Mike Tyson

Mike Tyson 7.9M Likes. 7.5M Followers.

15/03/2024
10/03/2024

အသက်၁၈နှစ်ပြည့်ပြီးသူတိုင်း
ပြုလုပ်ထားသင့်သည့် သင်မောင်းလိုင်စင်

💁‍♂️,လူလာစရာလုံး၀မလိုပဲ online မှတဆင့်
သင်မောင်းလိုင်စင်အသစ်များကို Mr.Jetတွင်လျှောက်ထားနိုင်ပါပြီီ💯💯💯💯

သင်မောင်းလိုင်စင်အသစ်ပြုလုပ်လိုပါက ......
✅️အသက်၁၈ပြည့်ပြီးသူဖြစ်ရပါမည်။
✅️ရန်ကုန်တွင်တစ်ခါမှ သင်မောင်းလိုင်စင်
မလုပ်ဖူးသူဖြစ်ရပါမည်။
✅️လုပ်ဖူးပါက ၂နှစ်မကျော်လျှင် အသစ်လျှောက်ထားခွင့်မရှိပါ။ပျောက်ဆုံးသက်တမ်းတိုးသာ လျှောက်ထားခွင့်ရှိပါတယ်။

🚙Mr.Jetတွင် သက်တမ်းတိုး၀န်ဆောင်မှုများလည်း အပ်နှံနိုင်ပါတယ်။🤝🤝
. . .ဘာလိုင်စင်မှမရှိသေးပဲ (လိုင်စင်ဖြေဖို့
စဥ်းစားနေသူများ/ကားမောင်းသင်ဖို့ စဥ်းစားနေသူများ) အနေဖြင့် သင်မောင်းလိုင်စင်လေးတစ်ခု
မရှိမဖြစ်လိုအပ်ပါတယ်။‼️‼️

📣📣ခလိုင်စင်ဖြေဆိုရန်အတွက် သင်မောင်းလိုင်စင်သက်တမ်း၃လပြည့်ပြီးမှသာ လိုင်စင်ဖြေဆိုခွင့်ရှိပါတယ်။
••••••••••••••••••••••••••••••••••••••••••••••••••
⛔️မည်သည့်လိုင်စင်မှ မရှိပဲ ကားမောင်းတတ်ရုံ
တစ်ခုထဲနဲ့ ခလိုင်စင်လုံး၀ ၀င်ရောက်ဖြေဆိုခွင့်မရှိပါ။...... .ဒါ့ကြောင့် မိမိအနေနဲ့ အသက်လည်း
၁၈ပြည့်ပြီးပြီ, ကားမောင်းတော့မယ်လို့လည်း
စဥ်းစားနေပြီဆိုရင် သင်မောင်းလိုင်စင်တစ်ခု
ခပ်မြန်မြန်လေး ကြိုတင်၍ ပြုလုပ်သင့်ပါတယ်ခင်ဗျာ။⚠️⚠️

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
✅သင်မောင်းလိုင်စင်ပြုလုပ်ရန်အတွက် လိုအပ်သည်များ. . . . .
-မှတ်ပုံတင်မူရင်း အရှေ့ဓါတ်ပုံ
-မှတ်ပုံတင်မူရင်း အနောက်ဓါတ်ပုံ နှင့်
-ဖုန်းဖြင့်ရိုက်ထားသောမိမိ၏ ကိုယ်တပိုင်းဓါတ်ပုံ(၁)ပုံတို့လိုအပ်ပါတယ်။
💜💜💜💜💜💜💜💜💜💜💜💜💜💜

နိုင်ငံရပ်ခြားမှ ပြုလုပ်လိုသူများအနေဖြင့်လည်း ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါပြီ။(အပ်နှံလိုပါက Page messengerသို့ မေးမြန်းအပ်နှံနိုင်ပါတယ်)

🔰လိုအပ်သည်များကို Mr.Jet page messengerတွင် ပေးပို့ရုံဖြင့် လူကြီးမင်းတို့၏ နေအိမ်သို့ အရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။
ငွေပေးချေရာတွင် (13000 ကျပ်) ကို ဦးစွာ Mobile paymentများဖြစ်သော(CB,KBZ,AYA)နှင့် (kpay,CB pay)တို့မှတဆင့် အရင်ပေးချေရမည်ဖြစ်ပြီး ကျန်ငွေကို လူကြီးမင်းတို့နေအိမ်သို့ သင်မောင်းလိုင်စင်ကဒ် လာပို့မှသာလျှင်ငွေသားဖြင့်ပေးချေရပါမည်။

ရန်ကုန်မြို့တွင်းမဟုတ်ပဲ ဝေးလံသောနေရာဖြစ်ပါက ထပ်တိုး ပေးဆောင်ရပါမယ်ခင်ဗျာ။

👉ကျသင့်ငွေ အသေးစိတ်ကို ရုံးချိန်မနက် ၈နာရီမှ ညနေ၆နာရီအတွင်း ☎️09-254330345 သို့ တိုက်ရိုက် ဆက်သွယ်၍ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။✔️✔️

ကညနတွင် ဖြစ်ပေါ်နိုင်သော Errorများအကြောင်းကိုတော့ ဒီlink လေးကို နှိပ်ပြီး
ဖတ်ပေးကြပါ ခင်ဗျာ။
💜💜💜💜💜💜💜💜💜💜💜https://www.facebook.com/179984949448543/posts/1094871514626544/

☎️09-254330345
🚙Mr.Jet ကားမောင်းအမြန်/အတတ်သင်တန်း

09/03/2024

Terminator 2: Judgment Day (1991)
~-~-~-~-~-~-~-~-~-~-~-~-~-~-~-~-~
ကဲအခုတစ်ခါတော့ မင်းသားကြီးအာနိုးရဲ့

Terminator ဒုတိယကားကိုတင်ဆက်ပေး

လိုက်ပါတယ် ဇာတ်လမ်းလေးက တော့ Old But Gold

လို့ပြောရမှာပါပဲဗျ အရင်ကြည့်ဘူးတဲ့သူ တော်တော် များတာမို့

သိပ်ပြီး မညွန်းတော့ပါဘူး ကဲဇာတ်လမ်း အကျဉ်းလေးကတော့

ပထမကားရဲ့ အဆက် စက်ရုပ်လူသားတွေရဲ့ ရန်+ငြိုး+က မဆုံးနိုင်သေးပဲ

ဆာရာကော်နာရဲ့ မျိုးဆက် ဂျိန်းကော်နာအထိ ရန်+ငြိုး+က

ဆက်လက်ပါလာခဲ့ပြီး လုပ်++ကြံ++Tတ်ဖြ+တ်ဖို့အတွက်စေခိုင်းရာမှ

ဘယ်လိုတွေများ ဆက်ဖြစ်ကြမယ်ဆိုတာကိုတော့

ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ



File Size : ( 3 GB , 1 GB , 427 MB )

Quality : BluRay 1080p 5.1 cH , BluRay 720p , BluRay 480p

Running Time : 2 hr 17 min

Format : Mp4

Genre : Action , Sci-Fi

Subtitle : Myanmar Subtitle (Hard Sub)

Translated by Moe Lay

Encoded by Moe Myint Lwin

Zကားလင့်↙️↙️
https://www.facebook.com/groups/1873102903120976/permalink/1874988192932447/?mibextid=Nif5oz

Telegram link HD↙️↙️
https://t.me/AT_channel_MM_subtitles/1887

Credit

31/01/2024

ကတုံးမင်းသား ဂျေဆင်ရဲ့ ရုံတင်အက်ရှင်ကားအသစ်လာပါပြီ။ Equalizer နဲ့ John Wick နဲ့ Jason Bourne စပ်ကျထားတဲ့ သားပေါက်လေးလိုပဲ ကြမ်းပါတယ်။ ဒါရိုက်တာက Su***de Squad ရဲ့ဒါရိုက်တာ David Ayer ပါ။ ဇာတ်ညွှန်းရေးဆရာက Equilibrium တို့ Law Abiding Citizen တို့ကိုရေးတဲ့ Kurt Wimmer ပါပဲ။

ဇာတ်လမ်းအကျဉ်း

ဘယ်ထောက်လှမ်းရေး အစိုးရအဖွဲ့မှာမှ စာရင်းမဝင်တဲ့ ပျားမွေးသမားတွေဆိုတဲ့ လျို့ဝှက်အဖွဲ့က ဆရာကြီးတစ်ယောက်က အငြိမ်းစားယူပြီး ပျားတကယ်မွေးစားနေပါတယ်။ သူ့ကို ဂိုထောင်လေးငှားပေးထားပြီး ကျွေးမွေးထားတဲ့ အငြိမ်းစားဆရာမကြီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ အွန်လိုင်းလူလိမ်အဖွဲ့တစ်ဖွဲ့က ဆရာမကြီးရဲ့တစ်သက်လုံးစုထားတဲ့ငွေတွေရော ပရဟိတရန်ပုံငွေတွေရော သန်းချီပြီး လိမ်လည်သွားပါတော့တယ်။ လူလိမ်အဖွဲ့ကို ဆုံးမဖို့ လိုက်ရင်းနဲ့ သူလိုက်တဲ့လူလိမ်တွေက အဖွဲ့ခွဲလေးပဲဆိုတာသိသွားတဲ့အခါ နောက်ကွယ်ကလူတွေနောက်ကိုလိုက်စုံစမ်းရင်းနဲ့ ပိုပိုအင်အားကြီးတဲ့အဖွဲ့တွေနဲ့ တွေ့ရပါတော့တယ်။ ဘယ်လောက်ကြီးကြီး သူ့ကိုမနိုင်ကြပါဘူး။ ဘယ်လောက်များများ သူပဲနိုင်ပါတယ်။ ဂျွန်ဝစ်တို့လို သူငယ်ချင်းအကူအညီတောင် မပါပါဘူး။ တစ်ယောက်တည်းမှ တစ်ယောက်တည်းချတာပါ။ တစ်နိုင်ငံလုံးကိုချသွားတာပါ။ ဒုတိယကားထွက်ရင်တော့ တစ်ကမ္ဘာလုံးကိုချပြီး တတိယကားလောက်ဆို စကြဝဠာတစ်ခုလုံးနဲ့ချမယ်လို့ ယူဆရပါတယ်။ ကြည့်လိုက်ကြပါဦး။

Telegram Link 👇👇👇
https://t.me/+XGqSfTO9fx0zODM1
https://t.me/+NFKt_JkUBUNlY2U1

Fb Link 👇👇👇
https://m.facebook.com/story.php?story_fbid=341414565467200&id=100087959770071&mibextid=Nif5oz

https://m.facebook.com/groups/595867692708728/permalink/596906889271475/?mibextid=Nif5oz

Free Darkside Channel 👇
https://t.me/darksidefreechannelnew
https://t.me/darksidefreechannel2
https://t.me/+2Yv7pTrBJKNlYTBl

Telegram မှာ လည်း အစုံတင်ထားပါတယ် 👇👇👇
1.
https://t.me/+kZ4H1G8vxWQxMjI1
2.
https://t.me/+XUA7y0_FFy05MGI1
3.
https://t.me/discoveryofwitchesbymcountry
4.
https://t.me/moviescountrynewchannel
5.
https://t.me/moviecountrynew1

ကိုယ်ပိုင် Group လည်း ရှိသေးတယ် ဆက်သွယ်မပြတ်ချင်ရင်တော့ Link အကုန် Join ထားနော် 😘👇
https://www.facebook.com/groups/548716079154615/?ref=sharSai Zay Yan

31/01/2024

ကညနမှ အသစ်ပြောင်းလဲတပ်ဆင်ပေးထားခဲ့သော နံပါတ်ပြားပေါ်ရှိ ရန်ကုန် Area Code နံပါတ်များ

Mate Swe မှာ YGN-ရန်ကုန်လိုင်စင်ကားများအပြင်
💠BGO - ပဲခူး/ပြည်/တောင်ငူ/သာယာဝတီကားများ
💠MDY - မန္တလေး
💠NPW- နေပြည်တော်
💠AYA - ဧရာဝတီ (ပုသိမ်)

အိမ်စီးနှင့် လုပ်ငန်းကားများကို
ချိုသာသောစျေးနုန်းများဖြင့်

အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်ခမျာ။

လူလိုင်စင်/ကားလိုင်စင်အကြောင်းလေးတွေ စုံစမ်းချင်တယ်ဆိုရင် အောက်ပါLink လေးနှိပ်ပြီး အသေးစိတ်မေးမြန်းနိုင်ပါတယ်ခမျာ
http://m.me/104458487694818

ရုံးဖုန်း
📲 09-898 000 681
📲09-898 000 682

🏡ရုံးလိပ်စာ အမှတ် (၈၄)A မြေညီထပ် နံ့သာလမ်း/ဆင်မင်းစျေးမှတ်တိုင်/ အလုံမြို့နယ် /ရန်ကုန်မြို့

Google Map https://maps.app.goo.gl/Q3sgTpaTqtr4HoZK8?g_st=ic

#ကညန
#အမည်ပေါက်
#ကားသက်တမ်းတိုး
#အခွန်ဆောင်
#မိတ်ဆွေနဲ့မှစိတ်ချရ
#ကညနရန်ကုန်
#ကိုရန်နိုင်
#ပဲခူး


#မန္တလေး
#နေပြည်တော်


#မိတ်ဆွေကညနဝန်ဆောင်မှုလုပ်ငန်း
#ကိုရန်နိုင်

30/01/2024
14/01/2024
13/01/2024
12/01/2024
12/01/2024
12/01/2024

ဆား လျှော့ချခြင်း သို့မဟုတ် ဆိုဒီယမ်ဓာတ် လျှော့ချခြင်း (အငန်ဓာတ် လျှော့ချခြင်း) (Salt reduction)

ဇန်နဝါရီလ၊ ၂၀၂၄ ခုနှစ်

🧂 အဓိကအချက်များ

⭐ လူအားလုံးနီးပါးသည် ဆားဓာတ် သို့မဟုတ် ဆိုဒီယမ် (Sodium) ဓာတ်ကို ပမာဏအလွန်များစွာ စားသုံးနေကြသည်။
⭐ အရွယ်ရောက်ပြီးလူများ၏ တစ်ကမ္ဘာလုံး ပျမ်းမျှ ဆိုဒီယမ်စားသုံးမှုမှာ တစ်နေ့လျှင် ၄,၃၁၀ မီလီဂရမ် ရှိသည်။ (တစ်နေ့လျှင် ဆားပမာဏ ၁၀.၇၈ ဂရမ်နှင့် တူညီသည်။)
⭐ ၎င်းသည် အရွယ်ရောက်ပြီး လူများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် တစ်နေ့လျှင် ဆိုဒီယမ် ၂,၀၀၀ မီလီဂရမ်အောက် (တစ်နေ့လျှင် ဆားပမာဏ ၅ ဂရမ်အောက်) စားသုံးရမည်ဟူသော ပမာဏထက် ၂ ဆ ပိုများနေသည်။
⭐ ဆိုဒီယမ်ပမာဏ လွန်ကဲစွာ စားသုံးခြင်း၏ ကနဦးကျန်းမာရေးအကျိုးသက်ရောက်မှုများမှာ သွေးတိုးရောဂါ၊ နှလုံးနှင့်သွေးကြောရောဂါများ ဖြစ်နိုင်ခြေ မြင့်လာခြင်း၊ အစာအိမ်ကင်ဆာ၊ အဝလွန်ခြင်း၊ အရိုးပွခြင်း၊ Meniere’s ရောဂါ (နားတွင်းဖိအားများခြင်း) နှင့် ကျောက်ကပ်ရောဂါတို့ဖြစ်သည်။
⭐ နှစ်စဥ် ခန့်မှန်းခြေလူဦးရေ ၁.၈၉ သန်းသေဆုံးမှုသည် ဆိုဒီယမ်ကို အလွန်အမင်းစားသုံးခြင်းနှင့် ဆက်စပ်နေသည်။
⭐ ဆိုဒီယမ်စားသုံးမှု လျှော့ချခြင်းသည် ကျန်းမာရေးကောင်းမွန်စေရန်နှင့် မကူးစက်တတ်သော ရောဂါများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်စေရန်အတွက် တွက်ခြေကိုက်သော နည်းလမ်းဖြစ်သည်။

🧂 ခြုံငုံသုံးသပ်ခြင်း

ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများသည် ကမ္ဘာတစ်ဝန်း ပြည်သူ့ကျန်းမာရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည် ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရတန်ဖိုးများ မပါဝင်သည့် အစားအစာနှင့် အချိုရည်များ (အထူးသဖြင့် စက်ရုံထုတ်အစားအစာများ) အလွန်အမင်း ထုတ်လုပ်ခြင်းနှင့် စားသုံးခြင်းကို ပြုပြင်ရန် အရေးပေါ်လုပ်ဆောင်ချက်များ လိုအပ်သည်။

ဆိုဒီယမ်၊ သကြား၊ ပြည့်ဝဆီနှင့် အသွင်ပြောင်းဆီကဲ့သို့ ကျန်းမာရေးနှင့်မညီသော ဆီများ အလွန်အမင်းစားသုံးနေခြင်းနှင့် လျှော့ကြိတ်ကောက်နှံများ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးမှုနည်းပါးခြင်းတို့ကို အထူးအလေးပေး ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ အစားအသောက်ထဲရှိ ဆိုဒီယမ်ပမာဏအများစုမှာ အသင့်စားအစားအစာများမှ ရရှိခြင်းဖြစ်သည်။

သွေးတိုးရောဂါနှင့် နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေမြင့်မားစေသည့် အဓိကအကြောင်းရင်းဖြစ်သော ဆိုဒီယမ် အများအပြားစားသုံးခြင်းသည် နှစ်စဥ် ၁.၈၉ သန်းခန့်သော လူဦးရေသေဆုံးခြင်းနှင့် ဆက်စပ်နေသည်။ ဆိုဒီယမ်စားသုံးမှု လျှော့ချခြင်းသည် ကုန်ကျစရိတ်အလွန်နည်းစွာဖြင့် နှလုံးသွေးကြောရောဂါများ ဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်သောကြောင့် ကျန်းမာရေးမြှင့်တင်ရန်နှင့် မကူးစက်တတ်သောရောဂါများ၏ ဝန်ထုပ်ဝန်ပိုးကိုလျှော့ချရန် တွက်ခြေကိုက်သော နည်းလမ်းတစ်ခုဖြစ်သည်။

နိုင်ငံများအနေဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများနှင့် ၎င်းတို့၏ ဆက်စပ်ကုန်ကျစရိတ်များကို ကာကွယ်ရန် ဆိုဒီယမ်နှင့်ပတ်သက်သည့် တွက်ခြေအကိုက်ဆုံးသော မူဝါဒများကို မဆိုင်းမတွ ဖော်ဆောင်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားပါသည်။ ထိုမူဝါဒများ၌ အစားအစာများတွင် ဆိုဒီယမ်ပါဝင်မှုပမာဏ လျှော့ချခြင်း၊ ထုပ်ပိုးစားသောက်ကုန်များတွင် ပါဝင်ပစ္စည်းအညွှန်းများဖော်ပြခြင်း၊ လူထုဆက်သွယ်ရေး ကမ်ပိန်းများပြုလုပ်ခြင်းနှင့် အများပြည်သူအတွက် အစားအစာဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့ ပါဝင်သည်။

🧂 ဆားပမာဏ လျှော့ချခြင်းအတွက် အကြံပြုချက်များ

☀️ အရွယ်ရောက်ပြီး လူများအတွက် တစ်နေ့လျှင် ဆား ၅ ဂရမ်နှင့်ညီသော ဆိုဒီယမ် ၂,၀၀၀ မီလီဂရမ် (လက်ဖက်စားဇွန်း ၁ ဇွန်း) အောက်သာ စားသုံးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားသည်။
☀️ ၂ နှစ်မှ ၁၅ နှစ်အရွယ် ကလေးများအတွက် ၎င်းတို့၏ စွမ်းအင်လိုအပ်ချက်အပေါ်မူတည်၍ လူကြီးပမာဏထက်နည်းသော ဆားကို ညှိ၍ ကျွေးရန် အကြံပြုထားသည်။ ၎င်းကလေးများအတွက် အကြံပြုချက်သည် မိခင်နို့တိုက်ကျွေးနေသော ၆ လအောက်ကလေးများနှင့် ဖြည့်စွက်စာကျွေး၍ မိခင်နို့ဆက်တိုက်နေသော ကလေးများအတွက် မပါဝင်ပါ။
☀️ အိုင်အိုဒင်းဓာတ်သည် သန္ဓေသားနှင့် ကလေးငယ်များ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် လူကြီးများ၏ စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်မှု ပိုမိုကောင်းမွန်စေရန် အရေးပါသောကြောင့် စားသုံးနေသော ဆားများအားလုံးတွင် အိုင်အိုဒင်း ပါဝင်သင့်သည်။

🧂 ဆိုဒီယမ် (Sodium) အကြောင်း

☀️ ဆိုဒီယမ်သည် သွေးရည်ကြည်ပမာဏ၊ အက်ဆစ်-အယ်ကာလီမျှခြေ၊ အာရုံကြောလှုံ့ဆော်မှုများ ပို့ပေးခြင်းနှင့် ပုံမှန်ဆဲလ်လုပ်ငန်းများ ထိန်းသိမ်းရန်လိုအပ်သော မရှိမဖြစ်အာဟာရ ဖြစ်သည်။
☀️ ဆိုဒီယမ်ချို့တဲ့မှုသည် ကျန်းမာသော လူများအတွက် ဖြစ်နိုင်ခဲလှသည်။
☀️ ဆိုဒီယမ်လွန်ကဲမှုသည် သွေးပေါင်ချိန်မြင့်တက်ခြင်းကဲ့သို့ ကျန်းမာရေးအန္တရာယ်များနှင့် ဆက်စပ်နေသည်။
☀️ ဆိုဒီယမ်စားသုံးမှုသည် လူသားမျိုးစု၏ ဓလေ့ထုံးစံနှင့် အစာစားသုံးမှု အလေ့အထတို့ပေါ် တွင် အဓိကမူတည်သည်။
☀️ သဘာဝအားဖြင့် နို့၊ အသားနှင့် အခွံမာရေ သတ္တဝါ စသည့် အစားအစာများတွင် ဆိုဒီယမ်ဓာတ် ပါဝင်သည်။ ပေါင်မုန့်၊ ပြုပြင်ထားသော အသား၊ မုန့်ပဲသရေစာနှင့် ငံပြာရည်ကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်များတွင် ဆိုဒီယမ်ပမာဏ မြင့်မားစွာ ပါဝင်သည်ကို တွေ့ရလေ့ရှိသည်။
☀️ ဆိုဒီယမ်ကို ကမ္ဘာအနှံအပြားတွင် အစားအစာထပ်တိုးပစ္စည်းအဖြစ် သုံးသော အချိုမှုန့် သို့မဟုတ် ဆိုဒီယမ်ဂလူတမိတ် (Sodium glutamate) တွင်လည်း ပါဝင်သည်။

🧂 ဆိုဒီယမ်စားသုံးမှုကို မည်ကဲ့သို့ လျှော့ချမည်နည်း

အသက်များစွာ ကယ်တင်ရန်၊ ကျန်းမာစွာ နေထိုင်ရမည့် နှစ်ကာလများစွာ ရရန်၊ ရောဂါကာကွယ်ရန်နှင့် ကျန်းမာရေးကုန်ကျစရိတ် ရှောင်ရှားရန် မျှော်မှန်းကာ မကူးစက်တတ်သော ရောဂါများကို ထိန်းချုပ်ရန် အထောက်အထားရှိသည့် ချက်ချင်းလုပ်ဆောင်သင့်သော တွက်ခြေကိုက်နည်းလမ်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ထုတ်ထားသည်။

ဆိုဒီယမ်လျှော့ချခြင်းအတွက် တွက်ခြေအကိုက်ဆုံးသော နည်းလမ်း ၄ မျိုးမှာ

(၁) ဆားပါဝင်မှုနည်းရန် အစားအစာထုတ်ကုန်များ၏ ဖော်မြူလာကို ပြန်ပြင်ခြင်းနှင့် အစားအစာများတွင် ပါဝင်ရမည့် ဆားပမာဏ သတ်မှတ်ခြင်း၊
(၂) ဆေးရုံ၊ ကျောင်း၊ လုပ်ငန်းခွင်များနှင့် စောင့်ရှောက်ရေးဂေဟာများကဲ့သို့ အများဆိုင်ရာ နေရာများတွင် ဆိုဒီယမ်ပါဝင်မှုနည်းသော အစားအစာများ ရွေးချယ်ခွင့် ထားပေးခြင်းဖြင့် ဆိုဒီယမ်စားသုံးမှု လျော့နည်းစေရန် အထောက်အပံ့ပေးသည့် ပတ်ဝန်းကျင် တည်ထောင်ပေးခြင်း၊
(၃) ထုပ်ပိုးစားသောက်ကုန်များတွင် အညွှန်းစာသားများ ဖော်ပြစေခြင်း
(၄) အမူအကျင့်ပြောင်းလဲရေးနှင့် လူထုဆက်သွယ်ရေးလှုပ်ရှားမှု (Mass media campaign) များ ပြုလုပ်ခြင်း

🧂 သင့်အနေဖြင့် သင်၏ ဆိုဒီယမ်စားသုံးမှုကို မည်ကဲ့သို့ လျှော့ချနိုင်မည်နည်း

☀️ လတ်ဆတ်သော၊ ပြုပြင်မှုနည်းသော အစားအစာအများစုကို စားသုံးပါ။
☀️ ဆိုဒီယမ်နည်းသော ထုတ်ကုန်များကို ရွေးချယ်ပါ။
☀️ ဆားနည်းနည်း သို့မဟုတ် ထပ်တိုးဆား မထည့်ဘဲ ချက်ပြုတ်ပါ။
☀️ အစားအစာ အရသာရှိစေရန် ဆားအစား ဟင်းခတ်အမွှေးအကြိုင်နှင့် အပင်များကို အသုံးပြုပါ။
☀️ စီးပွားဖြစ် ထုတ်ထားသော အသင့်စား ဟင်းအနှစ်များနှင့် အသင့်သုံး ပစ္စည်းများ အသုံးပြုခြင်းကို တတ်နိုင်သမျှ လျှော့ပါ။
☀️ ပြုပြင်ထားသော အစားအစာများ စားသုံးခြင်းကို တတ်နိုင်သမျှ လျှော့ပါ။
☀️ စားပွဲတင် ဆားဘူးများကို စားပွဲပေါ်မှ ဖယ်ရှားပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source:
https://www. who. int/news-room/fact-sheets/detail/salt-reduction

12/01/2024
11/01/2024

ခေတ်သစ် ချမ်းသာနည်း ….သို့မဟုတ်… Scalable Business
ယနေ့ခေတ် စီးပွားရေး လုပ်ငန်းရှင်များကြားမှာ ခေတ်စားလာတဲ့ စကားလုံး တစ်ခုကတော့ Scalable Business Model ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ Scale ဆိုတာကတော့ ဆပွား ကြီးထွား လာခြင်းလို့ အဓိပ္ဗာယ် ပြန် လို့ရပါလိမ့်မယ်။ ဆိုတော့ Scalable Business ဆိုတာကတော့ အလွယ် တကူ ဆပွား ကြီးထွား လာပြီး အမြတ် ငွေတွေ ဝင်စေမယ့် စီးပွားရေး ပုံစံ လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ခေတ် သစ် ရဲ့အမြန်ဆုံး ချမ်းသာနည်း တစ်ခုလို့တောင် တင်စား လို့ ရနိုင်ပါတယ်။
ဒါဆိုရင် Scalable Business ဆိုတာ ဘာလဲ.. ဘာကြောင့် အရေးကြီးလာတာလဲ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းကထိ စီးပွားရေး တစ်ခုလုပ်မယ်ဆိုရင် ပုံမှန်သမာရိုး ကျ နည်းတွေ ဖြစ်တဲ့ ဆိုင်တစ်ဆိုင်ဖွင့်၊ Product or service တစ်ခုခုရောင်း၊ ဒီကနေ အောင်မြင် လာတဲ့အခါ ဆိုင်ခွဲတွေ အများအပြား ထပ်ဖွင့်၊ စတော့အိတ်စ်ချိန်းကို တင် ရှယ်ယာထုတ်ရောင်း စတဲ့ နည်းနဲ့ ဘီလျံနာများစွာ ပေါ်ထွန်း ခဲ့ပါတယ်။
ဒါပေမယ့် သမာရိုးကျ ဒီလိုနည်းဟာ အမြတ် ပိုရဖို့ အတွက် ဆိုရင် ထပ်မံ ရင်းနှီး ရတဲ့ စရိတ် က အချိုး ကျလိုက်ပါ များပြားလာလေ့ရှိပါတယ်။ ဥပမာ သင်က ကုန်စုံဆိုင်လေးတစ်ဆိုင်ရပ် ကွက် ထဲမှာ ဖွင့်မယ်ဆိုပါစို့။ ဒီလို တစ်ဆိုင်လုံး အပြည့် ကုန်မျိုးစုံကို တင်ရောင်းရင်း နဲ့ နောက်ဆုံး မှာ ဆိုင်မှာ တင်နိုင်တဲ့ အခြေအနေ ပစ္စည်း ထားနိုင်မှု limit ပြည့်သွားပါလိမ့်မယ်။ ဒါဆိုရင် အမြတ်ပိုရဖို့ အခြား ပစ္စည်းအမျိုးအစားတွေ ထပ်တင်ရောင်းနိုင်ဖို့ အတွက် မဖြစ်မနေ လုပ်ရမယ့် တစ်ခုတည်းသော နည်းလမ်းက ဆိုင်တစ်ဆိုင် ထပ် ငှားတာဖြစ်ဖြစ် ဝယ်တာဖြစ်ဖြစ် လုပ်ပြီး ဆောင်ရွက်မှသာ ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တာနဲ့ ဝယ်ရ ငှားရ တဲ့စရိတ်ဟာ ပိုမိုကုန် ကျ လာပြီဖြစ်ပါတယ်။ နောက်ထပ်ဥပမာ အနေနဲ့ကတော့ သင်က စားသောက်ဆိုင်တစ်ဆိုင် ဖွင့်မယ်ဆို ပါတော့ သင့်ဆိုင်ကနေ တစ်လကို သိန်း ၅၀ လောက် အမြတ် ရနေ ပေမယ့် ဒီ ပမာဏ ဟာ ဆိုင် မှာ လူအပြည့် ဝိုင်းအပြည့်အခြေအနေ ဖြစ်နေမယ်ဆိုရင် အမြတ် သိန်း ၅၀ ထပ် ပိုမြတ်ဖို့ အတွက် နောက်ထပ် ဆိုင်တစ်နေရာစာ ထပ် မံ ရင်းနှီးမှသာ ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် Limit တွေ ရှိနေ တယ်လို့ ဆိုရခြင်းပါပဲ။
ဒါ့အပြင် ဒီလို လုပ်ငန်း ကိုနေရာ ၊ဝန်ထမ်း၊ ဆိုင်တွေ ထပ်ချဲ့လိုက်တာနဲ့ အခြားသော ကုန်ကျစရိတ်တွေ အမျိုးအစား တစ်ခုဖြစ်တဲ့ Overhead Cost တွေ ဟာ လည်း လုပ်ငန်းချဲ့လေလေ ပိုတိုးလာလေလေ ဖြစ်လာတာပါပဲ။ ဥပမာ အထက်ကလို ကုန်စုံဆိုင် တစ်ဆိုင် လောက်ပဲ ရှိနေချိန်မှာတော့ ကိုယ်တိုင် လုပ်နိုင်ပေမယ့် ဆိုင် ၅ ဆိုင်လောက်ဖြစ်လာပြီး ဝန်ထမ်း များလာတဲ့အခါမှာတော့ လူတွေကို စီမံအုပ်ချုပ်ဖို့ HR, Admin ဌာနတွေ၊ ငွေကြေး စီမံဖို့ Account, Cash, Finance ဌာနတွေ ၊ Stock တွေ စစ်ဖို့ Audit အဖွဲ့တွေပါ ထားလာ ရတော့မှာ ဖြစ် ပါတယ်။
Scalable Business ဆိုတာကတော့ အထက်ကလို Operation Expenses တွေ Overhead Cost တွေ ထပ်မတိုးပဲ နဲ့ အမြတ်ငွေကို ဆပွားဖြစ်အောင် လုပ်လို့ရတဲ့ စီးပွားရေးပုံစံ Business Model and frame work တွေကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။ ဒီလို Business Model တွေ ဟာ နည်းပညာ တိုးတက်မြင့်မားမှုနဲ့ အတူပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ဒီ အတွက် Scalable Business တွေဟာ နည်းပညာ အခြေပြု online လုပ်ငန်းတွေ အများစု ဖြစ်ကြပေမယ့် အချို့ကတော့ သမာရိုး ကျ ကနေမှ Scalable Business ပုံစံမျိုး လုပ်အောင်မြင်လာကြတာလဲ တွေ့ရပါတယ်။
ဒါဆိုရင် ဒီလို ဆပွားကြီးထွား မြတ်စွန်းနိုင်တဲ့ Scalable Business တွေက ဘာတွေဖြစ်မလဲ။
(၁) Software များ ဂိမ်းများ
ကျွန်တော်ကိုယ်တိုင် ပုံမှန်ကစားဖြစ်နေတဲ့ online game လေးတစ်ခုရှိပါတယ်။ ဒါကတော့ Archero ဆိုတဲ့ မြှားသမား ဂိမ်းလေးဖြစ်ပါတယ်။ ဒီ ဂိမ်းလေးဟာ ရိုးရိုးလေးနဲ့အောင်မြင်မှု အတော်ရခဲ့ပြီး ၂၀၁၉ မှာ Google paly store ရဲ့အကောင်းဆုံးဂိမ်းဆုကိုတောင် ရခဲ့တယ် ဆိုပါတယ်။ ဒီဂိမ်းလေးမှာ ကမ္ဘာတစ်ဝှမ်းက ပုံမှန်ကစားသူတွေ ရှိနေပြီး ကစားသူအသစ်များ လဲ ထပ်ထပ်တိုးနေပါတယ်။ အဓိက ဝင်ငွေလမ်းကတော့ ဒီ ဂိမ်း လေး ထဲက အချို့Item တွေကို လိုချင်ရင် စက္ကန့်၃၀ စာ ကြော်ငြာလေးတွေ ကြည့်ရတာဖြစ်ပါတယ်။ ဒါအ့ပြင် ငွေသွင်းပြီး တော့လဲ Gem တွေဝယ်ကာ level တွေ မြင့်နိုင်ပါတယ်။ တစ်နည်းအားဖြင့်တော့ နေရာတွေ ဆိုင်တွေ ထပ်ချဲ့ စရာမလိုပဲ လူ ပေါင်းများစွာဆီက အမြတ်တွေကို ဆပွား ရယူနိုင်တဲ့ နည်းပါပဲ။
ဒီလိုပါပဲ။ Microsoft, Google Service တွေ အခြားသော Mobile App တွေ အပါအဝင် Facebook တောင်မှ ဒီလိုနည်းလမ်းမျိုးတွေ နဲ့ Operation and overhead cost တွေ တက်မလာပဲ အမြတ်ကို ဆပွား ဖြစ်လာအောင် ဆောင်ရွက်နေတာကို တွေ့ရပါလိမ့်မယ်။
(၂) online အခြေပြု အလုပ်တွေ
ဒါတွေကတော့ ယခု ကိုဗစ်ကာလမှာ အများအပြားလုပ်ဆောင်လာကြတဲ့ Online Shopping တွေ ၊ နောက်တစ်ခါ စာရေး တာကိုဝင်ရောက်ဖတ်ရှုသူ များလေ ဝင်ငွေရလေဖြစ်တဲ့ Instant Articles ရေးသူတွေ၊ Youtube မှာ Blog တစ်ခုထောင်ပြီးဖြစ်ဖြစ်. Facebook adbreak ဖြစ်ဖြစ်ကနေ ကြည့်ရှုသူ အရေအတွက်အပေါ်မူတည်ပြီး ကြော်ငြာ တွေကနေ ဝင်ငွေ ရတာမျိုးတွေ ဖြစ်ပါတယ်။
အချို့ ဆိုရင် လဲ ကိုယ်ဖန်တီးထားတဲ့ Design တွေ ဒါမှမဟုတ် ဓာတ်ပုံ တွေကို online ပေါ်မှာ watermark နဲ့တင်ထားပြီး အသုံးပြုချင်တဲ့သူတွေကိုမှ တစ်ပုံ ကိုသို့မဟုတ် design တစ်ခုကို ဘယ်လောက် ဆိုပြီး ပြန်လည်ရောင်းချတာမျိုးတွေ လဲပါဝင်ပါတယ်။
Online အခြေ ပြု လုပ်ငန်းတွေ အားလုံး ကတော့ အမြတ်ငွေတိုးဖို့အတွက် ဆိုင်တွေ ထပ်ချဲ့စရာ overhead cost တွေ အများအပြား ထပ်မသုံး စရာ မလိုပဲနဲ့ လုပ်ဆောင်နိုင်လေ့ရှိပါတယ်။
(၃) Subscription စနစ် လစဉ်ကြေးစနစ်
ဒါကလဲ လက်ရှိမှာ ခေတ်စားလာတဲ့ Scalable Business Model တစ်ခုဖြစ်ပါတယ်။ ဥပမာ ခြောက်လစာ တစ်နှစ်စာ ငွေကြိုသွင်း ထားစေပြီး သီချင်း၊ ဗီဒီယို၊ ပညာပေး၊စာအုပ် ၊ စီးပွားရေး အကြံပေးချက်. စတာတွေ ကို ပုံမှန် တင်ပေးတာမျိုး ၊ ဒါမှမဟုတ် ရုပ်ရှင်ကား ထောင်ပေါင်းများစွာကို တင်ပေးထားပြီး တစ်လ အတွင်းစိတ်ကြိုက်ကြည့် တစ်လ ကိုဘယ်လောက်ငွေသွင်းစေတာမျိုး တွေဖြစ်ပါတယ်။
ဒါတွေဟာ အရင် ကတော စာကြည့်တိုက်မှာ လစဉ်ကြေးပေးပြီး တစ်နေ့ ကို ဘယ်နှစ်အုပ် ငှား ဖတ်လို့ ရတယ်ဆိုတဲ့ Business Model မျိုးဖြစ်ပါတယ်။ Gym အားကစားရုံတွေ မှာလည်း ဒီလို လစဉ်ကြေး စနစ်နဲ့သွားလေ့ရှိကြပါတယ်။
လစဉ်ကြေး စနစ်နဲ့ သွားတာရဲ့အားသာချက်က မိမိ လုပ်ငန်း Limit ထက်ကိုကျော်လွန် ပြီး အမြတ်ငွေကို ရှာဖွေနိုင်တာဖြစ်ပါတယ်။ ဥပမာ Gym တစ်ခုမှာ လူ အပြည့် တစ်ခါထဲကစား ရင် ၃၀ ဦးလောက်သာ ဆန့်နိုင်ပေမယ့် လစဉ်ကြေးကို လူ ၂ဆ ၆၀ စာလောက် နဲ့ ရယူထားလို့ ရနိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ့စဉ် လာကစားနိုင်သူ က ရှားပါးသလို အားလပ်ချိန်တွေ လဲ မတူညီ လို့ပဲဖြစ်ပါတယ်။
လက်ရှိမှာလဲ လစဉ်ကြေး ရယူပြီး လူထောင်ပေါင်းများစွာ ကို Product or service မျိုးစုံ ပေးနေ တဲ့ facebook group, viber group စတဲ့ social media အသုံးပြု စီးပွားရေး များကို များစွာ တွေ့နေရပြီဖြစ်ပါတယ်။
(၄) Online Course
Online အသုံးပြုသူတွေ များပြားလာတာနဲ့အမျှ online ကနေ ဖျော်ဖြေရေးသာမကပဲ ပညာရေး ပိုင်းတွေ မှာပါ လူအများအပြားက ရင်းနှီးကျွမ်းဝင်လာကြပါတယ်။ မိမိတတ်ကျွမ်းတဲ့ ပညာရပ်တစ်ခုခုကို online course အနေနဲ့ပြုလုပ်ပြီး မျှဝေလာ ကြခြင်းဟာလဲ ယနေ့အများအပြား တွေ့လာရပြီဖြစ်ပါတယ်။ Online Course ပြုလုပ်ခြင်းရဲ့အားသာချက်ကတော့ တစ်ကြိမ် ထဲသာ ရိုက်ကူး ထားဖို့လို အပ်တာဖြစ်ပါတယ်။
(၅) Digital Platform များ
ဒါကတော့ မိမိ ကနည်းပညာပိုင်း နားလည်ကျွမ်းကျင်ပြီး Online Platform တွေ Digital Platform တွေ ဖန်တီး ကာ ရောင်းချသူများနဲ့ဝယ်ယူလိုသူများ ကိုချိတ် ဆက်ပေးခြင်း ကနေကော်မရှင် ရယူ တဲ့ Business Model မျိုးဖြစ်ပါတယ်။ ဥပမာ Amazon online shopping platform ဆိုရင်း ရောင်းချသူများနဲ့ ဝယ်ယူသူများကို ချိတ်ဆက်ပေးပြီး Transaction တစ်ခု စီအတွက်အနည်းငယ် သော ပမာဏ လေးကိုသာ အခ အနေနဲ့ကောက်ခံတာဖြစ်ပါတယ်။ များပြားတဲ့ Transaction တွေ နေ့စဉ် ဖြစ်လာတဲ့အခါမှာ ဒီ Platform ကနေပဲ ဝင်ငွေများစွာ ကို အဆ ပေါင်းများစွာ ဖန်တီး နိုင်ပါတော့တယ်။
ယနေ့ခေတ်နယ်ပယ် အစုံမှာ ဒီလို Platform တွေကိုတွေ့နိုင်ပါတယ်။ ဥပမာ စားစရာ ဝယ်ယူ စားသုံးနိုင်ဖို့ Foodpanda, သွားလာရေးအတွက် Grab, ပညာရေး အတွက်. Online Learning Platform တွေ, အလုပ်အကိုင်ရှာဖွေနိုင်တဲ့ Job Platform တွေ, အိမ်ခြံမြေရောင်းဝယ် ရေး အတွက် I Myanmar House လို Platform တွေ၊ ရှိသမျှ အကုန်တင်ရောင်းလို့ ရတဲ့ one kyat, Zegobird လို platform တွေ မျိုးစုံကို မြန်မာပြည်မှာလဲတွေ့လာရပြီဖြစ်ပါတယ်။
(၆) Investment
ငွေကို ငွေနဲ့ရင်းပြီး ပြန်ရှာဖွေတာ၊ Asset ပိုင်ဆိုင်မှု တစ်ခုခု ဝယ်ယူပြီး ပြန်လည် အငှား ချ တာ စတာ တွေကိုလဲ Scalable Business တွေထဲကို ထည့်လို့ရနိုင်ပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ဥပမာ သိန်း ၂၀၀ တန် တိုက်ခန်းတစ်ခန်း ကိုဝယ်ပြီး ငှားစားရင် တစ်လ တစ်သိန်း နှစ်သောင်း ရ နိုင်ပြီး ၂ ခန်း ဝယ်ရင် ၂သိန်း၄သောင်း ငှားရမ်းခ အသားတင်ရနေနိုင်လို့ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူ့မှာက overhead cost တွေ operation expenses တွေ ထပ်တိုးတက်လာ စရာ မရှိ ပဲ initial investment သာ ထပ်တိုး ရလို့ဖြစ်ပါတယ်။ အခြားသော ရင်းနှီးမြုပ်နှံမှုတွေဟာလည်း ဒီလိုသဘောသဘာဝ ပဲဖြစ်ပါတယ်။
အချုပ်အားဖြင့်ပြောရရင်တော့ လုပ်ငန်းကို ထပ်ချဲ့ တဲ့အခါ Opex and overhead cost တွေ ပို တက်မလာပဲ အမြတ် ပမာဏ သာ ဆပွားတက်လာနိုင်တဲ့ Business Model တွေကို Scalable Business များလို့သတ်မှတ်ကြပြီး ခေတ်သစ်ရဲ့ချမ်းသာနည်း တစ်ခုအနေနဲ့ သမိုင်းတွင်လာ ကြောင်း ကို မျှဝေလိုက်ရပါတယ်ဗျား။
လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကိုလွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

11/01/2024
11/01/2024

ကွန်ပျူတာမှာ " ဒ ဓ " ရိုက်မရတဲ့ ပြသာနာဖြေရှင်းနည်း

11/01/2024
09/01/2024

Tuesday , January , 09, 2024
=======================
Myanmar Daily Rice Prices
Note : Several Prices Shown In The Table May Vary Depending On Time & Region
မြန်မာ့ဆန်စျေးများ
မှတ်ချက် - ဖော်ပြပါစျေးနှုန်းများသည် အချိန် နှင့် နေရာဒေသအလိုက် အပြောင်းအလဲများ ရှိနိုင်ပါသည်။
No photo description available.
Tuesday , January , 09 , 2024
=======================
Myanmar Daily Rice Prices
Note : Several Prices Shown In The Table May Vary Depending Time & Region
မြန်မာ့ဆန်ဈေးများ
မှတ်ချက် - ဖော်ပြပါဈေးနှုန်းများသည် အချိန် နှင့် နေရာဒေသအလိုက် အပြောင်းအလဲများ ရှိနိုင်ပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when Mike Tyson posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share