Maryland Music Concert

  • Home
  • Maryland Music Concert

Maryland Music Concert Music Live Show

Maryland Music Concert ရဲ့ Vol:2 နောက်တစ်ပွဲဖြစ်တဲ့ အဆိုတော် အေးချမ်းမေ ရဲ့ 🔸တော် လှန် မွေး နေ့ 🔸50 Milestones One Lady ...
12/09/2024

Maryland Music Concert ရဲ့ Vol:2 နောက်တစ်ပွဲဖြစ်တဲ့
အဆိုတော် အေးချမ်းမေ ရဲ့
🔸တော် လှန် မွေး နေ့ 🔸
50 Milestones One Lady Show ကြီးကို နိုဝင်ဘာလ ၂ ရက် (စနေနေ့) Maryland မှာ ကျင်းပဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

🎶 စုံတွဲသီဆိုဖျော်ဖြေမှုအဖြစ် အဆိုတော် ဖိုးဖန်၊ Cobra၊ ကျော်သီဟ၊ Leo၊ လင်းထက်၊ Russell၊ Solomon King နဲ့ Yan Yan Chan တို့က အားဖြည့်ပေးမှာဖြစ်ပြီး The Federal Band နဲ့ D.J Wine တို့က တီးခတ်ပေးကြမှာဖြစ်ပါတယ်။

🎈မွေးနေ့အမှတ်တရအဖြစ် Maryland မှာပဲ
ခမ်းခမ်းနားနားကျင်းပမယ့် One Lady Show ပွဲကြီးအတွက် လက်မှတ်တွေကို စတင်ရောင်းချတော့မှာဖြစ်လို့ DMV Area နဲ့ အခြားStateတွေကပါ လက်မှတ်ဝယ်ယူအားပေးပြီး ဝန်းရံကြဖို့ ဖိတ်ခေါ်ပါတယ်။

🔉 ပွဲအတွက် လက်မှတ်တွေကို
$ 100 နဲ့ $50 နှစ်မျိုး သတ်မှတ်ထားပြီး
အသက် ၁၀ နှစ်အောက် ကလေးများအတွက် လက်မှတ်ဝယ်စရာမလိုတာမို့ မိသားစုလိုက် လာရောက်လို့ရပါတယ်။

🍜 နေ့လည် (၃)နာရီကနေစပြီး ရွေးချယ်စရာ Menu တွေအများကြီးနဲ့အစားအသောက်မျိုးစုံလည်း ရောင်းချနေမှာဖြစ်ပြီး ပွဲမစတင်မီ စားသောက်ခန်းမမှာ အေးအေးဆေးဆေး အနားယူစားသောက်နိုင်ပါတယ်။
Kids Menu တွေလည်း စီစဉ်ပေးထားမှာပါ။

🕕 ညနေ (၆)နာရီမှာ စတင်ဖျော်ဖြေမှာဖြစ်ပြီး Maryland Music Concert ရဲ့ ထုံးစံအတိုင်း ဘယ်သူ့ကိုမှမစောင့်ဘဲ အချိန်အတိအကျ ပွဲစတင်မှာဖြစ်ပါတယ်။

📌 ပွဲလုပ်မယ့်နေရာလေးက
🚕 Wheaton High School Theater
12401 Dalewood Dr
Silver Spring , MD 20906

🎫 လက်မှတ်တွေကို

📌 Ko Yin Htwe
301 520 4160

📌 Ko Sa Man
240 586 0171

📌 Ko Phyo
240 454 4152

📌 Ma Nay Nay
240 515 1663
တို့ဆီမှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

❤️ ဒီပွဲကနေ ရရှိလာတဲ့ အကျိုးအမြတ် ၁၀၀% က
ပွဲခေါင်းစဉ်အတိုင်းပဲ အမိမြန်မာပြည်မှာ လိုအပ်နေတာတွေကို ကူညီဖို့ အပြည့်အဝပို့ဆောင်သွားမှာဖြစ်ပါတယ်။

အေးချမ်းမေကို ချစ်ကြတဲ့ သီချင်းကောင်းတွေနားဆင်ပြီး Stage Show အရသာအပြည့်အဝကို ခံစားချင်ကြတဲ့ ပရိတ်သတ်အားလုံးနဲ့အတူ တမူထူးခြားပြီး ခမ်းခမ်းနားနားတင်ဆက်လေ့ရှိတဲ့ Maryland Music Concertတို့ လာမယ့် နိုဝင်ဘာလ ၂ရက်နေ့
Maryland မှာ ဆုံကြစို့။



အမျိုးတို့ရေ...Virtual Live Show ပြသဖို့ (၁၀)ရက်ပဲလိုတော့တာမို့လက်မှတ်တွေမရလိုက်ဘဲ မကြည့်လိုက်ရမဖြစ်လေအောင်သက်ဆိုင်ရာနို...
11/09/2024

အမျိုးတို့ရေ...
Virtual Live Show ပြသဖို့ (၁၀)ရက်ပဲလိုတော့တာမို့
လက်မှတ်တွေမရလိုက်ဘဲ မကြည့်လိုက်ရမဖြစ်လေအောင်
သက်ဆိုင်ရာနိုင်ငံအလိုက်ငွေကြေးတွေနဲ့ ဝယ်ယူထားကြတော့နော်။

ဝယ်ယူလိုက်တဲ့လက်မှတ်တန်ဖိုး ၁၀၀%ကလည်း
ပြည်တွင်းက လိုအပ်နေတဲ့နေရာတွေဆီ တိုက်ရိုက်ရောက်ရှိမှာမို့ ကိုယ်တိုင်လည်းကူညီပြီးသားဖြစ်တဲ့အပြင်
ချစ်ရတဲ့အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေကိုလည်း အားပေးခွင့်ရမှာဖြစ်တာမို့
ရှားရှားပါးပါးရမယ့် အခွင့်အရေးကိုလက်လွှတ်မခံနဲ့တော့နော်။

စက်တင်ဘာလ(၁၈)ရက်နေ့အထိပဲ Virtual Show လက်မှတ်တွေဝယ်ယူလို့ရမှာမို့နိုင်ငံတကာFundraiserတွေကို အမြန်ဆက်သွယ်ပြီးလက်မှတ်လေးတွ...
06/09/2024

စက်တင်ဘာလ(၁၈)ရက်နေ့အထိပဲ
Virtual Show လက်မှတ်တွေဝယ်ယူလို့ရမှာမို့
နိုင်ငံတကာFundraiserတွေကို အမြန်ဆက်သွယ်ပြီး
လက်မှတ်လေးတွေဝယ်ထားလိုက်တော့နော်။

Australia နိုင်ငံမှဝယ်ယူရန် 🇦🇺

❗Sydney Friends for Myanmar Unity

https://www.facebook.com/SydneyFriendsforMyanmarUnity

-------------------------------

South Korea နိုင်ငံမှဝယ်ယူရန် 🇰🇷
❗Photographer's Supporting - Korea

https://www.facebook.com/P.S.K.korea

-----------------------------

Singapore နိုင်ငံမှဝယ်ယူရန် 🇸🇬

❗We Are One
https://www.facebook.com/WeR1.sgsupport?mibextid=JRoKG

❗We Will Win
https://www.facebook.com/WeWillWin.OFP

❗Moon King
https://www.facebook.com/crphofficialfundraiser

----------------------------

Thailand နိုင်ငံမှဝယ်ယူရန်🇹🇭

❗Zarmani

https://www.facebook.com/nwayoozarmani

----------------------------

Malaysia နိုင်ငံမှဝယ်ယူရန် 🇲🇾

❗Help Myanmar in Need

https://www.facebook.com/HelpMyanmarInNeed

----------------------------

Myanmar နိုင်ငံမှဝယ်ယူရန် 🇲🇲

❗Ko Phyo

https://www.facebook.com/KoPhyoOFP

----------------------------

Japan နိုင်ငံမှဝယ်ယူရန်🇯🇵

❗Stella

https://www.facebook.com/stella.ofp.fr

----------------------------

Taiwan နိုင်ငံမှဝယ်ယူရန် 🇹🇼

❗Taiwan Alliance for Myanmar

https://www.facebook.com/TaiwanAllianceforMyanmar

----------------------------

United Kingdom နိုင်ငံမှဝယ်ယူရန် 🇬🇧

❗Myanmar Event in UK

https://www.facebook.com/MyanmarEventsInUK

----------------------------

USA နိုင်ငံမှဝယ်ယူရန်🇺🇸

❗Spring Myanmar Society

https://www.facebook.com/SpringMyanmarSociety

❗Anti Dictatorship in Burma

https://www.facebook.com/yin.htwe.18

Virtual Live Show လက်မှတ်ကို   နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့SMS နဲ့ Ko Yin Htwe တို့ကနေတဆင့်15 USD နဲ့ ဝယ်ယူနိုင်ပါတယ...
03/09/2024

Virtual Live Show လက်မှတ်ကို
နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့
SMS နဲ့ Ko Yin Htwe တို့ကနေတဆင့်
15 USD နဲ့ ဝယ်ယူနိုင်ပါတယ်။

စက်တင်ဘာလ (21)ရက်နေ့၊ မြန်မာစံတော်ချိန် ည(၇)နာရီမှာ Online ကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး တစ်ပါတ်အတွင်း(၃)ကြိမ် ပြန်လည်ကြည့်ရှုနိုင်မှာပါ။

Virtual Live Show လက်မှတ်ကို   နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့Myanmar Events UK ကနေတဆင့်12 GBP နဲ့ ဝယ်ယူနိုင်ပါတယ်။ စက်...
31/08/2024

Virtual Live Show လက်မှတ်ကို
နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့
Myanmar Events UK ကနေတဆင့်
12 GBP နဲ့ ဝယ်ယူနိုင်ပါတယ်။

စက်တင်ဘာလ (21)ရက်နေ့၊ မြန်မာစံတော်ချိန် ည(၇)နာရီမှာ Online ကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး တစ်ပါတ်အတွင်း(၃)ကြိမ် ပြန်လည်ကြည့်ရှုနိုင်မှာပါ။

Virtual Live Show လက်မှတ်ကို   နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့Ko Phyo ကနေတဆင့်MMK/DMMK 50,000ကျပ်နဲ့ ဝယ်ယူနိုင်ပါတယ်။ စ...
31/08/2024

Virtual Live Show လက်မှတ်ကို
နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့
Ko Phyo ကနေတဆင့်
MMK/DMMK 50,000ကျပ်နဲ့ ဝယ်ယူနိုင်ပါတယ်။

စက်တင်ဘာလ (21)ရက်နေ့၊ မြန်မာစံတော်ချိန် ည(၇)နာရီမှာ Online ကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး တစ်ပါတ်အတွင်း(၃)ကြိမ် ပြန်လည်ကြည့်ရှုနိုင်မှာပါ။

Virtual Live Show လက်မှတ်ကို   နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့Moon King, We Are One, We Will Win တို့ကနေတဆင့်SGD 20 နဲ့...
30/08/2024

Virtual Live Show လက်မှတ်ကို
နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့
Moon King, We Are One, We Will Win တို့ကနေတဆင့်
SGD 20 နဲ့ ဝယ်ယူနိုင်ပါတယ်။

စက်တင်ဘာလ (21)ရက်နေ့၊ မြန်မာစံတော်ချိန် ည(၇)နာရီမှာ Online ကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး တစ်ပါတ်အတွင်း(၃)ကြိမ် ပြန်လည်ကြည့်ရှုနိုင်မှာပါ။

Virtual Live Show လက်မှတ်ကို   နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့NwayOo Zarmani Page ကနေတဆင့်Baht 600 နဲ့ ဝယ်ယူနိုင်ပါတယ်။...
30/08/2024

Virtual Live Show လက်မှတ်ကို
နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့
NwayOo Zarmani Page ကနေတဆင့်
Baht 600 နဲ့ ဝယ်ယူနိုင်ပါတယ်။

စက်တင်ဘာလ (21)ရက်နေ့၊ မြန်မာစံတော်ချိန် ည(၇)နာရီမှာ Online ကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး တစ်ပါတ်အတွင်း(၃)ကြိမ် ပြန်လည်ကြည့်ရှုနိုင်မှာပါ။

Virtual Live Show လက်မှတ်ကို   နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့Photographer's Supporting Korea Page ကနေတဆင့်KRW 2,000 နဲ...
29/08/2024

Virtual Live Show လက်မှတ်ကို
နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့
Photographer's Supporting Korea Page ကနေတဆင့်
KRW 2,000 နဲ့ ဝယ်ယူနိုင်ပါတယ်။

စက်တင်ဘာလ (21)ရက်နေ့၊ မြန်မာစံတော်ချိန် ည(၇)နာရီမှာ Online ကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး တစ်ပါတ်အတွင်း(၃)ကြိမ် ပြန်လည်ကြည့်ရှုနိုင်မှာပါ။

Virtual Live Show လက်မှတ်ကို   နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့Help Myanmar in Need  Page ကနေတဆင့်MYR 70 နဲ့ ဝယ်ယူနိုင်ပ...
29/08/2024

Virtual Live Show လက်မှတ်ကို
နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့
Help Myanmar in Need Page ကနေတဆင့်
MYR 70 နဲ့ ဝယ်ယူနိုင်ပါတယ်။

စက်တင်ဘာလ (21)ရက်နေ့၊ မြန်မာစံတော်ချိန် ည(၇)နာရီမှာ Online ကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး တစ်ပါတ်အတွင်း(၃)ကြိမ် ပြန်လည်ကြည့်ရှုနိုင်မှာပါ။

Virtual Live Show လက်မှတ်ကို   နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့Stella.ofp.fr Page ကနေတဆင့်JPY 2,000 နဲ့ ဝယ်ယူနိုင်ပါတယ်။...
29/08/2024

Virtual Live Show လက်မှတ်ကို
နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့
Stella.ofp.fr Page ကနေတဆင့်
JPY 2,000 နဲ့ ဝယ်ယူနိုင်ပါတယ်။

စက်တင်ဘာလ (21)ရက်နေ့၊ မြန်မာစံတော်ချိန် ည(၇)နာရီမှာ Online ကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး တစ်ပါတ်အတွင်း(၃)ကြိမ် ပြန်လည်ကြည့်ရှုနိုင်မှာပါ။

Virtual Live Show လက်မှတ်ကို   နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့Sydney Friends for Myanmar Unity Page ကနေတဆင့်AUD 20 နဲ့ ...
29/08/2024

Virtual Live Show လက်မှတ်ကို
နိုင်ငံကနေ ဝယ်ယူချင်သူများအနေနဲ့
Sydney Friends for Myanmar Unity Page ကနေတဆင့်
AUD 20 နဲ့ ဝယ်ယူနိုင်ပါတယ်။

စက်တင်ဘာလ (21)ရက်နေ့၊ မြန်မာစံတော်ချိန် ည(၇)နာရီမှာ Online ကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး တစ်ပါတ်အတွင်း(၃)ကြိမ် ပြန်လည်ကြည့်ရှုနိုင်မှာပါ။

ဘာပွဲလဲ ?❗MMC 2024 Virtual Live Show ဘယ်တော့လဲ ?❗စက်တင်ဘာလ ၂၁ရက် စနေနေ့မြန်မာအချိန် ည(၇)နာရီဘယ်လိုကြည့်ရမလဲ ?❗လက်မှတ်ဝယ်...
28/08/2024

ဘာပွဲလဲ ?
❗MMC 2024 Virtual Live Show

ဘယ်တော့လဲ ?
❗စက်တင်ဘာလ ၂၁ရက် စနေနေ့
မြန်မာအချိန် ည(၇)နာရီ

ဘယ်လိုကြည့်ရမလဲ ?
❗လက်မှတ်ဝယ်ပြီး Online ကနေ။

ဘယ်ကကြည့်ရမှာလဲ ?
https://www.mmconcert2024.com/

ဘာတွေကြည့်ရမလဲ ?
❗Maryland Music 2024 ပွဲကြီးမှာ ပါဝင်ဖျော်ဖြေခဲ့ အဆိုတော်အများကြီးရဲ့ သီဆိုဖျော်ဖြေမှုတွေ။

ဘယ်သူတွေပါတာလဲ?
❗မီမီဝင်းဖေ၊ အေးချမ်းမေ၊ အိမ်ဂျယ်လမုန်၊ Cobra၊ DJ Wine၊ ထက်အောင်ကျော်၊ ခင်စုစုနိုင်၊ ကျော်သီဟ၊ ခါရာ၊ လင်းထက်၊ လင်းနစ်၊ M.သီဟ၊ မြတ်နိုးအေး၊ နင်ဇီမေ၊ Russell၊ Solomon King၊ ရန်ရန်ချမ်း။

လက်မှတ်တစ်စောင် ဘယ်နှစ်ရက်ကြည့်လို့ရလဲ ?
❗လက်မှတ်တစ်စောင်ကို (၁)ပါတ်အတွင်း Device တစ်ခုကနေ (၃)ကြိမ် ပြန်ကြည့်လို့ရပါမယ်။

လက်မှတ်တွေကို ဘယ်မှာဝယ်လို့ရမလဲ ?
❗နိုင်ငံတကာ Fundraiser တွေကနေတဆင့် သက်ဆိုင်ရာနိုင်ငံအလိုက် ငွေကြေးတွေနဲ့ ဝယ်ယူလို့ရပါမယ်။ ( Comment မှာ ဝယ်ယူနိုင်တဲ့ FRsတွေ ဖော်ပြပေးထားပါတယ် )

လက်မှတ်ကို ဘယ်လိုပြန်ရမလဲ ?
❗ကိုယ်ဝယ်ယူထားတဲ့ Fundraiser က Email ကနေတဆင့် လက်မှတ်ပြန်ပို့ပေးပါတယ်။

လက်မှတ်တစ်စောင် ဘယ်လောက်လဲ ?
❗USD 15 , MMK/DMMK 50,000 , SGD 20 , Baht 600 , JPY 2,000 , GBP 12 , Eur 15 , AUD 20 , MYR 70, TWD 450

ရလာတဲ့ လက်မှတ်ရောင်းရငွေတွေက ဘယ်အတွက်လဲ ?
❗လက်မှတ်ရောင်းချပေးတဲ့ Fundraiserတွေကနေတဆင့် မြန်မာပြည်တွင်းက လိုအပ်နေတဲ့နေရာဒေသတွေဆီ ၁၀၀%တိုက်ရိုက်လွှဲအပ်ရောက်ရှိမှာ ဖြစ်ပါတယ်။

Maryland Music Concert              Vol : 2                  😉
26/08/2024

Maryland Music Concert
Vol : 2
😉

အဆိုတော် မီမီဝင်းဖေ၊ အေးချမ်းမေ၊ ရန်ရန်ချမ်း၊ လင်းနစ်၊ လင်းထက်၊ ကျော်သီဟ၊ Cobra၊ Russell၊ ခါရာ၊ Mသီဟ၊ Solomon King၊ Mark...
26/08/2024

အဆိုတော် မီမီဝင်းဖေ၊ အေးချမ်းမေ၊ ရန်ရန်ချမ်း၊ လင်းနစ်၊ လင်းထက်၊ ကျော်သီဟ၊ Cobra၊ Russell၊ ခါရာ၊ Mသီဟ၊ Solomon King၊ Mark Jason၊ ထက်အောင်ကျော်၊ DJ Wine၊ နင်ဇီမေ၊ ခင်စုစုနိုင်၊ အိမ်ဂျယ်လမုန်၊ မြတ်နိုးအေး တို့ရဲ့ သီချင်းကောင်းတွေ နားဆင်နိုင်မယ့် Virtual Live Show ။

စက်တင်ဘာလ (၂၁)ရက်နေ့မှာ Online ကနေ ပြသမှာဖြစ်လို့ ပြည်တွင်းကလိုအပ်တဲ့နေရာတွေဆီ အတူတူကူညီနိုင်ဖို့ လက်မှတ်လေးတွေဝယ်ယူပြီး ကြည့်ရှုအားပေးနိုင်ပါတယ်။

ဘယ်နေရာမှာရှိနေကြလဲဆိုတာထက်ဘာတွေလုပ်နေကြလဲက ပိုအရေးကြီးတာပါ။ကိုယ့်နိုင်ငံအတွက် ရောက်ရာဒေသ၊ ရှိနေတဲ့နေရာမှာတတ်စွမ်းတဲ့ အန...
24/08/2024

ဘယ်နေရာမှာရှိနေကြလဲဆိုတာထက်
ဘာတွေလုပ်နေကြလဲက ပိုအရေးကြီးတာပါ။

ကိုယ့်နိုင်ငံအတွက် ရောက်ရာဒေသ၊ ရှိနေတဲ့နေရာမှာ
တတ်စွမ်းတဲ့ အနုပညာနဲ့ အားသွန်ခွန်စိုက် ဖျော်ဖြေနေကြတဲ့ ချစ်ရတဲ့ပြည်သူ့အဆိုတော်တွေရဲ့ သီချင်းကောင်းတွေအများကြီးကို ကြည့်ရှုအားပေးနိုင်မယ့် အခွင့်အရေး။

ကြီးကျယ်ခမ်းနားစွာကျင်းပတဲ့ ပွဲကြီးမှာ ဂုဏ်သိက္ခာရှိရှိ ဖျော်ဖြေတဲ့ အဆိုတော်အနုပညာရှင်တွေကို အားပေးနိုင်မယ့် အခွင့်အရေး။

လက်မှတ်တစ်စောင်ဝယ်လိုက်တာနဲ့
ကိုယ်ဝယ်ယူလိုက်တဲ့ လက်မှတ်တန်ဖိုး၁၀၀%က
မြန်မာပြည်အတွက် လိုအပ်တဲ့နေရာဒေသတွေကို တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးနိုင်မယ့် အခွင့်အရေး။

ဒီလို အခွင့်အရေးတွေကို
လက်မလွှတ်တမ်း ခံစားနိုင်ဖို့
MMC 2024 Virtual Live Show ကြီးရဲ့
လက်မှတ်တွေဝယ်ယူပြီး
လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ
အားလုံး ဆုံကြစို့။

💥💥 Virtual Live Show လက်မှတ်တွေ နိုင်ငံအလိုက် ဝယ်လို့ရပါတယ်။သက်ဆိုင်ရာနိုင်ငံအလိုက် ငွေကြေးတွေနဲ့ဝယ်ပေးနော် ! ပြသမယ့်မယ့...
22/08/2024

💥💥 Virtual Live Show လက်မှတ်တွေ
နိုင်ငံအလိုက် ဝယ်လို့ရပါတယ်။

သက်ဆိုင်ရာနိုင်ငံအလိုက် ငွေကြေးတွေနဲ့
ဝယ်ပေးနော် !

ပြသမယ့်မယ့်နေ့က

21 Sept 2024 (Sat)
7:00 PM ( MM Time )

U.S ရောက် အနုပညာရှင်တွေအင်အားအများဆုံးဖျော်ဖြေခဲ့တဲ့ ပွဲ။ Live Show Vibeကို အပြည့်အဝရရှိပြီး ကိုယ်တိုင်ပွဲထဲရောက်သွားသလိ...
22/08/2024

U.S ရောက် အနုပညာရှင်တွေအင်အားအများဆုံး
ဖျော်ဖြေခဲ့တဲ့ ပွဲ။

Live Show Vibeကို အပြည့်အဝရရှိပြီး
ကိုယ်တိုင်ပွဲထဲရောက်သွားသလို ခံစားရမယ့် ပွဲ။

ဝေးကွာနေရတဲ့ ကမ္ဘာအနှံ့ကပရိတ်သတ်တွေနဲ့
ချစ်ရတဲ့အနုပညာရှင်တွေ ပြန်လည်ဆုံတွေ့စေမယ့် ပွဲ။

လက်မှတ်ရောင်းချရငွေတွေအားလုံးက
မြန်မာပြည်တွင်းရဲ့ လိုအပ်နေတဲ့နေရာတွေမှာ
ကျန်းမာရေး၊ ပညာရေး နဲ့ စားနပ်ရိက္ခာတွေ
ကူညီမျှဝေဖို့အတွက်
Fundraiserတွေဆီကနေတဆင့်
တိုက်ရိုက်ရောက်ရှိသွားမှာမို့
Showပွဲလည်းကြည့်ရင်း
မိမိကိုယ်တိုင်အတူတူ ပါဝင်ကူညီခွင့်ရမယ့် ပွဲ။

MMC 2024
Virtual Live Show

လာမယ့် စက်တင်ဘာလ (၂၁)ရက်နေ့၊ စနေနေ့
မြန်မာစံတော်ချိန် ည(၇)နာရီမှာ Online ကနေ
ကြည့်ရှုနိုင်တော့မှာ ဖြစ်လို့
အခုကတည်းက လက်မှတ်လေးတွေဝယ်ယူနိုင်ပါပြီ။

လက်မှတ်တွေကို
သက်ဆိုင်ရာနိုင်ငံအလိုက် ရောင်းချပေးမယ့်
Fundraiser တွေဆီမှာ
နိုင်ငံအလိုက် ငွေကြေးစနစ်တွေနဲ့
အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

လက်မှတ်မှာပါရှိတဲ့ Code လေးကိုဖြည့်ပြီး
စက်တင်ဘာလ (၂၁)ရက်နေ့မှာ
ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
လက်မှတ်တစ်စောင်ကို (၇)ရက်အတွင်း (၃)ကြိမ်အထိ
ပြန်လည်ကြည့်ရှုနိုင်မှာပါ။

ရောင်းချပေးမယ့် Fundraiser တွေကို
Comment မှာ ဖော်ပြပေးထားတာမို့
လက်မှတ်ဝယ်ယူဖို့ ဆက်သွယ်လိုက်တော့နော်။

We are ready ! What about you ?
16/08/2024

We are ready !
What about you ?

11/08/2024

U.S မှာ ရှိကြတဲ့ အနုပညာရှင်တွေ၊ အဆိုတော်တွေ
စုံစုံညီညီနဲ့ အကောင်းဆုံးတင်ဆက်ခဲ့တဲ့
MMC 2024 ပွဲကြီးမှာ သီဆိုဖျော်ဖြေခဲ့ကြတဲ့ထဲက သီချင်းတွေ၊အစီအစဉ်တွေကို U.S က အခြား State တွေကသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ပြည်သူတွေအတွက် MMC 2024 Virtual Live Show ကို တင်ဆက်မှာ ဖြစ်ပါတယ်။

လက်မှတ်ဝယ်ယူပြီး Online ကနေ ကြည့်ရှုရမှာဖြစ်ပြီးတော့ အသေးစိတ်ကို မကြာခင် ကြေငြာပါ့မယ်။

ကိုယ်ချစ်ရတဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေကို လွမ်းနေရတဲ့ ပရိသတ်တွေအတွက်
MMC 2024 Virtual Live Show လက်မှတ်ဝယ်ယူပြီး ကြည့်ရှုဖို့ အသင့်ပြင်ထားတော့နော်။

Online လက်မှတ်ရောင်းချရငွေ အကုန်လုံးကလည်း မြေပြင်ကို တိုက်ရိုက်စီးဆင်းမှာမို့ ဒီတစ်ခါလည်း တွဲလက်တွေညီကြစို့။

09/08/2024

Hello !

အရမ်းအောင်မြင်ခဲ့တဲ့ Maryland Music Concert 2024 ပွဲကြီးကို
သတိရကြသေးရဲ့လား?

MMC 2024 ရဲ့ ထူးခြားတဲ့ အစီအစဥ်လေးတစ်ခု ရှိသေးတယ်ဆိုတာ ကြေငြာထားတာတော့ မှတ်မိကြအုံးမယ်ဟုတ်..

ဘာ အစီအစဥ်ဖြစ်မလဲ?
ဘယ်လိုတွေလုပ်မှာလဲ ဆိုတာ ဒီVideoလေးမှာ Hint လေး စပေးလိုက်ပြီနော်။

နောက်ထပ် ဆက်ပြီးတော့လည်း အသေးစိတ်အစီအစဥ်တွေကို
ဆက်တိုက်ပြောပြတော့မှာမို့
Page ကို Like & Follow လုပ်ထားပြီး
See First လုပ်ထားတော့နော်။

June လ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံ၊ မယ်ရီလန်းပြည်နယ်၊ Silver Springမြို့မှာ အဆိုတော်တွေအများကြီးနဲ့ အောင်အောင်မြင်မြင် ကျ...
31/07/2024

June လ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံ၊ မယ်ရီလန်းပြည်နယ်၊ Silver Springမြို့မှာ အဆိုတော်တွေအများကြီးနဲ့ အောင်အောင်မြင်မြင် ကျင်းပဖျော်ဖြေနိုင်ခဲ့တဲ့ 'Maryland Music Concert 2024' ပွဲကြီးကနေ မြန်မာပြည်တွင်းရဲ့ နေရာဒေသအသီးသီးကလိုအပ်ချက်တွေကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။

ရရှိလာတဲ့ အကျိုးအမြတ် ၁၀၀% အားလုံးကို
ပို့ဆောင်ခွဲဝေလှူဒါန်းထားပြီးဖြစ်သလို ပြန်လည်ရရှိလာတဲ့ မှတ်တမ်းလွှာလေးတွေ နဲ့ ဘယ်ဒေသတွေကို ပို့ဆောင်ထားသလဲဆိုတာ အားလုံးသိရှိရအောင် ဖော်ပြပေးလိုက်ပါတယ်။

(၁) မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(တောင်ငူ)၏ ရှာဖွေကယ်ဆယ်ရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မော်တော်ယာဉ်တစ်စီး။
⁃ အလှူငွေ ( မြန်မာကျပ် ၁၃,၆၆၀,၀၀၀ )

(၂) အညာဒေသ ( ) အတွက် သောက်ရေ/သုံးရေ နှင့် သယ်ယူပို့ဆောင်ရေးအတွက် မော်တော်ယာဉ်တစ်စီး။
⁃ အလှူငွေ ( မြန်မာကျပ် ၁၈,၆၀၀,၀၀၀ )

(၃) ခင်ဦးမြို့နယ် စစ်ဘေးရှောင်နှင့်မီးဘေးသင့်ပြည်သူများအတွက် စာသင်ဆောင်၊ စာရေးကိရိယာ နှင့် ဗုံးခိုကျင်းများဆောက်လုပ်ရန်။
⁃ အလှူငွေ ( မြန်မာကျပ် ၄,၆၀၀,၀၀၀ )

(၄) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ( )ကျေးရွာ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာဖြည့်ဆည်းနိုင်ရန်။
⁃ အလှူငွေ ( မြန်မာကျပ် ၆,၉၀၀,၀၀၀ )

(၅) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ အေးသာယာစစ်ရှောင်စခန်းအတွက် ၅ကီလိုဒိုင်နမို နှင့် မီးစက် ဝယ်ယူနိုင်ရန်။
⁃ အလှူငွေ ( မြန်မာကျပ် ၅,၂၁၀,၀၀၀ )

(၆) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေပန်းကျေးရွာ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာဖြည့်ဆည်းနိုင်ရန်။
⁃ အလှူငွေ ( မြန်မာကျပ် ၆,၉၇၉,၁၅၀ )

(၇) ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ရှောင်များ နှင့် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ရေဘေးသင့်ပြည်သူများအတွက်။
⁃ အလှူငွေ ( USD 2,000 )

(၈) စစ်ကိုင်းတိုင်း ( )ဒေသရှိ၊ စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီတဲများ နှင့် အိမ်သာများဆောက်လုပ်ရန်။
⁃ အလှူငွေ ( မြန်မာကျပ် ၁၇,၁၅၀,၀၀၀ )

(၉) ယောဒေသ၊ ဂန့်ဂေါမြို့နယ် မြိုင်နန်းငူ စစ်ရှောင်စခန်းအတွက် ဘက်ထရီအိုး၊ ဆိုလာပြား၊ စာရေးကိရိယာ၊ ဆန် နှင့် ဆီ ဝယ်ယူနိုင်ရန်။
⁃ အလှူငွေ ( မြန်မာကျပ် ၃,၂၅၅,၀၀၀ )

(၁၀) ယောဒေသ၊ ထီးလင်းမြို့နယ် ပုံညာတောင်စစ်ရှောင်စခန်းအတွက် ဘက်ထရီအိုး၊ ဆိုလာပြား၊ စာရေးကိရိယာ၊ ဆန် နှင့် ဆီ ဝယ်ယူနိုင်ရန်။
⁃ အလှူငွေ ( မြန်မာကျပ် ၃,၂၅၅,၀၀၀ )

(၁၁) ယောဒေသ၊ ဂန့်ဂေါမြို့နယ် နွေဦးတံခွန် စစ်ရှောင်စခန်းအတွက် ဘက်ထရီအိုး၊ ဆိုလာပြား၊ စာရေးကိရိယာ၊ ဆန် နှင့် ဆီ ဝယ်ယူနိုင်ရန်။
⁃ အလှူငွေ ( မြန်မာကျပ် ၃,၂၅၅,၀၀၀ )

(၁၂) ယောဒေသ၊ ဆောမြို့နယ် ရောင်နီဦး စစ်ရှောင်စခန်းအတွက် ဘက်ထရီအိုး၊ ဆိုလာပြား၊ စာရေးကိရိယာ၊ ဆန် နှင့် ဆီ ဝယ်ယူနိုင်ရန်။
⁃ အလှူငွေ ( မြန်မာကျပ် ၃,၂၅၅,၀၀၀ )

(၁၃) ဒဏ်ရာရရဲဘော်များအတွက် ဆေးဝါးကုသမှုပေးနိုင်ရန် နှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူနိုင်ရန် SCC သို့ လှူဒါန်းခြင်း။
⁃ ( USD 3,000 )

အခု တင်ပြထားတဲ့ စာရင်း နဲ့ မှတ်တမ်းတွေက
ပြန်လည်ရရှိထားသေးတဲ့ တစ်ချို့တစ်ဝက်သာဖြစ်ပြီး
မြေပြင်အခြေအနေအရ မှတ်တမ်းတွေမရရှိသေးတာတွေလည်း ရှိပါသေးတယ်။ နောက်ထပ်ရရှိလာတဲ့ မှတ်တမ်းနဲ့စာရင်းတွေကိုလည်း နောက်တစ်ကြိမ် ထပ်မံတင်ပြပေးသွားမှာဖြစ်ပါတယ်။

အခုလိုပဲ လိုအပ်တဲ့နေရာတွေကို
တတ်နိုင်သလောက် ကူညီလို့ရအောင်
MMC 2024 ကနေ နောက်ထပ်ထူးခြားတဲ့အစီအစဉ်လေးလည်း မကြာခင်လာတော့မှာမို့
အားလုံးစောင့်မျှော်အားပေးကြအုံးနော်။

ရေစက်တွေကနေ သမုဒ္ဒရာကြီးအဖြစ် အတူစီးဆင်းကြမယ် !

Hello Hello 💥💥အားလုံးနေကောင်းကြတယ်ဟုတ် !Maryland Music Concert ပွဲကြီးမှာ ရရှိလာတဲ့ ရန်ပုံငွေတွေစာရင်းအားလုံးကို တင်ပြထာ...
18/07/2024

Hello Hello 💥💥

အားလုံးနေကောင်းကြတယ်ဟုတ် !

Maryland Music Concert ပွဲကြီးမှာ ရရှိလာတဲ့ ရန်ပုံငွေတွေစာရင်းအားလုံးကို တင်ပြထားပြီးတာ တွေ့ပြီးကြပြီထင်တယ်နော်။

ရရှိလာတဲ့အကျိုးအမြတ်၁၀၀%ကို မြန်မာပြည်တွင်းက
လိုအပ်နေတဲ့ နေရာဒေသတွေဆီ လွှဲပြောင်းပို့ဆောင်လျက်ရှိနေပါတယ်။ ဘယ်နေရာ ဘယ်ဒေသတွေကို ဘယ်လောက်တွေပို့ဆောင်လဲဆိုတာ အားလုံးသိရအောင်လည်း ထပ်မံထုတ်ပြန်ပေးသွားမှာပါ။
မြေပြင်အခြေအနေတွေ၊ ရရှိလာတဲ့ရန်ပုံငွေ အလေအလွင့်မဖြစ်ရအောင် စိစစ်အတည်ပြုချက်ရယူရတာတွေ၊ ငွေလဲ/ငွေလွှဲပြောင်းရချိန် စတာတွေကြောင့် အချိန်လေးယူရတာမို့ပါ။

နောက်ပြီး....

အားလုံးကို အသိပေးချင်တာတစ်ခုက

မကြာမီ...မကြာမီ

ထူးခြားတဲ့ အစီအစဉ်လေးတစ်ခု ရှိတယ်ဆိုတာ။

MMC 2024 ရဲ့ အစဉ်လာအတိုင်း
ဘာထူးခြားမလဲ၊ ဘယ်လိုအစီအစဉ်လဲဆိုတာ သိရဖို့
Stay Tuned နော်။



Juneလ 29ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Maryland Music Concert ရဲ့ စာရင်းရှင်းတမ်းကို အားလုံးသိရှိရအောင် တင်ပြပေးလိုက်ပါတယ်။ပွဲရ...
08/07/2024

Juneလ 29ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Maryland Music Concert ရဲ့ စာရင်းရှင်းတမ်းကို အားလုံးသိရှိရအောင် တင်ပြပေးလိုက်ပါတယ်။

ပွဲရဲ့ ကုန်ကျစရိတ်များအားလုံးနှုတ်အပြီး
စုစုပေါင်း အမေရိကန်ဒေါ်လာ 35,160 (သုံးသောင်းငါးထောင်တစ်ရာ့ခြောက်ဆယ်) အသားတင်ရရှိပါတယ်။

ရရှိလာတဲ့ $35,160 ငွေအားလုံးကို မြန်မာပြည်တွင်း ဒေသအချို့က စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးများ နဲ့ ဒဏ်ရာရရဲဘော်များအတွက် ဆေးဝါး၊ဆေးပစ္စည်း စတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ခွဲဝေပို့ဆောင်သွားမှာဖြစ်ပါတယ်။

ပြန်လည်ရရှိလာတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေကိုလည်း Maryland Music Concert page ကနေ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

Maryland Music Concert ပွဲကြီး အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်အောင် ကူညီခွန်အားဖြည့်ပေးခဲ့ကြသူတွေ၊ အမိမြန်မာနိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ
ကာယစွမ်းအား၊ ဉာာဏစွမ်းအားတို့နဲ့ ပါဝင်အားဖြည့်ပေးခဲ့ကြသူတွေ တစ်ဦးတစ်ယောက်ချင်းစီ၊ အဖွဲ့စီတိုင်းကို Maryland Music Concert မိသားစုကနေ အထူးပဲကျေးဇူးတင်ဂုဏ်ယူလျက်ရှိပါတယ်။

လေးစားစွာဖြင့်
MMC 2024

Maryland Music ConcertJune 29 2024ပုံရိပ်များ - Part 3
05/07/2024

Maryland Music Concert
June 29 2024

ပုံရိပ်များ - Part 3





Maryland Music ConcertJune 29 2024ပုံရိပ်များ - Part 2
05/07/2024

Maryland Music Concert
June 29 2024

ပုံရိပ်များ - Part 2





Maryland Music ConcertJune 29 2024ပုံရိပ်များ - Part 1
04/07/2024

Maryland Music Concert
June 29 2024

ပုံရိပ်များ - Part 1





Maryland Music Concert ပွဲကြီးကို June 29(Saturday) 2024 ရက်နေ့မှာအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီးပါပြီ။ (၂)လကြာ အခ...
04/07/2024

Maryland Music Concert ပွဲကြီးကို June 29(Saturday) 2024 ရက်နေ့မှာအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီးပါပြီ။

(၂)လကြာ အချိန်ယူပြင်ဆင်ပြီး ပါဝင်ခဲ့ကြတဲ့အနုပညာရှင်များ နဲ့ ပွဲစီစဥ်သူများ အချိန်နဲ့တပြေးညီ အားထုတ်ခဲ့ကြရတဲ့ပွဲတခုဖြစ်ပါတယ်။
လိုအပ်ချက်တွေကို တတ်နိုင်သလောက် အနည်းဆုံးဖြစ်အောင်လို့ ပြင်ဆင်ခဲ့ကြပြီးတော့ အကောင်းဆုံးအနုပညာဂီတပွဲ တခု ဖြစ်အောင်ကြိုးစားဖန်တီးခဲ့ကြပါတယ်။

အနုပညာရှင် အဆိုတော်စုစုပေါင်း ၁၅ဦး နှင့် MC ၂ဦး၊ Band ၄ဦး တို့နှင့်အတူ DMV PA မှ အဖွဲ့အစည်းများ၊ မြို့ခံမိသားစုဝင်များ၊ Volunteer လူငယ်များစုစုပေါင်း(၅၀)ဦး အားလုံးပူးပေါင်းပါဝင်ကူညီပေးခဲ့ကြပြီး စုစည်းအကောင်အထည်ဖော်ခဲ့ကြတာကြောင့် ရလာဒ်ကောင်းတစ်ခုပေါ်ထွက်ခဲ့တဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

Maryland Music Concert မှာ ပါဝင်ဖျော်ဖြေပေးဖို့
​စတင်ဖိတ်ကြားကတည်းကနေ ပွဲပြီးဆုံးသည်အထိ အချိန်ပေးပြီး အားတက်သရော ပါဝင်အားဖြည့်ပေးကြတဲ့ အဆိုတော် မီမီဝင်းဖေ၊ အေးချမ်းမေ၊ အိမ်ဂျယ်လမုန်း၊ Cobra၊ DJ Wine၊ ထက်အောင်ကျော်၊ ကျော်သီဟ၊ ခါရာ၊ လင်းထက်၊ လင်းနစ်၊ နင်ဇီမေ၊ ဆော်လမွန် King၊ ရန်ရန်ချမ်း၊ Mark Jason၊ M.သီဟ၊ ခင်စုစုနိုင်၊ M.C အဖြစ် ပါဝင်ပေးကြတဲ့ Russell နဲ့ မြတ်နိုးအေး၊ Federal Band မှ Lead Guitarist ကိုOliver ၊ Bass Guitarist ကိုChris ၊ Keyboard ကိုElvin ၊ Drummer ကိုလင်းထက် တို့ကို ကျေးဇူးအထူးတင် ဂုဏ်ပြုအပ်ပါတယ်။

ပွဲဖြစ်မြောက်ရေးအတွက် ရန်ပုံငွေအားဖြင့် ပါဝင်ကူညီပေးခဲ့ကြတဲ့ Main Sponsor များ၊ Co-Sponsor များ၊ အလှူငွေထည့်ဝင်ကူညီပေးခဲ့ကြသည့် မိသားစုဝင်များ၊ အစားအသောက်များ ရောင်းချပေးခဲ့ကြသည့် အလှူရှင်များအားလုံးကိုလည်း ကျေးဇူးမှတ်တမ်းတင်ဂုဏ်ပြုပါရစေ။

Sound and Lighting အတွက် Co-Sponser အဖြစ်ကူညီပေးခဲ့တဲ့ Amazing Grace AV Productions၊ ပွဲ Promotion အတွက် ကြေငြာPoster များ၊ Graphic Design များဖန်တီးပေးခဲ့တဲ့ ညီလေး Joule ၊ Photo & Video များ မှတ်တမ်းတင်ရိုက်ကူးရေးနဲ့Editing အတွက် Media Team မှ ညီအစ်ကိုများ၊ ပွဲစဥ်တလျှောက် လိုအပ်တဲ့ Video များနှင့် Projector ကဏ္ဍ အတွက် အားစိုက်ထုတ်ပေးခဲ့သော ညီလေး ကောင်း နဲ့ Team မှ ညီအစ်ကိုများ၊ ပွဲအစမှသည် ပွဲပြီးဆုံးသည်အထိ အင်ပြည့်အားပြည့်နဲ့ အားတက်သရော ကူညီပေးခဲ့ကြတဲ့ သက်ဆိုင်ရာ Team အသီးသီးမှ Volunteer ညီငယ်၊ ညီမငယ်များတို့အားလုံးရဲ့ အားစိုက်ထုတ်မှုများကိုလည်း တစ်ဦးတစ်ယောက်ချင်းစီ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်။

သီချင်းတိုက် Rehearsal နေ့များမှာ အစားအသောက် တာဝန်ယူပေးခဲ့ကြတဲ့ မိသားစုများ၊ လေဆိပ်အကြို/အပို့ တာဝန်ယူပေးခဲ့ကြတဲ့ မိသားစုများ၊ အနုပညာရှင်များ Maryland မှာ နေထိုင်စဉ်ကာလအတွင်း အစားအသောက်၊အချက်အပြုတ်၊ပို့ဆောင် တာဝန်ယူပေးခဲ့ကြတဲ့ မိသားစုများအားလုံးအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

အဓိက လေးစားထိုက်သူများကတော့ ပရိတ်သတ် ပြည်သူများပါ။ ပရိတ်သတ်ရှိမှ ယခုလိုပွဲမျိုးကို စီစဥ်နိုင်မှာပါ။ ကိုယ့်အမိမြေ မြန်မာနိုင်ငံအတွက် လိုအပ်ချက်တွေကို တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းနိုင်ဖို့ လာရောက်အားပေးခဲ့ကြတဲ့ Maryland State က ဝန်းရံသူများ၊ ရပ်နီးရပ်ဝေး State များကနေ အားတက်သရော မမောမပန်းလာရောက်ဝန်းရံ အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း မိသားစုဝင်များကို ကျေးဇူးအထူးတင် လေးစားရပါတယ်။

လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို နားလည်ခွင့်လွှတ်ပေးပြီး ထောက်ပြပြောဆိုပေးခဲ့ကြသော ပရိတ်သတ်များရဲ့စကားများ၊ အပြုသဘောဝေဖန်ထောက်ပြမှုများ၊ အကြံပေးမှုများကိုလည်း မှတ်သားထားပြီး နောင်တစ်ချိန် အခါအခွင့်သင့်ခဲ့လျှင် ပိုမိုကောင်းမွန်အောင်ကြိုးစားသွားပါ့မယ်။

Maryland Music Concert ကြီးဖြစ်ပေါ်လာအောင် အဘက်ဘက်မှ ပံ့ပိုးပေးခဲ့ကြသူများအားလုံး၊ ကျေးဇူးတင်ရှိထိုက်သူ၊ ကျေးဇူးတင်ရမယ့်သူများ အားလုံးကို ထပ်မံပြီး မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

မကြာခင်မှာ Maryland Music Concert မှ ရရှိတဲ့
ငွေစာရင်းချုပ်များကိုလည်း အားလုံးသိရှိရအောင် တရားဝင် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

ကျေးဇူးတင်စွာဖြင့်
Maryland Music Concert
Organizer Team

အဆိုတော် ၁၅ ယောက်M.C ၂ ယောက်Band အဖွဲ့ဝင် ၄ ယောက်စုစုပေါင်း Artist ၂၁ ယောက် စုပေါင်းစုံညီကြတဲ့ ပွဲ။ တစ်ကယ့်ကို အနုပညာရှင...
01/07/2024

အဆိုတော် ၁၅ ယောက်
M.C ၂ ယောက်
Band အဖွဲ့ဝင် ၄ ယောက်
စုစုပေါင်း Artist ၂၁ ယောက် စုပေါင်းစုံညီကြတဲ့ ပွဲ။

တစ်ကယ့်ကို အနုပညာရှင်တွေအတွက်ရော၊ လာကြည့်ကြတဲ့ ပရိတ်သတ်တွေအတွက်ရော Stage Show Vibe အစစ်ရအောင် ကြိုးစားဖန်တီးခဲ့ကြပြီး ကျရာနေရာကနေ ပါဝင်ကူညီခဲ့ကြတဲ့ ရင်ဘက်ချင်းထပ်တူကြခဲ့ကြတဲ့ ရဲဘော်ရဲဘက်ရောင်းရင်းအပေါင်းတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက်....

Big Salute !



❤️ Maryland Music Concert ❤️
29/06/2024

❤️ Maryland Music Concert ❤️

Address


Website

Alerts

Be the first to know and let us send you an email when Maryland Music Concert posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Maryland Music Concert:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Event Planning Service?

Share