01/12/2023
🤣😂
2024 နှစ်ဝက် မကုန်ခင် single ဘဝက
ကျွတ်နိုင်မလား ။
နှစ်သက်ရာကတ်တစ်ခု ရွေးချယ်ပါ ။
🍎
မကျွတ်နိုင် သေးပါဘူး ခင်ဗျ ၊
အတိတ်မှာ ပတ်သက်ခဲ့တဲ့တစုံတယောက်ကို
ကိုယ်က မပတ်သက်တော့ဘူးလို့စိတ်ပိုင်းဖြတ်
ထားတယ်ဆိုပေမဲ့လို့ မသိစိတ်ထဲမှာတော့သူ့ကိုပဲ
မျှော်နေသေးတဲ့အတွက်ကြောင့် rsအသစ်တခု
တည်ဆောက်ဖို့ရာ ခက်ခဲနေပါသေးတယ်
🍓
ကိုယ့်အပေါ် နိုင်တဲ့ ၊ ကိုယ်စိတ်ဝင်စားနေရတဲ့သူလေး
ရှိနေတာ တွေ့နေပါတယ် ၊ သူနဲ့ကိုယ်က အခြေအနေ
ကောင်းတယ်လည်း မဟုတ် ၊ မကောင်းဘူးလည်းမဟုတ်
ကိုယ်က အဲ့အခြေအနေကနေ ရုန်းထွက်ချင်ပေမဲ့လည်း
အနာပေးလိုက် ဆေးပေးလိုက်သူ့ကြောင့် ဒီအထဲမှာပဲ
တဝဲလည်လည် လည်နေရတတ်ပါတယ်
သူနဲ့ကိုယ်အခြေအနေကလည်း တိုးတက်ဖို့ခက်ပါတယ်
🍇
play တတ်တဲ့သူလေးနဲ့ ဆုံရဖို့ရှိပါတယ်
ပွေတတ် ၊ ဇယားရှုပ်တတ်တဲ့သူက ကိုယ့်အပြင်
တခြားသူတွေပါ ရှိတတ်ပါတယ် ၊ အပြောကောင်းပြီး
ကိုယ်မှကိုယ် ဖြစ်သလို ဟန်ဆောင်ချစ်ပြ ကဲပြတတ်ပါတယ်
တခု ကံကောင်းတာက ကိုယ်က သူ့အပေါ်
နိုင်တယ်လို့ပြောလို့ရတယ် ၊ သူ့ကစားကွက်တွေမှာ
လိုက်ပြီး ကစားမခံရဘူး ၊ သူ့အကွက်တွေ
မြင်နေမယ့် ဆရာကြီး၊ ဆရာမကြီးဖြစ်နေတော့
သူကစားတာလေးပဲ ငြိမ်ပြီးကြည့်နေလောက်ပါတယ်