မုန်တိုင်းကြားက သက်တံများ

  • Home
  • မုန်တိုင်းကြားက သက်တံများ

မုန်တိုင်းကြားက သက်တံများ “မကြော်ကောက်စတမ်း အခြော်ကောက် အစွမ်း”

“သဘာဝဘေးဒဏ် ကူညီကယ်ဆယ်​ရေး ရန်ပုံငွေ အစီအစဉ်” အချက်အလက်အားဖြင့် ကြည့်မယ်ဆိုရင် ၂၀၂၄ ကာလမှာ တတိယအကြိမ်မြောက် သဘာဝဘေးဒဏ်ရန...
13/09/2024

“သဘာဝဘေးဒဏ် ကူညီကယ်ဆယ်​ရေး ရန်ပုံငွေ အစီအစဉ်”

အချက်အလက်အားဖြင့် ကြည့်မယ်ဆိုရင် ၂၀၂၄ ကာလမှာ တတိယအကြိမ်မြောက် သဘာဝဘေးဒဏ်ရန်ပုံငွေ အစီအစဉ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘေးအန္တရာယ်တိုင်းအတွက် ငါတို့မှာ ငါတို့ပဲ ရှိတယ်လို့ မာန်ကိုတင်းပြီး လက်သီးတွေဆုပ်ပြီး ဖြတ်ကျော်ကြရမှာပဲ မဟုတ်ပါလား။

ပြည်သူအချင်းချင်း ကူညီနိုင်ဖို့ NUGPay ရဲ့ Disaster Relief Fund အစီအစဉ်ဟာ အမြဲတမ်းအတွက် ဖြစ်ပြီး Campaign ရက်စွဲ သတ်မှတ်ထားခြင်း မရှိပါ။ ကူညီကယ်ဆယ်ရေး ရန်ပုံငွေဖြစ်တဲ့အတွက် ရန်ပုံငွေ ရှိနေသမျှ အကူအညီလိုအပ်နေတဲ့ ရေဘေးသင့် ပြည်သူတွေထံ လှူဒါန်းနေမှာ ဖြစ်ပါတယ်။

ယခင်ကလို သတ်မှတ်ကာလထိ စောင့်ဆိုင်းကာ လှူဒါန်းနေမည် မဟုတ်တော့ပဲ၊ သိန်း ၅၀ ပမာဏ ပြည့်မီတိုင်း လိုအပ်နေသူများထံ လှူဒါန်းသွားမည်ဖြစ်ပြီး လှူဒါန်းမှုပြီးစီးသမျှကို ပြည်သူလူထုထံ အမြဲ update တင်ပြပေးနေမှာ ဖြစ်ပါတယ်။

ဘေးအန္တရာယ်ကြုံရတဲ့ အချိန်တွေမှာ ကျွန်ုပ်တို့ရဲ့ ဘုံလူသားဖြစ်မှုနဲ့ မေတ္တာတရားကို အစစ်အမှန် ဖော်ညွှန်းနိုင်ပါတယ်၊ အခက်အခဲတိုင်းကို ချစ်ခြင်းမေတ္တာအားဖြင့် ကျော်ဖြတ်ကြပါစို့လား။

လေးစားတန်ဖိုးထားမှုဖြင့်
NUGPay စီမံဌာန


ချစ်ရတဲ့ တော်လှန် LGBT များတို့ရေ သတင်းလေးတစ်ခုရှိပါတယ်နော်။  မိမိတို့ LGBT တွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ တန်ဘ...
12/09/2024

ချစ်ရတဲ့ တော်လှန် LGBT များတို့ရေ သတင်းလေးတစ်ခုရှိပါတယ်နော်။ မိမိတို့ LGBT တွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ တန်ဘိုးထားမှုတွေကို ကာကွယ်နိုင်ဖို့ရာအတွက် ဘယ်နေရာ ဘယ်ကဏ္ဍမှာပဲပါဝင်နေပါစေ တော်လှန်ရေးမှာပါဝင်နေတာမျိုး၊ တော်လှန်ရေးအင်အားစုတပ်တွေမှာ ကဏ္ဍပေါင်းစုံ၊ ထောင့်ပေါင်းစုံမှာ ပုံစံအမျိုးမျိုးနဲ့ ပါဝင်နေကြတဲ့ LGBT တွေ ဒီပို့စ်ကိုမြင်တာနဲ့ Page Messenger မှာလာရောက်ဆက်သွယ်ပေးကြဖို့နဲ့ ဆက်သွယ်လာတဲ့ သူတွေရဲ့အချက်အလက်များ လုံခြုံမှုအတွက် စိုးရိမ်စရာမရှိကြောင်းလည်း ကတိပေးပါတယ်။
အသေးစိတ်ကိုPage Messenger မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ခုလက်ရှိမှာ Natural Disaster ကြောင့်စိတ်ပူနေကြရတာသိပါတယ်။ဒါပေမဲ့ Man-made Disaster ဖြစ်တဲ့ စ-စ်မိစ္ဆာ စကစကနေ အပြစ်မဲ့ပြည...
12/09/2024

ခုလက်ရှိမှာ Natural Disaster ကြောင့်စိတ်ပူနေကြရတာသိပါတယ်။ဒါပေမဲ့ Man-made Disaster ဖြစ်တဲ့ စ-စ်မိစ္ဆာ စကစကနေ အပြစ်မဲ့ပြည်သူများကို လေကြောင်းတိုက်ခိုက်မှုဖြင့် ကြဂုက်လ ၁၅ ရက်နေ့မှ သြဂုက်လ ၃၁ ရက်နေ့ ထိ ၁၇ ရက်တာအတွင်း ၁၉၆ ကြိမ် တိုက်ခိုက်ခဲ့လို့ 6သ၊ကြေ၊ပျက်စီး မှုများကိုလည်း အတူတကွ ပူးပေါင်းပါဝင်လုပ်ဆောင်နေတဲ့ Blood Money - သွေးစွန်းငွေကနေပြန်လည်ကူးယူ ဖော်ပြလိုက်ပါတယ်။

05/09/2024

ဒို့ရဲဘော် Live စပြီနော်

မင်္ဂလာပါSupports for Cheetah သိန်း (၂,၀၀၀) ကျပ် ကမ်ပိန်းလေး ပြီးဆုံးဖို့ ၁ ပတ်သာလျှင် ကျန်ရှိပါတော့တယ်ခင်ဗျ။ယခုအချိန်ထိ...
05/09/2024

မင်္ဂလာပါ

Supports for Cheetah သိန်း (၂,၀၀၀) ကျပ် ကမ်ပိန်းလေး ပြီးဆုံးဖို့ ၁ ပတ်သာလျှင် ကျန်ရှိပါတော့တယ်ခင်ဗျ။

ယခုအချိန်ထိ ရရှိထားတဲ့ ထောက်ပို့ငွေပမာဏကတော့ သိန်း (၃၀၀) ကျပ် ခန့်သာ ဖြစ်ပါသေးတယ်။

ဒါကြောင့်မို့ ကျန်ရှိသေးတဲ့ ၇ ရက်လေးမှာ တတ်အားသရွေ့ ‌ပါ၀င်ထောက်ပို့ကြဖို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။

ချီတာတွေ မြို့တွင်းမှာလည်း အလုပ်တွေ လုပ်ထား၊ ပြင်ဆင်ထားကြပြီမို့ သတင်းကောင်းတွေလည်း ကြားရဖို့ ရှိပါတယ်ဗျို့။ ✊✊✊




#မုန်တိုင်းကြားကသက်တံများ

ဒီတခေါက်တော့ မြင့်မြတ်စွာ ကျဆုံးသွားသော ရဲဘော်တစ်ဦးမှ အစပြု၍ စီစဉ်ခဲ့သော ဒို့ရဲဘော်လေးများရဲ့ "ဒို့ရဲဘော်" ကမ်ပိန်းကို မ...
04/09/2024

ဒီတခေါက်တော့ မြင့်မြတ်စွာ ကျဆုံးသွားသော ရဲဘော်တစ်ဦးမှ အစပြု၍ စီစဉ်ခဲ့သော ဒို့ရဲဘော်လေးများရဲ့ "ဒို့ရဲဘော်" ကမ်ပိန်းကို မိတ်ဆက်လိုက်ပါတယ်။

ဒီအစီအစဉ်မှာ ကြုံခဲ ဆုံခဲလှသည့် ထိပ်တန်းနှလုံးလှ အနုပညာရှင် ကိုကျော်နဲ့ ကိုပေါက်၊ နှလုံးလှဆရာဝန် ဒေါက်တာဖြိုးသီဟနဲ့ ဆရာမ မရွှေမိုး( ကိုရီးယား) တို့ကနေ ပူးတွဲ Pannel discussion လေးကိုတင်ဆက်ပေးသွားမှာဘဲဖြစ်ပါတယ်။

၉ လပိုင်း ၅ ရက်နေ့ ကြာသပတေးနေ့ မြန်မာစံတော်ချိန် "ည ၇ နာရီခွဲ" တိတိမှာ

ဒို့ရဲဘော် အဖွဲ့ရဲ့ Facebook စာမျက်နှာ ၊ DDay Channel အစရှိတဲ့ မီဒီယာများနှင့် ပူပေါင်းကူညီပေးသွားမည့် အဖွဲ့အစည်းများ၏ စာမျက်နှာများတွင် တိုက်ရိုက်
တင်ဆက်သွားဖို့ စီစဉ်ထားပါတယ်။

ဒို့ရဲဘော် page
https://www.facebook.com/dohyebaw/

ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှုရင်း အပြောင်းအလဲကိုလက်မလွတ်တန်း ဆုပ်ကိုင်ထားကြပါစို့။

#ဒို့ရဲဘော်
#အရေးတော်ပုံအောင်ရမည်

30/08/2024

မြို့ပြ အကြပ်အတည်းနှင့် ဖိနှိပ်ခံလူငယ်များ

တော်လှန်ရပ်ဝန်းစကားဝိုင်း (၄)

မ Wendy
ရဲဘော်မြတ်ကျော် (တာဝန်ခံ-ပြည်သူ့တော်လှန်ရေးအင်အားစု-PRF)
ကိုပီတာ - စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း

ကျွန်တော်တို့ Cheetah Phase II အတွက် ကမ်ပိန်းလေး လုပ်ဆောင်လာတာ တစ်လ ရှိပါပြီခင်ဗျာ။ လက်ခံရရှိထားတဲ့ ငွေပမာဏက (၁၆၉) သိန်း...
29/08/2024

ကျွန်တော်တို့ Cheetah Phase II အတွက် ကမ်ပိန်းလေး လုပ်ဆောင်လာတာ တစ်လ ရှိပါပြီခင်ဗျာ။ လက်ခံရရှိထားတဲ့ ငွေပမာဏက (၁၆၉) သိန်း ခန့် ဖြစ်ပြီး Target ရဲ့ 9% သာ ရရှိပါသေးတယ်ခင်ဗျာ။

ချီတာတွေ အတွက် ပါ၀င်အားဖြည့်ပေးကြဖို့ အလေးအနက်ထား အကူအညီတောင်းခံပါရစေခင်ဗျာ။




#မုန်တိုင်းကြားကသက်တံများ

28/08/2024

လိင်စိတ်တိမ်းညွှတ်မှု မတူကွဲပြားသူများ၏ နွေဦးတော်လှန်ရေး

တော်လှန်ရပ်ဝန်းစကားဝိုင်း (၃)

ဒေါက်တာဖြိုးသီဟ
နဝရတ်အောင်အောင်

စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဖြိုဖျက်ရေးနှင့်အတူ ခွဲခြားဆက်ခံမှုကင်းသော၊ သာတူညီမျှပြီး တရားမျှတမှုရှိတဲ့ ပြည်သူ့အာဏာပိုင်စိ...
28/08/2024

စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဖြိုဖျက်ရေးနှင့်အတူ ခွဲခြားဆက်ခံမှုကင်းသော၊ သာတူညီမျှပြီး တရားမျှတမှုရှိတဲ့ ပြည်သူ့အာဏာပိုင်စိုးသော လူ့ဘောင်ဆီကို ကျွန်တော်တို့တွေဟာ ချီတက်သွားနေကြတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကာလမှာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အတွေးအခေါ် အယူအဆ‌တွေကို စွန့်လွှတ်ပြီး ကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာနိုင်ဖို့အတွက်

"လိင်စိတ်တိမ်းညွှတ်မှု မတူကွဲပြားသူများ၏ နွေဦးတော်လှန်ရေး" စကားဝိုင်းကို မြန်မာစံတော်ချိန် ယနေ့ည (၈)နာရီမှာ ပြင်ဆင်ထားပါတယ်ခင်ဗျာ။

စကားဝိုင်းမှာ
ဒေါက်တာဖြိုးသီဟ နဲ့
နဝရတ်အောင်အောင်
တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ။

ဝိုင်းဝန်းအားဖြည့်‌ပေးဖို့ကိုလည်း အားလုံးကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ။




#မုန်တိုင်းကြားကသက်တံများ

စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဖြိုဖျက်ရေးနှင့်အတူ ခွဲခြားဆက်ခံမှုကင်းတဲ့ သာတူညီမျှတဲ့ တရားမျှတတဲ့ ပြည်သူ့အာဏာပိုင်စိုးသော လူ...
23/08/2024

စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဖြိုဖျက်ရေးနှင့်အတူ ခွဲခြားဆက်ခံမှုကင်းတဲ့ သာတူညီမျှတဲ့ တရားမျှတတဲ့ ပြည်သူ့အာဏာပိုင်စိုးသော လူ့ဘောင်ဆီကို ကျွန်တော်တို့ဟာ ချီတက်သွားနေကြတာဖြစ်ပါတယ်

နွေဦးတောလှန်ရေးကာလမှာ ဟောင်းနွမ်းဆွေးမြေ့နေသော အတွေးအခေါ် အယူအဆများကို စွန့်လွှတ်ကာ ကောင်းမွန်သော လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာနိုင်ဖို့အတွက်
နွေဦးတော်လှန်ရေးနှင့် အမျိုးသမီးများ စကားဝိုင်းကို ယနေ့ည ၈နာရီမှာ ပြင်ဆင်ထားပါတယ်

စကားဝိုင်းမှာ
မဝင်ဒီ
ရဲဘော်မညိုလတ်(နိုင်ငံရေးဌာန)
ပြဘ်သူ့လွတ်မြောက်ရေးကျောင်းသားအဖွဲ့/တပ်တော် (PLSO/PLSF)
Myay
တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ

ဝိုင်းဝန်းအားဖြည့်‌ပေးဖို့ကိုလည်း အားလုံးကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ

21/08/2024

Live စပါပြီ

ချီတာတို့ဟာ မြို့ပြမှာ ဆင်ကန်းတောတိုးဝါဒ၊ လက်နက်အားကိုး စစ်ဘုရင်ဝါဒတွေနဲ့ လက်နက်ကိုင်ကြတာ မဟုတ်ဘဲနိုင်ငံရေးအတွေးအခေါ်အား...
21/08/2024

ချီတာတို့ဟာ မြို့ပြမှာ ဆင်ကန်းတောတိုးဝါဒ၊ လက်နက်အားကိုး စစ်ဘုရင်ဝါဒတွေနဲ့ လက်နက်ကိုင်ကြတာ မဟုတ်ဘဲ

နိုင်ငံရေးအတွေးအခေါ်အားဖြင့် လက်နက်ကိုင် တော်လှန်ကြသူများဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ ဟောင်းနွမ်းဖြိုချကြရမယ့် အရာတွေနဲ့ အသစ်တည်ဆောက်ကြရမယ့် အနာဂတ်တော်လှန်ရေးပန်းတိုင်အတွက်

"နွေဦးတော်လှန်ရေးနဲ့ တပါးတည်း မဟာဖိုဝါဒတိုက်ဖျက်ရေး" စကားဝိုင်း ကို ယနေ့ည (၈) နာရီမှာ ပြင်ဆင်ထားပါတယ်ခင်ဗျာ။

စကားဝိုင်းမှာ
- ဒေါက်တာဖြိုးသီဟ
- ရဲဘော်မိုးထိ (နိုင်ငံရေးဌာန)
ပြည်သူ့လွတ်မြောက်ရေးကျောင်းသားအဖွဲ့/ တပ်တော်
- Nabi (CDM)
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

တို့က ပါဝင်ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်ခင်ဗျာ။




#မုန်တိုင်းကြားကသက်တံများ

20/08/2024

အားကုန်ရုန်းကန် တော်လှန်ပုန်ကန်

မြို့တွင်းမှာ အခက်အခဲများစွာနဲ့ လူထုဟာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အလုပ်အကိုင်ရှားပါးမှု
စကစရဲ့ ဖိနှိပ်မှု
နေ့စဉ်ကုန်ဈေးနှုန်းမြှင့်မားလာမှု
လောင်စာဆီ ရှားပါးမှု
အခြားသော များပြားလှတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဒါကြောင့်မို့ လူထုလွတ်မြောက်ရေးနဲ့ ပြည်သူအာဏာပိုင်စိုးသော နေ့ရက်ကာလများဆီသို့ ချီတာတွေနဲ့အတူ ချီတက် ပုန်ကန်ကြပါစို့။




#မုန်တိုင်းကြားကသက်တံများ

"တောတွင်းမှာ လေ့ကျင့်မြို့ပြမှာ ချေမှုန်း"မြို့ပြမှာ ကျင်လည်ကြဖို့ တောတွင်းတနေရာမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြတဲ့ ချီ...
17/08/2024

"တောတွင်းမှာ လေ့ကျင့်
မြို့ပြမှာ ချေမှုန်း"

မြို့ပြမှာ ကျင်လည်ကြဖို့ တောတွင်းတနေရာမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြတဲ့ ချီတာ ရဲဘော်တွေ ဖြစ်ကြပါတယ်။

အခုဆိုရင် မြို့ပြမှာ အသင့်ဖြစ်လို့နေပါပြီ။

တောတွင်းမှာ လေ့ကျင့်
မြို့ပြမှာ ချေမှုန်း
Supports for Cheetah

ပါ၀င်အားဖြည့်ပေးနိုင်တဲ့ နိုင်ငံတကာ Fundraiser မောင်နှမများရဲ့ Page လင့်ခ် တွေ ဖြစ်ပါတယ်ခင်ဗျာ။
https://www.facebook.com/share/p/FYS3y46G8ghx9YQq/?mibextid=oFDknk




#မုန်တိုင်းကြားကသက်တံများ

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) အထိမ်းအမှတ် လှုပ်ရှားမှာ မုန်တိုင်းကြားက သက်တံများ  မှမြန်မာနိုင...
12/08/2024

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) အထိမ်းအမှတ် လှုပ်ရှားမှာ မုန်တိုင်းကြားက သက်တံများ မှ

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို ထင်ဟပ်စေတဲ့ performance art ပြုလုပ်ခဲ့ကြသည်။

မွေးကင်းစကလေးငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ အပါအဝင် ပြည်သူလူထုအပေါ် စစ်ရေးပစ်မှတ် ခွဲခြားခြင်းမရှိဘဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်နေတာတွေကို ရပ်တန့်စေရန် နိုင်ငံတကာမှ လေယာဉ်ဆီရောင်းချနေတာတွေ၊ တင်ပို့ခွင့်ပြုနေတာတွေ၊ ရေကြောင်းအာမခံပေးနေတာတွေကို ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြပါသည်။


@
#အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ #မုန်တိုင်းကြားကသက်တံများ

11/08/2024

မင်္ဂလာပါခင်ဗျာမြို့ပြမှာ အသင့်ဖြစ်နေကြတဲ့ ကျွန်တော်တို့ ချီတာတွေရဲ့ စကားသံလေးတွေ ဖြစ်ပါတယ်။ မစ်ရှင်‌တွေကို လုံလုံခြုံခြုံနဲ့ အောင်မြင်သွားဖို့ ကျွန်တော်တို့အတွက် အဓိကကျတာကတော့ ဘဏ္ဍာငွေ လုံလောက်မှုပဲ ဖြစ်ပါတယ်။ ချီတာလေးတွေ ရန်သူတွေကြောင့် ဆုံးရှုံးမှုတွေ ထပ်မပေါ်ပေါက်ရအောင် ပိုပို ဝုန်းနိုင်အောင်လို့ Supports for Cheetah ကမ်ပိန်းလေးကို အလေးထား အားဖြည့်ပေးဖို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။ကျွန်တော်တို့ ချီတာတွေ အသင့်ဖြစ်နေကြပါပြီ။နိုင်ငံတကာမှ ပါ၀င်နိုင်သည့် FR မောင်နှမများရဲ့ ပေ့ခ်ျများ ဖြစ်ပါတယ်ခင်ဗျာ။https://www.facebook.com/share/p/FYS3y46G8ghx9YQq/?mibextid=oFDknk #မုန်တိုင်းကြားကသက်တံများ

11/08/2024

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့

တော်လှန်မိဘပြည်သူများအားလုံ မင်္ဂလာပါဒီတစ်ခါတော့ "Chetah"လို့ အမည်ပေးထားတဲ့ ကမ်ပိန်းလေးနဲ့ မိတ်ဆက်ပေးပါရစေကျွန်တော်တို့ ...
30/07/2024

တော်လှန်မိဘပြည်သူများအားလုံ မင်္ဂလာပါ

ဒီတစ်ခါတော့ "Chetah"လို့ အမည်ပေးထားတဲ့ ကမ်ပိန်းလေးနဲ့ မိတ်ဆက်ပေးပါရစေ

ကျွန်တော်တို့ ချီတာတွေ Operation Part II အနေနဲ့ ပြန်လာဖို့ စနစ်တကျ ပြင်ဆင်နေကြပါတယ်။

စကစ ကြောင့် ဖြစ်လာရတဲ့ စီးပွားရေးကျပ်တည်းတာတွေ၊ ငွေကြေးဖောင်းပွမှုတွေ၊ စိတ်နဲ့ ခန္ဓာ မလုံခြုံမှုတွေ၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲနိမ့်ကျမှုတွေကို ပြည်သူလူထုတွေ အားလုံး ရင်ဆိုင်ခံစားနေရပါတယ်။

ဒါတွေကို မြို့‌တွင်းမှာ ရှိနေတဲ့ ကျွန်တော်တို့တွေ ကောင်းကောင်းကြီး သိမြင်နားလည်သလို အခြေခံလူတန်းစားတွေ ဘယ်လောက်တောင် ခက်ခဲနေသလဲဆိုတာလည်း ကျွန်တော်တို့တွေ တွေ့မြင်နေပါတယ်။

ဒီလိုအခက်အခဲတွေကို ခါးစည်းခံ ကျော်ဖြတ်ကြရင်း စကစကို ရရာနေရာက တွန်းလှန်နေကြတဲ့ ပြည်သူ တစ်ယောက်စီတိုင်းကို အားမလျှော့ဘဲ အဆုံးထိ ဆက်ပြီး ကြိုးစားသွားကြဖို့လည်း တိုက်တွန်းလိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ချီတာတွေ အမြဲ အတူတူ ရှိနေပါတယ်။

မြို့တွင်းမှာ ငြိမ်သက်မနေဘဲ အခြေအနေအခွင့်အရေးပေးတာနဲ့ စကစရဲ့ ထောက်တိုင်တွေကို ဖြိုဖျက်ဖို့ ကျွန်တော်တို့ ချီတာတွေ အသင့် ပြင်ဆင်ထားပါတယ်။

ဒါကြောင့်မို့ အခု အပိုင်း (၂) အနေနဲ့ ဆက်လက် လုပ်ဆောင်မယ့် ချီတာစစ်ဆင်ရေးအတွက် လိုအပ်ချက်တွေ ဖြည့်တင်းနိုင်ဖို့ "Supports for Cheetah" ကမ်ပိန်းလေးကို ကျွန်တော်တို့ လုပ်ဆောင်သွားပါမယ်ခင်ဗျာ။

ကမ်ပိန်း Target က မြန်မာကျပ် သိန်း (၂,၀၀၀) ဖြစ်ပါတယ်။

ကမ်ပိန်းကာလက July 30 - Sept 11 ဖြစ်ပြီး ရက်ပေါင်း (၄၄) ရက် ဖြစ်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ကို ကမ်ပိန်းလေးကို We Care About You Fundraising team နဲ့ တကွ OFP FR မောင်နှမများ ကနေ ကူညီတာဖြစ်ပြီး မုန်တိုင်းကြားကသက်တံများ အဖွဲ့ကလည်း ပါ၀င်အားဖြည့်ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ကမ်ပိန်းလေးမှာ ငွေအားဖြင့်သော်လည်းကောင်း၊ React ဖြင့် ဖြစ်စေ၊ စိတ်ခွန်အားမျှပေးတဲ့ Comment လေးများဖြင့် ဖြစ်စေ၊ ကျွန်တော်တို့ကို အထောက်အပံ့ဖြစ်စေမယ့် ပြည်သူအများဆီ ပျံ့နှံ့အောင် Share ဖြင့် ဖြစ်ပါစေ

"Supports for Cheetah" ကမ်ပိန်းလေးမှာ ပါ၀င်အားဖြည့်ဖို့ ဖိတ်ခေါ် အကူအညီတောင်းခံအပ်ပါတယ်ခင်ဗျာ။




#မုန်တိုင်းကြားကသက်တံများ

Director Ko Pauk ၏ 👉"ရောင်နီလာရာလမ်း"👈 မှတ်တမ်းရုပ်ရှင်ကို ထိုင်းငံ မဲဆောက်မြို့ရှိ နေရာ ၂ ခုတွင်ပြသခဲ့ပြီးဖြစ်သည်။ ထိုသ...
21/07/2024

Director Ko Pauk ၏ 👉"ရောင်နီလာရာလမ်း"👈 မှတ်တမ်းရုပ်ရှင်ကို ထိုင်းငံ မဲဆောက်မြို့ရှိ နေရာ ၂ ခုတွင်ပြသခဲ့ပြီးဖြစ်သည်။ ထိုသို့ပြသရာတွင် တော်-လှန်ပြည်သူများမှ ထည့်ဝင်လှူဒါန်း အားဖြည့်ပေးကြသော ရံပုံငွေများအား
👇👇👇👇
#ပြည်ချစ်ပန်း CDMers Organization
ရောင်နီလာရာလမ်း
မုန်တိုင်းကြားက သက်တံများ တို့မှ ပူးပေါင်းကာ အဖွဲ့ဖွဲ့၍အမှန်တကယ်နေစရာခက်ခဲရှိနေသော CDMers နှင့် ရဲဘော်များအတွက် Safe House ၂ လုံးကို လက်ရှိပြင်ဆင်ထားရှိပြီး စနစ်တကျ လက်ခံပေးလျှက်ရှိနေပါသည်။
ထိုသို့ထားရှိပေးထားသော Safe House တွင်နေထိုင်ရန်လျှောက်ထားလိုပါက အောက်တွင်ဖော်ပြထားသော Link တွင် ဝင်ရောက်လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပပါသည်။
👇👇👇👇

ဒါရိုက်တာကိုပေါက်၏ ရောင်နီလာရာလမ်း Safe House အစီအစဥ် ကို အကြောင်းအမျိုးမျိုးကြောင့် မဲဆောက်ရောက်လာသည့် CDM များ၊ Ac...

အဆုံးသတ်တိုက်ပွဲကို အာဇာနည်သွေးနဲ့ ရေးထိုးကြ ၁၉၊ဇူလိုင်၊၂၀၂၄ပြည်သူတွေရဲ့ခံစားချက်တွေ တော်လှန်ရေးညီအစ်ကိုမောင်နှမတွေရဲ့ စ...
19/07/2024

အဆုံးသတ်တိုက်ပွဲကို အာဇာနည်သွေးနဲ့ ရေးထိုးကြ

၁၉၊ဇူလိုင်၊၂၀၂၄

ပြည်သူတွေရဲ့ခံစားချက်တွေ တော်လှန်ရေးညီအစ်ကိုမောင်နှမတွေရဲ့ စိတ်ဓါတ်တွေပြင်းထန်နေတုန်း ခိုင်မာနေတုန်းဆိုတာကိုပြသတဲ့အနေနဲ့ မုန်တိုင်းကြားကသက်တံများအဖွဲ့နှင့်စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တို့ပူးပေါင်းကာ အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွနွေဦးတော်လှန်ရေးအတွင်းမြင့်မြတ်စွာကျဆုံးသွားသောတော်လှန်ရေးရဲဘော်များအားလုံးကို လွမ်းဆွတ်သတိရပြီးအလေးပြုပါတယ်။

စမ်းချောင်းပင်မသပိတ့စစ်ကြောင်း (SC Strike)နှင့် မုန်တိုင်းကြားက သက်တံများ ကမ်ပိန်းပုံရိပ်များ

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

#အဆုံးသတ်အောင်ပွဲဆီ_လူထုလှိုင်းတွေနဲ့တက်စုံဖွင့်ရွှက်ကုန်လွှင့်ချီ

Memories of Maesot မှာယခုပြသနေပါတယ်
19/07/2024

Memories of Maesot မှာ
ယခုပြသနေပါတယ်

တော်လှန်သောမွေးနေ့ပါ တော်လှန်းရေးကို အခုမှမဟုတ်ပဲ အရင်ကတည်းက လူ့အခွင့်အရေးတွေနဲ့အတူ အာဏာရှင်ခေတ့အဆက်ဆက်ကိုတိုက်ခဲ့တဲ့စံပ...
16/07/2024

တော်လှန်သောမွေးနေ့ပါ တော်လှန်းရေးကို အခုမှမဟုတ်ပဲ အရင်ကတည်းက လူ့အခွင့်အရေးတွေနဲ့အတူ အာဏာရှင်ခေတ့အဆက်ဆက်ကိုတိုက်ခဲ့တဲ့စံပြတွေထဲကနေမှ LGBT တဦးအနေနဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်ကိုထမ်းဆောင်တာဝန်ယူနေသော အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး Aung Myo Min အသက် ၅၈နှစ်ပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင် တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ပိုမိုထမ်းဆောင်နိုင်ပြီး ဆက်လျှောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
#မုန်တိုင်းကြားကသက်တံများ

ဒါရိုက်တာ ကိုပေါက်ရဲ့ မှတ်တမ်းရုပ်ရှင် *ရောင်နီလာရာလမ်း* ရန်ပုံငွေပွဲမှာ  #မုန်တိုင်းကြားကသက်တံများအဖွဲ့ မှ ပါဝင်အားဖြည့...
15/07/2024

ဒါရိုက်တာ ကိုပေါက်ရဲ့ မှတ်တမ်းရုပ်ရှင် *ရောင်နီလာရာလမ်း* ရန်ပုံငွေပွဲမှာ #မုန်တိုင်းကြားကသက်တံများအဖွဲ့ မှ ပါဝင်အားဖြည့်ကူညီခဲ့ပါတယ်။

#ရောင်နီလာရာလမ်း
#မုန်တိုင်းကြားကသက်တံများ
#မကြော်ကောက်စတမ်းအခြော်ကောက်အစွမ်း

နှင်းဆီလက်ဆောင် - Rose Gift မှပေးပို့လာသော အလှူငွေများကို မုန်တိုင်းကြားက သက်တံများ ကနေတစ်ဆင့် လိုအပ်သည့်နေရာများထံသို့ ...
14/07/2024

နှင်းဆီလက်ဆောင် - Rose Gift မှပေးပို့လာသော အလှူငွေများကို မုန်တိုင်းကြားက သက်တံများ ကနေတစ်ဆင့် လိုအပ်သည့်နေရာများထံသို့ ပေးပို့ပြီးဖြစ်ကြောင်း အလှူရှင်များအား အသိပေးတင်ပြအပ်ပါတယ်

10/07/2024

ကဲ တော်-လှန်လူငယ်တွေရဲ့ Revolution Stars ကိုအားပေးရင်းဖြင့် ဖတ်ခွက်စားအနုပညာသမားများကို BC ကြပါစို့

ဘောမတွေကိုအားပေးနေမယ့်အစားတော်-လှန်ပြည်သူတို့ရဲ့ အချစ်တော် ရဲဘော်လေးများ၏ ခံစားချက်အနုပညာတွေကို ကြည့်ရှုခံစားရမယ့်အစီစဥ်...
30/06/2024

ဘောမတွေကိုအားပေးနေမယ့်အစား
တော်-လှန်ပြည်သူတို့ရဲ့ အချစ်တော် ရဲဘော်လေးများ၏ ခံစားချက်အနုပညာတွေကို ကြည့်ရှုခံစားရမယ့်အစီစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။
အစီအစဥ်လေးရဲ့အမည်က ဆိုတဲ့ အစီအစဥ်လေးပဲဖြစ်ပါတယ်။
ဒီအစီအစဥ်အသေးစိတ်ကိုတော့ အောက်ကLink မှာဝင်ကြည့်ပေးနော်ချစ်တို့
👇👇👇👇👇


https://www.facebook.com/share/v/vU39aL7vnGio43Sn/?mibextid=qDwCgo

အမေဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့ အမှတ်တရ မုန်တိုင်းကြားက သက်တံများ ၏မွေးနေ့ဆုတောင်း တစ်ပုံချင်းစီတိုင်းမှာ ရဲ...
19/06/2024

အမေဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့ အမှတ်တရ မုန်တိုင်းကြားက သက်တံများ ၏မွေးနေ့ဆုတောင်း တစ်ပုံချင်းစီတိုင်းမှာ ရဲဘော်သက်တံများမှ လွမ်းမဝတဲ့ လမ်းပြသည့်ဘုရင်မ
သံမဏိနှင်းဆီ အမေစုအတွက်မွေးနေ့ဆုတောင်းများနဲ့အတူ အမေစုနေကောင်းကျန်းမာစွာအမြန်ဆုံးလွတ်မြောက်ပါစေကြောင်း #ငုံ့မခံဘဲတုံ့ပြန်မယ့်သံမဏိနှင်းဆီများက ဆန္ဒပြုဆုတောင်းလိုက်ရပါတယ်

အမေဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့ အမှတ်တရ မုန်တိုင်းကြားက သက်တံများ ၏မွေးနေ့ဆုတောင်း တစ်ပုံချင်းစီတိုင်းမှာ ရဲ...
19/06/2024

အမေဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့ အမှတ်တရ မုန်တိုင်းကြားက သက်တံများ ၏မွေးနေ့ဆုတောင်း တစ်ပုံချင်းစီတိုင်းမှာ ရဲဘော်သက်တံများမှ လွမ်းမဝတဲ့ လမ်းပြသည့်ဘုရင်မ
သံမဏိနှင်းဆီ အမေစုအတွက်မွေးနေ့ဆုတောင်းများနဲ့အတူ အမေစုနေကောင်းကျန်းမာစွာအမြန်ဆုံးလွတ်​မြောက်ပါစေကြောင်း #ငုံ့မခံဘဲတုံ့ပြန်မယ့်သံမဏိနှင်းဆီများက ဆန္ဒပြုဆုတောင်းလိုက်ရပါတယ်

Address


Website

Alerts

Be the first to know and let us send you an email when မုန်တိုင်းကြားက သက်တံများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မုန်တိုင်းကြားက သက်တံများ:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share