရပ်တည်ချက်တူသော မဟာမိတ်အဖွဲ့အစည်းဖြစ်သည့် Kachin Political Interim Coordination Team (KPICT) အနေဖြင့်လည်း တတပ်တအားပါဝင်ကူညီ၍ ကချင်ဒေသအတွင်း နှင့် အခြားဒေသများတွင် အထူးငွေတိုက်စာချုပ်ကို တာ၀န်ယူရောင်းချ ပေးခဲ့ပါသည်၊၊

KPICT ကတာဝန်ယူရောင်းချခဲ့သော ငွေတိုက်စာချုပ်များကို တော်လှန်ရေးအောင်လိုစိတ်ဖြင့် ဝယ်ယူခဲ့ကြသည့် ပြည်သူများအား အထူးပင် ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် ။

ယင်းစာချုပ်များမှ
၁။ သက်တမ်းစေ့ရောက်ပြီး ၂ နှစ်သက်တမ်းစေ့ရောက်သော်လည်း ငွေတိုက်စာချုပ်ကို ဆက်လက်သက်တမ်းတိုးရန် ဆုံးဖြတ် ထားသူများ အနေဖြင့် သီးခြားနည်းလမ်းဆောင်ရွက်ရန် မလိုအပ်ဘဲ မိမိတို့လက်ဝယ်ရှိ ငွေတိုက်စာချုပ်ကို ဆက်လက်သိမ်းဆည်း ထားရုံမျှဖြင့် သက်တမ်း ၁ နှစ်တိုးခြင်းလုပ်ငန်းစဉ် ပြီးမြောက် အောင်မြင်ပါသည်။
၂၊၊ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်ရန် အစီအစဉ်ရှိသည့် ငွေတိုက်စာချုပ်ပိုင်ရှင်များအနေဖြင့် KPICT ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ ၊ Online (email, KPICT Page messenger ) မှဖြစ်စေ ဆက်သွယ် နိုင်ပါကြောင်းနှင့် အသေးစိတ်အစီအစဉ်ကို KPICT ရုံး၏ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်၊၊
၃။အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချလျက်ရှိသည့် မြေကွက်၊တိုက်ခန်း၊ ရှယ်ယာများအဖြစ် ပိုင်ဆိုင်မှုလွှဲပြောင်းလိုသူများအနေဖြင့်လည်း ပုံစံ(ဃ) အား ဖြည့်သွင်းရန် မလိုအပ်ပါ။ ၎င်းတို့အတွက် ဆောင်ရွက်ရန်နည်းလမ်းများကို သီးသန့်ကြေညာချက်ထုတ်ပြန်၍ ထပ်မံအသိပေးသွားမည်ဖြစ်ပြီး အသေးစိတ် အစီအမံကို KPICT က တရားဝင်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။

Facebook : https://www.facebook.com/profile.php?id=100083237595173&mibextid=LQQJ4d

Website :https://padangsut.org

Spring Development Bank (SDB) Kaw Bank Account Hpaw Ga and Shares Ma Mari Lam Shana Dat Ai
21/11/2023

Spring Development Bank (SDB) Kaw Bank Account Hpaw Ga and Shares Ma Mari Lam Shana Dat Ai

နွေဦးဘဏ် အစုရှယ်ယာတွေ ဝယ်ဖို့ (၂) နည်း
20/11/2023

နွေဦးဘဏ် အစုရှယ်ယာတွေ ဝယ်ဖို့ (၂) နည်း

17/10/2023

We are writing to you with a heavy heart and an urgent appeal. On October 9, 2023, the Mung Lai Hkyet IDP camp near Laiza in Kachin State, Myanmar, was bombed by the military junta that seized power in a coup in February 2021. The attack killed at least 29 civilians, including 13 children, and injur...

Do you want to support the people of Myanmar in their fight for federal democracy and freedom?Do you want to help the vi...
17/10/2023

Do you want to support the people of Myanmar in their fight for federal democracy and freedom?Do you want to help the victims of the brutal military junta that has killed, injured, and displaced thousands of civilians? Do you want to invest in the future of a peaceful and prosperous Myanmar?
If your answer is yes, then you should consider buying the NUG revolution bond and donating to the Mung Lai Hkyet IDP survivors.

The bond aims to raise funds for the revolutionary movement against the dictatorship, including supporting the civil disobedience movement, the people's defense forces, the ethnic armed organizations, and the humanitarian assistance for the people in need.

The bond is sold in four denominations: $100, $500, $1000, and $5000, with a two-year maturity and no interest. The bond is mainly available for Myanmar citizens overseas who have access to digital banking services. The bond sale started on November 22, 2021, and has raised more than $8.6 million within 24 hours. The NUG hopes to raise up to $1 billion from the bond sale in phases.

The Mung Lai Hkyet IDP survivors are the people who were living in a displacement camp near Laiza Town in Kachin State, near the border with China. The camp was home to more than 600 internally displaced persons (IDPs) who had fled from violence and persecution by the military junta.

On October 9, 2023, the Mung Lai Hkyet IDP camp near Laiza in Kachin State, Myanmar, was bombed by the military junta that seized power in a coup in February 2021. The attack killed at least 29 civilians, including 13 children, and injured 57 others. The camp was home to about 167 families who had fled their homes due to the ongoing conflict between the junta and the ethnic armed groups that resist its brutal rule.

This is one of the most horrific atrocities committed by the junta against the innocent people of Myanmar, who have been suffering from violence, oppression, and poverty for decades. The bombing of the IDP camp is a clear violation of international humanitarian law and human rights, and it must be condemned and investigated by the international community.

We are asking for your help to provide humanitarian assistance and support to the survivors of this attack, as well as to the thousands of other IDPs who are living in precarious conditions in Kachin State and other parts of Myanmar. We need your donations to provide food, water, shelter, medical care, education, and psychosocial support to these vulnerable people who have lost everything.

We are using Chuffed crowdfunding platform to collect and transfer your donations to our local partners who are working on the ground to deliver aid and relief to the IDPs. Chuffed is a secure and transparent platform that allows you to donate online using your credit card or ApplePay account. You can also track the progress and impact of your donations through regular updates and reports from our team.

Thank you for your generosity and solidarity. Together, we can help the people of Myanmar survive this crisis and restore their dignity and hope.

We are writing to you with a heavy heart and an urgent appeal. On October 9, 2023, the Mung Lai Hkyet IDP camp near Laiza in Kachin State, Myanmar, was bombed by the military junta that seized power in a coup in February 2021. The attack killed at least 29 civilians, including 13 children, and injur...

18/04/2023
     #ကန့်ဘလူ
11/04/2023





#ကန့်ဘလူ

31/03/2023

လှည်းတစ်စီးတိုက် ရတနာတွေရလို့ ဝမ်းသာကြတယ်ဆိုတာ ပုံပြင်တွေထဲမှာ၊ စာအုပ်တွေထဲမှာ ဖတ်ဖူးကြမှာပါ။ လှည်း ၃ စီးတိုက် အမှိုက်တွေရလို့ တစ်ပြည်လုံးဝမ်းမြောက်ရတာကတော့ အပြင်လောက၊ မြန်မာပြည်မှာပဲရှိပါလိမ့်မယ်။

ဒီလိုအောင်ပွဲကြီးတွေ အလီလီရဖို့ တိုင်းပြည်ရဲ့အညွန့်အဖူးလူငယ်လေးတွေ ချွေးစက်ပေါင်း၊ သွေးစက်ပေါင်းများစွာနဲ့ ရင်းနှီးထားရတာပါ။ Bond ရောင်းရငွေတွေ၊ EOD share ရောင်းရငွေတွေနဲ့ ဖြည့်တင်းထားတဲ့လက်နက်ခဲယမ်းအကောင်းစားတွေရဲ့ အစွမ်းနဲ့ အဖိုးတန်လူငယ်တွေရဲ့အသက်ကိုကာကွယ်နိုင်ရုံမက၊ တိုင်းပြည်ရဲ့အမှိုက်သရိုက်တွေကိုပါ လှည်းနဲ့တိုက်ရှင်းနိုင်လာပြီဆိုတာ ငွေစုစာချုပ်(ဘွန်း) ဝယ်ယူထောက်ပို့ပေးကြတဲ့ တစ်ကမ္ဘာလုံးကမြန်မာပြည်သူတွေ လက်တွေ့မြင်လာကြရပါပြီ။

သူရဲကောင်းပီသစွာကျဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူ ကိုဂျင်မီကို တိုင်းပြည်နဲ့ပြည်သူအတွက် လှူဒါန်းထားရုံမက၊ ကိုယ်တိုင်လည်း စစ်ကောင်စီပြုတ်ကျရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ မနီလာသိန်းရဲ့ “ဘွန်းဝယ်ယူထောက်ပို့သူများအတွက် အမှတ်တရစကား” ပါ ပို့စကဒ်တွေကို ဧပြီလမှာ ဘွန်းဝယ်ယူကြသူများ လက်ခံရရှိကြမှာဖြစ်ပါတယ်။

#အောင်ပွဲမြန်ဖို့ဘွန်းဝယ်စို့

Exchange Rate for Apr 2023!
28/03/2023

Exchange Rate for Apr 2023!

April 2023 Exchange Rates
*********************************

အာဏာရှင်နိဂုံး ၂၀၂၃ ဖြစ်ရန် အောင်ပွဲတွေ တဆင့်ပြီး တဆင့်တက်နေတာ အားလုံး အသိပါ။

အောင်ပွဲနဲ့ ခေါင်းနဲ့ပန်း ဆိုသလို ရင်းနှီးပေးဆပ်ရတာတွေလည်း များပါတယ်။ ဒီလိုပဲ ထောက်ပို့ အင်းအားတွေလည်း ပိုပြီး လိုလာပါတယ်။

ငွေတိုက်စာချုပ် (Bond) တွေ နဲ့ EOD ရဲ့ တန်ဖိုးသင့် တိုက်ခန်း၊ မြေကွက်၊ EOD ရှယ်ရာတွေ ဝယ်ယူရင်းနှီးရင်း ထောက်ပို့ကြဖို့ April 2023 အတွက် Exchange Rates များ ဖြစ်ပါတယ်။

 #တော်လှန်ရေး  မြန်မြန်အောင်မြင်ဖို့ Bond ဝယ်ကြစို့။
01/03/2023

#တော်လှန်ရေး မြန်မြန်အောင်မြင်ဖို့
Bond ဝယ်ကြစို့။

ဒီနှစ်ဖေဖော်ဝါရီမှာ နွေဦးတော်လှန်ရေးစတင်ခဲ့တာ ၂ နှစ်ပြည့်ခဲ့ပါပြီ။

နှစ်နှစ်အတွင်းမှာ တော်လှန်ရေးဟာ အရှိန်အဟုန်ပိုကောင်းလာပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်မှာ ဘဏ္ဍာရေးအရင်းအမြစ်နဲ့လူသားအရင်းအမြစ်တွေစုဆောင်းလာနိုင်တာနဲ့အမျှ တိုက်ပွဲကြီးတွေတိုက်တိုင်း စစ်ကောင်စီဘက်က အရေးနိမ့်တာတွေလည်း များသထက်များလာနေပြီဖြစ်ပါတယ်။ အခုလိုမျိုးဘဏ္ဍာငွေတွေ ဆက်လက်စုဆောင်းရင်း ပြည်သူ့ကာကွယ်ရေးတပ်အားလုံးကိုသာ ခေတ်မီလက်နက်အပြည့်အစုံတပ်ဆင်ပေးနိုင်တဲ့အချိန်၊ စစ်ကောင်စီရဲ့လေယာဉ်၊ လက်နက်ကြီးတွေကိုတန်ပြန်နိုင်တဲ့ လက်နက်ခဲယမ်းတွေကို လုံလုံလောက်လောက်အသုံးပြုနိုင်တဲ့အချိန်ရောက်ပြီဆိုရင် စစ်ကောင်စီတပ်တွေချေမှုန်းခံရဖို့ အနီးကပ်ဆုံးအချိန်ရောက်လာပြီလို့ အပ်ကျမပ်ကျပြောနိုင်မှာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ပထမဆုံးအတိုးမပါတဲ့ ငွေစုစာချုပ်အဖြစ် မှတ်တမ်းဝင်ရလောက်တဲ့ NUG bond တွေကို နှစ်နှစ်အတွင်းမှာ ဒေါ်လာသန်း(၅၀)ဖိုးအထိရောင်းချခဲ့ရပါပြီ။ ဒါဟာ အားသွန်ခွန်စိုက်ထောက်ပို့လုပ်ပေးကြတဲ့ ပြည်သူတွေရဲ့ ပြင်းပြတဲ့စိတ်ခွန်အားနဲ့ စစ်ဖိနပ်အောက်ကလွတ်မြောက်လိုတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့အခန်းကဏ္ဍကိုဖော်ပြတဲ့သမိုင်းမှတ်တမ်းလည်းဖြစ်ပါတယ်။

ဘွန်းဝယ်ယူပြီး နွေဦးတော်လှန်ရေးမှာရင်းနှီးမြှုပ်နှံကြသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသတာဝန်ခံ ရဲဘော်စောရှားက လှိုက်လှုက်လှဲလှဲ ဂုဏ်ပြုချီးကျူးစကားပြောထားတဲ့ အမှတ်တရစာသားလေးတွေပါ ပို့စကတ်တွေကို ဖေဖော်ဝါရီလကုန်မှာ ဘွန်းဝယ်ကြသူများက ဂုဏ်ပြုလက်ဆောင်အနေနဲ့ လက်ခံရရှိမှာဖြစ်ပါတယ်။ လစဉ်ဘွန်းဝယ်ပြီး ပို့စကတ်စုဆောင်းသူတွေအတွက်နောက်ထပ် collection တစ်ခုလည်းဖြစ်ပါတယ်။

နောင်တချိန်မှာ အရင်းအတိုင်းငွေပြန်လည်ထုတ်ယူရရှိမှာဖြစ်တဲ့ ဘွန်းဝယ်ယူမှုတွေက ရရှိလာမယ့်အမြတ်တွေကတော့ နိုင်ငံသားအားလုံးအတွက် ဖိနှိပ်မှုကင်းပြီး လွတ်လပ်လှပတဲ့နိုင်ငံတစ်ခုနဲ့ တော်လှန်ရေးမှာတာဝန်ကျေပြွန်ခဲ့သူ ပြည်သူတစ်ယောက်အဖြစ် အနာဂါတ်ကာလမှာဂုဏ်သိက္ခာမြင့်မားစွာရပ်တည်နိုင်ခွင့် တွေပဲဖြစ်ပါတယ်။

#အောင်ပွဲမြန်ဖို့ဘွန်းဝယ်စို့

28/02/2023

“စပြီးတဲ့ ဇာတ်ကို ဆုံးအောင် က ကြရမယ်...”

-သမ္မတကြီး ဒူဝါလရှီးလ

တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မတရား ရယူသိမ်းပိုက်ထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဖြိုချနိုင်ဖို့အတွက် ပြည်သူလူထုရဲ့ ခုခံတွန်းလှန်စစ် ဆင်နွှဲလာခဲ့တာဟာ တစ်နှစ်ကျော်ကြာမြှင့်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်အပိုင်းအခြားကာလနဲ့ နှိုင်းယှဉ်ကြည့်ရင် တော်လှန်ရေးရဲ့ အရွေ့၊ တော်လှန်ရေးရဲ့ လားရာနဲ့ တော်လှန်ရေးရဲ့ ပန်းတိုင်ဟာ ပိုပြီးတော့ ထင်သာမြင်ဖြစ်လာခဲ့တာ အဘက်ဘက်က တိုးတက်လာနေတာကို တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။ ပြည်တွင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ၊ တန်ပြန်ထိုးစစ်ဆင်မှုတွေကို စတင်အကောင်အထည်ဖော်နေပြီဖြစ်သလို စိုးမိုးနယ်မြေတွေမှာလည်း ကြားကာလ အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်နေကြတာကိုလည်း တွေ့မြင်နေကြရပါတယ်။ နိုင်ငံခြားရေးရာကဏ္ဍမှာလည်း NUG ဟာ ခြေလှမ်းသွက်သွက်နဲ့ လှုပ်ရှားနေပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဝါရှင်တန်ဒီစီမြို့မှာ NUGရဲ့ ကိုယ်စားလှယ်ရုံးခွဲကို ဖွင့်လှစ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ပြည်သူ့ခုခံစစ် တစ်နှစ်ကျော်ကာလအတွင်းမှာ တော်လှန်ရေးခရီး ဒီလောက်အထိ ခရီးပေါက်နိုင်ခဲ့တာဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ပံ့ပိုးပေးနေမှုတွေကသာလျှင် အဓိကကျတဲ့ အရာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ စိတ်အားထက်သန်မှု၊ ယုံကြည်ထောက်ခံမှုနဲ့ ပံ့ပိုးမှုတွေက NUG နဲ့ တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းတွေအတွက် တွန်းအားတွေ ဖြစ်စေခဲ့သလို NUG နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး၊ စစ်ရေး အောင်မြင်မှုတွေကလည်း ပြည်သူလူထုကို စိတ်ဓါတ်တက်ကြွမှုတွေဖြစ်ပေါ်စေပြီး တော်လှန်ရေးမှာ ပိုပြီးတော့ ကူညီထောက်ပံ့လာစေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်ဆီကို နီးသထက်နီးလာအောင် ချီတက်လာနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

“စပြီးတဲ့ ဇာတ်ကို ဆုံးအောင် က ကြရမယ်...” လို့ သမ္မတကြီး ဒူဝါလရှီးလက NUGအစိုးရရဲ့ Cabinet အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဟုတ်ပါတယ်...။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မတရားရယူသိမ်းပိုက်ထားပြီး ပြည်သူလူထုကို ကျွန်လိုသဘောထား ကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နဲ့ လူမျိုးကို ချနင်းထားတဲ့ အကြမ်းဖက် စစ်တပ်ကို ဖြုတ်ချနိုင်ဖို့၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရစေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ဖို့အတွက် တော်လှန်ရေးခရီးတစ်ခုကို အစပြု ချီတက်လာခဲ့ကြတာမှာ အတော်အတန် ခရီးပေါက်နေပါပြီ။ ဆိုတော့... စခဲ့တဲ့ ဇာတ် ဆုံးအောင် က ကြ ရအောင်ပါ...။ ၂၀၂၃မှာ စစ်အာဏာရှင်တွေ နိဂုံးချုပ်နိုင်ဖို့အတွက် မိဘပြည်သူများအနေနဲ့ ဆက်လက် ပံ့ပိုးပေးကြဖို့ လိုအပ်နေဆဲပဲ ဖြစ်ပါတယ်။ NUG Bond ဝယ်ပေးတာ၊ EOD တိုက်ခန်း နဲ့ မြေကွက်များ ဝယ်ယူပေးတာတွေကနေ တော်လှန်ရေးရဲ့ ရန်ပုံငွေကိုအားဖြည့်ပေးပြီး တိုက်ပွဲအရှိန်အဟုန်ကို ဆက်လက်တွန်းတင်ပေးကြပါလို့ မေတ္တာရပ်ခံ လိုက်ရပါတယ်။

အရေးတော်ပုံ အောင်ကိုအောင်ရမည်။



07/02/2023

"စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက စီမံဆောင်ရွက်လိုက်တဲ့ Project တိုင်း အောင်မြင်နေတာဟာ ကျွန်တော်တို့အတွက် အင်အား ၂ ရပ်ကို ရရှိစေပါတယ်။ တစ်ခုက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ One Year Plan အောင်မြင်နိုင်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိလို့ စိတ်အားတက်ရသလို တစ်ဖက်ကလည်း ဒီလို Project တွေ အောင်အောင်မြင်မြင်ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ပြည်သူတွေရဲ့ တော်လှန်ရေးအပေါ် ခံယူချက်၊ ယုံကြည်ချက်တွေဟာ တစ်စက်ကလေးမှ မလျော့သွားဘဲ ပါဝင်ပေးနေကြတာကို သိရတဲ့အတွက် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ပြည်သူတွေရဲ့ ယုံကြည်မှုတွေအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီကို ဖြိုဖျက်ဖို့ သန်မာသထက် သန်မာအောင် ကြိုးစားသွားမယ်လို့လည်း ကတိပေး ပြောကြားလိုပါတယ်...။"

မန်းဝင်းခိုင်သန်း

ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ

01/02/2023

ကိုတေဇာဆန်းပြောတဲ့ ကျေးဇူးစကား
+++++++++++++++++++++++
Bond တွေ၊ Project တွေကနေတဆင့် ရန်ပုံငွေ အတိုင်းအတာတစ်ခုအထိ ကောက်ခံရရှိအပြီး၊ ရန်ပုံငွေတွေကိုလိုအပ်တဲ့နေရာအချို့ကိုထောက်ပို့လို့အပြီးမှာ ပြည်သူ့တော်လှန်ရေးတပ်သားတွေရဲ့ ပြောင်မြောက်တဲ့စွမ်းဆောင်ရည်တွေကို ဘယ်လောက်တောင် ပြသနိုင်ခဲ့သလဲဆိုတာ အောင်ပွဲရခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေနဲ့ စကစဘက်ကကျသွားတဲ့ တပ်ရင်းမှူး၊ တပ်ခွဲမှူးတွေအပါအဝင် များပြားလှတဲ့စကစတပ်သားတွေရဲ့အရေအတွက်ကိုကြည့်ရင်သိနိုင်ပါတယ်။

အင်အားချိနဲ့ပြီး စစ်ပန်းနေပြီဖြစ်တဲ့ စကစကိုအပြီးတိုင်ဖြိုလှဲပစ်နိုင်မယ့်အချိန်ကို ရောက်ဖို့တည်းတည်းလေးသာ လိုပါတော့တယ်။ အောင်ပွဲကြီးတွေရဖို့ သုံးစွဲလိုက်ရတဲ့ခဲယမ်းတွေကိုပြန်ဖြည့်ဆည်း၊ နောက်ထပ်ထိုးစစ်ကြီးတွေအတွက် လိုအပ်တဲ့ခဲယမ်းတွေကို ထပ်ဆောင်းပြင်ဆင်ဖို့ ဘဏ္ဍာရေးကအရေးအကြီးဆုံးဆိုတာကို ကိုတေဇာဆန်းက ဘယ်လိုပြောထားသလဲဆိုတာ February လဘွန်းဝယ်သူများ အမှတ်တရအနေနဲ့ ရရှိမယ့် ကိုတေဇာဆန်းရဲ့ လက်ရေးမူကျေးဇူးတင်စကားမှာ ပါဝင်ပါလိမ့်မယ်။

ပြည်သူ့အားနဲ့တွန်းတဲ့ ပြည်သူ့တော်လှန်ရေးကြီးအမြန်ဆုံးအောင်မြင်ဖို့ ကာကွယ်ရေးဘဏ္ဍာငွေတောင့်တင်းအောင် အားကုန်ကြိုးစားကြပါစို့။

#အောင်ပွဲမြန်ဖို့ဘွန်းဝယ်စို့

16/01/2023

ပြီးခဲ့တဲ့အပတ်တွေထဲမှာ ပြည်သူ့ဘက်တော်သားများက စကစတပ်ရင်းစခန်းတွေထိ ဝင်သိမ်းပြသွားတာ အားရကျေနပ်ဖွယ်ရာတွေ့ကြမှာပါ။ တချိန်တည်းမှာပဲ ငယ်ရွယ်တက်ကြွတန်ဖိုးရှိလှတဲ့ လူငယ်လေးတွေ တိုက်ပွဲဝင်ရင်း ကျဆုံးသွားရတာလည်း စိတ်မကောင်းဖွယ်ရာ မြင်လိုက်ကြမှာပါ။

ကုန်ဆုံးသွားတဲ့ ခဲယမ်းလက်နက်တွေကို ပြန်ဖြည့်တင်းလို့ရပေမဲ့၊ ဆုံးရှုံးသွားတဲ့ အဖိုးတန်အသက်တွေကိုတော့ ပြန်ယူလို့မရတော့ပါဘူး။ ဖြစ်ပြီးမှဝမ်းနည်းမယ့်အစား ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် ကျားကန်ကြိုးစားကြရပါမယ်။

တိုက်ပွဲကြီးတွေကို အကျအဆုံးနည်းနည်းနဲ့အောင်ပွဲရအောင် အဆက်မပြတ်တိုက်နိုင်ဖို့ဆိုရင် ခဲယမ်းမီးကျောက်လုံလောက်အောင်ရှိမှ ဖြစ်ပါလိမ့်မယ်။ ဒါမှသာ တိုက်ပွဲတစ်ပွဲပြီးတိုင်း ခဲယမ်းမလုံလောက်လို့ နောက်ထပ်တိုက်ပွဲခါးဆက်ပြတ်သွားတာမျိုးမဖြစ်သလို၊ တိုက်ပွဲဝင်သူရဲကောင်းတွေလည်း တိုက်ပွဲမှာခဲယမ်းချွေတာချင်တာနဲ့ မလိုအပ်တဲ့စွန့်စားမှုတွေလုပ်ရတာမျိုးမရှိကြလို့ ဘေးကင်းကြမှာပါ။

အာဏာရှင်နိဂုံးဖြစ်တဲ့ ၂၀၂၃ ခုနှစ်ထဲမှာ ပြည်သူ့တပ်တွေဘက်က တိုက်ပွဲကြီးတွေ အများအပြားကို အောင်ပွဲရအောင်ယူပြကြပါလိိမ့်မယ်။ အကြမ်းဖက်စကစအနေနဲ့လည်း ရန်သူတွေများလွန်းလို့ မြေပြင်တပ်တွေချိနဲ့၊ အရူးမီးဝိုင်းသလို ဘယ်ပြေးရမှန်းမသိဖြစ်ပြီး လေယာဉ်တွေသုံးပြီး ဗုံးကြဲတဲ့အလုပ်ကိုသာတွင်တွင်လုပ်နေနိုင်တော့တာလည်း အားလုံးအသိပဲဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်သူ့ဘက်သားတွေအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အောင်ပွဲကြီးတွေအများအပြားရဖို့ဆိုရင် ပြည်သူတွေရဲ့ စမ်းရေစီးသလို အဆက်မပြတ်သောထောက်ပို့အားကြီးက အရေးအကြီးဆုံးအချက်တစ်ခုအနေနဲ့ ပါနေတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ဒီနေ့ ဒီအချိန်ထိ တိုးတက်လာတဲ့အခြေအနေကလည်း ပြည်သူတွေရဲ့ မဆုတ်မနစ်သောထောက်ပို့မှုတွေကြောင့်သာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးကပြည်သူတွေ စုစုစည်းစည်း၊ တက်ညီလက်ညီ ကျရာကဏ္ဍက ပါဝင်ကြတဲ့၊ လှမ်းမြင်နေရပြီဖြစ်တဲ့အောင်ပွဲကြီးမှာ ကိုယ့်တာဝန်ကိုယ်ကျေခဲ့တယ်ဆိုတာကို နောင်တစ်ချိန်မှာ ဂုဏ်ယူစွာနဲ့ ပြန်ပြောနိုင်ဖို့ သွေးမအေးဘဲ အားစိုက်ပြီးထောက်ပို့ကြပါစို့။

ကဲ….ဒီအချိန်မှာမှ အားသွန်မထည့်ရင် ဘယ်အချိန်ရှိပါသေးသလဲ။ “ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးလေလိမ့်လား” လို့ အချင်းချင်းသတိပေးကြရင်း နည်းလမ်းအမျိုးမျိုးနဲ့ ထောက်ပို့ကြပါစို့။

EOD ရှယ်ယာတွေ၊ နွေဦးမြေကွက်တွေ၊ ဘွန်းတွေ နဲ့ အိမ်ယာတိုက်ခန်းတွေ ဝယ်ယူထောက်ပံ့တာ၊ တခြားနည်းတစ်မျိုးမျိုးနဲ့ အမြဲထောက်ပံ့တာတွေက အောင်ပွဲမြန်ဖို့ထိရောက်တဲ့အကြောင်းရင်းတွေ အမှန်အကန်ဖြစ်ပါကြောင်း။

#အောင်ပွဲမြန်ဖို့ဘွန်းဝယ်စို့
်တွေကိုထောက်ပို့ကြစို့

15/01/2023

နှစ်သစ်ကို ရောက်ရှိလာခဲ့တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ နွေဦးတော်လှန်ရေးရဲ့ တိုက်ပွဲ တံပိုးခရာသံတွေ ကောင်းကင်ယံမှာ ဟိန်းပျံ့လို့နေပါတယ်။ နှစ်သစ်ကူးကာလမှာ ထုတ်ပြန်လာတဲ့ ကြေငြာချက်တွေ၊ EAO/ERO ခေါင်းဆောင်များရဲ့ Interview တွေ၊ မိန့်ခွန်းတွေ၊ PDF တပ်ရင်းများရဲ့ သင်တန်းဆင်းပွဲ အခမ်းအနားဓါတ်ပုံတွေ နဲ့ စစ်ကောင်စီတပ်တွေရဲ့ အခြေစိုက်စခန်းတွေကို ထိုးဖောက်တိုက်ခိုက်ကြတဲ့ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာနေတာတွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခြောက်လှန့်လို့ သွေးပျက်နေစေပြီပဲ ဖြစ်ပါတယ်။

လက်ဗလာ ခြေဗလာက စခဲ့ရတဲ့တော်လှန်ရေးခရီးက ဒီနေ့၊ ဒီအခြေအနေအထိ ရောက်ရှိဖြစ်တည်လာဖို့ဆိုတာ လွယ်ကူပါရဲ့လား..? လုံးဝကို မလွယ်ကူခဲ့ပါဘူး။ ပြည်ပအကူအညီဆိုတာ မရှိသလောက် နည်းပါးခဲ့ပြီး ပြည်သူလူထုရဲ့ ပံ့ပိုးထောက်ပံ့မှုတွေကြောင့်သာလျှင် ဒီနေ့လို အခြေအနေအထိ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ "ငါတို့မှာ ငါတို့ပဲရှိတယ်..." လို့ ဆိုသလိုပဲ NUG မှာလည်း ပြည်သူလူထုရဲ့အားပေးထောက်ပံ့မှုကပဲ အဓိကနေရာမှာ ရှိနေပါတယ်။

ဒီနေရာမှာ ဆရာ နေသန်မောင်ရဲ့ ဆောင်းပါးဖြစ်တဲ့ “မပြီးသေးဘူး ... ငါတို့အလှည့် ကျန်သေးတယ် - ၅၀" ထဲက စာကို ကောက်နှုတ် ကိုးကားပါရစေ။ အဲ့ဒါကတော့ -

" ကျနော်တို့အချင်းချင်း နောင်တချိန်မှာ ဂုဏ်ဆာပြီး ပြန်ပြောနိုင်မယ့်ဇာတ်ကြောင်းတွေကို ကျနော်တို့ ပါဝင်ဖော်ကျူးကြပါစို့။

ဤခရီး နီးပါပြီ။ ရက်ပေါင်း ၇၀၀ကျော် လာခဲ့ရ၏။ ကျနော်တို့အလှည့်ကျန်သေးတယ်လို့ ကြွေးကြော်ခဲ့တဲ့ လူငယ်မျိူးဆက်တွေက ကျနော်တို့အလှည့်ရောက်ပြီလို့ ကြုံးဝါးကြပါတော့မယ်။" .... တဲ့။

ဟုတ်ပါတယ်။ ကျနော်တို့ ပြည်သူလူထုတွေ ပြုစုပျိုးထောင်ထားတဲ့ PDF လူငယ်တွေက သူတို့စိုက်ပျိုးထားတဲ့ အသီးအပွင့်အောင်ပွဲတွေကို ခူးဆွတ်ရိတ်သိမ်းကြပါတော့မယ်။ ကျနော်တို့ရဲ့ လူငယ်တွေက သူတို့ရဲ့မျှော်မှန်းရာ အောင်ပွဲတွေကို စိတ်ရှိတိုင်းခူးဆွတ်နိုင်ဖို့နဲ့ ရည်ရွယ်ရာ ပန်းတိုင်ကို မြန်မြန်ဆန်ဆန်ရောက်ရှိနိုင်ဖို့အတွက်ကတော့ ကျနော်တို့ ပြည်သူလူထုများကနေပဲ တတ်စွမ်းနိုင်သလောက် ဆက်လက်ထောက်ပံ့ပေးကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် NUG Bond၊ EOD အစရှိသည်တို့မှာ ရင်းနှီးမြှုပ်နှံပြီး နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲအသီးအပွင့်တွေကို အတူတကွ ခူးဆွတ်ကြပါစို့... လို့ တိုက်တွန်းလိုက်ရပါတယ်။



09/01/2023

ညီနောင် မဟာမိတ်(၃)ဖွဲ့ ထုတ်ပြန်ကြေညာချက်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်

02/01/2023

တစ်ဘက်ဘက်က ပြတ်ပြတ်သားသားအနိုင်ရဖို့ရန် ထောက်ပို့ငွေက အခရာကျသည့်အချိန်ရောက်
+++++++++++++

“ရန်ပုံငွေရရှိရေးမှာ အာဏာသိမ်းမြန်မာ စကစနှင့် အတိုက်အခံတော်လှန်ရေးအင်အားစု နှစ်ခုလုံးအတွက် အဓိကအရေးပါဆုံးအရာဖြစ်နေသည်မှာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းအပြီးကတည်းက ဖြစ်သည်။
တစ်ဘက်နှင့်တစ်ဘက် ရန်ပုံငွေအပြိုင်အဆိုင်ရှာကြရုံမက တစ်ဘက်၏ငွေရလမ်းကို အခြားတစ်ဘက်ကအသည်းအသန်လိုက်ဖျက်ကြသည်။
ရန်ပုံငွေရရှိရေးတွင် နိုင်ငံကိုခွစီးထားသော စစ်တပ်ကပို၍အရေးသာနေသော်လည်း စကစ ဆန့်ကျင်ရေးအဖွဲ့များမှလည်း ခေတ်မီဆန်းသစ်သော အွန်လိုင်းနည်းစနစ်များပါသုံး၍ လူထုထံမှရန်ပုံငွေရရှိရန် နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားကြသည်။
ရရှိထားသမျှရန်ပုံငွေများကိုအသုံးပြု၍ စကစ ကိုစစ်မျက်နှာအသီးသီးတွင် ခုခံတွန်းလှန်နေကြသည်။
စကစ အုပ်စိုးမှုကြီးတစ်ခုလုံးကို အကြီးအကျယ်ထိခိုက်အောင်ခြိမ်းခြောက်နိုင်စွမ်းရှိသည့် ရန်ပုံငွေပမာဏထိရရှိရန် အများအပြားလိုအပ်နေသေးသော်လည်း၊ စကစ ဘက်ကလည်း အတိုက်အခံများ၏ ရန်ပုံငွေစီးဆင်းမှုကို တားဆီးနိုင်စွမ်းမရှိ ဖြစ်နေသည်။
ဤ ခုခံစစ်ပွဲ၏အဆုံးအဖြတ်မှာ တော်လှန်ရေးအဖွဲ့များအတွက်ရန်ပုံငွေဆက်လက်ရရှိနေမှုနှင့် နောက်ထပ်ပမာဏမည်မျှထပ်မံရှာဖွေရရှိနိုင်မှုပေါ်တွင် ယခုအခါ မူတည်နေပြီ ဖြစ်သည်။ “

အပေါ်က စာပိုဒ်လေးက ဒီဇင်ဘာ ၂၀ရက်နေ့က International Crisis Group ရဲ့ Crowdfunding a War: The Money behind Myanmar’s Resistance ဆိုတဲ့ မြန်မာ့တော်လှန်ရေးရန်ပုံငွေအကြောင်းသုံးသပ်ထားတဲ့ ဆောင်းပါးရဲ့ မိတ်ဆက်အပိုင်းက တစ်ပိုဒ်ကိုဘာသာပြန်ထားတာပါ။ အဲ့ဒီဆောင်းပါးမှာ နောက်ခံအနေနဲ့စစ်တပ်အာဏာသိမ်းပုံ၊ လူထုကအဆင့်ဆင့်ခုခံပုံ၊ တော်လှန်ရေးအဖွဲ့တွေက တီထွင်ဖန်တီးနိုင်စွမ်းရှိရှိနဲ့ ရန်ပုံငွေတွေရှာကြပုံ၊ နိုင်ငံတကာကမြန်မာပြည်သူတွေရဲ့ အားတက်သရောရန်ပုံငွေထည့်ဝင်ကြပုံ၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ ဒီဂျစ်တယ်ငွေကြေးအကြောင်း၊ စကစ နဲ့ တော်လှန်ရေးအဖွဲ့တွေ အပြိုင်အဆိုင်ရန်ပုံငွေရှာဖွေရေးနဲ့ ပိတ်ဆို့ရေးလုပ်ကြပုံတွေအကြောင်း၊ အတိုက်အခံဘက်က ရန်ပုံငွေတွေကို ဘေးအန္တရာယ်ကင်းကင်းလက်ခံရရှိနိုင်ဖို့ ဘာတွေလုပ်သင့်ကြောင်းအကြံပြုချက် စသည်ဖြင့် ရန်ပုံငွေဟာနှစ်ဘက်စလုံးအတွက်အရေးကြီးကြောင်းကို အသေးစိတ် သုံးသပ်ပြသွားပါတယ်။

ဆောင်းပါးအဆုံးမှာ အခက်အခဲတွေကြားထဲကနေပဲ စစ်တပ်ဆန့်ကျင်ရေးအဖွဲ့တွေက ဒေါ်လာသန်းရာပေါင်းများစွာကို ပြန်တွင်းပြည်ပကနေ ရန်ပုံငွေအဖြစ်ရှာဖွေနိုင်ခဲ့ကြောင်းမီးမောင်းထိုးပြပြီး အလှူရှင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်း(NGO)တွေကလည်း အလားတူနည်းလမ်းတွေသုံးပြီး အကူအညီတွေကို အခက်အခဲကြုံနေကြရတဲ့ ပြည်သူ့ဆီတိုက်ရိုက်ရောက်နိုင်မယ့် နည်းလမ်းတွေသုံးသင့်ကြောင်း အကြံပေးထားပါတယ်။

ဒီတော့ အခုချိန်မှာ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့အတွက်အရေးအပါဆုံးဖြစ်တဲ့ ရန်ပုံငွေတွေ အမြောက်အများရဖို့ တစ်နိုင်ငံလုံးအားစိုက်ကြိုးစားကူညီကြစေချင်ပါတယ်။
နောင်တစ်ချိန်မှာပြန်ရမယ့် ငွေစုစာချုပ်တွေ ဝယ်ယူထောက်ပို့ကြပါ။
နောင်မှာအမြတ်ရမှာသေချာတဲ့ EOD share မြေကွက်တွေ ဝယ်ယူထောက်ပို့‌ကြပါ။
တခြားနည်းလမ်းတွေနဲ့လည်း တတ်နိုင်သမျှ အားကုန်စိုက်ထောက်ပံ့ကြရမယ့်အချိန်ရောက်နေပြီဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

ဒါမှသာ အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံးအမြစ်ဖြတ်ပြီး တစ်နိုင်ငံလုံး လွတ်လပ်အေးချမ်းဘေးကင်းစွာ ရောင်းဝယ်ဖောက်ကားကြွယ်ဝနိုင်တဲ့အချိန်ကို အမြန်ဆုံးရောက်မှာဖြစ်ပါတယ်။

#အောင်ပွဲမြန်ဖို့ ဘွန်းဝယ်စို့
#အောင်ပွဲမြန်ဖို့ EOD share ဝယ်စို့

31/12/2022

၂၀၂၃ နှစ်သစ်ကာလ ဖြစ်တဲ့ ဇန်နဝါရီလမှာ ငွေတိုက်စာချုပ် Bond ဝယ်ယူကြတဲ့ ပြည်သူလူထုများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို အတူတူလက်တွဲ တော်လှန်နေကြတဲ့ သွေးချင်းညီနောင် ကရင်နီတိုင်းရင်းသားတို့ကိုယ်စား နိုင်ငံတကာမှာ ငွေတိုက်စာချုပ်များရောင်းချပေးနေတဲ့ အရေးပေါ်ကယ်ဆယ်ရေး ဆက်စပ်ဆောင်ရွက်မူအဖွဲ့ (ကရင်နီ) CTER (Karenni) အတွက်အမှတ်တရဖန်တီးပေးထားပါတယ်၊၊
NUG Bond for Karenni အဖွဲ့ခေါင်းဆောင် ဦအောင်ဆန်းမြင့် ရဲ့ကျေးဇူးတင် ဂုဏ်ပြုစကားရေးထိုးထားတဲ့ NUG Bond for Karenni ရဲ့ အမှတ်တရ ပို့စကဒ်လေးတစ်ခုကို ပေးပို့သွားမှာဖြစ်ပါတယ်။

ဒီ ငွေတိုက်စာချုပ်ရောင်းရငွေတွေကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် အတူတူလက်တွဲပြီး တိုက်ပွဲဝင်နေကြတဲ့ NUGနဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ မျှဝေသုံးစွဲကြတာဖြစ်ပါတယ်။
ဒါကြောင့် NUG Bond ဝယ်ယူခြင်းအားဖြင့် တစ်နိုင်ငံလုံးက သွေးချင်းညီနောင်များနဲ့အတူ တသွေးတည်းတသားတည်း ရပ်တည်ပေးနေကြောင်း ပြသရာရောက်တဲ့အတွက် လစဉ်လတိုင်း Bond ဝယ်ယူရင်း တော်လှန်တိုင်းရင်းသား ခေါင်းဆောင်၊ တော်လှန်အဖွဲ့အစည်း တို့ရဲ့ အမှတ်တရစကားတွေကို စုံနေအောင်စုဆောင်းချင်တယ်ဆိုရင်တော့ လစဉ်လတိုင်း ငွေတိုက်စာချုပ် Bond များဝယ်ယူကြပါရန် တိုက်တွန်းအပ်ပါတယ်။

-Karenni
-Bond

27/12/2022

တောာ်လှန်ရေးအမြန်ဆုံး အောင်မြင်ဖို့ Bond ဝယ်ကြစို့။

26/12/2022

Merry Christmas!
ကမ္ဘာလုံးတစ်ဝှမ်းလုံးမှာ ခရစ္စမတ်ပွဲတော်ကာလကို လွတ်လပ်ပျော်ရွှင်စွာကျင်းပနေကြတဲ့အချိန်ဖြစ်နေပေမဲ့လည်း မြန်မာနိုင်ငံအတွက်ကတော့ စစ်ဘီလူးတွေရဲ့လက်အောက်ကနေ ရုန်းထွက်နိုင်အောင်ကြိုးစားရုန်းကန်ရင်း လွတ်လပ်မှုမရှိတဲ့ စိုးရိမ်ပူပန်ကြောင့်ကြမှုတွေနဲ့ ဆင်နွှဲကြရတဲ့ ခရစ္စမတ်ချိန်ခါ ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း ခရစ္စမတ်အလွန်ဖြစ်တဲ့ လာမယ့် ၂၀၂၃ ခုနှစ် နှစ်သစ်မှာတော့ မြန်မာနိုင်ငံအတွက် ပိုပြီးကောင်းမွန်တဲ့အရာတွေ၊ အပြောင်းအလဲတွေ စောင့်ကြိုနေတာဖြစ်လို့ ဒီခရစ္စမတ်ဟာ မျှော်လင့်ခြင်းရောင်ခြည်တွေနဲ့ပြည့်နှက်နေတဲ့ ခရစ္စမတ်ဖြစ်တယ်လို့လည်း ဆိုလို့ ရနိုင်ပါတယ်။

နှစ်မကူးခင်မှာပဲ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်လက်မှတ်ထိုး အတည်ပြုလိုက်တဲ့ NDAA ကနေ မြန်မာပြည်သူတွေအတွက် အကျိုးကျေးဇူးတွေ အများကြီး ရလာနိုင်မှာဖြစ်သလို၊ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်း NUG နဲ့ EROs များရဲ့ လက်တွဲဆောင်ရွက်မှုတွေကြောင့် ပိုပြီးစွမ်းရည်ထက်မြက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီရဲ့တပ်တွေကို အခက်တွေ့ အကျပ်ရိုက်စေတဲ့အထိ ပြန်လည်တိုက်ခိုက်နိုင်ကြပါပြီ။ နိုင်ငံတကာရဲ့ အထင်သေးရွံရှာစက်ဆုပ်မှုကို ထိုက်ထိုက်တန်တန်ရရှိတဲ့ထိ အသိမ်ဖျင်းဆုံး၊ အောက်တန်းအကျဆုံး လုပ်ရပ်တွေကို လုပ်ဆောင်ရင်း ပြည်သူလူထုကိုဒုက္ခပေးခဲ့တဲ့ ဖက်ဆစ်စစ်တပ်နဲ့အပေါင်းအပါတွေအတွက် နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေး၊ ပြည်သူ့ထောက်ခံမှု အဘက်ဘက်မှာ အကြီးအကျယ်ကျရှုံးနေပြီဆိုတာကို ကမ္ဘာကြီးတစ်ခုလုံးကပါ သိမြင်နေကြပြီလည်း ဖြစ်ပါတယ်။

ခက်ခဲကြမ်းတမ်းမှုတွေ ဘယ်လောက်ပဲရှိနေပါစေ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီ ခရစ္စမတ်ကာလလေးမှာ မိသားစုနဲ့ အတူရှိတဲ့နေ့ရက်တွေ အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေ၊ ဘေးအန္တရာယ် ကင်းရှင်းကြပါစေ၊ ရောက်ရှိတော့မယ့် နှစ်သစ်အတွက် အားအင်သစ် ခွန်အားသစ်တွေကို ရယူရင်း စေတန်နတ်ဆိုးထက် ဆိုးဝါးယုတ်ညံ့လှတဲ့ စစ်မိစ္ဆာတွေရဲ့လက်အောက်ကနေ တိုင်းပြည်တစ်ခုလုံး လွတ်မြောက်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားကြရအောင်ပါ။

မြန်မာပြည်သူပြည်သား အားလုံးအတွက် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ခရစ္စမတ် ဖြစ်ကြပါစေ။

ဖက်ဆစ်စစ်တပ်လည်း အမြန်ဆုံးပြိုလဲကျဆုံးပါစေ။

#အောင်ပွဲမြန်ဖို့_ဘွန်းဝယ်စို့

22/12/2022

2762 Karen New Year

ယနေ့ကျရောက်သော ကရင်နှစ်သစ်ကူးနေ့မှာ ကရင်တိုင်းရင်းသားများနှင့်အတူ မြန်မာနိုင်သားများအားလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်း၊ စုစည်းညီညွတ်မှုအားနဲ့ အကြမ်းဖက် ဖက်ဆစ် စစ်တပ်ကို ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို အမြန်ဆုံးတည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါတယ်။



Artwork Crd to Designer

12/12/2022
တော်လှန်ရေးတွင် မိမိအနေဖြင့် စစ်မြေပြင်မှာ အသက်ကိုပင်ပဏာမ မထားပဲ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှနှင့် ကြိုးစားပါဝင်ချင်ဘယ်မ...
05/12/2022

တော်လှန်ရေးတွင် မိမိအနေဖြင့် စစ်မြေပြင်မှာ
အသက်ကိုပင်ပဏာမ မထားပဲ ကိုယ်စွမ်း၊
ဉာဏ်စွမ်းရှိသမျှနှင့် ကြိုးစားပါဝင်ချင်ဘယ်မဲ့
အခြေအနေ အကြောင်းအမျိုးမျိုးကြောင့်. လူကိုယ်တိုင် မပါဝင်နိုင်သော်လည်း BOND (ငွေတိုက်စာချုပ် ). ..ဝယ်ယူခြင်းဖြင့် အာဏာသိမ်း. အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်ခြေမှုန်းရာတွင် လိုအပ်သော လက်နက်၊ ခဲယမ်းများအား ဆက်လျက် ဝယ်ယူရရှိနိုင်ရေးအတွက် ပါဝင်ကူညီထောက်ပို့ လုပ်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်....

# # "တော်လှန်ရေး မြန်မြန်အောင်ဖို့
Bond ဝယ်ကြစို့"
#အရေးတော်ပုံမုချအောင်ရမည်။

“ ယခုလ ဒီဇင်ဘာလအတွင်းမှာ Bond ဝယ်ယူကြတဲ့ ပြည်သူလူထုများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို အတူတူလက်တွဲ တော်လှန်နေကြတဲ့ သွေးချင်းညီနောင် ပအိုဝ်းတိုင်းရင်းသားတို့ကိုယ်စား ပအိုဝ်းအမျိုးသား ဖယ်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌကြီးရဲ့ကျေးဇူးတင် ဂုဏ်ပြုအမှာစကားရေးထိုးထားတဲ့ အထိမ်းအမှတ် ပို့စကဒ်လေးတစ်ခုကို ပေးပို့သွားမှာဖြစ်ပါတယ်။”

04/12/2022

ယခုလ ဒီဇင်ဘာလအတွင်းမှာ Bond ဝယ်ယူကြတဲ့ ပြည်သူလူထုများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို အတူတူလက်တွဲ တော်လှန်နေကြတဲ့ သွေးချင်းညီနောင် ပအိုဝ်းတိုင်းရင်းသားတို့ကိုယ်စား ပအိုဝ်းအမျိုးသား ဖယ်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌကြီးရဲ့ကျေးဇူးတင် ဂုဏ်ပြုအမှာစကားရေးထိုးထားတဲ့ အထိမ်းအမှတ် ပို့စကဒ်လေးတစ်ခုကို ပေးပို့သွားမှာဖြစ်ပါတယ်။
ဒီ ငွေတိုက်စာချုပ်ရောင်းရငွေတွေကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် အတူတူလက်တွဲပြီး တိုက်ပွဲဝင်နေကြတဲ့ NUGနဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ မျှဝေသုံးစွဲကြတာဖြစ်ပါတယ်။ ဒါကြောင့် NUG Bond ဝယ်ယူခြင်းအားဖြင့် တစ်နိုင်ငံလုံးက သွေးချင်းညီနောင်များနဲ့အတူ တသွေးတည်းတသားတည်း ရပ်တည်ပေးနေကြောင်း ပြသရာရောက်တဲ့အတွက် လစဉ်လတိုင်း Bond ဝယ်ယူရင်း

တော်လှန်တိုင်းရင်းသားခေါင်းဆောင်၊ တော်လှန်အဖွဲ့အစည်းတို့ရဲ့ အမှတ်တရစကားတွေကို စုံနေအောင်စုဆောင်းချင်တယ်ဆိုရင်တော့ လစဉ်လတိုင်း ဘွန်း ဝယ်ကြပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျား

Address


Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 09:00 - 12:00

Website

Alerts

Be the first to know and let us send you an email when United Bond KPICT - NUG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share